← Chapters

အခန်း (၂၃၉၆-၂၄၀၀)

Vol. 96 Ch. 2396-2400

အခန်း (၂၃၉၆-၂၄၀၀)

Vol. 96 Ch. 2396-2400

အပိုင်း (၂၃၉၆)

ဖန်ရှင်းနောက်သို့ လိုက်သွားရင်းမှ ရန်ကိုင်က မေးလိုက်လေသည်။ “ဂျူနီယာညီမဖန်ရှင်း… စံအိမ်သခင်က ဘာလို့ ကျုပ်ကို တွေ့ချင်နေတာလဲ…”

ဖန်ရှင်းက ပြုံးကာ ပြန်ပြောလိုက်လေသည်။ “အဲ့ဒါတော့ ကျွန်မလည်း မသိဘူး… ဆရာပဲသိလိမ့်မယ်…”

ဖန်ရှင်းသည် သူမ၏ဆရာ၏အမိန့်အတိုင်း လုပ်နေခြင်း ဖြစ်သည့်အတွက်ကြောင့် စံအိမ်သခင် ရန်ကိုင့်အား ဘာကြောင့် တွေ့ချင်နေသလဲ ဆိုသည်ကို မသိ‌ပေ။

ထို့နောက် ထပ်၍ ပြောလိုက်လေသည်။ “ဒါပေမဲ့ ဆရာ အပြင်လူတွေနဲ့တွေ့တာ အရမ်းရှားတယ်… ရေခဲနှလုံးသားစံအိမ်ရဲ့ တပည့်တွေဖြစ်တဲ့ ကျွန်မတို့တွေတောင် ဆရာ့ကို အကြာကြီးနေမှ တစ်ခါလောက်တွေ့ရတာ…”

“ဘာပဲဖြစ်ဖြစ် ဆရာနဲ့တွေ့မယ်ဆိုရင် အပြောအဆို အနေအထိုင်တွေကို သတိထားနော်… မပြောသင့်တာတွေကို သွားမပြောနဲ့… ဆေးပညာရှင်ရန်သာ ဆရာ့ကို ဒေါသထွက်အောင် လုပ်မိလို့ရှိရင် ဒီကျွန်းပေါ်က ဘယ်သူမှ ဆေးပညာရှင်ရန်ကို ကယ်နိုင်တော့မှာမဟုတ်ဘူး…” ဖန်ရှင်းက ရန်ကိုင့်အား သတိပေးလိုက်လေသည်။

“ကျုပ် မှတ်ထားလိုက်ပါမယ်…” ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ သူ့အမူအယာမှာလည်း လေးနက်တည်ကြည်သွားခဲ့လေသည်။ ဖန်ရှင်း၏ စကားလုံးများမှာ အနည်းငယ် တောင့်တောင့်ကြီး ဖြစ်နေခဲ့လေသည်။ စံအိမ်သခင်သည် ပုံမှန်အားဖြင့် အခြားသူများနှင့် အဆက်အဆံ လုပ်လေ့မရှိသည့် သူတစ်ဦးဟု ရန်ကိုင့်စိတ်ထဲ ခံစားနေခဲ့ရသည်။ စံအိမ်သခင်သည် စိတ်တိုလွယ်သည့် အဖွားအိုကြီးများအနက်မှ တစ်ဦးပင်လျှင် ဖြစ်နေနိုင်ပေသည်။

“ဟုတ်သားပဲ… ကျုပ်ရဲ့ ဂျူနီယာညီမရော အဆင်ပြေရဲ့လား…” လျို့ရှန်းယွင်အကြောင်း ရုတ်တရက် သတိရသွားသည့်နောက် ရန်ကိုင်က ကောက်မေးလိုက်လေသည်။ ရေခဲနှလုံးသားစံအိမ်သို့ ရောက်ပြီးသည့်နောက် ရန်ကိုင် လျို့ရှန်းယွင်အား မတွေ့ရသည်မှာ သုံးရက်ခန့် ရှိနေခဲ့လေပြီ။

“ရှင့်ဂျူနီယာညီမလျိုအတွက်တော့ စိတ်ပူမနေနဲ့… သူအဆင်ပြေတယ်… ကျွန်မရဲ့ ဂျူနီယာညီမ စီနီယာအစ်မတွေနဲ့တောင် အတွဲအဖက်မိနေသေးတယ်… သူက ကူညီပေးချင်ပါတယ်ဆိုပြီးတော့ ပြောနေလို့ အခုလောလောဆယ်တော့ စံအိမ်ထဲက အလုပ်အချို့ သူ့ကို ပေးထားလိုက်တယ်…”

“အဲ့တာလည်း ကောင်းတာပဲ…” ရန်ကိုင် စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချလိုက်လေသည်။ လျို့ရှန်းယွင်သည် ပြဿနာရှာတက်သူတစ်ဦး မဟုတ်ချေ။ ထို့အတွက်ကြောင့် သူမအား အရမ်းကြီး စိတ်ပူမနေခဲ့။

စကားတပြောပြောဖြင့် ရန်ကိုင်နှင့် ဖန်ရှင်းသည် ရေခဲနှလုံးသားစံအိမ်၏ ခြောက်လွှာမြောက်ဆီသို့ ရောက်လာခဲ့လေသည်။ သူထင်ထားသကဲ့သို့ပင် ရေခဲနှလုံးသားစံအိမ်၏ စံအိမ်သခင်သည် ဤခြောက်လွှာမြောက်တွင် နေနေခဲ့ပေသည်။

ဖန်ရှင်းသည် တံခါးပေါက်တွင် ရပ်၍ ပြောလိုက်လေသည်။ “ဆေးပညာရှင်ရန်… အထဲကိုတော့ ရှင်ဘာသာရှင် ဝင်သွားလိုက်တော့နော်… ဆရာ ရှင့်ကို အထဲမှာစောင့်နေတယ်…”

“ကျေးဇူးအများကြီးတင်ပါတယ်…” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီးသည့်နောက် တံခါးဖွင့်ကာ အထဲသို့ ဝင်သွားလိုက်လေ၏။

ရန်ကိုင့်မှာ အထဲသို့ ဝင်ပြီး အခန်းအား မစူးစမ်းရသေးခင်မှာပင် သူဖွင့်ဝင်လာခဲ့သည့် တံခါးမှာ ရုတ်တရက်ကြီး ဘုန်းခနဲမြည်သံဖြင့် ပြန်ပိတ်သွားခဲ့လေသည်။ ရန်ကိုင်သည် သူ့စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းရင်း ပတ်ဝန်းကျင်အား မသိမသာလေး လှည့်ပတ်စူးစမ်းကြည့်လေ၏။

ခြောက်လွှာသည် အရမ်းကြီး ကျယ်ဝန်းခြင်းမရှိလှပေ။ သို့သော်ငြား ဤနေရာတွင် အသုံးပြုထားသည့် အဆင်တန်ဆာများမှာ ကျင့်ကြံသူတစ်ဦး၏စိတ်ကို တည်ငြိမ်အေးချမ်းအောင် လုပ်ပေးနိုင်ပေသည်။ ဤနေရာသို့ ရောက်လာသည့်လူတိုင်း သူတို့၏စိတ် တည်ငြိမ်သွားသည်ကို ခံစားမိကြပေလိမ့်မည်။

ရန်ကိုင်သည် ထိုအဆင်တန်ဆာများကို အနီးကပ် စူးစမ်းလေ့လာရင်းမှ ရှေ့သို့ ဆက်လျှောက်သွားလေ၏။

“နင်က ဆေးပညာရှင်အသစ်လား…” သာယာချိုသာသည့် အသံတစ်သံ ထောင့်တစ်နေရာဆီမှ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။ ထိုအသံမှာ အလွန်ကိုမှ သာယာချိုသာလှပေသည်။ ထို့အပြင် ထိုအသံထဲတွင် မည်သည့်ခံစားချက်မှ ပါဝင်နေခြင်း မရှိချေ။

ရန်ကိုင့်၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး အသံကြားရာဘက်ဆီသို့ အလျင်စလို လှည့်ကြည့်လိုက်လေသည်။

သူဝင်လာစဉ်က မည်သူ့ကိုမှ မတွေ့ခဲ့ရသော်ငြား ယခုမူ အသံတစ်သံကို ရုတ်တရက် ကြားလိုက်ရသည်။ တစ်ဖက်လူ၏ ကျင့်ကြံခြင်းမှာ သူ့ထက်အများကြီး ပိုသာမှန်း သိသာလှပေသည်။ ထို့ကြောင့်သာလျှင် ရန်ကိုင်သည် အသံပိုင်ရှင်အား အာရုံမခံမိခြင်း ဖြစ်ပေသည်။

ထိုအမျိုးသမီးသည်သာ သူ့အား ဒုက္ခပေးချင်သည်ဆိုပါက ရန်ကိုင်လုပ်နိုင်သည့် အရာဆို၍ ဘာမှ ရှိလိမ့်မည် မဟုတ်ချေ။ ထိုအချက်ကို စဉ်းစားမိလိုက်သော် ရန်ကိုင် ဇောချွေး ပြန်သွားခဲ့လေသည်။

အသံကြားရာဘက်ဆီသို့ လှမ်းကြည့်လိုက်သည့်အခါ ကျော့ရှင်းသည့် အဝတ်အစားကိုဝတ်လျက် တည်ငြိမ်စွာ ရပ်နေသော အမျိုးသမီးတစ်ဦးကို မြင်တွေ့လိုက်ရလေသည်။

ထိုအမျိုးသမီးသည် သူ့အား အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်နေခဲ့လေသည်။ သူမ၏အသံကဲ့သို့ပင်လျှင် အမျိုးသမီး၏မျက်နှာထက် မည်သည့်ခံစားချက်အရိပ်အယောင်ကိုမှ မတွေ့ရချေ။

ထိုအမျိုးသမီးကို မြင်လိုက်သည်နှင့် ရန်ကိုင့်စိတ်ထဲ ပေါ်လာသည့် ပထမဦးဆုံးသော ခံစားချက်မှာ အလွန်သန့်ရှင်းစင်ကြယ်သည့် ကြာပန်းတစ်ပွင့်သာ ဖြစ်လေသည်။ အမျိုးသမီး၏ပုံစံမှာ မြူတစ်မှုန်မျှပင်လျှင် စွန်းထင်းထားခြင်း မရှိသော အပြစ်အနာဆာတို့ ကင်းစင်နေသည့် သန့်စင်လှသော ကြာပန်းတစ်ပွင့်နှင့် တူလှပေသည်။

ထိုအမျိုးသမီးကို မြင်ပြီးသည့်နောက် ဘာကြောင့်မှန်းမသိ သူ့စိတ်ထဲ သူမအား တစ်နေရာရာတွင် မြင်ဖူးနေသလိုလို ခံစားလိုက်ရလေသည်။ သူမဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါနှင့် သူမမျက်နှာကို အခြားတစ်နေရာရာတွင် မြင်ဖူးနေသလိုလို ရန်ကိုင့်စိတ်ထဲ ခံစားနေခဲ့ရသည်။ သို့သော်ငြား သူ့စိတ်ထဲ မည်သို့ပင် ပြန်စဉ်းစားစေကာမူ လုံးဝ မမှတ်မိခဲ့ပေ။

ရန်ကိုင် သူမအား ငေးကြောင်ကာ စိုက်ကြည့်နေသည်ကိုမြင်သော် အမျိုးသမီး မျက်မှောင်ကြုတ်သွားခဲ့သည်။ ထို့နောက် ရန်ကိုင့်အား အသိပြန်ဝင်လာအောင် လုပ်ချင်သည့်အလား သူမလက်ကို မြှောက်လိုက်လေ၏။

သူမ၏ပုံစံသည် သူမအနားတွင် ရှိနေသော ပုရိသယောကျ်ားများအပေါ် မည်ကဲ့သို့ အကျိုးသက်ရောက်မှု ရှိသလဲဆိုသည်ကို အမျိုးသမီး ကောင်းကောင်း သိပေသည်။ သူမ စတင်ကျင့်ကြံသည့် အချိန်မှစ၍ ဤကဲ့သို့သော အဖြစ်အပျက်များကို မရေမတွက်နိုင်အောင် ကြုံခဲ့ရလေသည်။ သူမအား ဤကဲ့သို့ စိုက်ကြည့်လာသော ယောကျ်ားများ၏ စိတ်ထဲတွင် တွေးတောနေသည့် မဟုတ်တရုတ် အတွေးများကိုလည်း သူမသိပေသည်။

ရန်ကိုင်သည်လည်း ထိုကဲ့သို့သာ ဖြစ်နေသည်ဟု သူမယုံကြည်ပေသည်။

သို့ရာတွင် မကြာမီ၌ ထိုကဲ့သို့မဟုတ်ကြောင်း တွေ့ရှိလိုက်ရလေသည်။ ရန်ကိုင်သည် သူမအား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသော်ငြား သူ့မျက်လုံးထဲ မည်သည့်တဏှာအရိပ်အယောင်ကိုမှ မမြင်ရ။ ရန်ကိုင်သည် သူမ၏ အလှတရားကြောင့် စကားမပြောနိုင်တော့လောက်အောင် မင်သက်သွားခဲ့ခြင်း ဖြစ်ပေသည်။ ထို့အပြင် သူ့အကြည့်ထဲ စိတ်ရှုပ်ထွေးနေသည့် အရိပ်အယောင်များ၊ အတိတ်အား လွမ်းဆွတ်နေသည့် အရိပ်အယောင်များကို မြင်တွေ့နေခဲ့ရသည်။

သူမ၏အလှကြောင့် ရန်ကိုင် မင်သက်သွားသည်ကို နားလည်နိုင်ပေသည်။ သို့သော်ငြား ဘာကြောင့်များ သူ့မျက်လုံးထဲတွင် စိတ်ရှုပ်ဟန်များ အတိတ်ကို လွမ်းဆွတ်နေသည့် အရိပ်အယောင်များကို မြင်တွေ့နေရလေသနည်း။

ရန်ကိုင့်မျက်လုံးထဲရှိ လွမ်းဆွတ်သည့် အကြည့်သည် အတိတ်အချိန်က သူရင်းနှီးခဲ့ဖူးသော လူတစ်ဦးအား ပြန်သတိရနေသည့် ပုံစံနှင့် လုံးဝကို တူပေသည်။

ထို့အတွက်ကြောင့် အမျိုးသမီးမှာ သူမလက်ကို ပြန်ချလျက် အသာအယာ ချောင်းဟန့်လိုက်လေ၏။

သူမ၏ချောင်းဟန့်သံကို ကြားမှသာ ရန်ကိုင် ထိတ်လန့်သွားခဲ့ပြီး အသိပြန်ဝင်လာခဲ့လေသည်။ အမျိုးသမီးအား အတော်ကြာအောင် မမှိတ်မသုန် စိုက်ကြည့်နေမိမှန်း သတိပြုမိလိုက်ပြီးသည့်နောက်တွင် ရှက်ရွံ့မှုကြောင့် ရန်ကိုင့်မျက်နှာကြီး နီတက်လာခဲ့လေသည်။

ထို့နောက် စံအိမ်သခင်ဆိုသည့်လူအား အချိန်အကြာကြီး စိုက်ကြည့်နေမိသည့် အကြောင်း စဉ်းစားမိလိုက်သည့်နောက် ရန်ကိုင့်၏နဖူးထက် ပုတီးစေ့တမျှ ကြီးမားသော ချွေးသီးချွေးပေါက်များ ဝေ့သီလာခဲ့လေသည်။ ထို့နောက်တွင် အလျင်စလို လက်သီးဆုပ်၍ ပြောလိုက်လေသည်။ “ဟုတ်ပါတယ် ကျုပ်ပါပဲ… စီနီယာက ရေခဲနှလုံးသားစံအိမ်ရဲ့ စံအိမ်သခင်များလား မသိဘူး…”

လက်ရှိ သူ့ရှေ့တွင် ရပ်နေသည့် အလွန်တရာကိုမှ အပြစ်ကင်းစင်လှသော အမျိုးသမီးသည် စံအိမ်သခင် ဖြစ်သည်ဟူသော အချက်ကို သူမယုံကြည်နိုင်သေးချေ။ ရန်ကိုင် ထင်နေခဲ့သည်မှာ စံအိမ်သခင်သည် စိတ်တို ဒေါသကြီးသည့် အဖွားအိုကြီးတစ်ယောက် ဖြစ်လိမ့်မည် ဟူ၍ပင်။ သို့သော်ငြား သူ့အထင်နှင့် လက်တွေ့မှာ တက်တက်စင်အောင်ကို လွဲချော်နေခဲ့လေသည်။

အမျိုးသမီးက ခေါင်းညိတ်ပြလိုက်၏။ “ဟုတ်တယ်… ဒီဘုရင်မပဲ… ဒီဘုရင်မ စံအိမ်သခင်ပဲ…”

ရန်ကိုင်က အလျင်စလို ပြန်ပြောလိုက်လေသည်။ “ဂျူနီယာရန်ကိုင် စီနီယာကို နှုတ်ဆက်ပါတယ်… အစောပိုင်းက ရိုင်းပျသလို ဖြစ်သွားခဲ့ရင်လည်း ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်…”

အမျိုးသမီးသည် ငြိမ်သက်စွာ ရပ်၍ ရန်ကိုင် သူမအား တောင်းပန်နေသည်ကို ရပ်ကြည့်နေခဲ့လေသည်။ ထို့နောက် ထိုကိစ္စအား ဆက်၍ ဖိအားမပေးရန် ဆုံးဖြတ်လိုက်တော့သည်။ သူမသာ တကယ်တမ်း ဒေါသထွက်သွားခဲ့သည်ဆိုပါက ရန်ကိုင့်အား အစောကြီးတည်းက အပြစ်ပေးပြီးနေလောက်ပေပြီ။

“နင် ခုနတုန်းက ငါ့ကိုကြည့်နေတုန်း ဘယ်သူ့ကို စဉ်းစားနေတာလဲ…” အမျိုးသမီးက တစ်ချက်မျှ ရပ်ပြီးသည့်နောက် ပြန်၍ မေးလိုက်လေသည်။

ရန်ကိုင်က ခေါင်းမမော့ပဲ ပြန်ပြောလိုက်လေ၏။ “ဂျူနီယာရဲ့ မိန်းမအကြောင်းကို ပြန်စဉ်းစားမိလို့ပါ…”

“ဘာလို့လဲ… ဒီဘုရင်မက နင့်မိန်းမနဲ့တူလို့လား…”

ထိုအကြောင်းကြောင့်သာမဟုတ်လျှင် ရန်ကိုင်သည် သူမကိုမြင်ပြီးသည့်နောက် သူ့မိန်းမကို စဉ်းစားမိသွားလိမ့်မည် မဟုတ်ချေ။

အမျိုးသမီးမှာ တည်တည်ငြိမ်ငြိမ်ဖြင့် ပြောနေပြီး သူမ၏လေသံထဲ မည်သည့်ခံစားချက်မှ ကိန်းအောင်းပါဝင်နေခြင်း မရှိသော်ငြား သူမပြောသည်ကို ကြားပြီးသည့်နောက် ရန်ကိုင့်စိတ်ထဲ အလွန်ကြီးမားသည့် ဖိအားကို ခံစားလိုက်ရလေသည်။

