← Chapters

အရိုးခြောက်များ

Vol. 13 Ch. 130

အရိုးခြောက်များ

Vol. 13 Ch. 130

ကျန်းကျင်းခိုင်သည် ဧည့်ခန်းတွင်ထိုင်လျက် အားကျောက်၊ လူရှောက်ချိန်တို့နှင့် အချိန်အတော်လေးကြာအောင် စကားပြောဆိုနေသည်။ ထိုအတောအတွင်းဝယ် အားဖင်၏ အခြေအနေမှာ ပို၍ တည်ငြိမ်လာပုံရ၏။ ကျန်းကျင်းခိုင်အနေနှင့် ပြောဆိုမေးမြန်း၍ ရလောက်ပေပြီ။

“အင်စပက်တာကျန်း တစ်ခုခုမေးချင်ရင် မေးပါ"

အားဖင်းက ခပ်တိုးတိုး ပြောလိုက်၏။

“ကျွန်မ အတော်လေး သက်သာသွားပါပြီ"

“တကယ်လား”

ကျန်းကျင်းခိုင်က အားဖင်းကို စိုးရိမ်ဟန်ဖြင့်ကြည့်ရင်း ပြောလိုက်၏။

"ကိုယ့်ကိုယ်ကို တအားကြီး ဖိအားမပေးပါနဲ့ ဒီနေ့ မင်းသေလုနီးပါးကြောက်သွားတယ်ဆိုတာ ကျုပ်သိတယ် မင်း ကျုပ်တို့ကို ဘယ်လောက်ထိကူညီခဲ့တယ်ဆိုတာ လူရှောက်ချိန်ပြောလို့ သိရတယ် အဲဒီအတွက် အများကြီး ကျေးဇူးတင်ပါတယ်"

“ဆရာက အရမ်းကြင်နာတတ်တာပဲ ခုလိုပြောပေးလို့ ကျေးဇူးတင်ပါတယ်ရှင်"

အားဖင်း ကျေးဇူးတင်စကား ​ပြောလိုက်၏။

“တကယ်တော့ ဒီအမှုပြီးရင် ကျွန်မ ဂွမ်ချီးကို ပြန်ဖို့စီစဥ်ထားတာပါ"

“အင်း အိမ်ပြန်တာ ကောင်းတာပေါ့ဗျာ"

ထ်ို့နောက် ကျန်းကျင်းခိုင်က အားဖင်းကိုအကဲခတ်ရင်း နူးညံ့သောအသံနှင့် မေးလိုက်သည်။

“ဒါဆို ဒီည ဘာတွေဖြစ်ခဲ့လဲ ပြောပြပါလား”

"ဟုတ်ကဲ့ရှင့်"

အားဖင်း ခေါင်းညိတ်ပြလိုက်သည်။

"ဒီညက ပုံမှန်အတိုင်းပါပဲ ကျွန်မတို့ ကြိုတင်သဘောတူထားတဲ့အတိုင်း ဒီညမှာ ကျွန်မဟာ မီးဖိုထဲမှာပဲနေပြီး အရေးပေါ်အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းဖို့ တာဝန်ယူရပါတယ် အဲဒီမှာတင် အားဟွိုင်က အဲဒီလူကို ခေါ်လာခဲ့တယ် ပြီးတော့ သူက ယိုယိုကို အပြင်ထွက်ခိုင်းပြီး အဲဒီလူနဲ့ သူဝင်မယ်လို့ပြောနေတာ ကျွန်မ မီးဖိုထဲကနေ ကြားခဲ့ရတယ် အရာရှိလူ ကျွန်မကို ကြိုပြောထားတဲ့အတွက် ဒါ ထူးခြားတဲ့အခြေအနေဆိုတာ ကျွန်မ သိလိုက်တယ်”

ထိုစကားကိုပြောချိန်တွင် အားဖင်းက လူရှောက်ချိန်ကို ဖြတ်ခနဲ လှမ်းကြည့်လိုက်၏။ ထို့နောက် သူ စကားဆက်ပြန်သည်။

“အားဟွိုင် အိပ်ခန်းထဲဝင်သွားတဲ့နောက်မှာ ကျွန်မဟာ မီးဖိုခန်းတံခါးနောက်မှာ ရပ်ပြီး သူတို့အသံတွေကို နားထောင်နေခဲ့တယ် သူတို့က တိုးတိုးလေးပြောနေတာဆိုတော့ ဘာမှရေရေရာရာတော့ မကြားရဘူးရှင့် ဒါပေမယ့် အားဟွိုင်ရဲ့ရယ်သံကိုတော့ မကြာခနဆိုသလို ကြားနေရတယ် ကြည့်ရတာ သူပျော်နေတဲ့ပုံပါပဲ ယိုယို အပြင်ထွက်သွားတော့ ကျွန်မ တိတ်တိတ်လေး ထွက်လာပြီး အားဟွိုင်ရဲ့အိပ်ခန်းအပြင်ဘက်မှာ ရပ်နေခဲ့တယ် အစပိုင်းတော့ သူတို့အသံတွေက တိုးတိုးတိတ်တိတ်ပါပဲ”

