အမြုတေစိတ်ဝိညာဥ်တိုက်ပွဲ
Vol. 168 Ch. 2517
မီးလုံးလေးလုံး၏ ပေါင်းစည်းမှုက အလွန်တရာကြောက်စရာကောင်းသော အပူချိန်တစ်ခုကို ရောက်ရှိနေပြီဖြစ်သည်။
နောက်ထပ်မီးတောက်တစ်ခုက ဧရာမမီးလုံးထဲမှာ ယခုပေါင်းစည်းသွားပြီး မီးလုံးက သိသာထင်ရှားစွာ ပြောင်းလဲကာ ၎င်း၏ စွမ်းအားက ဆပွားတိုးလာ၏။
“မြန်မြန် ထွက်ပြေးကြတော့”
လေ့ရွှမ်၏ မျက်လုံးက ပြူးကျယ်သွားပြီး သူက ရုတ်တရက်အော်ပြောလိုက်၏။
မီးတောက်လေးခု၏ ပေါင်းစည်းမှုသည် သူ့ကို များစွာမခြိမ်းခြောက်နိုင်ခဲ့ပေ။ သို့သော်ယခု သူပင်လျှင် မီးတောက်ငါးခု၏ ပေါင်းစည်းမှုကို ခုခံရန် သူ၏ ခွန်အားအပြည့်အဝကို ထုတ်ဖော်ရတော့မည်ဖြစ်သည်။
သူပင်လျှင် ထိုသို့ဆိုပါက အခြားသူများဖြစ်ပျက်လာမည့်အရာကို စဥ်းစားကြည့်နိုင်သည်။
မည်သို့ပင်ဆိုစေ လေ့ရွှမ်သည် ယန်ယန်းအင်မော်တယ်နိုင်ငံ၏ ပြန်ဝင်စားအင်မော်တယ်တစ်ယောက်ဖြစ်နေသည်။
ထို့ကြောင့် သူသည် ဤနေရာမှာရှိသော လက်ရှိမင်းသားများစွာကို မသေစေလိုပေ။
မင်းသားဖုန့်၊ မင်းသားယွီနှင့် အခြားသူများသည် မီးတောက်တာအိုမှာ အသိအမြင်တချို့ရှိပြီး ဆူဇီမို၏ လျှို့ဝှက်အတတ်က ဘယ်လောက်ကြောက်စရာကောင်းသလဲ အာရုံခံမိနိုင်ကြသည်။
ယခု... သူတို့သည် လေ့ရွှမ်၏ သတိပေးသံကိုကြားသောအခါ သူတို့က တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သူတို့၏ ပို့ဆောင်ရေးအဆောင်များကို ချိုးခြေလိုက်ကြ၏။
သူတို့သည် စိတ်ဝိညာဥ်တိမ်စိုင်ချိပ်စည်းကို ရယူနိုင်ခြင်း ရှိ၊ မရှိက သေးငယ်သောကိစ္စတစ်ခုဖြစ်သည်။ သို့သော်လည်း သူတို့၏ ကျင့်ကြံမှုနယ်ပယ်များက ပျက်စီးသွားမည်ဆိုလျှင် သို့မဟုတ် သူတို့က အဲဒါကြောင့် သေဆုံးရမည်ဆိုလျှင် နောင်တရဖို့အတွက် နောက်ကျလွန်းသွားပေလိမ့်မည်။
“အစ်ကိုကျုံး... ကျွန်မ...”
