← Chapters

အရိုင်းနတ်ဘုရား (၂)

Vol. 3 Ch. 152

အရိုင်းနတ်ဘုရား (၂)

Vol. 3 Ch. 152

ဘုန်း....

တတိယမြောက် လက်သီးချက်က ရွှေရောင်အလင်းလွှာပေါ် ကျရောက်လာချိန်မှာပဲ မြို့ကိုကာကွယ်ပေးထားတဲ့ ခွက်ကြီး အက်ကွဲသွားခဲ့ပြီး စူပါရီရာဂျင်နရယ် အန်တိုနီကိုယ်တိုင် သွေးအန်ထုတ်လိုက်ရတယ်။

“ နတ်ဘုရားတစ်ပါးကို ရင်ဆိုင်ဖို့အတွက် အထွတ်အမြတ် ရတနာတစ်ခုက အားနည်းလွန်းနေတယ်။”

အန်တိုနီက သူ့နှုတ်ခမ်းထောင့်မှာစီးကျနေတဲ့ သွေးတွေကို လက်ခုံနဲ့ဖယ်ရှားလိုက်ရင်း ပြောလိုက်ပါတယ်။ သူက အလွန့် အလွန်ကိုစွမ်းအားကြီးမားတဲ့ အယ်ဒါတစ်ယောက်ပါ။ ဒါပေမဲ့ အိန်ဂျယ်တစ်ယောက်ရဲ့ပုံရိပ်ယောင်ကိုပဲ ဆင့်ခေါ် နိုင်ခဲ့ပါတယ်။

တစ်ဖက်မှာတော့ အရိုင်းနတ်ဘုရားဟာ ဆဲလ်တစ်တွေရဲ့ ထိန်းမနိုင်သိမ်းမရအဆန်ဆုံး နတ်ဘုရားတစ်ပါးဖြစ်နေ ခဲ့ပါတယ်။

“အခုတော့ ငါတို့တွေ ကောင်လေးနက်ဆန်ကို အားကိုးရုံအပြင် ဘာမှမတတ်နိုင်တော့ဘူး။”

အန်တိုနီက ပါးလွှာလာနေတဲ့ အကာအရံအလင်းလွှာကို စိုးရိမ်စွာနဲ့ကြည့်လိုက်ရင်း ပြောလိုက်ပါတယ်။ နတ်ဘုရား တစ်ပါးနဲ့ရင်ဆိုင်ရချိန်မှာ သေမျိုးတစ်ယောက်က လွန်စွာ အားနည်းလှပါတယ်။

...

“သခင်၊ ကျွန်မတို့ ဒီကနေ ခွာကြတော့မလား။”

လွင့်ပျံနေတဲ့အပျက်အစီးတွေနဲ့ မတိုက်မိစေဖို့အတွက် ရှောင်ရှားနေရတဲ့ မော်လီက ဘေးနားမှာရှိနေတဲ့ နက်ဆန်ကို မေးလိုက်တယ်။ နက်ဆန်က ချက်ချင်းပဲ ခါးသီးတဲ့လေသံနဲ့ ပြောလိုက်တယ်။

“လူသားသောင်းချီကို ဒီနေမှာသေအောင် ပစ်ထားမလို့လား။ အရိုင်းနတ်ဘုရားက ဒီမြို့တစ်မြို့တည်း ဖျက်ဆီးပစ်ရုံနဲ့တင် ဒေါသပြေမယ်မထင်ဘူး။ သူက သူ့ကို ချိပ်ပိတ်ထားခဲ့တဲ့ လူသားတွေရော ဘုရားကျောင်းနဲ့တူတဲ့ အရာတွေကိုပါမုန်းတည်းနေတာ။ သူက တစ်မြို့ပြီးတစ်မြို့ လိုက်ဖျက်ဆီးရင်းနဲ့ လူသားဘုံတစ်လုံးကိုသက်ရောက်မယ့် ကပ်ဘေးကြီးတစ်ခုတောင် ဖြစ်လာနိုင်သေးတယ်။”

နက်ဆန်​ပြောတာက ဖြစ်နိုင်ခြေရှိတဲ့ အမှန်တရားဖြစ်တဲ့ အတွက်ကြောင့်မလို့ မော်လီက မငြင်းဆန်ခဲ့ပါဘူး။ အဲဒီလို ငြင်းပယ်ရမယ့်အစား သခင်ဖြစ်သူကို အတည်ပြုချက် တစ်ခုကိုသာ တောင်းဆိုလိုက်ပါတယ်။

