← Chapters

ငါ့ရဲ့ ရွှေဖားကြီး ဘယ်ရောက်သွားလဲ

Vol. 30 Ch. 419

ငါ့ရဲ့ ရွှေဖားကြီး ဘယ်ရောက်သွားလဲ

Vol. 30 Ch. 419

" ဝု.. "

ရှောက်ထျန်းလုံလေး တိုက်ပွဲစင်မြင့်ထက် တက်လာသည်ကို မြင်သည်နှင့် ပွဲကြည့်စင်ပေါ်မှ လူများအားလုံး ခေတ္တမျှ တိတ်ဆိတ်သွားကြသည်။

ထို့နောက်တွင်မူ ရယ်သံကျယ်ကြီး ထွက်ပေါ်လာ၏။

" အဲ့ လောထျန်း ဆိုတဲ့ကောင်က ဘာတွေ လုပ်နေတာလဲ။ မျက်လုံးသုံးလုံး ရွှေဖားကြီးနဲ့ ရင်ဆိုင်ဖို့ကို ဘာလို့ အဲ့ကောင်လေးကို လွှတ်လိုက်ရတာလဲ "

" ငါကတော့ လောထျန်းကို အင်မတန် ဉာဏ်ကောင်းတယ်လို့ မြင်တယ် ":

" ဘာဖြစ်လို့လဲ ပြောစမ်းပါဦး "

" ရှင်းပါတယ်ကွာ... ။ သူက တဖက်က ရွှေဖားကြီးကို တွေ့ပြီးတော့ သူ့ တိုက်ပွဲဝင်သားရဲတွေ မနိုင်နိုင်မှန်း သိသွားလို့ အစွမ်း အနိမ့်ဆုံးကောင်ကို

လွှတ်လိုက်တာပဲ။ အဲ့လိုဆို နောက်သားရဲ နှစ်ကောင် တိုက်ရမယ့် တိုက်ပွဲတွေက နည်းနည်း အစွမ်းချင်း မျှသွားနိုင်တယ်လေ "

" အဲ့လိုလား... ၊ လောထျန်းက ဉာဏ်နီ ဉာဏ်နက် တော်တော်များတာပဲ "

ထိုတခဏ၌ အားလုံးက သူတို့ ထင်ရာကို စိတ်ကြိုက် ပြေယဆိုလိုက်ကြသည်။

မျက်လုံးသုံးလုံး ရွှေဖားကြီးကလည်း ထိုစကားများကို နားထောင်ကာ ရှောက်ထျန်းလုံလေးအား ရန်စလှောင်ပြောင်သည့် အကြည့်ဖြင့် ကြည့်လာ၏။

ထိုစဥ် ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင်မှ အကြီးအကဲ၏ အော်သံကျယ်ကြီး ထွက်လာသည်။

" တိုက်ပွဲ စပါပြီ "

သူ့အော်သံ ဆုံးသည်နှင့် မျက်လုံးသုံးလုံး ရွှေဖားကြီးက လျှာထုတ်၍ ရှောက်ထျန်းလုံဆီသို့ တိုးဝင်လာသည်။

သူ့အသွင်မှာ ပိုးကောင်လေးများကို စားတော့မည့် ဖားကြီးအသွင် တူနေပြီး တခဏအတွင်းမှာပင် ၎င်း၏ လျှာကြီးဖြင့် လျှောက်ထျန်းလုံလေးအား ရစ်ပတ်လိုက်သည်။

" ဟား ဟား.. ကြည့်စမ်းပါဦးကွာ ။ တစ်ချက်တည်းနဲ့ အနိုင်အရှုံး ပေါ်သွားတာပဲ။ နှစ်ဖက်က အစွမ်းချင်း အရမ်းကွာနေတာကိုး "

" လောထျန်းဘက်ကနေ လောင်းကြေးထပ်ထားကြတဲ့ သူတွေကို နားတောင် မလည်တော့ပါဘူးကွာ "

ရယ်သံများ ထွက်ပေါ်လာပြန်သည်။

" ရွှေဖားကြီးရေ.. အဲ့ကောင်ကို စားပစ်ကွာ "

လီယီဖန်းကလည်း ဂျိုင်းထောက်ကို မှီနေရင်း အော်ဟစ်အားပေး၏။

ရှောက်ထျန်းလုံမှာ သေးငယ်သော သားရဲလေးတစ်ကောင် ဖြစ်သည့်တိုင် အနည်းဆုံး သူ့ဒေါသကို ဖြေပေးနိုင်မည် မဟုတ်ပါလား။

သို့သော်.. အားလုံး မသိကြသည့် အချက်မှာ..

