မင်းကို မိပြီ
Vol. 113 Ch. 1730
ကြယ်တာရာစက်ဝန်းသည် အတိတ်မှာ အမှတ်ငါးကြယ်တာရာစက်ဝန်း၏ နံပါတ်တစ်ကောင်းကင်အရွေးချယ်ခံဖြစ်ခဲ့ပြီး တိုက်ပွဲအတွေ့အကြုံ အလွန်များပြားသည်။ ရွှီချင်း၊ တခြားလူများနှင့် အတူတကွ ခရီးဆက်ခဲ့ပြီးနောက် သူ၏ မာနက သိသိသာသာ ထုဆစ်ခံလိုက်ရသည်။
သူက အခြေအနေကို လေ့လာရန်နှင့် တခြားလူများ၏ စွမ်းအားဖြင့် ကျင့်သားရရန် မည်သို့လုပ်ဆောင်သင့်ကြောင်း သင်ယူနိုင်ခဲ့သည်။ ရလဒ်အနေဖြင့် ဤအတောအတွင်းမှာ သူ၏ တိုးတတ်မှုက အံ့ဖွယ်ကောင်းသည်။
သို့ဖြစ်၍ ဤအခိုက်အတန့်မှာ သူက နတ်သမီးနှင့် မျက်နှာချင်းဆိုင်မှာ ရုတ်တရက် ထွက်ပေါ်လာသော်လည်း လုံးဝ တုံ့ဆိုင်းမနေပေ။
မည်သို့ဖြစ်ပါစေ ရွှီချင်းနောက်သို့ သူလိုက်ခဲ့ပြီးနောက်ပိုင်း ထူးခြားဆန်းကြယ်သော ကိစ္စများဖြင့် တွေ့ကြုံခဲ့ရသည်မှာ တစ်ကြိမ်မကတော့ပေ။ သို့ဖြစ်၍ ယင်းကို သူနေသားကျနေပြီ ဖြစ်သည်။
သူက နတ်သမီးကို မြင်လိုက်သည်နှင့်ချက်ချင်း တုံ့ဆိုင်းမနေဘဲ အရှေ့သို့ ပျံသန်းသွားသည်။
နတ်သမီး၏ နတ်ဘုရားသဘာဝက ယခုအချိန်မှာ ယိမ်းယိုင်နေပြီး ၎င်း၏ ဝိညာဉ်က ကစဉ့်ကလျားဖြစ်နေသည်။ ယင်းကို ကြယ်တာရာစက်ဝန်းက အခွင့်ကောင်းယူ၍ အမိန့်သံကြိုးတစ်ရာကျော်ကို ထုတ်လွှတ်လိုက်သည်။
…..
သံကြိုးများထံမှ တချွင်ချွင်မြည်သံက ကြယ်တာရာကောင်းကင်ထဲမှာ ပဲ့တင်ထပ်သွားသည်။ လျှပ်တစ်ပြက်အတွင်းမှာ အမိန့်သံကြိုးများက ဟင်းလင်းပြင်ကို ထိုးဖောက်သွားကြပြီး ရှုပ်ထွေးနက်နဲသော နည်းလမ်းတစ်ခုဖြင့် နတ်သမီးပေါ်မှာ ချိတ်ဆက်သွားကြသည်။
“ ညီမျှခြင်း ”
ခြေလှမ်းဝက်အင်မော်တယ်အဆင့်သို့ မတတ်လှမ်းခင် သူ့မှာ အမိန့်အာဏာစက်သာ ရှိခဲ့သည်။ ခြေလှမ်းဝက်အင်မော်တယ်အဆင့်သို့ ရောက်ရှိသွားပြီးနောက် ညီမျှခြင်းအာဏာစက်ကို သူရရှိသွားခဲ့သည်။ ညီမျှခြင်းအာဏာစက်က အင်အားစုနှစ်ခု၏ စွမ်းအားကွာခြားမှုကို အတင်းအဓမ္မ ညီမျှပေးလိမ့်မည်။ အကယ်၍ ရန်သူက သူ့ထက် ပိုပြီးသန်မာမည်ဆိုလျှင် သူတို့က သူ၏ ညီမျှခြင်းအာဏာစက်အစွမ်းကြောင့် အားနည်းသွားကြရလိမ့်မည်။
ညီမျှခြင်းအာဏာစက်ဖြင့်လည်း ကိုယ့်ကိုယ်ကိုယ် အစွမ်းမြှင့်တင်နိုင်သေးသည်။
ထို့ပြင် ဤတစ်ကြိမ်မှာ ကြယ်တာရာစက်ဝန်းက အရာအားလုံးကို စတေးလိုက်သည်။ သူက ခွန်အားထိန်ချန်မနေဘဲ ကောင်းကင်ဘုံဥပဒေသကိုပင် ထုတ်လွှတ်လိုက်သည်။ သူက ကောင်းကင်ဘုံဥပဒေသ၏ အလေးချိန်ကို သူ့ညီမျှခြင်းအာဏာစက်၏ ချိန်ခွင်တစ်ဖက်မှာ တင်လိုက်သည်။
ယင်းက နတ်သမီးကို ပိုပြီးအားနည်းသွားစေလိမ့်မည်။
သူက ညီမျှခြင်းအာဏာစက်ဖြင့် ရွှီချင်းကို အစွမ်းမမြှင့်တင်ပေးခဲ့ခြင်းမှာ အကြောင်းအရင်း ရှိသည်။ ရွှီချင်းက သူ့ထက် အများကြီး ပိုသန်မာကြောင်း သူသိသည်။ ထို့ကြောင့် အကယ်၍ သူသာ ညီမျှခြင်းအာဏာစက်ကို ရွှီချင်းနှင့် နတ်သမီးကြားမှာ အသုံးပြုလိုက်မည်ဆိုလျှင် နတ်သမီး၏ စွမ်းအားလျော့ကျမှုက ထိုမျှသိသာလိမ့်မည် မဟုတ်ချေ။
