ဘယ်သူအနိုင်ရမလဲ
Vol. 168 Ch. 2509
ရှဲ့ချင်းချန်ခေါ်လာသော လူများထဲမှာ အရင်တုန်းက ဘယ်သူကများ သူ့ရဲကြင်နာစွာဆက်ဆံမှုကို မရရှိခဲ့လို့လဲ။
သို့သော်ယခု သူဒုက္ခရောက်နေသည့်အခါ သူ့ရှေ့မှ ကောင်းကင်အင်မော်တယ်ခြောက်ဦးကသာ သူ့နောက်သို့ လိုက်ပါလိုလေသည်။
မင်းသားယန်နှင့် အခြားသူများမှာ မကောင်းသောရည်ရွယ်ချက်များရှိနေပြီး သူတို့က အချိန်မရွေးတိုက်ခိုက်ဖို့ အသင့်ဖြစ်နေ၏။
ရှဲ့ချင်းချန်သည် သူ၏ ခေါင်းမာမှုကြောင့် ကောင်းကင်အင်မော်တယ်ခြောက်ဦးကို ရောပါကာဒုက္ခမရောက်စေလိုပေ။
သူက မည်သို့ပင်ဆိုစေ မင်းသားတစ်ပါးဖြစ်၏။ သူက ဤနေရာမှာဆက်နေမည်ဆိုလျှင် သူကအသက်အန္တရာယ်ရှိလိမ့်မည် မဟုတ်ပေ။ အလွန်ဆုံး သူက အရှက်ခွဲမှုတချို့ကို တွေ့ကြုံရဖို့သာရှိပေလိမ့်မည်။ သို့သော်လည်း ကောင်းကင်အင်မော်တယ်ခြောက်ဦးက အသက်အန္တရာယ်ရှိလာနိုင်သည်။
“မင်းသား..”
ကောင်းကင်အက်မော်တယ်ခြောက်ဦးက ညင်သာစွာအော်ခေါ်လိုက်၏။
“သွားကြတော့”
ရှဲ့ချင်းချန်က စိတ်လက်ပေါ့ပါးသယောင်ဟန်ဆောင်ပြီး ပြုံးပြလိုက်၏။
“ရက်၂၀ ကြာပြီးရင် နန်းတော်ထဲမှာ ငါ့ကိုစောင့်နေကြ... ငါက အောင်မြင်တာပဲဖြစ်ဖြစ် ကျရှုံးတာပဲဖြစ်ဖြစ် ငါတို့တွေ စိတ်ကျေနပ်အားရတဲ့အထိ အတူတူသောက်စားကြမယ်”
“ကောင်းပါပြီ”
ကောင်းကင်အင်မော်တယ်ခြောက်ဦးက သဘောတူလက်ခံလိုက်ကြ၏။
သူတို့က ဤနေရာမှာနေဖို့ ဆက်လက်၍ခေါင်းမာနေမည်ဆိုလျှင် သူတို့သည် မင်းသားယန်နှင့်အခြားသူများ၏ ဝန်းရံတိုက်ခိုက်ခြင်းကိုခံရနိုင်လေသည်။
ကောင်းကင်အင်မော်တယ်ခြောက်ဦးအနေဖြင့် သူတို့သည် မင်းသားချင်းချန်ကို သစ္စာမဖောက်လိုဘဲ ဤနေရာကနေထွက်ခွာဖို့သာ ရွေးချယ်လိုက်ကြ၏။
ရှဲ့ချင်းချန်၏ ရှေ့မှာ ကောင်းကင်အင်မော်တယ်ခြောက်ဦးက သူတို့၏ ပို့ဆောင်ရေးအဆောင်များကို ဆုတ်ဖြဲပြီး အဆူရာတိုက်ပွဲမြေကနေ ထွက်ခွာသွားကြ၏။
မင်းသားယန်က လှောင်ရယ်လိုက်၏။
“ရှဲ့ချင်းချန်... မင်းက ဒီမှာနေပြီး ဘာလုပ်ဦးမလို့လဲ... မင်းက မင်းကိုယ်မင်းအရှက်ခွဲခံရဖို့ စောင့်နေတာလား”
“သူက စိတ်ဝိညာဉ်တိမ်စိုင်ချိပ်စည်းကို တစ်ယောက်တည်းနဲ့လုယူချင်လို့လည်း ဖြစ်ချင်ဖြစ်မှာပေါ့”
ကောင်းကင်အင်မော်တယ်ယွီယင်က ဘက်ပြောင်းလိုက်သည့်ခဏမှာပင် သူ၏ စိတ်သဘောထားကို လုံးလုံးလျားလျား ပြောင်းလဲပစ်ပြီး မင်းသားယန်ကို အကြိုက်ဆောင်ဖို့အတွက် ရှဲ့ချင်းချန်ကိုထိုးနှက်လိုက်၏။
“ငါ ဒီမှာ ဆက်နေမှာပဲဖြစ်ဖြစ်.. ထွက်သွားတာပဲဖြစ်ဖြစ် မင်းတို့အလုပ်မဟုတ်ဘူး”
ရှဲ့ချင်းချန်၏ လေသံက အေးစက်နေ၏။
“အို...”