“ဒါဆိုရင် ကျွန်မတို့ စလိုက်ကြတော့မလား။”

နက်ဆန်က ခေါင်းညိတ်လိုက်ပြီး လက်ကိုဖြန့်လိုက်တယ်။ မော်လီရဲ့ခန္ဓာကိုယ်က ခရမ်းရောင်အလင်းတစ်ချက်နဲ့အတူ သေမင်းကိုင် တံစဥ်တစ်လက်အဖြစ်ကို ပြောင်းလဲသွားခဲ့ပြီ။ နက်ဆန်ကိုတော့ အနက်ရောင်အရိပ်က ချပ်ဝတ်လွှာတစ်ခုလို လွှမ်းခြုံသွားခဲ့ပြီး ကျောနောက်မှာ အနက်ရောင်တောင်ပံတွေ ပေါက်လာခဲ့တယ်။

“ညနတ်ဘုရားမရဲ့နာမတော်နဲ့အတူ၊ ညခြုံလွှာအောက်မှာ မှီတင်းနေထိုင်သူအားလုံးကို ကာကွယ်ရမယ်။”

ဘုန်း...

နောက်တော့ နက်ဆန်က အတောင်ပံကိုဖြန့်ကာ လေထုကို ထွင်းဖောက်ပြီးတော့ အရိုင်းနတ်ဘုရားရဲ့မျက်နှာရှေ့မှာ ပေါ်လာတယ်။ လူသားတစ်ယောက်အရွယ်သာရှိတဲ့ နက်ဆန်ဟာ မီတာခြောက်ရာမြင့်တဲ့ အရိုင်းနတ်ဘုရား ရှေ့မှာတော့ ယင်ကောင်လေးတစ်ကောင်လိုမျိုး သေးငယ် လှပါတယ်။ ဒါပေမဲ့ နက်ဆန်ဟာ ယင်ကောင်မဟုတ်ခဲ့ဘဲ အဆိပ်ရှိတဲ့ ပျားတူတစ်ကောင်ပါ။

“ အက်ကွဲစမ်း....”

ဘုန်း....

နက်ဆန်က သူ့လက်နှစ်ဖက်နဲ့တံစဥ်ကိုကိုင်ပြီး အရိုင်းနတ်ရဲ့ သမင်အရိုးခေါင်းမျက်နှာဖုံးကို ခုတ်ပိုင်းချလိုက်ပါတယ်။ ဒါပေမဲ့ အရိုးခေါင်းခွံက အက်ကွဲသွားရမယ့်အစား သတ္ထု အချင်းချင်းထိခတ်မိသံသာ ထွက်ပေါ်လာပြီး အရေးမပါတဲ့ ခြစ်ရာ တချို့သာထင်ကျန်ရစ်တယ်။

“မာလွန်းတယ်....”

ဝုန်း....

အရိုင်းနတ်ဘုရားကလည်း အတိုက်ခိုက်ခံရတာကို ဒီအတိုင်း ရပ်ကြည့်မနေခဲ့ဘူး။ သူ့လက်တွေကိုမြှောက်ပြီး နက်ဆန်ကို ယင်ကောင်သလိုမျိုး လိုက်ရိုက်ဖို့ကြိုးစားတယ်။

“သခင်၊ ကျွန်မလာပြီ။”

အိုလီရာနာနဲ့မိုနီကာတို့က အရိုင်းနတ်ဘုရားရှိနေတဲ့နေရာနဲ့ သိပ်မကွာတဲ့အတွက်ကြောင့် အမြန်အဆန်ပဲရောက်လာပြီး နက်ဆန်ကို ကူညီဖို့ကြိုးစားပါတယ်။ ဒါပေမဲ့ မိုနီကာကတော့ အရိုင်းနတ်ဘုရားကြီးကိုမြင်တာနဲ့ ချက်ချင်းအားလျှော့ သွားပါတော့တယ်။

