လွေ့နင်
Vol. 30 Ch. 411
သူ့အနောက်ဘက်တွင်ကား နဂါးလေး ရှောက်ထျန်းလုံက သူ့ခန္ဓာကိုယ် အရွယ်အစားနှင့် လုံးဝ မမျှသည့် ကင်းမွန်လက်ကြီးကို ကိုင်လျက် သူ့အား လက်ယမ်းပြနေပါ၏။
ထိုကောင်လေး၏ ခြေထောက်အောက်တွင်လည်း နောက်ထပ် ကင်းမွန်လက်ချောင်း ၆ ချောင်း ရှိနေပါသေးသည်။
" မဟုတ်မှလွဲရော... ခုနက.. "
ထိုမြင်ကွင်းကို မြင်ပြီးနောက်တွင်မူ မည်သို့ ဖြစ်ပျက်သွားခဲ့သည်ကို မျောက် ချက်ချင်းပင် နားလည်လိုက်တော့သည်။
အစောက သူ အမှောင်ထုထဲမှ လူသတ်အရိပ်အငွေ့ကို ခံစားခဲ့ရပြီး ၎င်းက ရုတ်တရက် ပြန်ပျောက်ကွယ်သွားခြင်းမှာ ကင်းမွန်ကြီးက ပစ်မှတ်ကို လွဲချော်သွား၍ မဟုတ်ဘဲ...
ရှောက်ထျန်းလုံက ထိုပြဿနာအား ဖြေရှင်းခဲ့သော
ကြောင့်ပင် ။
ထိုကောင်လေးက ပြိုင်ဘက်၏ တိုက်ခိုက်မှုကို တုန့်ပြန်နိုင်ခဲ့ရုံမက ၎င်း၏ လက်များကိုပင် ဖြုတ်ယူထားနိုင်ခဲ့ပါသေး၏။
ရှောက်ထျန်းလုံလေးအပေါ် ထားသည့် သူ့အမြင်မှာလည်း ချက်ချင်း ပြောင်းသွားတော့သည်။
ရှောက်ထျန်းလုံသည် အလွန်အစွမ်းထက်သည်ကို သူ သိထားပြီး ဖြစ်သော်လည်း မည်မျှ အတိုင်းအတာအထိ အစွမ်းထက်သည်ကိုမူ မသိခဲ့ပါ။
သို့သော် ယခု တိုက်ပွဲမှ သူ အကြမ်းဖျင်း နားလည်လိုက်ရလေပြီ။
တဖက်မှ သားရဲမှာ ကောင်းကင်ဘုံ တံခါးဝ အဆင့်မှ နတ်ဘုရားအဆင့်နီးပါး သားရဲတစ်ကောင် ဖြစ်ပါ၏။
ထိုသို့သော သားရဲက လက်ချောင်းများစွာကို တိတ်တဆိတ် အဖြတ်ခံခဲ့ရသည် ဖြစ်ရာ..
ရှောက်ထျန်းလုံက ထိုသားရဲထက် ပိုအစွမ်းထက်သည် ဆိုသည့် သဘောပင် ။
" ဆ.. ဆရာသမားလေး.. ခုလောလောဆယ် အဲ့လက်ချောင်းတွေကို အရင်သိမ်းထားပြီးတော့၊ သခင်နဲ့ ပြန်တွေ့တဲ့ အချိန်ကျမှ စားလိုက်ပါလား "
မျောက် စကားလမ်းကြောင်း လွှဲလိုက်သည်။
" ဝု.. "
ရှောက်ထျန်းလုံလေးက မစောင့်ချင်ဟန်ဖြင့် ခေါင်းလေးစောင်းပြီး ကြည့်လာ၏။ သို့သော် သူ မည်သို့မှ မငြင်းဘဲ သဘောတူလိုက်ပါသည်။
မျောက်က မည်သို့မှ ထပ်မပြောတော့ဘဲ ကင်းမွန်လက်ချောင်းများအား ဟင်းလင်းပြင်လက်စွပ်ထဲသို့သာ ပစ်ထည့်လိုက်တော့သည်။
သို့သော် သူ့စိတ်ထဲတွင်ကား ဖြစ်ပျက်နေသည့် အရာများက အမှန် မဟုတ်သလို ခံစားနေရပါ၏။
တဖက်ရှိ အမှောင်ထု အလယ်တွင်မူ.. ဝူကျီပင်လယ်
မှ သားရဲသခင်က လေထဲတွင် အေးစက်စက် မျက်နှာဖြင့် ပျံသန်းနေသည်။