မင်းသမီးယွိယန်က တွေဝေတုံ့ဆိုင်းနေဆဲဖြစ်ပြီး အသံတစ်ခုကို အလိုလိုပို့လွှတ်ကာမေးလိုက်၏။
“ထွက်ပြေးတော့”
ကျုံးဖေးယွီက အချိန်ဆွဲမနေဘဲ စကားတစ်ခွန်းတည်းသာပြောလိုက်၏။
သူ၏ အကဲဖြတ်မှုက လေ့ရွှမ်နှင့် အတူတူပင်ဖြစ်သည်။
လက်ရှိကျင့်ကြံသူများထဲမှာ သူ၊ ယွဲ့ဟိုင်နှင့် လေ့ရွှမ်တို့ကသာ ထိုလျှို့ဝှက်အတတ်ကို ခုခံနိုင်ပေလိမ့်မည်။ အခြားမည်သူကမှ ချမ်းသာရာရလိမ့်မည် မဟုတ်ပေ။
ကျင့်ကြံသူအချို့သည် လေ့ရွှမ်၏ သတိပေးသံကိုကြားသောအခါ အခြေအနေမကောင်းတော့သည်ကို အာရုံခံမိသွားပြီး တွေဝေတုံ့ဆိုင်းမနေဘဲ အဆူရာတိုက်ပွဲမြေကနေ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြ၏။
သို့သော်လည်း ကျင့်ကြံသူအချို့က မျှော်လင့်ချက်ထားနေကြဆဲဖြစ်သည်။
ဆူဇီမို၏ ပဉ္စဝဏ္ဏတာအိုမီးက လူအုပ်ကြားထဲမှာ ပေါက်ကွဲထွက်၍ မီးတောက်များက အဘက်ဘက်ကိုဖြန့်ကြက်လာသောအခါ သူတို့အနေဖြင့် ထွက်ပြေးဖို့က နောက်ကျသွားခဲ့ပြီဖြစ်၏။
ပဉ္စဝဏ္ဏတာအိုမီး၏ အလယ်မှာရှိသော ကျင့်ကြံသူအချို့သည် လောင်ကျွမ်းပြာကျ၍ ချက်ချင်းပင် အငွေ့ပြန်သွားကြ၏။ သူတို့၏ သွေးချီများနှင့် ကိုယ်ကာယများက ဖျက်ဆီးခံရပြီး ပြာမှုန့်များပင် မကျန်တော့ပေ။
ဝုန်း... ဝုန်း... ဝုန်း...
ကျုံးဖေးယွီ၊ လေ့ရွှမ်နှင့် ယွဲ့ဟိုင်တို့က သူတို့၏ မျိုးဆက်သွေးနယ်မြေများကို တစ်ချိန်တည်းမှာ ထုတ်ဖော်ပြီး ပဉ္စဝဏ္ဏတာအိုမီးကို ခုခံလိုက်ကြ၏။
ကျုံးဖေးယွီ၏ မျိုးဆက်သွေးနယ်မြေက တိမ်စိုင်များကြားထိ ငွားငွားစွင့်စွင့်မြင့်မားပြီး သက်ရှိများအားလုံးကို ငုံ့ကြည့်နေသော ဧရာမလူသားပုံရိပ်ယောင်တစ်ခုကို တကယ်ပင်စုဖွဲ့ကာ မီးတောက်ပင်လယ်အတွင်းမှာ သူ့ကို ကာကွယ်ပေးနေ၏။
နက်ရှိုင်းသောအပြာရောင်ပင်လယ်တစ်စင်းက ယွဲ့ဟိုင်၏ ဘေးပတ်လည်မှာ ပေါ်ထွက်လာပြီး တရုန်းရုန်းထကြွကာ ဘေးပတ်လည်မှမီးတောက်များကို ခုခံပေးနေ၏။
လေ့ရွှမ်က သူ၏ နေကိုးစင်းထွက်ပေါ်ခြင်းနှင့်အတူ မီးတောက်ပင်လယ်ထဲမှာ မတ်တတ်ရပ်နေ၏။
သို့သော်လည်း ထိုအခိုက်အတန့်မှာ သူ၏ မျက်လုံးနှစ်ဖက်ကိုမှိတ်ထားပြီး သူက ပဉ္စဝဏ္ဏတာအိုမီး၏ လောင်ကျွမ်းမှုကို ခံယူနေ၏။ အလျှံညီးညီးနေကိုးစင်းသည် တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား ပို၍ပင်ပူပြင်းတောက်လောင်လာ၏။
