← Chapters

တုန်လှုပ်စွာဖြင့် ဆုတ်ခွာရခြင်း

Vol. 168 Ch. 2518

တုန်လှုပ်စွာဖြင့် ဆုတ်ခွာရခြင်း

Vol. 168 Ch. 2518

ကျုံးဖေးယွီသည် ယွဲ့ဟိုင်၏ သေခြင်းရှင်ခြင်းကို ဂရုမစိုက်ပေ။

သူ၏ စိတ်ဝိညာဉ်အသိစိတ်ဓားချီက ဆူဇီမို၏ အသိစိတ်ထဲသို့ မည်သည့်ခုခံမှုမှမရှိဘဲ ဝင်ရောက်သွားသည်ကိုသာ သူက သတိထားမိလိုက်သည်။

သူ အောင်မြင်သွားပြီလား။

သူ၏ စိတ်ဝိညာဉ်အသိစိတ်ဓားချီကို မည်သည့်အမြုတေစိတ်ဝိညာဉ်ကမှ ခုခံနိုင်ခြင်းမရှိဟု ကျုံးဖေးယွီက ယုံကြည်လေသည်။

ဒါ့အပြင် သူ၏ အမြုတေစိတ်ဝိညာဉ်သည် အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်၏ နယ်ပယ်ထက် ကျော်လွန်နေခဲ့ပြီဖြစ်၏။ သူ့အမြုတေစိတ်ဝိညာဉ်၏ စွမ်းအားသည် ပကတိဧကနယ်ပယ်သို့ အတော်လေးပင် နီးကပ်နေပြီဖြစ်၏။

ကံဆိုးစွာနှင့်ပင် ဓားချီက ဆူဇီမို၏ အသိစိတ်ထဲသို့ ဝင်ရောက်သွားသောအခါ ၎င်းကား ပင်လယ်ထဲသို့ ကျဆင်းသွားသော ကျောက်တုံးတစ်တုံးကဲ့သို့ တစ်စွန်းတစ်စမကျန် ပျောက်ကွယ်သွားသည်။

ဆူဇီမိုက သက်ရောက်ခံရခြင်း သို့မဟုတ် ဒဏ်ရာရရှိခြင်း လုံးဝမရှိသည့်ပုံပင်။

ထိုမျှသာမက ဆူဇီမိုသည် သူ့ဘက်ကိုပင်လှည့်ပြီး သွားဖြဲပြလိုက်၏။

ထိုအပြုံးက သူ့ကို ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားစေ၏။

ဆူဇီမိုသည် ဤကဲ့သို့သော ရွေးချယ်မှုကို ပြုလုပ်ရဲသည့် အကြောင်းအရင်းမှာ သူ၏ အသိစိတ်ထဲတွင် ကျုံးဖေးယွီ၏ စိတ်ဝိညာဉ်အသိစိတ်ဓားချီကို ချေဖျက်နိုင်သည့် အစိမ်းရောင်ကြာစေ့များကနေ စုဖွဲ့ထားသော အစိမ်းရောင်ကြာပန်းဓား ရှိနေသောကြောင့်ဖြစ်သည်။

သူထိန်းချုပ်ထားသည့် အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်များကြားမှာ အသန်မာဆုံးသည် စောစောကနှစ်ခုမဟုတ်ဘဲ ဘက်ပြန်ကြေးခွံဖြစ်လေသည်။ သူသည် ထိုအမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်ကို ကျုံးဖေးယွီအတွက် သီးသန့်ချန်ထားခဲ့၏။

ဆူဇီမိုက ကျုံးဖေးယွီကို ပြုံးပြပြီးနောက် သူ၏ နှာရောင်ထဲကနေ လက်တစ်ဖဝါးအရွယ် နဂါးကြေးခွံတစ်ခု လွင့်မျောကာ ထိုသူ့ထံသို့ ပျံသန်းသွား၏။

နဂါးကြေးခွံက သာမန်ပုံသာဖြစ်သော်လည်း ကျုံးဖေးယွီသည် သန်မာသော အန္တရာယ်အငွေ့အသက်တစ်ခုကို ခံစားမိလိုက်သည်။

