← Chapters

အားကျောက်၏ အတွေး

Vol. 13 Ch. 121

အားကျောက်၏ အတွေး

Vol. 13 Ch. 121

နေ့လယ်အတန်းပြီးနောက် အားကျောက်တယောက် ရုံးခန်းသို့ ပြန်လာခဲ့၏။ ထိူ့နောက် သူမ သင်ရိုးညွှမ်းတမ်းများနှင့်သင်ကြားရေးပစ္စည်းများကို စနစ်တကျထားခဲ့ပြီး ပန်းချီခန်းသို့ သွားရန်ဟန်ပြင်လိုက်သည်။ အတန်းချိန်ပြီးဆုံးသွားပြီဖြစ်၍ ကိုယ်ပိုင်အချိန်ကို သူမ ကြိုက်သလို အသုံးပြုနိုင်သည် မဟုတ်ပါလား။

"ဒီနေ့အဖို့ ပြီးသွားပြီပေါ့ ဟုတ်လား"

စာအုပ်များ တပွေ့တပိုက်သယ်ဆောင်ကာ အခန်းထဲသို့ ဝင်လာသည့်ချွေကျင်းကို အားကျောက် နှုတ်ဆက်လိုက်၏။

"အံမလေး ပင်ပန်းလိုက်တာနော်"

ချွေကျင်း ပြောင်စပ်စပ်နှင့် ထအော်လိုက်၏။

"ကျီးယွမ် ရှင်ကကော ဘယ်သွားမလို့လဲ ပန်းချီသွားဆွဲမယ်ပေါ့ ဟုတ်လား"

"ဟုတ်ပါ့"

အားကျောက်က ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် သူမက ပြန်မေးလိုက်၏။

"ရှင်ကရော ဘယ်သွားမလို့လဲ"

ချွေကျင်း နှုတ်ခမ်းစူရင်း ခေါင်းခါပြလိုက်သည်။

"ဘယ်မှမသွားပါဘူးတော် ရှင်ပဲ ပန်းချီသွားဆွဲပါ"

"ခစ် ခစ် အဲဒါဆို ကျွန်မသွားပြီနော်"

ထို့နောက် အားကျောက် အခန်းထဲမှ ထွက်သွား၏။ အားကျောက် ထွက်သွားသည်နှင့် ချွေကျင်းသည် လမ်းတစ်ဖက်ခြမ်းရှိ တိုက်ခန်းကို တိတ်ဆိတ်စွာ စိုက်ကြည့်နေလေသည်။ ယခုဆိုလျှင် သူမအနေနှင့် အားမင်တယောက် ထိုအဆောက်အအုံတွင် နေထိုင်ကြောင်း သိရှိနေပြီဖြစ်သည်။ မည်သည့်အထပ်၊ မည်သည့်အခန်းတွင် နေထိုင်ကြောင်းကိုသာ သူမ မသ်ိသေးချေ။

အားကျောက် ပန်းချီခန်းထဲတွင် ထိုင်ကာ ပန်းချီဆွဲနေ၏။ တခနအကြာတွင် သူမ စိတ်ရှုပ်လာပြီး ပြတင်းပေါက်အပြင်သို့ ငေးကြည့်နေမိပြန်၏။ တကယ်တော့ တယောက်တည်းပန်းချီဆွဲရခြင်းကို သူမ အလွန်နှစ်သက်၏။ သို့သော် ယခုရက်ပိုင်းတွင် သူမ အတော်လေးစိတ်ရှုပ်နေသည်။ ထို့ကြောင့် ပန်းချီဆွဲရာတွင် အာရုံစိုက်ရန် အတော်လေးအခက်တွေ့နေ၏။

အစ်မရှုတယောက် မူးယစ်ဆေးဝါးရောင်းဝယ်မှုကြောင့် သေဆုံးခဲ့ရခြင်းမှာ တကယ်ကြီးပေလား။ အစ်မရှုအတွက် လက်စားချေနေသူမှာ မည်သူများ ဖြစ်လေသနည်း။ ထို့နောက် အားကျောက်၏အာရုံက လမ်းကြားလူသတ်မှုများဆီသို့ မရည်ရွယ်ပဲ ရောက်သွားပြန်သည်။ အားရှုတယောက် မူးယစ်ဆေးဝါးရောင်းဝယ်နေသည်ဟူသော အချက်မှာ ဖြစ်နိုင်သည်ဟု အားကျောက် ယုံကြည်၏။ အကြောင်းမှာ အားရှုသည် ပိုက်ဆံအလွန်မက်ပြီး ပိုက်ဆံရလျင် ဘာမဆိုလုပ်နိုင်သည့် လူစားမျိုး ဖြစ်နေသောကြောင့်ပင်။ သူမကဲ့သို့ပင် လမ်းကြားရှိ ကျန်ပြည့်တန်ဆာအများစုသည်လည်း ငွေမက်ကြသည်သာ။ သို့သော် ပိုက်ဆံကြောင့် အားရှုကို ကျန်ပြည့်တန်ဆာခြောက်ယောက် သတ်ဖြတ်ခဲ့ခြင်းမှာ အားကျောက်အတွက် အတွေးပွားစရာ ဖြစ်နေပြန်၏။ ဤမေးခွန်းများကို အားကျောက်တယောက်တည်း အဖြေမရှာနိုင်။ သူမသည် ညဏ်ကောင်းသော်လည်း ငွေမက်လှသူမဟုတ်။ တဖက်တွင် သူမအတွက် ငွေလည်းသိပ်မလိုလှ။ ထို့ကြောင့် ပိုက်ဆံမရှိသောအခါ ပေါ်ပေါက်လာတတ်သည့် ကြောက်ရွံ့မှု၊ ထိတ်လန့်မှု စသောခံစားချက်များကို သူမ နားမလည်။ အဘယ်ကြောင့် လူတချို့ ပိုက်ဆံအတွက် အချင်းချင်း သတ်ဖြတ်ရလေသနည်း။

