← Chapters

စောင့်ကြည့်ထားခြင်း

Vol. 13 Ch. 125

စောင့်ကြည့်ထားခြင်း

Vol. 13 Ch. 125

ရုံးတက်ချိန်ရောက်သည်နှင့် ကျန်းကျင်းခိုင်တယောက် လက်ထောက်ခရိုင်ရုံးသို့ ထွက်လာခဲ့၏။ ရုံးရောက်သည်နှင့် သူ ပထမဆုံးဆောင်ရွက်သည်မှာ အားရှု၏ မိသားစုနှင့်ပတ်သက်သည့်အချက်အလက်များရရှိရန် ဂွမ်ချီးပြည်နယ်ရဲရုံးချုပ်သို့ ဖုန်းခေါ်ဆိုခြင်းပင်။ အားရှုနှင့် ရုပ်ရည်ချင်းဆင်တူသော ညီအစ်မများ ရှိမရှိ သူ သိရှိရန် အရေးတကြီး လိုအပ်နေသည်မဟုတ်ပါလား။

မွန်းလွဲပိုင်းတွင် လျူနင်းတယောက် စာရွက်စာတမ်းတချို့ကိုင်ကာ ကျန်းကျင်းခိုင်၏ ရုံးခန်းသို့ ဝင်လာ၏။

"အင်စပက်တာကျန်း ဒါက ဆရာတောင်းထားတဲ့ အချက်အလက်တွေပါ ဂွမ်ချီးရဲတပ်ဖွဲ့က ရရှိတဲ့ အချက်အလက်တွေအရ အားရှုမှာ သူ့နဲ့တူတဲ့ ညီအစ်မတွေမရှိဘူးလို့ သိရပါတယ် သူ့ကလေးတွေကလည်း အရွယ်ငယ်လွန်းနေသေးတယ် ဒါတင်မကသေးဘူး သူ့ဆွေမျိုးတွေကို စုံစမ်းကြည့်တဲ့အခါ အားရှုနဲ့ သက်တူရွယ်တူ သူ့ဆွေမျိုးတွေ ကျွန်မတို့ ပြည်နယ်ထဲမှာ ဒါမှမဟုတ် အနီးအနားမှာ အလုပ်လုပ်တာ မရှိပါဘူးလို့သိရပါတယ်"

ကျန်းကျင်းခိုင် လျူနင်းလက်ထဲမှ စာရွက်စာတမ်းများကို လှမ်းယူရင်း ပြောလိုက်သည်။

"ကောင်းပြီ ရှောက်ချိန်ကို ခေါ်လိုက်"

လျူနင်း ရုံးခန်းထဲမှ ထွက်သွားပြီး သိပ်မကြာမီ လူရှောက်ချိန် ဝင်လာ၏။

"အင်စပက်တာကျန်း ကျွန်တော့်ကို ရှာနေတယ်ဆို"

"ဟုတ်တယ် ထိုင်စမ်းပါအုံးကွ အားဟွိုင်ရဲ့အခြေအနေ ဘယ်လိုလဲ"

"ကျွန်တော်တို့ သူ့ကို မျက်ခြေမပြတ် စောင့်ကြည့်ထားပါတယ် အင်စပက်တာ"

လူရှောက်ချိန်က ပြန်ဖြေလိုက်သည်။

"ခုနကပဲ ကျွန်တော် ဆာဂျင်ကျန်းဆီကို ဖုန်းဆက်ခဲ့သေးတယ် သူတို့ သေသေ​ချာချာ စောင့်ကြည့်နေပါတယ် ပြီးတော့... ပြီးတော့ အားဖင်း..သူ အားဟွိုင်တို့အုပ်စုနဲ့ သွားပေါင်းနေပါတယ်"

ပြောပြီးမှ လူရှောက်ချိန် ရှက်သွားဟန်ဖြင့် ခေါင်းငုံ့သွား၏။

"သူ့ရဲ့ပြောစကားအရ အားဟွိုင် ဒီည လမ်းကြားထဲ လာမယ်လို့သိရပါတယ်"

"ဒီည ဟုတ်လား ဘာလို့လဲ"

"အော် သူတို့အလှည့်ကျတာဝန်အရ ဒီည လမ်းကြားထဲမှာ ဖောက်သည်ရှာဖို့ အားဟွိုင်အလှည့်ကျတယ်လို့ သိရပါတယ် အင်စပက်တာ"

လူရှောက်ချိန်က ပြန်ဖြေလိုက်သည်။

"ကောင်းပြီ ဒါဆိုရင် ဒီည အဲ့ဒီနေရာကို ကျုပ်တို ့သေသေချာချာ စောင့်ကြည့်ထားမှရမယ် အားဟွိုင်ကို မျက်ခြေမပြတ်စေနဲ့"

ထို့နောက် ကျန်း​ကျင်းခိုင်က ထိုင်ခုံမှထရပ်ရင်း ပြောလိုက်သည်။

"ကဲ ကျုပ်တို့ သွားရအောင် အခုပဲ လမ်းကြားထဲကို သွားကြမယ်"

