← Chapters

မျက်လုံးသုံးလုံး ရွှေဖား

Vol. 30 Ch. 418

မျက်လုံးသုံးလုံး ရွှေဖား

Vol. 30 Ch. 418

" ဟင်.. "

လောထျန်း အံ့အားသင့်သွားပြီး အသံလာရာဘက် လှည့်ကြည့်လိုက်သည်။

သူ့အနောက်ဘက်တွင်ကား အဘိုးအိုတစ်ယောက်နှင့် လူငယ်လေးတစ်ယောက် ရပ်နေပါ၏။ လူငယ်မှာ မျက်နှာတစ်ပြင်လုံး ဖူးယောင်နေကာ ၊ လက်တစ်ဖက်လည်း ကျိုးနေပြီး ဂျိုင်းထောင်တစ်ခုကို မှီထားသည်။ သူ့အသွင်မှာ အခြေအနေ အလွန်ဆိုးနေဟန်ပင် ။

သို့သော် လောထျန်းမှာ လူငယ်ကို ကြည့်ကာ စိတ်ရှုပ်နေ၏။

" မင်းက ဘယ်သူလဲ "

သူ မေးလိုက်သည်။

ထိုလူငယ်အား သူ မတွေ့ဖူးသည်မှာ သေချာသလောက် နီးပါးပင် ..

လူငယ်က အဘယ့်ကြောင့် သူ့အပေါ် အလွန်မုန်းတီးနေဟန် ပေါက်နေရပါသနည်း။

လောထျန်းအမေးကြောင့် လူငယ် ပိုဒေါသထွက်သွားကာ မျက်လုံးမှ မီးတောက်တော့မလိုပင် ဖြစ်သွားသည်။

" ဘယ်သူလဲ ဟုတ်လား ။ ငါ့ကို လှည့်စားအကွက်ချပြီးတော့မှ ငါဘယ်သူလဲ လာမေးနေသေးတာလား "

လူငယ်က အံကြိတ်၍ ဒေါသတကြီး ပြောလိုက်သည်။

" အကွက်ချတယ်.. ငါ ဘာအကွက်ချမိလို့လဲ "

လောထျန်းက တအံ့တသြ ပြန်မေး၏။

" ခုချိန်ထိ ဟန်ဆောင်ကောင်းနေတုန်း ပါလားကွ "

လူငယ်က ဒေါသတကြီး ဆိုသည်။

လောထျန်း ပိုပို၍ စိတ်ရှုပ်သွားရပါ၏။

သူ ခေါင်းခြောက်အောင် စဥ်းစားသည့်တိုင် ထို

လူငယ် မည်သူမှန်း မမှတ်မိသလို ၊ သူ မည့်သူ့ကို အကွက်ချ လှည့်စားခဲ့ဖူးမှန်းလည်း မမှတ်မိပါချေ။

" မင်း လူမှားနေတာရော မဖြစ်နိုင်ဘူးလား "

လောထျန်း မေးလိုက်သည်။

" လူမှားတယ်.. ဟုတ်လား ၊ ဘာအကြောင်းကြောင့်မှ မှားစရာ မရှိဘူးကွ။ ငါ အခု ရထားတဲ့ဒဏ်ရာတွေက မင်းကြောင့် ဖြစ်ရတာ "

လူငယ်က ဒေါသတကြီး အော်၍ ရန်တွေ့သည်။

လောထျန်းမှာ လုံးဝ နားမလည်နိုင်တော့ပေ။

ထိုဒဏ်ရာများက သူ့ကြောင့် ရခဲ့တာ တဲ့လား..

" မင်းက ဘယ်သူလဲ "

လောထျန်း မျက်မှောင်ကြုံ့၍ မေးလိုက်တော့သည်။

လူငယ်က အေးစက်စက် နှာခေါင်းရှုံ့၏။

" မင်းက ခုချိန်ထိ မသိချင်ယောင် ဆောင်နေတုန်း ဆိုတော့ ငါ့ဘက်က ပွင့်ပွင့်လင်းလင်းပဲ ပြောရတော့မှာပေါ့။ ပြီးခဲ့တဲ့ တလောတုန်းက မင်း သွားခဲ့တဲ့

လေလံပွဲကို မှတ်မိလား "

" လေလံပွဲလား.. မှတ်မိတယ်လေ "

လောထျန်း ခေါင်းညိတ်ပြလိုက်သည်။

သို့သော် သူနားမလည်နိုင် ဖြစ်နေဆဲပင် ။ သူမှတ်မိသလောက်ဆိုလျှင်.. ထိုလေလံပွဲ၌ မည်သို့သော ပြဿနာမှ မဖြစ်ခဲ့ပါချေ။