ရွှေဖားကြီးက လျှာကို ပြန်သိမ်းရန် သုံး၊လေးကြိမ်မျှ ကြိုးစားနေသည့်တိုင် ရှောက်ထျန်းလုံလေးက တုပ်တုပ်ပင် မလှုပ်ခြင်း ဖြစ်သည်။

" ဟင်.. "

ရွှေဖားကြီး နားမလည်နိုင် ဖြစ်သွားကာ ရှောက်ထျန်းလုံလေးအား တအံ့တသြ ကြည့်လိုက်သည်။

ထိုအချိန်တွင် ရှောက်ထျန်းလုံလေးမှာလည်း အနည်းငယ် အံ့အားသင့်နေဟန် တူပါ၏။

သို့သော် မကြာမီမှာပင် သူ ဒေါသထွက်နေဟန် ဖြစ်သွားသည်။

" ဝု.. "

ရှောက်ထျန်းလုံလေးက ဒေါသတကြီး အော်ကာ လက်နှစ်ဖက်ဖြင့် ရွှေဖားကြီး၏ လျှာအား ဖယ်ပစ်လိုက်တော့သည်။

သို့သော်.. ထိုလျှာအား သူ့ကိုယ်မှ ခွာလိုက်နိုင်သည့်

တိုင် ရှောက်ထျန်းလုံလေးမှာ စိတ်လှုပ်ရှားဟန် လုံးဝ မရှိဘဲ ရွံရှာ ဒေါသထွက်နေသည့် မျက်နှာကြီး ဖြစ်နေပါ၏။

လူအုပ်ကြားထဲမှ ဟွမ်ယင်မှာ ၎င်းကို တစ်ချက်ကြည့်ရုံဖြင့်ပင် အခြေအနေအား နားလည်လိုက်တော့သည်။

" အဲ့လျှာပေါ်က အချွဲတွေက.... "

သူမ တီးတိုးရေရွတ်လိုက်၏။

လောထျန်းမှာလည်း ထိုအချိန်မှသာ အစောက ရွှေဖားကြီး ရှောက်ထျန်းလုံအား လျှာဖြင့် ပတ်လိုက်စဥ်တွင် အကျိအချွဲများ ရှောက်ထျန်းလုံလေး ကိုယ်ပေါ်၌ ပေကျံသွားကြောင်း သတိထားမိလိုက်သည်။

ထိုအချိန်တွင် ရှောက်ထျန်းလုံမှာကား မျက်နှာကြီး ရှုံ့မဲ့နေပါ၏။ ထို့နောက် သူ အေးစက်စက် မျက်နှာထားဖြင့် ခေါင်းမော့လာသည်။

ရွှေဖားကြီးမှာလည်း ရှောက်ထျန်းလုံ၏ မျက်လုံးများကို မြင်လိုက်သည်နှင့် ကျောရိုးထဲမှပင် အေးစိမ့်

သွားသကဲ့သို့ ခံစားလိုက်ရတော့၏။

သူ ချက်ချင်း လျှာကို ပြန်သိမ်းပြီး ရှောက်ထျန်းလုံနှင့် ဝေးဝေးပြေးရန် တွေးလိုက်သည်။

သို့သော်... နောက်ကျသွားခဲ့လေပြီ။

ဝုန်း..

သူ လျှာကို ပြန်သိမ်းရန် ကြိုးစားလိုက်စဥ်မှာပင် ရှောက်ထျန်းလုံလေးက သူ့လျှာအား လက်ဖြင့် ဖမ်းဆုပ်လာ၏။

" မင်း.... "

ရွှေဖားကြီး တစ်ခုခု ပြောရန် ပြင်လိုက်စဥ်မှာပင် ...

