← Chapters

နတ်ဧကရာဇ်ရဲ့ သမီးတော်

Vol. 113 Ch. 1722

နတ်ဧကရာဇ်ရဲ့ သမီးတော်

Vol. 113 Ch. 1722

စစ်မြေပြင်၏ အပေါ်တွင် သွေးနီရောင်အလင်းက မိုးသောက်အလင်းပမာ ဖြန့်ကြက်နေသည်။ လေထဲတွင်လည်း အနီရောင်ပိုးစုန်းကြူးများဖြင့် ပြည့်နှက်နေလေရာ ယင်းက ရင်သပ်ရှုမောဖွယ်ကောင်းသော မြင်ကွင်းတစ်ခုဖြစ်သည်။

ရွှီချင်းက လေထဲမှာ မတ်တတ်ရပ်နေစဉ် သူ၏ ဆံပင်ရှည်က တဖျပ်ဖျပ်လွင့်မျောနေသည်။ သူ၏ လက်တစ်ဖက်သည်တော့ နတ်ဘုရား၏ ဦးခေါင်းပြတ်ကို ကိုင်ထားသည်။ ဤအခိုက်အတန့်မှာ သူ၏ ပုံရိပ်က စစ်မြေပြင်ပေါ်မှ ကျင့်ကြံသူစစ်သည်တော်အားလုံး၏ မှတ်ဉာဏ်ထဲမှာ တံဆိပ်ရိုက်ခတ်သွားသည်။

ဤတိုက်ပွဲသည် အစတွင် ကျင့်ကြံသူများနှင့် နတ်ဘုရားများကြား၌ မျှခြေညီနေသည်။ ရွှီချင်းနှင့် သူ့အဖွဲ့၏ ရုတ်တရက် ဝင်ရောက်လာမှုက ထိုမျှခြေညီမှုကို တိမ်းစောင်းသွားစေပြီး နောက်ဆုံးအနိုင်ရလဒ်ကို ဆောင်ကြဉ်းပေးလာသည်။

သူတို့၏ ဝင်ရောက်စွက်ဖက်မှုက စစ်ပွဲ၏ အလုံးစုံအခြေအနေကို ပြောင်းလဲသွားစေပြီး တိုက်ပွဲကို နိဂုံးချုပ်သို့ ရောက်ရှိသွားစေသည်။

သတ်ဖြတ်မှုများနှင့် ပေါက်ကွဲမှုများကြား၌ နတ်ဘုရားစစ်တပ်က ပရမ်းပတာဖြစ်သွားပြီး ၎င်းတို့က တကွဲတပြား အနောက်ဆုတ်သွားကြသည်။ ဒီရေသဖွယ် ပြေးဝင်လာသော ကျင့်ကြံသူစစ်သည်တော်များ၏ တိုက်ခိုက်မှုအောက်မှာ ၎င်းတို့က အကူအညီမဲ့သွားကြသည်။

ကျိုးကျန်းလီ၊ ကြယ်တာရာစက်ဝန်းနှင့် တခြားလူများသည်လည်း အခွင့်အရေးရှာဖွေ၍ ဒီရေထဲသို့ ပူးပေါင်းသွားကြသည်။ သူတို့က ရူးသွပ်စွာ ရိတ်သိမ်းလိုက်ကြသည်။

ရွှီချင်းသည်လည်း လေထဲမှ ဆင်းသက်လာသည်။

မူလအနှစ်သာရစုဆောင်းခြင်းက သူ့အတွက် အရေးကြီးဆုံးအရာ ဖြစ်သည်။

တခြားအလောင်းကောက်အဖွဲ့များသည်လည်း လင်းတများသဖွယ် အနောက်မှ လိုက်သွားကြသည်။

တစ်နာရီကြာပြီးနောက် စစ်ပွဲက အဆုံးသတ်သွားသည်။

စစ်မြေပြင်တွင် နတ်ဘုရားအလောင်းများဖြင့် ပြည့်နှက်နေသည်။ ကျင့်ကြံသူများဘက်သည်လည်း တန်ဖိုးတစ်ခု ပေးဆပ်ခဲ့ရသော်လည်း သူတို့ရရှိခဲ့သော အောင်ပွဲက အလွန်ကြီးမားသည်။ နတ်ဘုရားအားလုံးက အမြစ်ဖြတ်သုတ်သင်ခံလိုက်ရသည်။

ပင်ပန်းနွမ်းနယ်မှုနှင့် စိတ်လှုပ်ရှားမှုကြားတွင် စစ်သည်တော်များ၏ အကြည့်က ရွှီချင်းနှင့် တခြားလူများပေါ်သို့ ကျရောက်သွားသည်။ သူတို့က စစ်မြေပြင်ပေါ်မှာ ဆက်လက် ရွေ့လျားနေကြပြီး နတ်ဘုရားအလောင်းများထံမှ မူလအနှစ်သာရကို ရိတ်သိမ်းနေကြသည်။

သူတို့ထဲမှ အများစုက ဒဏ်ရာရရှိထားကြသည်။ တချို့၏ ဒဏ်ရာများက သေးငယ်ပြီး တချို့၏ ဒဏ်ရာများက ဆိုးဝါးပြင်းထန်သည်။ သို့တိုင် သူတို့က မည်မျှဒဏ်ရာရထားပါစေ သို့မဟုတ် မည်မျှပင်ပန်းနွမ်းနယ်နေပါစေ မူလအနှစ်သာရ ရိတ်သိမ်းခြင်းကို နည်းနည်းမှ နှေးကွေးခြင်းမရှိဘဲ ဆက်လက် လုပ်ဆောင်နေကြသည်။