လူငယ်က အသက်ပြင်းပြင်း တစ်ချက်ရှိုက်၍ စကားဆက်၏။

" ငါ အဲ့လေလံပွဲမှာ သီးသန့်ခန်းကနေ မင်းနဲ့ပြိုင်ပြီး လေလံဆွဲခဲ့တဲ့သူပဲ။ ငါ့နာမည်က လီယီဖန်း လို့ ခေါ်တယ် "

သူ့စကားဆုံးသွားသည့်တိုင် လောထျန်းက နားလည်သေးဟန် မတူသော်လည်း ဟွမ်ယင်မှာ ချက်ချင်း မှတ်မိသွားသည်။

" ရှင်က သီးသန့်ခန်းထဲကနေ ကျွန်မတို့နဲ့အပြိုင် လေလံဆွဲပြီးတော့ ဟို သေသွားတဲ့ သားရဲကို ဝယ်ခဲ့တဲ့သူလား "

ဟွမ်ယင် ဝင်မေးလိုက်၏။

" ဟုတ်တယ် ၊ နောက်ဆုံးတော့ မင်း မှတ်မိသွားပြီပေါ့လေ "

လီယီဖန်းက အေးစက်စက် နှာချောင်းရှုံ့လိုက်သည်။

ဟွမ်ယင်က သူ့အား သနားနေသည့် မျက်လုံးများဖြင့် ချက်ချင်းကြည့်ကာ မေးသည်။

" ဒါဆို.. ရှင့်အဖေကို မြေမြှုပ်ပေးပြီးသွားပြီလား "

အစောပိုင်းက အလွန်ဒေါသထွက်နေသည့် လီယီဖန်းမှာလည်း ထိုစကားကြောင့် ရုတ်ချည်း အံ့သြမှင်သက်သွား၏။

" ဘယ်လို... ငါ့အဖေကို မြှုပ်ပြီးသွားပြီလား... ဟုတ်လား "

လီယီဖန်းက ဘေးတွင် ပါလာသော အဘိုးအိုအား ချက်ချင်း လှည့်ကြည့်လိုက်သည်။ ထိုအဘိုးအိုမှာလည်း သူ့နည်းတူ အံ့သြမှင်သက်နေဟန် တူ၏။

ထိုအဘိုးအိုမှာ လီယီဖန်း အဖေ ၊ လီရူဖုန်း ပင် ။

ဘေးမှ ဟွမ်ယင်က စိတ်မကောင်းသည့် မျက်နှာလေးဖြင့် ဝင်ပြောသည်။

" ဘာမှ ဖုံးကွယ်နေဖို့ မလိုပါဘူးရှင် ။ အဲ့နေ့က လေလံပွဲမှာ ရှင််ဝယ်သွားခဲ့တဲ့ သားရဲက ရှင့်အဖေ ဆိုတာကို ကျွန်မတို့အားလုံး သိပါတယ်။ အဲ့ဒါကြောင့်မို့လဲ ကျွန်မတို့က ရှင်နဲ့ပြိုင်ပြီး လေလံမဆွဲဘဲ နေခဲ့ကြတာ "

လီယီဖန်းတစ်ယောက် ပိုဒေါသထွက်သွားရတော့သည်။

" မိန်းကလေး ၊ ဘာလို့ မဟုတ်တာတွေ လာပြောနေတာလဲ။ မင်းက ငါ့ကို အရှက်ခွဲရဲတယ်ပေါ့လေ "

သူ ဒေါသထွက်လွန်း၍ ရူးတော့မလိုပါပင်..

လီမိသားစု၏ အကြီးဆုံးသား ဖြစ်သော သူ့ကို သားရဲတစ်ကောင်၏ သားဟု လာပြောနေသည် မဟုတ်ပါလား...

ယခု သူ့အဖေကိုယ်တိုင် ဘေးတွင် ပါနေသည်ကို အဘယ့်ကြောင့် ထိုစကားမျိုး လာပြောနေရပါသနည်း။

" ဟင်... သူတို့ သားအဖရဲ့ ဝမ်းနည်းစရာ ဇာတ်လမ်းကို သူ့ရှေ့မှာ ဒီတိုင်း ပေါ်တင်ကြီးတော့ မပြောသင့်ဘူး မဟုတ်လား "

ဟွမ်ယင်က လောထျန်းဘက် လှည့်ကြည့်ကာ မေးလိုက်သည်။

လောထျန်းက ခေတ္တမျှ စဥ်းစားပြီး ပြန်ပြော၏။

" မင်းပြောတာ မှန်တယ် "

