← Chapters

လောင်းကြေး ထုတ်ခြင်း

Vol. 30 Ch. 413

လောင်းကြေး ထုတ်ခြင်း

Vol. 30 Ch. 413

" ဘယ်လို.. "

ယွဲ့လွင်နိုင်ငံ၏ ဘုရင်မင်းမြတ်ဆီမှ တအံ့တသြ အော်သံ စထွက်လာသည်။

" မြို့စားကြီး ၊ အဲ့ လောထျန်းဆိုတဲ့သူကို ထွက်မသွားအောင် လုပ်ဖို့ သခင်ကြီး လွေ့နန်ဘက်က သေချာကို တောင်းဆိုထားတာနော် ။ တကယ်လို့ သူသာ သခင်ကြီး လွေ့နန် အသင့်မဖြစ်သေးခင် ထွက်သွားရင် ကျုပ်တို့အတွက် နောက်ဆက်တွဲရလဒ်က ဘယ်လိုတွေ ဖြစ်သွားနိုင်လဲ "

သူ အလန့်တကြား မေးလိုက်သည်။

ယွမ်ရှောက်မြို့စားကြီးမှာလည်း မျက်နှာပျက်နေ၏။

ဝမ်ဟွန်းကွေ့ယီဂိုဏ်းက မည်သို့မည်ပုံ လည်ပတ်သည်ကို သူ သိထားပြီး ဖြစ်ပါသည်။

အထူးသဖြင့် လက်ထောက်ဂိုဏ်းချုပ်ကြီး လွေ့နန်ပင်...

အကယ်၍ သခင်ကြီး လွေ့နန်ကိုသာ ဒေါသထွက်အောင် လုပ်လိုက်မိပါက သူတစ်ယောက်တည်းသာမက သူတို့ မိသားစုဝင်များပါ အန္တရာယ်နှင့် ကြုံရနိုင်ပါသည်။

ထိုအကြောင်းကို တွေးမိသည်နှင့် သူ အလွန်လည်း ထိတ်လန့်တုန်လှုပ်သွား၏။

" လောထျန်းက ဘာလို့ ပြန်ချင်တာတဲ့လဲ "

သူ မျက်မှောင်ကြုံ့၍ မေးလိုက်သည်။

အကြီးအကဲက ကြောင်အအ ပြန်ဖြေ၏။

" ဟို... သူ ပြောတာတော့ ကောင်းကင်ဘုံ တိုက်ပွဲကွင်းပြင်က မယုံရဘူးတဲ့။ သူ လောင်းကြေးနိုင်သွားခဲ့တာတောင် ကျုပ်တို့ဘက်က ပိုက်ဆံ ထုတ်ပေးဖို့ ငြင်းနေတာမို့ ကျုပ်တို့ကို လူလိမ်တွေ လို့ပါ ခေါ်လိုက်သေးတယ်။ သူက အဲ့လို အလိမ်ခံရတာ မကြိုက်တဲ့အတွက်ကြောင့်မို့ ပြိုင်ပွဲကို ဆက်မပြိုင်ဘဲ ပြန်တော့မယ်လို့ ပြောပါတယ် "

ယွမ်ရှောက်မြို့စားကြီး မျက်နှာညိုသွားသည်။

ထိုလူက ဤမျှ စိတ်လောနေသတဲ့လား...

ယွဲ့လွင်နိုင်ငံ၏ ဘုရင်မင်းမြတ်က အံကြိတ်၍ ပြောလာ၏။

" မြို့စားကြီး ၊ ဘယ်လိုနည်းမျိုးနဲ့ပဲ ဖြစ်ဖြစ် လောထျန်းကိုတော့ ဒီက ထွက်သွားခွင့် ပေးလို့ မဖြစ်ဘူးနော်။ မဟုတ်လို့ကတော့ သခင်ကြီး လွေ့နန်က ကျုပ်တို့ကို ဒီတိုင်း အလွတ်ပေးမှာ မဟုတ်ဘူး "

