← Chapters

အင်မော်တယ်အရှင်သခင်ကျန်းလူ… မင်းငါ့ကို မလိမ်ခဲ့ဘူး(ခ)

Vol. 113 Ch. 1724

အင်မော်တယ်အရှင်သခင်ကျန်းလူ… မင်းငါ့ကို မလိမ်ခဲ့ဘူး(ခ)

Vol. 113 Ch. 1724

အရှေ့ဆုံးမှ ဦးဆောင်လာသူသည် အေးစက်စက် မျက်နှာထားနှင့် သက်လတ်ပိုင်းအမျိုးသားတစ်ဦး ဖြစ်သည်။ သူက အင်မော်တယ်အရှင်သခင်ကျန်းလူ၏ တပည့်ကြီးဖြစ်သည်။

သူက ကျင့်ကြံသူများဘက်မှ ဘယ်တောင်ပံစစ်ပွဲဇုန်၏ တပ်မှူးဖြစ်ပြီး အမှတ်ငါးကြယ်တာရာစက်ဝန်းထဲမှ လူများက သူ့ကို အသံတိတ်တာအို အင်မော်တယ်ဦးသျှောင်ဟု ခေါ်ကြသည်။

သူက အသားကြိတ်ဆုံအဖြစ် ပြောင်းလဲသွားသော ဘယ်တောင်ပံစစ်ပွဲဇုန်မှတဆင့် ဤနေရာသို့ သူ၏ တပ်မတော်နှင့်အတူ တည်နေရာပြောင်းရွှေ့လာခဲ့သည်။

သူထွက်ပေါ်လာသည့်အခိုက် အလွန်ကြောက်စရာကောင်းသော အန္တရာယ်အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။ သူ၏ မျက်လုံးထဲမှ အေးစက်မှုက စကြာဝဠာတစ်ခုလုံးကို အေးခဲသွားစေဟန် ရ၏။ ထို့နောက် သူက နတ်သမီးဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။

နတ်ဘုရားများဘက်က ချက်ချင်း ဖရိုဖရဲဖြစ်သွားသည်။

ကြည့်ရသည်မှာ ယင်းက အင်မော်တယ်အရှင်သခင်ကျန်းလူ၏ အစီအစဉ်ဖြစ်ပုံရ၏။ သူက ဘယ်တောင်ပံစစ်ပွဲဇုန်ကို သွေးနီရောင်မီးအိမ်အဖြစ် ပြောင်းလဲစေပြီး စိတ်အာရုံအားလုံးကို သွေးဆောင်ခဲ့သည်။ ထို့နောက် သူက သွေးနီရောင်မီးအိမ်ကို အကာအရံအဖြစ် အသုံးချကာ နတ်ဘုရားများဘက်မှ တပ်မှူးကို လျှို့ဝှက်လုပ်ကြံသတ်ဖြတ်စေသည်။ ယင်းက နောက်ဆုံးမှာ နတ်သမီးကို ဤနေရာသို့ မျှားခေါ်ထုတ်နိုင်စေခဲ့သည်။

…..

သူ၏ ရည်ရွယ်ချက်က အစကတည်းက နတ်သမီးဖြစ်ဟန် ရ၏။

အဘယ့်ကြောင့်ဆိုသော် ကြယ်တာရာမျက်လုံးလူအန်သည် အင်မော်တယ်အရှင်သခင်ကျန်းလူနှင့် တိုက်ခိုက်နေသော နတ်ဘုရားအရှင်သခင်၏ တစ်ဦးတည်းသော မျိုးဆက်ဖြစ်သောကြောင့် ဖြစ်သည်။

၎င်းက ၎င်းခမည်းတော်၏ မျိုးဆက်သွေး နတ်ဘုရားအခွင့်အာဏာကိုလည်း ဆက်ခံထားသည်။ ထို့ကြောင့် အကယ်၍ ထိုနတ်သမီးကိုသာ သူတို့နှိမ်နင်းနိုင်မည်ဆိုလျှင် အင်မော်တယ်အရှင်သခင်ကျန်းလူသည် အရှိန်အဟုန်ချင်း အားပြိုင်မှုမှာ နတ်ဘုရားအရှင်သခင်ကို အသာစီးရရန် ပိုပြီးအခွင့်အရေးများသွားလိမ့်မည်။

