← Chapters

ဆရာတော့အရှက်ကွဲပြီ

Vol. 14 Ch. 188

ဆရာတော့အရှက်ကွဲပြီ

Vol. 14 Ch. 188

အခန်း (၁၈၈) ဆရာတော့အရှက်ကွဲပြီ

"အသုံးမဝင်ဘူး…"

ကျိုးစူးက နည်းလမ်းပေါင်းများစွာဖြင့် ကြိုးစားသော်လည်း သဲနုန်းများထဲမှ ရုန်းထွက်ရန် မဖြစ်နိုင်ခဲ့ပေ။

သူတို့၏ ကျင့်ကြံခြင်းတန်ခိုးစွမ်းအားများကို အသုံးမပြုနိုင်သောကြောင့် သူတို့မှာ သာမန်လူများပမာ ဖြစ်နေကြရသည်။

သာမန်သဲနုန်းများဆိုလျှင် သူတို့ကို ထိုမျှ ဒုက္ခပေးနိုင်မည် မဟုတ်ပေ။ သို့သော် ဤနေရာမှ သဲနုန်းများက အောက်ခြေမရှိသည့် တွင်းကြီးတစ်ခုနှင့်တူပြီး သူတို့ခွန်အားများကို စုပ်ယူနေသောကြောင့် ကူရာကယ်ရာမဲ့ အခြေအနေမျိုးကို ရင်ဆိုင်ရစေသည်။

သဲနုန်းများအတွင်း တဖြည်းဖြည်းနစ်မြုပ်သွားမည့်အချိန်ကိုသာ စောင့်ဆိုင်းနေရန် ရှိတော့သည်။ နောက်ဆုံးတော့ အသက်ပျောက်ပြီး သဲနုန်းများ၏အာဟာရအဖြစ် ဘဝအဆုံးသတ်သွားကြမည် ဖြစ်သည်။

ကျန်းရှီက…

"လှဲချလိုက်… အဲဒါဆိုရင် သဲနုန်းတွေ ငါတို့ကို စုပ်မျိုနေတာ နည်းနည်း အရှိန်လျော့သွားလိမ့်မယ်…"

ပြောရင်ဖြင့် ကျန်းရှီက လှဲချလိုက်သည်။

သူတို့ရရှိထားသည့် မှော်ဝင်ပစ္စည်းများကလည်း လက်ရှိအခက်အခဲကို ဖြေရှင်းရန် အသုံးမဝင်ပေ။ ဤသည်က သေဖို့အဆုံးသတ်ပင် ဖြစ်သည်။

"အဲဒါ တကယ်အလုပ်ဖြစ်လား…"

ကျင်းယွီ အနည်းငယ် စိုးရိမ်ဟန်ဖြင့် မေးလိုက်သည်။

ကျိုးစူးကလည်း လှဲချလိုက်ရင်း…

"နည်းနည်းတော့ အသုံးဝင်တယ်ထင်တယ်…"

ကျင်းယွီ ခဏမျှတုံ့ဆိုင်းနေပြီးနောက် လှဲချလိုက်သည်။

သူ ဘယ်တော့မှ ပြန်ထမလာနိုင်တော့မည်ကို စိုးရိမ်နေမိသည်။

အခြေအနေများက အလွန်မှ စိတ်ရှုတ်ထွေးစရာ ကောင်းလွန်းလှသည်။ သူတို့ နည်းနည်းလောက်ပိုပြီး တောင့်ခံနိုင်လျှင် ကောင်းပေလိမ့်မည်။

အနည်းဆုံးတော့ နည်းနည်း အသက်ပိုရှင်သန်နိုင်မည် မဟုတ်ပါလား။ နည်းနည်းလောက် အသက်ပိုရှင်နိုင်လျှင် လာကယ်မည့်သူကို မျှော်လင့်နိုင်ပေသေး၏။

"ငါ ငယ်ငယ်က ရွာသားတွေဆီက ဒီနည်းလမ်းကို ကြားဖူးခဲ့တာ… ၊ ထင်မထားဘူး… တကယ်အသုံးဝင်တာပဲ…"

