← Chapters

အခန်း (၁၂၅၅-၁၂၅၇)

Vol. 84 Ch. 1255-1257

အခန်း (၁၂၅၅-၁၂၅၇)

Vol. 84 Ch. 1255-1257

အခန်း(၁၂၅၅)

"ဝုန်း.."

လေထဲတွင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ ပေါက်ကွဲသော အသံတစ်သံသည် ပတ်ဝန်းကျင် တစ်ခွင်လုံးကို ပဲ့တင်ထပ်သွားခဲ့သည်။

ရှောင်ယွမ်လေ့၏ ခန္ဓာကိုယ်သည် တန်ချိန်တစ်သောင်းဖြင့် ထုနှက်ခံလိုက်ရသကဲ့သို့ မီတာ၁၀၀ အကွာအဝေးသို့ ရုတ်တရက်လွင့်စင်သွားခဲ့သည်။

အင်မော်တယ် ရွှေခန္ဓာကိုယ်ကျင့်စဥ်နှင့် ကျန်းချန်၏ ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းအဆင့်တို့ ပေါင်းစပ်လိုက်သောအခါတွင် နတ်သန္ဓေအင်ပါယာ အဆင့်ကိုပင် ခုခံရန် ခက်ခဲစေခဲ့သည်။

ယင်းက နတ်သန္ဓေအင်ပါယာ အဆင့်သို့ ယခုမှသာ ထိုးဖောက်ကာစ ဖြစ်သော ရှောင်ယွမ်လေ့ကို အနိုင်ယူရန် လုံလောက်သည်ထက်ပင် ပိုနေခဲ့၏။

ရင်ပြင်ရှိ လူတိုင်းသည် သူတို့ရှေ့မှ အံ့သြတုန်လှုပ်ဖွယ်မြင်ကွင်းကိုကြည့်ကာ မှင်တက်နေခဲ့ကြသည်။

ကျန်းချန်သည် နတ်သန္ဓေ အင်ပါယာတစ်ပါး ဖြစ်သည့် ရှောင်ယွမ်လေ့ကိုပင် လက်သီးတစ်ချက်တည်းဖြင့် လွင့်စင်စေခဲ့သည်။

ဤကောင်လေး၏ ခွန်အားသည် အဘယ်ကြောင့် ဤမျှအထိ ကြီးမားနေရပါသနည်း။

"ရှောင်ယွမ်လေ့ မင်းက ငါ့ကို နတ်သန္ဓေအင်ပါယာ တစ်ပါးရဲ့ တကယ့်ခွန်အားကို ပြသမှာဆို.. မင်းက ငါ့ရဲ့လက်သီးချက်ဘယ်နှစ်ချက်ကို တားဆီးနိုင်မလဲ ဆိုတာ ငါကြည့်ချင်သေးတယ်"

ကျန်းချန်က ရှောင်ယွမ်လေ့ကို ခနဲ့တဲ့တဲ့ ပြုံး၍ ကြည့်လိုက်သည်။

ထို့နောက်တွင် လက်သီးတစ်လုံးကို ရှောင်ယွမ်လေ့ထံ ထပ်မံပစ်သွင်းလိုက်သည်။

ချက်ချင်းဆိုသလိုပင် တောက်ပသော ရွှေရောင်အလင်းတန်းသည် လေထုကို ဖြတ်သန်းသွားခဲ့သည်။

ဤလက်သီးတွင် ပါဝင်နေသောခွန်အားသည် ကမ္ဘာပေါ်ရှိအရာအားလုံးကို ကြေမွသွားစေနိုင်ပုံရ၏။

"စိမ်းပြာရောင်မီးလျှံနယ်မြေ"

ကျန်းချန်၏ အင်အားကြီးမားသော လက်သီးချက်ကို ခံစားမိလျှင် ရှောင်ယွမ်လေ့၏ မျက်နှာ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

ချက်ချင်း ဆိုသလိုပင် သူက စိမ်းပြာရောင်မီးလျှံနယ်မြေကို စုစည်းကာ ကျန်းချန်၏ လက်သီးချက်ကို ခုခံလိုက်သည်။

"ဝုန်း.."

ရွှေရောင်လက်သီးချက်က ရှောင်ယွမ်လေ့၏ စိမ်းပြာရောင်မီးလျှံနယ်မြေပေါ်သို့ ကျ‌ရောက်သွားပြီးနောက်တွင် ကျယ်‌လောင်စွာ ပေါက်ကွဲသော အသံတစ်သံသည် ထွက်ပေါ်လာခဲ့သည်။

ရှောင်ယွမ်လေ့၏ စိမ်းပြာရောင်မီးလျှံနယ်မြေသည် ကျန်းချန်၏ လက်သီးချက်အောက်တွင် တွန့်လိမ်သွားခဲ့ပြီး စိမ်းပြာရောင်နယ်မြေ၏ မီးလျှံအတားအဆီးပေါ်ရှိ စိမ်းပြာရောင်အလင်းများသည်ပင် မတည်မငြိမ်ဖြစ်ကာ ပြိုလဲလုနီးပါး ဖြစ်နေခဲ့သည်။

"ဟားဟား.. နတ်သန္ဓေအင်ပါယာနယ်ပယ် ပထမအဆင့်က ဘာမို့လို့လဲ.. လက်သီးတစ်ချက်တည်းနဲ့တင် ချေဖျက်လို့ရတယ်"

ကျန်းချန်က ဝံ့ကြွားစွာ ပြောလိုက်ပြီး စိမ်းပြာရောင်မီးလျှံနယ်မြေကို လက်သီးဖြင့် ထပ်မံ ထိုးချလိုက်သည်။

"ကလစ်"

"ဝုန်း"

ဤအချိန်တွင်မူ စိမ်းပြာရောင်မီးလျှံနယ်မြေသည် ကျန်းချန်၏ လက်သီးအင်အားကို ခုခံနိုင်စွမ်းမရှိတော့ဘဲ တိုက်ရိုက်ပေါက်ကွဲကာ ကြေမွသွားခဲ့သည်။

ကျန်းချန်၏ လက်သီးချက်က ရှောင်ယွမ်လေ့၏ စိမ်းပြာရောင် မီးလျှံနယ်မြေကို ချိုးဖျက်ပြီးနောက်တွင် အထိတ်တလန့် ကြည့်နေသည့် ရှောင်ယွမ်လေ့၏ ရင်ဘတ်ပေါ်သို့ ကျရောက်သွားခဲ့သည်။

"ဝုန်း.."

ရုတ်တရက် လေထဲတွင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ ပေါက်ကွဲသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

ထိုခဏတွင် ထိပ်တိုက်ဆုံရာမှ ဖြစ်ပေါ်လာသော စွမ်းအင်မုန်တိုင်းသည် ကျန်းချန်တို့ နှစ်ဦးကို ဗဟိုပြု၍ လေထဲတွင် ချက်ချင်းဆိုသလို ပျံ့နှံ့သွားခဲ့ရာ မီတာရာပေါင်းများစွာ အကျယ်အဝန်းအထိ လွှမ်းခြုံသွားခဲ့သည်။

အောက်ဘက်ရှိ ရင်ပြင်ပေါ်မှ အားနည်းသော လူတချို့သည် စွမ်းအင်မုန်တိုင်း၏ ရိုက်ခတ်မှုအောက်တွင် တုန်လှုပ်နေခဲ့ကြသည်။

လေထဲတွင် ရှိနေသော ရှောင်ယွမ်လေ့သည် မီတာရာပေါင်းများစွာ အဝေးသို့ နောက်တစ်ကြိမ် လွင့်စင်သွားခဲ့ပြီး ရင်ပြင်အဆုံးရှိ ဧရာမကျောက်တိုင်ကြီး တစ်တိုင်ကို ဝင်ဆောင့်သွားခဲ့ရာ ကျောက်တိုက်ကြီးပင် ကျိုးပဲ့သွားခဲ့သည်။

ရှောင်ယွမ်လေ့က ရုပ်ပျက်ဆင်းပျက် လွင့်စင်သွားသော သူ၏ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်သော်လည်း သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရသည်။