လီယီဖန်းမှာ လောထျန်းတို့ နှစ်ယောက်ကို ကြည့်ရင်း ဒေါသထွက်လွန်း၍ ရူးမလိုပင် ဖြစ်နေရတော့သည်။

" သတ်မယ်... မင်းတို့နှစ်ယောက်လုံးကို သတ်ပစ်မယ် "

လီယီဖန်းက ဒေါသတကြီး ပြောကာ သူ့လက်ထဲမှ ဂျိုင်းထောက်ဖြင့် သူတို့နှစ်ယောက်အား တိုက်ခိုက်ရန် ပြင်လိုက်သည်။

သို့သော် သူ့ဒဏ်ရာများကို မေ့နေသဖြင့်.. ဂျိုင်းထောက် မြှောက်မြှောက်ချင်းမှာပင် ဘုတ်ခနဲ လဲကျသွား၏။

" ဖန်းလေး.. "

သူ့အဖေ လီရူဖုန်းက ချက်ချင်းပင် အပြေးအလွှား ဆွဲထူပေးလိုက်သည်။

" အဖေ ၊ ကျုပ်ကို မတားနဲ့တော့ဗျာ။ ကျုပ် အဲ့နှစ်ယောက်လုံးကို သတ်ချင်တယ်။ သူတို့သာ မလှည့်စားခဲ့ရင် ကျုပ် လေလံပွဲမှာ ဘာမဟုတ်တဲ့ အမှိုက်သားရဲ နှစ်ကောင်ကို စျေးကြီးပေးပြီး ဝယ်မိမှာ မဟုတ်ဘူး။ အရင်က အရမ်းစည်းလုံးခဲ့တဲ့ ကျုပ်တို့ မိသားစုကြီးကလဲ ခုလိုတွေ တစ်ယောက်နဲ့တစ်ယောက် ပြဿနာ တက်နေကြမှာ မဟုတ်ဘူးဗျာ။ ပြီးတော့ မိသားစုစည်းမျဥ်းအရ အဘိုးရဲ့ အပြစ်ပေးတာကိုလဲ ကျုပ် ခံရမှာ မဟုတ်ဘူး "

လီယီဖန်းက ဒေါသတကြီး အော်လိုက်သည်။

သူ လောထျန်းအား အလွန်ပင် မုန်းတီးလှပါ၏။

သို့သော် တဖက်မှ လောထျန်းတို့ နှစ်ယောက်မှာမူ သူ့စကားကို နားထောင်ပြီးနောက် အံ့သြမှင်သက်သွားကြဟန် တူသည်။

" အဖေ.. ဟုတ်လား ။ မင်းအဖေက မသေသေးဘူးလား "

လောထျန်းက တအံ့တသြ မေးသည်။

" အခုက လူသားအသွင် ပြောင်းထားတာလား။ သားရဲ တစ်ကောင်မှန်း လုံးဝတောင် မသိသာတော့ဘူးနော် "

ဟွမ်ယင်ကလည်း အံ့အားသင့်စွာ ဆို၏။

" မင်းတို့နှစ်ယောက်... "

ဤတစ်ကြိမ်တွင်မူ လီရူဖုန်းပင် ဒေါသထွက်သွားရတော့သည်။

ထိုနှစ်ယောက်က ရူးနေကြသည်လား...

သူ့ကို သားရဲတစ်ကောင်ဟု အဘယ့်ကြောင့် လာပြောနေရပါသနည်း ။

ထိုအချိန်တွင်.. ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင်၏ အကြီးအကဲက ဆက်မကြည့်နိုင်တော့ဟန်ဖြင့် မျက်မှောင်ကြုံ့၍ ပြောလာသည်။

" ဟေ့ ကောင်လေးတွေ ၊ အခုက မင်းတို့ တိုက်ခိုက်ရ

မယ့် အလှည့် ရောက်နေပြီနော်။ ဒီမှာပဲ စကားများမနေကြနဲ့ ၊ မြန်မြန်သွားပြီး တိုက်ခိုက်ကြတော့။ မဟုတ်ရင် မင်းတို့ ပြိုင်ပွဲကနေ အထုတ်ခံရမှာ "

ဟွမ်ယင်က ချက်ချင်း ပြန်ပြော၏။

" ဟုတ်ကဲ့ပါ ၊ အခု သွားလိုက်ပါ့မယ် "

ထို့နောက်တွင်မူ သူမတို့လူစု လှည့်ထွက်သွားပြီး မကြာခင်မှာပင် တိုက်ပွဲကွင်းပြင်ဆီသို့ ရောက်သွားကြသည်။