လောထျန်း ထွက်သွားပါက သူတို့ ယွဲ့လွင်နိုင်ငံ၏ တော်ဝင်မိသားစုသည်လည်း ဒုက္ခရောက်သွားနိုင်သည် မဟုတ်ပါလား ။

သို့ဖြစ်ရာ သူ စိုးရိမ်ကြောက်လန့်နေသည်မှာ မဆန်းပါချေ။

" စိတ်မပူပါနဲ့ အရှင်မင်းမြတ် ၊ ဒီကိစ္စကို ကျုပ်ကိုယ်တိုင် ကိုင်တွယ်လိုက်ပါမယ် "

ယွမ်ရှောက်မြို့စားကြီးက ပြောကာ အကြီးအကဲနှင့်အတူ ထွက်ခွာသွားလိုက်သည်။

ထိုအချိန် လောင်းကြေး လဲလှယ်သည့် နေရာ၌...

ဟွမ်ယင်မှာ စိုးရိမ်စိတ် များနေဟန် တူပါ၏။

" လောထျန်း ၊ ဒီ ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင်က ကျွန်မတို့ကို တကယ်ကြီး ပြန်လျော်ပေးကြပါ့မလား ။ စိတ်စွမ်းအင်ကျောက်တုံး ပမာဏက နည်းတာ မဟုတ်ဘူးလေ ။ သူတို့မှာ ကျွန်မတို့ကို လျော်ပေးစရာရော ရှိပါ့မလား "

ဟွမ်ယင် မေးလိုက်သည်။

လောထျန်းက အေးအေးဆေးဆေးပင် ပြန်ပြော၏။

" လျော်ပေးမှကို ဖြစ်မှာ။ မဟုတ်လို့ကတော့ ကျုပ်လူတွေ ပြန်ခေါ်ပြီး ဒီနေရာကို အင်အားသုံး ဖျက်ဆီးရုံ ရှိတော့တာပဲ "

သူ ထိုသို့ပြောကာ ဘေးပတ်လည်မှ အဆောက်အဦးများအား အနည်းငယ် စိတ်လှုပ်ရှားနေဟန်ဖြင့် ကြည့်လိုက်သည်။

ဤနေရာရှိ အဆောက်အဦးများမှာ သူတို့ ပျောင်ပိုင်မြို့ထက် များစွာပို၍ သာလွန်ခမ်းနားလှပါသည်။

ထိုအရာများကိုသာ ပျောင်ပိုင်မြို့သို့ ပြန်သယ်သွား

နိုင်ပါက....

လောထျန်း ထိုသို့ စိတ်ကူးယဥ်နေစဥ်မှာပင် ယွမ်ရှောက်မြို့စားကြီးနှင့် သူ့လူများက သူ့ဆီသို့ အပြေးအလွှား ရောက်လာကြ၏။

ယွမ်ရှောက်မြို့စားကြီးက လောထျန်းအား ခေါင်းစခြေဆုံး သေချာ ကြည့်လိုက်သည်။ လောထျန်းမှာ ထုံရွှယ်အဆင့် ကျင့်ကြံခြင်းသာ ရှိထားသေးဟန် တူသည့်အတွက်လည်း သူ အံ့သြမှင်သက်သွားရ၏။

သူ အမြင်မှားနေပါသလား...

ထုံရွှယ်အဆင့် ကျင့်ကြံသူ ကောင်လေးတစ်ယောက်ကို သခင်ကြီး လွေ့နန်က အစွမ်းထက်လှသူ တစ်ယောက်သဖွယ် အဘယ့်ကြောင့် ပြောခဲ့ရပါသနည်း။

သို့သော် ယခုသည် ထိုအကြောင်းကို တွေးနေရန် အချိန်မဟုတ်သဖြင့် သူ အပြုံးဖြင့်သာ ပြောလိုက်သည်။

" သခင်လေး လောထျန်း ဆိုတာလားဗျာ "

လောထျန်းက သူ့အား လှည့်ကြည့်ပြီး ပြန်မေး၏။

" ခင်ဗျားက ဘယ်သူလဲ "