ထိုအချိန်တွင် ပတ်ဝန်းကျင်မှ လူတိုင်းသည် ရှောင်ယွမ်လေ့၏ ရုပ်ပျက်ဆင်းပျက် ဖြစ်နေသော အသွင်အပြင်ကို ကြည့်ကာ အံ့အားသင့်နေခဲ့ကြသည်။

ဤအချိန်တွင် ရှောင်ယွမ်လေ့၏ ခန္ဓာကိုယ်ပေါ်ရှိ ခမ်းနား‌သော အနီရောင်ဝတ်ရုံသည် ကြေမွနေခဲ့ပြီ ဖြစ်သည်။

ရင်ဘတ်တွင် ကျန်းချန်၏ လက်သီးချက်ဖြင့် အပေါက်တစ်ပေါက်ဖြစ်နေခဲ့ပြီး သွေးများသည် ရေပန်းကဲ့သို့ ပန်းထွက်နေခဲ့၏။

ကံကောင်းထောက်မစွာပင် ထိုဒဏ်ရာသည် ရှောင်ယွမ်လေ့၏ နှလုံးနှင့် ၂လက်မ၊၃လက်မ အကွာအဝေးတွင် ရှိနေခဲ့သည်။

သို့မဟုတ်လျှင် နတ်သန္ဓေအင်ပါယာအဆင့် ကျင့်ကြံသူ ဖြစ်သည့် ရှောင်ယွမ်လေ့သည် ကျန်းချန်၏ လက်သီးချက်ဖြင့် နှလုံးကို ထိုးနှက်ခံရကာ နေရာမှာပင် သေဆုံးသွားနိုင်ပေသည်။

"အရမ်းကို သန်မာလွန်းတာပဲ"

လူတိုင်းက သူတို့ရှေ့မှ မြင်ကွင်းကို မှင်တက်၍ ငေးကြည့်နေခဲ့ကြပြီး ပြန်လည် သတိဝင်လာရန် အချိန်အတော်ကြာ ရုန်းကန်ခဲ့ရသည်။

ဤတိုက်ပွဲတွင် ရှောင်ယွမ်လေ့သည် ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်၏။

ရှောင်ယွမ်လေ့၏ နတ်သန္ဓေအင်ပါယာ စွမ်းအားဖြင့် ဆိုလျှင် ကျန်းချန်ကို ဖိနှိပ်ရန် လွယ်ကူလိမ့်မည်ဟု သူတို့မူလက ထင်ခဲ့ကြသည်။

သို့သော်လည်း ယခုကဲ့သို့ အပြတ်အသတ် ကျန်းချန်ကို ရှုံးနိမ့်သွားလိမ့်မည်ဟု မည်သူက ထင်ခဲ့ပါမည်နည်း။

ကျန်းချန်၏ လက်သီးချက်သုံးချက်သည် နတ်သန္ဓေအင်ပါယာ တစ်ပါးကိုပင် အပြတ်အသတ် ရှုံးနိမ့်စေခဲ့သည်။

ယင်းက မည်မျှပင် ကြောက်မက်ဖွယ်ကောင်းသည့် အင်အားဖြစ်ပါသနည်း။

"မင်း..မင်းရဲ့ကိုယ်ခံပညာက ဘာကိုယ်ခံပညာလဲ"

ရှောင်ယွမ်လေ့က ဖြူဖျော့သောမျက်နှာထားဖြင့် ကျန်းချန်ကို ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။

အဆုံးသတ်တွင် သူ၏ မျက်လုံးထဲ၌ ထိတ်လန့်သောအရိပ်အယောင်များ မကြုံစဖူး ဖြစ်ပေါ်လာခဲ့၏။

ကျန်းချန်၏ ကောင်းကင်ကိုပင် ဆန့်ကျင်နိုင်သော ကိုယ်ခံပညာသည် မည်သည့်အဆင့်တွင် ရှိနေပါသနည်း။

"ဘယ်လိုကိုယ်ခံပညာမျိုးလဲ ဆိုတော့ မင်းကို ပေါက်ကွဲစေနိုင်တဲ့ ကိုယ်ခံပညာမျိုးပဲ"

အေးစက်စက်ကြုံးဝါးသံ အဆုံးသတ်သည်နှင့် ကျန်းချန်၏ လက်သီးပေါ်တွင် ရွှေရောင်အလင်းများ ပို၍ တောက်ပလာခဲ့ပြီး နေကဲ့သို့ပင် ကမ္ဘာပေါ်ရှိ အရာအားလုံးကို ကြေမွသွားစေနိုင်ပုံရ၏။

ကျန်းချန်၏ လက်သီးချက်က နတ်သန္ဓေအင်ပါယာ တစ်ပါးဖြစ်သည့် ‌ရှောင်ယွမ်လေ့အား လုံးဝ ပေါက်ကွဲသွားစေနိုင်သည်ကို မည်သူမှ သံသယမရှိကြပေ။

"ကျန်းချန်.. မင်း.. မင်း ငါ့ကို သတ်လို့မဖြစ်ဘူး.. မင်း ငါ့ကို သတ်လိုက်ရင် ယန်ဒီမြို့ကနေ အသက်ရှင်လျက် ထွက်သွားနိုင်တော့မှာ မဟုတ်ဘူး"

ကျန်းချန်က သူ့ကို လက်သီးချက်ဖြင့် ထိုးနှက်တော့မည်ကို မြင်လျှင် ရှောင်ယွမ်လေ့သည် သေခြင်းတရား၏ အရိပ်အ‌‌ငွေ့များကို ခံစားလိုက်ရသည်။

သူက ကျန်းချန်ကို ထိတ်လန့်တကြား ကြည့်လိုက်ပြီး အလျင်စလို အော်ဟစ်လိုက်သည်။

"ငါကျန်းချန်က မြို့တော်ငါးခုကိုတောင် ဂရုမစိုက်တာ.. ယန်ဒီမြို့လောက်ကို ဘာဂရုစိုက်နေရမှာလဲ.. ဒီနေ့ ငါလာခဲ့တာ ရှောင်ထျန်းဟန်နဲ့ တွေ့ဖို့ပဲ.. ငါ့ကို ဟန့်တားရဲရင်တော့ ဘယ်သူမဆို သနားခြင်း အလျဥ်းမရှိ အသတ်ခံရမှာပဲ"

ကျန်းချန်က အေးစက်စက် ကြုံးဝါးပြီးသည်နှင့် ရှောင်ယွမ်လေ့ကို ထပ်မံ ထိုးနှက်ရန် ပြင်လိုက်သည်။

"ကောင်လေး ရပ်လိုက်စမ်း.. မင်းလို မလောက်လေးမစားက ငါ့ရဲ့ ယန်ဒီမြို့မှာ ဘယ်ကနေ သတ္တိတွေ ရလာပြီး ရမ်းကားရဲတာလဲ"

ထိုခဏမှာပင် အဘိုးအို တစ်ဦး၏ ဒေါသတကြီး ကြုံးဝါးသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် နတ်သန္ဓေ အင်ပါယာအဆင့် ကျင့်ကြံသူနှစ်ဦး၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါသည် ယန်ဒီမြို့၏ အတွင်းပိုင်း နေရာကနေ ပျံ့နှံ့လာခဲ့သည်။

ထိုအရှိန်အဝါထဲမှ တစ်ခုသည် နတ်သန္ဓေအင်ပါယာ တတိယအဆင့် ဖြစ်သည့် ဖုန်းဝူယင်းနှင့်ပင် နှိုင်းယှဥ်နိုင်၏။

နောက်ထပ် အရှိန်အဝါတစ်ခုမှာ ပိုမို၍ ကြောက်မက်ဖွယ်ကောင်းပြီး ကျန်းချန် တွေ့ဖူးသမျှ နတ်သန္ဓေအင်ပါယာအဆင့် အရှိန်အဝါထဲတွင် ကြောက်မက်ဖွယ် အကောင်းဆုံး ဖြစ်သည်။

