← Chapters

အခမ်းအနားအတွင်း အကဲဖြတ်ခြင်း

Vol. 6 Ch. 594

အခမ်းအနားအတွင်း အကဲဖြတ်ခြင်း

Vol. 6 Ch. 594

ထာဝရအသက်ရှည်နည်း ပညာရပ်၏ ပထမ နှင့် ဒုတိယအဆင့်သည်လည်း ထိုနည်းတူဖြစ်ခဲ့သည်။ အတားအဆီးနှင့် ကနဦးထိတွေ့ပြီးနောက် အချိန်တိုအတွင်း ၄င်းကို ချိုးဖောက်ရန် ကျင့်ကြံခြင်းအခြေခံကု အသုံးပြုနိုင်လေသည်။

တလက်လက်တောက်ပနေသော မျက်ဝန်းများဖြင့် ပိုင်ရှောင်ချန်းက မလှပ်မယှက်ထိုင်နေစဥ် အခန်းထဲတွင် ဒုတိယမြောက် အရိပ်တစ်ခုပေါ်လာ၏။ ထိုအရိပ်သည် ကိုယ်ပွားမဟုတ်ဘဲ သူ၏မယုံကြည်နိုင်ဖွယ် အမြန်နှုန်း၏ ရလဒ်အနေဖြင့် ဖြစ်ပေါ်လာသော ပုံရိပ်တစ်ခုဖြစ်သည်။

ထိုအရိပ်သည် အချိန်အတော်ကြာရှိနေပြီးနောက်တွင်မှ ပျောက်ကွယ်သွားတော့သည်။

နောက်ထပ်စမ်းသပ်ချက်များ ပြုလုပ်နေစရာ မလိုတော့ပေ။ သူ၏ အမြန်နှုန်းသည် နောက်ထပ်တစ်ဆင့်တက်သွားကြောင်း ပြောနိုင်ပြီး သူမည်မျှမြန်မြန် လှုပ်ရှားနိုင်သည်ကို အတိအကျမဆုံးဖြတ်နိုင်သော်လည်း နတ်အဆင့်ကျင့်ကြံသူပင် သူ့ကို ဖမ်းရခက်မည်ဖြစ်ကြောင်း သိလေသည်။

" ထာဝရအရေပြားက အကာအကွယ်ကို အထောက်အကူဖြစ်စေတယ် “

"ထာဝရကောင်းကင်ဘုရင်က စွမ်းအားကို အထောက်အကူဖြစ်စေတယ် “

"ထာဝရ အရွတ်အကြောတွေက အမြန်နှုန်းကို အထောက်အကူဖြစ်စေတယ် “

" ဒီလိုသာဆိုရင် စတုတ္ထအဆင့်ဖြစ်တဲ့ ထာဝရအရိုးတွေက ဘယ်အရာကို အထောက်အကူဖြစ်စေမလဲ "

ထိုအတွေးများက ပိုင်ရှောင်ချန်းကို အလွန်ပြင်းပြသော မျှော်လင့်ချက်များဖြင့် ပြည့်နှက်သွားစေသည်။

" ယင်ယန်ဝိညာဥ်အဆင့်မရောက်ခင် ကျင့်ဖို့ခက်တာ တော်တော်ဆိုးတာပဲ။ ပြီးတော့ မြေရိုင်းဒေသမှာ စွမ်းအားရင်းမြစ်တွေက တော်တော်ကြီးကို နည်းတယ်။ ထာဝရအရိုးတွေက ထာဝရအရွတ်အကြောထက် ပိုတောင်များတဲ့ စွမ်းအားအရင်းအမြစ်တွေလိုသေးတယ် "

အတန်ငယ်တွေးပြီးနောက် သူက စိတ်ပျက်မှုများကို ဖိနှိပ်လိုက်လေသည်။ သူ၏ချီများကို တည်ငြိမ်အောင်လုပ်ပြီး စိတ်ကိုရှင်းကာ သူ၏ထာဝရအရွတ်အကြောများတိုးတက်မှူကို တည်ငြိမ်သွားစေရန် လေ့ကျင့်လိုက်လေသည်။

ထိုအချိန်တွင် ဘိုးဘွားပိုင်နယ်မြေဖွင့်ရန် သတ်မှတ်ထားသော နေ့သည် နီးသထက် နီးလာ၏။ တချိန်တည်းမှာပင် မျိုးနွယ်စုသည် သူတို့၏ ဘိုးဘွားများကိုပူဇော်ပသသည့် ကြီးကျယ်ခမ်းနားသော မဟာအခမ်းအနားကျင်းပရန် ပြင်ဆင်နေသည်။