တဖက်လူက အပြုံးဖြင့် ပြန်ဖြေသည်။

" ကျုပ်က ယွမ်ရှောက်မြို့ရဲ့ မြို့စားကြီးပါ။ ပြီးတော့ ဒီ ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင်ရဲ့ တာဝန်ရှိသူလို့လဲ ပြောလို့ ရပါတယ် "

လောထျန်းက ချက်ချင်း သဘောပေါက်သွားဟန်ဖြင့် ပြော၏။

" သြော်.. မြို့စားကြီးလား ၊ ခင်ဗျားရောက်လာတာ အချိန်ကောင်းပဲဗျာ။ ကျုပ်က ခင်ဗျားတို့ ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင်မှာ လောင်းကြေးထပ်ပြီး ပိုက်ဆံတွေ နိုင်ထားတာ။ အခု ခင်ဗျားတို့က အဲ့ပိုက်ဆံကို ပြန်ပေးဖို့ အစီအစဥ် မရှိဘူး မဟုတ်လား.. "

ယွမ်ရှောက်မြို့စားကြီးက ချက်ချင်း ပြုံး၍ ပြန်ပြောသည်။

" အဲ့လို ဖြစ်စရာ အကြောင်းမရှိပါဘူးဗျာ။ ကျုပ်တို့ ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင်က ယုံကြည်မှုနဲ့ ဂုဏ်သိက္ခာကို အင်မတန် အလေးထားတဲ့ နေရာပါ။ အဲ့လို ဘယ်တော့မှ မလုပ်ပါဘူး ။ ဒါပေမယ့်

သခင်လေး လောထျန်းကို ပေးရမယ့် စိတ်စွမ်းအင်ကျောက်တုံး ပမာဏက အရမ်းများလွန်းနေတာမို့ ခဏလေး စောင့်ပေးဖို့ မေတ္တာရပ်ခံချင်တာပါ။ သခင်လေး လောထျန်း ရမယ့် လျော်ကြေးတွေကို ကောင်းကင်ဘုံနဂါးပြိုင်ပွဲ ပြီးသွားတာနဲ့ သေချာပြန်ပေးပါ့မယ်ဗျာ "

လောထျန်းက မြို့စားကြီးအား မျက်စောင်းဖြင့် တစ်ချက်ကြည့်လိုက်သည်။

" ခင်ဗျားက ပိုက်ဆံကို ပြန်မပေးဘဲ အချိန်ဆွဲဖို့ ကြိုးစားနေတာပဲ။ ပန်းလင် နဲ့ ဟွမ်ယင် ၊ ပြိုင်ပွဲကနေ နှုတ်ထွက်ပြီးတော့ပဲ ပြန်ကြစို့ "

လောထျန်းစိတ်ထဲတွင်ကား အိမ်ပြန်၍ သူ့လူများကို ပြန်ခေါ်ပြီး ဤနေရာအား အင်အားသုံး ဖျက်ဆီးပစ်ရန်သာ တွေးနေတော့၏။

တဖက်မှ ယွမ်ရှောက်မြို့စားကြီး အလွန်ထိတ်လန့်တုန်လှုပ်သွားသည်။

လောထျန်းအား ယခုကဲ့သို့ ထွက်သွားခွင့် ပေးလိုက်ပါက သူ့အတွက် အခြေအနေ ဆိုးသွားနိုင်သည်

မဟုတ်ပါလား ။

" ခဏလေး နေပါဦး သခင်လေး လောထျန်း ၊ ကျုပ်တို့ လျော်ကြေးကို သေချာပေါက် ပေးပါ့မယ် "

သူ အားတင်းပြုံး၍ ပြောလိုက်ရတော့သည်။

" သြော်.. ခင်ဗျားက အခုတော့ ပေးဖို့ ဆန္ဒရှိပြီပေါ့လေ "

လောထျန်းက သူ့အား အံ့အားသင့်နေသည့် အကြည့်ဖြင့် လှည့်ကြည့်၏။

ယွမ်ရှောက်မြို့စားကြီးမှာ မျက်နှာ မသာမယာ ဖြစ်နေသည့်တိုင် ကြိုးစားပြုံး၍ ပြောလိုက်သည်။