ကျန်းရှီက ဝမ်းမြောက်ဝမ်းသာဖြင့် ပြောလိုက်သည်။

သို့သော် မကြာမီ သူမ စိတ်ပျက်လက်ပျက် ပြန်ဖြစ်သွားသည်။

မည်သို့ပင်ဖြစ်စေ အနှေးနှင့်အမြန် သူမ ယနေ့သေရပေတော့မည်။

ကျိုးစူးက တောင်းပန်သည့်လေသံဖြင့်…

"ဒါတွေအားလုံး ကျုပ်အမှားပါ ၊ ကျုပ်သာ အခြေအနေတွေကိုကြိုပြီး သိခဲ့မယ်ဆိုရင် ဂိုဏ်းတူအစ်ကိုကြီးက ဒီနေ့ ကျုပ်တို့ကို ဒုက္ခရောက်အောင် လုပ်မှာ မဟုတ်ဘူး…"

ကျင်းယွီက…

"ကျုပ်တို့ အော်ပြီး အကူအညီတောင်းကြည့်လို့ရတယ်လေ… ဘာလို့ ကြိုးစားမကြည့်ရမှာလဲ…"

ထိုအချိန်တွင် သူတို့၏ခန္ဓာကိုယ်တစ်ဝက်လောက်သာ အပြင်ဘက်တွင် ရှိနေတော့သည်။

အော်ဟစ်အကူအညီမတောင်းလျှင်လည်း မကြာမီ သဲနုန်းများအတွင်းနစ်မြုပ်ကာ သေဆုံးရတော့မည် ဖြစ်သည်။

ကျိုးစူးက…

"ကျုပ်လုပ်မယ်… ဒီပြဿနာတွေအားလုံး ကျုပ်ကြောင့် ဖြစ်တာ… ၊ အကျိုးဆက်ကိုလည်း ကျုပ်တစ်ယောက်တည်း ရင်ဆိုင်မယ်…"

ထို့နောက် ကျိုးစူး ကောင်းကင်ထက်သို့ မော့ကြည့်ပြီး အော်ဟစ်လိုက်သည်။

"ဂိုဏ်းတူအစ်ကိုကြီး… ကယ်ပါ… အဲဒါက ကျွန်တော်…"

ကျိုးစူး တောင်းပန်စကားဆိုရန် တုံ့ဆိုင်းသွားမိသည်။

"ငါ တောင်းပန်လို့ မဖြစ်ဘူး…"

သူက ချက်ချင်းပြောလိုက်၏။

သူ့ကို အခြားသူများ အထင်မလွဲစေရန်အတွက် ကျိုးစူးက ဆက်ရှင်းပြလိုက်သည်။

"ကျုပ် တောင်းပန်လိုက်ရင် ဂိုဏ်းတူအစ်ကိုကြီးက ကျုပ်တို့ကို တမင်သက်သက်ဒုက္ခရောက်အောင်လုပ်တယ်လို့ စွပ်စွဲတဲ့ပုံစံပေါက်သွားလိမ့်မယ်… ၊ ဒါဆို ဂိုဏ်းတူအစ်ကိုကြီးကို ပိုပြီးစော်ကားသလို ဖြစ်သွားမယ်…"

ကျင်းယွီက…

"ဒါဖြင့် ကျုပ်တို့ ဘာလုပ်ကြမလဲ…"

မတောင်းပန်ဘူးဆိုလျှင် သူတို့ ဘာလုပ်ကြပါမည်နည်း။

ကျန်းရှီက…

"ဒါပေမဲ့ ဂိုဏ်းတူအစ်ကိုကြီးက ငါတို့တောင်းပန်မှာကို စောင့်နေတာဆိုရင်ရော…"

သူတို့ သုံးယောက် ဒုက္ခရောက်နေကြရပြီ။ အကြံလည်းကုန်နေပြီ ဖြစ်သည်။

ကျင်းယွီက…

"တောင်းပန်တယ်ဆိုတာ တစ်ခါတစ်လေ စကားလုံးတွေနဲ့ ပြောနေစရာ မလိုပါဘူးကွာ…"

