← Chapters

အစစ်အမှန်နတ်ဘုရားတစ်ပါးနှင့် တိုက်ခိုက်ခြင်း

Vol. 113 Ch. 1728

အစစ်အမှန်နတ်ဘုရားတစ်ပါးနှင့် တိုက်ခိုက်ခြင်း

Vol. 113 Ch. 1728

ဤသည်မှာ အစစ်အမှန်နတ်ဘုရားတစ်ပါးကို ပထမဆုံးအကြိမ် ရွှီချင်းမြင်ဖူးခြင်း မဟုတ်ပေ။ သို့သော်လည်း ယင်းက သက်ရှိအစစ်အမှန်နတ်ဘုရားတစ်ပါးကို ပထမဆုံးအကြိမ် သူတွေ့ဆုံဖူးခြင်း ဖြစ်သည်။

နာကျင်မှုနတ်ဘုရားဘီမို့က ပြန်ရှင်သန်နေဆဲ အခြေအနေမှာ ဖြစ်၏။ သို့ဖြစ်၍ ၎င်းက အစစ်အမှန်နတ်ဘုရားတစ်ပါးဖြစ်သော်လည်း မပြည့်စုံပေ။

ဥပမာ ဘီမို့ထံတွင် ဘုရားကျောင်း၊ ဘုရားကျောင်းထဲမှ နတ်ဘုရားနှင့် နတ်ဘုရားစွမ်းအင်အမြူတေ မရှိပေ။

“ ဘုရားကျောင်းထဲက နတ်ဘုရားက… ဒီနတ်ဘုရားအိုကြီးရဲ့ အစစ်အမှန်ခန္ဓာကိုယ်ဖြစ်မယ်… သူ့ရဲ့ ခန္ဓာကိုယ်အပေါ်ပိုင်း ကွေးညွတ်နေတာက ဝိညာဉ်ကျောက်တုံးအင်မော်တယ်သခင်ရဲ့ တိုက်ခိုက်မှုကြောင့် ဖြစ်မယ်… ဒီနတ်ဘုရားက… အပြင်းအထန် ဒဏ်ရာရရှိထားတယ် ”

ရွှီချင်းက ရုတ်တရက် အနောက်ဆုတ်သွားရင်း ဘုရားကျောင်းကို ကြည့်လိုက်သည့်အခါ သူ၏ မျက်လုံးက စူးရှတောက်ပလာသည်။

…..

တခြားတတ်လှမ်းသူများသည်လည်း ရွှီချင်းနည်းတူ ဆောင်ရွက်လိုက်ကြသည်။ သူတို့က ကျင့်ကြံခြင်းအခြေခံကို ပြိုင်တူ လှည့်ပတ်လိုက်ကြပြီး ခုခံကာကွယ်ရန် အသင့်ပြင်လိုက်ကြသည်။

ဤအခိုက်အတန့်မှာ ဘုရားကျောင်းက ဝုန်းခနဲ မြည်ဟိန်းသွားသည်။ မျက်စိကျိန်းစပ်လုနီးပါး ထွန်းလင်းသော ရွှေရောင်အလင်းက ယိုယွင်းပျက်စီးနေသော ဘုရားကျောင်းအတွင်းမှ ပျံ့နှံ့ထွက်လာသည်။

ဘုရားကျောင်းက ပြိုကျပျက်စီးလုနီးပါး စုတ်ပြတ်နေသော်လည်း ဘုရားကျောင်းထဲမှ နတ်ဘုရားထံမှ ထုတ်လွှတ်နေသော နတ်ဘုရားအစွမ်းက အလွန်ကျယ်ပြောပြီး အကန့်အသတ်မဲ့သည်။ ယင်းက အဆုံးမဲ့သော ပင်လယ်တစ်စင်းနှင့် ဆင်တူသည်။

နတ်ဘုရားက ဘုရားကျောင်းထဲမှ ထွက်ပေါ်လာသည်နှင့် လွှမ်းမိုးဖိနှိပ်သော နတ်ဘုရားစွမ်းအင်လှိုင်းက မရပ်တန့်နိုင်သော အရှိန်အဟုန်နှင့်အတူ အပြင်သို့ ပျံ့နှံ့သွားသည်။

ထိုနတ်ဘုရားအစွမ်းက မရပ်တန့်နိုင်သော လေမုန်တိုင်းနှင့် ဆင်တူပြီး ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအားကို သယ်ဆောင်ထားသည်။

နတ်ဘုရားအရှိန်အဝါမှ ဖွဲ့စည်းသွားသော လေမုန်တိုင်းက အရပ်ရှစ်မျက်နှာတစ်ခွင် ရိုက်ခတ်သွားပြီး ယင်း၏ လမ်းကြောင်းအရှေ့မှာရှိသော အရာမှန်သမျှကို ဖျက်ဆီးပစ်လိုက်သည်။

ကြယ်တာရာကောင်းကင်က ပုံပျက်တွန့်လိမ်သွားပြီး ဟင်းလင်းပြင်က အက်ကွဲသွားသည်။ ရွှီချင်းနှင့် တခြားလူများက ပြင်းထန်စွာ နှလုံးတုန်ယင်သွားကြသည်။