"သခင် သတိထားပါ.. ယန်ဒီမြို့ရဲ့ မွန်းစတားအိုကြီး ထွက်ပေါ်လာပုံပဲ"

ထိုကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ခံစားမိလျှင် ဖုန်းဝူယင်း၏ မျက်နှာထက်တွင် ‌လေးနက်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ကျန်းချန်က သူ၏ အင်မော်တယ် ရွှေခန္ဓာကိုယ်ကို ရုတ်သိမ်းလိုက်ပြီး ယန်ဒီမြို့၏ နက်ရှိုင်းသောနေရာ ဆီသို့ လှမ်းကြည့်လိုက်သည်။

ထိုခဏမှာပင် အင်အားကြီးမားသော ပုံရိပ်နှစ်ခုသည် ကောင်းကင်ပေါ်သို့ ခုန်တက်လာခဲ့ပြီး ကျန်းချန်ဆီသို့ လှမ်းလာခဲ့ကြသည်။

ထိုနှစ်ဦးထဲမှ လူလတ်ပိုင်းအရွယ် အမျိုးသားသည် ကျန်းချန်နှင့် မစိမ်းပေ။

ထိုသူမှာ တခြားသူမဟုတ်ဘဲ မီးလျှံဓားဘုရင် ရှောင်ရှင်းဟဲ ဖြစ်သည်။

ရှောင်ရှင်းဟဲ၏ နံဘေးတွင်မူ အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦး ရှိနေခဲ့၏ယ

ထိုအဘိုးအိုသည် ခါးကုန်းနေသော အသွင်အပြင်ရှိပြီး တစ်ခေါင်းလုံးတွင် ဆံပင်ဖြူများ ဖုံးလွှမ်းကာ သေခါနီး အဘိုးအိုတစ်ဦး ကဲ့သို့ ဖြစ်နေခဲ့သည်။

သို့သော် အဘိုးအိုတစ်ဦး ဖြစ်သည့်တိုင် သူ့ထံကနေ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေခဲ့၏။

"ယန်ဒီမြို့ကို ရှောင်ရှင်းဟဲ ရောက်နေလိမ့်မယ်လို့ မထင်ထားမိဘူး.. ရှောင်ရှင်းဟဲရဲ့ နံဘေးက အဘိုးကြီးက ကျွန်တော်ခန့်မှန်းတာမမှားရင် ရှောင်မိသားစုရဲ့ဘိုးဘေး ရှောင်ယန်ဝူ ဖြစ်ဖို့များတယ်.. ရှောင်ယန်ဝူက လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀ ကတည်းက နာမည်ကျော်ခဲ့တဲ့ နတ်သန္ဓေအင်ပါယာ တစ်ပါးပဲ ရှောင်ရှင်းဟဲကို ကျွန်တော် ရင်ဆိုင်လို့ရပေမဲ့ ရှောင်ယန်ဝူကိုတော့ ရင်ဆိုင်ဖို့ မလွယ်ဘူး သခင်"

ရင်ပြင်ထဲရှိ လူတိုင်းသည်လည်း သူတို့ရှေ့မှ မြင်ကွင်းကိုကြည့်ကာ မျက်လုံးထဲတွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့သည်။

ယနေ့ ကျန်းချန်နှင့် ပတ်သက်၍ မီးလျှံဓားဘုရင် ‌ရှောင်ရှင်းဟဲနှင့် ဘိုးဘေးရှောင်ယန်ဝူ တို့ပင် ရောက်ရှိလာခဲ့ကြပြီ ဖြစ်သည်။

ယင်းက ကျန်းချန် ဟူသော ကောင်လေးအနေဖြင့် လုံးဝ ပြီးဆုံးသွားပြီဟုသည့် အဓိပ္ပါယ်ပင် မဟုတ်ပါလော။

အခန်း(၁၂၅၅)ပြီး၏။

အခန်း(၁၂၅၆)

"ဘိုးဘေးယန်ဝူတောင် လှုပ်ရှားလာလိမ့်မယ်လို့ မထင်ထားမိဘူး"

လေထဲမှ ရှောင်ယန်ဝူကို မြင်လျှင် ရှောင်ပိုင်ရီ၏ မျက်နှာအမူအရာသည် လေးနက်သွားခဲ့သည်။

ရှောင်မိသားစု၏ ဘိုးဘေး ရှောင်ယန်ဝူသည် လွန်ခဲ့သော နှစ်ပေါင်း(၅၀၀)ကတည်းကပင် ကျုံးကျိုးကုန်းမြေတွင် နာမည်ကျော် နတ်သန္ဓေ အင်ပါယာတစ်ပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ဤနှစ်ပေါင်း(၅၀၀)အတွင်း ရှောင်ယန်ဝူသည် ယန်ဒီမြို့တွင် တံခါးပိတ် ကျင့်ကြံနေခဲ့သည်ဖြစ်ရာ သူ၏ခွန်အားက မည်သည့် အဆင့်ကို ရောက်ရှိနေပြီမှန်း မည်သူမှ မသိနိုင်ပေ။

ရှောင်ယန်ဝူသာ ကျန်းချန်ကို တိုက်ခိုက်မည်ဆိုလျှင် ကျန်းချန်အနေဖြင့် အမှန်တကယ် အန္တရာယ်ရှိလာနိုင်ပေသည်။

ရှောင်ယွင်ချန်းက လေးနက်သော အမူအရာဖြင့် အသက်ကို ခပ်ပြင်းပြင်း ရှုရှိုက်လိုက်သည်။

ယခုအခါတွင် သူသည် ရှောင်မိသားစုဘိုးဘေးက ဤကိစ္စကိုဆင်ခြင်တုံတရားဖြင့် ဆောင်ရွက်နိုင်ပါစေဟု စိတ်ထဲကနေ ဆုတောင်းရုံသာ တတ်နိုင်တော့သည်။

"သခင်.. ရှောင်မိသားစုရဲ့ဘိုးဘေး ရှောင်ယန်ဝူက လွန်ခဲ့တဲ့နှစ်ပေါင်း များစွာကတည်းက ကျုံးကျိုးကုန်းမြေရဲ့ မွန်းစတားတစ်ကောင်ပဲ...သူ့ရဲ့အင်အားက ခန့်မှန်းရခက်ခဲတယ်.. မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ အထွတ်အထိတ် နတ်သန္ဓေအင်ပါယာစာရင်းမှာ ဒီအဘိုးကြီးက ၉၈ဦးမြောက် နေရာကို ရောက်လာခဲ့ပြီ"

ဖုန်းဝူယင်းက စိုးရိမ်သော လေသံဖြင့် ပြောလိုက်သည်။

ကျန်းချန်က စိတ်ဝင်တစား လေသံဖြင့် ပြန်လည် မေးခွန်းထုတ်လိုက်သည်။

"အထွတ်အထိပ် နတ်သန္ဓေအင်ပါယာစာရင်း ဆိုတာက ဘယ်လိုမျိုးလဲ"

"ဒါက ဆန်းကြယ်နယ်မြေလို့ခေါ်တဲ့ လျှို့ဝှက်အင်အားစု တစ်ခုက ကျုံးကျိုးကုန်းမြေက နတ်သန္ဓေအင်ပါယာတွေ အတွက် ထုတ်ပြန်တဲ့ စာရင်းတစ်ခုပါ... အထွတ်အထိပ် နတ်သန္ဓေအင်ပါယာစာရင်း အပြင် နောက်ထပ် စာရင်းတစ်ခုလည်း ရှိသေးတယ်.. အဲဒါက ပါရမီရှင် နတ်သန္ဓေအင်ပါယာစာရင်းပဲ.. ပါရမီရှင် နတ်သန္ဓေအင်ပါယာစာရင်းမှာတော့ အသက် (၁၀၀)အောက် ပါရမီရှင် နတ်သန္ဓေအင်ပါယာအယောက် (၁၀၀) ပါဝင်ကြတယ်.. အထွတ်အထိပ် နတ်သန္ဓေအင်ပါယာစာရင်းမှာတော့ ကျုံးကျိုးကုန်းမြေရဲ့အင်အားအကြီးဆုံး နတ်သန္ဓေအင်ပါယာ(၁၀၀)ကို မှတ်တမ်းတင်ထားတယ်.. ဒီလူ(၁၀၀)က ကျုံးကျိုးကုန်းမြေရဲ့ အထွတ်အထိပ် ကျင့်ကြံသူတွေလို့ ပြောလို့ရတယ်"