လတ်တလောတွင် သူမ အလေးအထားဆုံးအချက်မှာ ကျန်းကျင်းခိုင်ကို တဖက်တလမ်းမှ ကူညီနိုင်ရန်ပင်။ သို့သော် အချိန်အတော်လေးကြာအောင် စဉ်းစားသည့်တိုင်အောင် သူမ အဖြေကိုရှာမတွေ့နိုင်ပဲ ဖြစ်နေ၏။ အားကျောက်သည် ရဲအရာရှိတစ်ဦး မဟုတ်။ ထို့ကြောင့် ပြသနာတခုကို ရဲတဦး၏ ချည်းကပ်ပုံမျိုးနှင့် သူမ မချည်းကပ်တတ်။

ဟူး...စိတ်တွေရှုပ်လိုက်တာနော်...

နောက်ဆုံးတွင် အားကျောက်သည် ခေါင်းတချက်ခါပြီး ဆွဲလက်စပန်းချီကားကို ပြန်ကြည့်လိုက်၏။သို့သော် သူမစိတ်အာရုံက ထပ်မံ​ပျံ့လွင့်သွားပြန်သည်။

သူမသည် အားရှုအပေါ် နက်ရှိုင်းသော သံယောဇဉ်ရှိခဲ့၏။ သို့သော် ထိုသံယောဇဉ်မှာ သူမ အလွန်စိတ်ပျက်အားငယ်နေချိန်တွင် အားရှုက သူမ၏အသက်ကို ကယ်တင်ခဲ့ခြင်း၏ ရလဒ်သာ ဖြစ်သည်။ တကယ်တမ်းတွင် သူတို့နှစ်ဦး ခင်မင်ရင်းနှီးခဲ့ရသည့်အချိန်ဟူ၍ သုံးလတာကာလမျှသာ ရှိခဲ့သည်။ သို့သော် အားရှုအား သတ်ဖြတ်ရာတွင် ပါဝင်ခဲ့ကြသူများထဲတွင် အားကျောက်နှင့် အတော်လေး ခင်မင်ရင်းနှီးသူများပင် ပါဝင်နေ၏။

အစ်မရှုရဲ့သေဆုံးမှုဟာ မတော်တဆဆိုတာ လူသတ်သမားကို ယုံကြည်အောင် သက်သေပြနိုင်ခဲ့ရင် ကျန်တဲ့လူတွေရဲ့အသက်ကိုများ ကယ်တင်နိုင်မလားမသိဘူး...

ထိုအခိုက်အတန့်မှာပင် အားကျောက်ထံ ကျန်းကျင်းခိုင်ထံမှ ဖုန်းဝင်လာ၏။

"ဟန်နီ ကျုပ် ဒီည ဆေးရုံသွားဖို့ရှိတယ် မင်း ကိုယ့်ဟာကိုယ် အိမ်ပြန်ဖို့ အဆင်ပြေရဲ့လား"

"ပြေတာပေါ့ ကျွန်မက သုံးနှစ်သားကလေးမှ မဟုတ်တာ"

အားကျောက်က အထက်ပါအတိုင်း ပြန်ဖြေလိုက်၏။

"ဒါဆို ရှင် ဘယ်တော့ပြန်လာမှာလဲ ညနက်ကြီး ရှင် အပြင်မှာရှိနေရင် ကျွန်မ စိတ်ပူတယ်"

"သန်းခေါင်မတိုင်ခင်လောက်တော့ ပြန်ရောက်မှာပါ"

ကျန်းကျင်းခိုင်က ပေါ့ပါးသောလေသံနှင့် ပြန်ဖြေလိုက်၏။ တကယ်တော့ သူ ပြန်ရောက်မည့်အချိန်ကို သူကိုယ်တိုင်ပင် မပြောနိုင်ချေ။ အကြောင်းမှာ အားလျန်သည် စိတ်ပေါ့သွပ်နေသူ ဖြစ်နေသောကြောင့်ပင်။ ကျန်းကျင်းခိုင်အနေနှင့် အစစအရာရာ ကြိုတင်ပြင်ဆင်ထားသည့်တိုင် မမျှော်လင့်သော အရာတစ်ခုခု ဖြစ်မလာနိုင်ဟုတော့ သူ အာမမခံနိုင်ချေ။

