← Chapters

နဂါးအစစ်

Vol. 30 Ch. 416

နဂါးအစစ်

Vol. 30 Ch. 416

" ချီးပဲ.. ပေးစမ်းကွာ အဲ့ဒါ "

သားရဲ သုံးကောင်ထဲမှ ဒုတိယသားရဲမှာ ဒေါသအကြီးဆုံး ဖြစ်ပြီး စိတ်မရှည်နိုင်တော့ဟန်ဖြင့် ကြေးနီအိုးကြီးအား ဆွဲယူရန် လက်လှမ်းလိုက်တော့သည်။

" ဟင်.. "

တဖက်မှ စားလက်စ လောထျန်းမှာလည်း တဖက်သားရဲ၏ အရောင်အဝါကို အာရုံခံမိသွားကာ ပြန်တိုက်ခိုက်ရန် ပြင်လိုက်၏။

သို့သော် ထိုအချိန်မှာပင် ရှောက်ထျန်းလုံလေးကလည်း လှုပ်ရှားသွားသည်ကို သူ တစ်စွန်းတစ မြင်လိုက်ရသည်။

" ဝု "

ရှောက်ထျန်းလုံက ပျံသန်းလိုက်ပြီး ဆန့်ထုတ်လာသော ဒုတိယသားရဲ၏ လက်ကို ကိုက်လိုက်တော့၏။

" ဟမ့်.. မင်းက သေချင်နေတာပဲ "

ဒုတိယသားရဲက ရှောက်ထျန်းလုံ လာသည်ကို မြင်သည်နှင့် အထင်သေးဟန်ဖြင့် အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် သူ့လက်မှ စိတ်စွမ်းများ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ရှောက်ထျန်းလုံလေးအား ခါချရန် ကြိုးစားလိုက်၏။

သို့သော်.. ထင်မှတ်မထားစွာပင် ရှောက်ထျန်းလုံက သူ့စိတ်စွမ်းအင်များကို လုံးဝ ဂရုမစိုက်ဘဲ သူ့လက်ကိုသာ တန်းကိုက်လိုက်သည်။

ဗြစ်..

ချက်ချင်းဆိုသလိုပင် သူ့လက် ပေါက်သွားကာ သွေးများ ပန်းထွက်လာ၏။

" ဘယ်လိုဖြစ်ပြီး.. "

သူ့ဘေးမှ ကျန်သားရဲ နှစ်ယောက်မှာလည်း အံ့သြတုန်လှုပ်ကာ မျက်လုံးပြူးသွားကြတော့သည်။

ဒုတိယသားရဲ၏ ခန္ဓာကိုယ်အစွမ်းမှာ မှော်လက်နက်တစ်ခုနှင့်ပင် ယှဥ်၍ရသည်ကို သူတို့ သေချာသိထားသည် မဟုတ်ပါလား။

ဓားပေါင်းစုံနှင့် တိုက်ခိုက်လျှင်ပင် သူ့အား တစ်စုံတရာ ထိခိုက်ဒဏ်ရာရအောင် လုံးဝ မလုပ်နိုင်ပါချေ။

ယခုတွင်မူ.. ထိုသို့သော သားရဲတစ်ကောင်က ဘာမဟုတ်သည့် သားရဲလေးတစ်ကောင်၏ အကိုက် ခံခဲ့ရပြီး သွေးထွက်သွားခဲ့သတဲ့လား..

" ညီလေးသုံး ၊ အတူတူ တိုက်ခိုက်ကြမယ် "

" ကောင်းတယ် "

သားရဲသုံးကောင်လုံး ဒေါသတကြီး ညာသံပေးအော်ဟစ်ကာ ရှောက်ထျန်းလုံလေးအား တစ်ပြိုင်နက်တည်း တိုက်ခိုက်ရန် ပြင်လိုက်ကြသည်။

သို့သော် ထိုအချိန်မှာပင်..

ဝုန်း..