ရှောက်ထျန်းလုံလေးက လျှာကို ဆုပ်ကိုင်၍ ရွှေဖားကြီးအား ခပ်ကြမ်းကြမ်း ဆွဲလှည့်လိုက်တော့သည်။

ချက်ချင်းမှာပင် ရွှေဖားကြီး၏ ခန္ဓာကိုယ်က ရဟတ်ပမာ လည်သွား၏။

" ဘယ်လိုဖြစ်ပြီး... "

ထိုမြင်ကွင်းကို မြင်လိုက်ရသူများ အားလုံး အံ့သြမှင်သက်ကုန်ကြသည်။

သားရဲ သေးသေးလေး တစ်ကောင်က ဧရာမ ရွှေဖားကြီးကို ကိုင်လှည့်နေသည် မဟုတ်ပါလား။

ထိုစဥ်မှာပင် ရှောက်ထျန်းလုံက လက်ကို လွှတ်လိုက်သည်။

ဝှစ်...

ရွှေဖားကြီးမှာ ဥက္ကာခဲကြီး တစ်ခုပမာ အဝေးသို့ လွင့်ထွက်သွားပြီး တခဏအကြာမှာပင် အားလုံး၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားတော့၏။

" ဝု.. "

ရှေယက်ထျန်းလုံလေးက ရွှေဖားကြီး ပျောက်သွားသည့်ဘက် လှမ်းကြည့်၍ အော်လိုက်သည်။

ထိုအချိန်တွင် ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင် တစ်ခုလုံးမှာ အပ်ကျသံပင် ကြားရ

လုမတတ် တိတ်ဆိတ်နေပါသည်။

အချိန်အတန်ကြာသွားပြီးမှသာ လီယီဖန်းက အသံတုန်တုန်ဖြင့် ပြောလာ၏။

" ငါ့ရဲ့ မျက်လုံးသုံးလုံး ရွှေဖားကြီး ဘယ်ရောက်သွားပြီလဲ ။ ငါ့ ရွှေဖားကြီး ဘယ်ရောက်သွားပြီလဲ "

ထိုအချိန်မှသာ အနီးနားရှိ လူများလည်း အသိပြန်ဝင်လာကြသည်။

" ဘုရားရေ.. လောထျန်းရဲ့ တိုက်ပွဲဝင်သားရဲက တကယ်ကြီး နိုင်သွားခဲ့တာပဲ "

" နိုင်ရုံတင် မကဘူးကွ ၊ နတ်ဘုရားအဆင့်နီးပါး သားရဲကြီး တစ်ကောင်ကိုတောင် အဝေးရောက်သွားအောင် လွင့်ပစ်နိုင်ခဲ့သေးတာ "

" သူ ပစ်လိုက်တဲ့ အကွာအဝေးကလဲ တော်တော်ကြီးကို ဝေးတာကွ... "

" ဝေးတဲ့အဆင့် မကတော့ဘူး ။ မမြင်ရတဲ့အထိပါ ဖြစ်သွားပြီ "

ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင်တစ်လျှောက်ရှိ ပွဲကြည့်စင်များဆီမှ တအံ့တသြ ပြောဆိုသံများ ထွက်ပေါ်လာ၏။

" ဟိုလူကြီး ၊ အခု ကြေငြာစရာ ရှိတာ ကြေငြာလို့ရပြီလေ "

ထိုစဥ် လူအုပ်ထဲမှ လောထျန်းက အသံကျယ်ကြီးဖြင့် အော်ပြောလာသည်။

ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင်မှ အကြီးအကဲမှာလည်း ထိုအချိန်မှ အသိဝင်လာကာ လည်ချောင်းရှင်း၍ ပြောလိုက်သည်။

" ဒီ ပထမပွဲမှာ လောထျန်း အနိုင်ရသွားပါပြီ "

အားလုံးမှာ ပြိုင်ပွဲရလဒ်ကို မြင်တွေ့ထားပြီးသည့်တိုင် အကြီးအကဲ၏ ကြေငြာသံကို ကြားပြီးချိန်၌ ဆူညံသံများ ထွက်လာဆဲပင် ။

" မအေ $## လောထျန်း ၊ အဲ့ဒါ ဘာသားရဲလဲ "