နဖူးထက်တွင် ဝေ့သီလာသော ချွေးအေးများကို သုတ်ချလိုက်ပြီးသည့်နောက် ရန်ကိုင်က ပြန်ပြောလိုက်လေ၏။ “စီနီယာရဲ့ မျက်နှာပုံစံက ဂျူနီယာရဲ့ မိန်းမနဲ့ မတူပေမဲ့ စီနီယာတို့နှစ်ယောက်ရဲ့ အရှိန်အဝါကတော့ အရမ်းကိုတူပါတယ်… စီနီယာတို့နှစ်ယောက်လုံးရဲ့ အရှိန်အဝါက လုံးဝကို အပြစ်အနာအဆာ မရှိတဲ့ ကြာပွင့်လေးတွေ အတိုင်းပါပဲ… ပြီးတော့…” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် ဆက်ပြောလိုက်လေသည်။ “ဂျူနီယာရဲ့ မိန်းမက အမြဲတမ်း အေးစက်စက်ပုံစံနဲ့ ရှိနေတာ… မသိရင် ရေခဲနတ်သမီးလေးအတိုင်းပဲ…”

စုရန်အကြောင်း ပြောနေစဉ်အတွင်း ရန်ကိုင် မပြုံးဘဲ မနေနိုင်အောင် ဖြစ်နေခဲ့သည်။

“ရေခဲနတ်သမီးလေး…” ရန်ကိုင့်၏နှိုင်းယှဉ်ပုံကြောင့် အမျိုးသမီးမှာ ရယ်ချင်ပတ်ကျိ ဖြစ်သွားသည့်အလား သူမ၏နှုတ်ခမ်းလေးများ မသိမသာလေး တွန့်ကွေးသွားခဲ့လေသည်။

“ဟမ်…” ရန်ကိုင်သည် ရုတ်တရက် သက်ပြင်းရှိုက်လျက် ခေါင်းမော့ကာ အမျိုးသမီးအား အထိတ်တလန့်အမူအယာဖြင့် စိုက်ကြည့်လိုက်လေသည်။

“ဘာဖြစ်ရပြန်တာလဲ…” အမျိုးသမီး မျက်မှောင်ကြုတ်သွားခဲ့ပြန်လေသည်။ ဤကောင်လေးသည် သူမအား နောက်တစ်ကြိမ် ရိုင်းပျစွာ ထပ်မံ စိုက်ကြည့်နေခဲ့ပြန်လေသည်။ ထို့အပြင် သူ့ပုံစံကို ကြည့်ရသည်မှာ တစ္ဆေသရဲတစ်ကောင်ကို မြင်လိုက်ရသည့်အလား။

“စီနီယာ…” ရန်ကိုင်သည် တံတွေးတစ်လုပ်မျိုချရင်းမှ သူ့စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းလျက် ပြောလိုက်လေသည်။ “ဂျူနီယာတစ်ခုလောက် မေးချင်လို့ပါ… စီနီယာ ပြန်ဖြေပေးနိုင်မလား မသိဘူး…”

“ပြော…”

ရန်ကိုင်သည် ခဏမျှ တုံ့ဆိုင်းနေပြီးသည့်နောက်တွင် အံကြိတ်၍ မေးလိုက်လေသည်။ “စီနီယာရဲ့ နာမည်က ပင်းယွင်လား…”

အမျိုးသမီး မျက်မှောင်ကျုံ့သွားခဲ့ပြီး အေးစက်စက်လေသံဖြင့် ပြန်မေးလိုက်လေသည်။ “နင် ဘယ်လိုသိတာလဲ…”

သူမနာမည်ကို သူမ၏တပည့်များမှ ရန်ကိုင့်အား ပြောပြထားသည်မှာ မဖြစ်နိုင်ပေ။ ဤကျွန်းပေါ်တွင် ရှိနေသည့် မည်သူမှ သူမနာမည်ကို မသိကြချေ။ ထိုသို့ဖြစ်လေရာ ဤလူငယ်လေးသည် သူမနာမည်ကို မည်သို့များ သိနေရသနည်း။

ရန်ကိုင် ပြန်မဖြေခဲ့‌ချေ။ သူ့အမူအယာမှာတော့ အလွန်ကိုမှ စိတ်လှုပ်ရှားနေသည့်ပုံ ပေါက်နေခဲ့သည်။ ထို့နောက် ရှေ့သို့တစ်လှမ်းလှမ်း၍ လေသံတိုးတိုးဖြင့် မေးလိုက်လေသည်။ “စီနီယာ… စီနီယာက ရေခဲနှလုံးသားတောင်ကြားရဲ့ တည်ထောင်သူလား… ရေခဲနှလုံးသားတောင်ကြားမှာ နှင်းခဲဓါးဆိုတဲ့ ဓါးတစ်ချောင်းကို စီနီယာထားခဲ့တယ်လေ…”

ပင်းယွင် အံ့အားသင့်သွားခဲ့လေသည်။ “နင် ဘယ်လိုလုပ်ပြီး ဒီလောက်တောင် သိနေရတာလဲ… နင်ကလည်း မြောက်ဘက်နယ်မြေကလား…”

“မြောက်ဘက်နယ်မြေ…” ရန်ကိုင်က မျက်မှောင်ကြုတ်သွားခဲ့လေသည်။ ထို့နောက် ခေါင်းခါလျက် “ဂျူနီယာက တောင်ဘက်နယ်မြေက လာတာပါ… မြောက်ဘက်နယ်မြေကို တစ်ခါမှ မရောက်ဖူးပါဘူး…”

ရန်ကိုင့်စကားကို ကြားပြီးသည့်နောက် ပင်းယွင် စိတ်ဝင်စားသွားခဲ့လေ၏။ “မြောက်ဘက်နယ်မြေကို တစ်ခါမှ မရောက်ဖူးဘဲနဲ့ ငါ့နာမည်ရော ရေခဲနှလုံးသားတောင်ကြားကိုပါ နင်ဘယ်လိုသိနေတာလဲ… နေပါဦး မဟုတ်သေးပါဘူး…” သူမ၏ခန္ဓာကိုယ် ရုတ်တရက် တုန်ရီသွားခဲ့လေသည်။ ထို့နောက် ထူးဆန်းသည့် အလင်းတစ်ချက် သူမ၏မျက်ဝန်းထဲ ဖြတ်ပြေးသွားခဲ့လေ။

အမျိုးသမီးသည် ရန်ကိုင့်အား မမှိတ်မသုန် စိုက်ကြည့်နေပြီးသည့်နောက် ရေရွတ်လိုက်လေ၏။ “နင် မြောက်ဘက်နယ်မြေမှာမွေးလို့ ရေခဲနှလုံးသားတောင်ကြားကို ရောက်ဖူးပြီး ဒီဘုရင်မနဲ့ ရေခဲနှလုံးသားတောင်ကြား အကြောင်းကို သိနေမယ်ဆိုရင်တောင် နှင်းခဲဓါးအကြောင်းကိုတော့ သိစရာ အကြောင်းမရှိဘူး… ငါ နှင်းခဲဓါးကို အဲ့နေရာမှာ ထားခဲ့တာ ကြာပြီ…”

ထို့နောက်တွင် ရန်ကိုင့်အား ကြည့်လျက် အော်ပြောလိုက်လေ၏။ “ဖြစ်နိုင်တာက နင်…”

ရန်ကိုင် ပြုံးဖြီးလိုက်လေ၏။

ပင်းယွင်က ရှားရှားပါးပါး ပြုံးလျက် “ဒီတော့ နင်က ဟုန်းလော့ကြယ်စီရင်စုက လာတာပေါ့ ဟုတ်လား…”

ရန်ကိုင်က သူ့ခေါင်းကို ကုတ်လျက် “ဟုန်းလော့ကြယ်စီရင်စု… ကြယ်စီရင်စုနာမည်ကိုတော့ သေချာတော့မသိဘူး… ဒါပေမဲ့ အဲ့နေရာမှာ ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းဆိုတဲ့ အင်အားစုတစ်ခုတော့ ရှိတယ်…”

“ဓါးအဖွဲ့အစည်းနဲ့ ခရမ်းကြယ်တို့ရော ရှိသေးလား…” ပင်းယွင်က မေးလိုက်လေသည်။

“ရှိပါသေးတယ်… သူတို့တွေ အကုန် ရှိပါသေးတယ်…” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်လေ၏။

ထိုစကားကို ကြားသည့်အခါ ပင်းယွင်သည် ယဲ့ယဲ့လေး ရယ်မောလျက် “နင်က တကယ်ကြီး ဟုန်းလော့ကြယ်စီရင်စုကပဲ… ဒီလောက်နှစ်တွေ ကြာသွားတဲ့နောက်ပိုင်း ငါ့ကြယ်စီရင်စုက လူတစ်ယောက်ကို လာတွေ့ရလိမ့်မယ်လို့ တစ်ခါမှ မထင်ထားခဲ့ဘူး…”

“ဂျူနီယာလည်း စီနီယာပင်းယွင်ကို ဒီနေရာမှာ လာတွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး…”

ရန်ကိုင်လည်း အံ့အားသင့်နေခဲ့လေသည်။

ပင်းယွင်ကို မြင်မြင်ချင်း သူ့စိတ်ထဲ ရင်းနှီးနေသလို ခံစားလိုက်ရသည်။ သို့သော်ငြား သူမအား မည်သည့်နေရာတွင် မြင်ဖူးနေမှန်း မခန့်မှန်းနိုင်ခဲ့ချေ။ နောက်ဆုံး စုရန်အကြောင်း ပြောသည့်အခါမှသာ ရုတ်တရက် ပြန်သတိရသွားခဲ့သည်။

ရန်ကိုင်သည် လှိုင်းနီကြယ်ပေါ်ရှိ ရေခဲနှလုံးသားတောင်ကြားထဲတွင် ပင်းယွင်၏ ရုပ်တုကို မြင်ဖူးခဲ့ခြင်း ဖြစ်ပေသည်။ ထို့ကြောင့်သာ သူမအား ရင်းနှီးနေသလို ခံစားရခြင်း ဖြစ်၏။

ပင်းယွင်သည် ရေခဲနှလုံးသားတောင်ကြားကို တည်ထောင်ခဲ့သူတစ်ဦး ဖြစ်သည်။ သူမ သေသည်ရှင်သည်ကိုတော့ မည်သူမှ မသိကြပေ။ လက်ရှိ ရေခဲနှလုံးသားတောင်ကြား၏ တောင်ကြားသခင်ဖြစ်သော ပင်းလုံသည် တောင်ကြား၏တည်ထောင်သူဘိုးဘေးမှာ ဤကြယ်စီရင်စုကြီးထဲမှ ထွက်၍ ပိုမိုအဆင့်မြင့်မားသည့် ကမ္ဘာသစ်တစ်ခုသို့ တက်လှမ်းသွားလောက်ပြီဟု ရန်ကိုင့်အား ပြောပြခဲ့ပေသည်။

တည်ထောင်သူဘိုးဘေး ချန်ထားရစ်ခဲ့သည့် အရာဆို၍ နှင်းခဲဓါးတစ်ချောင်းသာ ရှိလေသည်။ နောက်ပိုင်းတွင် ထိုနှင်းခဲဓါးကို စုရန်မှ ရရှိသွားခဲ့လေသည်။

ပြန်တွက်ကြည့်ရသလောက် ပင်းယွင် ရေခဲနှလုံးသားတောင်ကြားကို တည်ထောင်ခဲ့သည်မှာ နှစ်ပေါင်း တစ်သောင်းကျော်ခန့် ရှိသွားခဲ့လေပြီ။

ပင်းယွင်သည် ကြယ်စီရင်စုကြီးထဲမှ ထွက်၍ ကြယ်တာရာအစုအဝေးထဲသို့ ရောက်လာပြီး ဧကရာဇ်တတိယအဆင့်သို့ပင် ရောက်အောင် ကျင့်ကြံနိုင်လိမ့်မည်ဟု မည်သူကများ ထင်ထားခဲ့ပါမည်နည်း။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၃၉၇)

ပင်းလုံ၏ခန့်မှန်းချက် မှန်ကန်ခဲ့ပေသည်။ သူတို့ဂိုဏ်း၏ ဘိုးဘေးတည်ထောင်သူမှာ သေမသွားခဲ့ဘဲ ပို၍ အဆင့်မြင့်မားသော ကြယ်တာရာအစုအဝေးသို့ ရောက်ခဲ့လေသည်။ ယခုအချိန်တွင် သူမသည် ရန်ကိုင့်ရှေ့တည့်တည့်၌ ရပ်နေခဲ့လေသည်။

ရေခဲနှလုံးသားတောင်ကြားသည် စုရန်နေထိုင်ခဲ့သည့် ဂိုဏ်းတစ်ဂိုဏ်း ဖြစ်ပေသည်။ ပင်းယွင်သည် ထိုဂိုဏ်းအား တည်ထောင်သူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်မှာ ပင်းယွင်အပေါ် အရမ်းကြီး သူစိမ်းဆန်နေသလို မခံစားရတော့‌ချေ။ ထို့အတွက်ကြောင့် ယခင်ကကဲ့သို့လည်း စိတ်ပူနေခြင်း မရှိတော့ချေ။

ပင်းယွင်၏အမူအယာမှာ ရေခဲတမျှ အေးစက်နေသော်ငြား သူမ၏အကြည့်မှာတော့ ယခင်ကထက် ပို၍ သိမ်မွေ့လာခဲ့လေသည်။ သူမအတွက်ပင်လျှင် ဟုန်းလော့ကြယ်စီရင်စုမှ လူတစ်ယောက်အား တွေ့ရန် အလွန်ကိုမှခဲယဉ်းလှသည်။

“ထိုင်ပါဦး… ဒီဘုရင်မ နင့်ကို မေးစရာတွေ အများကြီးရှိတယ်…” ပင်းယွင်က အနားရှိ ထိုင်ခုံကို ညွှန်ပြရင်း ပြောလိုက်သည်။

“ဟုတ်ကဲ့…” ရန်ကိုင်က လက်သီးဆုပ်လျက် ထိုထိုင်ခုံပေါ်တွင် ထိုင်ချလိုက်လေသည်။

နောက်နှစ်နာရီအတွင်း ပင်းယွင်သည် လှိုင်းနီကြယ်၊ ရေခဲနှလုံးသားတောင်ကြားနှင့် ပတ်သက်သည့် အကြောင်းအရာများစွာကို မေးမြန်းခဲ့လေသည်။ ရန်ကိုင်လည်း မည်သည့်အရာကိုမှ ထိန်ချန်မထားဘဲ သူသိထားသမျှ အကြောင်းအရာအားလုံးကို ပြောပြလိုက်လေ၏။ ထို့နောက် စုရန်နှင့်သူ မည်ကဲ့သို့ပတ်သက်ပုံ ရေခဲနှလုံးသားတောင်ကြားတွင် မည်ကဲ့သို့သော အဖြစ်အပျက်များနှင့် ကြုံတွေ့ခဲ့ရပုံ အားလုံးကို ပြန်ပြောပြလိုက်လေသည်။

ပင်းယွင်သည် ရန်ကိုင်ပြောပြသည်ကို ငြိမ်သက်စွာ နားစိုက်ထောင်နေခဲ့လေသည်။

ပင်းယွင်သည် ရေခဲနှလုံးသားတောင်ကြား၏ တည်ထောင်သူ ဖြစ်ပေသည်။ ရေခဲနှလုံးသားတောင်ကြားမှ ထွက်လာပြီး ကြယ်တာရာအစုအဝေးသို့ ရောက်လာပြီးသည့်နောက်တွင် သူမ၏ ဂိုဏ်းဆီသို့ တစ်ကြိမ်တစ်ခါမျှပင်လျှင် ပြန်မသွားခဲ့သော်ငြား ရေခဲနှလုံးသားတောင်ကြားအ‌ပေါ် ထားရှိသည့် သူမ၏ ခံစားချက်များမှာ‌တော့ ပျောက်ကွယ်သွားခြင်း မရှိချေ။

လက်ရှိ ရေခဲနှလုံးသားတောင်ကြားတွင် အဆင့်အမြင့်ဆုံးကျင့်ကြံသူဆို၍ တန်ခိုးရှင်ဘုရင်ပထမအဆင့်သာ ရှိကြောင်း ကြားသိလိုက်ရပြီးသည့်နောက် ပင်းယွင် သက်ပြင်းအမောကြီး ချလိုက်လေသည်။

သူမရှိစဉ်က ရေခဲနှလုံးသားတောင်ကြားသည် လှိုင်းနီကြယ်၏ အုပ်စိုးသူ ဖြစ်ခဲ့လေသည်။ ထိုမျှသာလျှင် မကသေးဘဲ သူမ၏ဂိုဏ်းသည် ဟုန်းလော့ကြယ်စီရင်စုကြီးထဲတွင်ပင် နာမည်ကျော်ကြားသည့် ဂိုဏ်းတစ်ဂိုဏ်း ဖြစ်ခဲ့သည်။ သို့သော်ငြား နှစ်တစ်သောင်းခန့် ကြာသွားပြီးသည့်နောက်တွင် ရေခဲနှလုံးသားတောင်ကြားသည် အလွန်ကိုမှ အားအင်ချည့်နဲ့သွားကာ တန်ခိုးရှင်ဘုရင် ပထမအဆင့် ကျင့်ကြံသူတစ်ဦးကိုသာ ပိုင်ဆိုင်ထားနိုင်တော့လေသည်။

မည်သို့ပင် ဖြစ်နေစေကာမူ ပင်းယွင်ကိုယ်တိုင်သည် ဧကရာဇ်တတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် အလွယ်တကူ တုန်လှုပ်သွားခြင်း မရှိချေ။ မည်သည့်ဂိုဏ်းမှ ရေရှည်တည်တံ့နိုင်လိမ့်မည် မဟုတ်မှန်းကိုလည်း သူမ သိထားပြီးသားပင်။ ဂိုဏ်းတိုင်းသည် တိုးတက်ပြီးပါက ဆုတ်ယုတ်ခြင်းကိုလည်း တစ်နေ့နေ့၌ မလွဲမသွေ ကြုံတွေ့ကြရပေလိမ့်မည်။ ရေခဲနှလုံးသားတောင်ကြားအနေဖြင့် ပျက်စီးသွားခြင်း မရှိဘဲ နှစ်တစ်သောင်းခန့်ကြာအောင် ဆက်လက်ရပ်တည်နေနိုင်သည်ကပင်လျှင် ဝမ်းသာစရာ ဖြစ်နေလေပြီ။

“စီနီယာ… အဲ့တုန်းကလေ… အဲ့ကြယ်စီရင်စုကြီးထဲကနေ ဘယ်လိုထွက်လာခဲ့တာလဲ…” ပင်းယွင်၏အမူအယာကို မြင်သော် ရန်ကိုင်သည် အလျင်စလို ခေါင်းစဉ်ပြောင်းလိုက်လေသည်။