“ဒါလင်... အဲဒီအကောင်အကြီးကြီးကို ကျွန်မတို့တွေ မနိုင်လောက်ဘူးထင်တာပဲ။ သူဒေါသမထွက်ခင် မြန်မြန် ကျွန်မတို့ လင်ဘိုဘုံကိုထွက်ပြေးပြီး လက်ထပ်ရအောင်။”

“......” အရိုင်းနတ်ဘုရားနဲ့တိုက်ခိုက်နေတဲ့ နက်ဆန်လည်း ပြောစရာစကားတွေ ကင်းမဲ့သွားတယ်။

တစ်ဖက်မှာ​တော့ အိုလီရာနာက နက်ဆန်ကိုထိရောက်စွာ အကူအညီပေးနိုင်မယ့်နည်းလမ်းကို ရှာဖွေနေပါတယ်။

“လင်တာရူးမ၊ ကြောင်တောင်တောင်လုပ်မနေဘဲ ငါ့ကိုကူညီ။ နင်တတ်တဲ့မှော်ပညာတစ်ခုခုကိုသုံးပြီး ငါ့ရဲ့စွမ်းအင်​​ဖြန့်ကျက်နိုင်စွမ်းကို တိုးမြှင့်ပေး။

အရိုင်းနတ်ဘုရားက သဘာဝနတ်ဘုရားပန်ရဲ့ရိုင်းစိုင်းတဲ့ ဗားရှင်းလိုပဲ။ ဒါပေမဲ့ သူကသစ်ပင်ပန်းမန်တွေကို ထိန်းချုပ် ရမယ့်အစား သားရိုင်းတွေရဲ့ခွန်အားကိုအဓိကစိုးမိုးတာ။ ဒီတော့ သူလစ်လျူရှုထားခဲ့တဲ့စွမ်းအားနဲ့ သူ့ကိုပြန်ပြီးတော့ တိုက်ရမယ်။”

သူတို့နှစ်ယောက်က တိုက်ပွဲဖြစ်နေတဲ့ တောစပ်တစ်နေရာမှာ ရပ်လိုက်ပြီး အိုလီရာနာက ဒူးထောက်ထိုင်ချလိုက်ပြီးတော့ မြေပြင်ကိုလက်နှစ်ဖက်နဲ့ ထိတွေ့ လိုက်ပါပြီ။ မိုနီကာကတော့ အိုလီရာနာရဲ့ကျောကိုထိကာ မှော်စက်ဝိုင်းတချို့ကိုထုတ်ဖော် လိုက်ပါတယ်။

“နင်ပြောတဲ့အတိုင်း ငါတို့စကူးဘတ်တွေရဲ့လျှို့ဝှက်မှော် စွမ်းအင်စက်ကွင်းချဲ့ထွင်ခြင်းကိုသုံးထားတယ်။ ဒါနဲ့ဆိုရင် မီလန်ပတ်ဝန်းကျင်က တောအုပ်တစ်ခုလုံးကို ထိန်းချုပ်ဖို့ ဖြစ်နိုင်လောက်တယ်။ ဒါပေမဲ့ ကုန်မယ့်စွမ်းအင်ပမာဏက နည်းနည်းနောနောမဟုတ်ဘူးနော်။ နင်လသားအရွယ် ကလေးလေးပြန်ဖြစ်သွားရင် ငါ့အပေါ်ချေးပါသေးပေါက် လုပ်ဖို့မကြံနဲ့။”

“ငါ့စွမ်းအားအကြောင်းကို ငါသိတယ်။ အခုလောလောဆယ် ငါ့မှာအပေါဆုံးကစွမ်းအားပဲ။”

အိုလီရာနာက မိုနီကာကို ခွန်းတုံ့ပြန်လိုက်ရင်း မြေပြင်ထဲကို စွမ်းအင်တွေပို့လွှတ်လိုက်တယ်။ အစပိုင်းက မို့မောက်နေတဲ့ သူ့ရင်က ချက်ချင်းပြားချပ်သွားပြီး အနီးအနားကသစ်ပင် နွယ်ပင်တွေက ချက်ချင်းအကြီးမြန်လာတယ်။