မင်းသားယန်က ပြုံးပြလိုက်၏။
“ငါ့ညီလေး.. မင်းက အတော်လေးမကျေမနပ်ဖြစ်နေတဲ့ပုံပဲ... ယွီယင် သူ့ကိုသင်ခန်းစာတစ်ခုလောက် ပေးလိုက်ပါဦး”
“ဘယ်လို….”
ကောင်းကင်အင်မော်တယ်ယွီယင်က ခဏမျှတွေဝေတုံ့ဆိုင်းသွား၏။
“ဘာလို့လဲ... မင်းက မလုပ်ရဲဘူးလား... မင်းက မင်းသခင်ဟောင်းကို တမ်းတနေတုန်းပဲလား”
မင်းသားယန်က တစ်ဘက်သို့လှည့်ပြီး သူ၏ မျက်လုံးကို မှေးကျဉ်းကာ မေးလိုက်၏။
“မဟုတ်ပါဘူး”
ကောင်းကင်အင်မော်တယ်ယွီယင်၏ တုံ့ပြန်မှုက အလွန်တရာမြန်ဆန်ပြီး သူကချက်ချင်းပင် ငြင်းပယ်လိုက်၏။
သူသည် ရင်ထဲမှာအနည်းငယ် ဝန်လေးနေသော်လည်း သူ၏ ရပ်တည်ချက်ကို ခိုင်မာစေဖို့အတွက် ဤကိစ္စကို အဆုံးသတ်ရမည်ဖြစ်ကြောင်း သူက သိရှိထား၏။
ထိုသို့ဖြင့်သာ သူသည် မင်းသားယန်၏ ယုံကြည်မှုနှင့် တန်ဖိုးထားခြင်းကို အမှန်တကယ်ရရှိလာနိုင်ပေလိမ့်မည်။
ထိုသို့အတွေးဖြင့် ကောင်းကင်အင်မော်တယ်ယွီယင်က ဆုံးဖြတ်ချက်ချပြီး ရှဲ့ချင်းချန်ရှိရာသို့ လျှောက်လှမ်းသွား၏။
“မင်းဘယ်လိုတောင် သတ္တိကောင်းနေတာလဲ”
ရှဲ့ချင်းချန်က ကောင်းကင်အင်မော်တယ်ယွီယင်ကို အေးစက်နေသောအကြည့်ဖြင့် စိုက်ကြည့်လိုက်၏။
မည်သို့ပင်ဆိုစေ သူသည် ယန်ယန်းအင်မော်တယ်နိုင်ငံ၏ မင်းသားတစ်ပါးဖြစ်သည်။
ယခုသူက ဒေါသထွက်နေပြီး သူ့ထံမှတော်ဝင်မိသားစု၏ တုန်လှုပ်စရာကောင်းသောစွမ်းပကားက ဖြာထွက်လာ၏။
ကောင်းကင်အင်မော်တယ်ယွီယင်၏ ကျင့်ကြံမှုနယ်ပယ်က ရှဲ့ချင်းချန်ထက်ပိုမိုမြင့်မားသော်လည်း သူသည် တစ်ခါက ရှဲ့ချင်းချန်နောက်လိုက်ပါခဲ့ဖူး၏။ ဒါ့အပြင် ရှဲ့ချင်းချန်သည် သူ့အသက်ကို တစ်ခါကယ်တင်ပေးခဲ့ဖူး၏။
ယခု သူသည် ရှဲ့ချင်းချန်၏ စိုက်ကြည့်ခြင်းကိုခံနေရပြီး သူက မလုံမလဲခံစားနေရကာ အတန်ကြာသည့်အထိ မလှုပ်ရှားနိုင်တော့ပေ။
“မကြောက်နဲ့”
မင်းသားယန်ကပြုံး၍ သွေးထိုးလှုံ့ဆော်လိုက်၏။
“မင်းသူ့ကို မသတ်မိသရွေ့အဆင်ပြေတယ်... တစ်ခုခုဖြစ်လာမယ်ဆိုရင် ငါတာဝန်ယူပေးနိုင်တယ်”
“ကျေးဇူးတင်ပါတယ် မင်းသားယန်”