ထိုစကားက ကျိုးစူးကို ချက်ချင်းအလင်းပွင့်သွားသည်။

သူက ထထိုင်ရန် ကြိုးစားလိုက်ရင်း…

"ဟုတ်ပြီ… မင်းတို့တွေက အစ်ကိုကြီးကို အကူအညီတောင်းကြ… ၊ ကျုပ်က တောင်းပန်တဲ့အနေနဲ့ ဦးညွှတ်ခေါင်းငုံ့နေမယ်…"

အမှန်တော့ သူက ဒူးထောက်တောင်းပန်ရမည် ဖြစ်သည်။

သို့သော် အခြေအနေအရ ဒူးမထောက်နိုင်သည့်တိုင် ခေါင်းငုံ့ဦးညွှတ်ထားနိုင်မည် ဖြစ်သည်။

ကျန်းရှီက ခဏမျှ ချီတုံချတုံဖြစ်နေပြီးနောက် လက်ခံသဘောတူလိုက်သည်။

ဤနည်းလမ်းသာ ရှိလေသည်။

ထို့နောက်တွင်တော့ အကူအညီတောင်းအော်ဟစ်သံများထွက်ပေါ်လာပြီး ကျိုးစူးကတော့ တောင်းပန်သည့်အနေဖြင့် ခေါင်းငုံ့ဦးညွှတ်လျှက် ရှိသည်။

သို့သော် သူတို့ အချိန်ကြာမြင့်စွာ စောင့်နေသည့်တိုင် ကျန်းလန်၏ အရိပ်အယောင်ကိုပင် မတွေ့မြင်ရပေ။

ထိုအချိန်မှာပင် သဲနုန်းများက သူတို့၏စွမ်းအားများကို တဖြည်းဖြည်း စုပ်ယူနေလေသည်။

သဲနုန်းများထက်တွင် သူတို့ (၃)ယောက် အားနည်းစွာဖြင့် လဲလျောင်းနေပြီး သဲများက သူတို့ဝမ်းဗိုက်ထက်ဆီသို့ ဖုံးလွှမ်းနေပြီ ဖြစ်သည်။

သူတို့ သေဆုံးသွားရန် အချိန်သိပ်မလိုတော့ပေ။

"ဂိုဏ်းတူအစ်ကိုကြီး… ကျွန်တော်တို့ မှားသွားပါတယ်… လာကယ်ပါ…"

ကျိုးစူးက အားနည်းစွာဖြင့် ပြောလိုက်သည်။

သို့သော် မည်သည့်အသံမှ မကြားရပေ။ သူတို့သည်လည်း ခွန်အားများ လုံး၀ မကျန်တော့ပေ။

ကျန်းရှီ ပါးစပ်ဟလိုက်သော်လည်း မည်သည့်အသံမှ ထွက်မလာခဲ့ပေ။ ကျင်းယွီမှာလည်း သေရတော့မည်ဟု ခံစားနေရသည်။

သူတို့အားလုံး စိတ်ပျက်လက်ပျက် ဖြစ်နေကြလေသည်။ သူတို့ ယခုလိုအခြေအနေရောက်နေသည့်တိုင် ဂိုဏ်းတူအစ်ကိုကြီးက လာရောက်မကယ်တင်ဘူးလား။

ထိုသို့ဆိုလျှင် သူတို့ တကယ်ပဲ သေဆုံးကြရတော့မည်လား။

သူတို့က တစ်ဂိုဏ်းတည်းသားတွေပဲ မဟုတ်ဘူးလား။ ထိုမျှအထိ ဒုက္ခပေးရန်လိုလို့လား။

ကျင်းယွီ သတိလစ်လုနီးပါးဖြစ်လာလေသည်။ ကျင်းစူးနှင့် ကျန်းရှီမှာလည်း အသက်ကို ခက်ခက်ခဲခဲ ရှူနေရသည်။

သူတို့အားလုံး သတိလစ်တော့မည့်ဆဲဆဲ ဖြစ်နေချိန်တွင် သူတို့နားထဲတွင် တည်ငြိမ်သည့်အသံတစ်သံကို ကြားလိုက်ရသည်။