သူတို့က မူလအနှစ်သာရကို ရူးသွပ်စွာ ရိတ်သိမ်းနေကြသည်။

ဤတစ်ကြိမ်တွင် မည်သည့်နန်းလင်စစ်သည်တော်မှ သူတို့ထံမှ လာမလုယက်ကြချေ။

သူတို့က ရွှီချင်းနှင့် တခြားလူများကို ရိုသေလေးစားသော အကြည့်ဖြင့် ကြည့်နေကြသည်။

ရွှီချင်းကို အလောင်းကောက်အဖွဲ့၏ စည်းမျဉ်းများအား ညွှန်ကြားပေးခဲ့ဖူးသော အဖိုးအိုနှင့် တခြားအလောင်းကောက်သမားများသည်ပင် ဤအခိုက်အတန့်မှာ ရပ်နေကြသည်။ သူတို့က ရွှီချင်း၏ အဖွဲ့ကို အရင်ဦးစွာ ရိတ်သိမ်းစေသည်။

သို့ဖြစ်၍ ရွှီချင်း၏ အဖွဲ့က နတ်ဘုရားအလောင်းရာထောင်ချီကို အလွယ်တကူ ရိတ်သိမ်းနိုင်သွားသည်။

စစ်မြေပြင်မှ အလောင်းများ၏ (၈၀)ရာခိုင်နှုန်းကို ရိတ်သိမ်းပြီးသည့်နောက် သူတို့က ရပ်တန့်လိုက်ကြပြီး ရွှီချင်း၏ ဘေးမှာ စုဝေးလိုက်ကြသည်။ ရွှီချင်းက ဘေးပတ်ဝန်းကျင်မှ ကျင့်ကြံသူစစ်သည်တော်များကို ကြည့်လိုက်သည်။ ထို့နောက် သူက နန်းလင်စစ်တပ်၏ စစ်ခေါင်းဆောင်ကို ကြည့်လိုက်သည်။

သူတို့နှစ်ယောက် အကြည့်ချင်းဆုံသွားသည့်အခိုက် နန်းလင်စစ်တပ်၏ စစ်ခေါင်းဆောင်က ရိုသေလေးစားစွာ လက်သီးဆုပ်လိုက်ပြီး အက်ရှရှအသံဖြင့် ပြောသည်။

“ ကျေးဇူးတင်ပါတယ် ”

ရွှီချင်းက ပြန်နှုတ်ဆက်လိုက်သည်။ ထို့နောက် သူက အနောက်လှည့်လိုက်ပြီး ထွက်သွားသည်။

ကျိုးကျန်းလီနှင့် တခြားလူများက သူ့အနောက်မှ လိုက်သွားကြသည်။

သူတို့က နောက်ထပ် စစ်မြေပြင်ဆီသို့ ဦးတည်သွားရန် အလျင်လိုနေကြသည်။

သူတို့၏ ထွက်ခွာမှုက စစ်မြေပြင်မှ လူတိုင်း၏ စိတ်အာရုံကို ဆွဲဆောင်ထားဆဲပင်။ သူတို့၏ အမြင်တွင် ထိုလူ(၁၉)ယောက်က အန္တရာယ်အရှိန်အဝါနှင့် သွေးဆာလောင်မှုကို ထုတ်လွှတ်နေသော ဧရာမဝံပုလွေများနှင့် ဆင်တူကြသည်။

အမှန်တကယ်ပင် ထိုအတိုင်း ဖြစ်သည်။

အခက်အခဲများစွာကို ဖြတ်ကျော်ပြီးနောက် အသက်ရှင်ကျန်ရစ်ခဲ့သော ဤတတ်လှမ်းသူအားလုံးသည် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်သည်အထိ သန်မာကြသည်။ မည်သည့်စစ်တပ်တွင်မဆို သူတို့က လက်ရွေးစင်စစ်သည်တော်များအဖြစ် သေချာပေါက် သတ်မှတ်ခံကြရလိမ့်မည်။

ထို့ပြင် သူတို့ထဲမှ ထက်ဝက်ခန့်က ခြေလှမ်းဝက်အင်မော်တယ်အဆင့်သို့ ရောက်ရှိနေကြပြီး ကျန်လူများက အဆင့်ချိုးဖြတ်ရန် ခြေတစ်လှမ်းမျှသာ ဝေးကွာကြတော့သည်။ သို့ဖြစ်၍ သူတို့၏ စုပေါင်းတိုက်ပွဲစွမ်းအားက အလွန်ကြောက်စရာကောင်းသည်။

သူတို့က သွေးဆာသော ဝံပုလွေအုပ်စုနှင့် ဆင်တူကြသည်။

အရှေ့ဆုံးမှ ရွှီချင်းသည်တော့ ဝံပုလွေဘုရင် ဖြစ်သည်။

…..