" ဟမ့် .. ဒီလိုအဆင့်လောက်နဲ့ တိုက်ပွဲက တကယ်ကို ပျင်းစရာ ကောင်းတာပဲ။ ငါက ဒီက သားရဲသခင်တွေကို အစွမ်းထက်ကြမယ်လို့ ထင်နေခဲ့တာ ။ အခုတော့ စိတ်ပျက်စရာကြီး ပါလား ။ ဗိုလ်ချုပ်ဝူရော.. အဲ့လို မထင်ဘူးလား "
သူက ပြောပြောဆိုဆိုပင် ယုံကြည်မှု အပြည့်ရှိသည့် မျက်နှာဖြင့် နောက်သို့ လှည့်ကြည့်လိုက်သည်။
သို့သော်.. သူ လှည့်လှည့်ချင်းမှာပင် အံသြမှင်သက်သွားရတော့၏။
" ဗိုလ်ချုပိဝူ.. ဘာတွေ ဖြစ်သွားတာလဲလ.. "
သူ တအံ့တသြ မေးလိုက်သည်။
ထိုအချိန်တွင် ကင်းမွန်ကြီး ဗိုလ်ချုပ်ဝူမှာ တစ်ကိုယ်လုံး တုန်ယင်နေပြီး ၎င်း၏ လက်ချောင်း ၇ ချောင်းကလည်း ပြတ်နေ၏။
ထိုလက်ချောင်းများက ပြန်ထွက်လာနိုင်သည် ဆို
သော်ငြား တခဏအတွင်း လက်ချောင်း ၇ ချောင်း ဆုံးရှုံးလိုက်ရခြင်းမှာ ဆိုးရွားသည့် ဒဏ်ရာဟု ဆိုနိုင်ပါသည်။
" ဗိုလ်ချုပ်ဝူ... "
သူ အံ့သြမှင်သက်လွန်း၍ စကားပင် သေချာ မပြောနိုင်တော့ပါချေ။
ထိုစဥ် ပွဲကြည့်စင်ထက်မှ လူများကလည်း တီးတိုး ပြောဆိုလာကြ၏။
" ဟေ့ .. ဟိုမှာ ဘာတွေ ဖြစ်နေတာလဲ ၊ ဟို ကင်းမွန်ကြီးက ဘာဖြစ်သွားတာလဲ "
" ကြည့်ရတာ.. ဒဏ်ရာ ရသွားတယ်နဲ့ တူတယ် "
" ဟင်.. ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ၊ တိုက်ပွဲကွင်းပြင်ထဲမှာ သူ့ကို ဒဏ်ရာရအောင် လုပ်နိုင်တဲ့သူ ရှိလို့လား "
" ဟုတ်တယ်.. ကောင်းကင်ဘုံ တံခါးဝအဆင့် ရှိတဲ့ နတ်ဘုရားအဆင့်နီးပါး သားရဲတစ်ကောင်ကို ယှဥ်နိုင်
တဲ့သူ ရွှမ်တိုက်ပွဲကွင်းပြင်ထဲမှာ ရှိမှ မရှိတာ "
အချိန် တခဏကြာ တိတ်နေပြီး နောက်တွင်မူ လူတစ်ယောက်က ရုတ်တရက် ပြောလာ၏။
" ကျုပ် သဘောပေါက်ပြီ ။ ခုနက သုံးလိုက်တဲ့ နည်းလမ်းက ရန်သူကိုတင်မကဘူး ၊ ကိုယ့်ကိုကိုယ်ပါ ဒဏ်ရာ ရသွားစေခဲ့တာနဲ့ တူတယ်။ ရန်သူကို အကြိမ်တစ်ထောင် ဒဏ်ရာရအောင် လုပ်နိုင်ရင် ၊ ကိုယ်တိုင်လည်း အကြိမ် ရှစ်ရာ ထိခိုက်ဒဏ်ရာ ရတတ်တယ်ဆိုတဲ့ စကားလဲ ရှိသေးတာပဲ မဟုတ်လား။ ကြည့်ရတာ အဲ့လို သားရဲ အများကြီးကို တစ်ခါတည်း တိုက်ခိုက်ဖို့အတွက် ကိုယ့်ဘက်က ပေးဆပ်ရတာတွေလဲ ရှိတာထင်တယ် "
အားလုံးကလည်း ထိုလူ၏ စကားကို လက်ခံဟန်ဖြင့် ခေါင်းတဆတ်ဆတ် ညိတ်လိုက်ကြသည်။
" အဲ့လိုပဲ ဖြစ်ရမယ် "
" ဟူး... ဝူကျီပင်လယ်က သားရဲသခင်က တော်တော် စိတ်လောတာကိုး.. ။ တကယ်လို့ သူတာ တိုက်ပွဲကို တစ်ချက်တည်းနဲ့ အဆုံးသတ်အောင် မလုပ်ခဲ့ရင် ခုလိုကြီး ဖြစ်မှာ မဟုတ်ဘူး "