ဖုန်းဝူယင်း၏ ရှင်းပြချက်ကိုကြားလျှင် ကျန်းချန်၏ မျက်လုံးထဲတွင် အံ့အားသင့်သောအရိပ်အယောင်များ တစ်စွန်းတစ ပေါ်လာခဲ့သည်။

ယန်ဒီမြို့လို ကြယ်လေးပွင့် သူတော်စင်နယ်မြေမှ ရှောင်မိသားစု ဘိုးဘေးသည်ပင် အထွတ်အထိပ် နတ်သန္ဓေအင်ပါယာစာရင်းတွင် (၉၈)ဦးမြောက် နေရာကိုသာ ရရှိထားခဲ့သည်။

သို့ဆိုလျှင် ကျုံးကျိုးကုန်းမြေသည် သူထင်ထားသလောက် ရိုးရှင်းပုံမရပေ။

နတ်သန္ဓေအင်ပါယာ အဆင့်တွင် ရှိနေသည့် အင်အားကြီးမားသော ပုဂ္ဂိုလ် အရေအတွက်သည် ကျန်းချန် စိတ်ကူးထားသည်ထက်ပင် ပိုမိုများပြားနေပုံရ၏။

ထိုအခိုက်တွင် ကျန်းချန်၏ မျက်လုံးသည် လင်းလက်သွားခဲ့သည်။

သူက ဖုန်းဝူယင်းကို တိုက်ရိုက် မေးခွန်းထုတ်လိုက်၏။

"အထွတ်အထိပ် နတ်သန္ဓေအင်ပါယာ စာရင်းရဲ့ (၉၈)ဦးမြောက် ကျင့်ကြံသူက ကျင့်ကြံခြင်းအဆင့် ဘယ်လောက်ထိ ရှိနိုင်လဲ"

"အနည်းဆုံး နတ်သန္ဓေအင်ပါယာနယ်ပယ် ပဉ္စမအဆင့်လောက်တော့ ရှိမယ်ထင်တယ်"

ဖုန်းဝူယင်းက လေးနက်စွာ ပြောလိုက်သည်။

"အဆင့်(၁၀၀)မှာ ရှိတဲ့သူက ကျွန်တော်တို့ ရှန်းဖုန်းမြို့ရဲ့ ဖုန်းမိသားစုဘိုးဘေး ဖုန်းချင်းယာပဲ.. ဘိုးဘေးက လွန်ခဲ့တဲ့ ၁၀နှစ်ကတည်းက နတ်သန္ဓေအင်ပါယာနယ်ပယ် ပဉ္စမအဆင့်ကို ရောက်ရှိနေခဲ့ပြီ"

ထိုစကားကို ကြားလျှင် ကျန်းချန်သည် ညင်သာစွာ ပြုံးလိုက်သည်။

သူ၏ လက်ရှိစွမ်းအင်ဖြင့်သာ ဆိုလျှင် အစွမ်းကုန် ကြိုးစားပါက နတ်သန္ဓေအင်ပါယာနယ်ပယ် ပဉ္စမအဆင့်သည် သူ့ကို အန္တရာယ်သိပ်ပေးနိုင်မည် မဟုတ်ပေ။

"နတ်သန္ဓေအင်ပါယာနယ်ပယ် ပဉ္စမအဆင့်က အရမ်းကြီး အင်အားကြီးမားတာတော့ မဟုတ်ပါဘူး"

"ဘယ်လို"

ကျန်းချန်၏ စကားကိုကြားလျှင် ဖုန်းဝူယင်းသည် စိတ်ထဲတွင် တုန်လှုပ်သွားခဲ့ပြီး ကျန်းချန်ကို ကြည့်နေသော သူ၏ အကြည့်တွင် ထိတ်လန့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

[ဒီကောင်လေးက တကယ်ပဲ နတ်သန္ဓေအင်ပါယာ နယ်ပယ် ပဉ္စမအဆင့်က ပုဂ္ဂိုလ်ကြီးတွေနဲ့ ယှဥ်ပြိုင်နိုင်တယ်လို့ ယုံကြည်မှု ရှိနေတာလား]

"ကျန်းချန် မင်းက ယန်ဒီမြို့ရဲ့ သစ္စာဖောက်ပဲ.. မင်းလို ကောင်က ယန်ဒီမြို့ကို ပြန်လာပြီး ရမ်းကားရဲတယ်.. မြန်မြန် ဒူးထောက်ပြီး အပြစ်ကို ဝန်မခံသေးဘူးလား"

ကျန်းချန်နှင့် ဖုန်းဝူယင်းတို့ တီးတိုး ပြောဆိုနေသော အချိန်မှာပင် ရှောင်ရှင်းဟဲသည် ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်လိုက်ပြီး သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော လေသံဖြင့် ကြုံးဝါးလိုက်သည်။

ဤကောင်လေးသည် (၁)နှစ်ကျော် အချိန်လေးအတွင်းမှာပင် နတ်သန္ဓေအင်ပါယာအဆင့်ကို ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

ဤအတိုင်းသာ ဆက်လက် ကြီးထွားခွင့်ပေးလိုက်လျှင် သူတို့အားလုံးကို ဖိနှိပ်ရန် အချိန်များစွာ မလိုတော့ဟု သူစိုးရိမ်မိသည်။

"မင်းပဲ ငါ့ကို ယန်ဒီမြို့ကနေ မောင်းထုတ်ခဲ့တယ် မဟုတ်လား"

ကျန်းချန်က အေးစက်စက် ပြုံး၍ ပြောလိုက်သည်။

"ငါက ယန်ဒီမြို့ရဲ့တပည့် မဟုတ်တော့မှတော့ မင်းက ငါ့ကို ဘယ်လိုပြစ်ချက်နဲ့ အပြစ်ပေးမှာလဲ"

"ကျန်းချန်.. အင်ပါယာအမွေအနှစ် နယ်မြေထဲမှာ ရှိတဲ့အမွေအနှစ်တွေက မြို့တော်ငါးခု အတူတကွ ပိုင်ဆိုင်တဲ့အရာတွေပဲ.. မင်းအနေနဲ့ သူတော်စင်ရွှယ်မင်ရဲ့ အမွေအနှစ်ကို ထုတ်ပေးလိုက်တာနဲ့ မြို့တော်ငါးခုက မင်းနဲ့ ရှောင်တုလီတို့ကို ဒုက္ခမပေးစေရဘူးလို့ ငါအာမခံတယ်.. ဒါ့အပြင် မင်းကို ယန်ဒီမြို့ဆီ ပြန်လာဖို့လည်း အခွင့်အရေးပေးမယ်.. သူတော်စင်ရွှယ်မင်ရဲ့ အမွေအနှစ်တွေကို မလိုချင်စမ်းပါနဲ့.. ဒီ အမွေအနှစ်တွေက မင်းပါဝင် ပတ်သက်နိုင်တဲ့ အရာတွေ မဟုတ်ဘူး"

ရှောင်မိသားစု၏ ဘိုးဘေး ရှောင်ယန်ဝူသည် စိတ်ရင်းထဲမှာ ရှိသည့်အတိုင်း မှန်ကန်စွာ ပြောလိုက်သည်။

ရှောင်မိသားစု ဘိုးဘေးတစ်ဦး အနေဖြင့် ရှောင်ယန်ဝူသည် ယန်ဒီမြို့၏ အကျိုးစီးပွားကို အမြဲတစေ ဦးစားပေးခဲ့သည်။