ပင်းယွင်က ယဲ့ယဲ့လေးပြုံးလျက် ရှင်းပြလိုက်လေ၏။ “မတော်တဆ ဖြစ်သွားတာလို့ ပြောရမယ်… ဒီဘုရင်မ အဲ့တုန်းက ကမ္ဘာငယ်လေးတစ်ခုထဲကို အမှတ်မထင် ဝင်မိသွားတယ်… အဲ့ထဲကနေ ပြန်ထွက်လာလည်း ထွက်လာနိုင်ရော ကြယ်တာရာအစုအဝေးထဲ ရောက်နေရော… နင်ကော…”

ရန်ကိုင်က သူ့ခေါင်းကို ကုတ်လျက် “ဂျူနီယာကတော့ ဂျူနီယာရဲ့ သူငယ်ချင်းတွေနဲ့ အတူစုပြီး ကြယ်တာရာကောင်းကင်မဟာဧကရာဇ် ချန်ထားခဲ့တဲ့ ကြယ်ဧကရာဇ်တံဆိပ်ပြားတွေကို သုံးခဲ့တာ… အဲ့တံဆိပ်ပြားတွေကို အကုန်စုပြီးတော့ ကြယ်တာရာလိုဏ်ခေါင်းတစ်ခု ဖန်တီးတယ်… အဲ့လိုဏ်ခေါင်းကနေတစ်ဆင့် ကြယ်တာရာအစုအဝေးထဲကို ဝင်လာခဲ့တာ…”

“ကြယ်တာရာကောင်းကင်မဟာဧကရာဇ်….” ပင်းယွင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။ သူမ မျက်မှောင်ကြုတ်သည့် ပုံစံမှာ အလွန်ကိုမှ ချစ်စဖွယ်ကောင်းလှသည်။

သူမ၏အမူအယာကို မြင်သော် ပင်းယွင် ဟုန်းလော့ကြယ်စီရင်စုထဲတွင် ရှိနေစဉ်ကာလအတောအတွင်း ထိုနေရာ၌ ကြယ်တာရာကောင်းကင်မဟာဧကရာဇ်ဆိုသည့် ဧကရာဇ် မရှိခဲ့ကြောင်း ရန်ကိုင် သဘောပေါက်သွားခဲ့လေသည်။ ထို့ကြောင့် စတင်၍ ရှင်းပြလိုက်လေသည်။

ရန်ကိုင့်၏ရှင်းပြချက်ကို နားထောင်ပြီးသည့်နောက်တွင် ပင်းယွင်က ခေါင်းညိတ်လိုက်လေ၏။ “အဲ့လိုပညာရှင်တစ်ယောက် ဟုန်းလော့ကြယ်စီရင်စုထဲမှာ ပေါ်လာမယ်လို့ ငါတစ်ခါမှ မထင်ထားခဲ့ဘူး… ဒါပေမဲ့ နင်ပြောတဲ့ ယန်ယန်ဆိုတဲ့လူအကြောင်း ငါတစ်ခါမှ မကြားဖူးဘူး…”

“သူအခု ဘယ်မှာရှိနေလဲ သူ့ကျင့်ကြံခြင်း ဘယ်လောက်မြင့်လဲ ကျုပ်လည်း မသိဘူး…” ရန်ကိုင်က အားတင်းပြုံးကာ ပြောလိုက်လေ၏။

ကြယ်တာရာအစုအဝေးသို့ ရောက်ပြီးသည့်နောက်တွင် ရန်ကိုင်သည် ယန်ယန်အား တမင်တကာ လိုက်မရှာခဲ့သော်ငြား မဟာဧကရာဇ်ယန်ယန်ဆိုသည့် နာမည်အား တစ်ခါမှ မကြားခဲ့ဖူးချေ။ အနည်းဆုံး မဟာဧကရာဇ်ဆယ်ပါးထဲတွင် ယန်ယန်ဆိုသည့် နာမည်နှင့်လူ မရှိချေ။

တစ်ချိန်တည်းတွင် ရန်ကိုင်သည် လင်းယွင်အာအကြောင်းကို ပြန်စဉ်းစားမိသွားလေသည်။ ယန်ယန် အရိပ်ကြယ်မှ ထွက်သွားစဉ်က လင်းယွင်အာကိုပါ သူမနှင့် တစ်ပါတည်း ခေါ်သွားခဲ့သည်။ ယခု နှစ်ပေါင်းများစွာ ကြာပြီးသည့်နောက်တွင် ထိုကောင်မလေး မည်ကဲ့သို့ ရှိနေသလဲ ဆိုသည်ကို ရန်ကိုင် တွေးမိသွားလေသည်။

ထိုစဉ်က လင်းယွင်အာမှာ ကလေးမလေးတစ်ဦးသာ ဖြစ်သော်ငြား ယခု နှစ်ပေါင်းများစွာ ကြာပြီးသည့်နောက်တွင် သူမသည် မိန်းမပျိုလေးတစ်ဦး ဖြစ်နေလောက်ပေပြီ။

“ရေစက်ဆုံရင် ထပ်တွေ့ရမှာပေါ့…” ပင်းယွင်က ပြောလိုက်လေသည်။

ရန်ကိုင်လည်း ခေါင်းညိတ်လိုက်လေ၏။ ကံတရားသည် တကယ်ကိုမှ ဆန်းကြယ်လှသည်။ ကံတရားဆိုသည်မှာ ရှင်းပြ၍လည်း မရ နားလည်ရန်ကြိုးစား၍လည်း မရသည့် အရာတစ်ခု ဖြစ်ပေသည်။ ရေစက်သာမဆုံနိုင်ပါက မည်မျှပင် ကြိုးစားနေစေကာမူ ဘာဆိုဘာမျှ အရာရောက်လိမ့်မည် မဟုတ်ချေ။ ကံတရားက ဖန်ဆင်းပေးမည်ဆိုလျှင်လည်း မဖြစ်နိုင်သည့် အရာများပင်လျှင် အလွယ်တကူ ဖြစ်လာနိုင်ပေသည်။

ရန်ကိုင် ပင်းယွင်အား ဟင်းလင်းပြင်ကမ္ဘာထဲတွင် လာတွေ့သည် ဆိုသည်မှာလည်း ကံတရား၏ ဖန်ဆင်းပေးမှုကြောင့်သာ ဖြစ်လေသည်။

“အာ…. ဒါနဲ့ စီနီယာ ဘာလို့ ကျုပ်ကို တွေ့ချင်ရတာလဲ…” ဤနေရာသို့ ရောက်မလာခင်က ရေခဲနှလုံးသားစံအိမ်၏ စံအိမ်သခင်သည် သူ့အား ဘာအကြောင်းများ မေးချင်နေသလဲဟု တွေးရင်း စိတ်ပူခဲ့ရလေသည်။ ယခုမူ ရန်ကိုင့်စိတ်ထဲ အတော်လေးကိုမှ အေးအေးဆေးဆေး ဖြစ်နေခဲ့လေပြီ။

“ဒီကျွန်းပေါ်မှာ တာအိုသခင်အဆင့် ဆေးပညာရှင်တစ်ဦးကို ရှာဖို့ အရမ်းခက်လွန်းတယ်… နင်က ဒီဘုရင်မ ရှာလို့ရတဲ့ တစ်ဦးတည်းသော တာအိုသခင်အဆင့် ဆေးပညာရှင်ပဲ… ငါသာ နင်လိုအပ်တဲ့ ပစ္စည်းတွေကို ထောက်ပံ့ပေးမယ်ဆိုရင် နင်အဆင့်တက်ဖို့ ဘယ်လောက်လောက်ကြာမလဲ ငါသိချင်နေတာ…”

“တာအိုသခင်အဆင့်မြင့် ဆေးပညာရှင်တစ်ယောက် ဖြစ်ဖို့လား…” ရန်ကိုင်က မျက်ခုံးပင့်သွားခဲ့လေသည်။ ထို့နောက် ပြန်၍ မေးလိုက်လေ၏။ “စီနီယာ ကျုပ်ကို ဆေးတစ်မျိုးမျိုး ဖော်စပ်ခိုင်းချင်နေတာလား…”

ပင်းယွင်က ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်… ဒီဘုရင်မ နင့်ကို ဖော်စပ်ခိုင်းချင်တဲ့ ဆေးလုံးက တော်တော်လေးကို အဆင့်မြင့်တယ်…”

“စီနီယာက ဘယ်လိုဆေးလုံးမျိုးကို ဖော်စပ်ခိုင်းချင်တာလဲ…”

“အသွင်တစ်ရာ ဧကရာဇ်ယွမ်ဆေးလုံးပဲ…”

ထိုစကားကိုကြားသည့်အခါ ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။

သူကိုယ်တိုင်သည် ဧကရာဇ်အဆင့် ဆေးပညာရှင်တစ်ဦး ဖြစ်သည့်အတွက်ကြောင့် အသွင်တစ်ရာ ဧကရာဇ်ယွမ်ဆေးလုံးအကြောင်းကို သိပေသည်။ ထိုဆေးလုံးသည် ဧကရာဇ်အဆင့်တွင် ရှိနေသော ပညာရှင်များ သူတို့၏ ဧကရာဇ်ချီကို ပြန်လည်ဖြည့်တင်းရန်အတွက် အသုံးပြုကြသည့် ဆေးလုံးတစ်မျိုး ဖြစ်ပေသည်။

အဆင့်နိမ့် ဧကရာဇ်ယွမ်ဆေးလုံးတစ်လုံးသည် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး၏ ခွန်အားကို အချိန်တိုအတွင်း တစ်ဆယ်ရာခိုင်နှုန်းခန့် ပြန်လည်ဖြည့်တင်းပေးနိုင်ပေသည်။ အလယ်အလတ်အဆင့်ဆိုပါက နှစ်ဆယ်ရာခိုင်နှုန်း၊ အဆင့်မြင့်အဆင့်ဆိုပါက သုံးဆယ်ရာခိုင်နှုန်းခန့် ဖြစ်၏။ ထို့အပြင် ထိုကဲ့သို့ ပြန်ပြည့်ရန် လိုအပ်သည့် အချိန်မှာလည်း အလွန်ကိုမှ တိုတောင်းလှပေသည်။

သို့ရာတွင် ဧကရာဇ်အဆင့် ပညာရှင်များမှာ ဧကရာဇ်ချီအမြောက်အများကို ပိုင်ဆိုင်ထားသည့် အတွက်ကြောင့် ထိုကဲ့သို့သော ဆေးလုံးများကို အသုံးပြုလေ့ မရှိပေ။ ထို့အပြင် ထိုဆေးလုံးများမှာလည်း ဖော်စပ်ရလွယ်ကူသည့် ဆေးလုံးများ မဟုတ်ကြသည့် အပြင်ကိုမှ ဈေးကွက်လည်းမရှိချေ။

ထို့ကြောင့်ပင်လျှင် ပင်းယွင်မှ သူ့အား အသွင်တစ်ရာ ဧကရာဇ်ယွမ်ဆေးလုံးအား ဖော်စပ်ခိုင်းချင်နေသည် ဆိုသည့် အကြောင်း ကြားသည့်အခါ ရန်ကိုင် အံ့အားသင့်သွားခဲ့ရခြင်း ဖြစ်သည်။ ထိုဆေးလုံးအား သူမဘာကြောင့် လိုအပ်နေမှန်းကို ရန်ကိုင် နားမလည်ချေ။

သူ၏ တကယ့်ဆေးစွမ်းရည်အကြောင်း ပင်းယွင်အား ပြောပြတော့မည်အပြု ပင်းယွင်၏အမူအယာ ရုတ်တရက် ပြောင်းလဲသွားခဲ့လေသည်။

ပင်းယွင်သည် တစ်ခုသောဘက်ဆီသို့ လှမ်းကြည့်လျက် ရန်ကိုင့်အား အလျင်စလို လှမ်းအော်ပြောလိုက်လေ၏။ “ဒီကိုလာခဲ့…”

ပင်းယွင်၏လက်ဆီမှ အားကောင်းလှသည့် ဆွဲအားတစ်ရပ် ထွက်ပေါ်လာပြီး ရန်ကိုင့်အား လှမ်းဆွဲခေါ်လိုက်သည်။ ရန်ကိုင့်မှာ ခုခံချိန်ပင် မရလိုက်ဘဲ ပင်းယွင်ရှေ့သို့ ရောက်သွားခဲ့လေသည်။

ထို့နောက်တွင် ပင်းယွင်သည် သူမထိုင်နေသည့်ခုံအား ပုတ်လိုက်ရာ လျှို့ဝှက်ခန်းလေးတစ်ခန်း ထွက်ပေါ်လာခဲ့လေသည်။ ရန်ကိုင့်အား ထိုလျှို့ဝှက်ခန်းထဲသို့ တွန်းပို့လိုက်ပြီးသည့်နောက် သတိပေးလိုက်လေ၏။ “နင့်အရှိန်အဝါကို လုံးဝ ဖုံးကွယ်ထားလိုက်… အသက်လည်းမရှူနဲ့… ဒီဘုရင်မ ဘာမှမပြောသရွေ့ အပြင်ကို ထွက်မလာနဲ့… နင်ရှိနေတယ်ဆိုတဲ့အကြောင်းကို လုံးဝ ပေါ်မသွားစေနဲ့နော်…”

ရန်ကိုင်လည်း ဘာဖြစ်လို့ ဖြစ်နေမှန်း မသိချေ။ သို့သော်ငြား ပင်းယွင်၏ စိုးရိမ်တကြီး အမူအယာကို မြင်ပြီးသည့်နောက် ကောင်းမွန်သည့် ကိစ္စတစ်ခုခု မဟုတ်မှန်း နားလည်သွားခဲ့လေသည်။ မည်သို့ပင် ဖြစ်နေစေကာမူ ပင်းယွင်သည် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး မဟုတ်ပေလော။ ဤလောကကြီးထဲတွင် သူမအား ဤကဲ့သို့ ဖြစ်စေနိုင်သည့် ပညာရှင်ဆို၍ အနည်းငယ်လောက်သာ ရှိပေသည်။

ယခုအချိန်သည် မေးခွန်းများမေးရမည့်အချိန် မဟုတ်သည့် အတွက်ကြောင့် ရန်ကိုင်လည်း ပင်းယွင်ပြောသည့်အတိုင်းသာ နေနေလိုက်လေသည်။ အခန်းထဲသို့ ရောက်ပြီးသည့်နောက်တွင် ဗလာနတ္ထိပညာရပ်ကို အသက်သွင်းလျက် သူ့အရှိန်အဝါကို လုံးဝ ဖုံးကွယ်ပစ်လိုက်လေ၏။

“ဘုန်း…”

လျှို့ဝှက်ခန်းတံခါး ပြန်ပိတ်သွားခဲ့ပြီး ပင်းယွင်သည် သူမထိုင်ခုံပေါ်တွင် ထိုင်ချလိုက်လေသည်။ ထို့နောက် ကျင့်စဉ်တစ်ခုခုကိုသုံး၍ ရန်ကိုင့်၏တည်ရှိမှုကို ထပ်မံ ဖုံးကွယ်ပေးလိုက်သည်။

ရန်ကိုင့်၏ကျင့်ကြံခြင်းမှာ လုံလောက်အောင် မြင့်မားခြင်း မရှိသည့်အတွက်ကြောင့် ရန်ကိုင်မှ သူ့အရှိန်အဝါအား အပြည့်အဝ မဖုံးကွယ်နိုင်မည်ကို ပင်းယွင်စိုးရိမ်မိပေသည်။ သို့သော်ငြား တစ်ချက်မျှ စစ်ဆေးကြည့်ပြီးသည့်နောက် ရန်ကိုင့်ခန္ဓာကိုယ်တစ်ခုလုံးသည် ပုံရိပ်ယောင်တစ်ခုနှယ် ဖြစ်သွားကြောင်းကို တွေ့ရှိလိုက်ရလေသည်။ မသိသာမသိလျှင် ရန်ကိုင်သည် အခြားသော ဟင်းလင်းပြင်တစ်ခုထဲသို့ ရောက်သွားသကဲ့သို့ပင်။ သူမ၏ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည့်တိုင် ရန်ကိုင့်အား အာရုံမခံမိခဲ့ပေ။ ထိုအချက်ကို သတိပြုမိလိုက်သည့်အခါမှသာ ပင်းယွင် စိတ်သက်သာရာရသွားခဲ့လေသည်။ ရန်ကိုင့်၏အရည်အချင်းကို သူမ အထင်သေးမိသွားသည့်ပုံပင်။

ခဏအကြာတွင် ပုံရိပ်တစ်ခု သူမအခန်းထဲတွင် ပေါ်လာခဲ့လေသည်။ ထိုလူသည် ယဲ့ယဲ့လေးပြုံးရင်း လက်သီးဆုပ်ကာ လေးနက်တည်ကြည်သည့် အမူအယာဖြင့် ပြောလိုက်လေသည်။ “ဂျူနီယာညီမပင်းယွင်… မတွေ့ရတာ သုံးလလောက် ကြာသွားတာတောင် နင့်ပုံစံက အရင်အတိုင်းပဲပါလား…”

လျှို့ဝှက်ခန်းထဲတွင် ရှိနေသော ရန်ကိုင် ထိတ်လန့်တုန်လှုပ်သွားခဲ့လေသည်။ ထိုလူမည်သူမှန်း သူမသိသော်ငြား ပင်းယွင်ကိုပင်လျှင် ဂျူနီယာညီမဟု ခေါ်ရဲသည့် ပုံစံကို ကြည့်လျှင် ထိုလူသည် ပင်းယွင်နှင့် အဆင့်တူ ကျင့်ကြံသူတစ်ဦးသာ ဖြစ်ရပေလိမ့်မည်။ ကောင်းကင်ကျွန်းပေါ်တွင် ပင်းယွင်နှင့်အဆင့်တူ ကျင့်ကြံသူဆို၍ တစ်ဦးတည်းသာ ရှိပေသည်။ ကောင်းကင်ကျွန်း၏ ကျွန်းသခင် ချီရီပင်။

ထိုလူမည်သူမှန်း နားလည်သွားသည့်နောက် ပင်းယွင်ဘာကြောင့် ထိုမျှ သတိကြီးကြီး ထားနေမှန်းကို ရန်ကိုင် နားလည်သွားခဲ့လေသည်။

သို့သော်ငြား ချီရီသည် ရေခဲနှလုံးသားစံအိမ်တွင် ဘာလာလုပ်နေလေသနည်း။ ထို့အပြင် ထိုဧကရာဇ်တတိယအဆင့် ပညာရှင်နှစ်ဦးမှာ မည်ကဲ့သို့များ ပတ်သက်နေကြလေသနည်း။ ပင်းယွင်သည် ချီရီရောက်လာတော့မည်မှန်း သိလိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင့်အား လျှို့ဝှက်ခန်းထဲသို့ တွန်းပို့ပစ်လိုက်လေသည်။

သို့သော်ငြား ပင်းယွင်ကို ကြည့်ရသည်မှာ ချီရီအား အတော်လေး သတိထားနေသည့်ပုံပင်။

ရန်ကိုင် အတွေးနက်နေစဉ်မှာပင် ပင်းယွင်၏အသံ ထွက်ပေါ်လာခဲ့လေသည်။ “ချီရီ… နင် နောက်တစ်ကြိမ် ထပ်လာကြိုးစားပြန်တာလား…”