သို့ဖြစ်၍ သူက သူ့ကိုယ်သူနှင့် နတ်သမီးကြားမှာ ညီမျှခြင်းအာဏာစက်ကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။
ထိုနည်းဖြင့်ဆိုလျှင် နတ်သမီးက အားနည်းသွားပြီး သူက ပိုပြီးအစွမ်းထက်လာလိမ့်မည်။
အကယ်၍ သူ၏ အာဏာစက်ကို အဆိပ်ဟု သတ်မှတ်မည်ဆိုလျှင် သူက သူ့ကိုယ်သူ ကြားခံနယ်အဖြစ် အသုံးပြု၍ နတ်သမီးကို အဆိပ်ခတ်လိုက်ခြင်း ဖြစ်သည်။
အမှန်တကယ်ပင် ထိုအတိုင်း ဖြစ်သည်။
ညီမျှခြင်းဖြစ်ပေါ်လာသည့်အခိုက် ကျယ်လောင်သော မြည်သံက ကြယ်တာရာကောင်းကင်ထဲမှာ ပဲ့တင်ထပ်သွားသည်။ နတ်သမီးက တုန်ယင်သွားပြီး သဏ္ဍာန်မဲ့အင်အားတစ်ခုက ၎င်း၏ ခန္ဓာကိုယ်ကို ရစ်ပတ်သွားနေကြောင်း ခံစားမိသွားသည်။
၎င်း၏ အရှိန်အဝါက သိသာစွာ လျော့ကျသွားသည်။
ဤသည်မှာ ၎င်းက ကန့်သတ်ချုပ်နှောင်ခံလိုက်ရသည့်အလားပင်။
ထိုမြင်ကွင်းတစ်ခုလုံးက ချောက်ချားဖွယ်ကောင်းသော်လည်း လှပမှုကို ဖော်ပြနေဆဲပင်။
ထူးဆန်းသော ထိုစိတ်အာရုံက ၎င်း၏ ပရမ်းပတာဖြစ်နေသော စိတ်ခံစားချက်အားလုံးကို အတင်းအဓမ္မ ဖိနှိပ်စေရန် တွန်းအားပေးလိုက်သည်။ ဤအခိုက်အတန့်မှာ ၎င်းက ရုတ်ချည်း ထွက်ပေါ်လာသော အန္တရာယ်ကိုသာ အာရုံစိုက်လိုက်သည်။
၎င်းက သေးသွယ်သော လက်ကို ဝှေ့ယမ်းလိုက်ပြီး ၎င်း၏ နတ်ဘုရားအစွမ်းကို ထုတ်လွှတ်ရန် ဟန်ပြင်လိုက်သည်။ ၎င်းက ထူးဆန်းသော ထိုညီမျှခြင်းကို ဖျက်ဆီးပစ်ချင်သည်။
၎င်းအတွက်တော့ ထိုသို့အစွမ်းကို ဖျက်ဆီးပစ်ရန် စကားတစ်ခွန်း သို့မဟုတ် လက်ဟန်တစ်ခုဖြင့် လုံလောက်ပေသည်။
သို့သော်လည်း ရွှီချင်းက မည်သို့ကြောင့် နတ်သမီးကို အခွင့်အရေးတစ်ခု ပေးလိမ့်မည်နည်း။
ကြယ်တာရာစက်ဝန်းက ညီမျှခြင်းအာဏာစက်ကို ထုတ်သုံးလိုက်သည်နှင့်တစ်ပြိုင်နက် ရွှီချင်းက လှုပ်ရှားလိုက်သည်။
အရှေ့သို့ သူခြေလှမ်း လှမ်းလိုက်သည့်အခိုက် ကြယ်တာရာဟင်းလင်းပြင်က သူ၏ တည်ရှိမှုကြောင့် ပရမ်းပတာ လှိုင်းထသွားသည်။ ရွှေရောင်အလင်းက စကြာဝဠာတစ်ခွင် ဖြန့်ကြက်သွားသည်။ ဧရာမသစ်ပင်ပုံရိပ်များက အရပ်မျက်နှာအဘက်ဘက်တွင် ဒြပ်ထည်ဖွဲ့စည်းသွားကြသည်။ ထို့နောက် အဆုံးမဲ့ပင်လယ်ရေက ဟင်းလင်းပြင်ထဲမှာ ဒလဟော စီးဆင်းသွားသည်။ ဤသည်မှာ ကြယ်တာရာကောင်းကင်၊ အာကာသဟင်းလင်းပြင်၊ စကြာဝဠာနှင့် ကြယ်ဂြိုလ်များက သူ့အတွက် လက်နက်များ ဖြစ်လာကြသည့်အလားပင်။
သူ၏ ခြေဖဝါးအောက်တွင် အနက်ရောင်မီးတောက်များက ရစ်ခွေသွားကြပြီး ကမ္ဘာဖျက်ဆီးမည့် အပူကို ထုတ်လွှတ်လိုက်သည်။ ထို့နောက် မီးတောက်မီးလျှံများက အနက်ရောင်နေတစ်စင်းအဖြစ် စုစည်းသွားသည်။
အဝေးတွင် အဝါရောင်ကြယ်ဂြိုလ်များက တစ်လုံးပြီးတစ်လုံး ထွက်ပေါ်လာကြပြီး ရင်သပ်ရှုမောဖွယ်ကောင်းသော သဘာဝလွန်မြင်ကွင်းတစ်ခုကို ဖန်တီးလိုက်သည်။
ယင်းက ကြယ်တာရာကောင်းကင်ကို ခမ်းနားထည်ဝါသော ပန်းချီကားတစ်ချပ်အဖြစ် ပြောင်းလဲသွားစေသည်။