အချိန်က ထိုသို့ဖြင့် နှေးကွေးစွာ စီးဆင်းသွားသည်။

လပေါင်းများစွာက မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားသည်။

ရွှီချင်းနှင့် တခြားလူများက ဤလများမှာ ဆက်တိုက် ရိတ်သိမ်းခဲ့ကြသည်။ ထို့ပြင် အချိန်ကြာလာသည်နှင့်အမျှ သူတို့က ရိတ်သိမ်းသည့်လုပ်ငန်းစဉ်နှင့် ပိုပြီးရင်းနှီးကျွမ်းဝင်လာကြသည်။

သူတို့၏ ပုံရိပ်များက စစ်မြေပြင်အများအပြားမှာ ထွက်ပေါ်လာပြီး နည်းလမ်းအမျိုးမျိုးဖြင့် နတ်ဘုရားအလောင်းများထံမှ မူလအနှစ်သာရကို ရိတ်သိမ်းကြသည်။

ထိုသို့လှုပ်ရှားမှုများကြောင့် သူတို့၏ ဂုဏ်သတင်းက မုန်တိုင်းသဖွယ် ပျံ့နှံ့သွားသည်။ နောက်ဆုံးမှာတော့ နန်းလင်တပ်မတော်၏ စစ်မြေပြင်ဧရိယာများထဲမှ ကျင့်ကြံသူအားလုံးနီးပါးက ထိုအလောင်းကောက်အဖွဲ့ကို ကိုယ်တိုင် မြင်တွေ့ခြင်းဖြင့်သော်လည်းကောင်း သို့မဟုတ် တဆင့်စကားဖြင့်သော်လည်းကောင်း သိရှိသွားကြသည်။

သူတို့အဖွဲ့မှာ လူ(၁၉)ယောက်သာ ရှိကြသည်။ သို့သော်လည်း သူတို့ထဲမှ အများစုက ခြေလှမ်းဝက်အင်မော်တယ်များ ဖြစ်ကြပြီး သူတို့တစ်ယောက်စီက တိုက်ပွဲအတွေ့အကြုံများပြားသည်။ သူတို့က ကောင်းကင်အရွေးချယ်ခံများ ဖြစ်ကြသော်လည်း မောက်မာထောင်လွှားခြင်း မရှိပေ။

သူတို့၏ တိုက်ပွဲစွမ်းအားက အံ့ဩစရာကောင်းသော်လည်း သူတို့က ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်မည့်အစား အလစ်ဝင်ရောက်လုပ်ကြံခြင်းကို ပိုပြီးနှစ်သက်ကြသည်။ သူတို့က အလောင်းရိတ်သိမ်းရာတွင် အလွန်မြန်ဆန်ပြီး စည်းစနစ်ရှိကြသည်။ သူတို့ဝင်ရောက်လာသည့် စစ်မြေပြင်တိုင်းမှာ မည်သည့်အကြွင်းအကျန်မှ ကျန်နေလိမ့်မည် မဟုတ်ချေ။

ဤသည်မှာ သူတို့က ‘ အလောင်းကောက်ခြင်းအနုပညာ ’ကို နောက်တစ်ဆင့်သို့ မြှင့်တင်ပေးလိုက်သည့်အလားပင်။

ယင်းက အလောင်းကောက်အဖွဲ့များအပေါ် ကျင့်ကြံသူစစ်သည်တော်များ၏ အမြင်ကို လုံးဝပြောင်းလဲသွားစေသည်။

တခြားအလောင်းကောက်အဖွဲ့များသည်တော့ သူတို့က ဤကိစ္စကို ပိုပြီးအာရုံစိုက်လာကြသည်။ ရံဖန်ရံခါ တုပလုပ်ဆောင်သူများက ထွက်ပေါ်လာလေ့ ရှိသည်။ ထိုတုပလုပ်ဆောင်သူများတွင် အနည်းစုသာ အောင်မြင်ခဲ့သော်လည်း ယင်းက အလောင်းကောက်အဖွဲ့များ၏ စစ်မြေပြင်ဆီသို့ ချဉ်းကပ်ပုံကို သိသိသာသာ ပြောင်းလဲသွားစေသည်။

မည်သို့ဖြစ်ပါစေ သူတို့က ရွှီချင်း၏ အဖွဲ့ကိုတော့ မယှဉ်နိုင်ကြပေ။

သို့ဖြစ်၍ ရွှီချင်းဦးဆောင်သော အလောင်းကောက်အဖွဲ့က ရှေ့တန်းစစ်မြေပြင်တစ်ခုလုံးကို တုန်လှုပ်သွားစေမည့် တမူထူးခြားသော ကိုယ်ပိုင်နာမည်ကို ရရှိသွားသည်။

ထိုနာမည်က…

သုဘရာဇာအဖွဲ့…

ထိုစဉ် အချိန်က တရွေ့ရွေ့ ကုန်ဆုံးသွားပြီး ဘယ်တောင်ပံစစ်ပွဲဇုန်ထဲမှ ပဋိပက္ခများက အရေးကြီးအမှတ်သို့ ရောက်ရှိသွားဟန် ရ၏။

ဘယ်တောင်ပံစစ်ပွဲဇုန်၏ အလယ်ပိုင်းဒေသကြီးထဲတွင်လည်း အသားကြိတ်ဆုံက အထွတ်အထိပ် အခြေအနေသို့ ရောက်ရှိသွားပြီး စိတ်အာရုံအားလုံးကို ဆွဲဆောင်သွားသည်။

ရှေ့တန်းစစ်မြေပြင်တွင် တိုက်ပွဲငယ်များက မကြာခဏ ဖြစ်ပွားနေပြီး တဖြည်းဖြည်း ပိုအားကောင်းလာသည်။

ကျင့်ကြံသူများသော်လည်းကောင်း သို့မဟုတ် နတ်ဘုရားများသော်လည်းကောင်း ဤကိစ္စက တစ်စုံတစ်ခုလွဲမှားနေကြောင်း စတင်သတိပြုမိလာကြသည်။

ယင်းက မုန်တိုင်းမလာခင် လေပြေတိုက်ခတ်နေခြင်းဖြစ်ကြောင်း လူအများစုက ယုံကြည်နေကြသည်။