တုန်လှုပ်ချောက်ချားသော စိတ်ခံစားမှုက သူတို့၏ ပင်ကိုယ်ဗီဇနှင့် ဝိညာဉ်ထဲမှ ထိန်းချုပ်မရအောင် ထွက်ပေါ်လာသည်။ ထို့နောက် ယင်းက ကြောက်ရွံ့မှုမျိုးစေ့များအဖြစ် ပြောင်းလဲသွားပြီး သူတို့၏ အသိစိတ်ထဲမှာ နက်ရှိုင်းစွာ စိုက်ပျိုးခံလိုက်ကြရသည်။

တစ်ချိန်တည်းမှာ နတ်ဘုရားအသံက ပဲ့တင်ထပ်သွားသည်။

“ အကြောက်တရား ”

နတ်ဘုရားအသံက ပဲ့တင်ထပ်သွားသည်နှင့် ကြောက်ရွံ့မှုမျိုးစေ့များက မြန်ဆန်စွာ အပင်ပေါက်လာပြီး အသီးသီးလာကြသည်။ ထိုအခါ အကြောက်တရားက သူတို့၏ ခန္ဓာကိုယ်အနှံ့သို့ ပျံ့နှံ့သွားသည်။

နောက်အခိုက်အတန့်မှာ လူတိုင်းက သွေးအန်လိုက်ကြရသည်။ ထို့ပြင် သန္ဓေပြောင်းလဲတော့မည့် လက္ခဏာများက သူတို့၏ ခန္ဓာကိုယ်ပေါ်မှာ ဖော်ပြလာသည်။

အကြေးခွံများက သူတို့၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာကြပြီး သူတို့၏ လက်မောင်းများက သေးသွယ်လာကြသည်။ သူတို့၏ မျက်နှာက ပုံပျက်တွန့်လိမ်လာပြီး ရှည်လျားသော အစွယ်များက သူတို့၏ ပါးစပ်ထဲမှ ငေါထွက်လာကြသည်။

သူတို့၏ အသွင်သဏ္ဍာန်က ဘုရားကျောင်းထဲမှ နတ်ဘုရား၏ အသွင်သဏ္ဍာန်နှင့် အတင်းအဓမ္မ တူညီသွားသည်။

အကြောက်တရားသစ်သီး စတင်ထွက်ပေါ်လာသည်နှင့် ကြောက်ရွံ့သော စိတ်ခံစားမှုက သူတို့၏ အသိစိတ်ထဲမှာ ဒီရေသဖွယ် ပေါ်လျှိုးလာသည်။

ဤသည်မှာ အကြောက်တရားက သူတို့၏ ဝိညာဉ်ကို တိုက်စားချင်နေသည့်အလားပင်။

အကယ်၍ ထိုအတိုင်းသာ ဖြစ်လာမည်ဆိုလျှင် သူတို့၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်က အစစ်အမှန်နတ်ဘုရား၏ ဖျက်ဆီးခံလိုက်ရခြင်းနှင့် မည်သို့ခြားနားတော့မည်နည်း။

သူတို့၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်က တစ်ဖက်လူ၏ ထိန်းချုပ်မှုအောက်သို့ ကျရောက်သွားလိမ့်မည်။

ထိုအခါကျလျှင် သူတို့က ထိုအစစ်အမှန်နတ်ဘုရားအပေါ် သက်ဝင်ယုံကြည်သူများ ဖြစ်လာကြလိမ့်မည်။

ယင်းက အစစ်အမှန်နတ်ဘုရားတစ်ပါး၏ စွမ်းအား ဖြစ်သည်။

သို့သော်လည်း ၎င်းက ဝိညာဉ်ကျောက်တုံးအင်မော်တယ်သခင်ကြောင့် ဒဏ်ရာအပြင်းအထန် ရရှိထားပြီး ဤနေရာမှ အင်မော်တယ်စွမ်းအင်ကြောင့် ဒဏ်ရာများ ပြန်မကုသနိုင်သေးလေရာ ၎င်း၏ လက်ရှိအခြေအနေက အလွန်ဆိုးဝါးပြင်းထန်သည်။ ၎င်းက အစစ်အမှန်နတ်ဘုရားဟူသော ၎င်း၏ သရုပ်အဆင့်အတန်းကို ထိန်းထားနိုင်ရုံမျှသာ တတ်စွမ်းပေသည်။

အကယ်၍ ရန်သူများက သာမန်ကျင့်ကြံသူများဆိုလျှင် ၎င်းက မည်သည့်အားနည်းချက်မှ မပေါ်လွင်စေဘဲ သူတို့ကို အလွယ်တကူ ဖိနှိပ်ပစ်နိုင်လိမ့်မည်။

သို့သော်လည်း ရွှီချင်း၏ အဖွဲ့က သာမန်မဟုတ်ပေ။

သို့ဖြစ်၍ အစစ်အမှန်နတ်ဘုရားက ၎င်း၏ အစွမ်းကို ထုတ်လွှတ်လိုက်သည်နှင့်ချက်ချင်း ရွှီချင်းနှင့် တခြားလူများက သူတို့၏ ဝှက်ဖဲကတ်များကို အသီးသီးထုတ်သုံးလိုက်ကြသည်။

ခြေလှမ်းဝက်အင်မော်တယ်အဆင့်သို့ တတ်လှမ်းပြီးနှင့်သော လီမုန့်တုထံမှ အဆိပ်ဖြစ်စေ၊ ရှဲလင်းဇီ၏ လက်ထဲမှ ဓားကျိုးဖြစ်စေ၊ သို့မဟုတ် ကျိုးကျန်းလီ၏ လျှို့ဝှက်ဆန်းကြယ်သော မျက်လုံးဖြစ်စေ…