ယင်းက ရွှီချင်း၏ အန္တိမဒြပ်စင်ငါးမျိုးဖြစ်သော သတ္ထု၊ သစ်သား၊ ရေ၊ မီးနှင့် မြေကြီးမှ ဖန်တီးထားသည့် စွမ်းအင်အနှစ်သာရ ဖြစ်သည်။ ပန်းချီကား၏ နောက်ခံဖြစ်သော ကြယ်တာရာကောင်းကင်က လေဟာနယ်၏ အစွမ်းကို သယ်ဆောင်ထားသည်။ ပန်းချီကား စတင်အသက်ဝင်လာသည့်အခါ အချိန်စွမ်းအားက ထွက်ပေါ်လာသည်။
ထိုဒြပ်စင်အားလုံး ပေါင်းစပ်သွားသည့်အခါ တုနှိုင်းမဲ့သော အမြစ်ဖြတ်သုတ်သင်ခြင်းစွမ်းအားက ထွက်ပေါ်လာပြီး နတ်သမီးပေါ်သို့ မရပ်တန့်နိုင်သော အရှိန်အဟုန်ဖြင့် ကျဆင်းသွားသည်။
ကြီးမားသော အန္တရာယ်ကို ခံစားမိသွားသောအခါ နတ်သမီး၏ သွေးနီရောင်မျက်လုံးထဲတွင် အေးစက်စက်အလင်း ထွက်ပေါ်လာသည်။ ဤအခိုက်အတန့်မှာ ၎င်းက ကြယ်တာရာစက်ဝန်း၏ ညီမျှခြင်းအား ဖျက်ဆီးပစ်တော့မည်ကို လက်လျော့လိုက်သည်။
မည်သို့ဖြစ်ပါစေ ရွှီချင်းထံမှ ထုတ်လွှတ်လိုက်သော တိုက်ခိုက်မှုက ၎င်း၏ အသက်အန္တရာယ်ကို အမှန်တကယ် ခြိမ်းခြောက်နိုင်စွမ်း ရှိသည်။
ထို့ကြောင့် ရွှီချင်းထံသို့ ၎င်းလက်ညှိုးညွှန်လိုက်သည့်အခါ ၎င်း၏ တစ်ကိုယ်လုံးက ရွှေရောင်ထွန်းလင်းသွားသည်။
နတ်ဘုရားအသံက ၎င်း၏ ပါးစပ်မှ ပျံ့လွင့်လာသည်။
“ ငရဲလက်ဝါး ”
၎င်း၏ နတ်ဘုရားအခွင့်အာဏာက ငရဲဖြစ်သည်။
ယင်းက ၎င်းခမည်းတော် နတ်ဧကရာဇ်ချီအူဇီ၏ နတ်ဘုရားအခွင့်အာဏာလည်း ဖြစ်သည်။ သို့သော်လည်း ၎င်း၏ လက်ရှိအဆင့်အရ ထိုနတ်ဘုရားအခွင့်အာဏာကို အပြည့်အဝ ထုတ်လွှတ်နိုင်ရန် အတော်လေး ခက်ခဲနေသေးကြောင်း ထင်ရှားသည်။ သို့တိုင် ယင်း၏ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားက အံ့ဩဖွယ်ကောင်းနေဆဲပင်။
နတ်သမီး၏ လက်ညှိုး ကျဆင်းလာသည်နှင့် ၎င်း၏ ဘေးပတ်ဝန်းကျင်မှ ကြယ်တာရာကောင်းကင်က ခြောက်သွေ့သွားဟန် ရသည်။ အလင်းရောင်အားလုံးနှင့် ဖုန်မှုန့်အားလုံးက ချက်ချင်း အပေါ်သို့ မြှောက်တတ်သွားကြသည်။ ယင်းက ကြယ်တာရာကောင်းကင်ကို အဆုံးမဲ့အမှောင်ထုအဖြစ် ပြောင်းလဲသွားစေသည်။
ထိုအမှောင်ထုထဲတွင် တီးတိုးရေရွတ်သံများက ငရဲပြည်မှ ပျံ့လွင့်လာသော ဈာပနတေးသံအဖြစ် ပြောင်းလဲသွားသည်။ သက်ရှိများတည်ရှိသော မည်သည့်နေရာတွင်မဆို ထိုအသံက ပြန်လည်မွေးဖွားခြင်းတေးသံ ဖြစ်လာလိမ့်မည်။
တေးသံက ပျံ့လွင့်သွားသည့်အခါ သံစဉ်များက အနက်ရောင်ငွေစက္ကူများအဖြစ် ပြောင်းလဲသွားကြသည်။
ငွေစက္ကူက ၎င်း၏ နတ်ဘုရားအခွင့်အာဏာမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ထိုငွေစက္ကူဖြင့် ၎င်းက နတ်ဘုရားအတတ်ပညာများ၊ မန္တန်များ၊ ကြယ်ဂြိုလ်များ၊ အသက်များနှင့် အရာအားလုံးကို ဝယ်ယူနိုင်သည်။
ငွေစက္ကူများက ရွှီချင်းထံသို့ လွင့်မျောသွားကြသည်။
ယင်းတို့က ရွှီချင်း၏ သတ္ထု၊ သစ်သား၊ ရေ၊ မီးနှင့် မြေကြီးဖြင့် ထိပ်တိုက် တွေ့ဆုံသွားသည့်အခါ ဒြပ်စင်ငါးမျိုးက ထူးခြားဆန်းကြယ်စွာ ပျောက်ကွယ်သွားကြသည်။ ဤသည်မှာ ယင်းတို့က ငွေစက္ကူဖြင့် ဝယ်ယူခံလိုက်ရသည့်အလားပင်။