လီယီဖန်းက လောထျန်းအား အေးစက်စက် စိုက်ကြည့်ကာ မေးလိုက်သည်။

" ကောင်းကင်ဘုံနဂါး လေ "

လောထျန်းက ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်၏။

လီယီဖန်းတစ်ယောက် ခေတ္တမျှ တိတ်နေပြီးနောက် ဒေါသတကြီး ပြန်အော်ပြောလာသည်။

" မင်းက ခုချိန်ထိ ငါ့ကို လျှောက်ပြောနေသေးတယ်ပေါ့လေ "

လောထျန်း စိတ်ပျက်လက်ပျက် ဖြစ်သွားရတော့သည်။ သူ လိမ်မပြောရပါဘဲ သူ့စကားကို အဘယ့်ကြောင့် မယုံကြပါသနည်း။

" ဟမ့်.. အဲ့ကောင်ကို မင်း ဘယ်ကနေ ရခဲ့တယ် ဆိုတာ ငါ မသိဘူး ။ ဒါပေမယ့် အဲ့ကောင်က မင်းရဲ့ အကြီးဆုံး ဝှက်ဖဲ မဟုတ်လား။ မင်းဆီမှာ အဲ့လိုအစွမ်းထက်တဲ့ သားရဲမျိုး ထပ်မရှိနိုင်ဘူး "

လီယီဖန်းက ဒေါသတကြီး ထပ်အော်လာသည်။

လီရူဖုန်းကလည်း အေးစက်စက် ဝင်ပြော၏။

" အမှန်ပဲ ။ ကောင်လေး.. ဆက်ပြီး တိုက်ခိုက်ကြတာပေါ့ကွာ "

သူက ပြောပြောဆိုဆိုပင် စာရွက်လိပ်တစ်ခု ထပ်ထုတ်၍ အချုပ်အနှောင်ကို ဖြေလိုက်ပြန်သည်။

တိုက်ပွဲစင်မြင့်ထက်၌ အနီရောင် မြင်းနဂါးတစ်ကောင် ချက်ချင်း ပေါ်လာ၏။

" အဆုံးအစမဲ့ အဆင့် ရှိတဲ့ သွေးနီမြင်းနဂါး တစ်ကောင်ပါလား။ အဲ့သားရဲ ကိုယ်ထဲမှာလဲ နတ်ဘုရားသွေး တစွန်းတစ ပါနေတဲ့ပုံပဲ။ ဒါပေမယ့် နတ်ဘုရားအဆင့်နီးပါး သားရဲ ဖြစ်ဖို့တော့ အဝေးကြီးပါ။ လီမိသားစုရဲ့ အမွေအနှစ်တွေ အဆုံးသတ် ရောက်ခါနီးနေပြီနဲ့ တူတယ် "

" ဒါပေမယ့် လောထျန်းဘက်မှာ အဲ့လိုအဆင့် သားရဲမျိုး ရှိလို့လား "

အားလုံးက ထင်ရာကို ပြောဆိုလိုက်ကြသည်။

ထိုအချိန်တွင် မျောက်က လောထျန်းဘေးသို့ လျှောက်လာကာ ပြော၏။

" သခင်လေး ၊ ဒီပွဲကို ကျုပ်အတွက် ထားလိုက်ပါ "

လောထျန်း ခေါင်းညိတ်ပြလိုက်သည်။

" မြန်မြန်သွားပြီး မြန်မြန်သာ တိုက်ခိုက်လိုက် "

" ဟုတ်ကဲ့ "

မျောက်က ထိုသို့ ပြောပြီးသည်နှင့် တိုက်ပွဲစင်မြင့်ထက်သို့ ခုန်တက်သွား၏။

" ဟမ်.. အဲ့မျောက်ကို မြင်ဖူးနေသလိုပဲ "

" အဲ့ကောင်က ဟိုတလောလေးကမှ သွေးနီယူနီကွန်း အနိုင်ယူတာကို ခံခဲ့ရတဲ့ နတ်ဘုရားအဆင့်နီးပါး သားရဲကောင် မဟုတ်လား။ အခု သူက ဘယ်လိုလုပ်ပြီး လောထျန်းရဲ့ လက်အောက်ခံ ဖြစ်နေရတာလဲ "