ကောင်းကင်အင်မော်တယ်ယွီယင်က ထိုစကားကိုကြားသောအခါ စိတ်သက်သာရာရသွား၏။
ရှဲ့ချင်းချန်က ကျိန်ဆဲလိုက်၏။
“ကျေးဇူးကန်းတဲ့ခွေး... အရင်တုန်းက ငါမင်းအသက်ကို မကယ်ပေးခဲ့သင့်ဘူး”
ထိုစကားကိုကြားသောအခါ ကောင်းကင်အင်မော်တယ်ယွီယင်၏ မျက်နှာက နီမြန်း၍ သူက အလွန်တရာရှက်ရွံ့သွား၏။ သူ၏ ရင်ထဲမှာ မုန်းတီးမှုက လှိုက်တက်လာပြီး သူ၏ လက်ကိုမြှောက်ကာ ရှဲ့ချင်းချန်ကိုဖြတ်ရိုက်ရင်း ကျိန်ဆဲလိုက်၏။
“ငါ့ကိုကယ်ဖို့ ဘယ်သူက မင်းကိုပြောခဲ့လို့လဲ... မင်းဘာသာမင်း အားအားယားယားဝင်ရှုပ်ခဲ့တာပဲ”
ကောင်းကင်အင်မော်တယ်ယွီယင်၏ လက်ဖဝါးက ရှဲ့ချင်းချန်၏ မျက်နှာပေါ်သို့ ဆင်းသက်မလာနိုင်ခင်မှာပင် သူ၏ လက်ကောက်ဝတ်သည် အခြားသောတုတ်ခိုင်သည့် လက်ဖဝါးတစ်ဖက်ဖြင့် ဖမ်းဆွဲခံလိုက်ရ၏။
ကောင်းကင်အင်မော်တယ်ယွီယင်က သူ၏ လက်ကို လုံးဝမလှုပ်ရှားနိုင်တော့ပေ။ ထိုအစား ကြောက်စရာကောင်းသောအပူလှိုင်းတစ်ခုက တစ်ဘက်လူ၏ လက်ဖဝါးကနေဖြာထွက်လာ၏။ အဲဒါက သူ၏ လက်ကို လောင်ကျွမ်းပြာချပစ်တော့မည့်အလားပင်။
“တာအိုရောင်းရင်းလေ့... ခင်ဗျား...”
ကောင်းကင်အင်မော်တယ်ယွီက တစ်ဘက်သို့လှည့်ကြည့်ပြီးနောက် တားဆီးသူကိုတွေ့မြင်သောအခါ သူက ထိတ်လန့်တကြားဖြစ်သွား၏။ ကောင်းကင်အင်မော်တယ်ယွီယင်ကို တားဆီးလိုက်သောသူက မင်းသားယန်၏ ဘေးမှာရှိသော လေ့ရွှမ်ဖြစ်လေသည်။
“ညီကိုလေ့... ဒါက ဘာသဘောလဲ”
မင်းသားယန်က မျက်မှောင်အနည်းငယ်ကြုတ်ကာမေးလိုက်၏။
လေ့ရွှမ်က တစ်ဘက်သို့လှည့်ပြီး တည်တံ့စွာပြောလိုက်၏။
“ရှဲ့ချင်းချန်မှာ ယန်ယန်းအင်မော်တယ်ဘုရင်ရဲ့ မျိုးဆက်သွေးရှိတယ်... သူ့ကို တခြားသူတွေက အနိုင်ကျင့်မယ်ဆိုရင် ကျုပ်တို့က တော်ဝင်မိသားစုကို ဂုဏ်သိက္ခာညှိုးနွမ်းအောင်လုပ်လိုက်တာပဲ”
“နောက်ပြီး သူကတစ်ယောက်တည်းပဲ... သူက ကျုပ်တို့ပေါ်မှာ သက်ရောက်မှုရှိမှာမဟုတ်ဘူး သူ့ကိုသတ်စရာမလိုဘူး”
မင်းသားယန်က အနည်းငယ်မကျေမနပ်ဖြစ်သွား၏။