ကြောက်မက်ဖွယ် ဖိအားကြီးတစ်ခုက သားရဲသုံးကောင်ကို ရုတ်တရက် လွှမ်းခြုံလာ၏။

ဘုတ်... ဘုတ်... ဘုတ်..

အလွန်အစွမ်းထက်ကြသည့် သားရဲသုံးကောင်မှာ ထိုဖိအားအောက်တွင် လုံးဝ မခုခံနိုင်ဘဲ အသီးသီး ဒူးထောက်ကျသွားကြသည်။

သူတို့ပေါ်သို့ ကမ္ဘာကြီး တစ်ခု ဖိကျလာသလိုလည်း ခံစားလိုက်ရပါ၏။

သို့သော် ၎င်းက ကြောက်စရာအကောင်းဆုံး မဟုတ်သေးပေ။

သားရဲသုံးကောင် အကြောက်ဆုံး အရာမှာ ထိုဖိအား ထွက်ပေါ်လာသည့် မူလဇစ်မြစ် ဖြစ်ပါသည်။

သူတို့ သားရဲသုံးကောင်လုံးသည် ခန္ဓာကိုယ်ထဲတွင် နတ်ဘုရားသွေး ရှိကြသူများ ဖြစ်သဖြင့် သာမာန်

ဖိအားမျိုးကို မှုပင် မမှုပါချေ။

သို့သော် ယခုလက်ရှိ သူတို့ရင်ဆိုင်နေရသည့် ဖိအားအောက်တွင်ကား ပုရွက်ဆိတ်များက နဂါးကြီးနှင့် ရင်ဆိုင်နေရသလို ဖြစ်နေပါ၏။

ထိုဖိအားကို ခုခံရန် မဆိုထားဘိ ၊ သူတို့ အသက်ပင် အနိုင်နိုင် ရှူနေရတော့သည်။

သူတို့သုံးကောင်မှာ ဖိအားကြောင့် မေ့လဲကျတော့မည့် ဆဲဆဲမှာပင်..

ဝီ..

ဖိအားက ရုတ်တရက် ပြန်ပျောက်ကွယ်သွားသည်။

သို့သော် ထိုသို့ ရုတ်တရက် ပျောက်သွားသည့်အတွက် ရှိသမျှ အစွမ်းကုန်သုံးကာ တောင့်ခံနေခဲ့ကြရသော အစွမ်းထက်သားရဲများ၏ ကိုယ်တွင်းမှ သွေးက ပြောင်းပြန်လှန်လိုက်သလို ဖြစ်သွားတော့၏။

အု... အု...

ဒုတိယနှင့် တတိယသားရဲတို့မှာ တစ်ပြိုင်နက်တည်း သွေးအန်သွားကြပြီး နောက်ပြန်လဲကျသွားကြသည်။

သူတို့ထဲမှ အကိုကြီးဟုခေါ်သည့် သားရဲကသာ ကျင့်ကြံခြင်းအဆင့် အမြင့်ဆုံး ဖြစ်သဖြင့် သွေးမအန်ဘဲ တည်တည်ငြိမ်ငြိမ် ဆက်နေနိုင်ခြင်း ဖြစ်သည်။

သို့တိုင် သူသည်လည်း ဒဏ်ရာ ဆိုးဆိုးဝါးဝါး ရသွားခဲ့ပါ၏။

သို့သော် လက်ရှိတွင် သူ ထိုဒဏ်ရာများကို ဂရုမစိုက်နိုင်သေးပါချေ။

သူ ဖိအားလာရာဘက်သို့ လှည့်ကြည့်လိုက်သည့် အခါတွင်မူ သူ့နောက်သို့ ရောက်နေသည့် လောထျန်းအား တွေ့လိုက်ရသည်။