ရှောင်တုလီနှင့် ကျန်းချန်တို့ နှစ်ဦးစလုံးသည် သူတို့ ယန်ဒီမြို့၏ နှစ်(၁၀၀)အတွင်း တစ်ခါမှ မပေါ်ပေါက်ခဲ့ဖူးသည့် ပြိုင်ဘက်ကင်း ပါရမီရှင်များ ဖြစ်ကြပြီး နှစ်ဦးစလုံးသည် နတ်သန္ဓေအင်ပါယာ အဆင့် ကျင့်ကြံသူများလည်း ဖြစ်သည်။

ထို့ကြောင့် သူ့ကို အတင်းအကျပ် ကိုင်တွယ်ရန် ဖိအားမပေးသရွေ့ သူသည် ထိုနှစ်ယောက်စလုံးကို ယန်ဒီမြို့ကနေ မောင်းမထုတ်ချင်ခဲ့ပေ။

ကျန်းချန်သည် အင်ပါယာ အမွေအနှစ် နယ်မြေထဲတွင် သူတော်စင်ရွှယ်မင်၏ အမွေအနှစ်များကို ထိတွေ့ခဲ့သည်။

ယင်းက အင်ပါယာအဆင့်ကို ထိုးဖောက်နိုင်မည့် လျှို့ဝှက်ချက်နှင့် ဆက်စပ်နေသည်ဖြစ်ရာ မြို့တော်ငါးခု အနေဖြင့် မည်ကဲ့သို့ လက်လျှော့နိုင်ပါမည်နည်း။

ထို့ကြောင့် ယန်ဒီမြို့ဆီသို့ မြို့တော်လေးခု၏ ဒေါသပုံမကျလာစေရန်နှင့် ယန်ဒီမြို့၏ အခြေအနေကို အာမခံရန် အတွက် ရှောင်ယန်ဝူသည် ကျန်းချန်တို့ ဆရာတပည့် နှစ်ယောက်ကို မောင်းထုတ်ခဲ့ရခြင်း ဖြစ်သည်။

ကျန်းချန်သာ သူတော်စင်ရွှယ်မင်၏ အမွေအနှစ်ကို ထုတ်ပေးသရွေ့ ကျန်ရှိသည့် မြို့လေးမြို့သည် ကျန်းချန်ကို မနှောင့်ယှက်တော့ဘဲ ရှောင်တုလီနှင့် ကျန်းချန်ကို ယန်ဒီမြို့ဆီ ပြန်လာဖို့ကိုလည်း ခွင့်ပြုနိုင်မည် ဖြစ်သည်။

ရှောင်ယန်ဝူ၏ အမြင်တွင် ဤကဲ့သို့သော အခြေအနေသည် ယန်ဒီမြို့၏ အကျိုးစီးပွားနှင့် အကိုက်ညီဆုံး ဖြစ်၏။

"အဘိုးကြီး ခင်ဗျားပြောတာ အရမ်းလွယ်မနေဘူးလား သူတော်စင်ရွှယ်မင်ရဲ့ အမွေအနှစ်တွေကို ရရှိတာက ကျွန်တော်ရဲ့ အရည်အချင်းကြောင့်ပဲ.. ဘာလို့ ထုတ်ပေးရမှာလဲ...ဒါ့အပြင် ခင်ဗျားကို ကျုပ်မယုံဘူး.. လွန်ခဲ့တဲ့(၁)နှစ်ကတည်းက ယန်ဒီမြို့ကနေ ကျွန်တော်နဲ့ ကျွန်တော့်ဆရာကို ရက်ရက်စက်စက် နှင်ထုတ်ခဲ့တယ်...ခင်ဗျားက ကျွန်တော်တို့ကို အချိန်မရွေး ရောင်းမစားဘူးလို့ ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ"

ကျန်းချန်က မထီမဲ့မြင် အမူအရာဖြင့် လှောင်ပြောင်လိုက်သည်။

"ယန်ဒီမြို့ကို ပြန်လာဖို့ ကျွန်တော့်ကို အခွင့်အရေး ပေးတယ်ဆိုတဲ့ စကားကို ဘယ်တော့မှ မပြောနဲ့.. ခင်ဗျား ကျွန်တော့်ကို ဒူးထောက်ပြီး ပြန်လာဖို့ တောင်းဆိုရင်တောင် ကျွန်‌တော် လုံးဝ ပြန်မလာတော့ဘူး"

"ကျန်းချန် ငါမင်းကို အသက်ရှင်ဖို့ အခွင့်အရေးပေးနေတာ ကိုယ့်သေတွင်း ကိုယ်မတူးမိစေနဲ့"

ကျန်းချန်၏ စကားကိုကြားလျှင် ရှောင်ယန်ဝူ၏ အိုမင်းသောမျက်နှာသည် သုန်မှုန်သွားခဲ့သည်။

"ဘိုးဘေး.. ဒီကောင်လေးက အကောင်းအဆိုးကို နားလည်တာမဟုတ်ဘူး.. သူ့ကို ဘာလို့ လေကုန်ခံပြီး ပြောနေရတာလဲ သူ့ကို တစ်ခါတည်း ဖမ်းဆီးပြီး မြို့တော်ငါးခုဆီ အပ်သင့်တယ်လို့ ကျွန်တော်ထင်တယ်"

ရှောင်ရှင်းဟဲ၏ မျက်လုံးထဲတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။

ထို့နောက်တွင် သူ၏ ခန္ဓာကိုယ်ကနေ အင်အားကြီးမားသော အရှိန်အဝါသည် ပေါက်ကွဲ၍ ထွက်လာခဲ့သည်။

"ရှောင်ရှင်းဟဲ.. မင်းက ငါနဲ့တိုက်ဖို့ အရည်အချင်းမပြည့်မီသေးဘူး.. ငါ့ရဲ့အစေခံနဲ့ပဲ အရင်ယှဥ်လိုက်ပါဦး"

ကျန်းချန်က ညင်သာစွာ ပြုံးလိုက်ပြီး ဖုန်းဝူယင်းကို ခေါင်းငဲ့၍ ကြည့်လိုက်သည်။

"ဒီကောင့်ကို ဆုံးမလိုက်"

"အမိန့်အတိုင်းပါ သခင်"

ဖုန်းဝူယင်းက ပြန်ဖြေလိုက်သည်။

ထို့နောက် ခါးကုန်းကြီးသဖွယ် ရုပ်ဖျက်ထားသော ဖုန်းဝူယင်းသည် ချက်ချင်းပင် သူ၏ ခါးကို ပြန်မတ်လိုက်သည်။

သူ၏ ခန္ဓာကိုယ်ကနေ နတ်သန္ဓေအင်ပါယာနယ်ပယ် တတိယအဆင့် အရှိန်အဝါသည် ချက်ချင်းဆိုသလိုပင် ပေါက်ကွဲထွက်လာခဲ့သည်။

"ရှောင်ရှင်းဟဲ.. မင်းရဲ့ပြိုင်ဘက်က ငါပဲ"

ရှောင်ရှင်းဟဲက သူ၏ရှေ့သို့ ရုတ်တရက်ရောက်ရှိလာသော စိမ်းပြာရောင်ဝတ်စုံဝတ်လူကို မြင်လျှင် တစ္ဆေသရဲကဲ့သို့ အထိတ်တလန့် ဖြစ်ကာ အော်ဟစ်လိုက်သည်။

"အရိပ်မဲ့ နတ်ဧကရာဇ် ဖုန်းဝူယင်းပါလား.. ဘယ်လိုလုပ်ပြီး မင်း ဖြစ်နေရတာလဲ"

ရှောင်ရှင်းဟဲက အထိတ်တလန့် အော်ဟစ်လိုက်ရာ ရင်ပြင်ရှိလူတိုင်းသည် အံ့အားသင့်သွားရုံသာမက ရှောင်မိသားစု ဘိုးဘေး ရှောင်ယန်ဝူပင်လျှင် မှင်တက်သွားခဲ့သည်။

အချိန်အတော်ကြာမှသာ ရှောင်ယန်ဝူသည် ပြန်လည်၍ သတိဝင်လာခဲ့သည်။

သူက ဖုန်းဝူယင်းကို အသေအချာ အကဲခတ်လိုက်ပြီးနောက်တွင် သူ၏ မျက်နှာထက်၌ မယုံကြည်နိုင်သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့၏။