သူတို့က ဝှက်ဖဲကတ်များကို ဤအခိုက်အတန့်မှာ ထုတ်သုံးလိုက်ကြပြီး ခုခံကာကွယ်မှုကို အဆုံးစွန်ထိ ထုတ်လွှတ်လိုက်ကြသည်။

ကြယ်တာရာစက်ဝန်း၊ ယွင်ရှန်းစု၊ ချမ်ကျွမ်းနှင့် ပိုင်ရီသည်လည်း အစွမ်းကုန် ထုတ်လွှတ်လိုက်ကြသည်။

သူတို့အားလုံးက သန္ဓေပြောင်းလဲမှုကို ဖိနှိပ်လိုက်ကြသည်။

ထို့ပြင် ယင်းက သူတို့၏ တိုက်ပွဲအစီအရင်ကို လုံးဝ အနှောင့်အယှက် မဖြစ်စေပေ။ သို့ဖြစ်၍ သူတို့က ရွှီချင်းကို အစီအစဉ်တကျ ဝန်းရံလိုက်ကြသည်။

သူတို့၏ ဝှက်ဖဲကတ်များမှ ဖွဲ့စည်းသွားသော ခုခံကာကွယ်မှုက သူတို့အတွက်ချည်းသာ မဟုတ်ပေ။

ယင်းအစား ခုခံကာကွယ်မှုများက အပြင်သို့ ပျံ့ပွားသွားပြီး လူတိုင်း၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားကြသည်။ ထိုနည်းဖြင့် လူတိုင်း၏ ခုခံကာကွယ်မှုများက အတူတကွ ပေါင်းစည်းသွားကြပြီး သူတို့၏ အလယ်မှ ရွှီချင်းကို အပြည့်အဝ လွှမ်းခြုံသွားသည်။

ဤသည်မှာ ရွှီချင်း၏ ခန္ဓာကိုယ်အပြင်ဘက်၌ အလွန်ခိုင်မာသော အကာအကွယ်အလွှာတစ်ခု ဖွဲ့စည်းနေသည့်အလားပင်။

ယင်းက အကာအကွယ်အလွှာထဲမှာ ရှိနေသော ရွှီချင်းကို ခုခံကာကွယ်မှုအပိုင်းတွင် လုံးဝ စိတ်အေးရစေသည်။ သူလုပ်ရမည့် တစ်ခုတည်းသောအရာမှာ တိုက်ခိုက်ခြင်း ဖြစ်သည်။

ယင်းက လမ်းတစ်လျှောက်တွင် သူတို့တိုင်ပင်ခဲ့သော တိုက်ပွဲနည်းဗျူဟာ ဖြစ်သည်။

ရွှီချင်းက သူတို့အဖွဲ့ထဲမှာ အသန်မာဆုံး ဖြစ်သည်။ သို့ဖြစ်၍ ဤတိုက်ပွဲနည်းဗျူဟာက ရွှီချင်းကို အထောက်အပံ့ပေးရန် ဖြစ်သည်။

နောက်အခိုက်အတန့်မှာ သူတို့၏ ခန္ဓာကိုယ်က အရုပ်ဆိုးအကျည်းတန်စွာ သန္ဓေပြောင်းလဲနေပြီး သူတို့၏ ဝိညာဉ်က အကြောက်တရားဖြင့် တိုက်စားခံနေရသည့်တိုင် သူတို့အားလုံးက အစွမ်းကုန် ထုတ်လွှတ်၍ ခုခံကာကွယ်မှုကို ဆက်လက် ထိန်းထားကြသည်။ တစ်ချိန်တည်းမှာ ရွှီချင်း၏ အင်မော်တယ်သန္ဓေသားလောင်းက မာန်ဖီဟိန်းဟောက်လိုက်သည်။

အင်မော်တယ်သန္ဓေသားလောင်း၏ အရွယ်အစားက လျှပ်တစ်ပြက်အတွင်းမှာ အဆပေါင်းများစွာ ကြီးမားကျယ်ပြောသွားပြီး ၎င်းက ဘေးပတ်ဝန်းကျင်မှ ဟင်းလင်းပြင်နှင့် ကြယ်တာရာကောင်းကင်ကြားမှာ ထီးထီးမားမား ရပ်လိုက်သည်။

အင်မော်တယ်သန္ဓေသားလောင်းထဲ၌ မိုးသောက်အင်မော်တယ်နန်းတော်က ထွန်းလင်းတောက်ပလာသည်။

နောက်အခိုက်အတန့်မှာ အင်မော်တယ်သန္ဓေသားလောင်းက လက်မြှောက်လိုက်ပြီး ဘုရားကျောင်းပေါ်သို့ ရိုက်ချလိုက်သည်။

ကြယ်တာရာကောင်းကင်က ပရမ်းပတာ တုန်ယင်သွားပြီး ဖိအားက ထပ်မံ ပေါ်လျှိုးလာသည်။

အင်မော်တယ်သန္ဓေသားလောင်းထံမှ ဧရာမလက်က ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်နှင့်အတူ ဆင်းသက်လာပြီး ဘုရားကျောင်းဆီသို့ ဦးတည်သွားသည်။ သို့တိုင် ယင်းတို့နှစ်ခု ထိပ်တိုက် တွေ့ဆုံတော့မည့်အချိန် ဘုရားကျောင်းထဲမှ နတ်ဘုရားက နောက်ဆုံးမှာတော့ အပြင်သို့ ရောက်ရှိသွားသည်။

