အခန်း (၅၂၆)
Vol. 36 Ch. 526
“ဆဋ္ဌမဘိုးဘေး” ချင်ရွှမ်လန်သည် အရှေ့ဆီသို့ လှမ်းတက်ကာ အော်ဟစ်လိုက်၏။ ဆဋ္ဌမဘိုးဘေးကို သတိဝင်လာစေရန် ပြုမူခဲ့ခြင်း ဖြစ်၏။ ဆဋ္ဌမဘိုးဘေးသည်သာ သတိပြန်ဝင်လာပါက ချင်ကလန်အတွက် ကောင်းမွန်သည့် အရာပင်ဖြစ်၏။
သို့ပေမဲ့ ဤကဲ့သို့ အဆင်ခြင်မဲ့စွာဖြင့် ဆက်လက် ပြုလုပ်နေသည်ဆိုပါက ချင်ကလန် တစ်ခုလုံးသည် ကပ်ဘေး ကျရောက်ပေလိမ့်မည်။
“ချင်ကလန်ရဲ့ မျိုးဆက်တွေလား” အမဲရောင်ဝတ်စုံနှင့်လူသည် ခေါင်းကိုမော့လိုက်၏။ ၎င်းသည် ဆန်းကြယ်လွန်း လှသည့် အော်ရာများကို ခန္ဓာကိုယ်မှ ထုတ်ဖော်နေ၏။ ၎င်း၏ ခန္ဓာကိုယ်သည် ကြီးမားလွန်းလှသည့် မျှော်စင်ကြီး ကဲ့သို့ပင် ဖြစ်လို့နေပြီး ကလန်ထဲမှ တော်ဝင်အင်ပါယာတစ်ယောက်ကို လက်တစ်ဖက်ဖြင့် ကိုင်ဆွဲထားခဲ့၏။ တခြားသော လက်တစ်ဖက်ကို ၎င်း၏ အနောက်ဆီသို့ ပစ်ထားခဲ့ပြီး ကြောက်မက်ဖွယ်ရာကောင်းသည့် အော်ရာနှင့် အရှိန်အဝါများ ထွက်ပေါ်နေသည်။
နတ်ဆိုးအရှင် တစ်ပါးကဲ့သို့ပင်ဖြစ်ပြီး ၎င်း၏ နက်ရွှေရောင်မျက်လုံးများသည် စူးရှတောက်ပလွန်း၏။ ထိုအကြည့်နှင့် ဆုံလိုက်ရသည့် လူများအားလုံးသည် နှလုံးသားထဲတွင် အေးစက်သည့် ခံစားချက်များ ခံစားလာရ၏။ အထူးသဖြင့် စကားပြောဆိုသည်ကို ကြားရချိန်တွင် အားလုံးသောသူများသည် ကြက်သီးမွေးညှင်း များပင် ထလာခဲ့ကြ၏။
ဆဋ္ဌမဘိုးဘေးသည် အံ့အားသင့်စရာ မလိုအောင်ပင် သတိအပြည့်နှင့် ရှိနေ၏။ အနည်းဆုံးအနေနှင့် ၎င်းသည် လက်ရှိ ရှိနေသည့် လူများကို မှတ်မိလို့ နေခဲ့၏။ ချင်ကလန်၏ မျိုးဆက်များ ဖြစ်သည်ကို သိရှိသော်လည်း အဘယ်ကြောင့် ဤကဲ့သို့ ပြုမူဆက်ဆံနေရသနည်း။
“ဆဋ္ဌမဘိုးဘေး ဘာတွေဖြစ်နေတာလဲ။ ဆယ့်ခုနှစ်ယောက်မြောက် အကြီးအကဲက ခင်ဗျားရဲ့ မျိုးဆက်လေ” ချင်ကလန်၏ ခေါင်းဆောင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“အင်မော်တယ်တစ်ယောက် ဖြစ်မလာတဲ့နောက်မှာ အားလုံးက မြေဆီမြေနှစ်တွေလိုပဲ။ ကျုပ်က ထာဝရ အသက်ရှင်ခြင်း ကို ပိုင်ဆိုင်ဖို့အတွက် ပြန်လာခဲ့ပြီ။ ဒါတွေအားလုံးကို လမ်းညွှန်ပြသနိုင်တဲ့အရာက ရောရုဝ တစ်ခုပဲ ရှိလိမ့်မယ်” အမဲရောင်ဝတ်စုံနှင့်လူက တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်သည်။ ၎င်း၏ ခြောက်ခြားဖွယ်ရာ မျက်လုံးများသည် လေဟာနယ်ထဲသို့ လှမ်းကာ ကြည့်ရှုနေ၏။ မည်သူမှသည် ထိုသူနှင့် အကြည့်ချင်း မဆုံရဲကြချေ။
“ဆဋ္ဌမဘိုးဘေး… ရောရုဝရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်သွားတာလား” ချင်ရွှမ်လန်က ရှေ့ဆီသို့ လှမ်းတက် လိုက်၏။ ၎င်း၏ အော်ရာများသည် တောက်ပလျက်ရှိနေသော နေလုံးကြီး တစ်ခုကဲ့သို့ပင် တည်နေရာ တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့၏။
ပြောရမည်ဆိုလျှင် ဆဋ္ဌမဘိုးဘေးနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရန် သူက ပြင်ဆင်ခဲ့ခြင်းပင်။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင် ပြောဆိုခဲ့သောကြောင့် သူသည် ရောရုဝအကြောင်းကို သေချာ သိရှိခဲ့ ပြီးသား ဖြစ်သည်။
ဆဋ္ဌမဘိုးဘေးဆီမှ ရောရုဝဆိုသည့် စကားလုံးကို ကြားရသည့်အချိန်မှာတော့ သူသည် အံ့အားမသင့်တော့ချေ။ သူ့ကို အံ့အားသင့်စေသည်မှာ ရောရုဝမှာ ဤမျှ မြန်မြန်ဆန်ဆန်နှင့် ရောက်ရှိလာခဲ့ခြင်းပင်။ မြန်ဆန်လွန်းလှ ချေ၏။ သူ့အနေနှင့် တုံ့ပြန်ရန် အချိန်ပင် မရလိုက်ချေ။
“နိရယအင်ပါယာလား” တခြားသော အကြီးအကဲများက မျက်မှောင်ကုတ်လိုက်၏။
“မဟုတ်ဘူး”
ချင်ရွှမ်လန်သည် ခေါင်းကို ခါယမ်းလိုက်၏။ ပြီးနောက် လေးလေးနက်နက် ပြောလိုက်သည်။ “တခြားသော လောကမှာ ရောရုဝဆိုတာ ရှိသေးတယ်။ ဒါက ကြောက်မက်ဖွယ်ရာကောင်းတဲ့ အင်အားစု တစ်ခုပဲ။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ရဲ့ ပြောစကားအရဆိုရင် မြေအင်မော်တယ်လောကတစ်ခုလုံး ပေါင်းစပ်ပြီး တိုက်ခိုက်မယ်ဆိုရင်တောင်မှ ရောရုဝကို ယှဉ်ပြိုင်ပြီး တိုက်ခိုက်လို့ရမှာ မဟုတ်ဘူး”
“ဒါက”