" မသေမျိုး အဘိုးကြီးတို့ ၊ မင်းတို့တွေက အားနည်းတဲ့သူကို အစွမ်းသုံးပြီး အနိုင်ကျင့်နေကြတာပဲ။ မင်းတို့တွေက သုံးယောက်တစ်ယောက် တိုက်ခိုက်ဖို့တောင် လုပ်လိုက်ကြသေးတယ်။ အရှက် မရှိကြဘူး

လား "

လောထျန်းက အေးစက်စက် ပြောပြီး သူ့ရှေ့မှ အစွမ်းထက် သားရဲသုံးကောင်အား တစ်လှည့်စီ ကြည့်လိုက်သည်။

တဖက်မှ အကိုကြီးဆိုသည့် သားရဲမှာ လောထျန်းနှင့် အကြည့်ချင်း ဆုံလိုက်မိသည်နှင့် သူ့ခန္ဓာကိုယ်သာမက စိတ်ဝိဥာဥ်ပါ ရုတ်ချည်း ပြိုကွဲသွားတော့မည်ကဲ့သို့ ခံစားလိုက်ရ၏။

" ဒီလူက ဘယ်သူလဲ ၊ ဘာလို့ အဲ့လောက် အစွမ်းထက်နေရတာလဲ။ သူက ကမ္ဘာပေါ်က မသေမျိုးတစ်ယောက်များလား.. "

သူ ကြောက်ကြောက်လန့်လန့် တွေးမိလိုက်သည်။

လောထျန်းက အေးစက်စက်မျက်နှာဖြင့် ဆက်ပြော၏။

" မင်းတို့က အသားစားချင်လို့ဆိုလဲ ဒီတိုင်း ပွင့်ပွင့်လင်းလင်း ပြောပေါ့ကွာ။ ဘယ်သူက မင်းတို့စားတာကို တားမှာမို့လဲ။ ဒါကို မင်းတို့က အိုးကို ဒီတိုင်းကြီး လာဆွဲတာဆိုတော့.. ဘာလဲ.. သေချင်လို့လား "

" ဝု.. "

ရှောက်ထျန်းလုံလေးကလည်း ခါးပေါ်လက်ထောက်၍ သံယောင်လိုက်သည်။

လောထျန်းစကားကြောင့် တဖက်မှ သားရဲကြီး မျက်လုံးပြူးသွားသည်။

အသားစားချင်လို့ တဲ့လား...

သူ့ကို ဘာထင်နေပါသနည်း..

သူက မည်သည့်အတွက်ကြောင့် အခြားသူ၏ အသားကို လုယူရပါမည်နည်း ။

" သခင်ကြီး ၊ နားလည်မှု လွဲနေပါပြီဗျာ။ ကျုပ်တို့က အသားကို လုဖို့ ကြိုးစားတာ မဟုတ်ပါဘူး "

သားရဲက အောင့်သက်သက် မျက်နှာဖြင့် ပြောလိုက်သည်။

" နားလည်မှုလွဲတာ.. ဟုတ်လား ။ ခုနက ဟိုကောင် အိုးကို လက်လှမ်းလိုက်တာ ငါ တွေ့လိုက်တယ်လေ။ ဘာကို နားလည်မှုလွဲတာလဲ "

လောထျန်းက အေးစက်စက် ပြန်ပြော၏။

" ဝု.. "

ရှောက်ထျန်းလုံလေးကလည်း ဒေါသတကြီး ထောက်ခံသည်။

" အဲ့ဒါ ဘယ်သူ့သားရဲတွေလဲ ။ တခြားသူရဲ့ အသားကို အတင်းကြီး လုတာ တော်တော်လေး အရှက်မဲ့ရာ ကျတယ်နော် "

" ချီး.. ငါ့ခွေးတောင် တခြားသူ စားနေတဲ့ဟာကို အဲ့လိုကြီး ဝင်မလုဘူး "