လေဟာနယ်နှင့် အချိန်သည်ပင် ထိုနတ်ဘုရားအခွင့်အာဏာ၏ အံ့ဖွယ်အာနိသင်အောက်မှ မလွတ်မြောက်နိုင်ခဲ့ပေ။ ယင်းတို့က ငွေစက္ကူဖြင့် ဝယ်ယူခံလိုက်ရသည့်အလား လွင့်ပြယ်သွားကြသည်။
ထို့ပြင် ငွေစက္ကူတချို့က ရွှီချင်းထံသို့ တန်းမတ်စွာ ပျံသန်းနေကြစဉ် တချို့က ကြယ်တာရာစက်ဝန်း၏ ညီမျှခြင်းအာဏာစက်မှ ဖွဲ့စည်းထားသော ချိန်ခွင်ဆီသို့ ပျံသန်းသွားနေကြသည်။
ငွေစက္ကူများ သူ့အနားသို့ ချဉ်းကပ်လာသည့်အခိုက် ရွှီချင်း၏ သူငယ်အိမ်က ကျုံ့သွားပြီး ထူးဆန်းသော ခံစားမှုက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ သူလက်မြှောက်လိုက်သည့်အခါ ခေါင်းလောင်းမြည်သံက ပဲ့တင်ထပ်သွားသည်။
အကယ်၍ ရန်သူက အစစ်အမှန်နတ်ဘုရားတစ်ပါးဆိုလျှင် ဤခေါင်းလောင်းက အများကြီး အသုံးဝင်လိမ့်မည် မဟုတ်ချေ။ သို့သော်လည်း အကယ်၍ ရန်သူက နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားတစ်ပါးဆိုလျှင်တော့…
ထိုသို့ဆိုလျှင် ဤခေါင်းလောင်းမြည်သံက ကောင်းကင်ဘုံအသံ ဖြစ်လာလိမ့်မည်။
ချက်ချင်းဆိုသလိုပင် သူ့အနားသို့ ရောက်လာကြတော့မည့် ကံကြမ္မာဝယ်ငွေစက္ကူအားလုံးက တုန်ယင်သွားကြသည်။ ထိုအခိုက်အတန့်မှာ ရွှီချင်း၏ သံတုတ်က ချက်ချင်း ပျံသန်းထွက်လာသည်။
နတ်သမီး၏ မျက်နှာက မည်းမှောင်သွားပြီး ၎င်းက တန်ပြန်တိုက်ခိုက်ရန် ကြိုးစားလိုက်သည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ ကြယ်တာရာစက်ဝန်းက နက်ရှိုင်းသော အော်သံကို ထုတ်ဖော်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ သွေးကြောများက ဖောင်းကားလာပြီး သွေးက သူ၏ ဒွါရခုနစ်ပေါက်မှ စီးကျလာသည်။ သူက နတ်သမီးကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်ပြီး သူ၏ ညီမျှခြင်းအာဏာစက်ကို အဆုံးစွန်ထိ လှည့်ပတ်လိုက်သည်။
လျှပ်တစ်ပြက်အတွင်းမှာ သဏ္ဍာန်မဲ့အင်အားတစ်ခုက ဟင်းလင်းပြင်ထဲမှ ဆင်းသက်လာပြီး ညီမျှခြင်းအာဏာစက်နောက်သို့ လိုက်၍ နတ်သမီး၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။ ထို့နောက် ယင်းက နတ်သမီး၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားကို ဆွဲထုတ်လိုက်ပြီး ကြယ်တာရာစက်ဝန်းဆီသို့ ပျံသန်းသွားသည်။
ယင်းက ကြယ်တာရာစက်ဝန်း၏ အရှိန်အဝါကို တစ်ဟုန်ထိုး တိုးမြှင့်ပေးလိုက်သည်။
ဆန့်ကျင်ဘက်အနေဖြင့် နတ်သမီး၏ မျက်နှာက ချက်ချင်း ဖြူဖျော့သွားပြီး ၎င်း၏ အရှိန်အဝါက အားနည်းလာသည်။ ၎င်း၏ ဒဏ်ရာရရှိထားသော နတ်ဘုရားခန္ဓာကိုယ်က အဆင့်ကျတော့မည့် လက္ခဏာများကိုပင် ဖော်ပြလာသည်။
အစက ၎င်းသည် အထွတ်အထိပ် နတ်ဘုရားယဇ်ပလ္လင်အဆင့်ကို ထိန်းထားနိုင်ရုံမျှသာ တတ်စွမ်းပေသည်။ ယခု ညီမျှခြင်းအာဏာစက်၏ သက်ရောက်မှုအောက်မှာ ကြယ်တာရာစက်ဝန်းက ၎င်းထက် အများကြီး ပိုအားနည်းသောကြောင့် ၎င်းသည်လည်း သိသိသာသာ အားနည်းသွားသည်။