နက်ဆန်က အရိုင်းနတ်ဘုရားရဲ့တိုက်ကွက်တွေကိုရှောင်ပြီး အားနည်းချက်ရှာနေတဲ့အချိန်မှာ အိုလီရာနာကတော့ မိုးထိ ရောက်လောက်တော့နွယ်ပင်တွေကိုဖန်တီးပြီး ကြိုးကျစ် သလိုမျိုး နွယ်ပင်တွေကိုတစ်ခုနဲ့တစ်ခု ရစ်ပတ်နေတယ်။ အဲဒီလောက် လူလေးငါးဖက်စာရှိတဲ့ နွယ်ကြိုးကြီးတွေ ရပြီဆိုခါမှ ရုတ်ချည်းဆိုသလို အရိုင်းနတ်ဘုရားကြီးရဲ့ ခန္ဓာကိုယ်ကို ချုပ်နှောင်လိုက်ပါတော့တယ်။

“သခင်၊ သူ့ကို ကိစ္စဖြတ်လိုက်တော့။”

အိုလီရာနာက ချက်ချင်းအော်ဟစ် သတိပေးလိုက်တယ်။ နက်ဆန်ကလည်း အခွင့်အရေးကို လက်လွှတ်မခံပါဘူး။ သူက သူ့စွမ်းအားတွေအားလုံးကို စုစည်းလိုက်ပြီးတော့ သူထုတ်ဖော်နိုင်သမျှ ခွန်အားတွေအားလုံးကိုသုံးကာ တံစဥ်ကိုဝေ့ယမ်းလိုက်တယ်။ ပစ်မှတ်ကတော့ အရိုင်း နတ်​ဘုရားကြီးရဲ့လည်ပင်းပါ။

ရွှမ်း....

နတ်ဘုရားကြီးရဲ့လည်ပင်းကနေ ရွှေရောင်သွေးတွေ စီးကျလာတယ်။ မိုနီကာက အဲဒီမြင်ကွင်းကိုကြည့်ရင်း ပြုံးလိုက်တယ်။

“ဒါလင်က နတ်ဘုရားတစ်ပါးကိုသတ်နိုင်မယ့်နေ့ ရောက်လာမယ် ထင်မထားဘူး။”

ဒါပေမဲ့ အိုလီရာနာကတော့ ပျော်နေတဲ့ပုံမပေါ်ပါဘူး။ “ခေါင်းကို လုံးဝမဖြတ်လိုက်နိုင်ဘူးလား။ နည်းနည်းပဲ ရှသွားတာလား။ ပြဿနာပဲ။ သူပြန်တိုက်တော့.....”

အိုလီရာနာစကားမဆုံးခင်မှာပဲ မြေပြင်ကတုန်ခါသွားပြီး အရိုင်းနတ်ဘုရားကြီးကို ရစ်ပတ်ထားခဲ့တဲ့ နွယ်ပင်တွေ အပိုင်းပိုင်းပြတ်ထွက်သွားတယ်။ အရိုင်းနတ်ဘုရားကြီးက ဒေါသမာန်နဲ့ရုန်းလိုက်လို့ဖြစ်ပြီး သူ့လည်ပင်းက ဒဏ်ရာက ချက်ချင်းပြန်ကျက်သွားတယ်။ အပူလှိုင်းအငွေ့တွေ ဒဏ်ရာကနေထွက်ပေါ်လာပြီး ပါးစပ်ကိုဖွင့်ကာ ဟိန်းတဲ့ အတွက်ကြောင့် နက်ဆန်လည်းအသံလှိုင်းတွေနဲ့အတူ လေထုထဲမှာ တည်တည်ငြိမ်ငြိမ်ရပ်မနေနိုင်တော့ဘဲ ဇောက်ထိုးပြုတ်ကျလာတယ်။

ဟန်ချက်ပျက်သွားတာက တစ်ကဏ္ဍဆိုပေမဲ့ အသံလှိုင်းရဲ့ သက်ရောက်မှုကြောင့် သူ့နားစည်ပေါက်ကွဲလုမတတ် ခံစားလိုက်ရတာဖြစ်ပြီး သူ့ခန္ဓာကိုယ်ကိုသူပြန်လည် မထိန်းချုပ်နိုင်တော့ပါဘူး။ လေထုထဲမှာ ကြိုးပြတ်တဲ့ စွန်လိုဖြစ်နေခဲ့ပါပြီ။