ကျုံးဖေးယွီနှင့် ယွဲ့ဟိုင်က အကြည့်ချင်းဖလှယ်ပြီး သူတို့၏ မျိုးဆက်သွေးနယ်မြေများကို ထုတ်ဖော်လိုက်ကြ၏။ မီးတောက်များပေါ်တက်လှမ်းရင်း သူတို့က ဖိုခနောက်ဆိုင်နေရာယူကာ ဆူဇီမိုထံသို့ ပြေးဝင်လာကြသည်။
ယွဲ့ဟိုင်က အော်ငေါက်လိုက်၏။
“ဆူဇီမို... ဒီအဆင့်လျှို့ဝှက်အတတ်တွေကို ဆက်တိုက်ထုတ်ဖော်ပြီးတဲ့နောက် မင်းဘယ်လောက်ကြာကြာတောင့်ခံနိုင်မလဲ ကြည့်ရသေးတာပေါ့”
သူ၏ ထင်မြင်ချက်အရ ဆူဇီမိုသည် မည်သို့ပင်ဆိုစေ အဆင့်-၇ ကောင်းကင်အက်မော်တယ်တစ်ယောက်သာဖြစ်သည်။ ထိုအဆင့်မီးတောက်လျှို့ဝှက်အတတ်တစ်ခုနှင့်အတူ ကောင်းကင်သတ်ဖြတ်ခြင်းနှင့် ကမ္ဘာမြေသတ်ဖြတ်ခြင်းဓားပညာရပ်တို့ကို ထုတ်ဖော်ပြီးနောက် သူ၏ အမြုတေစိတ်ဝိညာဥ်က အားအင်ကြီးမားစွာ ကုန်ခန်းသွားပေလိမ့်မည်။
သို့သော်လည်း ဆူဇီမိုက အဆင့်-၆ ကောင်းကင်အင်မော်တယ်တစ်ယောက် ဖြစ်ခဲ့စဥ်က သူ၏ အမြုတေစိတ်ဝိညာဥ်က အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်၏ အဆင့်သို့ ရောက်ရှိနေခဲ့ပြီကို သူက မသိရှိပေ။
ယခု ဆူဇီမိုသည် အဆင့်-၇ ကောင်းကင်အက်မော်တယ်တစ်ယောက်ဖြစ်သည်အထိ ကျင့်ကြံထားခဲ့ပြီး သူ၏ အမြူတေစိတ်ဝိညာဥ်က အဆင်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်၏ နယ်ပယ်ကို ကျော်လွန်သွားခဲ့ပြီဖြစ်သည်။
အစွယ်ခြောက်ချောင်းနတ်ဆင်ခွန်အား၏ အားဖြည့်ထောက်ပံ့မှုနှင့်အတူ သူ၏ အမြုတေစိတ်ဝိညာဥ်က ပကတိဧကနယ်ပယ်ကို မရောက်ရှိသေးသော်လည်း အလွန်တရာနီးစပ်နေပြီဖြစ်သည်။
မဟုတ်ပါက သူသည် ရှေးဟောင်းမြို့တော်၏ အထက်မှ ပကတိအင်မော်တယ်ခြောက်ဦးကို အာရုံခံမိနိုင်ခဲ့လိမ့်မည် မဟုတ်ပေ။
“ဆူဇီမို... မင်းဒီနေ့ သေချာပေါက်သေရမယ်”
ကျုံးဖေးယွီသည် သူ၏ အထင်အမြင်သေးမှုကို ရုပ်သိမ်းပြီး ဆူဇီမိုကို သူ့ဘဝမှာ အသန်မာဆုံး ပြိုင်ဘက်အဖြစ် သတ်မှတ်လိုက်ပြီဖြစ်သည်။ သည့်ယခင်က သူသည် ဆူဇီမိုကို သတ်ဖြတ်လိုသည့်အကြောင်းအရင်းမှာ ဒုံမင်းအင်မော်တယ်မုန့်ယောင်ကို စိတ်ကျေနပ်စေဖို့နှင့် ရတနာသူတော်စင်ကျောက်စိမ်းကျမ်းကို ရယူဖို့ဖြစ်ခဲ့သည်။
သို့သော်ယခု သူ၏ အကြီးမားဆုံးရည်ရွယ်ချက်က ဆူဇီမိုကို သတ်ဖြတ်ကာ ဤခြိမ်းခြောက်မှုကို ဖယ်ရှားရှင်းလင်းဖို့ဖြစ်လာခဲ့လေသည်။
ဆူဇီမိုသည် အဆင့်-၈ သို့မဟုတ် အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်သည်အထိ ကျင့်ကြံလာနိုင်သည့်အခါ အဆင့်တူခြင်းမှာ သူ့ကိုဘယ်သူက ယှဥ်နိုင်တော့မလဲ သူ... စဥ်းစားမကြည့်ရဲပေ။
“ဟမ့်...”