"ဒီလောက်တောင် နောက်ကျမှာလား အဲဒါဆို ကျွန်မလဲ ရှင်နဲ့လိုက်ခဲ့မယ်လေ ရမလား"

"မင်းလဲလိုက်ချင်တာလား"

အားကျောက်၏ တောင်းဆိုမှုကြောင့် ကျန်းကျင်းခိုင် နည်းနည်းတော့ တွန့်ဆုတ်ဆုတ်ဖြစ်သွား၏။ဂိုဒေါင်တိုက်ပွဲတွင် အားကျောက်နှင့် ကျန်းကျင်းခိုင်တို့၏ ဆက်ဆံရေးကို ရဲတိုင်းနီးပါး သိသွားသော်လည်း အားကျောက် မည်သူမည်ဝါဟူသည်ကို ကျန်းကျင်းခိုင်နှင့် လူရှောက်ချိန်တို့နှစ်ယောက်သာ သိထား၏။ ထို့ကြောင့် ကျန်ရဲအရာရှိများ၏ အမြင်တွင် ပြန်ပေးဆွဲခံရသော အမျိုးသမီးကို ကျန်းကျင်းခိုင်နှင့် တွဲနေသော မူကြိုဆရာမတစ်ဦးဟုသာ သိထားကြပေသည်။ လူတိုင်းက သူမကို ယင်ကျီးယွမ်ဟုသာ မြင်ထားကြသည် မဟုတ်ပါလား။

"ဒါဆို... မလိုက်ရဘူးပေါ့လေ"

အားကျောက် ထပ်မေးလိုက်သည်။ သူမ၏အသံတွင် စိတ်မကောင်းဟန်အငွေ့အသက်များ ပါဝင်နေ၏။

"အင်း... ဟုတ်ပြီ လိုက်ခဲ့လေ"

နောက်ဆုံးတော့ ကျန်းကျင်းခိုင်က အားကျောက်၏ တောင်းဆိုမှုကို ခွင့်ပြုရန် ဆုံးဖြတ်လိုက်လေသည်။

"တကယ်လား ဝမ်းသာလိုက်တာ"

အားကျောက် ပျော်ရွှင်စွာ အော်ဟစ်လိုက်၏။

"ဒါပေမယ့် ဟိုရောက်ရင် ကျုပ်စကားကို မင်းနားထောင်ရမယ်နော် ဟုတ်ပြီလား"

ကျန်းကျင်းခိုင်က ထပ်မံသတိပေးလိုက်ပြန်သည်။

"ဟုတ်ပါပြီရှင် ကျွန်မနားထောင်ပါ့မယ်ရှင့်"

အားကျောက်၏ လေသံက ချိုသာလှ၏။

"ကောင်းပြီ"

ကျန်းကျင်းခိုင်က ဆက်ပြောလိုက်သည်။

"ဒါဆို ခဏနေရင် ကျုပ်တို့ သွားတော့မယ် မင်း ဒီနေ့ ခပ်စောစောလေး ကျောင်းဆင်းလို့ရမလား ဖြစ်နိုင်ရင် ဒီနေ့ ဆေးရုံကို အစောကြီးသွားချင်တယ်"

"သိပ်ရတာပေါ့ရှင်"

"ကောင်းပြီ ဒါဆို ကျုပ်ရောက်ရင် ဖုန်းဆက်လိုက်မယ်နော်"

ထို့နောက် ကျန်းကျင်းခိုင် ဖုန်းချလိုက်၏။

အားကျောက်၏ ဖုန်းကိုချပြီးသည်နှင့် ကျန်းကျင်းခိုင်က ရုံးဖုန်းကို ကောက်ကိုင်ပြီး ဆေးရုံရှိ လျူနင်းကို ဖုန်းခေါ်လိုက်၏။ထို့နောက် အားလုံးကို အသင့်ပြင်ထားရန် လျူနင်းကို သူ မှာကြားလိုက်လေသည်။ တဖန် သူသည် အားလျန်၏ အမှုတွဲကို နောက်တစ်ကြိမ် ပြန်လည်စစ်ဆေးကြည့်ပြန်၏။ ပြင်ဆင်စရာရှိသည်အားလုံး ပြင်ဆင်ပြီးမှ ကျန်းကျင်းခိုင် ရုံးခန်းထဲမှ ထွက်လာခဲ့၏။

"ဟေ့ ရှောက်ချိန် ယူစရာရှိတာယူ ကျုပ်တို့ ဆေးရုံသွားကြမယ်"

ရုံးခန်းအပြင်ရှိ ခုံတန်းတွင် အိပ်ငိုက်နေသော လူရှောက်ချိန်၏ ပုခုံးကိုပုတ်ရင်း ကျန်းကျင်းခိုင်က ပြောလိုက်သည်။

"ဟုတ်ကဲ့ အင်စပက်တာကျန်း"

လူရှောက်ချိန် သမ်းဝေရင်း ခေါင်းညိတ်ပြလိုက်၏။ သူ့ပုံစံကို အားဟွိုင်နောက်ကိုလိုက်နေ၍ တညလုံး မအိပ်ရသေးဟန် ပေါ်နေသည်။

All Chapters