← Chapters

ကျားဖြူအလောင်းသိမ်းယူခြင်း

Vol. 168 Ch. 2507

ကျားဖြူအလောင်းသိမ်းယူခြင်း

Vol. 168 Ch. 2507

ဆူဇီမိုသည် ရှေ့သို့ခြေတစ်လှမ်းတိုးပြီး အရိုးဖြူကို ဆွဲထုတ်လိုက်၏။

အရိုးဖြူ၏ အနားစောင်းက ကြမ်းတမ်း၍ မညီမညာဖြစ်နေ၏။ ထိုအရာက ကျားဖြူအရိုး၏ အပိုင်းအစတစ်ခုသာ ဖြစ်သည်။

ထိုသို့ဆိုလျှင်တောင် အရိုးဖြူအပိုင်းက ထွက်ပေါ်လာသည့်အခါ ၎င်းသည် လူတစ်ယောက်၏ အရပ်ထက် ပို၍မြင့်မားဆဲပြီး မွန်းကျပ်ဖွယ်ရာကောင်းသော ကြမ်းကြုတ်ခက်ထန်မှုကို ထုတ်ဖော်နေသည်။

ကျားဖြူသည် ၎င်း၏ အထွတ်အထိပ်အရွယ်မှာတုန်းက ဘယ်လောက်ထိကြီးမားပြီး ကြမ်းကြုတ်ခက်ထန်ခဲ့သလဲ စဉ်းစားကြည့်ဖို့ ခက်လေသည်။

အရိုးဖြူအပိုင်းအစတစ်ခုသည် အဆူရာတိုက်ပွဲမြေမှာ ကျန်ရစ်ခဲ့၏။ နှစ်ပေါင်းမရေမတွက်အောင် ကြာပြီးတာတောင် အရိုးဖြူထဲရှိ ဆိုးယုတ်သွေးက ပျက်ပြယ်မသွားဘဲ ဤကဲ့သို့သော ရေကန်တစ်ခုကို ဖြစ်ပေါ်လာစေ၏။

ဆူဇီမိုသည် လက်လှမ်းပြီး ကျားဖြူအရိုး၏ မျက်နှာပြင်ကို ညင်သာစွာ ပွတ်သပ်ကြည့်လိုက်၏။

သူ၏ လက်ချောင်းထိပ်ဖျား ဖြတ်သွားရာနေရာတိုင်း သူသည် အရိုးဖြူ၏ မျက်နှာပြင်ပေါ်မှာ အဖုအထစ်အနည်းငယ်ကို အာရုံခံမိနိုင်၏။

ဆူဇီမိုသည် ရှေ့သို့ခြေတစ်လှမ်းတိုးပြီး အာရုံစိုက်၍ ကြည့်ရှုလိုက်၏။

အရိုးဖြူ၏ မျက်နှာပြင်ပေါ်မှာ လျှို့ဝှက်ဆန်းကြယ်သော အင်းကွက်များကို ခတ်နှိပ်ထားပြီး အဲဒါက ရှေးဟောင်းမှော်စာလုံးများနှင့် ဆင်တူနေ၏။ အဲဒါသည် သဘာဝကနေ ပြုလုပ်ပေးထားသည့် နတ်ဘုရားလက်ရာတစ်ခုနှင့် တူလေသည်။

ဆူဇီမိုသည် သူ၏ အမြုတေချီကို လှည့်ပတ်ပြီး အဲဒါကို အရိုးဖြူထဲသို့ ထိုးသွင်းလိုက်၏။

အရိုးဖြူ၏ မျက်နှာပြင်ပေါ်ရှိ ရှေးဟောင်းမှော်စာလုံးများက ရုတ်တရက် တောက်ပလာခဲ့၏။

ထို့နောက် ချက်ချင်းပင် ရှေးဟောင်းမှော်စာလုံးများက ကွာကျ၍ ဆူဇီမို၏ နှာရောင်ထဲသို့ ချက်ချင်းပင် တိုးဝင်လာခဲ့၏။

ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်က နာကျင်သွားလေ၏။

ထို့နောက် ချက်ချင်းပင် ထူးဆန်းသော သတင်းအချက်အလက်တချို့က သူ၏ မှတ်ဉာဏ်များထဲမှာ ပေါ်ထွက်လာ၏။