" ကျုပ်တို့ ကောင်းကင်ဘုံ သားရဲတိုက်ပွဲကွင်းပြင်က ယုံကြည်မှုကို ဦးစားပေးတဲ့ နေရာပါဗျာ ။ တကယ်လို့ သခင်လေးလောထျန်းကသာ ထွက်သွားရင် ကျုပ်တို့ ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင်ရဲ့ နာမည် ပျက်သွားမှာပေါ့ဗျ "

ထို့နောက် သူ့နောက်လိုက် အကြီးအကဲဘက် လှည့်ကာ ပြောလိုက်၏။

" သွား.. မြို့ထဲမှာ ရှိတဲ့ ရတနာတိုက်တွေ အားလုံး

ကို ဖွင့်ပြီး ရှိသမျှ စိတ်စွမ်းအင်ကျောက်တုံးတွေ ယူလာခဲ့ကြ။ တကယ်လို့ မလောက်ဘူး ဆိုရင်လဲ တခြား အဖိုးတန်ပစ္စည်းတွေပါ ယူလာခဲ့ "

အကြီးအကဲမှာ မျှော်လင့်မထားသော စကားကြောင့် အနည်းငယ် လန့်သွားဟန် တူသော်လည်း ခေါင်းညိတ်၍ ပြန်ပြောသည်။

" ဟုတ်ကဲ့ ၊ အခုချက်ချင်း သွားလိုက်ပါ့မယ် "

ထိုသို့ ပြောပြီးသည်နှင့် အကြီးအကဲကဘချက်ချင်းပင် ထွက်ခွာသွား၏။

လောထျန်းမှာ ထိုမြင်ကွင်းကို ကြည့်ရင်း အလွန်ပင် အံ့အားသင့်သွားရသည်။

" အိုး.. ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင်က ကျိုးသင့်ကြောင်းသင့် လက်ခံတတ်ကြတဲ့ သူတွေပဲ ။ အင်း... ဒီနေရာကို အားသုံးပြီး ဖျက်ဆီးစရာ အကြောင်းရင်း မရှိတော့တာ စိတ်မကောင်းစရာပဲ "

သူ တွေးမိလိုက်သည်။

ဤသို့ဖြင့် များမကြာခင်မှာပင် အကြီးအကဲက ရာ

ပေါင်းများစွာသော ဟင်းလင်းပြင် လက်စွပ်များနှင့်အတူ ပြန်ရောက်လာခဲ့၏။

" မြို့စားကြီး ၊ အဲ့ဒါ ရှိသမျှ အကုန်ပါပဲဗျာ ။ ဒါပေမယ့် အဲ့ဒါနဲ့ မလောက်သေးဘူးဗျ "

အကြီးအကဲက အောင့်သက်သက် မျက်နှာဖြင့် ဆိုသည်။

" မလောက်သေးဘူး.. ဟုတ်လား "

ယွမ်ရှောက်မြို့စားကြီး၏ မျက်နှာထား အနည်းငယ် ပြောင်းသွား၏။

ထို ရာပေါင်းများစွာသော ဟင်းလင်းပြင် လက်စွပ်များထဲ၌ အဖိုးတန် ရတနာများစွာ ပါဝင်သည်ကို သူ တစ်ချက်ကြည့်ရုံဖြင့်ပင် သိပါသည်။

ဤမျှ များပြားသော ပမာဏကပင် မလုံလောက်သေးဘူးတဲ့လား...

လောထျန်းက မည်မျှ အနိုင်ရသွားခဲ့ပါသနည်း။

နောက်ဆုံးတွင်မူ သူ မည်သို့မှ မတတ်နိုင်တော့ဘဲ ကူ

ကယ်ရာ မဲ့နေသည့် မျက်နှာဖြင့် လောထျန်းဘက် လှည့်ကြည့်လိုက်သည်။

" သခင်လေး လောထျန်းလဲ မြင်တဲ့အတိုင်းပါပဲဗျာ ။ သခင်လေး အနေနဲ့ နည်းနည်းလေး လျှော့ပေးလို့ ရနိုင်မလား "