"မင်းတို့တွေကလည်း ဒီလောက်ရိုးရှင်းတဲ့ သဲနုန်းအစီအရင်လေးကိုတောင် မချိုးဖျက်နိုင်ကြဘူးလားကွာ…"

တစ်စုံတ်စယောက် သူတို့အနားသို့ ရောက်ရှိလာသည်ကို ကျင်းယွီ ခံစားလိုက်ရသည်။ ကျိုးစူးနှင့် ကျန်းရှီတို့လည်း ထိုသို့ ခံစားလိုက်ကြရ၏။

သို့သော် သူတို့ မျက်လုံးများ မဖွင့်နိုင်ကြတော့သလို တွေးလည်း မတွေးနိုင်ကြတော့ပေ။

သို့သော် သူတို့၏ပင်ကိုယ်သိစိတ်ဖြင့် သူတို့ကို တစ်ယောက်ယောက်လာကယ်ပြီဖြစ်ကြောင်း သိရှိလိုက်သည်။

ကျန်းလန် သူတို့ (၃)ယောက်ကို ငုံ့ကြည့်လိုက်သည်။

သူ အလောတကြီး ပြန်လာစဉ်မှာပင် သူ့အဖွဲ့ဝင် (၃)ယောက်၏ အသက်ဓာတ်စွမ်းအားများ အားနည်းနေသည်ကို အာရုံခံလိုက်မိသည်။

သူ စိုးရိမ်သွားပြီး ချက်ချင်းပင် အခြေအနေကို လာကြည့်သည့်အခါ ထို (၃)ယောက်မှာ သဲနုန်းအစီအရင်ထဲတွင် ပိတ်မိနေပြီး သတိလစ်လုနီးပါး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

သဲနုန်းအစီအရင်က သာမန်အစီအရင်လေးတစ်ခုသာ ဖြစ်သည်။

ကျင်းယွီနှင့် ကျန်းရှီက ပဉ္စမတောင်ထွတ်မှ တပည့်များ ဖြစ်ကြသည်။ သူတို့က ဆရာဒေါ်လေးမြောင်ယွဲ့၏တပည့်များ ဖြစ်ကြပါလျှက် ထိုမျှ အစီအရင်ပညာ ညံ့ဖျင်းသည်တဲ့လား။

ကျန်းလန် ခေါင်းတစ်ချက်ခါရမ်းလိုက်ပြီး ထို (၃)ယောက်ကို ကယ်တင်ကာ ဘေးကင်းရာသို့ ပို့ဆောင်ပေးလိုက်သည်။

မော့ယန်ကို သတ်ဖြတ်လိုက်ပြီးနောက် မှော်ရုံနယ်မြေထဲတွင် အခြေအနေက ပုံမှန်ပြန်ဖြစ်သွားလေသည်။ သေးငယ်သည့် တိုက်ခိုက်မှုလေးများပင် မရှိတော့ပေ။

ကြီးမားသည့်ပြောင်းလဲမှု မဟုတ်သည့်တိုင် ပိုမိုအန္တရယ်ကင်းသွားပြီ ဖြစ်သည်။ အနည်းဆုံးတော့ သူ့လူ (၃)ယောက်လည်း အန္တရယ်ကင်းသွားပြီ ဖြစ်သည်။

အလင်းတန်းတစ်ခု လင်းလက်သွားပြီး ကျန်းလန်က ကုသခြင်းမန္တန်တစ်ခုအသုံးပြုကာ ကျိုးစူးတို့ကို ဆေးကုသပေးလိုက်သည်။ ထို့နောက် သူတို့ ပတ်ပတ်လည်တွင် ကုသခြင်းအစီအရင်တစ်ခုကိုလည်း ပြုလုပ်ပေးလိုက်သည်။

ဤသည်က သူတို့ (၃)ယောက်ကို အလျှင်အမြန် စွမ်းအားများပြည့်ဝစေပြီး ပြန်လည်သက်သာလာစေမည် ဖြစ်သည်။