သို့တိုင် နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုရှိသေးပြီး ယင်းက လူအများစုကို ပိုပြီးတုန်လှုပ်ချောက်ချားစေသည်။

ယင်းမှာ မုန်တိုင်းက ဝင်ရောက်ပြီးနှင့်ပြီ ဖြစ်သည်။

ဤအခိုက်အတန့်မှာ အမှတ်လေးကြယ်တာရာစက်ဝန်းထဲဝယ်…

နတ်ဘုရားများဘက်မှ ညာတောင်ပံစစ်ပွဲဇုန်ထဲတွင် အလွန်သိပ်သည်းသော ဒြပ်နှောများက ဒေသကြီးတစ်လျှောက် ပျံ့နှံ့နေသည်။ အာကာသဟင်းလင်းပြင်ထဲတွင် ဒြပ်နှောများက ပြည့်လျှံနေသည်။ ဤနေရာတွင် မရေမတွက်နိုင်သော ရှေးဟောင်းကြယ်ဂြိုလ်များက ဧရာမရုပ်တုများသဖွယ် အသွင်ပြောင်းလဲနေကြပြီး အာကာသဟင်းလင်းပြင်ထဲမှာ လွင့်မျောနေကြသည်။ ၎င်းတို့က မွန်မြတ်သန့်စင်သော အငွေ့အသက်ကို ထုတ်လွှတ်နေကြသည်။

၎င်းတို့၏ အရေအတွက်က အံ့မခန်း များပြားပြီး အနည်းဆုံး ဆယ်သန်းကျော်သည်။

အလွန်အားကောင်းသော စွမ်းအင်လှိုင်းများက ထိုကောင်းကင်ခန္ဓာကိုယ်တစ်ခုချင်းစီမှ ထွက်ပေါ်နေသည်။ ၎င်းတို့၏ အပေါ်တွင် နတ်ဘုရားများက မတ်တတ်ရပ်နေကြသည်။ ၎င်းတို့၏ အနောက်တွင် ကျွန်ပြုခံထားရသော နတ်ဘုရားလက်အောက်ခံမျိုးနွယ်စုများ ရှိကြသည်။

ထိုနေရာနှင့် အလွန်ဝေးကွာသော နေရာတစ်နေရာတွင် စိတ်ကူးမယဉ်နိုင်အောင် အလွန်ကျယ်ပြောသော ကြယ်တာရာမြစ်တစ်စင်းက အကန့်အသတ်မဲ့သော အာကာသဟင်းလင်းပြင်ထဲမှာ လှည့်ပတ်စီးဆင်းနေသည်။

ကြယ်တာရာမြစ်ထဲတွင် ဧရာမသားရဲကြီးများ၊ ရက်စက်ကြမ်းကြုတ်သော နတ်မိစ္ဆာများနှင့် နတ်ဘုရားစွမ်းအင်ကို ထုတ်လွှတ်နေသော ဘုရားကျောင်းများက ရံဖန်ရံခါ ထွက်ပေါ်လာလေ့ ရှိသည်။

တစ်စုံတစ်ယောက်က ဤပိုင်နက်တစ်ခုလုံးကို ခြုံငုံကြည့်မည်ဆိုလျှင် အလွန်ကျယ်ပြောသော မြစ်တစ်စင်း၊ မရေမတွက်နိုင်သော ကြယ်ဂြိုလ်များနှင့် မွန်မြတ်သန့်စင်သော ဘုရားကျောင်းများ အစရှိသည်တို့ စုစည်းရှိနေသည့် အံ့ဖွယ်ပန်းချီကားတစ်ချပ်ကို မြင်ရလိမ့်မည်။ ယင်းက ရင်သပ်ရှုမောဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်သည်။

ရံဖန်ရံခါ ဧရာမလက်တံများက ကြယ်တာရာမြစ်ထဲမှ မြှောက်တတ်လာလေ့ ရှိသည်။ လက်တံများ ဖြတ်သန်းသွားသည့်နေရာတိုင်း ဟင်းလင်းပြင်က ပြိုကွဲသွားပြီး ကြယ်ဂြိုလ်များက ပရမ်းပတာ တုန်လှုပ်သွားကြလိမ့်မည်။

ထိုလက်တံများ၏ ရွေ့လျားမှုအနောက်တွင် နတ်ဘုရားတီးတိုးရေရွတ်သံများက ပျံ့လွင့်လာလေ့ ရှိသည်။ ထိုနတ်ဘုရားတီးတိုးရေရွတ်သံများက နတ်ဘုရားများ၏ ညာတောင်ပံစစ်ပွဲဇုန်တစ်ခုလုံးသို့ ပဲ့တင်ထပ်သွားလိမ့်မည်။

ထိုကြယ်တာရာမြစ်သည် ညာတောင်ပံစစ်ပွဲဇုန်ထဲမှ နတ်ဘုရားများ၏ ယာယီတပ်စခန်းတစ်ခု ဖြစ်သည်။

တပ်စခန်း၏ အတွင်းပိုင်းထဲတွင် အရွယ်အစား အလွန်ကြီးမားသော ဧရာမယဇ်ပလ္လင်ကိုးခု တည်ရှိကြသည်။