အားလုံး တစ်ယောက်တစ်ပေါက် ပြောလိုက်ကြသည်။
ထိုစဥ်.. လေထဲ တစ်နေရာတွင် ရှိနေသည့် သွေးနီယူနီကွန်းမှာကား မျက်မှောင်ကြီး ကြုံ့နေ၏။
" ဟမ့်.. ကြည့်ရတာ ငါ အဲ့ကောင်ကို အထင်ကြီးလွန်းသွားပြီနဲ့ တူတယ်။ ဒီလောက်အဆင့်မျိုးနဲ့ တိုက်ပွဲလေးမှာတောင် ကိုယ့်ကိုကိုယ် ဒဏ်ရာရအောင်အထိ ဖြစ်သွားခဲ့ရတယ်လို့။ ဒီကောင်က တော်တော်အစွမ်းနိမ့်သေးတာပဲ "
၎င်းက ထိုသို့ အေးစက်စက် ပြောကာ နောက်လှည့် ထွက်ခွာသွားလိုက်သည်။
" အကိုကြီး သွေးနီယူနီကွန်း ၊ နောက်အဆင့်ကျရင် အဲ့ကောင်နဲ့ ပြိုင်ပြီး တိုက်ခိုက်လို့ရအောင် စီစဥ်လိုက်ရမလား "
သူ့အနောက်မှ တတိယမင်းသားက မေးလာ၏။
" မလိုပါဘူးဗျာ... အဲ့လိုကောင်မျိုးကို သိုင်းကွက် သုံးကွက်တည်းနဲ့တောင် သတ်ပစ်လို့ ရတယ်။ ကျုပ်
က အဲ့လိုကောင်ကို ဘယ်နား သွားသုံးရမှာလဲ "
သွေးနီယူနီကွန်းက ပြန်ပြောလိုက်သည်။
" ကျုပ် သဘောပေါက်ပါပြီ "
တတိယမင်းသားက အပြုံးဖြင့် ပြောပြီး နောက်မှ အေးအေးဆေးဆေး လိုက်သွား၏။
ထိုစဥ် ရွှမ် တိုက်ပွဲကွင်းပြင် တစ်နေရာ၌ ဖုန့်လင်းက တိုက်ပွဲကွင်းပြင်အလယ်သို့ ဖြည်းညင်းစွာ လျှောက်လာနေသည်။
သူက အတုံးအရုံး လဲကျနေသော သားရဲများဖြင့် ပြည့်နေသည့် တိုက်ပွဲကွင်းပြင်ကို ကြည့်ကာ သက်ပြင်းချ၍ ဆိုသည်။
" ကဲ.. အခု နောက်ဆုံး ၂ ဖွဲ့ပဲ ကျန်တော့တာ ဆိုတော့ တိုက်ပွဲ ပြီးသွားပြီ "
" နှစ်ဖွဲ့.. ဟုတ်လား "
ဝူကျီပင်လယ်မှ သားရဲသခင် အံ့သြမှင်သက်သွား၏။
ဖုန့်လင်းက စကားဆက်သည်။
" အခု ကျန်တဲ့ နောက်ဆုံးနှစ်ဖွဲ့က နောက်တစ်ဆင့်ကို တိုက်ရိုက် တက်နိုင်တယ်။ ကျန်တဲ့ နေရာ ၆ ခုကိုတော့ နောက်ဆုံးမှ အထုတ်ခံလိုက်ရတဲ့ သူတွေကိုပေးမယ် "
သူ ထိုသို့ ပြောပြီး လက်ဝေ့ယမ်းလိုက်ရာ အလင်းတန်း လိုက်ကာပေါ်တွင် အဖွဲ့နာမည် ၈ ခု ပေါ်လာသည်။
" အဲ့လိုကြီး ပြီးသွားတာပေါ့... မြန်လိုက်တာကွာ "
" ချီး.. အဲ့လိုကြီး တွေ့ကရာ တိုက်ခိုက်လိုက်တာကြီးက အစွမ်းထက် ၊ မထက်နဲ့လဲ မဆိုင်တော့ဘူးကွာ ၊ ကံ ဖြစ်သွားပြီ။ ငါ ဒီတစ်ခါတော့ အချီကြီးကို ရှုံးသွားတာပဲ "
" ငါလဲ အသက်ကိုးသွယ် အဆိပ်ပင့်ကူဘက်ကနေ အများကြီး လောင်းထားတာကွာ ။ သွားပါပြီ "
ပွဲကြည့်စင်ပေါ်မှ လူများ၏ ညည်းညူသံများ ထွက်ပေါ်လာ၏။
သို့သော်.. အရှုံးများ ကြားထဲ၌ အချီကြီး မြတ်သွားသူလည်း ရှိပါသေးသည်။ ဥပမာ.. ပန်းလင်...