သို့သော်လည်း သူက ဤကဲ့သို့ပင် ဆုတ်ခွာသွားရမည်ကို မချင့်မရဲဖြစ်နေ၏။

အခြားလူများနှင့်မတူဘဲ သူ၏ အစွမ်းအစနှင့် ခွန်အားက အခြားသူများထက် အဆင့်တစ်ဆင့် ပိုမိုသာလွန်လေသည်။

သူ၏ လက်ထဲရှိ ပို့ဆောင်ရေးအဆောင်နှင့်အတူ သူက အချိန်မရွေးထွက်ခွာနိုင်၏။ ဆူဇီမိုအနေဖြင့် သူ့ကို သတ်ဖြတ်ဖို့က မဖြစ်နိုင်ပေ။

ထိုသို့အတွေးဖြင့် ကျုံးဖေးယွီက နောက်မဆုတ်ပေ။ ထိုအစား သူက စိတ်ဝိညာဉ်အသိစိတ်စီးကြောင်းတစ်ခုကို ထုတ်လွှတ်ပြီး နဂါးကြေးခွံနှင့် ထိတွေ့ဖို့ ကြိုးစားလိုက်၏။

အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်နှစ်ခုက ထိတွေ့မိသည့်ခဏမှာပင် ကျုံးဖေးယွီ၏ အမူအရာက ရုတ်ခြည်းပြောင်းလဲသွားပြီး သူက သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို ဖြတ်တောက်ကာ နောက်သို့ဆုတ်ခွာလိုက်၏။

သို့သော်လည်း ဘက်ပြန်ကြေးခွံက သူ့ကို ချုပ်နှောင်ထားပြီဖြစ်၏။ ၎င်းက သူ့အော်ရာနောက်သို့ အရိပ်တစ်ခုပမာ ဆက်လက်၍ လိုက်ပါလာလေသည်။

“မြေပြင်အကျဉ်းထောင်ပန်းချီကား…”

ထိုစဉ်မှာပင် ဆူဇီမို၏ စကားသံက နောက်တစ်ဖန်ထွက်ပေါ်လာပြီး အန္တိမနတ်ဘုရားစွမ်းအားတစ်ခု ဆင်းသက်လာလေသည်။

ကျုံးဖေးယွီသည် နေရာမှာပင် ခဏမျှပိတ်မိပြီး နှောင့်နှေးကြန့်ကြာသွားသည်နှင့် ဘက်ပြန်ကြေးခွံက ဆင်းသက်လာကာ သူက ပြေးစရာနေရာရှိတော့မည် မဟုတ်ပေ။

မြေပြင်အကျဉ်းထောင်ပန်းချီကဲ့သို့ နတ်ဘုရားစွမ်းအားတစ်ခုက ကျုံးဖေးယွီကို ခြိမ်းခြောက်နိုင်စွမ်းမရှိပေ။

သို့သော်လည်း သူသည် သူ့မျက်လုံးထဲရှိ နက်ရှိုင်းသော အကြောက်တရားနှင့်အတူ ဝင်ရောက်လာသော နဂါးကြေးခွံကို ကြည့်လိုက်၏။

“ဆူဇီမို…. အဆူရာတိုက်ပွဲမြေမှာ ငါ့ရဲ့နည်းလမ်းတွေအကုန်လုံးကို ထုတ်ဖော်ဖို့မလွယ်ဘူး… မင်း ဒီနေ့တော့ အူမြူးအားရနေဦးပေါ့… ကောင်းကင်အဆင့်သတ်မှတ်ချက်တိုက်ပွဲမှာ ငါမင်းနဲ့သေချာပေါက် တိုက်ခိုက်မယ်”

သူ့စကားမဆုံးသေးခင်မှာပင် ကျုံးဖေးယွီက တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ပို့ဆောင်ရေးအဆောင်ကို ချိုးခြေလိုက်ပြီဖြစ်၏။ အလင်းရောင်တစ်ချက် ဖျပ်ခနဲလက်ပြီး သူက အဆူရာတိုက်ပွဲမြေကနေ ချက်ချင်းပင် ထွက်ခွာသွားလေသည်။