၎င်း၏ အသွင်သဏ္ဍာန်က ပုံပျက်တွန့်လိမ်နေပြီး ၎င်း၏ အပေါ်ပိုင်းခန္ဓာကိုယ်က ပျက်စီးလုနီးပါး အခြေအနေမှာရှိနေသော်လည်း ၎င်းက ချောက်ချားဖွယ်ကောင်းသော ဖိအားကို ထုတ်လွှတ်နေဆဲပင်။ ၎င်း၏ ပုံမှန်မဟုတ်သော ရှည်မျောမျော လက်များက အပေါ်သို့ မြှောက်တတ်သွားပြီး ၎င်း၏ လက်ချောင်းတစ်ချောင်းက အင်မော်တယ်သန္ဓေသားလောင်းထံမှ ကျဆင်းလာနေသော ဧရာမလက်ထံသို့ ညွှန်လိုက်သည်။

အစစ်အမှန်နတ်ဘုရားတစ်ပါး၏ စွမ်းအားက ထပ်မံ ပေါ်လျှိုးလာသည်။

ထိုလှုပ်ရှားမှုကြောင့် ရွှီချင်း၏ အင်မော်တယ်သန္ဓေသားလောင်းက အပြင်းအထန် တုန်ယင်သွားသည်။ ၎င်း၏ အသွင်သဏ္ဍာန်က မြန်ဆန်စွာ ဝေဝါးသွားပြီး ဒြပ်နှောက ၎င်း၏ ကိုယ်တွင်းထဲမှာ ဒလဟော ထွက်ပေါ်လာသည်။ အင်မော်တယ်သန္ဓေသားလောင်းက သာမန်မျက်စိဖြင့် မြင်နိုင်သော အလျင်နှင့်အတူ စတင်ပြိုကွဲသွားသည်။ နောက်ဆုံးမှာတော့ ၎င်း၏ ဧရာမလက်က အောက်သို့ မကျဆင်းလာနိုင်မီ လုံးဝ ပြိုကျပျက်စီးသွားသည်။

တန်ပြန်ဆိုးကျိုးက ရွှီချင်းပေါ်သို့ သက်ရောက်လာသည်။ နာကျင်မှုလှိုင်းနှင့် ကြီးမားသော အဖျက်စွမ်းအားက သူ့ထံမှတဆင့် သူ၏ တစ်ဖွဲ့လုံးပေါ်သို့ ဝေမျှသွားသည်။

သို့ဖြစ်၍ သူတို့အားလုံးက သွေးအန်လိုက်ကြရသည်။ တစ်ချိန်တည်းမှာ သူတို့၏ စွမ်းအင်များက ကမောက်ကမာ ဖြစ်သွားကြသည်။

ရွှီချင်းက သူ၏ အင်မော်တယ်သန္ဓေသားလောင်းကို အသစ်တဖန် ဖွဲ့စည်းလိုက်သည့်အခါ သူ၏ မျက်လုံးက နီရဲသွားသည်။

အစစ်အမှန်နတ်ဘုရားက ခန္ဓာကိုယ် တစ်ချက်လှုပ်ရှားလိုက်ပြီး နေရာမှ ပျောက်ကွယ်သွားသည်။ ၎င်းက ပြန်ပေါ်လာသည့်အခါ လူတိုင်း၏ အရှေ့သို့ ရောက်ရှိသွားနှင့်သည်။ ထို့နောက် ၎င်း၏ သေးသွယ်သော လက်ချောင်းများက အရှေ့သို့ ဆန့်တန်းထွက်လာကြသည်။

အကြောက်တရားက ဒီရေလှိုင်းသဖွယ် ပေါ်လျှိုးလာပြီး သူတို့၏ ခုခံကာကွယ်မှုများကို လွှမ်းမိုးဖိနှိပ်လိုက်သည်။ နတ်ဘုရားထံမှ နတ်ဘုရားအစွမ်းက ပြိုင်ဘက်ကင်းသော အရှိန်အဟုန်၊ မရှောင်တိမ်းနိုင်သော အလျင်နှင့်အတူ ကျဆင်းလာသည်။

ကျယ်လောင်သော ပေါက်ကွဲသံများက ဟင်းလင်းပြင်ထဲမှာ ဆက်တိုက် ပဲ့တင်ထပ်သွားသည်။

ရွှီချင်းနှင့် သူ့အဖွဲ့သားများက မျက်နှာဖြူဖျော့သွားပြီး သွေးအန်လိုက်ကြရသည်။ သူတို့၏ ခန္ဓာကိုယ်က နတ်ဘုရားအစွမ်းအောက်မှာ ညှိုးနွမ်းခြောက်သွေ့လာပြီး သူတို့၏ ဝိညာဉ်က အပြင်းအထန် တိုက်စားခံလိုက်ရသည်။

သူတို့၏ အကာအကွယ်များက စတင်အရည်ပျော်သွားကြသည်။

လီမုန့်တု၏ အဆိပ်မြူခိုးက အမြန်ပါးလွှာသွားသည်။

ကျိုးကျန်းလီ၏ လျှို့ဝှက်ဆန်းကြယ်သော မျက်လုံးထဲတွင် အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေသည်။