အစကတော့ ကျားဖြူအထွတ်အမြတ်ဝိညာဉ်ကနေ သင်ကြားပေးလိုက်သည့် လျှို့ဝှက်အတတ်သုတ္တန်က နားလည်ဖို့ ခက်ခဲနေခဲ့၏။ သို့သော် ယခု ထိုလျှို့ဝှက်အတတ်ကို တစ်ဖန်ပြန်ကြည့်သောအခါ ဆူဇီမိုက နားလည်သဘောပေါက်လာသလို ရှိလာ၏။

ဆူဇီမိုက ကျေနပ်သဘောကျသွားပြီး လျှို့ဝှက်အတတ်ကို ကျင့်ကြံဖို့အတွက် မြေပြင်ပေါ်မှာ ထိုင်ချလိုက်သည်။

ငရဲဖိနှိမ်မီးဖိုပေါ်ရှိ စတုတ္ထမြောက် လျှို့ဝှက်အတတ်က ကျားဖြူအလောင်း သိမ်းယူခြင်းဖြစ်လေသည်။

အဲဒါသည် လျှို့ဝှက်အတတ်လေးခုထဲမှာ တစ်ခုတည်းသော ပြိုင်ဘက်ကင်း သတ်ဖြတ်ကွက်လည်းဖြစ်သည်။

အထွတ်အမြတ်တောကောင် လေးကောင်ကြားမှာ ကျားဖြူသည် အနောက်ဘက်အရပ်မှာ နေထိုင်ပြီး သတ်ဖြတ်ခြင်းမှာ အထူးပြုလေသည်။

ထိုလျှို့ဝှက်အတတ်၏ အမည်သက်သက်ကပင် ချောက်ချားစရာကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုကို ထုတ်ဖော်ထား၏။

လျှို့ဝှက်အတတ်အရ သူတို့သည် ကျားဖြူအရိုးသိမ်းယူခြင်းကို ကျင့်ကြံလိုသည်ဆိုလျှင် သူတို့၏ ကိုယ်ပိုင်ဆိုးယုတ်သွေးချီကို အဆက်မပြတ် သိပ်သည်းစုဖွဲ့ရမည်ဖြစ်သည်။ ဆိုးယုတ်ချီက ပိုမိုသိပ်သည်းလေးလံလေ… လျှို့ဝှက်အတတ်၏ စွမ်းအားက ပိုမိုသန်မာလေဖြစ်သည်။

ဆိုးယုတ်ချီက သိပ်သည်းကျစ်လစ်၍ ကျားဖြူအထွတ်အမြတ်တောကောင်၏ အဆင့်အထိ ရောက်ရှိလာနိုင်မည်ဆိုလျှင် အဲဒါသည် လောကသို့ ကျားဖြူကိုယ်တိုင်ဆင်းသက်လာခြင်းနှင့် တူပေလိမ့်မည်။ အဲဒါက အဆုံးစွန် သတ်ဖြတ်ခြင်းစွမ်းအားတစ်ခုဖြစ်ပေမည်။

ဤရေကန်က ဤလျှို့ဝှက်အတတ်ကို ကျင့်ကြံဖို့အတွက် အကောင်းဆုံးနေရာဖြစ်သည်။

တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ဆူဇီမိုက သူ၏ လျှို့ဝှက်အတတ်ကို လှည့်ပတ်ပြီး သုတ္တန်ကို စိတ်ထဲကနေ ရွတ်ဆိုကာ ဘေးပတ်လည်မှာရှိသော ဆိုးယုတ်သွေးကို သူ၏ ခန္ဓာကိုယ်ထဲသို့ ဆွဲယူလိုက်၏။

ဆိုးယုတ်သွေးက သူ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည့် ခဏမှာပင် ဆူဇီမို၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားပြီး သွေးတစ်လုတ်ကို ထွေးထုတ်ကာ တစ်ချိန်တည်းမှာ ရေများသီးသွား၏။