ထိုသည်မှာ ပိုင်မျိုးနွယ်စု၏ ထုံးတမ်းစဥ်လာပင်။ ထိုသို့သော အခမ်းအနားပွဲများသည် ဘိုးဘွားပိုင်နယ်မြေဖွင့်ရန် အချိန်သမယတွင် အမြဲကျင်းပလေ့ရှိသည်။ အခမ်းအနားတွင် မျိုးနွယ်စုဝင်အားလုံးသည် မည်သည့် သွေးသားမှ ဆင်းသက်လာစေကာမူ တက်ရောက်နိုင်မည်ဖြစ်သည်။ ထိုမျှသာမက မျိုးနွယ်စုရှိ အဆင့်မြင့်အဖွဲ့ဝင်များသည် အကဲဖြတ်မှုများ ပြုလုပ်ရမည်ဖြစ်ပြီး တစ်ဦးတစ်ယောက်ချင်းအလိုက် ဆုလာဘ်များ ပေးသနားရမည်ဖြစ်သည်။

တစ်ခါတရံတွင် အခြားသော မျိုးနွယ်စုများမှ အဖွဲ့ဝင်များကို တက်ရောက်ရန် ဖိတ်ကြားပြီး များသောအားဖြင့် သရဲကြီးဘုရင်သည် ပွဲတော်များတွင် ပါဝင်ရန် သံတမန်တစ်ယောက် စေလွှတ်မည်ဖြစ်သည်။

ဘိုးဘွားပိုင်နယ်မြေဖွင့်ခြင်းသည် သာမန် ကိစ္စမဟုတ်သည့်အပြင် ကြုံတောင့်ကြုံခဲကိစ္စတစ်ရပ်ဖြစ်သည်။ ဘိုးဘွားပိုင်နယ်မြေမဖွင့်ခင် တစ်ရက်အလိုတွင် အခမ်းအနားကို ပိုင်မျိုးနွယ်စု၏ အရှေ့ပိုင်းဒေသရှိ “ ဘိုးဘွားများ အထွတ်အမြတ် ဗိမ္မာန် “ တွင် ကျင်းပလေသည်။

အခြားသော မဟာအောက်လမ်းဆရာမျိုးနွယ်စုများမှလည်း သရဲကြီးဘုရင်နည်းတူ သံတမန်များ စေလွှတ်၏။ ပိုင်မျိုးနွယ်စုတစ်စုလုံးသည် နောက်ဆုံးပြင်ဆင်မှုများ လုပ်နေကြရင်း ပျားပန်းခတ်မျှ လှုပ်ရှားမှုများဖြင့် ပွက်လောရိုက်နေလေသည်။

အရှေ့ပိုင်းဒေသရှိ “ ဘိုးဘွားများအထွတ်အမြတ်ဗိမ္မာန် “ မှာ ဝင်ပေါက်တွင် ကြီးမားသော ဧရာမကျောက်ဂိတ်တံခါးကြီးတစ်ချပ်နှင့် အတွင်းထဲတွင် ကြီးမားသော မြေကွက်လပ်ကြီးတစ်ခုရှိသည်။ ဂိတ်တံခါးကြီးကို သက်ရှိသက်မဲ့အရာခပ်သိမ်းအား မတူမတန်သလို တင်းမာခက်ထန်စွာကြည့်နေသော သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်၏ ပုံစံဖြင့် ထုလုပ်ထားလေသည်။ ထိုအမျိုးသားသည် ပိုင်မျိုးနွယ်စု၏ တည်ထောင်သူ ခေါင်းဆောင်ကြီးကလွဲ၍ တခြားလူမဟုတ်ပေ။

“ ဘိုးဘွားများ အထွတ်အမြတ် ဗိမ္မာန် “ကို သောင်းကျော်သော ပိုင်မျိုးနွယ်စုမှ လူအုပ်ကြီးက ဝန်းရံထားသည်။ မြေပေါ်တွင် သူတို့အတွက် နေရာလပ်ပင်မရှိကြလေရာ လေထဲဝယ် လွင့်မျောနေသော စားပွဲများအပေါ် ထိုင်နေကြရလေသည်။ ထိုသည်မှာ ခမ်းနားကြီးကျယ်သော မြင်ကွင်းကြီးဖြစ်နေတော့သည်။