များပြားလှသည့် အကြီးအကဲများ၏ မျက်လုံးများသည် ရုတ်တရက် ပြောင်းလဲသွားခဲ့၏။ မြေအင်မော်တယ် လောကကြီးသည် အလွန် အားကောင်းသည်ဟု သူတို့ထင်မှတ်ခဲ့သည်။ သို့ပေမဲ့ ယနေ့အချိန်မှာတော့ မြေအင်မော်တယ်လောကကြီး တစ်ခုလုံး စုပေါင်းကာ တိုက်ခိုက်မည် ဆိုလျှင်တောင်မှ ရောရုဝ၏ ယှဉ်ပြိုင်ဘက် မဟုတ်ကြောင်း ကလန်ခေါင်းဆောင်က ပြောဆိုလျက် ရှိနေ၏။
ရောရုဝပြည်သည် မည်မျှ ကြောက်မက်ဖွယ်ရာ ကောင်းလိမ့်မည်နည်း။ အထူးသဖြင့် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင် ကိုယ်တိုင် ပြောဆိုခဲ့သည်ဖြစ်သောကြောင့် ဤကိစ္စသည် ပေါ့သေးသေး မေးခွန်းထုတ်စရာ ကိစ္စရပ်မျိုး မဟုတ်ချေ။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် ကြီးမားသည့် အခွင့်အာဏာကို ပိုင်ဆိုင်သူ တစ်ယောက်ဖြစ်၏။ ထိုသူသည် ပေါက်ပန်းလေးဆယ်များကို ပြောဆိုလိမ့်မည် မဟုတ်ချေ။
“အမှန်ပဲ”
ဆဋ္ဌမဘိုးဘေးက ခေါင်းညိတ်လိုက်လေသည်။ သူသည် လေဟာနယ်ထဲသို့ မော့ကြည့်လိုက်သည်။ “ရောရုဝပြည်က လောကကြီး တစ်ခုလုံးကို လွှမ်းမိုးတော့မယ်။ မင်းတို့ နောက်မျိုးဆက်တွေ အညံ့မခံဘူးဆိုရင် ကျိန်းသေပေါက် သေဖို့လမ်း တစ်လမ်းပဲ ရှိတယ်။ ဒီနေ့မှာ ငါ အသက်ပြန်ရှင်လာဖို့ လမ်းတစ်လမ်းကို ရရှိခဲ့တယ်။ ဒါက ထာဝရ တည်ရှိခြင်း လမ်းစဉ်ကို ခြေလှမ်းနိုင်ဖို့ပဲ”
“တကယ်လား”
ချင်ရွှမ်လန်သည် ကြောက်လန့်မနေခဲ့ချေ။ သူက အေးစက်စက် ပြောလိုက်၏။ “အင်း... ဒီတစ်ကြိမ်မှာ ကျုပ်စိုးရိမ်မိတာက ရောရုဝပြည် ပြန်ဖို့လမ်း မရှိတော့မှာကိုပဲ”
မြေအင်မော်တယ်လောကကြီးတွင် ကောင်းကင်လျှို့ဝှက်နန်းဆောင် မရှိချေ။ သို့ပေမဲ့ လောကကြီးများသည် ပေါင်းစပ်ခဲ့သည် ဖြစ်သောကြောင့် မြေအင်မော်တယ်လောကကြီးနှင့် ကောင်းကင်မူလလောကကြီးကြားတွင် ခြားနားချက်ဟူ၍ လုံးဝ မရှိတော့ချေ။ ရောရုဝပြည်မှ စစ်သည်များသာ ရောက်ရှိလာသည်ဆိုပါက ..... ယနေ့ အခြေအနေကို သုံးသပ်မည်ဆိုပါက သူတို့သည် ကျိန်းသေပေါက် အထီးကျန်သည့် ခံစားချက်များကို မရရှိတော့ချေ။ ပွင့်ပွင့်လင်းလင်းသာ ဝင်ရောက်တိုက်ခိုက်မည်ဆိုပါက ကောင်းကင်လျှို့ဝှက်နန်းဆောင်သည် ဝင်ရောက် ကူညီပေးမှာ သေချာသောကြောင့်ပင်။ ထိုသို့ဆိုလျှင် ရောရုဝပြည် တစ်ခုလုံးသည် နောက်ဆုတ်နိုင်ရန် လမ်းစဉ် ဟူ၍ပင် မရှိတော့ချေ။