သို့သော်လည်း လေ့ရွှမ်သည် ပြန်ဝင်စားပကတိအင်မော်တယ်တစ်ဦးဖြစ်ခဲ့၏။
မင်းသားယန်သည် ဤတစ်ခေါက် သူ့ကို ကူညီပေးရန် လေ့ရွှမ်ကို တံခါးပိတ်ကျင့်ကြံရာကနေ ဖိတ်ခေါ်ထားခဲ့ရ၏။ ထိုသို့ဖြင့် သူသည် လေ့ရွှမ်ကို မျက်နှာသာတချို့ပေးရပေမည်။
“ကောင်းပြီလေ”
မင်းသားယန်က လက်ကာပြလိုက်၏။
“ငါ... ညီကိုလေ့ရဲ့စကားကို နားထောင်ပြီး မင်းအဆင့်နဲ့တုပြိုင်ပြီး ရန်ဖြစ်မနေတော့ဘူး... သွားကြမယ်”
ထိုသို့ပြောရင်း မင်သားယန်က ကျင့်ကြံသူတစ်အုပ်စုနှင့်အတူ လှည့်ထွက်သွား၏။
လေ့ရွှမ်က သူ၏ လက်ကို လွှတ်ပေးလိုက်ပြီး ကောင်းကင်အင်မော်တယ်ယွီယင်က နာကျင်နေသောအမူအရာဖြင့် သူ၏ လက်ကောက်ဝတ်ကို အလောတကြီးရုပ်သိမ်းလိုက်၏။
ထိုအချိန်တိုအတွင်းမှာ သူ၏ လက်ကောက်ဝတ်ပေါ်တွင် လောင်ကျွမ်းရာအမှတ်တစ်ခုပေါ်ထွက်လာပြီး သူက လက်တစ်ဖက်လုံးမှ ခံစားချက်ကို မရတော့ပေ။
သူက ကြီးမားစွာ မျက်နှာပျက်ခဲ့ရသည်ဆိုလျှင်တောင် ကောင်းကင်အင်မော်တယ်ယွီယင်က စောဒကမတက်ရဲပေ။ နာကျင်မှုကိုကြိတ်မှိတ်ခံစားရင်း သူက လှည့်ကြည့်ခြင်းမရှိဘဲ ဤနေရာကနေ စိတ်ပျက်လက်ပျက်ထွက်ခွာသွား၏။
လေ့ရွှမ်က သူ၏ လက်နှစ်ဖက်ကို နောက်ပစ်ကာ လှည့်ထွက်သွား၏။
“ကျေးဇူးတင်ပါတယ်”
ဂေဟာ၏ ဝင်ပေါက်ဝသို့ သူရောက်ရှိလာသည့်အခါ သူ၏ နောက်ဘက်မှ ရှဲ့ချင်းချန်၏ အသံက ထွက်ပေါ်လာ၏။
လေ့ရွှမ်က ခဏမျှရပ်တန့်ပြီးတစ်ချက်ကြည့်လိုက်၏။
“ခင်ဗျားဖိတ်ခေါ်ထားတဲ့ဆူဇီမိုက ရေကန်ထဲကို တကယ်ပဲကျဆင်းသွားခဲ့တယ်... ဒါပေမဲ့ အဲဒီအချိန်တုန်းက ကြိုတင်ခန့်မှန်း ကောင်းကင်အဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးဆယ်ယောက်ထဲမှာ ရှိတဲ့ ကျုပ်တို့ခြောက်ယောက်က ရှိနေခဲ့ကြတယ်... အတိအကျပြောရရင် သူက ကျုပ်တို့နဲ့ ခြောက်ယောက်တစ်ယောက် တိုက်ခိုက်ခဲ့ရတာပဲ... အဲဒါကြောင့်ပဲသူက ဆိုးယုတ်သွေးကန်ထဲကို ကျဆင်းသွားခဲ့တာ”
ရှဲ့ချင်းချန်က ထိုစကားကိုကြားသောအခါ သူက ဆက်လက်၍သံသယမရှိတော့ပေ။