သို့ဖြစ်၍ ယခင်တိုက်ပွဲများထက် အဆပေါင်းများစွာ ပိုကြီးမားသော တိုက်ပွဲက မည်သည့်သတိပေးချက်မှမရှိဘဲ ဤနေရာမှာ ရုတ်ချည်း ဖြစ်ပွားလာသည်။

ဤတိုက်ပွဲမှာ အစစ်အမှန်နတ်ဘုရားတစ်ရာကျော်၊ အင်မော်တယ်ကျင့်ကြံသူအမြောက်အများနှင့် မရေမတွက်နိုင်သော စစ်သည်တော်များ ပါဝင်ကြသည်။

ဤအခိုက်အတန့်မှာ အလွန်ကြီးမားသော စစ်ပွဲက စတင်လာသည်။

အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းက အကန့်အသတ်မဲ့စွာ ထွက်ပေါ်လာသည်။ ကျယ်လောင်သော ပေါက်ကွဲသံများနှင့် ဒေါသတကြီး ဟိန်းသံများက စကြာဝဠာတစ်ခွင်သို့ ပဲ့တင်ထပ်သွားသည်။

ကျင့်ကြံသူများဘက်မှ ရုတ်တရက် ဝင်ရောက်စီးနင်းခြင်းသည် နတ်ဘုရား၏ ဝမ်းဗိုက်တည့်တည့်ကို ထက်ရှသော ဓားဖြင့် ထိုးစိုက်လိုက်သည့်အလားပင်။ ဤတိုက်ခိုက်မှုက နတ်ဘုရားများဘက်မှ ညာတောင်ပံစစ်ပွဲဇုန်၏ အဓိကနှလုံးသားကို ထိုးနှက်လိုက်ခြင်း ဖြစ်သည်။

သို့သော် အသံတိတ်တာအို အင်မော်တယ်ဦးသျှောင်က မြန်ဆန်စွာ ချဉ်းကပ်လာနေသော်လည်း ခေါင်းတလားပေါ်မှ နတ်သမီးသည်တော့ မတုန်မလှုပ် ဆက်ရှိနေဆဲပင်။

၎င်းက ကြီးကြီးမားမား အမူအရာပြောင်းလဲသွားခြင်းမရှိဘဲ တပ်မှူး၏ အစစ်အမှန်နာမည်ကို ဆက်လက် ရေရွတ်နေသည်။

နောက်အခိုက်အတန့်မှာ စစ်မြေပြင်က အံ့ဖွယ်ကောင်းစွာ ထပ်မံ ပြောင်းလဲသွားသည်။

ဘုရားကျောင်းများ၊ ကြယ်ဂြိုလ်ရုပ်တုများနှင့် တိတ်ဆိတ်ငြိမ်သက်နေသော ကြယ်တာရာမြစ်က ရုတ်တရက် ဖောင်းကြွလာကြပြီး အသက်ဝင်လာကြသည်။ ရွှေရောင်အလင်းတန်းများက စစ်မြေပြင်၏ နေရာတိုင်းမှ မြှောက်တတ်လာကြပြီး သာမန်ကျင့်ကြံသူများ နားမလည်နိုင်သော ကြောက်မက်ဖွယ်အစွမ်းကို ထုတ်လွှတ်လိုက်သည်။

ကြယ်တာရာကောင်းကင်က အက်ကွဲသွားပြီး ဟင်းလင်းပြင်က ပြိုကွဲသွားသည်။ ဤသည်မှာ ဤပိုင်နက်ကို ဖုံးအုပ်ထားသော အကာအကွယ်အလွှာက အကြမ်းပတမ်း ဆုတ်ဖြဲခံလိုက်ရသည့်အလားပင်။

ဤအခိုက်အတန့်မှာ အရွယ်အစား အလွန်ကျယ်ပြောသော နတ်ဘုရားစည်းချအစီအရင်များက မရေမတွက်နိုင်အောင် ထွက်ပေါ်လာကြသည်။ ယင်းတို့က စစ်မြေပြင်ပေါ်မှာ တိုက်ရိုက် ထွက်ပေါ်လာကြသည်။