"ဖုန်းဝူယင်း.. တကယ်ပဲ မင်းဖြစ်နေတာကိုး"

ရှောင်မိသားစု ဘိုးဘေး၏ အတည်ပြုချက်ကို ကြားပြီးနောက်တွင် ရင်ပြင်ရှိ လူတိုင်းသည် အသက်ရှူမှားမတတ်ပင် ဖြစ်သွားခဲ့ကြသည်။

ကျန်းချန်၏ နံဘေးမှ အစေခံသည် ရှန်းဖုန်းမြို့၏ အကြီးအကဲချုပ် ဖြစ်သည့် နာမည်ကျော် နတ်သန္ဓေအင်ပါယာအဆင့် ကျင့်ကြံသူ အရိပ်မဲ့ နတ်ဧကရာဇ် ဖုန်းဝူယင်း ဖြစ်နေခဲ့သည်။

ထိုအချိန်တွင် ရင်ပြင်ရှိ လူတိုင်းသည် ထိတ်လန့်မှုအပြင် အံ့အားသင့်မှုကိုပါ ခံစားခဲ့ကြရ၏။

ရှန်းဖုန်းမြို့၏ ဂုဏ်သိက္ခာ ကြီးမားလှသော အကြီးအကဲချုပ်သည် ကျန်းချန်၏ နံဘေးတွင် အစေခံ တစ်ယောက် ဖြစ်လာခဲ့သည် မဟုတ်ပါလော။

အခန်း(၁၂၅၆)ပြီး၏။

အခန်း(၁၂၅၇)

"ဖုန်းဝူယင်း.. ကျန်းချန်က မြို့တော်ငါးခုရဲ့ ဖမ်းမိန့်ထုတ်ခံထားရတဲ့သူပဲ.. ရှန်းဖုန်းမြို့ရဲ့ အကြီးအကဲချုပ် တစ်ယောက်အနေနဲ့ မင်းတကယ်ပဲ သူ့ဘက်မှာ နေတော့မှာလား"

ရှောင်ရှင်းဟဲက သူ့မျက်လုံးကိုသူ မယုံနိုင်အောင် ဖြစ်နေခဲ့သည်။

ဂုဏ်သိက္ခာကြီးမားသော နတ်သန္ဓေအင်ပါယာ နယ်ပယ် တတိယအဆင့် ကျင့်ကြံသူ ဖြစ်ပြီး ရှန်းဖုန်းမြို့၏ အကြီးအကဲချုပ် ဖြစ်သော ဖုန်းဝူယင်းသည် ကျန်းချန်ထံတွင် အစေခံအဖြစ် အမှုထမ်းနေခဲ့သည်။

ဤအဘိုးကြီးသည် ခေါင်းကို မြည်းအကန်ခံရ၍ ဦးနှောက်ပျက်သွားပါသလော။

"ရှောင်ရှင်းဟဲ.. ဒါက ငါ့ရဲ့ရွေးချယ်မှုပဲ.. မင်းဘာမှ ဝင်ရောက်စွက်ဖက်စရာမလိုဘူး"

ဖုန်းဝူယင်းက အေးစက်စက်ပြောလိုက်သည်။

"အပိုစကားတွေ မပြောဘဲ စတိုက်လို့ရပြီ.. မင်းလို မီးလျှံဓားဘုရင်လို့ နာမည်ကျော်နေတဲ့သူကို ငါက သင်ခန်းစာပေးရသေးတာပေါ့"

"မင်းကို ငါက မတိုက်ရဲဘူးများ ထင်နေလား"

ရှောင်ရှင်းဟဲက ဒေါသတကြီး ကြုံးဝါးလိုက်သည်။

ထိုခဏမှာပင် သူ၏ လက်ထဲတွင် ကိုင်စွဲထားသော သွေးနီရောင်ဓားရှည်သည် လေထဲတွင် လင်းလက်သွားခဲ့၏။

သူ၏ ဓားရှည်မှ ထုတ်လွှတ်လိုက်သော ဓားချီသည် ကောင်းကင်ကိုပင် လွှမ်းမိုးစေသော သက်တန့်ကဲ့သို့ ဖြစ်နေခဲ့သည်။

"ကျန်းချန် မင်းက တကယ်ကို အံ့သြစရာပဲ"

ရှောင်ယန်ဝူက တိုက်ပွဲဝင်နေသည့် ရှောင်ရှင်းဟဲတို့ နှစ်ဦးကို တစ်ချက်ကြည့်လိုက်ပြီးနောက်တွင် ကျန်းချန်ကို လေးနက်စွာပြောလိုက်သည်။

နတ်သန္ဓေအင်ပါယာ အဆင့် ကျင့်ကြံသူ အားလုံးသည် ဂုဏ်သိက္ခာ ကြီးမားသောသူများ ဖြစ်ကြသည်။

အထူးသဖြင့် ရှန်းဖုန်းမြို့မှ ဖုန်းမိသားစုသည် မဟာအင်ပါယာ၏ မျိုးဆက်များ ဖြစ်ကြသည်။

ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ပြန်ဖြေလိုက်သည်။

"ငါက မင်းကို တကယ်ပဲ အံ့အားသင့်စေနိုင်တယ်.. ဒါပေမဲ့ ဒီအံ့အားသင့်မှုက ဒီလောက်လေးနဲ့ ရပ်တန့်သွားမှာ မဟုတ်ဘူး"

"မင်း ဖုန်းဝူယင်းကို မင်းအတွက် အလုပ်လုပ်ပေးဖို့ ဘယ်လိုနည်းလမ်းကို အသုံးပြုခဲ့လည်းဆိုတာ ငါမသိဘူး.. ဒါပေမဲ့ ယန်ဒီမြို့မှာ ရမ်းကားလို့ရမယ် ထင်နေရင်တော့ မင်းအနေနဲ့ ယန်ီဒမြို့ကို အထင်သေးရာ ကျနေခဲ့ပြီ"

ရှောင်ယန်ဝူက ခေါင်းခါယမ်းလိုက်ပြီး သက်ပြင်းချလိုက်သည်။

"အရိုးသားဆုံး ဝန်ခံရရင် မင်းလို ပါရမီရှင်တစ်ယောက်ကို သတ်ပစ်ရမှာ စိတ်မကောင်းစရာပဲ.. အခုနေ မင်းစိတ်ပြောင်းဦးမယ်ဆိုရင် နောက်မကျ‌သေးဘူး ကျန်းချန်"

"ဟားဟား ဘာတွေ စိတ်မကောင်းဖြစ်နေတာလဲ အဘိုးကြီး.. ငါ့ကို သတ်ဖြတ်ပစ်ဖို့လောက်အထိ မင်းမှာ အရည်အချင်းမရှိမှာ ငါစိုးရိမ်မိတယ်.. ဒီနေ့ ငါကျန်းချန်က အထွတ်အထိပ် နတ်သန္ဓေအင်ပါယာ စာရင်းထဲက မင်းကို သင်ခန်းစာပေးမယ်"

ကျန်းချန်က အားပါးတရ ရယ်မော၍ ပြောလိုက်သည်။

ထို့နောက်တွင် သူက သွေးနဂါးဓားကို ဝှေ့ယမ်းလိုက်ရာ မီးလျှံများဖြင့် ဖွဲ့စည်းထားသော ဧရာမ ဓားတစ်လက်သည် လေထုထဲတွင် ထွက်ပေါ်လာခဲ့သည်။

ထိုဧရာမမီးလျှံဓားက လေထုကို ပိုင်းဖြတ်ကာ ရှောင်ယန်ဝူဆီသို့ ကျဆင်းလာခဲ့သည်။

"ဒီလောက် အစွမ်းအစလေးနဲ့ ငါ့ရှေ့မှာ ရမ်းကားရဲတယ်"