လမ်းကြားထဲရောက်သည်နှင့် ကျန်းကျင်းခိုင်တို့သည် ပတ်ဝန်းကျင်တခုလုံး နေရာလပ်မကျန်အောင် စစ်ဆေးရပြန်သည်။ သူတို့နှစ်ဦးသည် လမ်းဘေးဘယ်ညာရှိ စောင့်ကြည့်ကင်မရာများအားလုံး အလုပ်လုပ်နေပြီဟု မယုံကြည်မချင်း အကြိမ်ပေါင်းများစွာ စစ်ဆေးခဲ့ကြ၏။ ထို့နောက် သူတို့နှစ်ယောက်လုံး ထိန်းချုပ်ခန်းဆီသို့ ပြန်လာကြလေသည်။

"အင်စပက်တာကျန်း အားဖင်းပြောပုံအရဆိုရင် အားဟွိုင်ဟာ ဒီည ဖောက်သည်တွေကို စောင့်ဖို့ အဆောက်အအုံရဲ့ဝင်ပေါက်နားမှာ ရှိနေလိမ့်မယ်"

လူရှောက်ချိန်က မော်နီတာပေါ်မှ ပုံရိပ်ကို လက်ညှိုးထိုးပြရင်း ကျန်းကျင်းခိုင်ကို ပြောလိုက်၏။

"ကြည့်ပါအုံး အင်စပက်တည ဝင်ပေါက်ရဲ့ နောက်နား အဆောက်အအုံနှစ်ခုကြားမှာ လမ်းကျဥ်းလေးတလမ်းရှိနေတယ်ဗျ"

"အဲ့ဒါ အရင်က ထိပ်ပြောင်ဝံပုလွေ ထွက်ပြေးဖို့သုံးခဲ့တဲ့ လမ်းကြောင်းနဲ့တူတယ်"

ကျန်းကျင်းခိုင်က ပြန်မေးလိုက်၏။

"ဒီလမ်းကျဉ်းရဲ့ ဘေးနှစ်ဖက်မှာ စောင့်ကြည့်ဖို့လူတွေ ချထားပြီးပြီလား"

လူရှောက်ချိန် ခေါင်းညိတ်လိုက်သည်။

"ဟုတ်ကဲ့ လုပ်ပြီးပါပြီအင်စပက်တာ"

ထို့နောက် သူ မော်နီတာပေါ်မှ နေရာတချို့ကို လက်ညိုးထိုးပြရင်း ပြောလိုက်ပြန်၏။

"ဒီနေရာနဲ့ ဒီနေရာတွေမှာ ဆာဂျင်ကျန်းက အစောင့်တွေ ချထားပြီးပါပြီ ဒါ့အပြင် အားဟွိုင် နဲ့ သူ့ကောင်မလေးတွေ ငှားထားတဲ့ အခန်းတွေမှာလည်း ကျွန်တော်တို့ လူတွေ ချထား​တယ်အင်စပက်တာ သူတို့ရှိနေတဲ့ အဆောက်အအုံရဲ့ ရှေ့နဲ့နောက်တွေမှာလဲ ကျွန်တော်တို့ လူတွေ ချထားပြီးပြီ ဒါတင်မကသေးဘူး ဆာဂျင်ကျန်းအထူးတောင်းဆိုထားလို့ အဆောက်အအုံနောက်ဘက်မှာ လုံခြုံရေးကင်မရာလဲ ကျွန်တော်တို့ တပ်ထားသေးတယ်"

"တကယ်လား ဒါနဲ့ ရှေ့ဘက်ကကော?"

ကျန်းကျင်းခိုင်က မော်နီတာကို ကြည့်ရင်း ဆက်မေးလိုက်၏။ လူရှောက်ချိန် ခေါင်းခါပြလိုက်လေသည်။

"ကျွန်တော်တို့မှာ အရင်းအမြစ် မရှိတော့ဘူးအင်စပက်တာ ဒါပေမယ့် အပြင်ခန်းရဲ့ ကုတင်အောက်မှာ တော့ အသံဖမ်းကင်မရာ ကျွန်တော် အားဖင်းကို တပ်ခိုင်းခဲ့တယ်"

"တကယ်လား"

ကျန်းကျင်းခိုင်က လူရှောက်ချိန်ကို လှည့်ကြည့်ပြီး ပြုံးလိုက်၏။

"ကောင်လေး မင်းတော်သားပဲ အားဖင်းကရော မင်းပြောတာကို နားထောင်တယ်ပေါ့ ဟုတ်လား"

"ဟဲ ဟဲ နည်းနည်းပါ အင်စပက်တာ"

လူရှောက်ချိန် နည်းနည်းရှက်သွား၏။

"ကျွန်တော်က ဆရာ့ဆီကနေ သင်ယူခဲ့တာပါ အင်စပက်တာ..."