ချီရီက အသံကျယ်ကျယ်ဖြင့် အော်ရယ်မောလျက် “ဒီကျွန်းပေါ်မှာ နေရတာ အရမ်းပျင်းဖို့ကောင်းတယ်လေ… ဂျူနီယာညီမပင်းယွင်ကပဲ ငါ့ကို စိတ်ဝင်စားအောင် လုပ်နိုင်တာ… နင်က ငါ့ကို အခုလိုမျိုး လာစမ်းသပ်မှတော့ ငါကလည်း အကောင်းဆုံး ကြိုးစားပေးရမှာပေါ့… နင့်ကို ငါ မြန်မြန်သိမ်းပိုက်နိုင်လေ ငါတို့အသိုက်ကို မြန်မြန် တည်ဆောက်နိုင်လေပဲ…”

ထိုစကားကိုကြားသည့်အခါ ရန်ကိုင့်၏မျက်နှာကြီး မဲ့သွားခဲ့လေသည်။ ယခုမူ ချီရီ ဘာကြောင့် ဤနေရာသို့ ရောက်နေသလဲ ဆိုသည်ကို ခန့်မှန်းမိသွားခဲ့လေသည်။ ချီရီသည် ပင်းယွင်အား လာပိုးပန်းနေသည့်ပုံပင်။

ဤသည်မှာလည်း အထူးအဆန်းတော့မဟုတ်။ ကောင်းကင်ကျွန်းပေါ်၌ ပင်းယွင်တစ်ယောက်သည်သာ ချီရီနှင့် အဆင့်တူရပ်နေနိုင်သည် မဟုတ်ပေလော။ ထို့အပြင် ပင်းယွင်သည် အလွန်တရာကိုမှလည်း လှပပေသည်။ ချီရီကဲ့သို့သော ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးသည်ပင်လျှင် ပင်းယွင်၏အလှတရားထဲ နစ်မြောသွားခဲ့ရသည်။

ထို့အပြင် ချီရီပြောသည်ကို ကြည့်ရသလောက် ပင်းယွင်သည် ချီရီအား စမ်းသပ်နေသည့်ပုံပင်။ ချီရီသည် ထိုစမ်းသပ်ချက်ကို မအောင်မြင်သေးချေ။ ထို့အတွက်ကြောင့် ပင်းယွင်၏ လက်ခံမှုကို မရရှိသေးခြင်း ဖြစ်သည်။

မည်သို့ပင် ဖြစ်နေစေကာမူ ချီရီမှ ထိုစမ်းသပ်ချက်ကို အောင်မြင်သွားသည်ဆိုလျှင်ပင် ပင်းယွင် သူ့အား လက်ထပ်လိမ့်မည်မဟုတ်မှန်း ရန်ကိုင် သိနေခဲ့လေသည်။ ပင်းယွင်သည် နှစ်ပေါင်းသောင်းနှင့်ချီမက အသက်ရှင်လာသူ တစ်ဦးဖြစ်သည်။ ထိုအချိန်အတောအတွင်း မရေမတွက်နိုင်အောင် များပြားလှသည့် ပါရမီရှင်များကို သူမ မြင်တွေ့ခဲ့ရဖူးပေလိမ့်မည်။ သူမသာ အခြေချချင်သည်ဆိုပါက အစောကြီးတည်းက အခြေချလက်ထပ်သွားလောက်ပေပြီ။ ယခုအချိန်ထိ အပျိုကြီး လုပ်နေလိမ့်ဦးမည် မဟုတ်ချေ။ ထို့အတွက်ကြောင့် ပင်းယွင်သည် ချီရီအား လုံးဝ လက်ထပ်စရာအကြောင်း မရှိပေ။

ထို့အပြင် ရေခဲနှလုံးသားတောင်ကြား၏ ကျင့်စဉ်တော်တော်များများကို ကျင့်ကြံရန်အတွက် ကျင့်ကြံမည့် အမျိုးသမီးသည် အပျိုစင်ဖြစ်နေရမည်ဆိုသည့် အကြောင်းကိုလည်း ရန်ကိုင် သိထားပေသည်။ ရေခဲနှလုံးသားတောင်ကြား၏ တည်ထောင်သူဖြစ်သူတစ်ဦးအနေဖြင့် ပင်းယွင်သည် ထိုကဲ့သို့သော ကျင့်စဉ်ပေါင်းများစွာကို ကျင့်ကြံထားခဲ့ရပေလိမ့်မည်။

ရန်ကိုင်ပင်လျှင် ပင်းယွင်၏ အေးစက်စက် ရန်လိုသည့် သဘောထားကို သတိထားမိလေရာ ချီရီအနေဖြင့် သတိမထားမိစရာ အကြောင်းမရှိချေ။

ပင်းယွင်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။ “အဲ့ဒါဆိုရင် လာခဲ့လေ…”

အခန်းတစ်ခုလုံး တိတ်ဆိတ်သွားခဲ့လေသည်။

ရန်ကိုင်မှ သူ့ကောင်းကင်စိတ်အာရုံကို မထုတ်လွှတ်ရဲသလို သူ့အရှိန်အဝါကိုလည်း မထုတ်လွှတ်ရဲပေ။ ထို့အတွက်ကြောင့် အပြင်ဘက်တွင် ဘာတွေဖြစ်နေသလဲ ဆိုသည်ကို လုံးဝ မသိခဲ့။

ခဏအကြာ၌ အခန်းထဲ အသံဗလံအချို့ ထွက်ပေါ်လာခဲ့လေသည်။ ပင်းယွင်နှင့် ချီရီတို့ အားပြိုင်နေကြပြီမှန်း ရန်ကိုင် သတိပြုမိလိုက်သည်။

ထို့အတွက်ကြောင့် ရန်ကိုင်မှာ လျှို့ဝှက်ခန်းထဲ ပုန်းအောင်းနေရသည်ဆိုလျှင်ပင် ထိတ်လန့်တုန်လှုပ်နေမိပေသည်။ ပင်းယွင်နှင့် ချီရီတို့ အားပြိုင်ရာမှ ထွက်ပေါ်လာသည့် စွမ်းအင်လှိုင်းအချို့ကြောင့် သူပုန်းနေသည့် နေရာ ပေါ်သွားမည်ကို ထိတ်လန့်နေခြင်း ဖြစ်လေသည်။ ထိုသို့သာ ဖြစ်သွားမည်ဆိုပါက သူ့တွင် ပုန်းစရာနေရာ ရှိတော့လိမ့်မည် မဟုတ်ချေ။

ပင်းယွင်နှင့် ချီရီကြားရှိ အားပြိုင်မှုမှာ အကြာကြီး မကြာခဲ့ချေ။ တစ်ခဏလောက်မျှသာ ကြာခဲ့၏။

ခဏအကြာတွင် ပင်းယွင်၏ အေးစက်စက်အသံ ထွက်ပေါ်လာခဲ့လေသည်။ “မှောက်သွားပြီ…”

ချီရီ၏ စိတ်ပျက်နေသည့်အသံ ထွက်ပေါ်လာလေ၏။ “နီးနီးလေးပဲကွာ… ဂျူနီယာညီမပင်းယွင်ပြင်ထားတဲ့ ရေနွေးကြမ်းခွက်ကို ဒီဘုရင် သောက်ရတော့မှာကို… ကံဆိုးလိုက်တာ…”

“ကျေးဇူးပြုပြီး ပြန်ထွက်သွားပါတော့…” ပင်းယွင်က အနည်းငယ်မျှပင် ယဉ်ကျေးမနေဘဲ ခပ်ရိုင်းရိုင်းပင်လျှင် ချီရီအား မောင်းထုတ်လိုက်လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၃၉၈)

ပင်းယွင်၏ အေးစက်စက် ပုံစံကို ချီရီ စိတ်ထဲမထားချေ။ သူမ၏ အေးစက်စက်ပုံစံသည် ချီရီအား သူမကို ပို၍ စိတ်ဝင်စားအောင်ပင် လုပ်နေသေးသည်။ ပြုံးလျက် ချီရီက ပြောလိုက်သည် “အဲ့လိုဆိုမှတော့ ဒီဘုရင် ဂျူနီယာညီမကို မနှောင့်ယှတ်တော့ပါဘူး။ တစ်လကြာရင် ဒီဘုရင် ပြန်လာခဲ့ပါ့မယ်။ အဲ့အချိန်ကျရင်တော့ ဂျူနီယာညီမကို စိတ်မပျက်စေရတော့ဘူး”

ထို့နောက် အော်ရယ်မောလျက် ရပ်နေရာမှ ပျောက်ကွယ်သွားခဲ့လေသည်။

ပင်းယွင်သည် မှုန်ကုတ်ကုတ် အမူအရာဖြင့် တင်ပလင်ခွေထိုင်နေခဲ့သည်။

အချိန်အတော်ကြာပြီးနောက် သူမလက်ကို ဆန့်ထုတ်၍ လျှို့ဝှက်ခန်းတံခါးကို ခေါက်လိုက်၏ “နင်ထွက်လာလို့ရပြီ”

ထိုအခါမှသာ ရန်ကိုင်လည်း လျှို့ဝှက်ခန်းထဲမှ ထွက်လာခဲ့လေ၏။ လှည့်ပတ်ကြည့်လိုက်ရာ အခန်းမှာ အကောင်းအတိုင်း ရှိနေသေးကြောင်း တွေ့လိုက်ရ၏။ ပညာရှင်နှစ်ဦး၏ အားပြိုင်မှုသည် အခန်းအပေါ် အနည်းငယ်မျှပင် သက်ရောက်ခြင်း မရှိသည့်ပုံပင်။ ပင်းယွင်နှင့် ချီရီတို့ဆီမှ စွမ်းအင်များ ဖြာထွက်လာသည်ကို ရန်ကိုင် အတိုင်းသာ ခံစားမိခဲ့ရသော်ငြား အခန်းထဲတွင်မူ မည်သည့် တိုက်ပွဲ အရိပ်အယောင်ကိုမှ မတွေ့ရချေ။ ပင်းယွင်ဖြစ်စေ၊ ချီရီဖြစ်စေ သူတို့၏ စွမ်းအားကို မယုံကြည်နိုင်စရာ အဆင့်ထိရောက်အောင် ထိန်းချုပ်ပြသွားခဲ့ကြသည်မှာ အထင်းသားပင်။

အနားရှိ စားပွဲခုံပေါ်တွင် အနည်းငယ် ဖိတ်ထားသော ရေနွေးကြမ်းတစ်ခွက် ရှိနေခဲ့လေသည်။

“စီနီယာ၊ အဲ့ချီရီ...” ရန်ကိုင်သည် တစ်ခုခု ပြောရန်လုပ်လိုက်သော်ငြား ဆက်မပြောဘဲ ရပ်လိုက်သည်။

ပင်းယွင်က သက်ပြင်းချလျက် “နင်လည်း အကြမ်းဖျင်းလောက်ကို သိပြီးလောက်ပြီပေါ့။ ချီရီက... ဒီဘုရင်မကို စိတ်ဝင်စားနေတာ”

“အဲ့သက်ကြားအိုကြီးက ငန်းစားစားချင်နေတဲ့ ဖားပြုပ်ပဲ” ရန်ကိုင်က ပြောလိုက်၏။

ရန်ကိုင်၏စကားကို ကြားသော် ပင်းယွင်က ယဲ့ယဲ့လေး ပြုံးလျက် “အဲ့လိုတော့ မဟုတ်ဘူး။ အဲ့ချီရီက တကယ် အားကောင်းတာ။ ဒီဘုရင်မတောင် သူ့ပြိုင်ဘက် မဟုတ်ဘူး”

ရန်ကိုင် ကြောင်သွားခဲ့လေသည် “စီနီယာနဲ့သူသာ သူသေကိုယ်သေတိုက်မယ်ဆိုရင် စီနီယာ နိုင်နိုင်ချေ ဘယ်လောက်ရှိလဲ”

ပင်းယွင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။ ခဏမျှ အတွေးနက်နေပြီးနောက် ပြန်၍ ပြောလိုက်၏ “သုံးဆယ်ရာခိုင်နှုန်းတောင် မရှိဘူး” ထို့နောက် သက်ပြင်းတစ်ချက်ချ၍ ထပ်ကာ ပြောလိုက်၏ “ဒီကျွန်းပေါ်က ကျင့်ကြံခြင်းရေးအရင်းအမြစ်တွေ အကုန်လုံးကို သူတစ်ယောက်တည်း မောင်ပိုင်စီးထားတာ။ ဒီတော့ ကျင့်ကြံခြင်း လျော့ကျတာခြင်း တူရင်တောင် ဒီဘုရင်မရဲ့ ကျင့်ကြံခြင်း လျော့ကျတဲ့နှုန်းက သူ့ထက် ပိုမြန်တယ်။ ငါ့အထွဋ်အထိပ် အခြေအနေမှာသာဆိုရင်တော့ သူ့ကို ကြောက်မှာ မဟုတ်ဘူး။ ဒါပေမယ့် အခုတော့ ငါတို့ကြားက ကွာဟချက်က အချိန်ကြာလာတာနဲ့အမျှ ပိုပိုပြီး ကြီးမားလာနေတယ်”

ဘာတွေဖြစ်နေသလဲဆိုသည်ကို ရန်ကိုင် နားလည်သွားခဲ့လေပြီ။

“ဒါပေမယ့် အဲ့လိုဆိုရင်တောင် သူငါ့ကို အနိုင်ယူဖို့က မဖြစ်နိုင်ဘူး။ ဒါကြောင့် လွန်ခဲ့တဲ့ နှစ်တစ်ရာတုန်းက ငါတို့ သဘောတူညီချက် တစ်ခု လုပ်ခဲ့တယ်”

“ဘာသဘောတူညီချက်လဲ” ရန်ကိုင်က စိတ်ဝင်တစားဖြင့် မေးလိုက်၏။

ပင်းယွင်က စားပွဲခုံပေါ်ရှိ ရေနွေးကြမ်းခွက်ကို ညွှန်ပြ၍ “သူသာ အဲ့ခွက်ကို ငါ့မျက်စိအောက်ကနေ လုံးဝမဖိတ်ဘဲ လုယူနိုင်မယ်ဆိုရင် ဒီဘုရင်မ သူပြောတဲ့အတိုင်း လုပ်မယ်။ မအောင်မြင်ရင်တော့ သူထွက်သွားပေးရမယ် ဆိုပြီးတော့ပဲ”

ရန်ကိုင်သည် ရေနွေးကြမ်းခွက်ကို လှမ်းကြည့်လိုက်သည်။ စားပွဲပေါ်တွင် ရေနွေးကြမ်းအချို့ ဖိတ်ကျနေခဲ့၏။

ပင်းယွင်က မျက်မှောင်ကြုတ်၍ ဆက်ပြောလိုက်သည် “အရင်တုန်းက နှစ်နှစ်၊ သုံးနှစ်လောက်ကြာမှ သူတစ်ခါလာတာ။ ဒါပေမယ့် အခုနောက်ပိုင် သူ့ကိုကြည့်ရတာ စိတ်သိပ်မရှည်တော့တဲ့ပုံပဲ။ သုံးလတစ်ခါ လာနေတယ်။ အခုဆို ပိုဆိုးသွားပြီ။ တစ်လတစ်ခါကို လာနေတော့တာ။ နောက်တစ်ခါ သူထပ်လာရင် ငါတောင့်ထားနိုင်ပါဦးမလားတောင် မသေချာတော့ဘူး”

ထိုအကြောင်းကိုပြောနေရင်း ပင်းယွင်က စတင် စိုးရိမ်လာခဲ့လေသည်။

ချီရီနှင့် ထိုသဘောတူညီချက် လုပ်ခဲ့ရခြင်းမှာ သူမတွင် ရွေးစရာမရှိတော့သည့် အတွက်ကြောင့် ဖြစ်ပေသည်။ နှစ်ဦးစလုံးသည် ဧကရာဇ်တတိယအဆင့် ပညာရှင်များ ဖြစ်ကြသည့်အတွက်ကြောင့် သူတို့သာ တိုက်ခိုက်ကြပါက ကောင်းကင်ကျွန်းတစ်ခုလုံး ပျက်စီးသွားရပေလိမ့်မည်။

ထို့အပြင် ပင်းယွင်၌ သူမ၏ တပည့်များ ရှိနေပေးသည်။ တိုက်ပွဲဖြစ်လျှင် ထိုတပည့်များကို မည်သူက ကာကွယ်ပေးမည်နည်း။

ထိုသဘောတူညီချက်သည် သူမအား နှစ်တစ်ရာ အချိန်ဆွဲထားပေးနိုင်ခဲ့လေသည်။ သို့သော် အကြာကြီး အချိန်ဆွဲပေးထားနိုင်လိမ့်မည် မဟုတ်ချေ။

“အဲ့အပြင်ကိုမှ ချီရီက အရမ်း စိတ်ထားသေးသိမ်တယ်။ ငါတို့နှစ်ယောက် အတူရှိနေတာကိုသာ မြင်သွားရင် နင့်ကို ကျိန်းသေ အလွတ်ပေးမှာမဟုတ်ဘူး”

ယခုမှသာ ချီရီ ရောက်လာသည်ကို သတိပြုမိသည်နှင့် ပင်းယွင် ဘာကြောင့် သူ့အား အတင်း ပြေးပုန်းခိုင်းသလဲ ဆိုသည်ကို နားလည်သွားတော့သည်။ ချီရီသည် အလွန်သဝန်တိုတတ်သည့် လူတစ်ဦးဖြစ်သည်။ ရန်ကိုင် ပင်းယွင်နှင့် အတူရှိနေသည်ကိုသာ တွေ့သွားပါက အထင်လွဲမှားသွားနိုင်ပေသည်။

ချီရီသည် ပင်းယွင်၏ နှလုံးသားကို အပိုင်မသိမ်းသေးနိုင်သော်ငြား ပင်းယွင်ကို သူ့အပိုင်အဖြစ် သဘောထားပြီးနေလေပြီ။ ထို့ကြောင့် ပင်းယွင် အခြား ယောကျာ်းများနှင့် ပူးပူးကပ်ကပ် ရှိနေသည်ကို မမြင်ချင်ချေ။ ချီရီသည် အလွန်ကိုမှ အရှက်မဲ့လွန်းလှသည်။ ပင်းယွင်းမှ သူ့ကို မကြိုက်သည့်တိုင် ပင်းယွင်ကို သူနှင့် လက်မထပ်ထပ်အောင် အတင်း တွန်းအားပေးခဲ့သည်။

“အဲ့ကိစ္စနဲ့ ပက်သက်ပြီး စီနီယာ ဘယ်လို စီစဉ်ထားလဲ” ရန်ကိုင်က မေးလိုက်သည်။

“ငါစဉ်စားထားတာတော့ အသွင်တစ်ရာယွမ်ဧကရာဇ်ဆေးလုံး ဖော်စပ်နိုင်တဲ့ ဆေးပညာရှင်တစ်ယောက်ကို လိုက်ရှာပြီး ဆေးဖော်စပ်ခိုင်းဖို့ပဲ” ပင်းယွင်က ပြောလိုက်၏ “ဆေလုံးသာ အလုံအလောက်ရှိရင် ဒီဘုရင်မ ဒီဟင်းလင်းပြင်ကမ္ဘာကြီးထဲကနေ ထွက်သွားလို့ရပြီ။ အဲ့ချီရီဆိုတဲ့ကောင်ကို ဂရုစိုက်နေစရာ မလိုတော့ဘူး”