ရေကန်ထဲရှိ ဆိုးယုတ်သွေးက ရေကန်တစ်ကန်ဖြစ်သည့်အထိ သိပ်သည်းစုဖွဲ့နေခဲ့ပြီဖြစ်သည်။

ပကတိအမော်တယ်များပင် အဲဒါကို ခံနိုင်ရည်မရှိဘဲ ချက်ချင်းနောက်သို့ဆုတ်ခွာရပေမည်။

ဆူဇီမိုကတော့ သူသည် ဆိုးယုတ်သွေးချီကို သူ၏ ခန္ဓာကိုယ်ထဲသို့ စုပ်ယူပြီး အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာကို ကြီးမားစွာ ပျက်စီးထိခိုက်သွားစေ၏။

ကံကောင်းထောက်မစွာဖြင့် သူသည် ကျားဖြူအထွတ်အမြတ်တောကောင်၏ အမွေအနှစ်လျှို့ဝှက်အတတ်ကို ကျင့်ကြံထားပြီး ဘေးပတ်လည်ရှိ ကျားဖြူဆိုးယုတ်သွေးကို အတိုင်းအတာတစ်ခုအထိ ခံနိုင်ရည်ရှိနေ၏။

ဆူဇီမို၏ ခန္ဓာကိုယ်က ကျားဖြူဆိုးယုတ်သွေးဖြင့် ဆေးကြောသန့်စင်ခံရပြီး သူ၏ ကြွက်သားများ၏ အပေါ်ယံက ကြေမွကာ သွေးစီးကြောင်းများ ထွက်ပေါ်လာ၏။

စောစောက သူသီးသွားသော ရေတစ်လုတ်ကပင် ကြောက်စရာကောင်းသော ကျားဖြူဆိုးယုတ်သွေးအဖြစ် ပြောင်းလဲကာ သူ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်၍ ပေါက်ကွဲထွက်ပေါ်လာ၏။

အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ၏ စွမ်းအားကြီးမားသော ပြန်လည်ကုသနိုင်စွမ်းက ရူးသွပ်စွာ လည်ပတ်၍ သူ၏ ကိုယ်တွင်းကိုယ်ပြင် ထိခိုက်ဒဏ်ရာများကို ကုသပေးနေ၏။

ထိုမျှသာမက သူက အန္တရာယ်ကို အာရုံခံမိသွားသည့်အလား… အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ၏ မျိုးဆက်သွေးက သူဘာသာသူ လည်ပတ်၍ ကျားဖြူဆိုးယုတ်သွေးကို စတင်ဝါးမျိုလိုက်၏။

သူ၏ ခန္ဓာကိုယ်ထဲရှိ ပြောင်းလဲမှုက ဆူဇီမိုကို အံ့အားသင့်သွားစေသည်။

ဖန်တီးခြင်းကြာပဒုမ္မာက လောကမှာ တစ်ခုတည်းသာရှိပြီး စွမ်းအားကြီးမားသော မျိုးဆက်သွေးကို ပိုင်ဆိုင်ထား၏။ သို့သော်လည်း ၎င်းက အပင်အမျိုးအစားဖြစ်လေသည်။

နဂါးဖီးနစ်ပင် ကျားဖြူအထွတ်အမြတ်တောကောင်ရှေ့မှာ ဦးညွှတ်ခဲ့ရ၏။ အစကတော့ ဖန်တီးခြင်းကြာပဒုမ္မာ၏ မျိုးဆက်သွေးက ဖိနှိပ်ခံရမည်ဟု ဆူဇီမိုက တွေးထင်ခဲ့၏။

သို့သော်လည်း ကြည့်ရသည်မှာ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာကို လုံးဝစိုးရိမ်ပူပန်နေစရာ လိုပုံမရပေ။ ကျားဖြူဆိုးယုတ်သွေးက ချင်းနင်းဝင်ရောက်လာပြီးနောက် သူက စတင်၍ လျင်မြန်စွာ တုံ့ပြန်တိုက်ခိုက်လိုက်၏။

ကျားဖြူဆိုးယုတ်သွေး၏ အမျှင်တစ်စတိုင်းမှာ သိပ်သည်းပြင်းထန်ကြီးမားသော စွမ်းအားတစ်ခု ပါဝင်နေသည်။