ထိုမဟာနတ်ဘုရားစည်းချအစီအရင်များသည် အရေအတွက်အားဖြင့် တစ်သန်းထက်မနည်းပေ။ ဤအခိုက်အတန့်မှာ ယင်းတို့အားလုံးက တစ်ချိန်တည်းတစ်ပြိုင်တည်း အသက်ဝင်လာကြပြီး အကန့်အသတ်မဲ့စွမ်းအားကို ထုတ်လွှတ်လိုက်ကြသည်။

စည်းချအစီအရင်တစ်ခုစီက ထိတ်လန့်ဖွယ်ကောင်းသော နတ်ဘုရားစွမ်းအင်ကို တစ်ဟုန်ထိုး ထုတ်လွှတ်လိုက်ကြသည်။ ယင်းက ဒြပ်နှောများကို စစ်မြေပြင်တစ်လျှောက် ပြည့်နှက်သွားစေသည်။ ကျင့်ကြံသူများသည်တော့ လုံးဝသတိလက်လွတ်ဖြစ်သွားကြသည်။

ဒြပ်နှောများ၏ ရုတ်တရက် သိပ်သည်းလာမှုကြောင့် သူတို့က ချက်ချင်း ဖိနှိပ်ခံလိုက်ကြရသည်။ သူတို့၏ ဝိညာဉ်က တုန်ယင်သွားပြီး သွေးက သူတို့၏ ပါးစပ်ထဲမှ အန်ထွက်လာသည်။ သူတို့၏ ဝိညာဉ်က အပိုင်းပိုင်း ဆုတ်ဖြဲခံနေရသည်ဟု သူတို့ခံစားမိသွားကြသည်။ သူတို့၏ ရုပ်ခန္ဓာကိုယ်က ထိုဖိအားအောက်မှာ အကြမ်းပတမ်း ထိခိုက်ပျက်စီးလာသည်။

ဆန့်ကျင်ဘက်အနေဖြင့် နတ်ဘုရားများက ဒြပ်နှောများ၏ သိပ်သည်းမှုကြောင့် ချက်ချင်း အစွမ်းမြင့်တတ်သွားကြသည်။ ၎င်းတို့၏ တိုက်ပွဲစွမ်းအားက နတ်ဘုရားစည်းချအစီအရင်များကြောင့် သိသိသာသာ တိုးမြှင့်သွားသည်။

ကွာခြားချက်က အလွန်ကြီးမားလေရာ သေကြေပျက်စီးမှုများက ပိုမိုများပြားလာသည်။

အရေအတွက်သန်းချီသော နတ်ဘုရားစည်းချအစီအရင်များ၏ အဓိကအမြူတေသည် ကျဆုံးသွားသော တပ်မှူးဖြစ်သည်။ သို့ဖြစ်၍ တပ်မှူး၏ ပြန်ရှင်သန်လာမှုက စည်းချအစီအရင်များ၏ စွမ်းအားကို အချိန်နှင့်အမျှ မြင့်တတ်သွားစေသည်။

သံသယဖြစ်စရာမလို ယင်းက ထောင်ချောက်တစ်ခု ဖြစ်သည်။

အင်မော်တယ်အရှင်သခင်ကျန်းလူက နတ်ဘုရားအရှင်သခင်အတွက် ကစားကွက်ရွှေ့ခဲ့သလို နတ်ဘုရားအရှင်သခင်သည်လည်း ၎င်း၏ သမီးတော်ကို ငါးစာအဖြစ် အသုံးပြု၍ အင်မော်တယ်အရှင်သခင်ကို တန်ပြန်ကစားကွက်ရွှေ့ခဲ့သည်။

ယခု နှစ်ဖက်စလုံးက သူတို့၏ စစ်တုရင်အရုပ်များကို ကစားခုံပေါ်သို့ နေရာချလိုက်ကြပြီ ဖြစ်သည်။ သို့ဖြစ်၍ စစ်တုရင်အရုပ်များက ထိပ်တိုက် တွေ့ဆုံသွားကြသည်။