“ဟင်းလင်းပြင်ကမ္ဘာကြီးထဲက ထွက်သွားဖို့” ရန်ကိုင်၏ ခန္ဓာကိုယ် တုန်တက်သွားခဲ့သည်။ ထို့နောက် တစ်ခုခုအား နားလည်သွားဟန်ဖြင့် အမြန် ပြန်မေးလိုက်လေသည် “စီနီယာက ဒီကနေ ထွက်ပေါက်ကို ရောက်တဲ့အထိ ပျံသန်းသွားဖို့ စဉ်းစားနေတာလား”

ဝင်ပေါက်သည် ကောင်းကင်ကျွန်းမှ အလွန်ဝေးကွာသည့် နေရာတွင် ရှိနေကြောင်း ဆန်းတဲ့ ပြောပြဖူးပေသည်။ ထို့ကြောင့် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး ပင်လျှင် ထွက်ပေါက်ဆီသို့ အားမကုန်ဘဲ ပျံသန်းသွားနိုင်လိမ့်မည်ဟု ယုံကြည်ချက်မရှိချေ။ ထိုသို့ ဖြစ်ရခြင်းမှာ ဤလောကကြီးက ပုံစံကြောင့် လမ်းခရီးတွင် စွမ်းအင် ပြန်ဖြည့်၍ မရသည့် အတွက်ကြောင့် ဖြစ်ပေသည်။

ပင်လယ်ပြင်ပေါ်တွင် ပျံသန်းသွားရန်အတွက် စွမ်းအင် အမြောက်အများလိုအပ်ပေသည်။ လမ်းတစ်ဝက်တွင် စွမ်းအင်ကုန်သွား၍ ပြန်မဖြည့်နိုင်ပါက ပင်လယ်ပြင်ထဲ ပြုတ်ကျပြီး သေသွားရပေလိမ့်မည်။

ပျံသန်းနေစဉ် အတောအတွင်း အနားယူ၍မရသလို အရင်းအမြစ်ကျောက်များကိုလည်း သုံး၍မရချေ။ ဆေးလုံးကိုသာ အသုံးပြု၍ရပေသည်။ ဆေးလုံးများသည်သာ လေထုထဲရှိ အဖျက်စွမ်းအားကို ခုခံနိုင်သည် မဟုတ်ပေလော။

ဆေးလုံးများထဲတွင် အသွင်တစ်ရာဧကရာဇ်ယွမ်ဆေးလုံးသည် အကောင်းဆုံးဆေးလုံး ဖြစ်ပေသည်။

ပင်းယွင် အသွင်တစ်ရာဧကရာဇ်ယွမ်ဆေးလုံးအား ဘာကြောင့် လိုချင်နေသလဲဆိုသည်ကို ယခုမှသာ ရန်ကိုင် နားလည်သွားတော့သည်။

“နင်လည်း ထွက်ပေါက်နေရာကို သိနေတာလား” ပင်းယွင်က ရန်ကိုင်အား အံ့ဩတကြီးဖြင့် ကြည့်လိုက်သည်။

ရန်ကိုင်က ခေါင်းခါလျက် “မသိဘူး။ ကြားပဲကြားဖူးတာ”

“ဘယ်သူ့ဆီကနေ ကြားတာလဲ။ ဒီဘုရင်မ သိသလောက်ဆို ထွက်ပေါက်အကြောင်းကို လူသုံးယောက်ပဲသိတာ။ ငါရယ်၊ ချီရီရယ်... ဟိုပျောက်နေတဲ့ တစ်ယောက်ရယ်”

ရန်ကိုင်က ပြုံးဖြီးလျက် “အဲ့ပျောက်နေတဲ့ တစ်ယောက်က ဆန်းတဲ့ရဲ့ ဆရာပဲ။ လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက...”

ထို့နောက်တွင် ရန်ကိုင်သည် ဆန်းတဲ့နှင့်သွားခဲ့သည့် ခရီးအကြောင်းကို ပြန်ပြောပြလိုက်လေသည်။

ရန်ကိုင် ပြောပြသည်ကို နားထောင်ပြီးနောက် ပင်းယွင်၏ မျက်လုံးလေးများ တောက်ပလာပြီး ရန်ကိုင်ကို စိုက်ကြည့်၍ ပြောလိုက်လေ၏ “ပင်လယ်ဘုရင်လွန်းပျံက နင့်ဆီမှာလား”

“ဟုတ်တယ်။ အဲ့ဒါကြီးကို ဒီမှာထုတ်ဖို့က သိပ်အဆင်မပြေဘူး”

“ဒါကောင်းကင်ရဲ့အလိုလား” ပင်းယွင်သည် မျက်နှာကြက်ပေါ်သို့ မော့ကြည့်ရင်း ရေရွတ်လိုက်လေသည်။ ကောင်းကင်အလိုကြောင့်သာ မဟုတ်ပါက ဟုန်းလော့ကြယ်စီရင်စုထဲမှလာသော သူမနှင့်ရန်ကိုင်တို့ ဘာကြောင့် ဤနေရာတွင် လာဆုံရမည်နည်း။ ရန်ကိုင်ကကော ဤကဲ့သို့ အရေးကြီးသည့် အခြေအနေတွင်မှ ဘာကြောင့်များ ပင်လယ်ဘုရင်လွန်းပျံကို ရခဲ့သနည်း။

စတွေ့စဉ်က ရန်ကိုင်သည် သူမနှင့်ကြယ်စီရင်စုတစ်ခုထဲမှ လာကြောင်း သိလိုက်ရချိန် ပင်းယွင် အတော်လေး ပျော်သွားခဲ့သည်။ ရန်ကိုင်သာ အမျိုးသမီးတစ်ဦးဆိုပါက သူ့အား ရေခဲနှလုံးသားတောင်းကြားထဲသို့ ဝင်ရန် ဖိတ်ခေါ်လိုက်ပေပြီ။

ယခုမူ ရန်ကိုင်သည် သူမအားပို၍ အံ့အားသင့်သွားအောင် လုပ်နေခဲ့လေသည်။ ပင်းယွင်ကဲ့သို့သော တည်ငြိမ်သည့် လူပင်လျှင် စတင်၍ စိတ်လှုပ်ရှားလာခဲ့သည်။

ပင်လယ်ဘုရင်လွန်းပျံ ရှိနေပြီ ဖြစ်သည့်အတွက်ကြောင့် အသွင်တစ်ရာဧကရာဇ်ယွမ် ဆေးလုံးကို မလိုအပ်တော့ချေ။ လွန်းပျံကိုစီး၍ ထွက်ပေါက်သို့ တစ်ခါတည်း တန်းသွားနိုင်ပေသည်။ ထိုနည်းလမ်းသည် ပင်လယ်ပြင်ကို ဖြတ်၍ ပျံသန်းခြင်းထက် အများကြီး ပိုအန္တရာယ်ကင်းပေသည်။ ထို့အပြင် သူ၏ တပည့်များကိုလည်း တစ်ခါတည်း ခေါ်သွားနိုင်ပေသေးသည်။

“ဆန်းတဲ့ဆရာက လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်တုန်းက ရုတ်တရက် ပျောက်သွားတာ။ အဲ့တုန်းက ဘာတွေများဖြစ်သွားတာလဲဆိုပြီး ငါနဲ့ချီရီ သူ့ကို လိုက်ရှာသေးတယ်။ ဘယ်လိုမှကို ရှာလို့မတွေ့ခဲ့ဘူး။ သူသေပြီလို့တောင် ငါတို့ ထင်သွားကြတာ။ အခုလိုမျိုး သူ့ဘာသာတစ်ယောက်တည်းပုန်းပြီး ဒီပင်လယ်ဘုရင်လွန်းပျံကို ဖန်တီးနေလိမ့်မယ်လို့ ငါလုံးဝ မထင်ထားဘူး။ ဒါပေမယ့် သူ့လုပ်ခဲ့တာတွေက သူ့အတွက် အကျိုးမရှိဘဲ အခြားတစ်ယောက်အတွက် အကျိုးရှိသွားတဲ့ပုံပဲ” ပင်းယွင် သက်ပြင်းချလိုက်လေသည်။

ဆန်းတဲ့ဆရာ ပျောက်ကွယ်သွားရသည့် အကြောင်းအရင်းကို ပင်းယွင် သိပေသည်။ ဆန်းတဲ့ဆရာသည် ချီရီမှ သူ့ကိုဖမ်းပြီး ပင်လယ်လွန်းပျံဘုရင်ကဲ့သို့သော မှော်ရတနာ ပြုလုပ်ခိုင်းမည်ကို ကြောက်သည့်အတွက်ကြောင့် ဖြစ်ပေသည်။ အဆုံးတွင် ဆန်းတဲ့ ဆရာသည် ပင်လယ်လွန်းပျံကို ဖန်တီးခဲ့သော်ငြား သူ့ဘာသာ ဖန်တီးရခြင်း၏ ခံစားချက်နှင့် အခြားသူ၏ ဖိအားပေးခြင်း ခံရသည့်အတွက်ကြောင့် လုပ်ရသည့် ခံစားချက်မှာ မတူညီပေ။

တစ်ချိန်တည်းတွင် ရေခဲနှလုံးသားစံအိမ်အနေဖြင့် ဆေးကုန်ကြမ်းများစွာကို စုဆောင်းထားရခြင်းမှာ ပင်းယွင်မှာ အသွင်တစ်ရာဧကရာဇ်ယွမ်ဆေးလုံးကို ဖော်စပ်နိုင်သည့် ဆေးပညာရှင်တစ်ဦးကို ပျိုးထောင်ချင်သည့် အတွက်ကြောင့် ဖြစ်ပေသည်။

လွန်ခဲ့သော နှစ်များအတွင် ပင်းယွင်သည် လိုအပ်သည့် ဆေးပင်များစွာကို စုဆောင်းခဲ့ပေသည်။ သို့သော်ငြား မည်သည့် ဆေးပညာရှင်မှ သူမ၏ သတ်မှတ်ချက်ကို ပြည့်မှီအောင် မလုပ်နိုင်ခဲ့ပေ။ နောက်ဆုံးကို ရန်ကိုင်ကို ရှာတွေ့ပြီး သူ့အပေါ် အကုန်ပုံအောပစ်ရန် ဆုံးဖြတ်လိုက်သည်။ သို့သော်ငြား ယခုမူ ထိုကဲ့သို့ လုပ်စရာ မလိုတော့သည့်ပုံပင်။

ရန်ကိုင်က သူ့ခေါင်းကိုကုတ်၍ “ဂျူနီယာ ရေခဲနှလုံးသားစံအိမ်ကို ရောက်လာရတဲ့ အကြောင်းအရင်းတစ်ခုက ထွက်ပေါက်နေရာကို မေးချင်လို့ပဲ။ ဒါပေမယ့် စီနီယာရဲ့ ခွန်အားက အရမ်းမြင့်တော့ ဂျူနီယာလည်း လာမမေးရဲဘူး ဖြစ်နေတာ”

ပင်းယွင်က ယဲ့ယဲ့လေးပြုံးလျက် “နင်အဲ့လိုမျိုး သတိထားတာ ကောင်းတယ်။ အဲ့ဒါကိုတွေးပြီး စိတ်ပူမနေနဲ့။ သတိဆိုတာ ပိုတယ်မရှိဘူး”

ရန်ကိုင်သည် တာအိုသခင်တတိယအဆင့် ကျင့်ကြံခြင်းသာ ရှိပေသေးသဖြင့် ပင်းယွင်နှင့် ပူးပေါင်းရန်အတွက် သတိထားနေသည်မှာ အထူးအဆန်းမဟုတ်ချေ။

“ကျုပ်မှာ ပင်လယ်ဘုရင်လွန်းပျံရှိတယ်။ စီနီယာက ထွက်ပေါက်ကို သိတယ်ဆိုတော့ အကုန် အဆင်ပြေသွားပြီ။ ကြိုက်တဲ့အချိန် ထထွက်သွားလို့ရပြီ” ရန်ကိုင်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ အကုန်လုံး ဤမျှ ချောချောမွေ့မွေ့ ပြီးမြောက်သွားလိမ့်မည်ဟု မထင်ထားခဲ့ချေ။

“ထွက်သွားဖို့က အဲ့လောက် လွယ်မယ်လို့တော့ ငါမထင်ဘူး” ပင်းယွင် မျက်မှောင်ကြုတ်နေခဲ့သည်။

“ဘာလို့လဲ” ရန်ကိုင် နားမလည်နိုင်ဖြစ်သွား၏။

“ငါကောင်းကင်ကျွန်းက ထွက်သွားတာနဲ့ ချီရီ တန်းသတိထားမိသွားလိမ့်မယ်။ ပြီးတော့ ငါသာ သူနဲ့အဆက်အသွယ်ဖြတ်ဖို့ ကြိုးစားရင်...” ပင်းယွင် စိတ်ဓါတ်ကျချင်လာခဲ့သည်။

သူမသာ ချီရီနဲ့ တိုက်ခိုက်ရခဲ့လျှင် ချီရီကို နိုင်နိုင်လိမ့်မည် မဟုတ်ချေ။

ရန်ကိုင် အတွေးနက်သွားခဲ့လေသည် “စီနီယာ ချီရီကို မနိုင်ရတဲ့အကြောင်းအရင်းက စီနီယာရဲ့ ကျင့်ကြံခြင်းက ချီရီထက် ပိုပြီးမြန်မြန် လျော့ကျလာနေတာကြောင့်လို့ ပြောခဲ့တယ်နော်”

“ဟုတ်တယ်။ ငါတို့နှစ်ယောက်စလုံးသာ အထွဋ်အထိပ်အခြေအနေမှာဆို ငါသူ့ကို မကြောက်ဘူး”

ရန်ကိုင်၏နှုတ်ခမ်း ကွေးတက်သွားခဲ့လေသည် “အဲ့လိုဆိုရင် ကျုပ်သာ စီနီယာရဲ့ အရင်ခွန်အားကို ခဏလေးအတွင်း ပြန်ရအောင် လုပ်ပေးနိုင်တယ်ဆိုရင်ကော...”

ပင်းယွင်၏ ခန္ဓာကိုယ် တုန်တက်သွားခဲ့လေသည် “နင်ဘာလုပ်ချင်နေတာလဲ။ ငါ့အရင် ခွန်အားကိုပြန်ရဖို့ အရင်းအမြစ်တွေ အများကြီးလိုအပ်တာ။ နင့်အခုလက်ရှိ...”

“စီနီယာ ဒါကို ကြည့်ကြည့်လိုက်” ရန်ကိုင်သည် သိုလှောင်လက်စွပ်တစ်ကွင်းကို ထုတ်၍ ပင်းယွင်ဆီသို့ ပစ်ပေးလိုက်လေသည်။

သိုလှောင်လက်စွပ်ကိုယူ၍ ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ပြီးနောက် ပင်းယွင် အလန့်တကြား ပြန်ပြောလေ၏ “ဒီလောက် အရင်းအမြစ်ကျောက် အများကြီးကို နင်ဘယ်ကနေ ရလာတာလဲ”

သိုလှောင်လက်စွပ်ထဲတွင် အဆင့်မြင့် အရင်းအမြစ်ကျောက် ဆယ်သန့်တိတိ ရှိနေခဲ့၏။

သူမအဖို့ ဤမျှများပြားလှသော အရင်းအမြစ်ကျောက်များကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်း မဟုတ်သော်ငြား ဤပမာဏသည် ကောင်းကင်ကျွန်းတစ်ခုလုံးကို ရုတ်ရုတ်သဲသဲ ဖြစ်သွားအောင် လုပ်နိုင်ပေသည်။

ချီရီတွင်ပင်လျှင် ဤမျှများပြားလှသော အရင်းအမြစ်ကျောက်များ မရှိချေ။

“တကယ်တော့ ဂျူနီယာ ဒီဟင်းလင်းပြင်ကမ္ဘာထဲရောက်တာ လပိုင်းလောက်ပဲ ရှိသေးတယ်”

“နင်ဒီကိုရောက်တာ လပိုင်းပဲ ရှိသေးတာလား” ပင်းယွင် ကြောင်သွားခဲ့လေသည်။ ရန်ကိုင် ဤနေရာသို့ ရောက်သည်မှာ လပိုင်းသာ ရှိသေးသော်ငြား ထိလပိုင်းအတွင်း ပင်လယ်ဘုရင်လွန်းပျံကို ရအောင် ယူနိုင်ခဲ့သည်။ ထိုအရာသည် ချီရီ နှစ်ပေါင်းများစွာ ကြိုးစား၍ မရခဲ့သည့် အရာတစ်ခု ဖြစ်ပေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၃၉၉)

ရန်ကိုင် ဤနေရာသို့ ရောက်လာသည်မှာ လပိုင်းသာရှိသေးသော်ငြား ထိုအချိန်လေးအတွင်း ပင်လယ်ဘုရင်လွန်းပျံကို ရအောင်ယူနိုင်ခဲ့သလို ပင်းယွင် လိုအပ်နေသည့် အရင်းအမြစ်ကျောက်များကိုလည်း လာပေးခဲ့သည်။ မသိလျှင် ရန်ကိုင်မှ သူ့မအား လာကယ်သလားဟုပင် ထင်ရလေသည်။

ဤသည်မှာ ကောင်းကင်အလို ဖြစ်နိုင်၏။

ပင်းယွင်သည် သိုလှောင်လက်စွပ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။ ထိတ်လန့်နေရာမှ အသိပြန်ဝင်လာပြီးသည့်နောက်တွင် မေးလိုက်လေ၏ “ဒီလောက် အရင်းအမြစ်ကျောက် အများကြီး ငါ့ကို ပေးလို့ အဆင်ပြေပါ့မလား။ တစ်ဝက်လောက် ဆိုရင်တောင် ငါ့အတွက်...”