ယဇ်ပလ္လင်တစ်ခုစီကို မရေမတွက်နိုင်သော အရိုးများဖြင့် တည်ဆောက်ထားသည်။

ထိုအရိုးများထဲတွင် တချို့က ပြောင်ရှင်းပြီး ရှင်းလင်းစွာ ဖယ်ရှားခံထားရသည်။ တချို့အရိုးများသည်တော့ အသွေးအသားများ ကပ်တွယ်နေဆဲပင်။ ထိုအသွေးအသားများက ထူးခြားဆန်းကြယ်သော သက်ရှိများ၊ ကျင့်ကြံသူများနှင့် နတ်ဘုရားများထံမှပင် ဆင်းသက်လာခြင်း ဖြစ်သည်။ ထို့ပြင် ၎င်းတို့၏ လက်အောက်၌ ကျွန်ပြုခံထားရသော မျိုးနွယ်စုများထံမှ အရိုးများလည်း ထိုထဲမှာ ပါဝင်ကြသည်။

ယဇ်ပလ္လင်များက ပြိုင်ဘက်ကင်းသော အမှောင်ထုနှင့် သေခြင်းအရှိန်အဝါကို ထုတ်လွှတ်နေကြသည်။ ယင်းက ယဇ်ပလ္လင်များ၏ ဘေးပတ်ဝန်းကျင်မှ လေထုကို အစွန်းရောက် အေးစက်စေသည်။

ယဇ်ပလ္လင်ကိုးခု၏ အပေါ်တွင် ထာဝရမီးတောက်များက လောင်ကျွမ်းနေသည်။ မီးတောက်များက အဖြူရောင်တစ္ဆေနှင့် ဆင်တူပြီး စက်ဝိုင်းသဏ္ဍာန် အားလှိုင်းအတတ်အကျများကို ထုတ်လွှတ်နေသည်။

သေခြင်းမီးတောက်၏ မှိန်ဖျော့သော အလင်းရောင်က ယဇ်ပလ္လင်များ၏ ဘေးပတ်ဝန်းကျင်ကို ထွန်းလင်းစေသည်။

ယဇ်ပလ္လင်များထံမှ အလင်းရောင်များက ထပ်ဆင့်လွှမ်းခြုံနေကြသည်။

ယဇ်ပလ္လင်ကိုးခု၏ အလယ်ဗဟို၌ အလင်းစက်ဝိုင်းကိုးခု ထပ်ဆင့်လွှမ်းခြုံနေသော တည်နေရာတွင် အဖုံးမရှိသော ဧရာမခေါင်းတလားတစ်လုံးက လေထဲမှာ လွင့်မျောနေသည်။

ခေါင်းတလား၏ အရွယ်အစားက ကြယ်ဂြိုလ်တစ်လုံးနှင့် နှိုင်းယှဉ်နိုင်သည်။

အဖုံးမရှိသောကြောင့် ခေါင်းတလားထဲမှ တည်ရှိမှုကို ရှင်းလင်းစွာ မြင်နိုင်ပေသည်။

ခေါင်းတလားထဲ၌ ခရမ်းရောင်ဖြင့် ပြည့်နှက်နေသော နတ်ဘုရားအလောင်းတစ်လောင်းက လဲလျောင်းနေသည်။

ထိုအလောင်းမှာ ဦးခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက်ရှိပြီး ၎င်း၏ တစ်ကိုယ်လုံးက နတ်ဘုရားမှော်သင်္ကေတများဖြင့် ပြည့်နှက်နေသည်။ ထို့ပြင် ၎င်းက မွန်မြတ်သန့်စင်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။

နတ်ဘုရားမှော်သင်္ကေတများက လျှို့ဝှက်ဆန်းကြယ်မှုဖြင့် ပြည့်နှက်နေသော စက်ဝိုင်းတစ်ခုအဖြစ် ပေါင်းစည်းနေကြသည်။

သို့သော်လည်း ထိုစက်ဝိုင်းမှာ သေးငယ်သော အဟရာတချို့ ရှိနေဆဲပင်။ သို့ဖြစ်၍ စက်ဝိုင်းက အပြည့်အဝ ပြီးမြောက်ရန် အနည်းငယ် အလှမ်းဝေးနေသေးကြောင်း ထင်ရှားသည်။

ထိုစက်ဝိုင်း ပြီးမြောက်သွားသည်နှင့် ၎င်းက နတ်ဘုရားအရှင်သခင်တစ်ပါး ဖြစ်လာလိမ့်မည်။

ထိုအလောင်းသည် နတ်ဘုရားအရှင်သခင်အဆင့်အောက်မှ အစွမ်းထက် တည်ရှိမှုတစ်ခု ဖြစ်သည်။

၎င်းက ညာတောင်ပံစစ်ပွဲဇုန်ကို တာဝန်ယူထားသော တပ်မှူးဖြစ်ပြီး နတ်ဘုရားထောင်သောင်းချီကို အုပ်ချုပ်ထားသူ ဖြစ်သည်။

၎င်းက အထွတ်အထိပ် အစစ်အမှန်နတ်ဘုရားတစ်ပါး ဖြစ်သည်။

သို့သော်လည်း ယခု ၎င်းက သက်မဲ့အလောင်းတစ်လောင်း ဖြစ်လာသည်။

ထိတ်လန့်ဖွယ်ကောင်းသော ဒဏ်ရာများက ၎င်း၏ ဦးခေါင်းသုံးခုစလုံးကို ထိုးဖောက်ထားပြီး ၎င်း၏ ဝိညာဉ်နှင့် နတ်ဘုရားအခွင့်အာဏာကို ဖျက်ဆီးပစ်ခဲ့သည်။

၎င်းက သေဆုံးသွားပြီ ဖြစ်သည်။

လွန်ခဲ့သော တစ်လတွင် ၎င်းက လျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံသူတစ်ယောက်၏ အလစ်လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသည်။