သို့သော်လည်း ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးဆယ်ယောက်ထဲမှ ခြောက်ယောက်က ဆူဇီမိုကို ပူးပေါင်းတိုက်ခိုက်လာလိမ့်မည်ဟု သူက ထင်မှတ်မထားခဲ့ပေ။
“သူက အရမ်းကို သန်မာတယ်”
လေ့ရွှမ်၏ လေသံမှာ ချီးကျူးလိုမှုနှင့် သနားဂရုဏာသက်မှုအငွေ့အသက်တစ်ခုပါဝင်နေပုံရ၏။
ခဏမျှငြိမ်သက်ပြီးနောက် သူက ဆက်ပြောလိုက်၏။
“ကျုပ်က သူနဲ့တစ်ယောက်ချင်းတိုက်ခိုက်ရမယ်ဆိုရင် ရလဒ်ကိုကြိုတင်ခန့်မှန်းနိုင်မှာ မဟုတ်ဘူး”
ထိုသို့ပြောရင်း လေ့ရွှမ်က လှည့်ထွက်ကာ တစ်ခဏအတွင်းပျောက်ကွယ်သွား၏။
လူတိုင်းထွက်ခွာသွားပြီးနောက် ရှဲ့ချင်းချန်က မြေပြင်ပေါ်မှာ ခြေပစ်လက်ပစ်ထိုင်ချလိုက်၏။
ယခုအချိန်မှာ သူတစ်ယောက်တည်းသာကျန်ရစ်ခဲ့ပြီး သူက ကူကယ်ရာမဲ့စွာဖြင့် ငေးငိုင်ကျသွား၏။
သူသည် သူ၏ ယုံကြည်မှုကို ဆုပ်ကိုင်ထားနိုင်ဦးမည်ဆိုလျှင်တောင် ဤကဲ့သို့သောအခြေအနေဖြင့် ရင်ဆိုင်ရချိန်မှာ သူက တခြားဘာများလုပ်နိုင်ဦးမှာလဲ။
သူက နောက်ရက်နှစ်ဆယ်ကြာပြီးရင် ချိပ်စည်းအတွက်တိုက်ပွဲမှာ ဝင်ပါရမှာလား။
သူသည် အဆင့်-၇ ကောင်းကင်အင်မော်တယ်တစ်ယောက်အနေဖြင့် အခြားသောမင်းသားများကို သူတစ်ယောက်တည်း ဘယ်လိုယှဉ်ပြိုင်တိုက်ခိုက်နိုင်မှာလဲ။
တစ်ခဏချင်းမှာပင် တစ်လတာကုန်ဆုံးသွား၏။
နောက်ဆုံး ဤနေ့မှာ ကျန်ရှိနေသော မင်းသားခုနှစ်ပါးက သူတို့၏ အဖွဲ့များနှင့်အတူ ရှေးဟောင်းမြို့တော်၏ အလယ်ဗဟိုရေကန်ကို ရောက်ရှိလာပြီး နောက်ဆုံးအခိုက်အတန့်ကို စောင့်ဆိုင်းနေကြ၏။
ပါရမီတံတားဆင်းသက်လာသည်နှင့် ချိပ်စည်းကိုလုယူဖို့အတွက် အခက်ခဲဆုံးနှင့် အကြမ်းတမ်းဆုံးတိုက်ပွဲက တရားဝင်စတင်လာပေတော့မည်။
ရှေးဟောင်းမြို့တော်၏ အထက်မှာ...။
ဂမ္ဘီရမိုးကောင်းကင်နန်းတော်မှ ပကတိအင်မော်တယ်ခြောက်ဦးကလည်း စိတ်လှုပ်ရှားနေကြ၏။ လာမည့်တိုက်ပွဲသည် ကြိုတင်ခန့်မှန်း ကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်မှ ကျင့်ကြံသူများစွာ၏ အဆင့်သတ်မှတ်ချက်များကို အဆုံးအဖြတ်ပေးပေလိမ့်မည်။
“ဟမ်..”