သူမစကားကို ဆုံးအောင် မပြောရသေးခင်မှာပင် ရန်ကိုင်က သူ့လက်ကို ဝှေ့ရမ်း၍ ပြုံးကာ ပြောလိုက်လေသည် “စိတ်ပူမနေနဲ့ စီနီယာ... ကျုပ်မှာ အရင်းအမြစ်ကျောက်တွေ အများကြီး ကျန်သေးတယ်”

အခြားတာအိုသခင်တတိယအဆင့် ကျင့်ကြံသူတစ်ဦးသာ ဆိုလျှင်တော့ ဤမျှ အရင်းအမြစ်ကျောက်အများကြီးကို ထုတ်ပေးနိုင်လိမ့်မည် မဟုတ်ချေ။ သို့သော်ငြား ရန်ကိုင်ကတော့ မတူတော့ချေ။ ရန်ကိုင်တွင် အရင်းအမြစ်ကျောက်များစွာ ရှိနေပေသည်။ ယောင်ချန်ကျွင်းကို အနိုင်ယူပြီးသည့်နောက်တွင် သူ့တွင် ရှိနေသော အရင်းအမြစ်ကျောက် ပမာဏ ပိုမို များပြားလာခဲ့ရသည်။ ဆန်းတဲ့ကို သတ်ပြီးနောက် ထိုပမာဏမှာ ပို၍ပင် များပြားလာခဲ့လေသည်။

ထို့ကြောင့် အဆင့်မြင့် အရင်းအမြစ်ကျောက် ဆယ်သန်းလောက်ကိုတော့ ရန်ကိုင် မမှုချေ။

ရန်ကိုင်၏စကားကိုကြားသော် ပင်းယွင်လည်း ရန်ကိုင်၏ ကမ်းလှမ်းချက်ကို ဆက်ငြင်းမနေတော့ဘဲ ခေါင်းညိတ်၍သာ ပြောလိုက်လေသည် “ငါ့ကို အချိန်ငါးရက်ပေး။ ငါးရက်ကြာရင် စထွက်ကြမယ်။ ပြီးတော့ ဒီကနေ ဘယ်လို ထွက်သွားမလဲဆိုတာကို စီစဉ်ဖို့လည်း လိုသေးတယ်”

ကောင်းကင်ကျွန်းမှ အမြန် ထွက်သွားချင်သော်ငြား လော၍မရကြောင်း ပင်းယွင် သိနေသည်။ ထို့အပြင် ရန်ကိုင်တို့နှင့်လည်း အတူ ထွက်သွား၍မရချေ။ ချီရီသာ ထိုအကြောင်းကို ကြားပါက နည်းလမ်းမျိုးစုံသုံး၍ သူတို့အား ဟန့်တားပေလိမ့်မည်။

“ကောင်းပြီလေ။ အဲ့လိုဆိုမှတော့ အဲ့အချိန်အတွင်း လိုအပ်တာတွေ ပြင်ဆင်ထားရတာပေါ့” ရန်ကိုင်က ခေါင်းညိတ်လိုက်လေသည် “စီနီယာမှာ အသွင်တစ်ရာဧကရာဇ်ယွမ်ဆေးလုံးဖော်ဖို့ ဆေးအမယ် ဘယ်လောက်လောက် ရှိလဲ။ ကျုပ်စီနီယာအတွက် လိုရမယ်ရ ဖော်စပ်ထားမလို့”

ရန်ကိုင် ကြောင်သွားလေသည် “နင်အသွင်တစ်ရာဧကရာဇ်ယွမ်ဆေးလုံးကို ဖော်စပ်နိုင်တာလား။ အဲ့ဒါက ဧကရာဇ်အဆင့် ဆေးလုံးလေ”

ရန်ကိုင်က ယဲ့ယဲ့လေးရယ်မောလျက် “တကယ်တော့ ဂျူနီယာ စီနီယာကို လိမ်ထားခဲ့တာ။ ဂျူနီယာက တာအိုသခင်အလယ်အလတ်အဆင့် ဆေးပညာရှင် မဟုတ်ဘူး။ ဧကရာဇ်အဆင့် ဆေးပညာရှင်တစ်ဦးပဲ”

အစကတော့ ပင်းယွင်ဘာကြောင့် ဆေးပညာရှင်တစ်ဦး ရှာနေမှန်း မသိသလို ပင်းယွင် မည်သူလဲ ဆိုသည်ကိုလည်း မသိသည့်အတွက်ကြောင့် သူ့ဆေးစွမ်းရည်ကို ဖုံးကွယ်ထားခဲ့သည်။ ယခု တစ်ယောက်အကြောင်း တစ်ယောက် သိသွားပြီ ဖြစ်သည့် အတွက်ကြောင့် ရန်ကိုင် အနေဖြင့် သူ့ဆေးစွမ်းရည်ကို ဆက်၍ ဖုံးကွယ်ထားစရာ မလိုတော့ချေ။

“ဧကရာဇ်အဆင့် ဆေးပညာရှင်လား” ပင်းယွင်၏ မျက်လုံးများ တောက်ပသွားပြီး အံ့ဩတကြီးဖြင့် ပြန်မေးလိုက်လေသည် “နင်တကယ် ပြောနေတာလား”

ရန်ကိုင်သည် အသက်ငယ်ငယ်လေးသာ ရှိသေးသော်ငြား သူ့ကျင့်ကြံခြင်းမှာ အတော်လေး မြင့်နေခဲ့လေပြီ။ ထို့ကြောင့် ရန်ကိုင်သည် ဧကရာဇ်အဆင့် ဆေးပညာရှင် တစ်ဦးပါ ဖြစ်နေလိမ့်မည်ဟု ပင်းယွင် မျှော်လင့်ထားခြင်းမရှိချေ။

ကြယ်တာရာအစုအဝေး တစ်ခုလုံးကို ထည့်စဉ်းစားလျှင်ပင် ဧကရာဇ်အဆင့် ဆေးပညာရှင်များစွာကို ရှာတွေ့နိုင်လိမ့်မည် မဟုတ်ချေ။ ဧကရာဇ်အဆင့် ဆေးပညာရှင် အရေအတွက်မှာ ဧကရာဇ်အဆင့် ကျင့်ကြံသူများထက်ပင် ပိုနည်းကာ လူအများ၏ လေးစားခြင်းကိုလည်း ခံကြရလေသည်။ ရန်ကိုင်သာ သူသည် ဧကရာဇ်အဆင့် ဆေးပညာရှင်တစ်ဦး ဖြစ်သည်ဟူသော အချက်ကို ထုတ်ပြလိုက်ပါက ထိပ်တန်အဆင့် ဂိုဏ်းများအားလုံး သူ့အား ရရန်အလို့ငှာ အသည်းအသန် တိုက်ခိုက်ကြပေလိမ့်မည်။

ရန်ကိုင်ကိုကြည့်ရင်း ပင်းယွင်၏ မျက်လုံးထဲ နောင်တရိပ်တို့ ဖြတ်ပြေးသွားခဲ့သည်။

“ဘာဖြစ်လို့လဲ စီနီယာ” ပင်းယွင်၏ စိတ်အခြေအနေ ပြောင်းလဲသွားသည်ကို မြင်သော် ရန်ကိုင်က မေးလိုက်လေသည်။

ပင်းယွင်က နှုတ်ခမ်းကိုကွေးလျက် ပြောလိုက်လေသည် “ငါတွေးနေတာ... နင်သာ မိန်းကလေး ဖြစ်ရင် ဘယ်လောက်ကောင်းမလဲလို့... အဲ့ဒါသာဆို ငါနင့်ကို တပည့်အဖြစ် လက်ခံလိုက်မှာ။ ဒါပေမယ့် ရေခဲနှလုံးသားတောင်ကြားက ယောကျာ်းလေး တပည့်တွေကို ဘယ်တော့မှ လက်မခံဘူး”

ရန်ကိုင်က ခေါင်းကိုကုတ်လျက် “အခုလိုစဉ်းစားပေးတဲ့အတွက် စီနီယာကို ကျေးဇူးအများကြီး တင်ပါတယ်”

“အသွင်တစ်ရာဧကရာဇ်ယွမ်ဆေးလုံးကို ဖော်စပ်ဖို့လိုအပ်တဲ့ ဆေးအမယ်တွေက ရှာရတာ အရမ်းခက်တယ်။ ဒီလောက် နှစ်တွေအကြာကြီး လိုက်ရှာထားတာတောင် အခုမှ ဆယ်စုံစာပဲ ရသေးတယ်။ ဒီဆယ်စုံစာစလုံးကို နင့်ဆီ ပေးလိုက်မယ်” ထိုသို့ ပြောပြီးနောက်တွင် ပင်းယွင်သည် ဆေးပင်အချို့ကိုထုတ်၍ ရန်ကိုင်အား ပေးလိုက်လေသည်။

ယခင်အခါက ထိုဆေးပင်များသည် သူမအား ဤနေရာမှ ထွက်သွားနိုင်အောင် ကူညီပေးနိုင်မည့် မျှော်လင့်ချက်တစ်ခု ဖြစ်ခဲ့သည်။ သို့သော်ငြား ရန်ကိုင် ပေးလာသည့် အရင်းအမြစ်ကျောက်များကို ရပြီးနောက်တွင် ထိုဆေးပင်များကို မလိုအပ်တော့ချေ။ အသွင်တစ်ရာဧကရာဇ်ယွမ်းဆေးလုံးရှိရှိမရှိရှိ ဤနေရာမှ ထွက်သွားမည့် သူမ၏ အစီအစဉ်ကို မည်သူမှ မတားဆီးနိုင်တော့ပေ။

ပင်းယွင်၏ အခန်းထဲမှ ထွက်လာပြီးနောက်တွင် ရန်ကိုင်သည် အသွင်တစ်ရာဧကရာဇ်ယွမ် ဆေးလုံးကို ချက်ချင်း ဖော်စပ်တော့လေသည်။

ရန်ကိုင်သည် ဧကရာဇ်အဆင့်ဆေးလုံးများစွာကို မဖော်စပ်ဖူးသော်ငြား ထပ်တလဲလဲသာ လေ့ကျင့်နေပါက ကျွမ်းကျင်သွားလိမ့်မည် ဆိုသည့်အတိုင်း နှစ်ကြိမ်တိတိ မအောင်မြင်ပြီးနောက် တတိယအကြိမ်တွင် အသွင်တစ်ရာဧကရာဇ်ယွမ်ဆေးလုံးကို အောင်မြင်စွာ ဖော်စပ်သွားနိုင်ခဲ့လေသည်။

သုံးရက်ကြာပြီးနောက် ဆေးအမယ်ရှစ်စုံစာကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့၏။ အစပိုင်း ဖော်စပ်ခဲ့သည့် ဆေးလုံးများမှာ အရည်အသွေး နိမ့်သော်ငြား နောက်ပိုင်း ဆေးလုံးများမှာတော့ အတော်လေးကို ကောင်းရုံမက အချို့ဆိုလျှင် အတော့်ကိုပင် အရည်အသွေးမြင့်ပေသည်။

ဆေးအမယ်ရှစ်စုံစာမှ ဆေးလုံးအများကြီး မရခဲ့သော်ငြား ရသလောက်သည် လက်ရှိ အခြေအနေအတွက် လုံလောက်ပေသည်။

ချိန်ဆိုထားသည့်ရက်သို့ ရောက်ရန် နှစ်ရက်လိုပေသေးသည်။ ထို့ကြောင့် ရန်ကိုင်သည် အချိန်ဖြုန်းမနေဘဲ လျို့ရှန်းယွင်အား ရေခဲနှလုံးသားစံအိမ်ထဲတွင်သာနေပြီး လျှောက်မသွားရန် ပြောပြီးနောက် အပြင်သို့ ထွက်လာခဲ့လေသည်။

မကြာမီတွင် ရန်ကိုင်သည် သာမန် အိမ်တစ်လုံးရှေ့သို့ ရောက်လာခဲ့လေသည်။ သူရောက်နေကြောင်း လှမ်းအော်ပြောလိုက်ပြီးနောက်တွင် အိမ်ပတ်လည်ရှိ အကာအရံ ပွင့်သွားခဲ့ပြီး လင်းယင်ချင်း ထွက်လာခဲ့လေသည်။ ထို့နောက် ရန်ကိုင်အား အိမ်ထဲသို့ ခေါ်လိုက်လေ၏ “အထဲဝင်လာခဲ့လေ”

ရန်ကိုင်လည်း ခေါင်းညိတ်၍ အထဲသို့ ဝင်သွားလိုက်၏။

ဤအိမ်သည် ရန်ကိုင် ငှားခဲ့သည့် အိမ်နှင့် အရွယ်အစား အတူတူပင်။ အခန်း အရေအတွက်ပင်လျှင် တူနေခဲ့သည်။

လင်းယင်ချင်းသည် ရန်ကိုင်အား ရေနွေးကြမ်းတစ်ခွက် ငှဲ့ပေးလိုက်ပြီးနောက် မေးလိုက်လေ၏ “လွန်ခဲ့တဲ့ရက်ပိုင်းတုန်းက ဘာတွေဖြစ်ခဲ့တာလဲ။ နင့်အိမ်ကနေ တိုက်ခိုက်သံတွေကြားလို့ သွားစစ်ဆေးကြည့်တာ နင့်အိမ်တစ်ခုလုံး မွစာကြဲနေတာကိုပဲ တွေ့ရတယ်။ နင်နဲ့လျို့ရှန်းယွင်တို့ နှစ်ယောက်ကို ဘယ်မှာမှ မတွေ့ရဘူး”

“ကိုယ့်ဘာသာ အငြိမ်နေချင်ရင်တောင် ပြဿနာတွေက အငြိမ်မနေကြဘူးလေ။ နောက်ဆုံး အဲ့ကနေ ထွက်ပြေးလာလိုက်ရတယ်” ရန်ကိုင်က ပြုံးဖြီးလျက် ပြန်ပြောလိုက်လေ၏။

လင်းယင်ချင်း မျက်မှောင်ကြုတ်သွားခဲ့လေ၏ “အခြားလူတွေပြောတာ ကြားတာတော့ အဲ့နေ့တုန်းက အိမ်ထဲမှာတိုက်ခိုက်ကြတဲ့ လူတွေထဲမှာ ဧကရာဇ်အဆင့် ပညာရှင် တစ်ယောက် ပါတယ်တဲ့။ နင်အဲ့ဧကရာဇ်အဆင့် ပညာရှင်နဲ့ တိုက်ခိုက်ခဲ့တာလား” ထို့နောက် သူမ၏ အမူအရာ မဆိုသလောက်ကလေး ပြောင်းလဲသွားပြီး “နေပါဦး၊ နင့်ကို ပြဿနာလာရှာတာ တိမ်တိုက်စံအိမ်သခင်တော့ မဟုတ်ပါဘူးနော်”

တိမ်တိုက်စံအိမ် အဖွဲ့သားများ ပင်လယ်ပြင်ထဲ သေဆုံးသွားသည့် ကိစ္စ ပေါ်သွားပြီဟု လင်းယင်ချင်း ထင်နေခြင်း ဖြစ်ပေသည်။

“သူမဟုတ်ဘူး။ အခြားတစ်ယောက်” ရန်ကိုင်က ခေါင်းခါလိုက်၏ “ဘာပဲဖြစ်ဖြစ် အဲ့ကိစ္စက ပြီးသွားပြီဆိုတော့ ဘာမှ စိတ်ပူနေစရာ မလိုတော့ဘူး။ အခု ကျုပ်ဒီကိုလာတာ ခင်ဗျားကို မေးချင်တာလေးအချို့ရှိလို့”

“ငါဘာကူညီပေးရမှာလဲ”

လင်းယင်ချင်းသည် မေးပင်မမေးတော့ဘဲ သူမ မည်ကဲ့သို့ ကူညီပေးရမလဲဟု တန်းမေးလာခဲ့လေသည်။ တကယ်ကို အားကိုးရသည့် မိတ်ဆွေတစ်ဦးပင်။

ရန်ကိုင်အမူအရာ တည်ကြည်လေးနက်သွားလေ၏ “စီနီယာအစ်မလင်း၊ ခင်ဗျား ဒီဟင်းလင်းပြင်ကမ္ဘာကြီးထဲကနေ ထွက်သွားချင်လား”

“ဒီနေရာက ထွက်သွားဖို့” လင်းယင်ချင်း ကြောင်သွားခဲ့လေသည်။ တစ်ခဏကြာမျှ အတွေးနက်နေပြီးနောက်တွင် ခါးသက်စွာပြုံးလျက် ခေါင်းတခါခါနှင့် ပြန်ပြောလေ၏ “ထွက်သွားချင်တာပေါ့။ ရှင်းရှင်းပြောရရင် ငါတင်မဟုတ်ဘူး။ ဒီမှာ နေနေတဲ့လူ အကုန်လုံး ဒီကနေ ထွက်သွားချင်တယ်။ ဒါပေမယ့် မြို့သခင်တောင် ပိတ်မိနေတာ၊ အခြားသူတွေက ဘယ်လိုလုပ်ပြီး ထွက်သွားနိုင်မှာလဲ”

“ကျုပ်မေးတာကိုပဲဖြေ၊ ခင်ဗျား ထွက်သွားချင်လား” ရန်ကိုင်က မေးလိုက်ပြန်၏။

“ငါစိတ်ထဲပေါ်လာတာကို အရင်ပြောမယ်” လင်းယင်ချင်းသည် တစ်ခုခုကို စဉ်းစားမိသွားခဲ့ပြီး ရန်ကိုင်အား အံ့အားသင့်တကြီးဖြင့်ကြည့်၍ “နင်ဘာလို့ ငါ့ကို ဒါလာမေးနေတာလဲ။ ပြီးတော့ နင်ဘာလုပ်ချင်နေတာလဲ”

ရန်ကိုင်က အလေးအနက် အမူအရာဖြင့် “ဒီနေရာကနေ ဘယ်လိုထွက်သွားရမလဲ ဆိုတာကို ကျုပ်သိတယ်လို့ပြောရင် ခင်ဗျား ယုံမှာလား”

“နင်သိတာလား” လင်းယင်ချင်းသည် ရန်ကိုင်အား မယုံကြည်နိုင်ဟန်ဖြင့် ကြည့်လိုက်လေသည်။

သူမသည် ရန်ကိုင်နှင့် လျို့ရှန်းယွင်တို့ ဤနေရာသို့ ရောက်ပြီးပြီးချင်း ပထမဆုံး တွေ့ခဲ့သည့်လူ ဖြစ်သည့်အတွက်ကြောင့် သူတို့နှစ်ယောက် ဤနေရာသို့ ရောက်သည်မှာ မကြာသေးမှန်း သူမ သိပေသည်။

ဤနေရာသို့ ရောက်သည်မှာ မကြာသေးသည့် အခြားလူတစ်ဦးသည်သာ သူမအား ဤကဲ့သို့ လာပြောပါက လင်းယင်ချင်း ယုံလိမ့်မည် မဟုတ်ချေ။ ဤနေရာမှ ထွက်သွားရန် အလွန်လွယ်နေပါက ဧကရာဇ်တတိယအဆင့် ပညာရှင်များ ဤနေရာတွင် ပိတ်မိနေလိမ့်မည် မဟုတ်ချေ။

တစ်ခဏအကြာတွင် လင်းယင်ချင်းက မျက်မှောင်ကြုတ်၍ ပြန်မေးလိုက်လေသည် “နင်အလိမ်ခံလာရတာလား။ ဒီကျွန်းတစ်ခုလုံးက လူလိမ်လူညာတွေနဲ့ ပြည့်နေတာနော်။ ဒီကနေ ထွက်သွားလို့ရတဲ့ နည်းလမ်း သူတို့မှာ ရှိတယ်လို့ ပင်လယ်ထဲကို ညာခေါ်ပြီး ဓါးပြတိုက်လူသတ်နေတဲ့လူတွေ နည်းတာ မဟုတ်ဘူး။ နင်သတိထားသင့်တယ်”

သူမစကားကိုကြားသော် ရန်ကိုင် မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့လေသည် “ဘယ်သူမှ ကျုပ်ကို လိမ်တာမဟုတ်ဘူး။ ကျုပ်ဘာသာသိတာ။ ဒီနေက ထွက်သွားနိုင်ဖို့ ရှစ်ဆယ်ရာခိုင်နှုန်း သေချာတယ်”

“ရှစ်ဆယ်ရာခိုင်နှုန်း” လင်းယင်ချင်း၏ ခန္ဓာကိုယ် တုန်တက်သွားပြီး မျက်လုံးကြီး ပြူးသွားခဲ့လေသည်။