လောထျန်း မျက်မှောင်ပြန်ကြုံ့သွား၏။

" ထားလိုက်တော့.. ကျုပ် ပြိုင်ပွဲကနေ နှုတ်ထွက်ပြီးတော့ပဲ အိမ်ပြန်တော့မယ် "

သူ ထိုသို့ပြောပြီး နောက်လှာ့်၍ ထွက်သွားရန် ပြင်လိုက်သည်။

ယွမ်ရှောက်မြို့စားကြီး အလန့်တကြား ဖြစ်သွားပြန်၏။

" ခဏလေး နေပါဦးဗျာ "

သူ လက်ဝေ့ယမ်းကာ အော်ဟစ်လိုက်သည်။

" ဘာဖြစ်လို့လဲ "

လောထျန်းက လှည့်ကြည့်လာ၏။

" ခဏလေး စောင့်ပေးပါဦးဗျာ ၊ ကျုပ် လိုတဲ့ ပိုက်ဆံ

တွေ သွားရှာလိုက်ပါမယ် "

ယခု လက်ရှိ ယွမ်ရှောက်မြို့စားကြီးအတွက် အရေးအကြီးဆုံး အရာမှာ လောထျန်း ဤနေရာမှ ထွက်မသွားရန် ပင် ။

ထို့ကြောင့် သူ ယွဲ့လွင်နိုင်ငံ၏ ဘုရင်မင်းမြတ်ဆီသို့ ဒုန်းစိုင်း ပြေးသွားလိုက်သည်။

" အရှင်မင်းမြတ်ကြီး ၊ ကျုပ်တို့ ယွမ်ရှောက်မြို့ကတော့ လိုတဲ့ ပိုက်ဆံတွေအားလုံးကို ပေးဖို့ မလုံလောက်ဘူးဗျ ။ ကျေးဇူးပြုပြီးတော့ ကျန်တဲ့ ပိုက်ဆံတွေကို အရှင်မင်းမြတ်ဘက်ကပဲ ထုတ်ပေးပါဦးဗျာ "

ယွမ်ရှောက်မြို့စားကြီးက ပြောလိုက်သည်။

" ဘယ်လို... လိုတဲ့ ပိုက်ဆံကို ကျုပ်က ထုတ်ပေးရမယ် "

ဘုရင်မင်းမြတ်ကြီး ချက်ချင်း မျက်နှာမသာမယာ ဖြစ်သွားတော့သည်။

ယွမ်ရှောက်မြို့စားကြီးက သက်ပြင်းချ၍ ဆို၏။

" အခု ကျုပ်မိသားစုမှာ စုဆောင်းထားသမျှ ပိုင်ဆိုင်မှုတွေ အကုန် ပြောင်သွားပြီဗျ။ ဒါပေမယ့် အဲ့ဒါနဲ့တောင် မလုံလောက်သေးဘူး။ တကယ်လို့ အရှင်မင်းမြတ်က လိုတဲ့ပိုက်ဆံကို မဖြည့်ပေးချင်ဘူးဆိုရင် လောထျန်းက ပြိုင်ပွဲကနေ နှုတ်ထွက်ပြီး ပြန်သွားတော့မှာ။ အဲ့ကျရင် ကျုပ်တို့ မိသားစု နှစ်ခုလုံး သခင်ကြီး လွေ့နန်ရဲ့ ရှင်းပစ်တာကို ခံကြရမှာနော်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျုပ်ကတော့ အကောင်းဆုံး ကြိုးစားပြီးပြီဗျာ ။ အခု လောထျန်းကို ဒီမှာ ဆက်ထားဖို့ အရှင်မင်းမြတ်ဘက်အပေါ်မှာပဲ မူတည်တော့တယ် "

သူ ထိုသို့ ပြောပြီးသည်နှင့် ဘုရင်မင်းမြတ်ဆီမှ ဆုံးဖြတ်မှုကို တိတ်တဆိတ်သာ စောင့်ဆိုင်းလိုက်သည်။