ထိုအချိန်တွင် အားဖင်း၏ မျက်နှာတွင် ရှက်ရွံ့ဟန်ပေါ်လာသည်။

"ဒါပေမဲ့ သိပ်မကြာခင်မှာပဲ အခန်းထဲက ထူးဆန်းတဲ့ အသံတွေကို ကျွန်မ ကြားရတယ် ပိုပြီး ထူးဆန်းတာက အိပ်ခန်းတံခါးဟာ အရမ်းအေးစက်လာတာပဲ အေးတာမှ အရိုးခိုက်မတတ်ကို အေးလာတာရှင့် အဲဒီနောက်တော့ အိပ်ခန်းထဲက အသံတွေ ရုတ်တရက်ဆိုသလို ကျယ်လာတယ် ပြီးတော့ အားဟွိုင်ရဲ့ ထိတ်လန့်တကြား အော်သံတွေ….”

အားဖင်း၏ မျက်နှာ သွေးမရှိတော့သည့်နှယ် ဖြူဖွေးသွား၏။ သူမ၏တကိုယ်လုံး ပြန်လည်တုန်ယင်လာပြန်သည်။ ထိုအခါ အားကျော​က်က ဖေးမသည့်ဟန်ဖြင့် သူမကို ဖက်ထားလိုက်၏။ အားဖင်း စကားဆက်လိုက်သည်။

“ပြီးတော့… ပြီးတော့ ကျွန်မ… ကျွန်မ… အိပ်ခန်းတံခါးကို… တံခါးကို ဖွင့်လိုက်တယ်… အဲဒီလူရဲ့… တစ်ကိုယ်လုံး… ​အသွေးအသားတွေခန်းခြောက်ပြီး ချုံ့တွကုန်တာ ကျွန်မ တွေ့လိုက်ရတယ် ပြီးတော့အားဟွိုင်လည်း……”

အားဖင်း၏ အခြေအနေကို သဘောပေါက်သည့်ကျန်းကျင်းခိုင်က စကားကိုဆက်ပြောပေးလိုက်သည်။

"အဲဒီနောက်မှာတော့ မင်း ကြမ်းပြင်ပေါ် လဲကျသွားတယ် ကျုပ်လည်း ရဲတွေနဲ့အတူ ရောက်လာခဲ့တယ်”

အားဖင်း တံတွေးတချက်မြိုရင်း ခေါင်းညိတ်ပြလိုက်၏။

“ဟို… ဟုတ်ကဲ့”

ထိုအခိုက်အတန့်မှာပင် အားဖင်း၏ မျက်ဝန်းထဲမှ မျက်ရည်များ စီးကျလာ၏။ သူမ၏ သနားစရာကောင်းသောပုံစံကြောင့် ကျန်းကျင်းခိုင် စကားကိုခေတ္တရပ်တန့်ပြီး စဥ်းစားနေ၏။ စက္ကန့်ပိုင်းလောက်ကြာမှ သူက ထပ်မေးလိုက်သည်။

"တံခါးဖွင့်လိုက်တဲ့အချိန်မှာ အားဟွိုင်နဲ့ အဲဒီလူအပြင် တခြားလူတွေများ ရှိသေးလား”

အားဖင်း ခေါင်းခါပြလိုက်သည်။

“မ… မရှိပါဘူးရှင့်"

“ကောင်းပြီလေ ကဲ မင်းတို့နှစ်ယောက်စလုံး အားဖင်းကို ခနလောက်စောင့်ပေးလိုက် သူ ငြိမ်ငြိမ်လေး အနားယူပါစေ ခနနေရင် လျူနင်းကို ရဲအဆောင်မှာ နေရာလွတ်ရှိသေးလား မေးကြည့်လိုက် ရှိရင် ဒီည သူ အဲဒီမှာ နေလို့ရတယ်”

“အင်စပက်တာကျန်း မနက်မိုးလင်းတော့မယ်။ကျွန်တော်တို့ သူ့ကို စခန်းကိုပဲ ပြန်ခေါ်သွားပြီး အဲဒီမှာ တနေရာစီစဥ်ပေးလိုက်တာ ပိုကောင်းမယ်ထင်တယ်"

"အေး ကောင်းတယ် ဒီကိစ္စ မင်းပဲ စီစဉ်လိုက်ကွာ”

ထို့နောက် သူ အခန်းထဲသို့ ပြန်ဝင်လိုက်၏။ အခန်းထဲတွင် မုမင်းယွမ်ရှိနေသည်။ ထိုအခါ သူက မေးလိုက်၏။

"ဘာတွေရှာတွေ့သေးလဲ"

မုမင်းယွမ် ခေါင်းခါလိုက်၏။

“ဘာမှရှာမတွေ့ဘူး အင်စပက်တာ ခင်ဗျားရောက်လာတုန်း ဒီလူနှစ်ယောက် မသေသေးဘူးဆိုတာ သေချာသလား"