သူတို့နှစ်ဦးမှာ အကြိမ်အနည်းငယ်သာ တွေ့ဖူးသဖြင့် ရန်ကိုင်အကြောင်း သူမ သိပ်မသိချေ။ ထို့ကြောင့် ရန်ကိုင်အား အရမ်းကြီး မယုံရဲခဲ့။

ရန်ကိုင်က ဆက်ပြောလိုက်လေသည် “ကျုပ်ဂျူနီယာညီမနဲ့ကျုပ် ဒီကိုရောက်တာ သိပ်မကြာသေးပေမယ့် ခင်ဗျားတို့ အဖွဲ့သားတွေက ကျုပ်တို့ကို အတော်လေး ကူညီပေးခဲ့တာဆိုတော့ ကျုပ်တို့ထွက်သွားရင် ခင်ဗျားတို့ကိုပါ တစ်ခါတည်း ခေါ်သွားမလားလို့ စဉ်းစားနေတာ”

သူမ ငှားပေးလိုက်သည့် သန့်စင်ရေးအစီအရင် အဆင့်မြင့်မြင့်မမြင့်မြင့်၊ သူမ ငှားပေးလိုက်သည် ဟူသော အချက်ကပင် လင်းယင်ချင်းသည် စိတ်ထားကောင်းမွန်သည့် လူတစ်ဦး ဖြစ်သည်ဆိုသောအချက်က်ို ပြသနေခဲ့လေသည်။ နောက်ဆုံး သူ့ကြောင့် ထိုအစီအရင် ထိခိုက်သွားသည့် အချိန်တွင်ပင် ရန်ကိုင်အား အပြစ်မတင်ခဲ့ချေ။ ထို့ကြောင့် သူထွက်သွားသည့်အခါ သူမတို့ တစ်ဖွဲ့လုံးကိုပါ ခေါ်သွားချင်မိလေသည်။

“အစ်မလင်း မယုံသင်္ကာ ဖြစ်နေတာ မထူးဆန်းဘူး။ ခင်ဗျားနေရာမှာ ကျုပ်သာ ဆိုရင်လည်း ယုံမှာမဟုတ်ဘူး။ ဒါပေမယ့် ဒီတစ်ကြိမ်တော့ ခင်ဗျားသာ ကျုပ်ကို ယုံမယ်ဆိုရင် ခင်ဗျား စိတ်မပျက်စေရဘူးလို့ ကျုပ်အာမခံတယ်။ ပြီးတော့ ကျုပ်တို့က လာမယ့်နှစ်ရက်အတွင်း သွားတော့မှာ” ထိုသို့ ပြောပြီးနောက် ရန်ကိုင် ထရပ်လိုက်၏။

ရန်ကိုင်သည် လင်းယင်ချင်းကို ဖိတ်ခေါ်ရန်အတွက်သာ လာခဲ့ခြင်းဖြစ်သည်။ သဘောတူမတူကတော့ သူမ၏ ဆုံးဖြတ်ချက်သာ ဖြစ်လေသည်။ သူမ မလုပ်ချင်သည့် အရာတစ်ခုကို သူ့ဘက်မှ အတင်းလုပ်ယူ၍မှ မရလေဘဲ။

လင်းယင်ချင်းမှာတော့ ရန်ကိုင် ထွက်သွားသည်ကိုပင် သတိမထားမိခဲ့ချေ။ ရန်ကိုင်၏ စကားကိုကြာပြီးနောက် လင်းယင်ချင်း အတွေးထဲ နစ်မြောသွားခဲ့သည်။ ရန်ကိုင် လိမ်နေခြင်း မဟုတ်ဟု သူမ၏ မသိစိတ်က ပြောနေပါသော်ငြား ရန်ကိုင်ကို သိသည်မှာ မကြာသေးသည့်အတွက်ကြောင့် သူမစိတ်ထဲ သဘောတူရမလား၊ မရဘဲနေရမလား ဆိုသည်နှင့် ပက်သက်၍ လွန်ဆွဲနေမိလေသည်။

လင်းယင်ချင်းသာ ရန်ကိုင်၏စကားကို မျက်ကန်းတစ်ယောက်နှယ် ယုံချလိုက်မည် ဆိုပါက သူမနှင့် သူမအဖွဲ့သားများ၏ အသက်ကို ရန်ကိုင်၏လက်ထဲ ပုံအပ်ပေးလိုက်သလို ဖြစ်သွားပေလိမ့်မည်။

သေချာထိုင်စဉ်းစားနေပြီးနောက် ဤကိစ္စအပေါ် အခြားသူများ မည်ကဲ့သို့ ပြောမလဲ ဆိုသည်ကို နားထောင်ကြည့်ရန်သာ ဆုံးဖြတ်လိုက်လေသည်။ ထို့နောက် ဆက်သွယ်ရေး ဓါတ်လုံးကိုထုတ်၍ သူမ၏ အဖွဲ့သားများကို ဆက်သွယ်လိုက်လေ၏။

နှစ်ရက်ဆိုသော အချိန်ကာလမှာ တစ်ခဏအတွင်း ကုန်ဆုံးသွားခဲ့လေသည်။

မနက်စောစောအချိန်တွင် ရန်ကိုင်သည် အမျိုးသမီးတစ်စုနှင့်အတူ သင်္ဘောဆိပ်သို့ ရောက်လာခဲ့လေသည်။

ထိုလူများထဲ လျို့ရှန်းယွင်၊ ဖန်ရှင်းနှင့်တကွ ရေခဲနှလုံးသားစံအိမ်မှ အခြားတပည့်များ ပါပေသည်။ ပင်းယွင်သည် သွားစရာလာစရာနေရာမရှိသော မိန်းကလေးအချို့ကို ခေါ်ထားသဖြင့် ရေခဲနှလုံးသားစံအိမ်ရှိ တပည့်များ၏ ကျင့်ကြံခြင်းမှာ အတော်လေးကို ကွဲပြားကြပေသည်။

“ဆေးပညာရှင်ရန်၊ ဒီခရီးကို ရှင်က ဦးဆောင်လိမ့်မယ်လို့ ဆရာက ပြောတယ်။ အခု ကျွန်မတို့ ဘာရမလဲ” ဖန်ရှင်းက စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

မနေ့ညက ပင်းယွင်သည့် တပည့်အားလုံးကို စုဝေးခဲ့သည်။ ထို့နောက် မနက်ဖြန်တွင် ပင်လယ်ထဲသို့ ထွက်မည်ဖြစ်သည့်အတွက်ကြောင့် အထုပ်အပိုး ပြင်ထားရန် ပြောခဲ့လေသည်။ ပင်လယ်ထဲသို့ သွားမည့်ခရီးကို ရန်ကိုင်က ဦးဆောင်လိမ့်မည်ဟုလည်း ပြောခဲ့သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၄၀၀)

သူမ၏ဆရာ ဤကဲ့သို့သော အမိန့်မျိုး ကို ဘာကြောင့် ပေးသလဲ ဖန်ရှင်း နားမလည်နိုင်။ ရေခဲနှလုံးသားစံအိမ်၏ မည်သည့်တပည့်မှ ပင်လယ်ပြင်ထဲသို့ သွားစရာ မလိုခဲ့။ သွားလည်း မသွားခဲ့ဖူးပေ။

သူမ ပို၍ အံ့အားသင့်သွားရသည်မှာ သူမ၏ဆရာသည် ရန်ကိုင့်အား ခေါင်းဆောင်အဖြစ် ခန့်ထားခြင်းပင်။ ရန်ကိုင်၏ အမိန့်တိုင်းကို လိုက်နာရန် သူမတို့အား အမိန့်ပေးထားခဲ့လေသည်။

ရန်ကိုင် ရေခဲနှလုံးသားစံအိမ်သို့ ရောက်သည်မှာ မကြာသေးချေ။ သို့သော်ငြား သူမ၏ဆရာမှာမူ ရန်ကိုင့်အား အပြည့်အဝ ယုံကြည်ထားခဲ့သည်။ ရေခဲနှလုံးသားစံအိမ်၏ တပည့်အားလုံးကို ရန်ကိုင့်လက်ထဲသို့ အပ်ထားသည်အထိပင်။ သူမ၏ဆရာ ရန်ကိုင့်အား ဘာကြောင့် ဤမျှ ကောင်းမွန်စွာ ဆက်ဆံနေရသလဲ ဆိုသည်ကို ဖန်ရှင်း နားမလည်နိုင်အောင် ဖြစ်နေခဲ့လေသည်။ ရန်ကိုင်သည် မည်ကဲ့သို့သော အလုပ်ကို လုပ်ခဲ့၍များ သူမ၏ဆရာသည် ရန်ကိုင့်အား ဤမျှ အထူးတန်ဖိုးထားနေရလေသနည်း။

သူမစိတ်ထဲ သံသယတို့ ရှိနေသည့်တိုင် သူမဆရာ၏အမိန့်ကို မနာခံပဲ မနေရဲခဲ့ပေ။

“ကျုပ်တို့ ဒီမှာ ခဏစောင့်ကြတာပေါ့…” ရန်ကိုင်သည် မြို့ဂိတ်ပေါက်ကို လှမ်းကြည့်ရင်း ပြောလိုက်လေသည်။

“အင်း…” ဖန်ရှင်းလည်း ဘာမှပြန်မမေးခဲ့ဘဲ ခေါင်းညိတ်၍သာ နေရာတစ်ခုရှာ၍ ရပ်နေလိုက်လေသည်။

မကြာမီ မြို့ဂိတ်ပေါက်ဆီသို့ ရန်ကိုင် ရင်းနှီးနေသည့် လူများစွာ ရောက်လာခဲ့လေသည်။ ထိုလူများကိုမြင်သော် ရန်ကိုင်ပြုံးဖြီးသွားခဲ့လေသည်။

“အစ်မလင်း…” ရန်ကိုင် မည်သူ့အား စောင့်နေသလဲ ဆိုသည်ကို ယခုမှသာလျှင် လျို့ရှန်းယွင် နားလည်သွားတော့လေသည်။ ထိုလူများကို မြင်လိုက်သည်နှင့် လျို့ရှန်းယွင်သည် အလျင်စလို သွားနှုတ်ဆက်လိုက်လေသည်။

အပြန်အလှန် နှုတ်ဆက်ပြီးသည့်နောက်တွင် လင်းယင်ချင်းသည် ရန်ကိုင့်ရှေ့သို့ ရောက်လာခဲ့သည်။ ထို့နောက် အလေးအနက်အမူအယာဖြင့် “စီနီယာအစ်ကိုရန်… ကျွန်မတို့ လိုက်ဖို့ ဆုံးဖြတ်လိုက်ပြီ…”

“ကောင်းတယ်…” ရန်ကိုင်က ပြုံးကာ ခေါင်းညိတ်လျက် ပြောလိုက်လေသည်။ “ခင်ဗျားတို့ နောင်တရမှာမဟုတ်ဘူး…”

ထို့နောက် ရောက်လာသည့်လူများကို ဝေ့ကြည့်လိုက်လေသည်။ လင်းယင်ချင်း၏အဖွဲ့သားတစ်ဝက် မရှိတတ်ရှိတတ်လောက်သာ ဤနေရာတွင် ရောက်နေကြောင်း တွေ့လိုက်ရလေသည်။ ကျန်သည့် လက်ကျန်အဖွဲ့သားများကိုတော့ မည်သည့်နေရာတွင်မှ မတွေ့ရချေ။ လင်းယင်ချင်း၏ ဂုဏ်သတင်းနှင့်ပင်လျှင် ထိုလူများကို ရန်ကိုင့်အပေါ် ယုံကြည်လာအောင် မလုပ်နိုင်ခဲ့ပေ။

ကျောင်းရီသည် လင်းယင်ချင်ဆီသို့ လျှောက်လာရင်း ရန်ကိုင့်အား မျက်စိတစ်ဖက် မှိတ်ပြလိုက်၏။ “ရောင်းရင်းရန်… ငါတို့အသက်တွေကို မင်းလက်ထဲ အပ်ထားလိုက်ပြီနော်…”

ရန်ကိုင်က ခေါင်းညိတ်လျက် “နောက် ရက်နည်းနည်းလောက်ကြာရင် ခင်ဗျားတို့သိရလိမ့်မယ်… အခုတော့ သင်္ဘောပေါ် အရင်တက်ကြတာပေါ့…”

သင်္ဘောဆိပ်တစ်ခုလုံးမှာ လူများစွာ၊ သင်္ဘောများစွာဖြင့် ပြည့်နေခဲ့လေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်တို့အဖွဲ့တစ်ဖွဲ့ သင်္ဘောပေါ်သို့တက်ကာ ပင်လယ်ထဲသို့ ထွက်သွားသည်ကို မည်သူမျှ ဂရုမစိုက်ကြပေ။

ခဏမျှကြာပြီးသည့်နောက်တွင် သူတို့၏သင်္ဘောသည် ကောင်းကင်ကျွန်းဆီမှ ဝေးသထက်ဝေးသည့် နေရာသို့ ရောက်လာခဲ့လေသည်။

ရေခဲနှလုံးသားစံအိမ်မှ တပည့်များသည် ပင်လယ်ပြင်အကြောင်း ဘာမှမသိကြသော်ငြား လင်းယင်ချင်းတို့အဖွဲ့ကမူ ထိုကဲ့သို့ မဟုတ်ချေ။ သူတို့သည် ပင်လယ်ပြင်ထဲ ခေါက်တုံ့ခေါက်ပြန် သွားလာနေသော ဝါရင့်ပညာရှင်များ ဖြစ်ကြပေသည်။ ရန်ကိုင်တို့၏ သင်္ဘောသည် ပင်လယ်ပြင်ထဲ ချောချောမွေ့မွေ့နှင့် ရွက်လွင့်နေခဲ့လေသည်။

တစ်ရက်ကြာပြီးသည့်နောက်တွင် ရန်ကိုင်တို့၏သင်္ဘောသည် ကောင်းကင်ကျွန်းမှ မိုင်သောင်းဂဏန်းခန့် ဝေးကွာသည့် နေရာသို့ ရောက်လာခဲ့လေသည်။

သင်္ဘောကုန်းပတ်ပေါ်တွင် ရှိနေသော ဖန်ရှင်းက စိုးရိမ်နေသည့် အမူအယာဖြင့် ရန်ကိုင့်အား ကြည့်ကာ မေးလိုက်လေသည်။ “ဆေးပညာရှင်ရန်… ဆရာရော… သူဘာလို့ ရောက်မလာသေးတာလဲ…”

ရန်ကိုင်က ပြုံးလျက် ပြောလိုက်လေသည်။ “စံအိမ်သခင်က အားကောင်းပြီးသား… သူ့ကို ခင်ဗျား စိတ်ပူနေစရာမလိုဘူး… တစ်ယောက်ယောက်ကို မျက်ခြေဖြတ်ပြီးတာနဲ့ သူရောက်လာလိမ့်မယ်…”

“မျက်ခြေဖြတ်တာ…” ထိုစကားကိုကြားသော် ဖန်ရှင်း မျက်မှောင်ကျုံ့သွားခဲ့လေသည်။ သို့သော် ဘာမှပြန်မမေးနေဘဲ ခေါင်းညိတ်၍သာ ပြန်ထွက်သွားလေ၏။

ထိုစဉ် ရန်ကိုင်သည် တစ်စုံတစ်ခုအား အာရုံခံမိလိုက်ပြီး အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်လေသည်။ မကြာမီ ကျော့ရှင်းသည့် ပုံရိပ်တစ်ခု သူတို့ဆီသို့ အလွန်လျင်မြန်သည့်နှုန်းဖြင့် ပျံသန်းလာနေသည်ကို တွေ့လိုက်ရလေသည်။ အစပိုင်းတွင် ထိုပုံရိပ်မှာ သူတို့နှင့် အလွန်ကိုမှ ဝေးကွာနေသေးသော်ငြား မျက်တောင်တစ်ခတ်အတွင်း ထိုပုံရိပ်သည် သူတို့ဆီသို့ ရောက်လာလေ၏။

ထိုပုံရိပ်အား ဝန်းရံထားသည့် အလင်းများ ပျောက်ကွယ်သွားချိန် ပင်းယွင် ထွက်ပေါ်လာခဲ့လေသည်။

“ဘယ်သူလဲ…” လင်းယင်ချင်းတို့၏မျက်နှာ ဖြူလျော်သွားခဲ့လေသည်။ တစ်ယောက်ယောက်သာ သူတို့သင်္ဘောထဲ ရုတ်တရက်ကြီး ခုန်တက်လာသည်ဆိုပါက မကောင်းသည့် ရည်ရွယ်ချက် တစ်ခုခုကြောင့်သာ ဖြစ်ရစမြဲပင်။ ထို့အတွက်ကြောင့် လင်းယင်ချင်းတို့အဖွဲ့မှာ တိုက်ခိုက်ရန်အတွက် ချက်ချင်း ပြင်ဆင်လိုက်ကြလေသည်။

သို့ရာတွင် ပင်းယွင်၏ ကျင့်ကြံခြင်းအား သူတို့၏ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ပြီးသည့်နောက် အကုန်လုံး ထိတ်လန့်တုန်လှုပ်သွားခဲ့ကြလေသည်။ မည်သူမျှ မဆင်မခြင် မလှုပ်ရှားရဲကြတော့ပေ။

ဤအမျိုးသမီး၏ ကျင့်ကြံခြင်းကို သူတို့ မစူးစမ်းနိုင်ခဲ့သော်ငြား သူမဆီမှ ဖြာထွက်နေသည့် ဖိအားသည် သူတို့အား သတိကြီးကြီးဖြင့် လှုပ်ရှားရန် အချက်ပေးနေခဲ့သည်။ အမျိုးသမီး၏ခွန်အားကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် သူတို့၏သွေးများ ဆူပွက်လာကာ စိတ်ထဲတွင်လည်း အလွန်ကိုမှ လေးလံသွားခဲ့ကြလေသည်။ ဤအမျိုးသမီးသည် သူတို့ သွားရန်စလို့ရသည့် ပညာရှင်တစ်ဦး မဟုတ်ချေ။

“စီနီယာရောက်လာပြီပေါ့…” ရန်ကိုင်က လက်သီးဆုပ်၍ ပြောလိုက်သည်။

ပင်းယွင် ခေါင်းညိတ်လိုက်လေ၏။

“ဆရာ…” ပင်းယွင်ကိုမြင်သော် ဖန်ရှင်းနှင့် ရေခဲနှလုံးသားစံအိမ်မှ အခြားသောကျင့်ကြံသူများ အလျင်စလို ပြေးနှုတ်ဆက်လိုက်ကြလေသည်။

“စီနီယာ… ဆရာ…” လင်းယင်ချင်းနှင့် သူမတို့အဖွဲ့သားများမှာမူ မင်သက်နေခဲ့ကြလေသည်။

ရန်ကိုင်သည် တာအိုသခင် တတိယအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သည်။ အခြားသောလူတစ်ဦးသည် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်မှသာလျှင် ရန်ကိုင်သည် ထိုလူအား စီနီယာဟု ခေါ်ဝေါ်ပေလိမ့်မည်။ ထို့အပြင် ဖန်ရှင်းနှင့် သူမအဖွဲ့သားများမှာ ရေခဲနှလုံးသားစံအိမ်မှ လူများမှန်း လင်းယင်ချင်းတို့ သိထားပေသည်။ ထို့အတွက်ကြောင့် ဖန်ရှင်းတို့မှ အမျိုးသမီးအား ဆရာဟု‌ခေါ်လိုက်သည့်အခါ ဤအမျိုးသမီး မည်သူမှန်း သူတို့အကုန်လုံး သိသွားကြလေသည်။