အကယ်၍ ရွှီချင်းသာ ဤနေရာမှာ ရှိနေပြီး ထိုမြင်ကွင်းကို မြင်သွားမည်ဆိုလျှင် ယင်းသည် ဘယ်တောင်ပံစစ်ပွဲဇုန်မှ အလယ်ပိုင်းဒေသကြီးက အသားကြိတ်ဆုံဖြစ်လာပြီး လူအများအပြား၏ စိတ်အာရုံကို ဆွဲဆောင်ရန် သွေးမီးအိမ်အဖြစ် ပြောင်းလဲသွားရသည့် အကြောင်းအရင်းဖြစ်နိုင်ကြောင်း သေချာပေါက် သူနားလည်သွားလိမ့်မည်။ ထို့ပြင် ယင်းက စစ်ပွဲဇုန်တစ်ခုလုံး ငါးစာဖြစ်လာရသည့် အကြောင်းအရင်း ဖြစ်သည်။

ဘယ်တောင်ပံစစ်ပွဲဇုန်ထဲမှ ကျင့်ကြံသူများကို ငါးစာဖြစ်စေပြီး သွေးမီးအိမ်ကို အကာအရံအဖြစ် အသုံးချကာ လျှို့ဝှက်လုပ်ကြံသတ်ဖြတ်ခြင်းကို ဆောင်ရွက်စေသည်။

ရှင်းလင်းစွာပင် ထိုလုပ်ကြံသတ်ဖြတ်ခြင်းက အောင်မြင်သွားခဲ့သည်။

သို့သော်လည်း တစ်ချိန်တည်းမှာ အကယ်၍ ရွှီချင်းသာ ဤနေရာမှာ ရှိမည်ဆိုလျှင် ကျင့်ကြံသူများဘက်မှ အစီအစဉ်ကို သူနားလည်သွားသည့်အခါ သေချာပေါက် သံသယဖြစ်မိလိမ့်မည်။

အစီအစဉ် အောင်မြင်သွားသည်ဆိုလျှင် အဘယ်ကြောင့် အသားကြိတ်ဆုံက ဘယ်တောင်ပံစစ်ပွဲဇုန်ထဲမှာ ဆက်ပြီး ရှိနေရသေးသနည်း။

ဖြစ်နိုင်သည်မှာ နတ်ဘုရားများဘက်မှ ညာတောင်ပံစစ်ပွဲဇုန်၏ တပ်မှူးကို လုပ်ကြံသတ်ဖြတ်ခြင်းက ကျင့်ကြံသူများဘက်မှ အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်သည်။

အကယ်၍ ထိုအတိုင်း မှန်ကန်မည်ဆိုလျှင် ကျင့်ကြံသူများဘက်မှ တကယ့်အစီအစဉ်က သေချာပေါက် အံ့ဩဖွယ်ကောင်းရလိမ့်မည်။

ဤအခိုက်အတန့်မှာ ခေါင်းတလား၏ ဘေးပတ်ဝန်းကျင်မှ ဗလာဟင်းလင်းပြင်ထဲတွင် အဖြူရောင်မီးရောင်အောက်၌ အလွန်အားကောင်းသော နတ်ဘုရားအရှိန်အဝါများက အပြင်သို့ ပျံ့လွင့်လာကြသည်။ ထို့နောက် နတ်ဘုရားများက ဟင်းလင်းပြင်ထဲမှ ဖြည်းဖြည်းချင်း ထွက်လျှောက်လာကြသည်။

နတ်ဘုရားတစ်ပါးစီက မျှော်စင်ကြီးသဖွယ် ရှည်လျားကြပြီး အံ့ဖွယ်ကောင်းသော နတ်ဘုရားအစွမ်းကို ထုတ်လွှတ်နေကြသည်။ ၎င်းတို့က ညာတောင်ပံစစ်ပွဲဇုန်ထဲမှ အစွမ်းထက် အစစ်အမှန်နတ်ဘုရားများ ဖြစ်ကြသည်။

အစစ်အမှန်နတ်ဘုရားများသည် ဟင်းလင်းပြင်ထဲမှ ထွက်လျှောက်လာသည်နှင့်ချက်ချင်း ခေါင်းတလား၏ ဘေးပတ်ပတ်လည်မှာ စက်ဝိုင်းသဏ္ဍာန် လှည့်ပတ်လိုက်ကြပြီး မတ်တတ်ရပ်လိုက်ကြသည်။

ထို့နောက် ၎င်းတို့အားလုံးက အပေါ်မှ ကြယ်တာရာကောင်းကင်ထံသို့ တစ်ပြိုင်နက် ဦးညွတ်လိုက်ကြသည်။

၎င်းတို့၏ အရိုအသေပေးမှုအောက်မှာ ဝုန်းခနဲ မြည်သံက ကြယ်တာရာကောင်းကင်ထဲမှာ ရုတ်တရက် ပဲ့တင်ထပ်သွားသည်။ ထို့နောက် အလွန်ရှည်လျားသော အက်ကွဲကြောင်းတစ်ခုက ဟင်းလင်းပြင်ထဲမှာ ထွက်ပေါ်လာသည်။ ဤသည်မှာ ပြိုင်ဘက်ကင်း အင်အားတစ်ခုက အတွင်းဘက်မှတဆင့် ဟင်းလင်းပြင်ကို အတင်းအဓမ္မ ဆုတ်ဖြဲပစ်နေသည့်အလားပင်။

နတ်ဘုရားအလင်းက အက်ကွဲကြောင်းထဲမှ ပျံ့ပွားထွက်လာပြီး အရပ်မျက်နှာအဘက်ဘက်တွင် ပြန့်ကျဲသွားသည်။