သူတို့ တိုက်ခိုက်ရမည့် နေရာနား ရောက်သည်နှင့် ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင် အတွင်းရှိ ပွဲကြည့်စင်ပေါ်မှ လူများ၏ အော်ဟစ်အားပေးသံ ထွက်ပေါ်လာ၏။

အားလုံးမှာ ယခု လာမည့် တိုက်ပွဲကို မကျေနပ်ကြသယောင်ပင်။

ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင်မှ အကြီးအကဲက အသံကျယ်ဖြင့် အော်ပြောလိုက်သည်။

" အားလုံး နားထောင်ကြပါ။ အခု ကောင်းကင်ဘုံနဂါး ပြိုင်ပွဲ ရဲ့ ပထမဆုံး တိုက်ပွဲမှာ ယှဥ်ပြိုင်တိုက်ခိုက်ကြမယ့် တစ်ဖွဲ့ကတော့ ယွမ်ရှောက်မြို့ ၊ လီမိသားစုကပါ။ လီမိသားစုက ချင်တိုက်ပွဲကွင်းပြင်မှာ တိုက်ပွဲတွေ အများကြီးကို တိုက်ခိုက်ခဲ့ပြီးတော့ အဆင့် ၅ နဲ့ ကောင်းကင်ဘုံ နဂါးပြိုင်ပွဲကို ဝင်ယှဥ်ပြိုင်ခွင့် ရခဲ့တာ ဖြစ်ပါတယ် "

" နောက်တစ်ဖွဲ့ကတော့ ရွှမ် တိုက်ပွဲကွင်းပြင်က တက်လာတဲ့ လောထျန်း နဲ့ ဟွမ်ယင် တို့ပါ။ သူတို့က ရွှမ် တိုက်ပွဲကွင်းပြင်မှာ အဆင့် ၂ ရထားခဲ့တာပါ။ အခု ပြိုင်ပွဲမစခင်မှာ ကိုယ်နိုင်မယ် ထင်တဲ့ အဖွဲ့ဘက်ကနေ လောင်းကြေးတွေ ထပ်ပြီးတော့ ဘယ်အဖွဲ့က လူတွေရဲ့ အားပေးမှု အရဆုံးလဲ ဆိုတာ ကြည့်လို့ ရပါတယ် "

အကြီးအကဲ၏ စကားဆုံးသည်နှင့် ပွဲကြည့်စင်ပေါ်ရှိ လူအုပ်ထံမှ အော်ဟစ်သံများ ချက်ချင်းပင် ထွက်လာသည်။

" အဆင့် ၂ ရတဲ့သူနဲ့ အဆင့် ၅ ရတဲ့သူတဲ့ ။ သူတို့ တိုက်ခိုက်ခဲ့ကြတဲ့ တိုက်ပွဲကွင်းပြင် မတူကြဘူး ဆိုရင်တောင် အခုပွဲရဲ့ ရလဒ်က အသိသာကြီးပဲ မဟုတ်

ဘူးလားကွာ "

" ဟေ့.. မင်း ရွှမ်တိုက်ပွဲကွင်းပြင်မှာ ဘာတွေ ဖြစ်သွားခဲ့လဲ မမြင်လိုက်ဘူးလား ":

" ဘာတွေ ဖြစ်သွားလို့လဲ "

" ရွှမ် တိုက်ပွဲကွင်းပြင်မှာက ဒီတိုင်း ရှိသမျှ သားရဲတွေ အကုန် တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့ကြတာကွ။ အဲ့တော့ ရှုပ်နေတဲ့ ကြားထဲမှာ ဟိုပုန်း ဒီပုန်းနဲ့ နောက်တစ်ဆင့် တက်ဖို့ လွယ်တယ်။ ဟို ဝူကျီပင်လယ်က သားရဲသခင်က လွဲပြီးတော့ ကျန်တဲ့သူတွေ အကုန်လုံးက ကံကောင်းလွန်းလို့သာ နောက်တစ်ဆင့် တက်သွားခဲ့ကြတာ "

" အေးကွာ.. မင်းက ခုလို ပြောပြမှပဲ သိရတော့တယ်။ အဲ့လိုသာဆို ဘာမှ စဥ်းစားနေစရာ မလိုဘဲနဲ့ လီမိသားစုကိုပဲ ရွေးလိုက်ရုံပေါ့ "