ပန်းလင်သည် သူမရှေ့ရှိ လောင်းကြေး အလင်းတန်းလိုက်ကာပေါ်မှ ကိန်းဂဏန်းများကို ကြည့်ရင်း နဖူးမှ ဇောချွေးများပင် ပြန်သွားရ၏။
" ကောင်းကင်ဘုံ တိုက်ပွဲကွင်းပြင်က အဲ့လောက်ကြီး ပြန်ရော်နိုင်ကြပါ့မလား "
သူမ တွေးမိလိုက်သည်။
လောထျန်းအတွက် လောင်းကြေး ဆ က များလွန်းနေသည် မဟုတ်ပါလား။
ကောင်းကင်ဘုံ တိုက်ပွဲကွင်းပြင်သည် သူတို့ကိုယ်သူတို့ ယုံကြည်မှု လွန်ကဲလွန်း၍ အများဆုံး လောင်းကြေး ဆ ကိုပင် အကန့်အသတ် မလုပ်ထားခဲ့ပါချေ။
ထို့ကြောင့်လည်း သူမ ဤတစ်ကြိမ် ရမည့် ငွေကြေးက များလွန်းလှသည်ဟု ပန်းလင်ပင် ခံစားခဲ့ရပါသည်။
သူမ တွေးနေမိသလိုပင်... ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင် တစ်နေရာ၌ ၊ လူတစ်ယောက် အထိတ်တလန့် ဖြစ်နေပါ၏။
" ဘာတွေ ဖြစ်နေတာလဲ.. ဘာလို့ အခုလိုကြီး ဖြစ်သွားခဲ့ရတာလဲ ။ လောထျန်းဆိုတာ ဘယ်သူလဲ ပြောစမ်း "
အဘိုးအိုတစ်ယောက်က ဒေါသတကြီး အော်လိုက်သည်။
သူ ဒေါသမထွက်ဘဲ မည်သို့ နေပါမည်နည်း။ ပြီးခဲ့သော တိုက်ပွဲတွင် သူတို့ ဆယ်နှစ်စာခန့် ရှာဖွေထားခဲ့သော အမြတ်ငွေများ အားလုံး ပြောင်သွားခဲ့သည် မဟုတ်ပါလား။
" သခင်ကြီး ၊ လောထျန်းရဲ့ တိုက်ပွဲဝင်သားရဲ သုံးကောင်က အင်မတန်မှကို အစွမ်းနိမ့်ကြတယ်ဗျ။ ဒါ့ကြောင့်မို့ သူတို့အတွက် ဆကြေးက များသွားတာ။ ဒါပေမယ့်.. သူတို့က မမျှော်လင့်ဘဲ အရမ်း ကံကောင်းသွားခဲ့ကြတယ် ။ စောနက ဟို ဝူကျီပင်လယ်က မျိုးမစစ်ကောင် တိုက်ပွဲကွင်းပြင် တစ်ခုလုံးကို တိုက်ခိုက်ခဲ့တဲ့ အချိန်မှာ ဟိုသုံးကောင်ကို လွဲ
သွားခဲ့တာ။ ဒါ့ကြောင့်လဲ သူတို့ နောက်တစ်ဆင့် တက်သွားကြတာဗျ "
သက်လတ်ပိုင်းအရွယ် လူကြီးတစ်ဦးက လေသံတိုးတိုးဖြင့် ရှင်းပြရှာသည်။
" ဘယ်လို.. ကံကောင်းတာ.. ဟုတ်လား ။ အဲ့လို ဒေါသထွက်စရာ ကိစ္စမျိုး ဘယ်လိုလုပ်ပြီး ဖြစ်သွားရတာလဲ "
အကြီးအကဲက ဒေါသတကြီး ဆက်အော်၏။
" ဒေါသထွက်စရာ.. ဟုတ်လား ၊ ဘယ်လို ဒေါသထွက်စရာ မျိုးလဲ "
ထိုစဥ် အကြီးအကဲ အနောက်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။
အသံနှင့် မရှေးမနှောင်းမှာပင် အပြင်ဘက်မှ လူ သုံးယောက် ဝင်လာကြ၏။