" လောထျန်းက ဘာမှ အသုံးမကျတဲ့ နတ်ဘုရားအဆင့်နီးပါး သားရဲကို ဝယ်ခဲ့တာလား။ ကြည့်ရတာ သူ့ဆီမှာ ပြစရာ အစွမ်းထက်သားရဲတွေ မရှိဘူးနဲ့ တူတယ် "

" ဘာမှ သုံးမရတဲ့ နတ်ဘုရားအဆင့်နီးပါး သားရဲတစ်ကောင်က.. အဆုံးအစမဲ့ အဆင့်ရှိတဲ့

အစွမ်းထက်သားရဲနဲ့ ယှဥ်ရမှာ ဆိုတော့.. အခြေအနေကောင်းမယ် မထင်ဘူး "

ပွဲကြည့်စင်ပေါ်မှ လူများက မျောက်ကို ကြည့်ကာ သက်ပြင်းကိုယ်စီ ချလိုက်ကြသည်။

" မင်းပါလား.. ၊ ငါ ဒုက္ခိတတွေနဲ့ မတိုက်ခိုက်ချင်ဘူး ။ မင်းက ငါ့အတွက် ပြိုင်ဘက်မဟုတ်ဘူး.. ဝေးဝေးသာ ထွက်သွားစမ်းကွာ "

သွေးနီ မြင်းနဂါးကလည်း မျောက်ကို သိနေပြီး လှောင်သံဖြင့် ပြောလာသည်။

သို့သော် မျောက်က ထိုစကားကို ကြားသောအခါ လက်ချောင်း တစ်ချောင်းတည်းသာ ထောင်ပြလိုက်သည်။

" တစ်ကွက်တည်း .. "

" မင်း ဘာပြောလိုက်တာ "

သွေးနီမြင်းနဂါး အံ့အားသင့်သွား၏။

မျောက်က အေးစက်စက် ပြန်ပြောလိုက်သည်။

" ငါက မင်းကို တစ်ကွက်တည်းနဲ့ အနိုင်ယူမှာ "

သွေးနီမြင်းနဂါးက အသံကျယ်ကြီးဖြင့် အော်ရယ်၏။

" အရူးကောင် ၊ မင်းကိုယ်မင်း ဘာပြောနေတယ် ဆိုတာရော သိရဲ့လား။ မင်းနဲ့ ငါကြားက ကွာဟချက်က အကြီးကြီးပဲကွ။ မင်း ခုလို ဒုက္ခိတ မဟုတ်ဘဲ ၊ အကောင်းတိုင်း ရှိနေရင်တောင် ငါ့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး။ ဒါတောင် မင်းက ငါ့ကို သိုင်းကွက်တစ်ကွက်တည်းနဲ့ အနိုင်ယူမှာလို့ ပြောနေတာဆိုတော့ ကြည့်ရတာ မင်းဦးနှောက်က တစ်ခုခု လွဲနေပြီနဲ့ တူတယ် "

မျောက်က မည်သို့မှ ပြန်မပြောဘဲ သွေးနီ မြင်းနဂါးဆီသို့သာ တဟုန်ထိုး ပြေးသွားလိုက်သည်။

" သေစမ်းကွာ "

သွေးနီ မြင်းနဂါးကလည်း ဒေါသတကြီး အော်ပြီး မျောက်ရှိရာသို့ တိုးသွား၏။

သို့သော် တခဏအကြာမှာပင် သူ့ခေါင်းတစ်ခုလုံး မူးနောက်သွားသလို ခံစားလိုက်ရသည်။

" ဟင်.. "

သူ ခေတ္တမျှ အံ့သြမှင်သက်နေပြီး နောက်တွင်ကား.. မျောက်က သူ့အမြီးကို ကိုင်၍ သူ့ကိုယ်အား ဝေ့ယမ်းနေသည်ကို သိလိုက်တော့သည်။

" စောနကလို အကွက်ပါပဲလား "

ပွဲကြည့်စင်ထက်မှ လူများအားလုံး အံ့အားသင့်ကုန်ကြပြန်၏။

All Chapters