ကြယ်တာရာစက်ဝန်း၏ အမိန့်သံကြိုးများက ဆက်တိုက် ပျက်စီးနေသည်။

ချမ်ကျွင်းနှင့် ပိုင်ရီက အော်ဟစ်ညည်းညူလိုက်ကြသည်။

သူတို့ထဲမှ တတ်လှမ်းသူနှစ်ယောက်ဆိုလျှင် သူတို့၏ အကန့်အသတ်သို့ ရောက်ရှိသွားကြသည်။ သူတို့၏ အသက်မီးတောက်က မကြာခင် ငြိမ်းသတ်သွားတော့မည်။

သို့သော်လည်း သူတို့က ယင်းကို ဂရုမစိုက်ကြဘဲ သူတို့၏ အစွမ်းကို ဆက်လက် ထုတ်လွှတ်နိုင်ရန်အလို့ငှာ လျှို့ဝှက်အတတ်ပညာတချို့ကို ထုတ်သုံးလိုက်ကြသည်။

ထိုမြင်ကွင်းက အစစ်အမှန်နတ်ဘုရားကို မျက်မှောင်ကြုတ်သွားစေသည်။

၎င်း၏ လက်ရှိအခြေအနေက အလွန်ဆိုးဝါးသည်။ ၎င်းက တိုက်ခိုက်မှုတစ်ခါ ပြုလုပ်သည့်အခါတိုင်း ကိုယ့်ကိုယ်ကိုယ် ပိုပြီးတွန်းအားပေးရသည်။ ၎င်း၏ အရှေ့မှ ကျင့်ကြံသူများက အဆင့်နိမ့်အင်မော်တယ်များ မဟုတ်ကြသော်လည်း သူတို့တစ်ယောက်ချင်းစီက သာလွန်ထူးခြားကြသည်။

အထူးသဖြင့် သူတို့အားလုံး ဝိုင်းဝန်းကာကွယ်ပေးနေကြသော လူဖြစ်သည်။ အကယ်၍ ၎င်းသာ အထွတ်အထိပ် အခြေအနေမှာရှိမည်ဆိုလျှင် ထိုသို့အင်မော်တယ်သန္ဓေသားလောင်းကို ဂရုစိုက်လိမ့်မည် မဟုတ်ချေ။ သို့သော်လည်း ယခု ၎င်းက အန္တရာယ်ကို ခံစားမိနေသည်။

ထို့ပြင် အချိန်က ၎င်းအတွက် အလွန်အရေးကြီးသည်။

ဤတိုက်ပွဲကို မြန်နိုင်သမျှမြန်မြန် ၎င်းအဆုံးသတ်ရလိမ့်မည်။

သို့ဖြစ်၍ အစစ်အမှန်နတ်ဘုရားက တိုက်ပွဲကို အဝေးမှ စောင့်ကြည့်နေသော နတ်သမီးကို လှည့်ကြည့်လိုက်သည်။

“ လူအန် အတူတူတိုက်ရအောင် ”

ယင်းကို ကြယ်တာရာမျက်လုံးနတ်သမီး ကြားသောအခါ ၎င်းက ခြေထောက်မြှောက်လိုက်သည်။ သို့သော်လည်း ၎င်း၏ ခြေထောက်က အောက်သို့ ကျဆင်းတော့မည့်အချိန် အနက်ရောင်အလင်းက ၎င်း၏ မျက်ဝန်းထဲမှာ ဖြတ်ပြေးသွားသည်။ ၎င်းက ခြေထောက်အောက်ချလိုက်သော်လည်း အရှေ့သို့ မရွေ့လျားသွားပေ။ ယင်းအစား ၎င်းက အနောက်သို့ အကွာအဝေးအနည်းငယ် ဆုတ်သွားသည်။

၎င်း၏ ခြေဖဝါးအောက်တွင် တည်နေရာပြောင်းရွှေ့ခြင်း နတ်ဘုရားစည်းချအစီအရင်တစ်ခု ဝေဝါးစွာ ထွက်ပေါ်လာသည်။

စည်းချအစီအရင်က စတင်အသက်ဝင်နေပြီ ဖြစ်သည်။

နတ်သမီး၏ အကြည့်က ၎င်းကို နှလုံးတုန်လှုပ်စေခဲ့သော ရွှီချင်းပေါ်သို့ ကျရောက်သွားသည်။

“ ဒီစည်းချအစီအရင်က အသက်နှစ်ဆယ်ခါရှူချိန်အတွင်း ပြီးမြောက်လိမ့်မယ် ”

ထိုစကားကို ပြောလိုက်သည်နှင့်ချက်ချင်း ရွှီချင်းက ရုတ်တရက် ခေါင်းမော့လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ သူက နတ်သမီး၏ ဆုံးဖြတ်ချက်ပြတ်သားမှုကို မြင်တွေ့သွားသည်။

သူတစ်ယောက်တည်း မဟုတ်ပေ။ ကျိုးကျန်းလီ၊ ကြယ်တာရာစက်ဝန်းနှင့် တခြားလူများသည်လည်း သန္ဓေပြောင်းလဲနေခြင်းနှင့် ဝိညာဉ်တိုက်စားခံနေရခြင်းကို ကြိတ်မှိတ်သည်းခံလျက် ခေါင်းမော့လိုက်ကြပြီး မျက်မှောင်ကြုတ်လိုက်ကြသည်။

ရွှီချင်းက နူးညံ့စွာ သက်ပြင်းချလိုက်သည်။ ချမ်ကျွင်းနှင့် ပိုင်ရီမှလွဲ၍ ကျန်သည့်လူများက နောင်တရသွားကြသည်။