ဘက်ပြန်ကြေးခွံက ကျုံးဖေးယွီချန်ထားခဲ့သော အော်ရာနောက်သို့ ဆက်လိုက်လိုသေး၏။

ကံဆိုးစွာနှင့်ပင် ကျုံးဖေးယွီက ဤနေရာကနေ ခေါ်ထုတ်ခံသွားရပြီဖြစ်သည်။ ဘက်ပြန်ကြေးခွံက စွမ်းအားကြီးမားသော်လည်း ၎င်းက လေဟာနယ်ကိုမဖြတ်ကျော်နိုင်ဘဲ တဖြည်းဖြည်းပျက်ပြယ်သွား၏။

ဆူဇီမိုက ဤရလဒ်နှင့်ပတ်သက်၍ အံ့အားသင့်သွားခြင်း မရှိပေ။

ကျုံးဖေးယွီက အလွန်တရာသတိကြီးပြီး အန္တရာယ်ကို ကြိုတင်အာရုံခံနိုင်၏။ သူသည် ဘက်ပြန်ကြေးခွံကို ထိပ်တိုက်ရင်ဆိုင်ရဲခြင်းမရှိဘဲ ထိရုံမျှသာထိခဲ့လေသည်။

ဒါ့အပြင် ကျုံးဖေးယွီ၏ အမြုတေစိတ်ဝိညာဉ်က သူ့ထက်မနိမ့်ကျပေ။

မဟုတ်ပါက သူ့အမြုတေစိတ်ဝိညာဉ်သည် စောစောက အနည်းငယ်သောထိတွေ့မှုမှာပင် ဒဏ်ရာရရှိသွားပေလိမ့်မည်။

ရှေးဟောင်းမြို့တော်အထက်မှာ ဂမ္ဘီရမိုးကောင်းကင်နန်းတော်မှ ပကတိအင်မော်တယ် ခြောက်ဦးသည် ကြက်သေသေနေသော အမူအရာများဖြင့် အောက်ဘက်ကို ငုံ့ကြည့်နေကြ၏။

ယခင်က ဤတိုက်ပွဲသည် အလွန်တရာပြင်းထန်ကြမ်းတမ်းနိုင်သည်ဟု သူတို့က ထင်မှတ်ခဲ့ကြသည်။

ကျုံးဖေးယွီ၊ စုန့်စဲ၊ ကောင်းကင်အင်မော်တယ်လောယန်၊ ယွဲ့ဟိုင်နှင့် ရှဲ့ထျန်ဟွမ်း….။ သူတို့အားလုံးသည် ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံး ၁၀ ထဲမှာ ရှိကြလေသည်။ သို့သော်လည်း အခြားသော ကောင်းကင်အင်မော်တယ် ရာချီနှင့်ပင်လျှင် သူတို့သည် လူတစ်ယောက်တည်းကို အပြတ်အသတ်ရှုံးနိမ့်ခဲ့ရ၏။ ဤသည်ကား မည်သူကမှ ထင်မှတ်မထားခဲ့သော ရလဒ်ဖြစ်လေသည်။

စုန့်စဲနှင့် ယွဲ့ဟိုင်ကား သေဆုံးသွားရသည်။

ကောင်းကင်အင်မော်တယ်လောယန်၏ ဘဝသက်တမ်းက သိသိသာသာ လျော့ကျသွားခဲ့၏။ သူက အသက်ရှင်နေသေးသော်လည်း ဒုက္ခိတတစ်ယောက်နှင့် မကွာခြားတော့ပေ။

ရှဲ့ထျန်ဟွမ်းက ဒဏ်ရာအပြင်းအထန်ရရှိပြီးမှ ရှင်သန်ကာ လွတ်မြောက်နိုင်ခဲ့၏။

သူတို့ ငါးယောက်ကြားမှာ ကျုံးဖေးယွီတစ်ယောက်တည်းကသာ လုံးဝမထိမခိုက် လွတ်မြောက်နိုင်ခဲ့သည်။