မျိုးနွယ်စု၏ ဝါစဥ်ကြီးသော ပုဂ္ဂိုလ်များသည် ဘိုးဘွားများအထွတ်အမြတ်ဗိမ္မာန်နှင့် အနီးဆုံးတွင် ထိုင်နေကြပြီး မျက်နှာပေါ်တွင် အပြုံးပန်းများဝေလျက် အခြားမျိုးနွယ်စုများမှ သံတမန်များဖြင့် စကားစမြည်ပြောနေကြလေသည်။

လူတိုင်းသည် အခမ်းအနားစတင်ရန် စောင့်နေကြ၏။

သခင်မချိုင်နှင့် အခြားသော အမျိုးသမီးများသည် သူတို့၏ သက်ဆိုင်ရာနေရာများတွင် ထိုင်နေကြပြီး ဆူဆူညံညံစကားပြောနေကြရာ လူအများ အာရုံစိုက်ရာဖြစ်နေတော့သည်။

ပိုင်ချီသည် မဟူရာညကောင်းကင်ယံရှိ ကြယ်တစ်ပွင့်ပမာ လူအုပ်ထဲတွင် ထင်လင်းမြင်သာနေတော့သည်။ သူက “ ဘိုးဘွားများ အထွတ်အမြတ် ဗိမ္မာန် “အနီးတွင် ထိုင်နေပြီး အခြားမျိုးနွယ်စုများမှ လက်ရွေးစင်အောက်လမ်းဆရာများအပါအဝင် အရေးကြီးပုဂ္ဂိုလ်များက ဝန်းရံနေရာ သူတို့နှင့် တက်ကြွစွာကျီစားနောက်ပြောင်ရင်း စကားစစ်ထိုးနေလေသည်။

အမှန်တွင် အနီးနားရှိ သွေးနှောမျိုးဆက်များမှာ လူများလည်း ရှိပြီး ပိုင်ချီကဲ့သို့ မထင်ရှားသော်လည်း အရေးပါသောလူများဖြစ်ပေသည်။ သူတို့ထဲကတစ်ယောက်သည် ပိုင်ရှောင်ချန်း မျိုးနွယ်စုထဲရောက်သည့် ပထမဆုံးနေ့က တွေ့ခဲ့သော မမလေး ငါး ဖြစ်၏။ သူမသည် လှပချောမောပြီး အေးစက်သောပင်ကိုယ်စရိုက်ရှိသည့်တိုင်အောင် လေးစားအားကျနေသည့် လူတစ်စုက ဝန်းရံထားလေသည်။

ပိုင်ချီနှင့် အရွယ်တူ နောက်ထပ်လူငယ်လေးတစ်ယောက် ရှိ၏။ သူက အရပ်မြင့်မြင့် တောင့်တင်းခိုင်မာပြီး ပျော်ရွှင်ရယ်မောနေသော သူ့အသွင်ကြောင့် မျိုးနွယ်စုဝင်ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ လူတိုင်း သူ့ကို နှစ်သက်သဘောကျလာကြလေသည်။

ပိုင်ဟောင်သည် မျိုးမစစ်သားတစ်ယောက်အဖြစ် မွေးဖွားလာခဲ့ပြီး အလွန်နိမ့်သောအဆင့်ရှိသည့်တိုင် သူ့ကိုယ်ထဲတွင် ပိုင်မျိုးနွယ်စု၏ သွေးများ စီးဆင်းနေသေးသည်။ ထို့ကြောင့် သူလည်း အခမ်းအနားတက်ရန်လိုအပ်လေသည်။ သူက “ ဘိုးဘွားများ အထွတ်အမြတ် ဗိမ္မာန် “အနီးတွင် မထိုင်ဘဲ လေပေါ်လွင့်မျောနေသော စားပွဲတစ်ခုပေါ်တွင် တက်ထိုင်နေသည်။

သူရောက်သည်နှင့် မမလေးငါးနှင့် ထွားကြိုင်းသန်မာသောလူငယ်လေးအား သတိပြုမိလိုက်၏။ သူက မျိုးနွယ်စုထဲတွင် ရှိနေစဥ်အတွင်း သူတို့အကြောင်းနည်းနည်းပါးပါး သိခဲ့ရလေသည်။ မမလေးငါးသည် ပိုင်ယန်အာဟုခေါ်ပြီး သူမ၏အလှတရားကြောင့် သရဲကြီးမြို့တော်မှာပင် လူသိများလေသည်။ အခြားသော မျိုးနွယ်စုများမှ လက်ရွေးစင်အတော်များများသည် သူမအား မျက်စိကျနေကြလေသည်။