သို့ဖြစ်၍ ၎င်းက အထွတ်အထိပ် နတ်ဘုရားယဇ်ပလ္လင်အဆင့်ကို ဆက်လက် ထိန်းထားရန်ပင် အခက်တွေ့လာသည်။
“ သေစမ်း ”
ကြယ်တာရာမျက်လုံးနတ်သမီး၏ အမူအရာက ပြောင်းလဲသွားသည်။ ၎င်းက ဆက်လက် တိုက်ခိုက်ရန် ပြင်လိုက်သည်။ သို့သော်လည်း ခေါင်းလောင်းမြည်သံ၏ အနောက်တွင် အလွန်စူးရှသော လေခွင်းသံက လိုက်ပါလာသည်။
ယင်းက ရွှီချင်း၏ သံတုတ် ဖြစ်သည်။
သံတုတ်က အချိန်လေဟာနယ်များနှင့်အတူ နတ်သမီး၏ အရှေ့သို့ ချက်ချင်း ရောက်ရှိလာသည်။
ရွှီချင်းက သံတုတ်ကို ပစ်လွှတ်လိုက်သည်နှင့်ချက်ချင်း သူ၏ ညာလက်ကို မြှောက်လိုက်ပြီး လေထဲမှ ထွက်ပေါ်လာသော အနက်ရောင်လှံကို ဖမ်းဆုပ်လိုက်သည်။ ထိုလှံထဲမှာ ရွှေကျီးကန်း၏ စိတ်ဝိညာဉ်က ကိန်းအောင်းနေသည်။ ဤအခိုက်အတန့်မှာ သူက လှံကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး နတ်သမီးဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။
ယင်းတို့အားလုံးကို ဖော်ပြရန် အချိန်အတော်ကြာသော်လည်း အမှန်မှာ ယင်းတို့က စက္ကန့်ပိုင်းလေးအတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ လျှပ်တစ်ပြက်အတွင်းမှာ သံတုတ်က နတ်သမီး၏ အရှေ့မှာ ထွက်ပေါ်လာပြီး ၎င်း၏ နဖူးကို ထိုးဖောက်သွားရန် ချိန်ရွယ်လိုက်သည်။
နတ်သမီးက မျက်နှာပျက်ယွင်းသွားသည်။ ၎င်း၏ နတ်ဘုရားအတတ်ပညာက ခေါင်းလောင်းမြည်သံကြောင့် တားဆီးခံထားရလေရာ ယင်းကို ချက်ချင်း အသုံးပြုနိုင်ရန် ၎င်းမှာ အချိန်မရှိပေ။
သို့သော်လည်း ၎င်းက နတ်ဧကရာဇ်တစ်ပါး၏ သမီးတော်ဖြစ်နေဆဲပင်။ သို့ဖြစ်၍ ထုံးစံအားဖြင့် နတ်ဘုရားရတနာများက ၎င်းဆီမှာ ရှိသည်။
ဤအခိုက်အတန့်မှာ ၎င်း၏ ဦးခေါင်းထက်မှ ဖီးနစ်သရဖူနှင့် သရဖူပေါ်မှ မျက်လုံးများက သံတုတ်၏ အရှေ့မှာ ထွက်ပေါ်လာကြပြီး ယင်း၏ ထိုးဖောက်မှုကို ခုခံတားဆီးလိုက်ကြသည်။
ဝုန်းခနဲ မြည်သံက ရုတ်တရက် ပဲ့တင်ထပ်သွားသည်။
ပူပြင်းသော ဓားက တိုဟူးကို ဖြတ်တောက်သွားသကဲ့သို့ သံတုတ်က မျက်လုံးအားလုံးကို အလွယ်တကူ ထိုးဖောက်သွားသည်။ ယင်းက သရဖူပေါ်မှ မျက်လုံးအားလုံးကို အက်ကွဲသွားစေပြီး သရဖူကိုလည်း ပေါက်ကွဲသွားစေသည်။
အော်ဟစ်ညည်းညူသံများကို ထုတ်လွှတ်နေသော အပြာရောင်ပင်လယ်တစ်စင်းသည်လည်း ရုတ်တရက် ထွက်ပေါ်လာပြီး သံတုတ်ကို တားဆီးလိုက်သည်။
နောက်ဆုံးမှာတော့ သံတုတ်က ရပ်တန့်သွားသည်။
သို့သော်လည်း သံတုတ်၏ အနောက်မှ လိုက်ပါလာသော ရွှီချင်းသည်တော့ အနက်ရောင်လှံကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလျက် နတ်သမီး၏ အရှေ့သို့ ရောက်ရှိသွားသည်။
နောက်အခိုက်အတန့်မှာ လှံက အရှေ့သို့ ထိုးဖောက်သွားသည်။
လှံက နတ်သမီး၏ ရင်ဘက်ပေါ်သို့ ကျရောက်သွားသည်။
သူက နတ်သမီး၏ ရင်ဘက်ကို လှံဖြင့် ထိုးဖောက်ပစ်တော့မည့်အချိန် နတ်သမီး၏ မျက်နှာက ပုံပျက်တွန့်လိမ်သွားပြီး မရေမတွက်နိုင်သော နတ်ဘုရားမှော်သင်္ကေတများက ၎င်း၏ ခန္ဓာကိုယ်ပေါ်မှာ ရွေ့လျားကူးခတ်သွားကြသည်။ ယင်းတို့က ဖားလောင်းများသဖွယ် ၎င်း၏ နှုတ်ဖျားဆီသို့ မြန်ဆန်စွာ ဝင်ရောက်သွားကြသည်။