ကျန်းချန်က သူ့ကို စတင် တိုက်ခိုက်လာသည်ကို မြင်လျှင် ရှောင်ယန်ဝူသည် နှာခေါင်းရှုံ့လိုက်ပြီး အေးစက်စက်‌ ရေရွတ်လိုက်သည်။

သူက လက်ဝါးရိုက်ချက် တစ်ချက်ကို လေထုထဲတွင် ထုတ်ဖော်လိုက်ရာ ချက်ချင်းပင် ဧရာမ မီးလျှံဓားကြီးသည် ကြေမွပျက်စီးသွားခဲ့သည်။

"ရှောင်မိသားစုရဲ့ ဘိုးဘေးလို့ မပြောရဘူး တကယ်ကို အင်အားကြီးမားတာပဲ"

ကျန်းချန်က တိုက်ပွဲဝင်လိုစိတ် အပြည့်ဖြင့် ထပ်မံတိုက်ခိုက်လိုက်သည်။

ချက်ချင်းဆိုသလိုပင် လေထဲတွင် ရွှေရောင်နဂါး ပုံရိပ်သည် စုစည်းသွားခဲ့၏။

"သဘာဝလွန်သွေးမျိုးဆက် စွမ်းရည် ကမ္ဘာဖျက်ဆီး နဂါးမီးလျှံ"

မျက်စိတစ်မှိတ်အတွင်း လေထုထဲတွင် ဖွဲ့တည်လာသော ရွှေရောင်နဂါးကြီးသည် ရှောင်ယန်ဝူ ဆီသို့ ဦးတည်၍ ပျံသန်းသွားခဲ့သည်။

ရှောင်ယန်ဝူက ရွှေရောင်နဂါးကို ကြည့်ကာ အံ့အားသင့်နေသော်လည်း သူ၏ လက်နှစ်ဖက်ကို ဝှေ့ရမ်းကာ တိုက်ခိုက်လိုက်သည်။

"ဝုန်း.."

ရွှေ‌ရောင်နဂါးနှင့် ရှောင်ယန်ဝူတို့၏ လက်ဝါးရိုက်ချက်တို့ ထိပ်တိုက် ဆုံတွေ့ပြီးနောက်တွင် ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

သူ၏ သဘာဝလွန်သွေးမျိုးဆက် စွမ်းရည်ကို ရှောင်ယန်ဝူက ထပ်မံ ပိတ်ဆို့လိုက်သည်ကို မြင်လျှင် ကျန်းချန်သည် အသက်ရှူဖို့ပင် အချိန်မရှိဘဲ နောက်ထပ် တိုက်ကွက် အသစ်ကို ထပ်မံ စတင်ခဲ့သည်။

"ကောင်းကင်လောင်ကျွမ်းဓားနယ်မြေ"

"အစွန်းရောက်သတ်ဖြတ်ခြင်းလေနယ်မြေ"

"နတ်မိုးကြိုးငရဲနယ်မြေ"

"နယ်မြေသုံးခုစွမ်းအား ပေါင်းစည်းခြင်း.."

ထိုအခိုက်တွင် နယ်မြေသုံးခု ပေါင်းစည်းထားသော စွမ်းအားသည် ကောင်းကင်နှင့်မြေကြီးကို ဖျက်ဆီးနိုင်သော စွမ်းအားဖြင့် လေထုတစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။

"ဒီကောင်လေးက နယ်မြေသုံးခုရဲ့ စွမ်းအားကိုတောင် နားလည်ထားတယ်လား"

ရှောင်ယန်ဝူက အတော်လေး အံ့အားသင့်နေခဲ့သည်။

ဤအချိန်တွင် ကျန်းချန်၏ နယ်မြေပိုင်နက် စွမ်းအားသုံးခုကနေ ပေါက်ကွဲထွက်လာသည့် စွမ်းအားကို ရင်ဆိုင်ရလျှင် ရှောင်ယန်ဝူ၏ မျက်လုံးများသည် ရုတ်တရက် ကျုံ့ဝင်သွားခဲ့သည်။

သူက တွေဝေမနေဘဲ သူ၏ မီးလျှံနယ်မြေကို တိုက်ရိုက်ထုတ်ဖော်ကာ ကျန်းချန်၏ နယ်မြေသုံးခု ပေါင်းစည်း စွမ်းအားနှင့် ရင်ဆိုင်လိုက်သည်။

"ဂျိန်း..ဂျိန်း.."

"ဝုန်း..ဒုန်း.."

နတ်သန္ဓေအင်ပါယာ နှစ်ပါး၏ နယ်မြေစွမ်းအားများသည် လေထဲတွင် ထိပ်တိုက် ဆုံတွေ့သွားကြသည်။

ကောင်းကင်ယံထက်တွင် မီးလျှံများ၊တိမ်တိုက်များ၊မိုးကြိုးများဖြင့် လင်းထိန်နေခဲ့၏။

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်မုန်တိုင်းသည် သူတို့နှစ်ဦးကို ဗဟိုပြုကာ ပတ်ဝန်းကျင် အနှံ့သို့ ပျံ့နှံ့သွားခဲ့သည်။

ရှောင်ရှင်းဟဲနှင့် ဖုန်းဝူယင်းတို့ပင် ထိုကြောက်မက်ဖွယ်ကောင်းလွန်းသည့် စွမ်းအင်မုန်တိုင်းကြောင့် နောက်သို့ ဆုတ်လိုက်ရသည်။

"ဒီကောင်လေးက ဘယ်လိုလုပ် ဒီလောက်တောင် အင်အားကြီးမားနေရတာလဲ"

ရှောင်ရှင်းဟဲက အတော်လေး တုန်လှုပ်သွားခဲ့သည်။

လွန်ခဲ့သည့် (၁)နှစ်လောက်က မလောက်လေး မလောက်စားလောက်သာ ဖြစ်သော ကောင်လေးသည် ဤအဆင့်ထိ ကြီးထွားလာလိမ့်မည်ဟု သူလုံးဝ မထင်ထားခဲ့ပေ။

ရှောင်ရှင်းဟဲ ထိတ်လန့်တကြား ဖြစ်နေစဥ်မှာပင် ဖျက်ဆီးခြင်း စွမ်းအင်မုန်တိုင်းထဲမှ ပုံရိပ်နှစ်ခု စလုံးသည် ၁၀မီတာအကွာအဝေးအထိ နောက်သို့ ဆုတ်လိုက်ရသည်ကို အားလုံးက မြင်လိုက်ရသည်။

"ဒီကောင်က ရှောင်မိသားစုရဲ့ဘိုးဘေး ရှောင်ယန်ဝူနဲ့တောင် ယှဥ်နိုင်နေပါလား.. တကယ်ကို မယုံနိုင်စရာပဲ.. ဒီကောင်က လုံးဝ သာမန်မဟုတ်ဘူး"

"........"

ကောင်းကင်ယံမှ တိုက်ပွဲကို စောင့်ကြည့်နေကြသည့် ရင်ပြင်ပေါ်ရှိ လူတိုင်း၏ မျက်နှာအမူအရာများသည် ထိတ်လန့်မှုကိုပင် ကျော်လွန်နေခဲ့သည်။

"ဒီကောင်က တကယ်ကို နှစ်တစ်သန်းမှာ တစ်ယောက်ပဲပေါ်ထွက်နိုင်တဲ့ တုနှိုင်းမဲ့ ပါရမီရှင်တစ်ယောက်ပဲ"

ရှောင်ယွင်ချန်းနှင့် ရှောင်ပိုင်ရီတို့သည် ထိုမြင်ကွင်းကို မှင်တက်၍ ငေးကြောင်ကာ ကြည့်နေကြသည်။

သူတို့အနေဖြင့် ကျန်းချန်၏ အစွမ်းအစကို ဖော်ပြရန် မည်သည့် စကားလုံးကို အသုံးပြုရမှန်းပင် မသိတော့ပေ။

ရှောင်ယန်ဝူ ဆိုသည်မှာ လွန်ခဲ့သောနှစ်ပေါင်း(၅၀၀) ကတည်းကပင် နာမည်ကျော်ကြားခဲ့သည့် ရှောင်မိသားစု၏ ဘိုးဘေး ဖြစ်သည်။