“အင်း... အသင်္ချေ များပြားတဲ့ လောကအသီးသီးမှာ မင်းတို့ရဲ့ အမြင်က တကယ့်ကို ကျဉ်းမြောင်းသေးတာပဲ” ဆဋ္ဌမဘိုးဘေးက အသာရှေ့ကို လှမ်းလျှောက်လာခဲ့သည်။ ၎င်းသည် လက်ချောင်းများကို အသာဖြန့်ကျက်ကာဖြင့် အားအနည်းငယ် ထည့်လိုက်၏။ လက်ထဲတွင် ရှိနေသည့် တော်ဝင်အင်ပါယာသည် ဆိုးရွားစွာ အော်ဟစ်လိုက်၏။
လူပေါင်းများစွာတို့သည် ကျောရိုးမကြီးများပင် စိမ့်တက်သွားခဲ့၏။ ဆဋ္ဌမဘိုးဘေးသည် သူ၏ အကြည့်အား ချင်ရွှမ်လန်ဆီသို့ တည့်တည့်ထား၏။ ကောင်းကင်ယံထက်မှ ကြီးမားလှသည့် တောင်ကြီးနှစ်ခု ကျဆင်းလာသကဲ့သို့ပင် ကြီးမားလှသည့် ဖိအားဒဏ်ကြီးကို ပေးနေသည်။
“အင်း... ဆက်ပြီး ငြင်းပယ်နေမယ်ဆိုရင် ဆုံးဖြတ်ချက်အမှား ဖြစ်လိမ့်မယ်” ဆဋ္ဌမဘိုးဘေးက အေးစက်စက် ပြောလိုက်၏။ ၎င်းသည် ကြောက်မက်ဖွယ်ရာကောင်းသည့် စွမ်းအင်များကို ထုတ်ဖော်လျက် ရှိနေ၏။ တည်နေရာတစ်ခုလုံး တွင် ရှိနေသည့် လောက၏ နိယာမအားလုံးသည် ပျက်စီးလျက် ရှိနေ၏။
ဘန်း
ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးသည် ကွဲအက်သွားခဲ့၏။ ကြီးမားလွန်းသည့် အနီရောင် နတ်ဘုရားငှက်ကြီး တစ်ကောင် ပျံသန်း ဝင်ရောက်လာ၏။ ထိုအရာသည် ဗာမေလီယန်ငှက်ဖြစ်ပြီး မြေအင်မော်တယ်လောကကြီးနှင့် သက်ဆိုင်ခြင်း မရှိသည့် သတ္တဝါတစ်ကောင်ပင်။ သို့ပေမဲ့ လက်ရှိ အခြေအနေတွင် ထိုအကောင်ကြီးသည် ပြန်လည် ပေါ်ပေါက်လာခဲ့ပြီဖြစ်ပြီး အရာအားလုံးကို ပြောင်းလဲစေခဲ့သည်။
ဗာမေလီလန်ငှက်ကြီးသည် ၎င်း၏ အတောင်ပံကို ဖြန့်ကာဖြင့် မိုင်သောင်းနှင့်ချီသည့် အကွာအဝေးအတွင်း လွှမ်းခြုံကာဖြင့် ဆဋ္ဌမဘိုးဘေး၏ တိုက်ခိုက်မှုကို တားဆီးလိုက်၏။ ထို့နောက်် ၎င်းသည် ရှည်လျားလွန်း လှသည့် ဓားရှည်ကြီးအဖြစ် အသွင်ပြောင်းကာ လေဟာနယ်ထဲတွင် ဝဲနေ၏။ ပြီးသည့်နောက် ချင်ရွှမ်လန်၏ လက်ထဲသို့ ကျဆင်းလာခဲ့၏။