ထို့နောက် ဝိညာဉ်များနှင့် ကြယ်ဂြိုလ်များကို ဖျက်ဆီးပစ်နိုင်ဟန်ရသော နတ်ဘုရားအသံက နတ်သမီး၏ ပါးစပ်ထဲမှ အလွန်စူးရှစွာ ပျံ့လွင့်သွားသည်။
ထိုအသံက အလွန်အံ့ဖွယ်ကောင်းသော အဖျက်စွမ်းအားကို ပိုင်ဆိုင်ထားသည်။
ရွှီချင်း၏ အနက်ရောင်လှံက ပြိုကွဲပျက်စီးသွားသည်။ အသံလှိုင်းရိုက်ခတ်မှုကို အင်မော်တယ်သန္ဓေသားလောင်းဖြင့် ခုခံကာကွယ်ခဲ့သည့်တိုင်အောင် ရွှီချင်းက သွေးအန်လိုက်ရဆဲပင်။ တစ်ဆက်တည်းမှာ သူ၏ ခန္ဓာကိုယ်က အဝေးသို့ လွင့်စင်သွားသည်။
သူ၏ ဒဏ်ရာများက ပိုပြီးဆိုးဝါးလာသည်။
ကြယ်တာရာစက်ဝန်း၏ အမိန့်သံကြိုးများသည်တော့ ဤအခိုက်အတန့်မှာ ယင်းတို့က တစ်လက်မချင်းစီ စတင်အက်ကွဲနေသည်။
ထို့နောက် သူ၏ ညီမျှခြင်းအာဏာစက်က ချက်ချင်း ပြိုကွဲသွားသည်။
တန်ပြန်ဆိုးကျိုးကို ခံစားလိုက်ရသည့်အခါ သူက အကြိမ်ရေအနည်းငယ် သွေးအန်လိုက်ရသည်။
သို့သော် နတ်သမီး၏ အခြေအနေသည်လည်း အလွန်ဆိုးဝါးသည်။ အစောနက ၎င်းထုတ်လွှတ်ခဲ့သော နတ်ဘုရားအသံသည် အစစ်အမှန်နတ်ဘုရားတစ်ပါး၏ အစွမ်းကို အတင်းအဓမ္မ ၎င်းလှုံ့ဆော်ခဲ့ခြင်းသာ ဖြစ်သည်။
၎င်း၏ လက်ရှိအခြေအနေဖြင့် ထိုသို့လုပ်ဆောင်ခြင်းက ၎င်း၏ ဒဏ်ရာများကို ပိုပြီးဆိုးဝါးပြင်းထန်စေသည်။
ဤအခိုက်အတန့်မှာ ၎င်း၏ ခန္ဓာကိုယ်က အနောက်သို့ ဒယိမ်းဒယိုင် ဆုတ်သွားသည်။ ၎င်း၏ ဦးခေါင်းပေါ်မှ ဖီးနစ်သရဖူက ပြာဖြစ်သွားပြီး ၎င်း၏ ခန္ဓာကိုယ်ပေါ်မှ အပြာရောင်ဝတ်စုံက အပိုင်းပိုင်း စုတ်ပြဲသွားသည်။
ထိုအခါ ၎င်း၏ ခန္ဓာကိုယ်အစိတ်အပိုင်းများက မြင်သာပေါ်လွင်လာသည်။
၎င်း၏ နတ်ဘုရားအခြေခံသည်လည်း အထွတ်အထိပ် နတ်ဘုရားယဇ်ပလ္လင်အဆင့်မှ အလယ်အလတ် နတ်ဘုရားယဇ်ပလ္လင်အဆင့်သို့ ကျဆင်းသွားသည်။
ရွှေရောင်အလင်းက ၎င်း၏ မျက်လုံးထဲမှာ ဝင်းလက်သွားသည်။ ၎င်းက အားအင်ချည့်နဲ့စွာ အနောက်ဆုတ်သွားရင်း ဆုံးဖြတ်ချက်ချလိုက်သည်။
၎င်းက ညာလက်ကို မြှောက်လိုက်ပြီး ၎င်း၏ ရင်ဘက်ပေါ်သို့ အကြမ်းပတမ်း ဖိချလိုက်သည်။
ထိုသို့ရိုက်ချမှုဖြင့် ၎င်း၏ နတ်ဘုရားအရင်းအမြစ်ကို အတင်းအကျပ် ဆွဲထုတ်လိုက်သည့်အခါ နတ်သမီး၏ တစ်ကိုယ်လုံးက အပြင်းအထန် တုန်ယင်သွားသည်။
၎င်း၏ နတ်ဘုရားအခြေခံက ထပ်မံ ကျဆင်းသွားပြီး ယခု ၎င်းက အစောပိုင်း နတ်ဘုရားယဇ်ပလ္လင်အဆင့်သို့ ရောက်ရှိသွားသည်။
သို့သော်လည်း ၎င်းဆွဲထုတ်လိုက်သော နတ်ဘုရားအရင်းအမြစ်၏ အကူအညီဖြင့်ဆိုလျှင် ထိုဝှက်ဖဲကတ်ကို ၎င်းအသုံးပြုနိုင်လိမ့်မည်။
“ ငရဲပြည် ဆင်းသက်လာစမ်း ”
နှလုံးကွဲကြေသော နတ်ဘုရားအသံက မြည်ဟိန်းသွားသည်။