မှော်ရုံနယ်မြေခရီးစဉ်တွင် အဖွဲ့ခေါင်းဆောင်တစ်ယောက်အနေဖြင့် အဖွဲ့ဝင်များကို ပစ်ထားမည်ဆိုလျှင်တော့ ကျန်းလန်၏ တာဝန်ပေါ့လျော့မှုသာ ဖြစ်ပေလိမ့်မည်။

ထို (၃)ယောက်ကို မန္တန်အသုံးပြုကာ ဆေးကုသပေးပြီးနောက် ကျန်းလန် အနောက်ဘက်သို့ လှည့်ကြည့်လိုက်သည်။

"လုန်ယွိ ရောက်လာပြီလား မသိဘူး…"

ကျန်းလန်က လုန်ယွိထက်ပင် လျှင်မြန်လေသည်။

မြူခိုးဝင်္ကပါထဲတွင် မည်သည့်အစီအရင်ကမှ သူ့ကို တားဆီးနိုင်စွမ်း မရှိပေ။ ထို့ကြောင့် သူက လုန်ယွိထက် မူလနေရာသို့ စောစောပြန်ရောက်လာနိုင်သည်မှာ မထူးဆန်းပေ။

အပြန်လမ်းတွင် သူက မြူခိုးဝင်္ကပါဗဟိုချက်သို့ပင်သွားရောက်ကာ စနစ်မှတ်ပုံတင်ခဲ့သေးသည်။

စနစ်တွင်မှတ်ပုံတင်ခြင်းမှ အံ့သြစရာကောင်းလောက်သည့် ပစ္စည်းမျိုးတော့ မရရှိခဲ့ပေ။

[မှတ်ပုံတင်ခြင်းအောင်မြင်ပါတယ်… ၊ မဟာတာအိုက ပေးအပ်တဲ့လက်ဆောင်ကို ရရှိတဲ့အတွက် စနစ်ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်… ၊ ယခု သင်ရရှိတာက "အမတသွေးပြဒါး" ဆိုတဲ့ ဆေးလုံးတစ်မျိုးကို ရရှိပါတယ်…"

["အမတသွေးပြဒါး" ဆေးလုံး : ဤဆေးလုံးသည် လူသား၏ခန္ဓာကိုယ်မှ သွေးများကို ဆူပွက်စေပြီး ဝိညာဉ်နှင့်ခန္ဓာကိုယ်ကို မူလဝိညာဉ်နှင့် ပေါင်းစပ်သည့်အခါ လောင်ကျွမ်းစေပြီး အစစ်အမှန်အင်မော်တယ်ခန္ဓာကိုယ်ကို ရရှိစေမည် ဖြစ်သည်။]

စနစ်တွင် မှတ်ပုံတင်ခြင်းမျ ရရှိခဲ့သည့် ဆေးလုံးကို ကျန်းလန် ပြန်လည်အမှတ်ရလိုက်မိသည်။

ထိုဆေးလုံးဖြင့်ဆိုလျှင် အစစ်အမှန်အင်မော်တယ်အဆင့်သို့ အလျှင်အမြန် အဆင့်တက်ရောက်နိုင်ပေလိမ့်မည်။ သို့သော် လူသားအင်မော်တယ်အဆင့် အောင်မြင်ပြီးမှသာ ထိုဆေးလုံးကို အသုံးပြုနိုင်မည် ဖြစ်သည်။

"ငါ မကြာခင် အစစ်အမှန်အင်မော်တယ်အဆင့်ကို တက်ရောက်နိုင်တော့မယ်ထင်တယ်… ၊ ဒါဆိုရင် ငရဲတံခါးက မူမမှန်တဲ့ ပြောင်းလဲမှုတွေကို ပိုပြီး လွယ်လွယ်ကူကူ ရင်ဆိုင်နိုင်မှာပဲ…"

ယခုတစ်ခေါက် စနစ်တွင်မှတ်ပုံတင်ခြင်းက "မိုးနဲ့မြေကိုဖန်ဆင်းခြင်း" ခေါင်းစဉ်ဖြင့် မည်သည့်ပစ္စည်းမှ မရရှိခဲ့သော်လည်း "အမတသွေး" ဆေးလုံးကို ရရှိခဲ့သည်။