စစ်မြေပြင်က စက္ကန့်ပိုင်းလေးအတွင်းမှာ ပိုပြီးပြင်းထန်လာသည်။

နတ်သမီး၏ အမူအရာက အေးဆေးတည်ငြိမ်နေဆဲပင်။

၎င်းထံသို့ မြန်ဆန်စွာ ချဉ်းကပ်လာနေသော အသံတိတ်တာအို အင်မော်တယ်ဦးသျှောင်သည် စည်းချအစီအရင်များ၏ ပေါ်ထွက်လာမှုကြောင့် ရုတ်ချည်း အပြင်ဘက်တွင် တားဆီးခံလိုက်ရသည်။

နတ်သမီး၏ ဘေးပတ်ပတ်လည်တွင် အစစ်အမှန်နတ်ဘုရားသုံးပါးက ဝေဝါးနေသော ဟင်းလင်းပြင်ထဲမှ ထွက်လျှောက်လာကြသည်။ ၎င်းတို့က နတ်သမီး၏ ဘေးပတ်ပတ်လည်သို့ အေးစက်စက် စိုက်ကြည့်လိုက်ကြသည်။

နတ်သမီးက လှောင်ရယ်လိုက်ပြီး စစ်မြေပြင်ကို နောက်ထပ် အာရုံမစိုက်တော့ပေ။ ၎င်းက မျက်လုံးမှိတ်လိုက်ပြီး တပ်မှူး၏ အစစ်အမှန်နာမည်ကို ဆက်လက် ရေရွတ်လိုက်သည်။ ၎င်း၏ နတ်ဘုရားအသံက ပိုပြီးသိမ်မွေ့နူးညံ့လာသည်။

ဤတိုက်ပွဲတွင် ၎င်းက ညာတောင်ပံစစ်ပွဲဇုန်မှ တပ်မှူး၏ ပြန်ရောက်လာမှုကို အောင်မြင်စွာ လမ်းပြပေးနိုင်သရွေ့ နတ်ဘုရားစည်းချအစီအရင်များက ပိုပြီးအစွမ်းတိုးမြှင့်သွားလိမ့်မည်။ ထိုအခါကျလျှင် ကျင့်ကြံသူများက ပိုပြီးအထိနာသွားကြလိမ့်မည်။

ထို့ပြင် တပ်မှူးနိုးလာသည့်အခါကျလျှင် နတ်ဘုရားများက ဤတိုက်ပွဲမှာ သေချာပေါက် အနိုင်ရရှိသွားကြလိမ့်မည်။

သို့ဖြစ်၍ ၎င်းက ညာတောင်ပံစစ်ပွဲဇုန်မှ တပ်မှူး၏ အစစ်အမှန်နာမည်အား ရွတ်ဆိုခြင်းကို လုံးဝ မရပ်တန့်ခဲ့ပေ။ ၎င်းက ညာလက်ကို မြှောက်လိုက်ပြီး ၎င်း၏ နဖူးဆီသို့ လက်ညှိုးညွှန်လိုက်သည်။ ချက်ချင်းဆိုသလို ၎င်း၏ ခန္ဓာကိုယ်က အပြင်းအထန် တုန်ယင်သွားသည်။

၎င်း၏ အရေပြားက ညှိုးခြောက်သွားပြီး ၎င်း၏ အသက်ဓာတ်က တအိအိလှုပ်ခတ်သွားသည်။ ၎င်း၏ မျိုးဆက်သွေးက စတင်လောင်ကျွမ်းလာသည်။

၎င်းက အစစ်အမှန်နတ်ဘုရား၏ ပြန်ရှင်သန်မှုကို အရှိန်မြှင့်တင်ရန်အလို့ငှာ မည်သည့်တန်ကြေးကိုမဆို ပေးဆပ်လိုက်လေသည်။

ထိုအတွက် ၎င်းက အစစ်အမှန်နတ်ဘုရားအဆင့်မှ ယာယီနိမ့်ကျသွားမည်ဖြစ်သော်လည်း ယင်းက အစစ်အမှန်နတ်ဘုရား၏ ပြန်ရှင်သန်မှုကို သိသာစွာ အရှိန်မြှင့်တင်ပေးနိုင်သည်။

သို့ဖြစ်၍ ၎င်းအောက်မှ ခေါင်းတလားထဲရှိ တပ်မှူး၏ အလောင်းက ပိုပြီးအားကောင်းသော နတ်ဘုရားအရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။ နတ်ဘုရားစွမ်းအင်က တစ်ဟုန်ထိုး မြှောက်တတ်လာပြီး အလွန်သိပ်သည်းလာသည်။