ထွားကြိုင်းသန်မာသော လူငယ်၏ နာမည်မှာမူ ပိုင်လဲ့ဖြစ်ပြီး သွေးနှောမျိုးဆက်များအနက်မှ လက်ရွေးစင်တစ်ဦးဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းအခြေခံသည် ပိုင်ချီနှင့် တန်းတူမဟုတ်သော်လည်း သူက နှောင်းပိုင်းအမြုတေအဆင့်တွင် ရှိနေဆဲဖြစ်သည်။ အမှန်တွင် သူနှင့် ပိုင်ချီကို မျိုးနွယ်စု၏ ထွန်းတောက်လာမည့် ကြယ်နှစ်ပွင့်ဟု သတ်မှတ်ခံထားရလေသည်။

သို့သော် သူတို့နှစ်ယောက် မတည့်သည့်အကြောင်းမှာ မျိုးနွယ်စုထဲတွင် ထင်ရှားလေသည်။

ထိုသုံးယောက် အတူတကွရှိနေခြင်းသည် အခမ်းအနားတွင် အများအာရုံစိုက်ရာဖြစ်နေတော့သည်။

သူ့အတွက် လိုအပ်သည်ကြောင့်သာမဟုတ်လျှင် ပိုင်ရှောင်ချန်းက လာမည်မဟုတ်ပေ။ သူက လူအုပ်ကြီးများ လှည့်ပတ်ကြည့်နေစဥ် မနက်ဖြန်ဖွင့်လှစ်မည့် ဘိုးဘွားပိုင်နယ်မြေအတွက် သူ၏ အစီအစဥ်များကို စဥ်းစားနေလေသည်။

" ဒီနေ့ ငါ လူသတ်ဝိညာဥ်ဆူးချွန်တွေ စိုက်ထားသင့်တယ် "

သူက တွေးလိုက်သည်။ ရုတ်တရက်လူတစ်ယောက်က သူ့ကို ကြည့်နေသည့်အလား ခံစားလိုက်ရလေသည်။ တစ်ချက်မျှ ဝေ့ဝဲကြည့်လိုက်သော် အမျိုးသမီးထုထဲတွင် ထိုင်နေသည့် သူ့ကို ဝါးစားတော့မတတ်စိုက်ကြည့်နေသော သခင်ချိုင်ဖြစ်ကြောင်း သိလိုက်လေသည်။

" ဒီလောက်ဝေးနေတာတောင် ငါ့ကိုရှာနိုင်သေးတယ် "

သူက တအံ့တသြတွေးလိုက်လေသည်။ သူသည် မြင်နိုင်ရန်ခဲယဥ်းသည့် မထင်မရှားနေရာတွင် ထိုင်နေသည့်တိုင်အောင် သခင်မချိုင်က လူအုပ်ထဲမှ သူ့ကို ရှာနိုင်ခဲ့လေသည်။

ပိုင်ရှောင်ချန်းသည်လည်း သခင်မချိုင်ကို အလိုအလျောက် အေးစက်စက် ပြန်ကြည့်လိုက်ရာ သူမ၏မျက်လုံးများ ပြူးကျယ်သွားသည်။ သို့သော် ခဏအကြာတွင် မုန်းတီးခြင်းများ ပြန်ပေါ်လာ၏။ သူမက မည်သို့မှ မလုပ်နိုင်လိုက်ခင် ခေါင်းလောင်းသံများ ထွက်ပေါ်လာတော့သည်။

လူအုပ်ကြီးသည် တိခနဲ တိတ်ဆိတ်သွား၏။ တချိန်တည်းမှာပင် ခပ်ဝေးဝေးမှ အလင်းတန်းသုံးခုပေါ်လာသည်။ ခေါင်းဆောင်နေရာတွင် မျိုးနွယ်စုခေါင်းဆောင်ဖြစ်ပြီး သူ့ကို ယင်ယန်ဝိညာဥ်အဆင့်၏ မဟာစက်ဝန်းရှိ ကျင့်ကြံခြင်းအခြေခံများနှင့် အဘိုးအိုနှစ်ယောက်က ခြံရံထားလေသည်။ သူတို့သည် အမှန်တရားခန်းမဆောင်နှင့် တရားစီရင်ရေးရာခန်းမတို့ကို ဦးဆောင်သည့် မဟာအကြီးအကဲများမှ လွဲ၍ တခြားမဟုတ်ပေ။