ဒါ့အပြင် နောက်ဆုံးထိုမြင်ကွင်းမှာ ကျုံးဖေးယွီသည် ဆူဇီမို၏ နည်းလမ်းများမှာ သိသိသာသာ တုန်လှုပ်သွားပြီး ထပ်မံ၍ မတိုက်ခိုက်ရဲတော့ပေ။ အခြားသော ကောင်းကင်အင်မော်တယ် ရာချီက ပို၍ပင် ကြီးမားသော ပျက်စီးဆုံးရှုံးမှုနှင့် ကြုံတွေ့ခဲ့ရပြီး သူတို့ထဲမှ တစ်ဝက်လောက်ကသာ အသက်ရှင်လျက် ထွက်ခွာနိုင်ခဲ့သည်။

ကျန်ရှိနေသောသူများက မီးတောက်ပင်လယ်ကြားမှာ မြှုပ်နှံခံခဲ့ရ၏။

ဂမ္ဘီရရွှံ့ညွန်က တွေဝေရှပ်ထွေးသော အမူအရာဖြင့် တီးတိုးရေရွတ်လိုက်၏။

“ချိပ်စည်းအတွက်တိုက်ပွဲက ဒီလိုမျိုးပုံစံနဲ့ အဆုံးသတ်သွားလိမ့်မယ်လို့ ဘယ်သူက တွေးမိမှာလဲ”

ဂမ္ဘီရတိမ်စိုင်ကလည်း သက်ပြင်းချလိုက်၏။

“အမှန်ပဲ… ဒီအရင်က ပါရမီတံတားမှာ သွေးချောင်းစီးပြီး အထီးကျန်ကျွန်းပေါ်မှာ အလောင်းတွေ ပြန့်ကျဲနေလိမ့်မယ်လို့ လူတိုင်းက တွေးထင်ခဲ့ကြတာ… ဒါပေမဲ့….”

“သူက ပါရမီတံတားကို တစ်ယောက်တည်းစောင့်ကြပ်ပြီး အပြင်ဘက်မှာရှိတဲ့ လူတိုင်းကို တားဆီးခဲ့တယ်”

“ရှဲ့ချင်းချန်တစ်ယောက်တည်းကပဲ ကျွန်းပေါ်ကို ရောက်ရှိနိုင်မယ်”

ယခုချိန်မှာပင် ဂမ္ဘီရလေက အဲဒါသည် မယုံကြည်နိုင်စရာကောင်းသည်ဟု ခံစားနေရဆဲဖြစ်၏။

ဂမ္ဘီရမီးတောက်က ညည်းတွားရေရွတ်လိုက်၏။

“ရှဲ့ချင်းချန်တို့အုပ်စုမှာ လူနှစ်ယောက်ပဲကျန်တယ်… ဒါပေမဲ့ သူတို့က နောက်ဆုံးအနိုင်ရရှိသူတွေ ဖြစ်လာခဲ့ပြီ”

“ဗြောင်းဆန်ကုန်ပြီ… လုံးဝကို ပြောင်းဆန်ကုန်ပြီ”

ဂမ္ဘီရသက်တံက အဆက်မပြတ် တတွတ်တွတ်ရေရွတ်လိုက်၏။

“ဘာဖြစ်လို့လဲ”

အခြားသူများက အလိုလိုမေးလိုက်သည်။

ဂမ္ဘီရသက်တံက သူ့ရှေ့မှာရှိသော ကြိုတင်ခန့်မှန်း ကောင်းကင်အဆင့်သတ်မှတ်ချက်ကို ကြည့်ပြီး ခါးသက်စွာပြုံးလိုက်၏။

“ဒီတိုက်ပွဲမှာ ဆူဇီမိုက ကြိုတင်ခန့်မှန်း ကောင်းကင်အဆင့်သတ်မှတ်ချက်ကို တစ်ယောက်တည်းနဲ့ ဗြောင်းဆန်အောင် ပြောင်းလဲပစ်လိုက်ပြီ”