ဆူဇီမိုက လှောင်ရယ်လိုက်၏။
“မင်းတို့တွေက ငါ့ကိုသတ်ချင်တယ်ဆိုရင် ငါက မီးထဲကို လောင်စာထပ်ထည့်ပေးရတာပေါ့”
သူ့စကားမဆုံးသေးခင်မှာပင် သူက အမြီးခုနှစ်ချောင်းဖီးနစ်ငှက်မွေးယပ်တောင်ကို လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ပြီး သူ့ရှေ့သို့ သုံးကြိမ်ခပ်ထုတ်လိုက်၏။
အမြီးခုနှစ်ချောင်းဖီးနစ်ငှက်မွေးယပ်တောင်သည် အစကတည်းက မီးတာအို၏ ထိပ်တန်းအဆင့် ဓမ္မရတနာတစ်ခုဖြစ်ခဲ့သည်။
အဲဒါသည် ကျားဖြူဆိုးယုတ်သွေးဖြင့် ဖိနှိမ်ခံထားရ၏။
နတ်ဖီးနစ်တစ်ကောင်ကို မစုဖွဲ့နိုင်သော်လည်း ယပ်တောင်၏ စွမ်းအားက ကျန်ရှိနေဆဲဖြစ်သည်။
ပဉ္စဝဏ္ဏတာအိုမီး၏ စွမ်းအားသည် မီးတာအို၏ ဓမ္မရတနာကနေ ဖန်တီးလိုက်သောလေအားကို ရရှိပြိးနောက် နောက်ထပ်အဆင့်တစ်ခုထိ မြင့်တက်လာခဲ့၏။
ပွက်.. ပွက်...
တစ်ခဏချင်းမှာပင် ယွဲ့ဟိုင်း၏ ဘေးပတ်လည်ရှိ နက်ရှိင်းသောပင်လယ်က မနှိုင်းယှဥ်သာအောင် ချစ်ချစ်တောက်ပူလောင်၍ မရေမတွက်နိုင်သော ရေပူဖောင်းများက တလိပ်လိပ်ထိုးတက်ကာ ပင်လယ်ရေမျက်နှာပြင်မှာ အငွေ့တထောင်းထောင်းထလာ၏။
ယွဲ့ဟိုင်၏ မျိုးဆက်သွေးနယ်မြေက ပဉ္စဝဏ္ဏတာအိုမီးကြောင့် အငွေ့ပြန်တော့မည့်ဆဲဆဲဖြစ်သည်။
ကျုံးဖေးယွီ၏ အခြေအနေကလည်း များစွာပိုမိုကောင်းမနေပေ။
သူ၏ နောက်ဘက်ရှိ လူပုံသဏ္ဌာန်ပုံရိပ်ယောင်က သိသိသာသာမှေးမှိန်သွားပြီး အနည်းငယ်ယိမ်းထိုးလာ၏။ ၎င်းသည် ပဉ္စဝဏ္ဏတာအိုမီး၏ အပူလှိုင်းကို ခံနိုင်ရည်မရှိဘဲ အချိန်မရွေးလဲပြိုကျသွားနိုင်သည့်အလားပင်။
“သူနဲ့အချိန်ဖြုန်းမနေနဲ့... ငါတို့ရဲ့ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်တွေကိုသုံးပြီး သူ့ကို သတ်ဖြတ်လိုက်ရအောင်”
ကျုံးဖေးယွီက ယွဲ့ဟိုင်ထံ အသံတစ်ခုကိုပို့လွှတ်လိုက်၏။
“ကောင်းပြီလေ”
ယွဲ့ဟိုင်မှာလည်း တူညီသောစိတ်ကူးရှိနေသည်။
သူတို့နှစ်ယောက်သည် အတူပူးပေါင်းပြီး သူတို့၏ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်များကို ထုတ်ဖော်မည်ဆိုလျှင် သူတို့သည် ဆူဇီမိုအပေါ် သေကွင်းသေကွက်ရိုက်ခတ်မှုကို သေချာပေါက်ဖြစ်ပေါ်စေပေလိမ့်မည်။