နောက်အခိုက်အတန့်မှာ ခမ်းနားထည်ဝါသော ငရဲပြည်၏ ပုံရိပ်ယောင်က နတ်သမီး၏ အနောက်မှာ ဒြပ်ထည်ဖွဲ့စည်းသွားသည်။ ငရဲပြည်သည် ရှုပ်ထွေးနက်နဲသော ဗိသုကာလက်ရာများဖြင့် ပြည့်နှက်နေသည့် နန်းတော်တစ်ခုဖြစ်ပြီး ချောက်ချားဖွယ်ကောင်းသော အငွေ့အသက်ကို ပေးသည်။ နန်းတော်၏ တံစက်မြိတ်များက အလွန်မြင့်မားပြီး ယင်းပေါ်တွင် ထူးဆန်းသော မှော်သင်္ကေများကို ရေးထွင်းထားကြသည်။ နန်းတော်က ခမ်းနားထည်ဝါသော်လည်း အသက်ဓာတ်အရိပ်အယောင်ကို မထုတ်လွှတ်နေပေ။ ယင်းအစား အရိုးခိုက်ခိုက်တုန်စေမည့် အအေးဓာတ်နှင့် သေခြင်းအရှိန်အဝါကို ထုတ်လွှတ်နေသည်။
နန်းတော်၏ ဘေးပတ်ဝန်းကျင်တွင် ဒြပ်နှောများက ဖော်မပြနိုင်အောင် အလွန်သိပ်သည်းသည်။
ငရဲပြည်ထဲတွင် ချောက်ချားဖွယ်ကောင်းသော တစ္ဆေပုံရိပ်များက တစ်ကောင်ပြီးတစ်ကောင် စတင်ထွက်ပေါ်လာကြသည်။
ထိုတစ္ဆေပုံရိပ်များက မျက်လုံးဟောင်းလောင်းပေါက် ရှိကြပြီး အေးစက်မှုနှင့် သေခြင်းအရှိန်အဝါကို ထုတ်လွှတ်နေကြသည်။ ၎င်းတို့အားလုံးက ၎င်းတို့အသက်ရှင်ခဲ့စဉ်က မကျေချမ်းစိတ်နှင့် ရန်ငြိုးအာဃာတများကို သယ်ဆောင်ထားကြဟန် ရသည်။
၎င်းတို့က အပြင်လောကကို အေးစက်စက် စိုက်ကြည့်နေကြသည်။ ၎င်းတို့၏ မျက်နှာက မထူးမခြားနားအမူအရာဖြင့် ရှိနေသော်လည်း ရက်စက်ကြမ်းကြုတ်သော စိတ်ခံစားမှုကို ပေးနေဆဲပင်။ ၎င်းတို့က ငရဲပြည်ထဲမှာ ကန့်သတ်ချုပ်နှောင်ခံထားရသော်လည်း ၎င်းတို့၏ ထွက်ပေါ်လာမှုက ဤကြယ်တာရာကောင်းကင်ကို ငရဲပြည်၏ ကျယ်ပြောသော ပုံစံတစ်မျိုးအဖြစ် ပြောင်းလဲသွားစေဟန် ရသည်။
‘ ငရဲပြည် ဆင်းသက်လာခြင်း ’ဟူသော ဤနတ်ဘုရားအတတ်ပညာက ငရဲပြည်နတ်ဘုရားကမ္ဘာကို ဖန်တီးပေးနိုင်သည်။
ယင်းက အင်မော်တယ်စွမ်းအင်ကို ဖိနှိပ်နိုင်သည်။
ဤငရဲပြည်နတ်ဘုရားကမ္ဘာထဲမှာ ဒြပ်နှောသာလျှင် အထွတ်အမြတ် တည်ရှိမှု ဖြစ်သည်။
ကြယ်တာရာစက်ဝန်းက ချက်ချင်း သေမျိုးဖြစ်လာပြီး သူ၏ ကျင့်ကြံခြင်းအားလုံးကို ဆုံးရှုံးသွားသည်။ သူက အစကတည်းက ဒဏ်ရာအပြင်းအထန် ရရှိထားလေရာ ဤအခိုက်အတန့်မှာ တိုက်ရိုက် သတိမေ့မျောသွားသည်။
ရွှီချင်း၏ အမူအရာက ပျက်ယွင်းသွားသည်။ သူ၏ အင်မော်တယ်စွမ်းအင်က ဖိနှိပ်ခံလိုက်ရပြီး သူ၏ ခန္ဓာကိုယ်ထဲမှ သီးခြားခွဲထွက်သွားသည်။
သူက ရုပ်ခန္ဓာကိုယ်သက်သက်ဖြင့် အနောက်ဆုတ်သွားသည်။
နတ်သမီးသည်တော့ ၎င်းက ရုပ်ပိုင်းဆိုင်ရာဖြစ်စေ စိတ်ပိုင်းဆိုင်ရာဖြစ်စေ အားအင်ချည့်နဲ့နေသည်။ သို့သော်လည်း ရွှီချင်းနှင့် ကြယ်တာရာစက်ဝန်းထက်စာလျှင် အစောပိုင်း နတ်ဘုရားယဇ်ပလ္လင်အဆင့်မှာ ရှိနေသေးသော ၎င်းက ထုံးစံအားဖြင့် အများကြီး အခြေအနေပိုကောင်းသည်။
“ ပုရွက်ဆိတ်တွေကများ ”
အေးစက်စက် အလင်းတန်းက နတ်သမီး၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ ၎င်းက ချက်ချင်း အပြင်သို့ ထွက်လျှောက်လာပြီး ရွှီချင်းဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။