ဆန့်ကျင်ဘက်အနေဖြင့် ကျင့်ကြံသူများဘက်က ပိုပြီးဆိုးဝါးသော ဘေးအန္တရာယ်ဖြင့် တွေ့ကြုံသွားသည်။

ထိုစဉ် အသံတိတ်တာအို အင်မော်တယ်ဦးသျှောင်က မျက်လုံးမှေးကျဉ်းလိုက်ပြီး စိတ်ဓာတ်ပြတ်သားမှုကို ထုတ်ဖော်လိုက်သည်။ သူက အစစ်အမှန်နတ်ဘုရား၏ ပြန်ရှင်သန်မှုကို တားဆီးရန်အလို့ငှာ သူ့အရှေ့မှ အတားအဆီးအလွှာများကို ချိုးဖြတ်ရန် ကြိုးစားလိုက်သည်။

သို့သော်လည်း နတ်ဘုရားစည်းချအစီအရင်များ၏ ခုခံကာကွယ်မှုက အလွန်အားကောင်းသည်။ ထို့ပြင် အစစ်အမှန်နတ်ဘုရားသုံးပါး၏ အထောက်အပံ့အောက်မှာ ယင်းကို အချိန်တိုလေးအတွင်း သူချိုးဖြတ်နိုင်လိမ့်မည် မဟုတ်ချေ။

အချိန်က တရွေ့ရွေ့ ကုန်ဆုံးသွားနေသည်။

ထိုအခိုက်အတန့်မှာ နတ်သမီးက သိသာသော အပြောင်းအလဲတစ်ခုကို စိတ်ဓာတ်ပြတ်သားစွာ လုပ်ဆောင်လိုက်သည်။ ၎င်းက ၎င်း၏ ကျင့်ကြံခြင်းအခြေခံကို တန်ကြေးအဖြစ် အသုံးပြုလိုက်သည့်အပြင် နတ်ဘုရားသွေးကိုလည်း ပါးစပ်အပြည့် အန်ထုတ်လိုက်သည်။ ယင်းက ရွှေရောင်ရှေးဟောင်းချိပ်တံဆိပ်တစ်ခုအဖြစ် အသွင်ပြောင်းလဲသွားပြီး ကြယ်တာရာစက်ဝန်း၏ အရှိန်အဝါကို သယ်ဆောင်လျက် လျှို့ဝှက်ဆန်းကြယ်မှုများကို လှုံ့ဆော်လိုက်သည်။

ထို့နောက် ရွှေရောင်ရှေးဟောင်းချိပ်တံဆိပ်က တပ်မှူး၏ အလောင်းပေါ်မှ ရင်ဘက်ပေါ်သို့ ကျဆင်းသွားသည်။

ချိပ်တံဆိပ်က အလောင်းနှင့် ထိတွေ့သွားသည့်အခိုက် နတ်သမီး၏ အသံက စစ်မြေပြင်တစ်လျှောက် ပဲ့တင်ထပ်သွားသည်။

“ ပြန်လာစေ ”

ထိုအသံ ပဲ့တင်ထပ်သွားသည်နှင့်ချက်ချင်း ကြယ်တာရာကောင်းကင်က အေးခဲသွားပြီး ရက်စက်ကြမ်းကြုတ်သော စိတ်ဆန္ဒက စစ်မြေပြင်ပေါ်မှာ တိတ်တဆိတ် ထွက်ပေါ်လာသည်။ ယင်းက ဘေးပတ်ဝန်းကျင်မှ လူတိုင်းကို ဖုံးလွှမ်းသွားပြီး လေကြမ်းပမာ တိုက်ခတ်သွားသည်။

လေကြမ်းက အရပ်ရှစ်မျက်နှာမှ တိုက်ခတ်လာပြီး ခေါင်းတလားထဲမှ တပ်မှူး၏ အလောင်းပေါ်မှာ စုဝေးသွားသည်။