သူတို့က ကျန်းချန်၏ ပါရမီကို အလွန်ပင် အထင်ကြီးသော်လည်း ဤမျှလောက်အထိ အစွမ်းထက်လိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။

ကျန်းချန်က သူတို့ ရှောင်မိသားစုဘိုးဘေး ‌ရှောင်ယန်ဝူကိုပင် လက်ရည်တူ ယှဥ်ပြိုင်နိုင်ခဲ့သည် မဟုတ်ပါလား။

ဤကဲ့သို့သော စွမ်း‌ဆောင်ရည်ကို မြို့တော်ငါးမြို့၏ ဘိုးဘေးများက လွဲလျှင် လူနည်းစုလောက်သာ လုပ်နိုင်လိမ့်မည်ဖြစ်သည်။

"ဟားဟား နတ်သန္ဓေအင်ပါယာနယ်ပယ် ပဉ္စမအဆင့် ကျင့်ကြံသူရဲ့ အစွမ်းအစက ဒီလောက်ပဲလား.. အဘိုးကြီး.. ငါ့ရဲ့အချိန်နဲ့အာကာသ ဓားနယ်မြေကို ရင်ဆိုင်ကြည့်လိုက်ပါဦး"

လူတိုင်းက အံ့သြထိတ်လန့်မှုကနေ သက်သာလာခြင်း မရှိသေးခင်မှာပင် ကျန်းချန်၏ ဝင့်ကြွားသော ရယ်သံသည် ကောင်းကင် တစ်ခွင်လုံးတွင် ထပ်မံ ပဲ့တင်ထပ်သွားခဲ့သည်။

ထို့နောက်တွင် အပြာရောင် ဓားနယ်မြေတစ်ခုသည် ရှောင်ယန်ဝူ၏ ပုံရိပ်ကို ချက်ချင်းဆိုသလို လွှမ်းခြုံသွားခဲ့သည်။

ထိုအခိုက်တွင် ရှောင်ယန်ဝူ၏ အိုမင်းသော မျက်ဝန်းထဲ၌ အဆုံးသတ်တွင် ထိတ်လန့်သော အရိပ်အယောင်များ တစ်စွန်းတစ်စ ဖြစ်ပေါ်လာခဲ့သည်။

"ကြောက်မက်ဖွယ် ဓားနယ်မြေ အဖြစ် တီထွင်ထားတဲ့ ကိုယ်ခံပညာပါလား.. ဒီထဲမှာ အချိန်နိယာမရဲ့ စွမ်းအားတွေလည်း ပါဝင်နေတယ်.. ဒါက ဘယ်လို ကိုယ်ခံပညာမျိုးလဲ.. ဒီကလေးက ဘယ်လိုလုပ်ပြီး ဒီလို ကိုယ်ခံပညာကို တတ်မြောက်နေရတာလဲ"

နတ်သန္ဓေအင်ပါယာနယ်ပယ် ပဉ္စမအဆင့် ကျင့်ကြံသူ တစ်ဦးအနေဖြင့် ရှောင်ယန်ဝူသည် ကျန်းချန်၏ တိုက်ကွက်တွင် ပါဝင်သည့် ကြောက်မက်ဖွယ်ကောင်းသော အင်အားကို ချက်ချင်း ဆိုသလို ခံစားမိခဲ့သည်။

ထိုခဏတွင် ရှောင်ယန်ဝူ၏ မျက်ဝန်းထဲ၌ လိုချင်တပ်မက်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။

ဤကောင်လေးအနေဖြင့် နတ်သန္ဓေအင်ပါယာ အဆင့်ထိ အလျင်အမြန် ထိုးဖောက်လာနိုင်သည်မှာ ဤကောင်လေးထံတွင် ကြီးမားသော အခွင့်အလမ်း တစ်ခုခု ရှိနေခြင်း ဖြစ်လောက်သည်။

ကိုယ်ခံပညာတစ်ခုတည်းကပင် ယန်ဒီမြို့၏ အင်ပါယာအဆင့် ကိုယ်ခံပညာထက် လုံးဝ နိမ့်ကျမှုမရှိပေ။

ကျန်းချန်ကိုသာ အမိဖမ်းနိုင်မည် ဆိုလျှင် ထိုအခွင့်အလမ်းကို အရယူပြီး သူ၏ ခွန်အားကို နောက်တစ်ဆင့်သို့ သေချာပေါက် မြှင့်တင်နိုင်လိမ့်မည် ဖြစ်၏။

ထိုအချိန်သို့ ရောက်လျှင် နတ်သန္ဓေ အင်ပါယာနယ်ပယ် ဆဋ္ဌမအဆင့် သို့မဟုတ် သတ္တမအဆင့်အထိ ထိုးဖောက်နိုင်မည် ဖြစ်သည်။

နတ်သန္ဓေအင်ပါယာ နယ်ပယ်၏ အထွတ်အထိပ် အဆင့်သို့ ထိုးဖောက်ရန်ပင် မဖြစ်နိုင်စရာအကြောင်း မရှိပေ။

"ကောင်းကင်လောင်ကျွမ်းမီးလျှံ.. ချိုးဖျက်စမ်း"

တစ်ခဏအတွင်းမှာပင် အရာအားလုံးကို လောင်ကျွမ်းပစ်နိုင်သည့် အရှိန်အဝါများ ထွက်ပေါ်နေသည့် မီးလျှံတစ်ခုသည် တိုက်ရိုက်ပင် ကောင်းကင်ပေါ်သို့ ထိုးတက်သွားခဲ့သည်။

ထိုကောင်းကင်ပေါ်သို့ ရောက်ရှိလာသော မီးလျှံ၏ ထိုးနှက်မှုအောက်တွင် အပြာရောင် ဓားနယ်မြေသည် တစ်ခဏသာ ခံနိုင်ခဲ့ပြီး လုံးဝကို လောင်ကျွမ်းသွားခဲ့သည်။

ကျန်းချန်၏ ပုံရိပ်ပင် ထိုမီးလျှံများ၏ ထိုးနှက်မှုကို ခံခဲ့ရပြီး ပေ၁၀၀ အကွာအဝေးအထိ နောက်ဆုတ်သွားခဲ့ရသည်။

ရှောင်ယန်ဝူက အချိန်နှင့်အာကာသ ဓားနယ်မြေကို အလွယ်တကူ ထိုးဖောက်နိုင်သည်ကိုမြင်လျှင် ကျန်းချန်၏ အမူအရာသည် လေးနက်သွားခဲ့သည်။

နတ်သန္ဓေအင်ပါယာ နယ်ပယ် ပဉ္စမအဆင့် အထွတ်အထိပ်ကို ရောက်နေသည့် ကျင့်ကြံသူသည် အမှန်တကယ်ပင် ကိုင်တွယ်ရ မလွယ်ကူပေ။

ရှောင်ယန်ဝူက ကောင်းကင်မီးလျှံကို ထိန်းချုပ်ပြီး ကျန်းချန်၏ အချိန်နှင့်အာကာသ ဓားနယ်မြေကို ချေမှုန်းပြီးနောက်တွင် မီးလျှံဧကရာဇ် တစ်ပါးကဲ့သို့ ကျန်းချန်ကို ငုံ့ကြည့်နေခဲ့သည်။

ထိုခဏတွင် သူ၏ အထက်စီးလေသံသည် ကောင်းကင်နှင့်မြေကြီးအကြားတွင် ဖြည်းညင်းစွာ ပဲ့တင်ထပ်လာခဲ့၏။

"ကျန်းချန် ငါဘိုးဘေးက မင်းကို အခွင့်အရေးတွေ ထပ်ခါတလဲလဲ ပေးခဲ့ပေမဲ့ မင်းက တန်ဖိုးမထားခဲ့ဘူး.. မင်းက ဒီလောက်တောင် သေချင်နေမှတော့ ငါ့ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့တော့"

အခန်း(၁၂၅၇)ပြီး၏။

All Chapters