“သခင်၊ သတိထား....” မော်လီက သတိပေးလိုက်ပေမဲ့ နက်ဆန်က သူ့ကိုယ်သူမထိန်းနိုင်သေးပါဘူး။ အရိုင်းနတ်က သူ့လက်နှစ်ဖက်ကိုဆန့်ထုတ်လိုက်ပြီး နက်ဆန်ကိုခြင်ရိုက် သလိုမျိုး လက်ဝါးနှစ်ဖက်နဲ့ပိတ်ရိုက်ဖို့ ကြိုးစားလိုက်တယ်။

ညနတ်ဘုရားမရဲ့သားတော်၊ နတ်ဆိုးဝင်စားသူတောင်မှ မီတာခြောက်ဆယ်လောက်မြင့်တဲ့ တိုက်တန်ကြီးရဲ့လက်နဲ့ ညှပ်ရိုက်ခံရရင် အသက်ရှင်ဖို့နည်းလမ်း မရှိဘူး။

ဖြန်း...

လက်ဝါးနှစ်ဖက်က အချင်းချင်းထိမိပြီးတဲ့နောက် လေထု တစ်ခုလုံးကို တုန်လှုပ်သွားစေတဲ့ အသံကျယ်ကြီးထွက်ပေါ် လာခဲ့ပါတယ်။ ဒါပေမဲ့ လူငယ်လေးရဲ့သွေးတွေမိုးရွာသလို ရွာကျမလာခဲ့ပါဘူး။ အဲဒီအစား လက်နှစ်ဖက်ပိတ်ကျ မလာခင် အဖြူရောင်အလင်းတန်းတစ်ခုက ဝင်ရောက်ပြီး နက်ဆန်ကိုကယ်တင်ခဲ့တယ်။

“အား....” အတောင်ပံတစ်ဖက် ထိခိုက်ထားခဲ့တဲ့ နာတာရှာ ကောင်းကင်ပေါ်ကနေ ပြုတ်ကျလာတယ်။ သူ့လက်ထဲမှာ နက်ဆန်ကိုပွေ့ချီထားခဲ့ပြီး နက်ဆန်ရဲ့အသက်ကိုကယ်ခဲ့သူ ဘယ်သူလဲဆိုတာ သိသာထင်ရှားနေတယ်။

ဘုန်း....

နာတာရှာက မြေပြင်ကိုဝင်ဆောင့်မိပြီး စွတ်ကြောင်းရာကြီး တစ်ခုကိုမြေပြင်မှာ ချန်ထားရစ်တယ်။ သူ့ရဲ့အနက်ရောင် တောင်ပံတစ်ခုက ကျိုးပဲ့နေခဲ့ပြီး နက်ဆန်ကိုဝင်ကယ်ခဲ့စဥ် လက်ဝါးနဲ့လွတ်လွတ်ကျွတ်ကျွတ် မပျံသန်းနိုင်ခဲ့ဘဲ ထိခိုက် ခဲ့ပုံပေါ်ပါတယ်။

“သခင်... ကျွန်မတို့ ဒီကနေခွာမှဖြစ်မယ်။ ကျွန်မတို့တွေရဲ့ လက်ရှိစွမ်းအားနဲ့ နတ်ဘုရားတစ်ပါးကိုသတ်ဖို့ကြိုးစားတာ အရာမရောက်နိုင်ဘူး။”

နာတာရှာက နာကျင်မှုကို ကျိတ်မှိတ်သည်းခံရင်း နက်ဆန်ကို နားချဖို့ကြိုးစားတယ်။ ဒါပေမဲ့ နက်ဆန်က သူ့ဆီနိတ်တာရဲ့ကိုယ်နဲ့ခွာလိုက်ပြီး ပြန်ထရပ်လိုက်ကာ ဒေါသူပုန်ထပြီး သူတို့ဆီပြေးလာနေပြီဖြစ်တဲ့ နတ်ဘုရားကြီးကို မော့ကြည့်လိုက်တယ်။

“ငါက နတ်ဘုရားတစ်ပါးကိုသတ်ဖို့ ကြိုးစားနေတာ မဟုတ်ဘူး။ သူသေမှဖြစ်မှာမလို့ သတ်နေတာ။”

သတ်ဖို့ကြိုးစားတာနဲ့ သတ်နေတာက တူညီတယ်ထင်ရပေမဲ့ တကယ့်တကယ်တမ်းမှာတော့ မတူညီပါဘူး။ နက်ဆန်က အရိုင်းနတ်ဘုရားသေမှဖြစ်မယ်လို့ ဆုံးဖြတ်ချက်ချပြီးပြီ။ မဟုတ်ရင် မီလန်မြို့က အပြစ်မဲ့ပြည်သူတွေ သေလိမ့်မယ်။