ဤသည်က လုံလောက်သည်ဟု ဆိုနိုင်သည်။ ထိုဆေးလုံးက သူ့ကို နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ရန် ကူညီမည် ဖြစ်၏။

လက်ရှိတွင် အရေးတကြီးပြုလုပ်ရမည်မှာ လူသားအင်မော်တယ်အဆင့် အောင်မြင်သည်အထိ ကျင့်ကြံရန် ဖြစ်သည်။

ငရဲတံခါးမှ မရဏအငွေ့အသက်များ နောက်တစ်ကြိမ်ပေါက်ကွဲထွက်ရန်မှာ အကြမ်းဖျင်းအားဖြင့် နှစ်ပေါင်း (၆၀)ခန့် အချိန်လိုသေးသည်။

ဤသည်က ကျန်းလန် အဆင့်တက်ရန်အတွက် အချိန်လုံလောက်သည်ဟု ဆိုနိုင်သည်။

………………

မော့ကျန်းသုန့် မြက်ခင်းပြင်ထက်တွင်ရပ်ရင်း အရှေ့သို့ စိုက်ကြည့်နေသည်။

သူ့ကိုကြည့်ရသည်မှာ အတော်လေး ပင်ပန်းနေဟန် ရှိသည်။

မြောင်ယွဲ့က သိမ်မွေ့သည့်လေသံဖြင့်…

"ဂိုဏ်းတူအစ်ကို… (၂)ရက်တောင်ရှိပြီနော်… ၊ အစီအရင်ကို ချိုးဖျက်နေတာ… အခုချိန်ထိ အစီအရင်က အက်ကြောင်းလေးတောင် မထင်သေးဘူး…"

ထိုသို့ပြောလိုက်သော်လည်း သူမက မော့ကျန်းသုန့် ဒုက္ခရောက်နေသည်ကို ကြည့်ရင်း ပျော်ရွှင်နေမိသည့်အတွက် ကူညီပေးရန်ဆန္ဒ မရှိပေ။

ချန်ရှီကတော့ မော့ကျန်းသုန့်ကို အေးစက်စွာ ကြည့်လိုက်၏။

"မင်းက ကျန်းလန်ရဲ့ ဆရာရော ဟုတ်ရဲ့လား…"

မော့ကျန်းသုန့်က တည်ကြည်သည့်မျက်နှာထားဖြင့်…

"ဒီအစီအရင်ရဲ့ အခြေခံပြောင်းလဲမှုတွေကို ကျုပ် နားလည်စပြုနေပါပြီ…"

မော့ကျန်းသုန့်ကိုကြည့်ပြီး မြောင်ယွဲ့က လှစ်ခနဲတစ်ချက် ပြုံးလိုက်မိ၏။

ထိုအချိန် ချန်ရှီက မြောင်ယွဲ့ကို လှမ်းကြည့်လာသည်။

မြောင်ယွဲ့က ချန်ရှီ၏အကြည့်ကို သတိပြုမိသည်နှင့်…

"ဂိုဏ်းတူအစ်မ… ဘာဖြစ်လို့လဲ…"

ချန်ရှီက ခေါင်းတစ်ချက်ခါရမ်းလိုက်ရင်း…

"ဂိုဏ်းတူညီမလေး… ၊ ဒီအစီအရင်ကို မင်း ဘယ်လိုထင်လဲ…"

မြောင်ယွဲ့က တည်ငြိမ်စွာဖြင့်…

"ဒီအစီအရင်က သာမန်အစီအရင်မဟုတ်ဘူး… ၊ ထူးခြားတယ်…"

ချန်ရှီက…

"မဟုတ်လောက်ပါဘူး… ၊ ဒါတော့ မင်း အပိုပြောတာပဲ ဖြစ်ရမယ်…"

မြောင်ယွဲ့က…

"ကျွန်မပြောတာကို မယုံဘူးဆိုရင် ဂိုဏ်းတူအစ်မ စမ်းကြည့်လို့ရတယ်…"