အနီးနားမှ လူများကလည်း တစ်ယောက်တပေါက် ပြောလိုက်ကြသည်။

အကိုကြီး ဆိုသည့် သားရဲမှာ မျက်နှာကြီး နီရဲနေတော့သည်။

ဖိအားကြောင့် သူ ရခဲ့သည့် ဒဏ်ရာများကို ခံနိုင်သေးသော်လည်း လောထျန်းနှင့် ဘေးလူများကို စကားကိုမူ သူ သည်းမခံနိုင်ပါချေ။

အကယ်၍ ကောင်းကင်ဘုံနဂါး ပြိုင်ပွဲတွင် သူ အခြားသူတစ်ယောက်၏ အသားကို လုယူရန် ကြိုးစားခဲ့ပြီး ၊ မယူရသေးခင်မှာပင် တဖက်လူကြောင့် သွေးအန်သည်အထိ အရိုက်ခံခဲ့ရသည်ဟုသာ တစ်ယောက်ယောက်က သတင်းဖြန့်လိုက်ပါက....

သူ နောင်နှစ် ထောင်ပေါင်းများစွာ ကြာသည်အထိ ခေါင်း ဖော်နိုင်တော့မည် မဟုတ်ပါ။

" သခင်ကြီး ၊ တကယ်ကို နားလည်မှု လွဲနေတာပါဗျာ။ ကျုပ်က သခင်ကြီးတို့ရဲ့အသားကို လုဖို့ ကြိုးစားနေတာ မဟုတ်ပါဘူး။ ကျုပ်တို့ မျိုးနွယ်ရဲ့ ရတနာကို ပြန်ယူချင်လို့ လုပ်ခဲ့တာပါ "

သားရဲကြီးက အံကြိတ်၍ တီးတိုးပြောလိုက်သည်။

ဘေးတွင် ရပ်ကြည့်နေသည့် ဟွမ်ယင်က ထိုစကားကို ကြားသောအခါ ဒေါသထွက်သွားဟန်ဖြင့် ငှက်ခြေထောက်တစ်ပိုင်းကို ကိုက်နေရင်း ပြန်ပြော၏။

" ဘာတွေ လာပြောနေတာလဲ။ ဒီအသားကို ကျွန်မတို့ကိုယ်တိုင် ချက်ထားတာလေ။ ဘယ်တုန်းက ရှင်တို့မျိုးနွယ်စုရဲ့ ရတနာ ဖြစ်သွားတာလဲ "

အနီးနားတဝိုက်မှ လူများကလည်း လက်ညိုးတထိုးထိုး ပြောဆိုလိုက်ကြသည်။

" ဘယ်လောက်တောင် အရှက်မဲ့လိုက်သလဲကွာ ။ သူများ ချက်ထားတဲ့ ဟင်းအိုးကိုမှ သူတို့ မျိုးနွယ်စုရဲ့ ရတနာလို့ လာပြောနေတယ် "

" ဒါနဲ့ ၊ ငါ သိချင်သွားလို့... ဘယ်သားရဲ မျိုးနွယ်စုက အဲ့လောက်အရှက်မဲ့တာလဲ "

ထိုစကားများကို ကြားသော သားရဲကြီးမှာ တစ်ကိုယ်လုံးရှိ သွေးများ ဆူပွက်လာပြီး သွေးအန်တော့မလိုပင် ဖြစ်သွားရ၏။

အကယ်၍ လောထျန်းသည်သာ အလွန်အစွမ်းထက်သူတစ်ယောက် ဟုတ်မနေခဲ့ပါက သူ အစောကတည်းက စိတ်ရှိတိုင်းကြမ်းမိမည် ဖြစ်သည်။

သို့သော် ယခုတွင်မူ တဖက်လူက အလွန်အစွမ်းထက်နေသဖြင့် သူ မည်သို့မှ မတတ်နိုင်ဘဲ ဒူးတစ်ဖက်သာ ထောက်လိုက်ရပါ၏။