“ဒါဆိုရင်လည်း အရှင့်ရဲ့အမိန့်ကို နာခံပါ့မယ်။ နတ်ဘုရား တစ်ပါးကိုသတ်ဖို့အတွက် ကူညီပေးရတာပေါ့။”

နောက်တော့ နာတာရှာက သူတို့နားကိုရောက်နေပြီဖြစ်တဲ့ နတ်ဘုရားကြီးကို မှော်နှင်တံနဲ့ချိန်ပြီး တိုက်ခိုက်ဖို့အတွက် ပြင်ဆင်လိုက်ပါတယ်။

...

“ရောက်တော့မယ်....” ပါစီဗယ်က ဆယ်ဗီကို မင်းသမီး တစ်ပါးလိုမျိုးချီပြီး သူ့စိတ်အလိုကျအတိုင်း မြို့စွန်ကို ခေါ်လာပေးခဲ့ပါတယ်။ ဆယ်ဗီက အနားနီးလာလေ ပိုပြီးတော့ စိတ်မကောင်းဖြစ်လာလေလေပါပဲ။

“ သူတို့တွေက သူ့ကို သူ့ရဲ့အိမ်ကနေ အတင်းအဓမ္မ ခေါ်ဆောင်လာကြတာ။ ပြီးတော့ သူ့ရင်ဘတ်ထဲကို လက်ဝါးကပ်တိုင်ကြီး သပ်သွင်းခဲ့တယ်။ သူက ဒီအတိုင်း နစ်နာသူသက်သက်ပါ။ သူ့ကိုမုန်းတီးလို့ မရနိုင်ဘူး။”

ရွှေရောင်တံတိုင်းရဲ့အကာအရံ နယ်နိမိတ်နားရောက်တော့ ဆယ်ဗီက ပါစီဗယ်ရဲ့ကိုယ်ပေါ်ကနေဆင်းတယ်။ ပြီးနောက် အရံအတားအပြင်ကို ခြေလှမ်းထွက်ဖို့လုပ်တဲ့အတွက် ပါစီဗယ်က ဆယ်ဗီရဲ့ပခုံးကိုဆုပ်ကိုင်ပြီး တားဖို့ကြိုးစား ခဲ့ပေမဲ့....

“ဆယ်ဗီ၊ အရံအတားအပြင်မှာ အန္တရာယ်များတယ်။”

ဆယ်ဗီက ပါစီဗယ်ကို လှည့်ကြည့်လိုက်တဲ့အခါမှာတော့ သူ့ဆုံးဖြတ်ချက်တွေ ပြောင်းလဲသွားခဲ့လေရဲ့။

“မင်းရဲ့မျက်လုံးတွေ...” ပါစီဗယ် မြင်ခဲ့ရတာက နီလာရောင် တောက်ပနေတဲ့ မျက်လုံးတွေပါပဲ။

“အခုကနေစပြီး ဒီကိစ္စက မင်းဝင်ပါရမယ့်ကိစ္စ မဟုတ်တော့ဘူး၊ တစ္ဆေလေး။”

ဆယ်ဗီက သူ့လက်ကိုမြှောက်လိုက်တာနဲ့ ပါစီဗယ်နောက်ကို လွင့်ထွက်သွားပြီး တိုက်နံရံတစ်ခုနဲ့ဝင်တိုက်မိပါတယ်။ သူ ဆယ်ဗီကိုမော့ကြည့်တော့ ဆယ်ဗီက သူ့ကိုကျောခိုင်း ထားခဲ့ပြီး ခေါင်းပေါ်မှာတော့ သင်းကျစ်တစ်ခုရှိလို့ နေပါတယ်။ နားမှာတော့ နားတောင်းရတနာ။

“မင်း.... မင်းက... တကယ်ပဲ... နတ်ဘုရားလား....” အဲဒီ စကားနဲ့အတူ ပါစီဗယ်ရဲ့အမြင်အာရုံက ဖြည်းဖြည်းချင်း အမှောင်ကျသွားပါတော့တယ်။

All Chapters