အကယ်၍ တစ်စုံတစ်ယောက်က သေချာအာရုံစိုက်ကြည့်မည်ဆိုလျှင် ထိုနတ်ဘုရားအလင်းထဲမှာ လွန်စွာခမ်းနားထည်ဝါသော နတ်ဘုရားတိုင်းပြည်တစ်ခု တည်ရှိနေကြောင်း မြင်ရလိမ့်မည်။ နတ်ဘုရားတိုင်းပြည်က အကန့်အသတ်မဲ့စွာ ကျယ်ပြောသော စကြာဝဠာတစ်ခုဖြစ်ပြီး မရေမတွက်နိုင်သော နတ်ဘုရားများက ထိုနေရာမှာ စုစည်းရှိနေကြသည်။

ဤအခိုက်အတန့်မှာ ၎င်းတို့အားလုံးက ဦးညွတ်ထားကြသည်။

နတ်ဘုရားတိုင်းပြည်ထဲမှ နတ်ဘုရားများနှင့် အပြင်ဘက်မှ အစစ်အမှန်နတ်ဘုရားများ၏ ဦးညွတ်မှုအောက်မှာ ကြော့ရှင်းတင့်တယ်သော အပြာရောင်ပုံရိပ်တစ်ခုက နတ်ဘုရားအလင်းထဲမှ ဖြည်းညင်းစွာ ထွက်ပေါ်လာပြီး အပြင်သို့ တစ်လှမ်းချင်း လျှောက်လာသည်။

ထိုပုံရိပ်၏ အသွင်သဏ္ဍာန်က ဝေဝါးနေလေရာ ၎င်းကို တိုက်ရိုက် မော့မကြည့်နိုင်ဟန် ရ၏။

၎င်းက ခမ်းနားထည်ဝါသော တော်ဝင်ဝတ်စုံရှည်ကို ဝတ်ဆင်ထားစဉ် အမှတ်လေးကြယ်တာရာစက်ဝန်း၏ မရေမတွက်နိုင်သော ကြယ်ပင်လယ်များထံမှ အပြာရောင်အလင်းက ၎င်း၏ အနောက်မှာ ရောင်ခြည်စက်ဝန်းတစ်ခုပမာ စုဝေးသွားသည်။ ၎င်း၏ ဦးခေါင်းထက်တွင်တော့ ကျောက်မျက်ရတနာအမျိုးမျိုးဖြင့် စီခြယ်ထားသော ဖီးနစ်သရဖူကို ဆောင်းထားသည်။

သရဖူထဲ၌ ဖီးနစ်အထီးတစ်ကောင်က ဝမ်းနည်းဖွယ်ကောင်းစွာ အော်ကြွေးနေစဉ် ဖီးနစ်အမက နာကျင်စွာ ညည်းညူနေသည်။ သရဖူ၏ ဘေးပတ်ပတ်လည်၌ တန်ဆာဆင်ထားသော ပုလဲများသည်တော့…

အကယ်၍ အနီးကပ်သေချာကြည့်မည်ဆိုလျှင် ထိုပုလဲများက မျက်လုံးများဖြစ်ကြောင်း မြင်တွေ့ရလိမ့်မည်။

မျက်လုံးတစ်လုံးစီက နတ်ဘုရားမျိုးနွယ်စုတစ်ခု၏ အလှပဆုံး နတ်ဘုရားထံမှ ဆင်းသက်လာခြင်း ဖြစ်သည်။

ဤအခိုက်အတန့်မှာ မျက်လုံးအားလုံးက မျက်တောင်တဖျပ်ဖျပ်ခတ်နေပြီး တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်နေကြသည်။

ယင်းက ချောက်ချားဖွယ်ကောင်းသော်လည်း အလွန်လှပဆဲပင်။

ထိုအချက်အားလုံးကို ကြည့်ခြင်းအားဖြင့် ဤနတ်သမီးက မည်မျှအဆင့်အတန်းမြင့်မားကြောင်း မည်သူမဆို စိတ်ကူးကြည့်နိုင်ပေသည်။

အမှန်တကယ်ပင် ထိုအတိုင်း ဖြစ်၏။

၎င်း၏ ကြော့ရှင်းတင့်တယ်သော ပုံရိပ်က ဟင်းလင်းပြင်အက်ကွဲကြောင်းထဲမှ ထွက်လျှောက်လာသည်နှင့်ချက်ချင်း ခေါင်းတလား၏ ဘေးမှ အစစ်အမှန်နတ်ဘုရားအားလုံးက ပြိုင်တူ ဒူးထောက်လိုက်ကြသည်။

“ ကြယ်တာရာမျက်လုံးလူအန် ”

၎င်း၏ နတ်ဘုရားအသံက ဟင်းလင်းပြင်တစ်လျှောက် ပဲ့တင်ထပ်သွားပြီး ကြယ်တာရာကောင်းကင်ကို ပရမ်းပတာ လှိုင်းထသွားစေသည်။ အမှန်မှာ အမှတ်လေးကြယ်တာရာစက်ဝန်းထဲမှ နိယာမများနှင့် ဥပဒေသများသည်ပင် ဤအခိုက်အတန့်မှာ ထိုနတ်သမီးပေါ်သို့ ချစ်ခင်ကြင်နာစွာ လွှမ်းခြုံလိုက်ကြသည်။

အဘယ့်ကြောင့်ဆိုသော် ၎င်းက အမှတ်လေးကြယ်တာရာစက်ဝန်းထဲ၌ မကြာသေးခင်ကမှ ပေါ်ထွန်းလာခဲ့သော နတ်ဧကရာဇ်အသစ်၏ တစ်ဦးတည်းသော မျိုးဆက်ဖြစ်သောကြောင့် ဖြစ်သည်။