အချိန်အတန်ကြာပြီးသည့်တိုင် သူတို့ (၃)ယောက်လုံး မြက်ခင်းပြင်ထက်တွင် ရပ်နေကြဆဲ ဖြစ်သည်။

မရဏဂူကို တွေ့မြင်နေရပြီး အနားသို့ကပ်နိုင်ခြင်း မရှိသလို မော့ကျန်းသုန့်မှာလည်း တပည့်ဖြစ်သူလက်စွမ်းပြထားသည့် အစီအရင်ကို မချိုးဖျက်နိုင်ဘဲ ချွေးပျံလျှက် ရှိ၏။

ချန်ရှီက…

"ငါ စမ်းကြည့်မယ်…"

အစီအရင်က သိပ်လည်းမခက်ခဲပါဘူးဟု သူမ တွေးမိသည်။

မခက်ခဲသည့်အစီအရင်လေးကို ချိုးဖျက်ရန် တိုင်ပတ်နေသည့် မော့ကျန်းသုန့်ကိုလည်း သူမ မကျေမနပ် ဖြစ်မိသည်။

သို့သော် အစီအရင်ကို မြောင်ယွဲ့ချီးကျူးစကားဆိုသည်ကတော့ ထူးခြားလေသည်။ အစီအရင်တစ်ခုလုံးကို သိမြင်ခြင်းမရှိဘဲ မြောင်ယွဲ့က ချီးကျူးလိမ့်မည် မဟုတ်ပေ။

ချန်ရှီက အစီအရင်ကို ချိုးဖျက်မည်ဆိုသောအခါ မော့ကျန်းသုန့် နောက်ဆုတ်ပေးလိုက်သည်။

တပည့်ဖြစ်သူ အရှက်ခွဲသဖြင့် သူလည်း အတော်လေးပင်ပန်းနေပြီဖြစ်ရာ သူ့ကိုယ်သူ အတင်းဖိအား မပေးချင်တော့ပေ။

ထိုစဉ် ချန်ရှီ၏ အဝတ်အစားများမှ အလင်းရောင်များတောက်ပလာသည်။ ထို့နောက် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး မရဏဂူအရှေ့သို့ ကျရောက်သွားသည်။

အစီအရင်ပျက်စီးသွားပြီ ဖြစ်၏။

ချန်ရှီက…

"သွားကြစို့…"

မော့ကျန်းသုန့်နှင့် မြောင်ယွဲ့က ချန်ရှီနောက်မှ လိုက်ပါသွားကြသည်။

သိပ်မကြာမီ သူတို့ မရဏဂူအရှေ့သို့ ရောက်ရှိလာသည်။

မရဏဂူအတွင်းမှ မရဏအငွေ့အသက်များ ပြင်းထန်စွာ ထွက်ပေါ်လျှက်ရှိသော်လည်း အင်မော်တယ်များဖြစ်ကြသည့် သူတို့ (၃)ယောက်အပေါ်တွင် သက်ရောက်မှု မရှိပေ။

သူတို့ မရဏဂူအတွင်းသို့ ဝင်ရောက်လိုက်ကြသည်။

ချန်ရှီက မြောင်ယွဲ့ကို ကြည့်လိုက်ရင်း…

"ဟွန်း… ဒီလောက်အစီအရင်လေးကို ဂိုဏ်းတူညီမလေးက ထူးခြားတယ်လို့ ပြောတာလား…"

မော့ကျန်းသုန့်က အစီအရင်ပညာကို နကန်းတစ်လုံးပင် သိသူ မဟုတ်လေရာ  ချန်ရှီက မော့ကျန်းသုန့်ကိုတော့ အဖက်လုပ် ပြောမနေတော့ပေ။

မြောင်ယွဲ့က ပြုံးလိုက်ရင်း…

"ဒါဖြင့် ဂိုဏ်းတူအစ်မ ဒီနေရာကနေ နက္ခတ်ပညာ အသုံးပြုကြည့်ပါလား…"

All Chapters