မည်သို့ပင်ဆိုစေ ထိုစွမ်းအားသည် ကျားဖြူအရိုးကနေ အရင်းခံလာခြင်းဖြစ်သည်။

အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ၏ မျိုးဆက်သွေးကတော့ ကျားဖြူဆိုးယုတ်သွေးကို ဝါးမျိုသန့်စင်ပြီးနောက် ၎င်း၏ ခွန်အားကလည်း လျင်မြန်စွာ မြင့်တက်လာ၏။

ဆူဇီမို၏ ရည်ရွယ်ချက်က စတုတ္ထမြောက် လျှို့ဝှက်အတတ်ကို ကျင့်ကြံဖို့ဖြစ်၏။

သို့သော် ယခု ထိုလျှို့ဝှက်အတတ်ကို ကျင့်ကြံနေစဉ် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာသည်လည်း သိပ်သည်းပြင်းထန်ကြီးမားသည့် စွမ်းအင်ပမာဏတစ်ခုကို လက်ခံရရှိပြီး အလွန်တရာမြန်ဆန်သည့် အလျင်အဟုန်ဖြင့် ကြီးထွားသန်မာလာနေ၏။

တကယ်တော့ ဤဖြစ်စဉ်သည် ဆူဇီမိုအတွက် ညှင်းပန်းနှိပ်စက်မှုတစ်ခုလည်းဖြစ်လေသည်။

အအစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာသည် စုပ်ဖြဲခံရလိုက်… ပြန်လည်ပြုပြင်လိုက်နှင့် အဆက်မပြတ်ဖြစ်ပွားနေ၏။

တစ်ကြိမ်ပြန်လည်ပြင်ဆင်ပြီးတိုင်း အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာသည် ပို၍ပင်သန်မာလာပြီး ကျားဖြူဆိုးယုတ်သွေးကို ပိုမိုမြန်ဆန်သောနှုန်းထားဖြင့် ဝါးမျိုသန့်စင်လာခဲ့၏။

အစကတော့ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာသည် ကျားဖြူဆိုးယုတ်သွေးများစွာကို သန့်စင်နိုင်ခြင်းမရှိဘဲ အမျှင်စတချို့ကိုသာ ဝါးမျိုနိုင်ခဲ့၏။

အချိန်ကြာလာသည်နှင့်အမျှ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာက ပို၍ပင်သန်မာလာပြီး သူဝါးမျိုနိုင်သော ကျားဖြူဆိုးယုတ်သွေးက ပို၍ပင်များပြားလာ၏။

အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာအပေါ် ကျားဖြူဆိုးယုတ်သွေး၏ နှိုးဆွမှုသည် အစိမ်းရောင်ကြာပန်းမျိုးဆက်သွေးကို လုံးလုံးလျားလျား နိုးထလာစေ၏။

သူက အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာမှ ပြောင်းလဲမှုကို အာရုံခံမိသောအခါ ဆူဇီမိုက ကျေနပ်သဘောကျသွားပြီး နာကျင်မှုကို ကြိတ်မှိတ်တောင့်ခံနေ၏။

ပုံမှန်အခြေအနေအောက်မှာဆိုလျှင် သူသည် သူ၏ ကျင့်ကြံမှုနယ်ပယ်ကို မြှင့်တင်လိုသည်ဆိုပါက အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာသည် အလွန်တရာများပြားသည့် အရင်းအမြစ်များကို ဝါးမျိုစုပ်ယူရမည်ဖြစ်သည်။

သူ့မှာ စွမ်းအင်ကို ထောက်ပံ့ပေးဖို့အတွက် လုံလောက်သည့် အမြုတေစိတ်ဝိညာဉ်ကျောက်တုံးများ ရှိမည်ဆိုလျှင်တောင် သူ့အနေဖြင့် အဆင့်(၇) ကောင်းကင်အမော်တယ်တစ်ယောက်ဖြစ်လာဖို့ အနည်းဆုံး နှစ်ပေါင်းတစ်ထောင် အချိန်ယူရပေလိမ့်မည်။