နတ်ဘုရားများသည် နတ်ဘုရားအရှင်သခင်ကို နတ်ဧကရာဇ်ဟု ခေါ်ဆိုကြသည်။

၎င်း၏ ခမည်းတော်က အမှတ်လေးနှင့် အမှတ်ငါးကြယ်တာရာစက်ဝန်းကြားမှ စစ်ပွဲကို ဦးစီးနေသော အထွတ်အမြတ်ပုဂ္ဂိုလ် ဖြစ်သည်။ ၎င်းက အင်မော်တယ်အရှင်သခင်ကျန်းလူနှင့် အရှိန်အဟုန်ချင်း အားပြိုင်နေသူလည်း ဖြစ်သည်။

အစက ၎င်းသည် ဤနေရာမှာ ထွက်ပေါ်လာရန် မလိုချေ။

ယခု ၎င်းထွက်ပေါ်လာရသည့် အကြောင်းအရင်းမှာ အထူးတာဝန်ကို ထမ်းဆောင်နေသော ညာတောင်ပံစစ်ပွဲဇုန်မှ တပ်မှူးက တာဝန်မပြီးဆုံးဘဲ ရုတ်တရက် သေဆုံးသွားသောကြောင့် ဖြစ်သည်။

သို့ဖြစ်၍ ၎င်းက ဤနေရာသို့ မဖြစ်မနေ ဆင်းသက်လာရခြင်း ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ၎င်း၏ နတ်ဘုရားတော်ဝင်မိသားစုမှ မျိုးဆက်သွေးက ကျဆုံးသွားသော တပ်မှူး၏ ပြန်ရှင်သန်မှုကို အရှိန်မြှင့်တင်ပေးနိုင်သောကြောင့် ဖြစ်သည်။

၎င်း၏ မျိုးဆက်သွေး နတ်ဘုရားအခွင့်အာဏာဖြင့်ဆိုလျှင် ၎င်းခမည်းတော်၏ လက်အောက်မှ အစစ်အမှန်နတ်ဘုရားအားလုံး၏ ပြန်ရှင်သန်ရန် လိုအပ်သော ကြာချိန်က သိသိသာသာ တိုတောင်းသွားလိမ့်မည်။ ယင်းက အများဆုံး လအနည်းငယ်မျှသာ ကြာမြင့်လိမ့်မည်။

ထိုအတွက် တန်ကြေးတစ်ခုကို ပေးဆပ်ရလိမ့်မည်ဖြစ်သော်လည်း ယင်းက ၎င်းလက်မခံနိုင်သောအရာ မဟုတ်ပေ။

ယခု ၎င်းက ဤနေရာသို့ ရောက်လာမှတော့ ထုံးစံအားဖြင့် ၎င်းဆီမှာ တာဝန်တစ်ခု ပါရှိလာသည်။

၎င်း၏ တာဝန်က ဤနေရာမှာ ဆက်လက် နေထိုင်ပြီး ကျဆုံးသွားသော အစစ်အမှန်နတ်ဘုရားများ၏ ပြန်ရှင်သန်မှုကို အရှိန်မြှင့်တင်ပေးရန် ဖြစ်သည်။

ယနေ့က ၎င်းအတွက် ပထမဆုံး တာဝန်ထမ်းဆောင်သည့်နေ့ ဖြစ်သည်။

…..

နတ်ဘုရားအရှင်သခင်၏ သမီးတော်က အမှတ်လေးကြယ်တာရာစက်ဝန်းထဲသို့ ဆင်းသက်လာသည်နှင့်တစ်ပြိုင်နက်…

ကျင့်ကြံသူများဘက်မှ ဘယ်တောင်ပံစစ်ပွဲဇုန်၏ ရှေ့တန်းစစ်မြေပြင်တစ်နေရာတွင် အလောင်းများထံမှ မူလအနှစ်သာရကို ရိတ်သိမ်းနေသော ရွှီချင်း၏ လှုပ်ရှားမှုများက ရုတ်ချည်း ရပ်တန့်သွားသည်။

သူက မသိစိတ်မှ ခေါင်းလှည့်လိုက်ပြီး အမှတ်လေးကြယ်တာရာစက်ဝန်း၏ ဦးတည်ရာဆီသို့ ကြည့်လိုက်သည်။

သူက မျက်မှောင်ကြုတ်လိုက်သည်။

“ အဲ့ဒီမှာ… ”

ရွှီချင်းက နက်နဲစွာ တွေးတောလိုက်သည်။

အစောနက သူသည် ဖော်မပြနိုင်သော အကြောင်းအရင်းတချို့ကြောင့် သူ၏ နှလုံးသားနှင့် ဝိညာဉ်ထဲမှာ ထူးဆန်းသော ခံစားမှုတစ်ခု ထွက်ပေါ်လာသည်ကို ခံစားမိခဲ့သည်။

ယင်းက တုန်လှုပ်ချောက်ချားခြင်းနှင့် ဆင်တူသော်လည်း ကြိုတင်အာရုံရခြင်းဟု ဆိုလျှင် ပိုပြီးမှန်လိမ့်မည်။

ဤသည်မှာ သူကြိုသိထားပြီးနှင့်သော အဖြစ်အပျက်တစ်ခုက မရပ်တန့်နိုင်သော အရှိန်အဟုန်ဖြင့် ချဉ်းကပ်လာနေသည့်အလားပင်။

All Chapters