“အမျိုးသားအတွက်တော့ ကျွန်တော် အတည်ပြုနိုင်ဘူး၊ ဒါပေမယ့် အမျိုးသမီးကတော့ မသေသေးဘူးဗျ"

“ခင်ဗျား အိပ်ခန်းထဲဝင်လိုက်တော့ အမျိုးသမီးသားကောင်က တကိုယ်လုံး ခြောက်ကပ်သွားပြီလား"

မုမင်းယွမ်က ထပ်မေးလိုက်၏။

“ကျွန်တော်အထင် သူ ရုပ်မပျက်သေးဘူး"

ကျန်းကျင်းခိုင်က ပြန်ဖြေလိုက်လေသည်။

"ဟုတ်တယ်ဗျ သေချာတယ် ကျွန်တော် သူ့ပခုံးကိုတောင်ကိုင်ပြီး မေးလိုက်သေးတာပဲ"

“အခုတော့ အရိုးတွေပဲ ကျန်တော့တာပေါ့”

မုမင်းယွမ် ပုခုံးတွန့်ရင်း မှတ်ချက်ပြုလိုက်၏။

“ဒါဆို… သေဆုံးရခြင်း အကြောင်းရင်းကို သိရပြီလား"

“ကျွန်တော်လဲ သိပ်မသေချာဘူး သူ့အရေပြားအလွှာက အကောင်းကြီးရှိနေသေးတယ် ဒါကြောင့် အားပြင်းတဲ့ ဓာတုပစ္စည်းတွေကြောင့် သူ ဒီလိုဖြစ်တာမဟုတ်ဘူးလို့တော့ ကောက်ချက်ချနိုင်တယ်"

ထိုအခါ ကျန်းကျင်းခိုင်က ကုတင်ပေါ်ရှိ အရိုးခြောက်အလောင်းများကို လက်ညှိုးထိုးပြပြီး လက်ညိုးထိုးပြရင်း မေးလိုက်ပြန်၏။

"သူတို့ကို ခင်ဗျား ဘယ်လို ခွဲထုတ်ဖို့ စီစဉ်ထားလဲ"

မုမင်းယွမ် ပုခုံးတွန့်ရင်းပြန်ဖြေလိုက်သည်။

" လွှနဲ့ပေါ့ဗျာ”

မုမင်းယွမ် လုပ်ကိုင်နေသည်ကိုကြည့်ရင်း သူ အခန်းထဲသို့ ပြေးဝင်လာစဉ်က မြင်ခဲ့ရသည့် မြင်ကွင်းကို ကျန်းကျင်းခိုင် မြင်ယောင်လာ၏။ အားဟွိုင်၏ ခန္ဓာကိုယ်ပေါ်ရှိ အသွေးအသားများ လေထဲသို့ မည်သို့ပျောက်ကွယ်သွားလေသနည်း။ သူမ၏ ပခုံးကို ကိုင်ဆွဲမေးမြန်းစဥ် အားဟွိုင်၏ပခုံးသားများကို သူ သေချာပေါက် မှတ်မိနေသည် မဟုတ်ပါလား။ သို့မဟုတ် သူ အမှတ်မှားနေခဲ့ခြင်းပေလား။ နောက်ဆုံးတော့ ကျန်းကျင်းခိုင် ရှုပ်ထွေးနေသော အတွေးများကို မောင်းထုတ်ရင်း အခန်းပြင်ထွက်လာခဲ့၏။

ထိုအချိန်တွင် လူရှောက်ချိန်က အားဖင်းကို လက်ထောက်ခရိုင်ရုံးသို့ လိုက်ပို့နေ၏။ ယိိုယိုနှင့် ကျန်စုံတွဲကို ကျန်းနန်က ကျူအန်းရဲစခန်းမှာပင် ခေတ္တထိမ်းသိမ်းထားလိုက်သည်။ အားကျောက်ကတော့ ကျန်းကျင်းခိုင်ဘေးနားမှာပင် တညလုံးရှိနေခဲ့၏။

နောက်ဆုံးတွင် ကျန်းကျင်းခိုင်နှင့်အားကျောက်တို့သည် ထိုနေရာမှ ထွက်ခွာလာခဲ့ကြ၏။ ထိုစဥ်ကျန်းကျင်းခိုင်တို့ ကားထဲဝင်လိုက်သည်ကို မြင်သော ရဲတဦးက အောက်ပါအတိုင်း လှမ်းပြောလိုက်၏။

"အင်စပက်တာကျန်း စခန်းကိုသွားမလို့လား ဒီကအစ်မလဲ တညလုံးမအိပ်ရသေးဘူးဆိုတော့ အိမ်ပြန်ပြီး အနားယူလိုက်ပါလားဆရာ"

ကျန်းကျင်းခိုင် ခေါင်းညိတ်လိုက်၏။

"ကောင်းသားပဲ ဒါဆို ကျုပ်အတွက် နေ့တဝက်ခွင့်လေး တင်ပေးထားပါအုံးဗျာ တကယ်ပင်ပန်းနေပြီ အနားယူမှရတော့မယ်"

All Chapters