ဆူဇီမို၏ အမြုတေစိတ်ဝိညာဥ်က သက်ရောက်ခံလိုက်ရသည်နှင့် သူထုတ်ဖော်ထားသည့် မီးတောက်လျှို့ဝှက်အတတ်ကလည်း သူ့ဘာသာသူ ပျက်စီးသွားပေလိမ့်မည်။
ယွဲ့ဟိုင်၏ နှာရောင်ကတောက်ပသွားပြီး သူ၏ အကြီးမားဆုံး စိတ်ဝိညာဥ်အသိစိတ်က အဆက်မပြတ်သိပ်သည်းကျစ်လစ်လာ၏။
တစ်ခဏချင်းမှာပင် သေးငယ်ပုံရသော တောင်ထွတ်တစ်ခုက သူ၏ အသိစိတ်ထဲကနေ ပျံသန်းထွက်ပေါ်လာ၏။
သို့သော်လည်း ၎င်းမှာ သိပ်သည်း၍ ခမ်းနားထည်ဝါသော စိတ်ဝိညာဥ်အသိတ်စိတ်စွမ်းအားတစ်ခုပါဝင်နေပြီး ဆူဇီမိုထံသို့ ပျံသန်းလာသည်။
“သွား”
ကျုံးဖေးယွီ၏ နှာရောင်ကနေလည်း ဓားအလင်းတန်းတစ်ခုက ပျံသန်းထွက်ပေါ်ကာ ဆူဇီမိုမျက်နှာရှိရာသို့ ချက်ချင်းဝင်ရောက်လာ၏။
“အမြုတေစိတ်ဝိညာဥ်လား”
ဆူဇီမိုက ကြောက်လန့်မှုမရှိဘဲ ကျုံးဖေးယွီထုတ်ဖော်လိုက်သည့် ဓားချီလျှို့ဝှက်အတတ်ကို လျစ်လျူရှုလိုက်၏။ သူက သူ၏ စိတ်ဝိညာဥ်အသိစိတ်ကိုစုဖွဲ့ပြီး လျှို့ဝှက်အတတ်တစ်ခုကို အသက်သွင်းလိုက်သည်။
“မင်းတို့တွေက မင်းတို့ရဲ့ အမြုတေစိတ်ဝိညာဥ်နဲ့တိုက်ခိုက်ချင်တယ်ဆိုရင် အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်တစ်ခုက ဘာလဲဆိုတာ ငါပြပေးမယ်”
ဆူဇီမိုက ဟိန်းဟောက်လိုက်ပြီး ရူလိုင်းဓမ္မချိပ်စည်းကို အရင်ဆုံးထုတ်ဖော်လိုကိ၏။ ပြိုးပြိုးပြက်ပြက်ရွှေရောင်မှော်စာလုံးတစ်ခုက ဝင်ရောက်လာသောတောင်ထွတ်ကို ထိခတ်သွား၏။
အမြုတေစိတ်ဝိညာဥ်အသိစိတ်များအကြား ထိတွေ့ရိုက်ခတ်မှုက အသံတိတ်နေသော်လည်း အန္တရာယ်များလေသည်။
ယွဲ့ဟိုင်၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်က အနည်းငယ်ယိမ်းထိုးသွား၏။ သူ၏ မျက်နှာက ဖြူဖျော့၍ သူက လေထဲကနေ ပြုတ်ကျလုနီးပါးဖြစ်သွား၏။
အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်များအကြားတိုက်ပွဲမှာ အရေးနိမ့်သွားရသူက သူဖြစ်နေပြီး သူ၏ အမြုတေစိတ်ဝိညာဥ်က တုန်ခါလှိုင်းတစ်ခုကို လက်ခံရရှိလိုက်၏။