၎င်းကို နှလုံးတုန်ယင်စေသော ထိုလူသားကျင့်ကြံသူကို ၎င်းကိုယ်တိုင် အဆုံးသတ်ပစ်ချင်သည်။ ၎င်းက ရွှီချင်း၏ ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို အမြစ်ဖြတ်ဖျက်ဆီးပစ်ချင်သည်။ ရွှီချင်းအပေါ်ထားသော ၎င်း၏ မုန်းတီးမှုက အလွန်ပြင်းထန်လေရာ ၎င်း၏ နတ်ဘုရားသဘာဝသည်ပင် လှုပ်ခါသွားရသည်။
နတ်သမီးက မျက်စိတစ်မှိတ်အတွင်းမှာ သတိကြီးစွာထား၍ အနောက်ဆုတ်သွားနေသော ရွှီချင်း၏ အရှေ့သို့ ရောက်ရှိသွားသည်။ ၎င်းက လက်မြှောက်လိုက်ပြီး ရွှီချင်းကို အဆုံးသတ်ရန် ပြင်လိုက်စဉ် မမျှော်လင့်ထားသော အပြောင်းအလဲတစ်ခုက ရုတ်ချည်း ထွက်ပေါ်လာသည်။
လျှပ်တစ်ပြက်အတွင်းမှာ ရွှီချင်း၏ မျက်နှာပေါ်မှ ထိတ်လန့်သော အမူအရာက ပျောက်ကွယ်သွားပြီး ချောက်ချားဖွယ်ကောင်းသော တည်ငြိမ်မှုက အစားထိုးထွက်ပေါ်လာသည်။
ဒြပ်နှောများက သူ၏ ခန္ဓာကိုယ်ထဲမှ မြှောက်တတ်လာသည်။
ယင်းက ရွှံ့မြေခွေးထံမှ သူငှားယူထားသော ဒြပ်နှောဖြစ်သည်။ ဤသို့အရေးကြီးအခိုက်အတန့်မှာ သူ၏ အင်မော်တယ်စွမ်းအင်က သီးခြားခွဲထုတ်ခံထားရစဉ် ဒြပ်နှောများက ထွက်ပေါ်လာပြီး သူ၏ ညာလက်ထဲမှာ စုဝေးသွားသည်။
တစ်ဆက်တည်းမှာ ရွှီချင်းက သူ၏ ညာလက်ကို အရှေ့သို့ ဆန့်ထုတ်လိုက်သည်။
“ နင်… ”
နတ်သမီး၏ အမူအရာက သိသာစွာ ပျက်ယွင်းသွားသည်။ ထိုရုတ်တရက် အပြောင်းအလဲက ၎င်းကို ဆွံ့အသွားစေသည်။ ၎င်း၏ နတ်ဘုရားစိတ်အာရုံက တုန်ယင်သွားစဉ် ၎င်း၏ အသိစိတ်က ဟာလာဟင်းလင်း ဖြစ်သွားသည်။
၎င်းက မသိစိတ်မှ ချက်ချင်း အနောက်ဆုတ်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း ၎င်းက ရွှီချင်းနှင့် အလွန်နီးကပ်စွာ ရှိနေခဲ့ပြီး ၎င်း၏ လက်ရှိအခြေအနေက အလွန်အမင်း အားနည်းနေသည်။ သို့ဖြစ်၍ ၎င်း၏ တုံ့ပြန်မှုအလျင်က ရွှီချင်းထက် အနည်းငယ် နှေးကွေးသွားဆဲပင်။
မျက်တောင်တစ်ခတ်အတွင်းမှာ ရွှီချင်း၏ ညာလက်က နတ်သမီး၏ လည်ပင်းကို သံမဏိပြုတ်တူသဖွယ် ညှစ်လိုက်သည်။
သူက လက်ငါးချောင်းကို အားစိုက်ထည့်လိုက်လေရာ နတ်သမီး၏ လည်ပင်းပေါ်တွင် နက်ရှိုင်းသော လက်ချောင်းရာများ ထင်ကျန်သွားသည်။
တစ်ချိန်တည်းမှာ နတ်သမီး၏ နတ်ဘုရားအခွင့်အာဏာကို သူချိပ်ပိတ်လိုက်စဉ် အရိပ်လေးက ၎င်းကို ချုပ်နှောင်လိုက်သည်။ ရွှံ့က နတ်သမီး၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားသည့်အခါ သိမ်မွေ့နူးညံ့သော ရယ်မောသံက ရွှံ့မြေခွေးထံမှ ပျံ့လွင့်လာသည်။
ထိုသို့လုပ်ဆောင်ပြီးနောက် ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။
“ မင်းကို မိပြီ ”
ချိပ်တံဆိပ်အလွှာအထပ်ထပ်၏ ဖုံးလွှမ်းမှုအောက်မှာ နတ်သမီး၏ မျက်နှာက ဖြူဖျော့သွားသည်။ သို့သော်လည်း ၎င်းက ရွှီချင်းကို စူးစိုက်ကြည့်လိုက်သည့်အခါ ပြင်းထန်သော လှိုင်းဂယက်တချို့က ၎င်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ ခမည်းတော်… ”
၎င်းက အက်ရှရှအသံဖြင့် ပြောသည်။
“ နားငြီးတယ် ”
ရွှီချင်းက အမူအရာကင်းမဲ့စွာဖြင့် နတ်သမီး၏ လည်ပင်းကို ရက်စက်ကြမ်းတမ်းစွာ ဖျစ်ညှစ်လိုက်သည်။