အဘယ့်ကြောင့်ဆိုသော် ဤနေရာသို့လာသည့် လမ်းမှာ သူတို့က အစီအစဉ်တစ်ခုကို ရေးဆွဲခဲ့ကြသည်။ သူတို့အားလုံး၏ ပူးပေါင်းဆောင်ရွက်မှုဖြင့်ဆိုလျှင် သူတို့က အစွမ်းထက်ဆုံး ဝှက်ဖဲကတ်ကို ဖန်တီးနိုင်ကြလိမ့်မည်။

ယင်းက အလွန်အစွမ်းထက်သော လူသတ်ကွက်ဖြစ်သော်လည်း တစ်ကြိမ်သာ အခွင့်အရေးရှိသည်။

ထို့ကြောင့် ယင်းကို အသုံးပြုရန် အကောင်းဆုံးအချိန်က နတ်သမီးကိုယ်တိုင် တိုက်ပွဲထဲမှာ ပူးပေါင်းပါဝင်လာသည့်အချိန် ဖြစ်သည်။

ထိုနည်းဖြင့်ဆိုလျှင် သူတို့၏ လူသတ်ကွက်က အလဟဿဖြစ်သွားလိမ့်မည် မဟုတ်ချေ။

သို့သော်လည်း နတ်သမီးက အလွန်စိတ်ဓာတ်ပြတ်သားသည်။ ယခုလက်ရှိ သူတို့ဖြစ်နေသော အခြေအနေအရ အကယ်၍ နတ်သမီးသာ အစစ်အမှန်နတ်ဘုရားနှင့် ပူးပေါင်းလိုက်မည်ဆိုလျှင် သူတို့ကို အလွယ်လေး ချေမှုန်းနိုင်လောက်၏။

သို့သော်လည်း နတ်သမီးက အရှေ့တတ်မလာချေ။

ထို့ပြင် သူတို့၏ လက်ရှိအခြေအနေက အပြည့်အဝ အလိမ်အညာ မဟုတ်ပေ။ သူတို့က နောက်ထပ် ဆက်ပြီးမတောင့်ခံနိုင်ကြတော့ပေ။

ရွှီချင်းက ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်သည်။

သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ၏ မျက်လုံးထဲမှ ရုတ်တရက် ပေါ်လျှိုးလာသည်။

သူ၏ ကျင့်ကြံခြင်းအခြေခံက အပြင်းအထန် လှည့်ပတ်သွားသည့်အခါ သူ၏ အင်မော်တယ်သန္ဓေသားလောင်းက မြန်ဆန်စွာ အသစ်ဖွဲ့စည်းသွားသည်။ ဤတစ်ကြိမ်တွင် မိုးသောက်အင်မော်တယ်နန်းတော်သာမက သံတုတ်သည်လည်း ထွက်ပေါ်လာသည်။

သံတုတ်က အင်မော်တယ်နန်းတော်ထဲမှာ ရှိနေပြီး စူးရှတောက်ပသော အလင်းကို ထုတ်လွှတ်နေသည်။

ထို့ပြင် လူတိုင်း၏ အာဏာစက်သည်လည်း ထိုနေရာမှာ ရှိသည်။

ကြယ်တာရာစက်ဝန်း၏ အမိန့်နှင့် ညီမျှခြင်းအာဏာစက်အပြင် သူ၏ ကောင်းကင်ဘုံဥပဒေသသည်လည်း သံတုတ်ပေါ်သို့ ကျရောက်သွားသည်။

ကျိုးကျန်းလီ၏ နိမိတ်ဖတ်မျက်လုံးက အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားပြီး သံတုတ်၏ ဘေးပတ်ပတ်လည်မှာ ရစ်ပတ်လိုက်သည်။

လီမုန့်တု၊ ယွင်ရှန်းစု၊ ရှဲလင်းဇီနှင့် တခြားတတ်လှမ်းသူများသည်လည်း ထို့အတူပင်။ သူတို့၏ မတူညီသော အာဏာစက်များက အလင်းတန်းများအဖြစ် ပြောင်းလဲသွားကြပြီး သံတုတ်၏ ဘေးပတ်ဝန်းကျင်မှာ ချက်ချင်း လှည့်ပတ်လိုက်ကြသည်။

ချမ်ကျွင်းနှင့် ပိုင်ရီသည်တော့ အင်မော်တယ်ဓားများအဖြစ် အသွင်ပြောင်းလဲသွားကြပြီး သံတုတ်နှင့် ပေါင်းစပ်သွားကြသည်။

ခြေလှမ်းဝက်အင်မော်တယ်အများအပြား၏ စွမ်းအားများဖြင့် ပေါင်းစည်းသွားသည့်အခါ သံတုတ်၏ အလင်းရောင်က ကြယ်တာရာကောင်းကင်တစ်ခုလုံးကို လင်းထိန်သွားစေသည်။

ထို့ပြင် ယင်းက ရွှီချင်း၏ အင်မော်တယ်သန္ဓေသားလောင်းမှ အားဖြည့်ပေးခြင်းကိုလည်း ခံထားရသေးသည်။ သို့ဖြစ်၍ ဤအခိုက်အတန့်မှာ သံတုတ်၏ စွမ်းအားက အံ့မခန်း မြင့်တတ်သွားသည်။

ထို့ပြင် ယင်းက မပြီးဆုံးသေးပေ။ နောက်အခိုက်အတန့်မှာ ချင်းကောင်းကင်ဘုံအလွန်က အင်မော်တယ်သန္ဓေသားလောင်းထဲမှ ဆင်းသက်လာသည်။