" သခင်ကြီး ၊ အထင်လွဲတာပါဗျာ။ ကျုပ်ပြောတာက.. ဒီ သားရဲခြောက်ကောင် မီးတောက်နဂါးအိုး လို့ ခေါ်တဲ့ ကြေးနီအိုးကြီးကို ပြောတာပါ။ ဒီအိုးက ကျုပ်တို့ မျိုးနွယ်စုရဲ့ မသေမျိုးအဆင့်နီးပါး ရှိတဲ့ လက်နက်တစ်ခုပါ။ ဒီဟာကြီး ပျောက်သွားတာ ကြာလှပြီဗျ။ ဒီကြားထဲမှာ ကျုပ်တို့တွေ ကြိုးစားကြီး ရှာခဲ့ပေမယ့် လုံးဝ မတွေ့ခဲ့ဘူး။ အခု မမျှော်လင့်ဘဲ ရုတ်တရက် တွေ့လိုက်ရတော့ ကျုပ်တို့ စိတ်မထိန်းနိုင်ဘဲ ဖြစ်သွားတာပါ "

သူ ကူကယ်ရာ မဲ့နေဟန်ဖြင့် ပြောလိုက်ရသည်။

သူ့စကား ဆုံးသည့်အချိန်မှာပင် ပန်းလင်၏ မျက်လုံးများ အရောင်လက်သွားကာ ရုတ်တရက် ပြောလာသည်။

" သားရဲခြောက်ကောင် မီးတောက်နဂါးအိုး.. ဟုတ်လား ၊ အဲ့အိုးအကြောင်းကို အရင်က ကြားဖူးတယ်။ အင်း... နတ်ဘုရားအဆင့်နီးပါး ရှိတဲ့ သားရဲရဲ့ အသားကို အဲ့လောက်လွယ်လွယ်လေး ချက်နိုင်တာ မထူးဆန်းတော့ပါဘူး "

ထို့နောက်တွင်မူ သူမ သားရဲအား မျက်မှောင်ကြုံ့ကြည့်ကာ ဆက်ပြော၏။

" ဒီပစ္စည်းက မင်းတို့မျိုးနွယ်စုရဲ့ အပိုင် ၊ ဟုတ်လား ။ ဒါပေမယ့် ငါ သိသလောက် ဆိုရင်တော့.. ဒီဟာက နဂါးမျိုးနွယ်စုရဲ့ ရတနာပါ။ ဘယ်လိုလုပ်ပြီး မင်းတို့ မျိုးနွယ်စုအပိုင် ဖြစ်သွားရတာလဲ "

သားရဲကြီး တစ်ကိုယ်လုံး တုန်သွားကာ ပန်းလင်အား တအံ့တသြ ကြည့်လိုက်သည်။

" ဒီဟာက နဂါးမျိုးနွယ်စုရဲ့ ရတနာဆိုတာ မှန်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ နဂါးမျိုးနွယ်စုရဲ့ အကြီးအကဲက ကျုပ်တို့ မျိုးနွယ်စုကို ပေးခဲ့တာပါ။ အဲ့နောက်ပိုင်း ကျုပ်တို့ မျိုးနွယ်စုရဲ့ အဖိုးအတန်ဆုံး ရတနာ ဖြစ်လာတာပဲ "

လောထျန်း မျက်မှောင်ကြုံ့သွားကာ ဝင်ပြော၏။

" နဂါးမျိုးနွယ်က မင်းတို့ မျိုးနွယ်စုကို အဲ့လို အဖိုးတန် ရတနာမျိုး ပေးတယ်.. ဟုတ်လား။ ဘာဖြစ်လို့ ပေးတာလဲ "

သားရဲကြီးက အချိန်အတန်ကြာ စဥ်းစားနေပြီး နောက်မှသာ နောက်ဆုံး မည်သို့မှ မတတ်နိုင်တော့ဟန်ဖြင့် တိတ်တဆိတ် အသံလွှင့်ခြင်း နည်းကို သုံး၍ ပြောလိုက်သည်။