ထိုအသံကို ကြားသည်နှင့် အကြီးအကဲက ချက်ချင်း ဒူးတစ်ဖက် ထောက်၍ ဆိုသည်။
" ကြိုဆိုပါတယ် ယွမ်ရှောက် မြို့စားကြီး နဲ့ ၊ ယွဲ့လွင်နိုင်ငံ အရှင်မင်းမြတ်ကြီး "
သူ ထိုသို့ပြောပြီး ခေါင်းအသာ မော့ကြည့်လိုက်ရာ အနည်းငယ် အံ့အားသင့်သွား၏။
ယခု ရောက်လာသူ သုံးယောက်ထဲမှ နှစ်ယောက်ဖြစ်သော ယွမ်ရှောက် မြို့စားကြီးနှင့် ၊ ယွဲ့လွင်နိုင်ငံ၏ ဘုရင်မင်းမြတ်ကြီး တို့ကို သူ သိပြီးသား ဖြစ်ပါသည်။
ထိုနှစ်ယောက်မှာ သြဇာအာဏာ ကြီးမားသူများ ဖြစ်ရုံမက ကောင်းကင်ဘုံ တိုက်ပွဲကွင်းပြင်၏ နောက်ကွယ်မှ ပဲ့ကိုင်ရှင်များလည်း ဖြစ်ပါ၏။
သို့သော် .. ယခုတစ်ကြိမ်တွင် ထို လူကြီးနှစ်ယောက်က လူငယ်တစ်ယောက်၏ နောက်လိုက်များအသွင် ဖြစ်နေကြပြီး သူတို့၏ ဟန်ပန်မှာလည်း လူငယ်အပေါ် တလေးတစား ရှိဟန် ပေါက်နေသဖြင့် သူ အံ့အားသင့်သွားရခြင်းပင်။
ဤမျှ သြဇာအာဏာကြီးသော လူကြီးနှစ်ယောက်ကို ထိုသို့ ပြုမူအောင် လုပ်နိုင်သူက မည်သူပါနည်း။
" ပြောပါဦး.. ဘာက ဒေါသထွက်စရာ ကောင်းရတာလဲ "
ထိုအချိန်တွင် ယွမ်ရှောက်မြို့စားကြီးက ထပ်မေးလာပြန်သည်။
အကြီးအကဲက အခြားအတွေးများကို ချက်ချင်း ဘေးဖယ်ထားလိုက်ပြီး ဖြစ်ပျက်သွားခဲ့သည့် ကိစ္စများအား ရှင်းပြလိုက်သည်။
သို့သော် သူ့စကား ဆုံးသည့် အချိန်မှာပင် တဖက်လူငယ်က ရုတ်တရက် ပြောလာ၏။
" ခဏ... ခင်ဗျားပြောတဲ့ လူနာမည်က လောထျန်း.. ဟုတ်လား "
သူ့အသံမှာလည်း စူးနေသဖြင့် အနီးနားမှ လူများပင် ရုတ်တရက် လန့်သွားကြသည်။
" ဟုတ်ပါတယ် "
အကြီးအကဲမှာ ထိုလူငယ်ကို မည်သူမှန်း မသိသော်လည်း သာမာန်လူတစ်ယောက် မဟုတ်နိုင်ကြောင်းကိုမူ သိသဖြင့် အမှန်အတိုင်းပင် ဖြေ
လိုက်၏။
ဝုန်း..
ရုတ်တရက် လူငယ်၏ ကိုယ်ထဲမှ အမည်းရောင် အစွမ်းတစ်ခု ပေါက်ကွဲထွက်လာပြီး လူသတ်အရိပ်အငွေ့ တစ်ခုလည်း ထွက်ပေါ်လာသည်။
" လက်ထောက်ဂိုဏ်းချုပ်ကြီး လွေ့နင် ၊ ဘာဖြစ်လို့လဲဗျ "
ယွဲ့လွင်နိုင်ငံ ဘုရင်မင်းမြတ်ကြီးက သတိထားမေးလိုက်သည်။
မှန်ပါသည်... ထိုလူငယ်မှာ ဝမ်ဟွန်းကွေ့ယီဂိုဏ်း၏ လက်ထောက်ဂိုဏ်းချုပ်ကြီး ၊ လွေ့နင် ပင် ။