ချင်းကောင်းကင်ဘုံအလွန် ဆင်းသက်လာသည်နှင့်ချက်ချင်း ကြယ်တာရာကောင်းကင်က ဝုန်းခနဲ မြည်ဟိန်းသွားပြီး အစစ်အမှန်နတ်ဘုရား၏ အမူအရာက ပြောင်းလဲသွားသည်။

ချင်းကောင်းကင်ဘုံအလွန်ထဲတွင် ဧရာမဝဲကတော့တစ်ခုရှိပြီး ခေါင်းတလားတစ်လုံးက ထိုဝဲကတော့ထဲမှ မြှောက်တတ်လာနေကြောင်း မည်သူမဆို မြင်နိုင်ပေသည်။

ခေါင်းတလားထဲတွင် လဲလျောင်းနေသည်မှာ နာကျင်မှုနတ်ဘုရားဘီမို့မှလွဲ၍ တခြားလူမဟုတ်ပေ။

ဤအခိုက်အတန့်မှာ ဘီမို့ထံမှ နတ်ဘုရားအစွမ်းက ဆွဲထုတ်ခံလိုက်ရပြီး သံတုတ်ထဲသို့ အတင်းအဓမ္မ ပေါင်းစပ်သွားသည်။ ချက်ချင်းဆိုသလို သံတုတ်၏ အစွမ်းက ကမ္ဘာဖျက်ဆီးပစ်နိုင်သည်အထိ ကြောက်မက်ဖွယ်ကောင်းလာသည်။

သို့တိုင် ယင်းက အဆုံးသတ်မဟုတ်သေးပေ။

နောက်အခိုက်အတန့်မှာ ရွှီချင်း၏ အချိန်လေဟာနယ်အာဏာစက်က အသက်ဝင်လာပြီး အပြိုင်စကြာဝဠာများကို ဆင့်ခေါ်လိုက်သည်။ ဝုန်းခနဲ မြည်ဟိန်းသံက ကျယ်လောင်စွာ ပဲ့တင်ထပ်သွားသည့်အခါ သံတုတ်၏ စွမ်းအင်စုစည်းနေသော မြင်ကွင်းများက အပြိုင်စကြာဝဠာများထဲမှာ ထွက်ပေါ်လာကြသည်။

သို့ဖြစ်၍ သံတုတ်များက ရွှီချင်း၏ ဘေးပတ်ဝန်းကျင်မှ အချိန်လေဟာနယ်ဒိုင်မန်းရှင်းတိုင်းမှာ ထွက်ပေါ်လာကြသည်။

ရွှီချင်းက လက်ဝှေ့ယမ်းလိုက်သည့်အခါ သူ၏ မျက်လုံးထဲမှ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက အလွန်အားကောင်းသွားသည်။

ချက်ချင်းဆိုသလို သံတုတ်များက ယင်းတို့၏ သက်ဆိုင်ရာ အချိန်လေဟာနယ်ဒိုင်မန်းရှင်းများကို ဖောက်ထွင်းသွားကြပြီး ဤတိုက်ပွဲမြေပေါ်မှာ စုဝေးသွားကြသည်။

သံတုတ်ရာပေါင်းများစွာ၏ ပေါင်းစည်းမှုက သံချောင်းရှည်တစ်ချောင်းအဖြစ် ပြောင်းလဲသွားသည်။

ထို့နောက် သံချောင်းသည် လူတိုင်း၏ စုပေါင်းစွမ်းအားနှင့် မတူညီသော အာဏာစက်(၁၉)ခုကို သယ်ဆောင်လျက် အစစ်အမှန်နတ်ဘုရားဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။ ယင်းထဲမှာ မိုးသောက်အင်မော်တယ်နန်းတော်နှင့် ချင်းကောင်းကင်ဘုံအလွန်၏ စွမ်းအားလည်း ပါဝင်နေသည်။

သံချောင်းက အလွန်မြန်ဆန်လေရာ ယင်း၏ အလျင်ကို စကားများဖြင့် ဖော်ပြရန် မလုံလောက်ချေ။ လူတိုင်းမြင်လိုက်ရသည်မှာ သံချောင်းထွက်သွားသည့်အခိုက် ကြွင်းကျန်ပုံရိပ်တစ်ခုက ယင်း၏ အနောက်မှာ ကျန်နေခဲ့ခြင်း ဖြစ်သည်။

ထိုကြွင်းကျန်ပုံရိပ်က အတိတ်ဖြစ်သည်။

ယခု ဖြစ်ပျက်နေသည့် ပစ္စုပ္ပန်နှင့် အနာဂတ်တွင်တော့ သံချောင်းက အစစ်အမှန်နတ်ဘုရား၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားနှင့်ပြီ ဖြစ်သည်။

သံချောင်းက အစစ်အမှန်နတ်ဘုရား အပြင်းအထန် ဒဏ်ရာရရှိထားသော ခါးနေရာသို့ အကြင်နာမဲ့စွာ ထိုးဖောက်သွားသည်။

နှလုံးကွဲကြေသော အော်ဟစ်သံက ကောင်းကင်တစ်ခွင် ပျံ့လွင့်သွားသည်။

အစစ်အမှန်နတ်ဘုရားက အပြင်းအထန် တုန်ယင်သွားပြီး ၎င်း၏ ခန္ဓာကိုယ်ထဲမှ နတ်ဘုရားစွမ်းအင်က ချက်ချင်း ကမောက်ကမာ ဖြစ်သွားသည်။ ဘုရားကျောင်းက ပြိုကျပျက်စီးသွားပြီး ၎င်း၏ နတ်ဘုရားစွမ်းအင်အမြူတေက ချက်ချင်း မှေးမှိန်သွားသည်။