လူရှောက်ချိန်၏စကားကြောင့် ​ကျန်းကျင်းခိုင် ရယ်ရမလို ငိုရမလို ဖြစ်သွား၏။

"အားဖင်းကတော့ပြောပါတယ် အင်စပက်တာ ဒီအမှုပြီးတာနဲ့ သူ အလုပ်ထွက်တော့မယ်တဲ့"

လူရှောက်ချိန်က ရှက်ကိုးရှက်ကန်းနှင့် ဆက်ပြောလိုက်ပြန်သည်။

"တကယ်တော့ သူကလဲ မကောင်းတဲ့မိန်းကလေးတော့မဟုတ်ပါဘူး သူက အမှုပြီးတာနဲ့ သူ့ဇာတိကို ပြန်ဖို့ စီစဉ်ထားတယ်လို့ ပြောတယ်ခင်ဗျ ဘာပဲဖြစ်ဖြစ် ဒီနှစ်တွေမှာ ပင်ပင်ပန်းပန်းအလုပ်လုပ်ခဲ့တဲ့အတွက် သူ့မှာ ပိုက်ဆံလုံလုံလောက်လောက် စုမိနေပါပြီ သူ့ကိုယ်ပိုင်လုပ်ငန်းလေးတခုလုပ်ဖို့ ဒီလောက်ဆိုရင် လုံလောက်မှာပါ"

ကျန်းကျင်းခိုင်က စကားထောက်ပေးလိုက်သည်။

"အင်း ဒီမိန်းကလေးတွေရဲ့ဘဝကလဲ တကယ်တော့ သာမန်အမျိုးသမီးတွေနဲ့ မခြားလှပါဘူးကွာ သူတို့ရဲ့အလုပ်အကိုင်က ပြောစရာဖြစ်နေတာကလွဲလို့ပေါ့"

ထို့နောက် သူ အသံကိုနှိမ့်လိုက်၏။

"ဒါပေမယ့်... မင်း... မင်းက ကျုပ်နဲ့မတူဘူး...ထားပါတော့ကွာ အားဖင်းပြန်ရင် မင်းသေချာ လိုက်ပို့ပေးလိုက် ဘာပဲဖြစ်ဖြစ် သူက ငါတို့အပေါ်မှာ ကျေးဇူးရှိတယ် ဟုတ်ပြီလား"

"ဟုတ်ကဲ့ပါအင်စပက်တာကျန်း"

လူရှောက်ချိန် ခေါင်းညိတ်ပြလိုက်၏။

ကျန်းကျင်းခိုင်၏ စေတနာကို သူ နားလည်သည်။ သို့သော် အားဖင်းအပေါ် သူ့ခံစားချက် ဘယ်လိုရှိမှန်း သူကိုယ်တိုင်ပင် နားမလည်ပဲ ဖြစ်နေ၏။

ထိုအချိန်တွင် ကျန်းကျင်းခိုင်က မေးခွန်းပြောင်းမေးလိုက်ပြန်သည်။

"ဒီည အတွင်းခန်းထဲမှာ ဘယ်သူတွေရှိသလဲ"

"အားဖင်းပါပဲအင်စပက်တာ"

လူရှောက်ချိနိက ပြန်ဖြေလိုက်၏။

"သူတို့ အိပ်ခန်းနှစ်ခန်းပါတဲ့ တိုက်ခန်းကိုငှားထားတယ်လို့ သိရတယ် အားဖင်းပြောစကားအရ သူတို့ လေးယောက်ရှိတယ် အခန်းနှစ်ခန်းမှာ တယောက်စီရှိနေလိမ့်မယ်တဲ့ ကျန်တဲ့ နှစ်ယောက်မှာ တစ်ယောက်က ဖောက်သည်ရှာဖို့ တာဝန်ယူမယ် တစ်ယောက်ကတော့ မီးဖိုချောင်ကနေ စောင့်ကြည့်ဖို့တာဝန်ယူရမယ်တဲ့ အင်စပက်တာ"

"သူတို့ရဲ့ ကာကွယ်ရေးစနစ်လေးက မဆိုးပါလား"

ကျန်းကျင်းခိုင် ရယ်မောလိုက်၏။ ထို့နောက် သူ မော်နီတာကို ညွှန်ပြရင်း ပြောလိုက်လေသည်။

"ဆာဂျင်ကျန်းကိုပြောလိုက် ပြတင်းပေါက်တိုင်းရဲ့ အပြင်ဘက်မှာ လူတွေ ပိုချခိုင်းပြီး အခန်းကို လျှို့ဝှက်ကာကွယ်ခိုင်းလိုက်ပါ ဒါ့အပြင် အားဟွိုင်နဲ့အတူ အခန်းထဲဝင်သွားတဲ့ အမျိုးသားတိုင်းကို သေချာစောင့်ကြည့်ဖို့ လိုမယ် အမျိုးသားတိုင်း ဘယ်သူဘယ်ဝါဆိုတာ သိရလေလေ ပိုကောင်းလေလေပဲ"

လူရှောက်ချိန် ခေါင်းညိတ်လိုက်၏။ ထို့နောက် သူ ထိန်းချုပ်ခန်းထဲမှထွက်ပြီး ကျန်းနန်ကို စတင်ရှာဖွေလိုက်လေသည်။

All Chapters