အလောင်းက ရုတ်တရက် တုန်ယင်သွားသည်။

၎င်း၏ မျက်လုံးက ဖြည်းညင်းစွာ ပွင့်သွားသည်။

၎င်းက ဖြည်းညင်းစွာ ထထိုင်လိုက်သည်။

၎င်း၏ ရှည်လျားသော ဧရာမခန္ဓာကိုယ်က မရေမတွက်နိုင်သော သက်ရှိများကို နှလုံးတုန်သွားစေမည့် ကြောက်မက်ဖွယ်အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။

ပြန်ရှင်သန်မှုက အောင်မြင်သွားသည်။

နတ်ဘုရားစည်းချအစီအရင်တစ်သန်းက တစ်ဟုန်ထိုး အစွမ်းမြင့်တတ်သွားကြပြီး မရေမတွက်နိုင်သော နတ်ဘုရားများက နတ်ဘုရားအသံများကို ထုတ်လွှတ်လိုက်ကြသည်။ စစ်မြေပြင်မှ ဒြပ်နှောများက ပရမ်းပတာ လှုပ်ခတ်သွားပြီး ၎င်းတို့၏ နတ်ဘုရားအစွမ်းက တာအိုကို ကျော်လွန်သွားသည်။

ကျင့်ကြံသူအားလုံးက ထိတ်လန့်သွားကြသည်။

တပ်မှူး၏ ဘေးမှ နတ်သမီးသည်တော့ ဤအခိုက်အတန့်မှာ ၎င်းက မောက်မာထောင်လွှားစွာ မေးမော့လိုက်သည်။ ၎င်း၏ တော်ဝင်မျိုးဆက်သွေး၊ တုနှိုင်းမဲ့သော အဆင့်အတန်းနှင့် တပ်မှူး၏ ပြန်ရှင်သန်လာမှုတွင် ၎င်း၏ အရေးပါသော နေရာကြောင့် ဤအခိုက်တန့်မှာ ၎င်းက လူအများ၏ ကြည်ညိုလေးစားမှုအလယ်သို့ ရောက်ရှိသွားသည်။

၎င်းက မတ်တတ်ရပ်လိုက်ပြီး ပြန်ရှင်သန်လာသော တပ်မှူး၏ အရိုအသေပေးမှုကို ခံယူရန် ပြင်လိုက်သည်။

အရာအားလုံးက နိဂုံးချုပ်သို့ ရောက်ရှိသွားဟန် ရ၏။

သို့သော်လည်း ကျင့်ကြံသူများဘက်က အန္တရာယ်ကပ်ဘေးထဲသို့ ကျရောက်တော့မည့်အချိန် နတ်ဘုရားအရှင်သခင်၏ တည်ရှိမှုထံမှ ဖြစ်ပေါ်လာသော ဒြပ်နှောများက ရုတ်တရက် ပရမ်းပတာ လှုပ်ခတ်သွားပြီး စစ်မြေပြင်တစ်လျှောက် အလွန်မြန်ဆန်စွာ ပျံ့ပွားသွားသည်။

တစ်ချိန်တည်းမှာ အထွတ်အမြတ်စိတ်ဆန္ဒက ဒြပ်နှောထဲမှ ဝေဝါးစွာ ပျံ့လွင့်လာသည်။

“ သူက တပ်မှူးမဟုတ်ဘူး ”

ထိုစိတ်ဆန္ဒ ပျံ့လွင့်သွားသည်နှင့်တစ်ပြိုင်နက် ပြန်ရှင်သန်လာသော တပ်မှူး၏ ခန္ဓာကိုယ်က ရုတ်တရက် လှုပ်ရှားလိုက်သည်။

သူက နတ်သမီး၏ အရှေ့မှာ ချက်ချင်း ထွက်ပေါ်လာပြီး လက်သီးဖြင့် ထိုးလွှတ်လိုက်သည်။

ယင်းက သာမန်လက်သီးထိုးချက်သာ ဖြစ်သော်လည်း သူ့အရှေ့မှ ကြယ်တာရာကောင်းကင်၏ ဧရိယာတစ်စိတ်တစ်ပိုင်းက တိုက်ရိုက် ပြိုကွဲပျက်စီးသွားသည်။ အရှင်သခင်အဆင့်နှင့် လွန်စွာနီးကပ်နေသော ကြောက်မက်ဖွယ်စွမ်းအားက လေကြမ်းသဖွယ် ပျံ့လွင့်သွားပြီး ၎င်း၏ လမ်းကြောင်းအရှေ့မှ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။