သို့သော် ယခု ကျားဖြူဆိုးယုတ်သွေး၏ စွမ်းအားက အမြုတေစိတ်ဝိညာဉ်ကျောက်တုံးများ၏ နေရာကို အစားထိုးပေးလိုက်၏။ တကယ်ဆို အဲဒါသည် အမြုတေစိတ်ဝိညာဉ်ကျောက်တုံးများကို စုပ်ယူသန့်စင်ခြင်းထက်ပင် များစွာပိုမိုအကျိုးသက်ရောက်မှု ရှိလေသည်။

သူ့ကျင့်ကြံမှု၏ အလျင်အဟုန်အရ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာသည် တစ်လအတွင်း နောက်ထပ်တစ်ဆင့်ကို ချိုးဖျက်တက်လှမ်းကာ အဆင့်(၇) ကောင်းကင်အမော်တယ်တစ်ယောက် ဖြစ်ကောင်းဖြစ်လာနိုင်၏။

တစ်ခုသော ရှုထောင့်ကနေ ကြည့်မည်ဆိုလျှင် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာသည် ကျားဖြူဆိုးယုတ်သွေးကို မဟုတ်ဘဲ ကျားဖြူအရိုးကို ဝါးမျိုသန့်စင်နေခြင်းဖြစ်သည်။

ဆူဇီမိုအတွက်တော့ ဤအခွင့်အလမ်းသည် သူ့ရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာသည့် ကောင်းချီးမင်္ဂလာတစ်ခု ဖြစ်လေသည်။

ထိုအချက်သည် ကောင်းကင်အင်မော်တယ်နယ်ပယ်သို့ ရောက်ရှိလာပြီးနောက် တံခါးပိတ်ကျင့်ကြံနေရုံနှင့် မလုံလောက်ဘူးဆိုတာကို ထပ်မံ၍ သက်သေပြပေးနေ၏။ သူတို့သည် အခွင့်အလမ်းများစွာကို ရရှိနိုင်ဖို့အတွက် အပြင်ဘက်မှာ စွန့်စားသွားလာရပေမည်။

ကောင်းကင်အမြုတေနယ်ပယ်သို့ ဝင်ရောက်လာပြီးနောက် ဆူဇီမို၏ ကျင့်ကြံမှုအလျင်အဟုန်က ကမ္ဘာမြေအင်မော်တယ်နယ်ပယ်ကထက်ပင် ပိုမိုမြန်ဆန်လာ၏။

အကြောင်းရင်းမှာ အပြင်ဘက်တွင် သူလှည့်လည်သွားလာပြီးနောက် ရရှိလာခဲ့သော ကြီးမားသည့် အခွင့်အလမ်းများကြောင့်ဖြစ်၏။

ရေကန်အောက်ခြေမှ အခြေအနေနှင့် ပတ်သက်၍ မည်သူကမှ မသိရပေ။

အဆူရာတိုက်ပွဲမြေမှာ ရှိနေသည့် ဂမ္ဘီရမိုးကောင်းကင်နန်းတော်မှ ပကတိအင်မော်တယ် ခြောက်ဦးပင်လျှင် ရေကန်၏ အောက်ဘက်ကို မထောက်လှမ်းနိုင်ကြပေ။

သူတို့ခြောက်ယောက်သည် ရေကန်အောက်ခြေမှ ထွက်ပေါ်လာသည့် အသက်ဓာတ်အား အတက်အကျတစ်ခုကိုသာ ခပ်ရေးရေးအာရုံခံမိနိုင်၏။ ဆူဇီမို အသက်ရှင်နေသေးသည်က လွဲလျှင် သူတို့သည် မည်သည့်အရာကိုမှ မသိရပေ။

ရှေးဟောင်းမြို့တော်ထဲရှိ ခြံဝန်းတစ်ခုမှာ….