ထိုအချိန်တွင် ယွဲ့လွင်နိုင်ငံ ဘုရင်မင်းမြတ်မှာလည်း မျက်နှာဆိုးရွားစွာ ပျက်နေပါ၏။

ယခု သူ ချောင်ပိတ်ခံနေရလေပြီ ။

သို့သော် သခင်ကြီး လွေ့နန် ပြောသွားခဲ့သလို လော

ထျန်းအား အင်အားသုံး ဖြေရှင်း၍လည်း မဖြစ်ပါချေ။

ယခု လောထျန်းက ခေါင်းတလားထဲမှ လက်ဖြန့်ပြီး ပိုက်ဆံ မရမချင်း တောင်းနေမည် ဖြစ်ရာ သူ့အနေဖြင့် လိုသည့်ငွေကြေးပမာဏကို ထုတ်ပေးရန်မှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ပါပေ ။

" ဘယ်တတ်နိုင်မလဲလေ... မသေမျိုးတစ်ယောက် ဖြစ်လာဖို့ စွန့်လွတ်ရတယ်လို့ပဲ တွေးရတော့မှာပေါ့ "

သူ အံကြိတ်ကာ နောက်လိုက်များအား ချက်ချင်း အမိန့်ပေးလိုက်တော့သည်။

" ရတနာတိုက်ထဲမှာ ရှိတဲ့ စိတ်စွမ်းအင် ကျောက်တုံးတွေနဲ့ သဘာဝ ရတနာတွေ အားလုံးကို ငါ့ဆီ မြန်မြန်ယူလာခဲ့ကြ ။ မြန်မြန်လုပ်ကြဟေ့.. "

၎င်းကို မြင်သောအခါ ယွမ်ရှောက်မြို့စားကြီးက အပြုံးဖြင့် ဆို၏။

" အရှင်မင်းမြတ်က တကယ်လဲ ပြတ်သားတာပဲ "

ယွဲ့လွင်နိုင်ငံ၏ ဘုရင်မင်းမြတ်က အေးစက်စက် နှာခေါင်းရှုံ့သည်။

" ဘာကြောက်စရာ ရှိလို့လဲ ။ သခင်ကြီး လွေ့နန် အောင်မြင်သွားရင် အဲ့ဒီ လောထျန်းဆိုတဲ့ ကောင်က သေချာပေါက်ကို သေရမှာလေ ။ အဲ့ကျရင် ကျုပ်တို့ ပိုက်ဆံတွေအားလုံးလဲ ပြန်ရမှာပဲ "

မကြာမီမှာပင် မြောက်များစွာသော စိတ်စွမ်းအင်ကျောက်တုံးများနှင့် သဘာဝ ရတနာများ အပြည့်ပါသည့် ဟင်းလင်းပြင်လက်စွပ်များကို သယ်ဆောင်လာသည့် လူတစ်ယောက် ပြန်ရောက်လာသည်။

" မြို့စားကြီး ၊ ကျန်တဲ့ကိစ္စကတော့ ခင်ဗျားအပိုင်း ဖြစ်သွားပြီနော် "

ဘုရင်မင်းမြတ်မှာ ထိုရတနာများကို ကြည့်ရင်း အသည်းကွဲသလို ခံစားနေရဖြင့် အကြည့်ပင် လွှဲထားရ၏။

" ကျုပ် သဘောပေါက်ပါပြီ "

ယွမ်ရှောက်မြို့စားကြီးက အသက်ပြင်းပြင်း တစ်ချက်ရှိုက်ကာ ပစ္စည်းများကို စု၍ လောထျန်းဆီသို့ ပြန်သွားလိုက်သည်။

" သခင်လေး လောထျန်း ၊ ဒီ စိတ်စွမ်းအင်ကျောက်

တုံးတွေရယ် ၊ သဘာဝ ရတနာတွေရယ်နဲ့ဆို သခင်လေးကို ပေးစရာရှိတဲ့ လျော်ကြေးတွေ အကုန်ပြည့်ပါတယ် "

ယွမ်ရှောက်မြို့စားကြီးမှာ ထိုစကားကို အတင်းအားစိုက်၍ပင် ပြောလိုက်ရ၏။

All Chapters