“ ဘိုးဘွားများ အထွတ်အမြတ် ဗိမ္မာန် “အပြင်ကို ရောက်သော် မျိုးနွယ်စုခေါင်းဆောင်က အသံကျယ်ကြီးဖြင့်ပြော၏။

" ဒီနေ့ ဒီနေရာမှာ လာရောက်စုဝေးကြတဲ့ ပိုင်မျိုးနွယ်စုဝင်အပေါင်းတို့ "

မျိုးနွယ်စုဝင်များအားလုံးသည် စိတ်အားထက်သန်စွာ နားထောင်နေကြပါသော်လည်း ပိုင်ရှောင်ချန်းမှာမူ လုံးဝစိတ်မဝင်စားလေရာ မျက်စိမှိတ်၍သာနေလိုက်တော့သည်။

မျိုးနွယ်စုဝင်အများစုအတွက် အမှန်တကယ် သက်ရောက်မှုမရှိသည့် ဘိုးဘွားပိုင်နယ်မြေနှင့် ပတ်သက်သော ရှပ်ထွေးသည့် အချက်အလက်များအားလုံးကို ရှင်းပြသွားလေသည်။ ပြိုင်ပွဲဝင်ရန် ပြင်ဆင်ထားသည့် ထူးချွန်ပြောင်မြောက်သော လူများသာ နားထောင်ရန် လိုအပ်သည်။

ရံဖန်ရံခါ ခေါင်းလောင်းများ မြည်လာရာ အသံလှိုင်းများက ကောင်းကင်ယံကို ထိုးခွင်း၍ ပျံ့နှံ့သွားပြီး မင်္ဂလာရှိသော သင်္ကေတများ ဖန်တီးနေတော့သည်။

ထိုအရာအားလုံးဖြစ်ပျက်နေစဥ် ပိုင်ရှောင်ချန်းက တစ်ကြိမ်မျှသာ မျက်လုံးဖွင့်သည်ဆိုရုံ ဖွင့်ကြည့်လိုက်သည်။ သာမန်ကမ္ဘာထဲ ပုန်းအောင်းနေသည့် တန်ခိုးရှင်တစ်ယောက်အလား သူ ခံစားနေရင်း အောက်ပါအတိုင်း တွေးနေမိတော့သည်။

" ဒီလိုမျိုးအခမ်းအနားေတွက ငါ့အတွက် ရိုးနေပါပြီကွာ "

အချိန်အနည်းငယ် ကုန်ဆုံးသွားပြီး ညနေစောင်းလာချေပြီ။ ဘိုးဘေးများအား ပူဇော်ပသခြင်း ပြီးဆုံးသွားပြီး ခေါင်းလောင်းများ နောက်တစ်ဖန်မြည်လာပြန်သည်။ ပိုင်ရှောင်ချန်းမှာ သမ်းဝေလိုက်ပြီး မျက်လုံးများဖွင့်လိုက်၏။ အရာအားလုံး ပြီးဆုံးသွားပြီဟု ယူဆကာ ပြန်ရန်ပြင်လိုက်သည်။ သို့သော် ထိုအချိန်တွင် ဧရာမကျောက်ဂိတ်တံခါးကြီး၏ အရှေ့တွင် ထိုင်နေသော တရားစီရေးရာခန်းမ၏ တာဝန်ရှိ ပုဂ္ဂိုလ် မဟာအကြီးအကဲက ရယ်လိုက်လေသည်။

"ကဲပါ ကဲပါ " သူကပြော၏။

" မျိုးနွယ်စုခေါင်းဆောင်က တိုက်တွန်းနေသလို ဘယ်သူကမှလဲ မပြန်သေးတော့ ဒီတစ်ခါ ကျုပ်က အကဲဖြတ်ပေးရတော့မှာပေါ့ "

မဟာအကြီးအကဲ၏ ရယ်သံသည် အသံသြဇာနှင့်ပြည့်စုံပြီး သူ၏ကျင့်ကြံခြင်းအခြေခံနှင့် အားဖြည့်ပေးထားလေရာ အရိပ်ပမာ လှိုင်းဂယက်များ အရပ်မျက်နှာတစ်ခွင်ပျံ့နှံ့သွားတော့သည်။ သူစကားပြောနေစဥ်တွင် ဝိညာဥ်တိမ်တိုက်တစ်ခုသည် သူ့ပတ်ပတ်လည်တွင် ပျံဝဲနေ၏။