ဤအမျိုးသမီးသည် ကောင်းကင်ကျွန်း၏ နာမည်ကျော် ရေခဲနှလုံးသားစံအိမ်၏ စံအိမ်သခင်မှလွဲ၍ အခြားမဟုတ်ချေ။ သူမသည် ကောင်းကင်ကျွန်း၏ ကျွန်းသခင်နှင့် အဆင့်တူတွင် ရပ်တည်နိုင်သော တစ်ဦးတည်းသောလူဖြစ်ပေသည်။

လင်းယင်ချင်းနှင့် သူမ၏ အဖွဲ့သားများမှာ စိတ်လှုပ်ရှားလာခဲ့ကြပြီး ပင်းယွင်အား လေးစားတကြီး ကြည့်လိုက်ကြလေသည်။ ရန်ကိုင့်အပေါ်လည်း ပို၍ ယုံကြည်ချက် ရှိလာခဲ့လေ၏။

အစောပိုင်းက ရန်ကိုင်နှင့်လိုက်ရန် သဘောတူခဲ့ရခြင်းမှာ ကျွန်းပေါ်တွင် နေရသည်မှာ ပျင်းရိဖွယ်ကောင်းသလို တခြားရွေးချယ်စရာ ကောင်းကောင်းတစ်ခုလည်း မရှိသည့် အတွက်ကြောင့် သဘောတူလိုက်ခြင်း ဖြစ်ပေသည်။ သို့သော်ငြား ယခုမူ မျှော်လင့်ချက်အစစ်အမှန်ကို ဧကန်အမှန် မြင်တွေ့ခဲ့ရလေပြီ။

ရေခဲနှလုံးသားစံအိမ်၏ စံအိမ်သခင်ပါ ရောက်နေသည့် အတွက်ကြောင့် သူတို့ဘာမှ စိတ်ပူစရာ မလိုတော့ချေ။

“ဒီလူတွေက နင့်မိတ်ဆွေတွေလား…” ပင်းယွင်သည် လင်းယင်ချင်းနှင့် သူမ၏အဖွဲ့သားများကို ကြည့်ရင်း ရန်ကိုင့်အား မေးလိုက်လေသည်။

ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်လေသည်။ “အစ်မလင်းနှင့် သူ့အဖွဲ့သားတွေက ဂျူနီယာနဲ့ ဂျူနီယာရဲ့ညီမ ဒီကို ရောက်လာတုန်းက တော်တော်လေးကို ကူညီပေးခဲ့ပါတယ်… ဒါကြောင့် အခု သူတို့ကိုပါ ခေါ်ဖို့ ဆုံးဖြတ်လိုက်တာပါ…”

ပင်းယွင်က ခေါင်းညိတ်လိုက်လေသည်။ “နင်က ကျေးဇူးတရားကို သိတတ်တဲ့လူပဲ… နင်နဲ့တွေ့တာ သူတို့ကံကောင်းသွားတယ်…”

လင်းယင်ချင်းသည် ပင်းယွင်ကဲ့သို့သော လူတစ်ဦးရှေ့တွင် အတော်လေးကိုမှ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေခဲ့လေသည်။ ထို့‌ကြောင့် တည်တည်ငြိမ်ငြိမ်ပင် မနှုတ်ဆက်နိုင်တော့ဘဲ သာမန်ကာလျှံကာသာ နှုတ်ဆက်လိုက်နိုင်လေ၏။ “ဂျူနီယာလင်းယင်ချင်း စံအိမ်သခင်မကို နှုတ်ဆက်ပါတယ်…”

ကျောင်းရီနှင့် အခြားသူများသည်လည်း ပင်းယွင်အား အလျင်စလို ဦးညွှတ်နှုတ်ဆက်လိုက်ကြလေသည်။

“နင်တို့က ရန်ကိုင်ရဲ့ မိတ်ဆွေတွေဆိုမှတော့ အခုလိုမျိုး လုပ်နေစရာမလိုဘူး…” ပင်းယွင်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်လေသည်။

“ကျေးဇူးအများကြီးတင်ပါတယ် စံအိမ်သခင်မ…” လင်းယင်ချင်းက ပြန်ပြောလိုက်လေသည်။ ဤနာမည်ကျော် ရေခဲနှလုံးသားစံအိမ်၏ စံအိမ်သခင်သည် ဤမျှ စကားပြောရဆိုရ လွယ်ကူသည့် လူတစ်ဦးမျိုး ဖြစ်လိမ့်မည်ဟု လင်းယင်ချင်း မထင်ထားခဲ့ချေ။

ထို့အပြင် ရေခဲနှလုံးသားစံအိမ်နှင့် စကားပြောနေစဉ်အတွင်း ရန်ကိုင်သည် လုံးဝကို အေးအေးဆေးဆေးပင်။ ထိုကဲ့သို့သော ပညာရှင်တစ်ဦးနှင့် ရင်ဆိုင်နေရသည့်တိုင် ရန်ကိုင် ဘာကြောင့် ဤကဲ့သို့ တည်ငြိမ်နေနိုင်သေးသလဲ ဆိုသည်ကို လင်းယင်ချင်း နားမလည်နိုင်အောင် ဖြစ်နေခဲ့လေသည်။

“စီနီယာ… ဟိုဖားအိုကြီးကို မျက်ခြေဖြတ်ပစ်လိုက်ပြီလား…” ရန်ကိုင်က မေးလိုက်လေသည်။

သူတို့အစီအစဉ်အရ ရန်ကိုင်သည် ဤအဖွဲ့ကို ဦးဆောင်၍ ပင်လယ်ထဲသို့ အရင်ထွက်သွားပေမည်။ ထို့နောက်မှသာလျှင် ပင်းယွင်သည် ကောင်းကင်ကျွန်းမှ ထွက်လာပေလိမ့်မည်။ တကယ်တော့ ချီရီသည် သူမအား အမြဲတစေ စောင့်ကြည့်နေသည် မဟုတ်ပေလော။ ပင်းယွင် ကောင်းကင်ကျွန်းမှ ထွက်သည်နှင့် ချီရီသည် သူမနောက်သို့ လိုက်လာပေလိမ့်မည်။

ပင်းယွင်သည် ချီရီအား အခြားတစ်နေရာဆီသို့ မျှားခေါ်သွားပြီး သူ့အား မျက်ခြေဖြတ်ကာ ရန်ကိုင်တို့နှင့် ပြန်လည်ပူးပေါင်းပေမည်။

ယခု ပင်းယွင် ဤနေရာသို့ ရောက်လာပြီ ဖြစ်သည့်အတွက်ကြောင့် ချီရီအား မျက်စဖြတ်ပစ်လိုက်ပြီဟု ပြောလိုက်ခြင်းနှင့် အတူတူပင် ဖြစ်လေသည်။

ပင်းယွင်သည် ခေါင်းညိတ်ကာ တစ်ခုခုပြောတော့မည်အပြု သူမ၏ အမူအယာ ပြောင်းလဲသွားခဲ့လေသည်။ ထို့နောက် တစ်ခုသောဘက်ဆီသို့ လှမ်းကြည့်၍ အံကြိတ်ကာ ပြန်ပြောလိုက်လေ၏။ “အဲ့ခွေးကောင်က အလောင်းကို မမြင်ရသေးသရွေ့ နောင်တရမဲ့ လူစားမျိုး မဟုတ်ဘူးပဲ…”

နားပင်းမတတ် မိုးခြိမ်းသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ ထိုမိုးခြိမ်းသံနှင့်အတူ နေအသေးစားလေးနှင့် ဆင်တူသော အရောင်တလက်လက် တောက်ပနေသည့် မီးဘောလုံးတစ်လုံး ကောင်းကင်ထက်တွင် ထွက်ပေါ်လာခဲ့လေ၏။ ထိုမီးဘောလုံးမှာ အလွန်ကိုမှ တောက်ပသည့် အတွက်ကြောင့် သင်္ဘောပေါ်တွင် ရှိနေသည့် လူများ ထိုအရာကို တည့်တည့် သွားမစိုက်ကြည့်နိုင်ကြပေ။

ထို့နောက်တွင်မူ အလွန်ကိုမှ ပြင်းထန်သည့် ဖိအားတစ်ရပ် အကုန်လုံးအပေါ်သို့ ကျဆင်းလာခဲ့လေ၏။ ထိုဖိအားအောက်ဝယ် အကုန်လုံးမှာ အသက်ပင် ကောင်းကောင်းမရှူနိုင်တော့အောင် ဖြစ်သွားခဲ့သည်။

ထိုမြင်ကွင်းကိုကြည့်ရင်း သင်္ဘောပေါ်တွင် ရှိနေသည့်လူများ ကြောက်ရွံ့မှုကြောင့် ဖြူဖတ်ဖြူလျော် ဖြစ်ကုန်ကြလေသည်။

ထိုတလက်လက် တောက်ပနေသည့် အလင်းရောင် မှိန်သွားချိန် ပုံရိပ်နှစ်ခု ထွက်ပေါ်လာခဲ့လေသည်။

ထိုလူနှစ်ဦးအနက် တစ်ဦးမှာ ဒေါသထွက်နေသည့်ပုံ ပေါက်နေလေသည်။ အခြားတစ်ဦးမှာတော့ ဖားဖားယားယားပြုံးရင်း ပထမလူ၏ အနောက်ဘက်တွင် အစေခံတစ်ဦးနှယ် ရိုကျိုးစွာဖြင့် ရပ်နေခဲ့လေသည်။

“မြို့သခင်…” ဒေါသထွက်နေသည့် သက်လတ်ပိုင်းလူကြီးကိုမြင်သော် လင်းယင်ချင်း၏မျက်နှာ ဖြူလျော်သွားခဲ့လေသည်။

လင်းယင်ချင်သည် ချီရီအား တစ်ခါမှ ကိုယ်တိုင်ကိုယ်ကျ မမြင်ဖူးသော်ငြား ချီရီ၏ပုံကိုတော့ အကြိမ်ပေါင်းများစွာ မြင်ခဲ့ဖူးပေသည်။ ထို့အတွက်ကြောင့် သက်လတ်ပိုင်းလူကြီးကို မြင်သည်နှင့် ထိုလူသည် ကောင်းကင်ကျွန်း၏ ကျွန်းသခင်မှန်း ချက်ချင်း တန်းသိလိုက်လေသည်။

“ပန်းကွမ်…” ချီရီနောက်တွင် ရပ်နေသည့်လူကို မြင်သော် ရန်ကိုင် မျက်လုံးပြူးသွားခဲ့လေသည်။

ပန်းကွမ်သည် ဤနေရာသို့ ချီရီနှင့်အတူ ရောက်လာလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ချေ။ သူတို့နှစ်ဦး နောက်ဆုံးအကြိမ် တွေ့ခဲ့စဉ်က ပန်းကွမ်သည် ဆိုးဆိုးရွားရွား ထိခိုက်သွားပြီး သူ့ဒဏ်ရာများကို ပြန်လည်ကုသရန်အတွက် ရန်ကိုင့်ဆီသို့ လာကာ မဟာကောင်းကင်ကြာပန်းကို လာတောင်းခဲ့လေသည်။ ယခုမူ သူ့ကိုကြည့်ရသည်မှာ အပြည့်အဝ ပြန်ကောင်းသွားသည့်ပုံ မပေါ်သော်ငြား ယခင်ကထက်စာလျှင်တော့ အများကြီး ပိုမိုကောင်းမွန်နေခဲ့လေသည်။

ပန်းကွမ်သည် အောက်ဘက်ရှိလူအုပ်ကြီးကို ဝေ့ကြည့်လိုက်လေသည်။ ရန်ကိုင့်ဆီသို့ ရောက်လာပြီးသည့်နောက် ပန်းကွမ်၏အကြည့်ထဲ အမုန်းတရားတို့ ထွက်ပေါ်လာခဲ့လေ၏။

ရန်ကိုင့်ကြောင့်သာ မဟုတ်လျှင် သူ့ဘဝကြီး ဤကဲ့သို့ ဖြစ်ခဲ့ရလိမ့်မည် မဟုတ်‌ချေ။ သူသည် ချီရီထက် အများကြီး ပိုမိုအားနည်းသော်ငြား သူကိုယ်တိုင်သည် ဧကရာဇ်အဆင့်ပညာရှင်တစ်ဦး ဖြစ်နေဆဲ။ သူ့တွင် သူ့ကိုယ်ပိုင်ဂုဏ်သိက္ခာနှင့် မာနတရား ရှိပေသည်။ နောက်ဆုံး သူ့၌ ပြေးစရာထွက်ပေါက် မရှိတော့သည့် အတွက်ကြောင့်သာ ချီရီ၏ခြေသလုံးကိုဖက်၍ သူ့လက်အောက်သို့ ခိုဝင်ခဲ့ရခြင်း ဖြစ်ပေသည်။

ကောင်းကင်ကျွန်းတွင် ရှိနေသည့် မည်သည့်ဧကရာဇ်အဆင့် ပညာရှင်မဆို ချီရီ၏လွှမ်းမိုးမှုအောက်မှ ရုန်းထွက်နိုင်ခြင်း မရှိကြချေ။ သို့သော်ငြား သူတို့၏ အခြေအနေမှာ ပန်းကွမ်ထက်တော့ အများကြီး ပိုသာပေသေးသည်။ အနည်းဆုံး သူတို့ဘာသာ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ကြပေသေးသည်။

ယခု ပန်းကွမ် ဤကဲ့သို့ ဖြစ်နေရခြင်းမှာ ရန်ကိုင့်ကြောင့်သာ ဖြစ်လေသည်။ ရန်ကိုင်သာ မဟာကောင်းကင်ဝိဉာဉ်ကြာပန်းအား ပန်းကွမ်တောင်းသည့်အတိုင်း ပေးလိုက်မည်ဆိုပါက ပန်းကွမ်အနေဖြင့် ယခုကဲ့သို့သော အခြေအနေမျိုးသို့ ရောက်ခဲ့ရလိမ့်မည် မဟုတ်ချေ။ ယခုဆိုလျှင် သူ့သေခြင်းရှင်ခြင်းကိုပင်လျှင် သူ့ဘာသာသူ မထိန်းချုပ်နိုင်တော့ချေ။

ထို့အတွက်ကြောင့် ပန်းကွမ်မှာ ရန်ကိုင့်အား ခါးခါးသီးသီးကို မုန်းတီးနေမိလေသည်။

“ပင်းယွင်…” ချီရီက ရုတ်တရက် အော်ဟစ်လိုက်လေသည်။ သူ့လေသံထဲ ဒေါသတရားတို့ကို အတိုင်းသား ခံစားနေရသည်။ ချီရီ၏ လေသံနှင့်အတူ ပင်လယ်ပြင်မှာ စတင်၍ လှိုင်းထန်လာခဲ့လေသည်။ “နင် ဘယ်ကို ဒီလောက် အလျင်စလို ထွက်သွားနေတာလဲ…”

ပင်းယွင်ကမူ မလှုပ်မယှက် ရပ်နေခဲ့သည်။ သူမလက်ကို ဝှေ့ယမ်းလျက် ချီရီ့ဆီမှ ဖြာထွက်နေသည့် ဖိအားကို ချေဖျက်လိုက်ပြီးသည့်နောက်တွင် တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်လေသည်။ “ဒီဘုရင်မ ဘယ်သွားသွား နင်နဲ့ဘာဆိုင်လို့လဲ… မြို့သခင်က ဘာဖြစ်လို့ ကျွန်မကိစ္စမှာ ဝင်စွက်ဖက်ချင်နေတာလဲ…”

ထိုစကားကိုကြားသော် ချီရီ၏မျက်နှာ မည်းမှောင်သွားခဲ့ပြီး အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။ “ပင်းယွင်… နင် ဒီနေရာကနေ ထွက်သွားဖို့ စဉ်းစားနေတာလား…”

“သိနေရင် ဘာဖြစ်လို့ လာမေးနေသေးတာလဲ…” ပင်းယွင်က အေးစက်စက်လေသံဖြင့် ပြန်ပြောလိုက်လေသည်။

“ဒီတော့ နင်က တကယ်ကြီး ထွက်သွားဖို့ စဉ်းစားနေတာပေါ့…” သူ့စိတ်ထဲ ပင်းယွင်ဘာလုပ်ချင်နေသလဲ ဆိုသည်ကို ခန့်မှန်းထားပြီး ဖြစ်သော်ငြား ပင်းယွင်ကိုယ်တိုင် ဝန်ခံလာသည်ကိုကြားသော် ချီရီ၏စိတ်ထဲ ဒေါသထွက်သွားခဲ့ရလေသည်။ ပင်းယွင်သည် သူ့အား ပစ်ထားသည်ဟု ချီရီစိတ်ထဲ ခံစားလိုက်ရသည်။ သူ့စိတ်ထဲ ဝမ်းနည်းမိသလို အလွန်ကိုမှလည်း မသက်မသာ ဖြစ်ရလေသည်။

သို့သော်ငြား ဒေါသကို ချုပ်တည်းထားရင်း အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလျက် ပြန်မေးလိုက်လေသည်။ “ပင်းယွင်… ဒီနေရာကနေ ဘယ်လိုလုပ်လုပ် ထွက်သွားလို့ရမှာမဟုတ်မှန်း နင်ရောငါရော သိထားပြီးသား… အဲ့ဒါကို ဘာဖြစ်လို့ ဒီလောက်တောင် ခေါင်းမာချင်နေရတာလဲ… ဒီနေ့ နင်သာ ဒီဘုရင်နဲ့ အတူပြန်ပြီး လိုက်ခဲ့မယ်ဆိုရင် ဒီနေ့ဖြစ်ပျက်တာတွေအားလုံးကို ဒီဘုရင်မေ့ပေးလိုက်မယ်… နောက်ပိုင်းကျရင် ဒီဟင်းလင်းပြင်လောကကြီးတစ်ခုလုံးက ငါတို့အပိုင် ဖြစ်လာမှာပဲဟာကို… အဲ့ဒါက မကောင်းလို့လား…”

ပင်းယွင်က ခေါင်းခါလျက် “ငါလည်း နင့်အတိုင်းပဲ ပြန်ပြောလိုက်မယ်… မဖြစ်နိုင်မှန်း နင်သိနေတာပဲကို ဘာဖြစ်လို့ ဒီလောက်တောင် ခေါင်းမာချင်နေရတာလဲ… ငါနင့်ရန်သူ မဖြစ်ချင်ဘူး… ဒီတော့ အေးအေးဆေးဆေး ပြန်သွားလိုက်တော့…”

ချီရီ ဒေါသူပုန်ထသွားခဲ့လေသည်။ “နင် တကယ်ကြီး ဒီလောက်တောင် ခေါင်းမာနေမှာလား… ငါနင့်ကို ဒီပင်လယ်ပြင်မှာပဲ မြှုပ်ပစ်လိုက်မှာကို နင်မကြောက်ဘူးလား…”

All Chapters