“ဟုတ်သားပဲ”

နတ်မိမယ်ဂမ္ဘီရကြိုးကြာကလည်း ခေါင်းညိတ်လိုက်၏။

“ကြိုတင်ခန့်မှန်း ကောင်းကင်အဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံး ၁၀ ထဲက သုံးယောက်က လုံးဝဖယ်ရှားရှင်းလင်းခံလိုက်ရပြီ… နောက်ပြီး စောစောက သေသွားတဲ့ ကျင့်ကြံသူတွေကြားမှာလည်း ကြိုတင်ခန့်မှန်း ကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်က လူတွေပါတယ်”

“ဒီကောင်လေးရဲ့ အဆင့်သတ်မှတ်ချက်ကို ငါတို့ ဘယ်နေရာမှာ ထားရမလဲ”

ဂမ္ဘီရသက်တံက မေးလိုက်၏။

“အနည်းဆုံးတော့ အဆင့် ၃ ပဲ”

“ငါ့အထင်တော့ သူ့ကို အဆင့် ၂ မှာတောင် ထားနိုင်တယ်”

“သူက အဆင့် ၇ ကောင်းကင်အင်မော်တယ်တစ်ယောက်ပဲ ရှိသေးတယ်… ငါတို့က သူ့ကို အဆင့် ၂ မှာထားမယ်ဆိုရင် သိပ်ပြီးယုတ္တိမတန်ဘူး”

“ဘာပဲဖြစ်ဖြစ် သူက ကျုံးဖေးယွီရဲ့အထက်မှာပဲ ရှိရမယ်”

ကျုံးဖေးယွီသည် အဆူရာတိုက်ပွဲမြေမှာ သူ၏ တိုက်ခိုက်ရေးခွန်အားအပြည့်အဝကို မထုတ်ဖော်နိုင်သော်လည်း ဤတိုက်ပွဲမှာ ဆူဇီမိုအပေါ် ဖိအားကလည်း ပို၍ပင်ကြီးမားပြီး လူတိုင်းကို တစ်ယောက်တည်းနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ရ၏။

“အင်း… ဒါဆိုရင်လည်း သူ့ကို အဆင့် ၃ မှာပဲထားလိုက်ကြမယ်… ဘာပဲပြောပြော ချင်ကူကလည်း အားမနည်းဘူး”

နတ်မိမယ်ဂမ္ဘီရကြိုးကြာက ပြောလိုက်၏။

“နောက်ပြီး သူ့ကို အဆင့် ၂ မှာပဲထားထား… အဆင့် ၃ မှာပဲထားထား… ဘာမှကွာခြားသွားမှာ မဟုတ်ဘူး… ငါထင်တာ မမှားဘူးဆိုရင် နောက်ဆုံးအဆင့် ၁ နေရာကို ရယူမယ့်သူက သူနဲ့ယွင်ထင် တစ်ယောက်ယောက်ဖြစ်လိမ့်မယ် ”

“ဆူဇီမိုအတွက် မွမ်းမံပြင်ဆင်ချက်ကို ဘယ်သူရေးမှာလဲ”

ဂမ္ဘီရသက်တံက မေးလိုက်၏။

အဲဒါက ကြီးမားသော တိုက်ပွဲတစ်ခုသာဖြစ်သော်လည်း သတင်းအချက်အလက်များစွာပါဝင်နေ၏။

“ငါပဲလုပ်လိုက်မယ်”

နတ်မိမယ်ဂမ္ဘီရကြိုးကြာက ထိုတာဝန်ကို လက်ခံယူလိုက်၏။

“မလောနဲ့ဦး… အရင်စောင့်ကြည့်ရအောင်… တိုက်ပွဲက အခုချိန်ထိ မပြီးဆုံးသေးဘူး”

ဂမ္ဘီရတိမ်စိုင်က သတိပေးလိုက်၏။

ဆိုးယုတ်သွေးကန်၏ ရှေ့မှာ လူနှစ်ယောက်သာ ကျန်တော့လေသည်။

လေ့ရွှမ်နှင့် ဆူဇီမို…။

“အား…”