သူ့ကို လှမ်းကြည့်နေကြသည့် အခြားသော မျိုးနွယ်စုဝင်များ၏ မျက်လုံးများထဲတွင် လေးစားကြည်ညိုမှုများ ထင်ဟပ်နေလေသည်။ အခြားသော မျိုးနွယ်စုများမှ ကိုယ်စားပြုသူများနှင့် သရဲကြီးမြို့တော် သံတမန်တို့ထံမှာပင် အလွန်လေးနက်သော မျက်နှာအမူအရာများရှိနေကြသည်။

ပိုင်ရှောင်ချန်းသည် အဘိုးအို၏ ကျင့်ကြံခြင်းအခြေခံအငွေ့အသက်များကို ခံစားလိုက်ရသောအခါ သူက အလွန်လေးနက်သော အမူအရာဖြင့် အဘိုးအိုကို လှမ်းကြည့်လိုက်၏။ သိသာထင်ရှားစွာပင် ပိုင်လင်းနည်းတူ သူကား နတ်တစ်ပိုင်းအဆင့်သို့ ရောက်နေသည်။ ထိုမျှသာမက သူ့ထံမှ ထွက်ပေါ်လာနေသော ဝိညာဥ်စွမ်းအားအငွေ့အသက်များအရ အောက်လမ်းဆရာတစ်ယောက်ဖြစ်ကြောင်း သိသာလေသည်။

" အောက်လမ်းပညာရပ်ကို နက်နက်နဲနဲ နားလည်နေတဲ့ မြေအဆင့်ေအာက်လမ်းဆရာတစ်ယောက်ပဲ။ အဲဒါကြောင့် သူ့အသံ ထွက်လာတာနဲ့တင် ဝိညာဥ်​တွေ

အများကြီး ထွက်လာတာပဲ "

ထိုအကြောင်းကို ပိုင်ရှောင်ချန်း တွေးတောနေစဥ် မဟာအကြီးအကဲက ဆက်ပြော၏။

" ပိုင်မျိုးနွယ်စုရဲ့ သူရဲကောင်းလေးတို့၊ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းရဲ့ အထွတ်အထိပ်အဆင့်က တစ်ယောက်မှ မအောင်မြင်သေးတဲ့ ဒဏ္ဍာရီလာ အဆသုံးဆယ် မြှင့်တင်ခြင်းဆိုတာ မင်းတို့အားလုံး ကောင်းကောင်းသိမှာပေါ့။ အဆနှစ်ဆယ် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းဆိုတာတောင် သိပ်မကြားဖူးဘူး။ ဒါကြောင့် မင်းတို့အားလုံးကို ငါဒီမေးခွန်းမေးချင်တယ်။ ဒီငှက်မွှေးသာ အဆသုံးဆယ် မြှင့်တင်ခံရရင် ဘာဖြစ်သွားမယ်ထင်လဲ"

သူက ပြုံး၍ ငှက်မွှေးတစ်မွှေးကို မြှောက်ပြလိုက်သည်။

၄င်းသည် ထူးဆန်းသည်ဟု သတ်မှတ်နိုင်သော အရာတစ်ခုမှမရှိဘဲ သဘာဝအတိုင်းလုံးဝပုံမှန်ဖြစ်လေသည်။ ၄င်းမှာ အမှန်တကယ်ပင် သာမန်ငှက်မွှေးမျှသာဖြစ်သည်။

" ဒီမေးခွန်းအတွက် အဖြေမှန်မရှိနိုင်ဘူး။ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းမှာ မင်းတို့ရဲ့ကျွမ်းကျင်မှုအပေါ်မူတည်ပြီး ခဏလောက် ဒီမေးခွန်းကို စဥ်းစားကြည့်ပါ။ ဘာပဲပြောပြော မင်းတို့ဘဝမှာ အရင်ဆုံး လေးလေးနက်နက်မတွေးပဲနဲ့ ဘယ်တော့မှ ဖြစ်မလာနိုင်တဲ့ အရာတချို့ ရှိတယ်မလား။ အဲဒီတော့ သေချာလေးစဥ်းစားပြီး ဖြေကြည့်ကြပါ ''

All Chapters