ရှဲ့ထျန်ဟုန်နှင့် အခြားသူများက ထိုနေရာမှာ အနားယူနေကြ၏။ ဆူဇီမိုက သတိပေးခဲ့သောကြောင့် မည်သူကမှ ထွက်ခွာမသွားကြပေ။

သို့သော်လည်း သုံးရက်ကြာပြီးနောက် ဆူဇီမို၏ မည်သည့်သတင်းမှ ရောက်ရှိမလာဘဲ လူတိုင်းက စတင်၍ တိတ်တဆိတ် ဆွေးနွေးပြောဆိုလာကြပြီဖြစ်၏။

ရှဲ့ချင်းချန်က အပေါ်ယံမှာ တည်ငြိမ်နေသော်လည်း သူက စိတ်ထဲမှာ စိုးရိမ်ပူပန်နေလာပြီဖြစ်၏။

သူတို့မှာလည်း ကြိုတင်ခန့်မှန်း ကောင်းကင်အဆင့်သတ်မှတ်ချက်များ ရှိကြလေသည်။ သို့သော်လည်း အဲဒါကို အချိန်နှင့်တပြေးညီ ပြင်ဆင်ပေးလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သူတို့သည် ကြိုတင်ခန့်မှန်း ကောင်းကင်အဆင့်သတ်မှတ်ချက်မှာ ဖြစ်ပွားနေသည့် အပြောင်းအလဲကို မသိရှိကြပေ။

ဤနေ့မှာ ရှဲ့ချင်းချန်က ပို၍ပင် မအီမသာ ခံစားနေရ၏။ သူက ကောင်းကင်အင်မော်တယ်ယွီယွင်နှင့် အခြားသူများကို ခေါ်ယူစုဆောင်းပြီး ပြောလိုက်၏။

“ညီအစ်ကိုဆူက ငါးရက်ကြာတာတောင် ပြန်မလာခဲ့ဘူး…. ငါတို့ အုပ်စုလေးစုခွဲပြီး သူ့ကို သွားရှာကြမယ်”

“သဲလွန်စတစ်ခုခု ရတာပဲဖြစ်ဖြစ်… မရတာပဲဖြစ်ဖြစ်… တစ်ရက်ကြာပြီးရင် ဒီနေရာမှာ ပြန်ဆုံကြမယ်”

ကောင်းကင်အင်မော်တယ်ယွီယွင်က မျက်မှောင်ကြုတ်ပြီး မကျေမနပ်ပြောလိုက်၏။

“မင်းသား… ရှေးဟောင်းမြို့တော်က အရမ်းကို ကြီးမားလွန်းတယ်… ဒီမှာ နေရာတိုင်းက ဆိုးယုတ်သွေးမြူခိုးတွေနဲ့ ပြည့်နှက်နေတာ… လူတစ်ယောက်ကို ရှာဖို့ဆိုတာ ကောက်ရိုးပုံထဲမှာ အပ်ပျောက်ရှာသလိုပဲ… အဲဒါက ဘယ်လိုဖြစ်နိုင်မှာလဲ”

“အမှန်ပဲ… သူက မြို့ထဲက ထွက်သွားပြီဆိုရင် ဘယ်လိုလုပ်မလဲ”

“သူက အဆူရာတိုက်ပွဲမြေကနေ ထွက်ခွာသွားတာလည်း ဖြစ်နိုင်တာပဲ”

ရှဲ့ချင်းချန်က လက်ကာပြပြီး လူတိုင်း၏ စကားကို ဖြတ်ပြောလိုက်၏။

“အဲဒါက မဖြစ်နိုင်ဘူးဆိုရင်တောင် ငါတို့တွေက အပြင်ထွက်ပြီး သွားရှာရမှာပဲ”

“ညီအစ်ကိုဆူရဲ့ ဦးဆောင်မှုကြောင့်သာ ငါတို့က ဒီကို ဘေးကင်းကင်းနဲ့ ရောက်လာတယ်ဆိုတာကို မမေ့လိုက်နဲ့”

“ဟား ဟား ဟား ဟား”

ထိုစဉ်မှာပင် ဂေဟာ၏ အပြင်ဘက်ကနေ ရယ်မောသံတစ်သံ ထွက်ပေါ်လာ၏။

“ညီချင်းချန်… မင်း ဘယ်သူ့ကိုမှ သွားရှာနေစရာ မလိုတော့ဘူး… ဆူဇီမို ဘယ်မှာရှိတယ်ဆိုတာ ငါပြောပြပေးနိုင်တယ်”

All Chapters