" သခင်ကြီးကို ကျုပ် အကြောင်းစုံ ရှင်းပြပါ့မယ်။ ကျုပ်တို့ မျိုးနွယ်စုက နဂါးမျိုးနွယ်ရဲ့ အခွဲတစ်ခုပါ။ ကျုပ်တို့တွေက နဂါးမျိုးနွယ်စုအပေါ် သစ္စာစောင့်သိလာတာ နှစ်တွေအများကြီး ကြာခဲ့ပါပြီ။ လက်ရှိမှာ နဂါးမျိုးနွယ်က အကျဘက် ရောက်နေပြီး မျိုးတုန်းလုနီးပါး ဖြစ်နေတာ သခင်ကြီးလဲ အသိပဲ။ ဒါပေမယ့် နဂါးမျိုးနွယ်က ကျုပ်တို့မျိုးနွယ်စုအပေါ် အရင်ကတည်းက ကျေးဇူးရှိတဲ့ သူတွေမို့ .. ရုတ်တရက် ကြေးအိုးကို တွေ့လိုက်ရတော့ စိတ်လှုပ်ရှားသွားပြီး ပြန်ယူဖို့ လုပ်လိုက်မိတာပါဗျာ။ ကျုပ်တို့ အမှားယွင်းကြီးကြီး လုပ်မိသွားခဲ့ပါတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ သခင်ကြီး "

သူ ထိုသို့ ပြောပြီးသည်နှင့် သေချာ ဦးညွှတ်၍ အရိုအသေ ပေးလိုက်သည်။

သူ့စကားကြောင့် လောထျန်း အံ့အားသင့်သွားပြီး မျက်မှောင်အနည်းငယ် ကြုံ့၍ မေးလိုက်သည်။

" အဲ့လိုလား.. အခု မင်းတို့မျိုးနွယ်စုမှာ အင်အားဘယ်လောက် ကျန်သေးလဲ "

သားရဲကြီး ချက်ချင်းပင် လှုပ်လှုပ်ရှားရှား ဖြစ်သွား

သည်။

" သခင်ကြီး သတ်ချင်တယ်ဆို ကျုပ်ကိုပဲ သတ်လိုက်ပါဗျာ။ ကျုပ်တို့ မျိုးနွယ်စုက လူတွေကိုတော့ ချမ်းသာပေးပါ "

လောထျန်းက ခေါင်းယမ်း၍ ပြန်ပြော၏။

" ငါက မင်းကိုရော ၊ မင်းမျိုးနွယ်စုက သူတွေကိုရော မသတ်ဘူး ။ ဒီတိုင်း ငါ သိချင်တာလေးတွေ ရှိလို့ မေးနေတာ "

သားရဲကြီးက အသံနက်ကြီးဖြင့် ပြောသည်။

" သခင်ကြီး ဘယ်လို တွေးနေမယ်ဆိုတာ ကျုပ် သိပါတယ်။ ဒါပေမယ့် ကျုပ်တို့ မျိုးနွယ်စုက နဂါးမျိုးနွယ်ကိုပဲ သစ္စာစောင့်သိပါမယ်လို့ သစ္စာဆိုထားတာဗျ။ အဲ့တော့ နဂါးမျိုးနွယ်ကလွဲပြီး တခြား ဘယ်သူ့ကိုမှ သစ္စာမစောင့်သိ နိုင်ပါဘူး။ ကိုယ်ဆိုထားတဲ့ သစ္စာကို ချိုးဖျက်ရမယ့် အစား ၊ အသေပဲ ခံလိုက်ပါမယ်။ တောင်းပန်ပါတယ် သခင်ကြီး "

သူက ထိုသို့ပြောပြီးသည်နှင့် ခေါင်းမော့ကာ သေရန် အသင့်ဖြစ်နေသည့် မျက်နှာဖြင့် လောထျန်းအား ကြည့်လိုက်သည်။

သူ့အသွင်မှာ လောထျန်းက သတ်လာမည်ကို အသင့် စောင့်နေသယောင် ။

All Chapters