တခဏအတွင်းမှာပင် အလင်းတန်းလိုက်ကာပေါ်၌ ပြထားသည့် အားပေးခံရဆုံး အသင်းပြောင်းသွားပြီး ရှိသမျှ လူများ၏ ၉၈ ရာခိုင်နှုန်းကျော်ပင် လီ မိသားစုအား အားပေးကြောင်း ပေါ်လာ၏။

" အကိုဝမ် ၊ အကိုက ဘာဖြစ်လို့ လောထျန်းဘက်ကနေ လောင်းလိုက်ရတာလဲ "

ပွဲကြည့်စင်ပေါ်မှ လူတစ်ယောက်က သူ့ဘေးမှ လူကို ကြည့်ကာ တအံ့တသြ မေးလိုက်သည်။

အကိုဝမ် ဆိုသည့်သူမှာ ထိုအချိန်မှသာ အလင်းတန်းလိုက်ကာကို ကြည့်မိသွားပြီး ချက်ချင်း မျက်နှာဖြူရော်သွား၏။

" ချီး... ငါ အမြင်လျှမ်းသွားတာကွ။ ဘာလို့ အဲ့ကောင်ဘက်ကနေ လောင်းမိလိုက်ရတာလဲကွာ။ ဒီတိုင်းဆို အလကားသက်သက်ပြီး ပိုက်ဆံ သွားပေးလိုက်သလို ဖြစ်သွားပြီပေါ့ "

ပွဲကြည့်စင်ပေါ်၌ အသံများ ဆူညံသွားသည်။

ထိုစဥ် လောထျန်း ၊ ဟွမ်ယင်နှင့် သားရဲ သုံးကောင်တို့ကမူ အလင်းတန်းလိုက်ကာအား မျက်နှာကြီး ရှုံ့မဲ့၍ ကြည့်နေကြ၏။

" ငါ့ကို တကယ် အထင်သေးနေကြတာပဲ "

လောထျန်း ပြောလိုက်သည်။

" ဝု... "

ရှောက်ထျန်းလုံလေးကလည်း မကျေနပ်ဟန်ဖြင့် မျက်မှောင်ကြုံ့ရင်း အသံပေး၏။

ထိုစဥ်မှာပင် ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင်၏ အကြီးအကဲက အသံကျယ်ကြီးဖြင့် ထပ်အော်ပြောလာသည်။

" ကဲ.. အခု နှစ်ဖက်လုံးက သားရဲတွေကို ကွင်းထဲ လွှတ်လို့ရပါပြီ "

တိုက်ပွဲကွင်းပြင် အခြားတဖက်ရှိ လီယီဖန်းက အေးစက်စက် ပြော၏။

" အဖေ ၊ စစချင်းတည်းက လက်ဦးမှု ရအောင် ယူထားပြီးတော့ ဟိုကောင်တွေကို တန်းပြီး တိုက်ခိုက်ခိုင်းလိုက်မယ်ဗျာ။ သူတို့ကို နည်းနည်းလေးတောင် အခွင့်ရေး မပေးဘူး "

လီရူဖုန်းကလည်း မျက်မှောင်ကြုံ့၍ ပြန်ပြောသည်။

" ငါကလဲ အဲ့လိုပဲ ဖြစ်စေချင်တာ "

သူက ပြောပြောဆိုဆိုပင် စာရွက်လိပ်တစ်ခုကို ဖွင့်လိုက်၏။

ဝုန်း..

ချက်ချင်း ဆိုသလိုပင် စင်ပေါ်၌ ရွှေရောင် ဖားကြီးတစ်ကောင် ပေါ်လာသည်။

" အဲ့ဒါ.... နတ်ဘုရားအဆင့် နီးပါး ရှိတဲ့ မျက်လုံးသုံးလုံး ရွှေဖားကြီး မဟုတ်လား "

" ဝိုး... ပွဲအစမှာတည်းကတောင် အဲ့ကောင်ကြီးကို ထုတ်သုံးနေပြီပဲ။ ကြည့်ရတာ လီ မိသားစုက လောထျန်းကို ဘာအခွင့်အရေးမှ မပေးတော့ဘူးနဲ့ တူတယ် "

" လီ မိသားစုက သေချာပေါက် နိုင်ပြီပဲ "

အားလုံးက သူတို့ထင်ရာကို ပြောဆိုလိုက်ကြသည်။

ထိုစဥ် တိုက်ပွဲစင်မြင့်၏ အခြားတစ်ဖက်၌.. လော

ထျန်း မည်သို့မှ မပြောရသေးခင်မှာပင် ရှောက်ထျန်းလုံလေးက တိုက်မည့်ကွင်းထဲသို့ လွှားကနဲခုန်ဝင်သွား၏။

All Chapters