“ဒီလူ့ရဲ့အမြုတေစိတ်ဝိညာဥ်နယ်ပယ်က ငါ့ထက်တောင်ပိုပြီး မြင့်မားနေတာပဲ”
ယွဲ့ဟိုင်၏ အမူအရာက ထိန်လန့်တကြားဖြစ်သွားသည်။
ဒါ့အပြင် ဗုဒ္ဓကျောင်းတော်များမှလာသော ဆူဇီမို၏ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်၏ စွမ်းပကားကလည်း တုန်လှုပ်စရာကောင်းနေ၏။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ အမြုတေစိတ်ဝိညာဥ်သည် နဂါးဖီးနစ်အမြုတေစိတ်ဝိညာဥ်နှင့် ပေါင်းစည်းထားခဲ့၏။ သူသည် တဗူးဂမ္ဘီရကျင့်စဥ် ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်ကို ကျင့်ကြံထားခဲ့ခြင်းနှင့်အတူ ကျင့်ကြံမှုနယ်ပယ်တူတွင် အမြုတေစိတ်ဝိညာဥ်တိုက်ပွဲများမှာ သူ့ကိုယှဥ်နိုင်သည့် တစ်ဦးတစ်ယောက်ကို သူတစ်ခါမှ မတွေ့ကြုံဖူးခဲ့ပေ။
ဧကရာဇ်ဂူသင်္ချိုင်းထဲမှာတုန်းက သူသည် အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်များကို ဆက်တိုက်ထုတ်ဖော်ခဲ့သောကြောင့် ယွင်ထင်ကရှုံးနိမ့်ကာ သတ်ဖြတ်ခံရလုနီးပါးဖြစ်ခဲ့၏။
အန္တရာယ်ကို အာရုံခံမိသွားပြီး ယွဲ့ဟိုင်က တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ပို့ဆောင်ရေးအဆောင်ကို ထုတ်ယူကာ ဤနေရာကနေ ထွက်ခွာသွားလို၏။
သို့သော်လည်း ပို့ဆောင်ရေးအဆောင်က ကြေမွသွားသည့်ခဏမှာပင် ဆူဇီမို၏ ဒုတိယမြောက် အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်က ဆင်းသက်လာခဲ့ပြီဖြစ်သည်။
ထိုအရာသည် ညအမှောင်မှာ ဖြတ်သန်းလာသော လျှပ်စီးတန်းတစ်ခုကဲ့သို့ဖြစ်၏။
မိုးကြိုးလျှပ်စီးများဖြင့် တောက်ပနေသော ကျာပွတ်တစ်ခုက လေဟာနယ်နှင့် မီးတောက်ပင်လယ်ကို ဖြတ်ကျော်ပြီး သူ့ကိုရိုက်ချလိုက်၏။
ယွဲ့ဟိုင်က ဆတ်ခနဲတုန်ယင်သွားပြီးနောက် သူ၏ မျက်လုံးထဲရှိအလင်းရောင်က တဖြည်းဖြည်းမှေးမှိန်သွားလေသည်။
သို့သော်လည်း သူ၏ ခန္ဓာကိုယ်ကို ပို့ဆောင်ရေးအဆောင်၏ စွမ်းအားက အဆူရာတိုက်ပွဲမြေကနေ ခေါ်ထုတ်သွားဆဲဖြစ်ပြီး သူက ပျောက်ကွယ်သွားလေသည်။