နတ်သမီးက အမူအရာပျက်ယွင်းသွားပြီး မျက်မှောင်ကြုတ်လိုက်သည်။ သို့သော်လည်း ၎င်းအတွက် ရှောင်တိမ်းရန် အလွန်နောက်ကျသွားချေ၏။

အစစ်အမှန်နတ်ဘုရားသုံးပါးသည်လည်း အချိန်မီ မတုံ့ပြန်နိုင်ခဲ့ကြပေ။

ထိုအဖြစ်အပျက်က ရုတ်တရက်ဆန်စွာ ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။

လျှပ်တစ်ပြက်အတွင်းမှာ အစစ်အမှန်နတ်ဘုရားသုံးပါး၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်က ဖျက်ဆီးခံလိုက်ရသည်။ ၎င်းတို့က ရိုးရှင်းသော လက်သီးချက်ကြောင့် တိုက်ရိုက် ပေါက်ကွဲသွားကြသည်။

နတ်သမီးသည်ပင် ချက်ချင်း ဝေဝါးသွားသည်။ ၎င်း၏ ရုပ်ခန္ဓာကိုယ်က ရုတ်ချည်း ပျောက်ကွယ်သွားပြီး ထိုနေရာမှာ ရှေးဟောင်းမီးအိမ်တစ်လုံး ဝေဝေဝါးဝါး ထွက်ပေါ်လာသည်။ တစ်ခဏကြာပြီးနောက် မီးအိမ်က ငြိမ်းသတ်သွားပြီး ဗလာနတ္ထိအဖြစ် လွင့်ပြယ်သွားသည်။

“ အသက်အစားထိုးခြင်းနတ်ဘုရားမီးအိမ်လား ”

စစ်မြေပြင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ လူတိုင်းက အံ့ဩထိတ်လန့်ခြင်းနှင့် မယုံကြည်နိုင်ခြင်းကို ခံစားမိသွားကြသည်။

မရေမတွက်နိုင်သော အကြည့်များက လေထဲမှာ မတ်တတ်ရပ်နေသော တပ်မှူးပေါ်သို့ ကျရောက်သွားကြသည်။

ဝုန်းခနဲ မြည်သံများကြားမှာ သူက ဖြည်းညင်းစွာ ခေါင်းမော့လိုက်ပြီး စစ်မြေပြင်ကို ဝေ့ဝိုက်ကြည့်လိုက်သည်။ နတ်ဘုရားများနှင့် ကျင့်ကြံသူများထံမှ မယုံကြည်နိုင်သော အကြည့်နှင့် စိတ်ရှုပ်ထွေးသော အကြည့်အောက်မှာ တပ်မှူးက ရုတ်တရက် ပြုံးလိုက်သည်။

လျှပ်တစ်ပြက်အတွင်းမှာ သူ၏ တစ်ကိုယ်လုံးက အရောင်အဝါတောက်ပလာသည်။

သို့သော်လည်း အရောင်က နတ်ဘုရားများပိုင်ဆိုင်သော ရွှေရောင်မဟုတ်ပေ။

ယင်းအစား ငွေရောင်ဖြစ်သည်။

ငွေရောင်အလင်းက ကြယ်တာရာကောင်းကင်တစ်လျှောက် ပျံ့နှံ့သွားသည်။

တစ်ချိန်တည်းမှာ အက်ရှရှအသံက ပဲ့တင်ထပ်လာသည်။

“ ဒီအဖိုးကြီးက ဝိညာဉ်ကျောက်တုံးအင်မော်တယ်သခင်ပါ ”

ထိုစကားသံ ထွက်ပေါ်လာသည်နှင့်ချက်ချင်း စစ်မြေပြင်တစ်ခုလုံး အုတ်အော်သောင်းတင်း ဖြစ်သွားသည်။