ဂမ္ဘီရသက်တံက အံ့အားတသင့်ပြောလိုက်၏။
“အဖွဲ့တစ်ဖွဲ့က ရောက်မလာသေးတဲ့ပုံပဲ”
“အဲဒါရှဲ့ချင်းချန်ပေါ့... သူ့အဖွဲ့မှာ သူတစ်ယောက်တည်းကျန်တော့တာ သူကလက်လျှော့သွားလောက်ပြီ”
ဂမ္ဘီရရွှံ့ညွန်က ရှင်းပြလိုက်၏။
“မှန်းကြည့်စမ်း... စိတ်ဝိညာဉ်တိမ်စိုင်ချိပ်စည်းကို ဘယ်သူရမလဲ”
သူပြန်မဖြေနိုင်ခင်မှာပင် ဂမ္ဘီရတိမ်စိုင်က သူ့ဘာသာသူပြောလိုက်၏။
“ငါထင်တာတော့... မင်းသမီးယုယန်ပဲ... သူ့မှာ ကျုံးဖေးယွီရဲ့အကူအညီရှိတဲ့အတွက် သူက အနိုင်ရဖို့အခွင့်များတယ်”
ဂမ္ဘီရလေက ဝေဖန်ဆန်းစစ်လိုက်၏။
“ကြည့်ရတာတော့... မင်းသားယန်ရဲ့အဖွဲ့က ရှဲ့ချင်းချန်ဆီက လူဆယ်ယောက်ကို ခေါ်ယူစုဆောင်းပြီးတဲ့နောက် သူတို့က လူအင်အားအများဆုံးဖြစ်လာပြီ... သူတို့မှာလူအယောက် ၆၀ ကျော်ရှိတယ်... လေ့ရွှမ်ရဲ့ အကူအညီနဲ့ဆို အလုံးစုံတိုက်ခိုက်ရည်ခွန်အားက မင်းသမီးယုယန်နဲ့ တခြားသူတွေရဲ့ အထက်မှာရှိတယ်... သူအနိုင်ရဖို့အခွင့်အရေးက သိပ်ပြီးမနိမ့်ကျဘူး”
“တကယ်တော့... ချိပ်စည်းအတွက်နောက်ဆုံးတိုက်ပွဲက အဖွဲ့တစ်ဖွဲ့ရဲ့ အလုံးစုံတိုက်ခိုက်ခွန်အားအပေါ်ပဲ မူတည်နေတာမဟုတ်ဘူး... ဒါပေမဲ့ အဲဒါက စိတ်ဝိညာဥ်တိမ်စိုင်ချိပ်စည်းကို ရယူဖို့အတွက် သူတို့ရဲ့မင်းသားတွေကို ကျွန်းဆီကို အရင်ပို့ပေးဖို့ အာမခံနိုင်မယ်”
“ချိပ်စည်းအတွက်တိုက်ပွဲမှာ နောက်ထပ်အလှည့်အပြောင်းတွေကလည်း ပေါ်ထွက်လာဦးမယ်”
“မင်းသားမင်ကျုံးမှာ စုန့်စဲရဲ့အကူအညီရှိတယ်... မင်းသားဖုန့်မှာ ကောင်းကင်အင်မော်တယ်လောယန်ရဲ့ အကူအညီရှိတယ်... မင်းသားယွီမှာ ယွဲ့ဟိုင်ရဲ့အကူအညီရှိတယ်... အဲဒီမှာ စွမ်းအားကြီးမားတဲ့ မင်းသားထျန်ဟွမ်းလည်းရှိတယ်... သူတို့ထဲက ဘယ်သူမဆို ဖြစ်နိုင်တာပဲ”
“ဂမ္ဘီရကြိုးကြာ... ဘယ်သူအနိုင်ရမယ်လို့ နင်ထင်လဲ”
သူတို့ငါးဦးက ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း နှုတ်ဆိတ်နေသည့် နတ်မိမယ်ဂမ္ဘီရကြိုးကြာကို လှည့်ကြည့်လိုက်၏။
“ငါမသိဘူး”
ဂမ္ဘီရကြိုးကြာက သူမ၏ ခေါင်းကို ညင်သာစွာခါပြပြီး စိတ်အာရုံပျံ့လွင့်စွာဖြင့် ပြန်ဖြေလိုက်၏။ သူမ၏ အကြည့်က ရေကန်၏ အောက်ဘက်သို့ ကျရောက်နေဆဲဖြစ်၏။ သူမသည် တစ်စုံတစ်ရာကို မျှော်လင့်စောင့်စားနေပုံရလေသည်။
ရုတ်တရက်ဆိုသလို...။
နတ်မိမယ်ဂမ္ဘီရကြိုးကြာ၏ အမူအရာက ပြောင်းလဲသွားသည်။