နတ်ဘုရားသွေးက ဒလဟော စီးကျလာသည်။

သို့သော်လည်း ၎င်းက အစစ်အမှန်နတ်ဘုရားတစ်ပါး ဖြစ်နေဆဲပင်။ ၎င်းက အလွန်အားနည်းနေပြီး အပြင်းအထန် ဒဏ်ရာရရှိထားသည့်တိုင် ရွှီချင်းနှင့် တခြားလူများ၏ စုပေါင်းစွမ်းအားက ၎င်းကို မသတ်ပစ်နိုင်ပေ။

၎င်းက ပြန်ရှင်သန်လာနေဆဲ အခြေအနေမှာရှိသည့် နာကျင်မှုနတ်ဘုရားမဟုတ်ပေ။ ၎င်းက အသက်ရှင်နေသော အစစ်အမှန်နတ်ဘုရား ဖြစ်သည်။

သို့ဖြစ်၍ သံတုတ်၏ ထိုးဖောက်မှုက အစစ်အမှန်နတ်ဘုရားကို မသေစေခဲ့ပေ။

သို့သော်လည်း နတ်ဘုရားအိုကြီး၏ အစစ်အမှန်နတ်ဘုရားအသွင်သဏ္ဍာန်က တိုက်ရိုက် ပျက်စီးသွားသည်။

ဤအခိုက်အတန့်မှာ ၎င်း၏ အရှိန်အဝါက သိသာစွာ အားနည်းသွားပြီး ၎င်း၏ နတ်ဘုရားအဆင့်က ကျဆင်းသွားသည်။

ယင်းက ၎င်းထုတ်လွှတ်ထားသော နတ်ဘုရားအတတ်ပညာ၏ အစွမ်းကို ကြီးကြီးမားမား အားနည်းသွားစေသည်။ ထို့ကြောင့် ရွှီချင်းနှင့် တခြားလူများ၏ သန္ဓေပြောင်းလဲမှုက ချက်ချင်း ပြောင်းပြန်လှည့်ပတ်သွားသည်။

ယင်းတို့အားလုံးကို ဖော်ပြရန် အချိန်အတော်ကြာလိမ့်မည်။ သို့သော်လည်း အမှန်မှာ ယင်းတို့က မျက်တောင်တစ်ခတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။

နှလုံးကွဲကြေသော အော်သံက ပဲ့တင်ထပ်သွားသည့်အခါ နတ်ဘုရားအဆင့် နိမ့်ကျသွားသော နတ်ဘုရားအိုကြီး၏ မျက်လုံးထဲတွင် အလွန်အားကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ပေါ်လျှိုးလာသည်။ ၎င်းက တန်ပြန်တိုက်ခိုက်ရန် ပြင်လိုက်သည်။

သို့သော်လည်း နောက်အခိုက်အတန့်မှာ ၎င်းက ရုတ်တရက် မျက်မှောင်ကြုတ်လိုက်ပြီး ချက်ချင်း အနောက်ဆုတ်သွားသည်။

အဘယ့်ကြောင့်ဆိုသော် အဝေးမှ ကြယ်တာရာကောင်းကင်ထဲတွင် ဤနေရာသို့ မြန်ဆန်စွာ ချဉ်းကပ်လာနေကြသော ကျင့်ကြံသူအများအပြား၏ အရှိန်အဝါကို ၎င်းအာရုံခံမိသွားသောကြောင့် ဖြစ်သည်။

သူတို့က ရွှီချင်းနှင့် တခြားလူများထံမှ သတင်းပေးပို့မှုကို ရရှိထားသော နန်းလင်တပ်မတော် ဖြစ်သည်။

သူတို့က အမြန်ချဉ်းကပ်လာနေကြသည်။

ယင်းကို မြင်သောအခါ နတ်ဘုရားအိုကြီးက ကြယ်တာရာမျက်လုံးနတ်သမီးရှိသော တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်ဆီသို့ ဦးတည်သွားသည်။ သို့သော်လည်း ၎င်းအနောက်ဆုတ်လိုက်သည်နှင့်ချက်ချင်း တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်ထဲမှာ မတ်တတ်ရပ်နေသော နတ်သမီးက ရုတ်တရက် အေးစက်စွာ ပြောသည်။

“ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပြီး အဲ့ဒီလူကို သတ်ပစ် ”

“ ပြန်ရှင်လာတဲ့လူက ရှင်ကိုယ်တိုင်ပဲ ဖြစ်ရမယ်… ပြီးတော့ ရှင့်ကို ခမည်းတော်ကိုယ်တိုင် လမ်းပြပေးလိမ့်မယ်လို့ ကျွန်မရဲ့ တော်ဝင်မျိုးဆက်သွေးနဲ့ ကတိပေးတယ် ”

ကြယ်တာရာမျက်လုံးနတ်သမီးက လက်မြှောက်လိုက်ပြီး ရွှီချင်းကို ညွှန်ပြလိုက်သည်။

နတ်ဘုရားအိုကြီး၏ ခြေလှမ်းက ရုတ်တရက် ရပ်တန့်သွားသည်။

All Chapters