နတ်ဘုရားများက တုန်လှုပ်ချောက်ချားသွားစဉ် ကျင့်ကြံသူများက စိတ်လှုပ်ရှားသွားကြသည်။

ဝိညာဉ်ကျောက်တုံးအင်မော်တယ်သခင်က စကားဆုံးသည်နှင့် လက်မြှောက်လိုက်သည်။ ထိုအခါ သူ့ကို အမြူတေအဖြစ် သတ်မှတ်ထားသော နတ်ဘုရားစည်းချအစီအရင်တစ်သန်းက ချက်ချင်း ပြောင်းပြန်လှည့်ပတ်သွားကြသည်။ ကျင့်ကြံသူများ၏ တိုက်ပွဲစိတ်ဆန္ဒက ကောင်းကင်အထိ ပျံတတ်သွားသည်။

အကယ်၍ ရွှီချင်းသာ ဤနေရာမှာ ရှိနေမည်ဆိုလျှင် ထိုနာမည်က သူနှင့်မစိမ်းကြောင်း နားလည်သွားလိမ့်မည်။

ကမ်းစပ်ကိုးခုကောင်းကင်ဘုံအလွန်၏ အင်မော်တယ်သူရဲကောင်းသုသာန်ထဲမှ ကမ္ဗည်းကျောက်တိုင်များစွာအနက် တစ်ခုပေါ်တွင်…

“ ဘဝက အိမ်မက်… အချိန်က သီချင်းဖြစ်ပြီး ကြယ်တွေ ပင်လယ်တွေက… တဒင်္ဂအိမ်မက်ရဲ့ တစ်စိတ်တစ်ပိုင်းပဲ ဖြစ်တယ် ”

“ ငါက ဝိညာဉ်ကျောက်တုံးအင်မော်တယ်သခင် ဖြစ်တယ်… အစစ်အမှန်နတ်ဘုရားတစ်ပါးကို ငါသတ်ခဲ့ပြီး သူ့ရဲ့ သွေးကို သောက်သုံးခဲ့တယ်… ငါ့ရဲ့ အမှတ်အသားကို သူ့ဆီမှာ ချန်ထားခဲ့တယ်… တကယ်လို့ အနာဂတ်မှာ သူပြန်ရောက်လာတဲ့အခါ အဲ့ဒီလူက သူဖြစ်နေမလား ဒါမှမဟုတ် ငါဖြစ်နေမလား မသိနိုင်ဘူး ”

“ တကယ်လို့ ပြန်ရောက်လာတာက သူဆိုရင် ငါ့ရဲ့ အမှတ်အသားက ရွှေရောင်အလင်းအဖြစ် ပြန့်ကျဲသွားစေ… အနာဂတ်မျိုးဆက်သစ်တွေက ရွှေရောင်အလင်းကို ရှာဖွေပြီး နတ်ဘုရားရဲ့ အကြွင်းအကျန်ကို ဖျက်ဆီးပစ်နိုင်မယ်… တကယ်လို့ ပြန်ရောက်လာတာက ငါဆိုရင် ငွေရောင်အလင်းက ထိန်ထိန်လင်းသွားမယ်… အဲ့ဒီအခါကျရင် နတ်ဘုရားတွေကို နောက်တစ်ကြိမ် ငါသတ်ပစ်နိုင်မယ် ”

…..

စစ်မြေပြင်တွင် အသံတိတ်တာအို အင်မော်တယ်ဦးသျှောင်၏ အမူအရာက တည်ငြိမ်နေသည်။ ဤသည်မှာ ယင်းက သူ့ကို မအံ့ဩစေသည့်အလားပင်။ သူက ဝိညာဉ်ကျောက်တုံးအင်မော်တယ်သခင်ကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ ဒီခန္ဓာကိုယ်က ဘယ်လိုလဲ ”

ဝိညာဉ်ကျောက်တုံးအင်မော်တယ်သခင်က ပြုံးလိုက်သည်။

“ ဒီနတ်ဘုရားက အတိတ်မှာ ငါသတ်ခဲ့တဲ့ နတ်ဘုရားမဟုတ်ပေမဲ့ ဒီတပ်မှူးရဲ့ ခန္ဓာကိုယ်နဲ့ ငါပြန်လာနိုင်ခဲ့တယ်… ဒီတော့ အင်မော်တယ်အရှင်သခင်ကျန်းလူက ငါ့ကို လိမ်မပြောခဲ့ဘူးပဲ ”

All Chapters