ဂမ္ဘီရသက်တံ၏ အမူအရာက ပြောင်းလဲသွားပြီး ရုတ်တရက်ပြောလိုက်၏။

“စိတ်ဝင်စားစရာပဲ… လေ့ရွှမ်က စောစောက ဆူဇီမိုရဲ့ မီးတောက်လျှို့ဝှက်အတတ်ကနေ တစ်စုံတစ်ရာကို တကယ်ကြီးနားလည်ဆင်ခြင်နိုင်ခဲ့တာပဲ… သူက အကျိုးအမြတ်အတော်လေး ရရှိသွားတဲ့ပုံပဲ”

“ဒီလိုဆိုရင် လေ့ရွှမ်က ဒီကောင်လေးကို အနိုင်ယူဖို့ အခွင့်အရေးရှိလာမှာလား”

“အဲဒါက တကယ်ပဲဖြစ်နိုင်တယ်… လေ့ရွှမ်က အခုချိန်မှာ သူ့ရဲ့အထွတ်အထိပ်အခြေအနေကို ရောက်နေပြီဆိုတာ မမေ့လိုက်နဲ့… ဆူဇီမိုကတော့ အခုတင် ပြင်းထန်ကြမ်းတမ်းတဲ့ တိုက်ပွဲကို ဆင်နွှဲပြီး သူ့ရဲ့ဝှက်ဖဲတွေအားလုံးကို ထုတ်ဖော်ခဲ့ပြီးပြီ... သူက စွမ်းအင်အမြောက်အများကိုလည်း သုံးစွဲခဲ့ရတယ်”

နတ်မိမယ်ဂမ္ဘီရကြိုးကြာက အလောတကြီးပြောလိုက်၏။

“လေ့ရွှမ်က အနိုင်ရမယ်ဆိုရင်တောင် ဆူဇီမိုရဲ့အဆင့်သတ်မှတ်ချက်က ပြောင်းလဲသွားမှာ မဟုတ်ဘူး”

“ဒါပေါ့”

အခြားသော ပကတိအင်မော်တယ်များက ရယ်သွမ်းသွေးလိုက်ကြ၏။

အောက်ဘက်ရှိ တိုက်ပွဲနယ်မြေမှာ ပဉ္စဝဏ္ဏတာအိုမီးက တဖြည်းဖြည်းငြိမ်းသေသွား၏။

လေ့ရွှမ်သည် သူ့ရှေ့တည့်တည့်မှာရှိသော ဆူဇီမိုကိုကြည့်ပြီး တိုက်ခိုက်ဖို့ အလောတကြီးရှိမနေပေ။

“ဆူဇီမို… ငါမင်းကို အသားယူမှာ မဟုတ်ဘူး”

“မင်းက ဒီနေ့ သန်မာတဲ့ ရန်သူတွေနဲ့ တိုက်ခိုက်ပြီး စွမ်းအင်အမြောက်အများ သုံးစွဲခဲ့ရတယ်”

“ရိုးရိုးသားသားပြောရရင် ငါက အခုတင် တစ်စုံတစ်ရာကို နားလည်ဆင်ခြင်ပြီး မဟာနေမင်းသုတ္တန်ကို နောက်တစ်ဖန်အဆင့်မြှင့်တင်နိုင်ခဲ့တယ်… ငါ မင်းကို အခုတိုက်ခိုက်မယ်ဆိုရင် အနိုင်ကျင့်ရာကျနေမယ်”

ဆူဇီမိုက လေ့ရွှမ်ကို တိတ်တဆိတ်ကြည့်နေ၏။ ထိုသူစကားပြောလို့ ပြီးဆုံးသွားပြီးနောက် သူက ရှေ့သို့တက်လှမ်းကာ ပြောလိုက်၏။

“အပိုတွေပြောမနေနဲ့… တိုက်စရာရှိတာ တိုက်မှပေါ့။”

All Chapters