ဓားကို ခပ်တင်းတင်း ဆုပ်ကိုင်ပြီးသည့်နောက် ချင်ရွှမ်လန်၏ နတ်ဘုရားသိစိတ်သည် တည်နေရာတစ်ခုလုံးကို လွှမ်းခြုံကာ ပျံ့နှံ့သွားခဲ့၏။ ၎င်းသည် တိုက်ရိုက်ဆိုသလိုပဲ ထပ်မံကာ တိုက်ခိုက်လိုက်သည်။
၎င်း၏ အနောက်ဘက်တွင်တော့ ချင်ကလန်၏ အကြီးအကဲတို့သည် စတင်ကာ လှုပ်ရှားတိုက်ခိုက်ရန် ရွေးချယ်လိုက်ပြီဖြစ်၏။ တစ်ယောက်ချင်းစီတိုင်းသည် မတူညီသည့် သိုင်းနည်းစနစ်များကို ထုတ်ဖော်ကာဖြင့် စုဝေးကာ တိုက်ခိုက်ခဲ့ကြ၏။
အသက်ပြန်ဝင်လာခဲ့သော လူများသည် ရောရုဝပြည်မှ အသက်သွင်းထားသူများဖြစ်၏။ ထို့ကြောင့် သက်ရှိ သတ္တဝါများဟု သုံးနှုန်း၍ မရတော့ချေ။ အတိတ်တုန်းက မည်ကဲ့သို့ နေထိုင်ခဲ့သည်ဆိုသည့် အကြောင်းအရာများ အားလုံးကို မေ့ပစ်ရန် လိုအပ်လာခဲ့၏။ ၎င်းတို့၏ စိတ်တစ်ခုလုံးကို ရောရုဝပြည်အရှင်က လွှမ်းမိုးထားခဲ့ပြီဖြစ်၏။ ထို့ကြောင့် မတူညီသော လူများအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး တကယ်ပင် ရက်စက် ကြမ်းတမ်းလာခဲ့ကြ၏။ လက်ရှိ အခြေအနေ၌ ဖိနှိပ်ခြင်းကို မပြုလုပ်နိုင်ဘူး ဆိုပါက ချင်ကလန် တစ်ခုလုံးသည် ကျိန်းသေပေါက် ငရဲခန်း အဖြစ်သို့ ပြောင်းလဲသွားမှာ သေချာသည်။
ဘုန်း ဘုန်း ....။
ချင်ကလန်၏ အတွင်းထဲတွင် ကြောက်မက်ဖွယ်ကောင်းသည့် တိုက်ပွဲကြီး တစ်ခုက ဖြစ်တည်လာခဲ့၏။ များပြားလှ သည့် နတ်ဘုရားအတတ်ပညာများနှင့် အလင်းတန်းများသည် တည်နေရာတစ်ခုလုံးကို ဖုံးလွှမ်းစေခဲ့၏။ ထိုကဲ့သို့သော စွမ်းအင်များသည် ကွာစီအင်ပါယာ တစ်ယောက်ကိုပင် တစ်ခါတည်း သေဆုံးသွားနိုင်စွမ်း ရှိနေသည့် တိုက်ပွဲစွမ်းအင်မျိုးပင် ဖြစ်လေ၏။ တော်ဝင်အင်ပါယာများ ဆိုသည်မှာ အထင်အမြင်သေး၍ ရနိုင်သည့် လူများ မဟုတ်ချေ။ အပြင်ဘက်တွင် ထွက်ကာ တိုက်ခိုက်သည်ဆိုပါက စကြဝဠာ တစ်ခုလုံးကိုပင် တုန်ခါသွားအောင် ပြုလုပ်နိုင်စွမ်းနေ၏။
“ခေါင်းမာတဲ့ ငမိုက်သားတွေပဲ” ဆဋ္ဌမဘိုးဘေးက နှာခေါင်းရှုံ့လိုက်၏။ သူ၏ စကားတစ်ခွန်းသည် နိယာမများကဲ့သို့ပင် တည်နေရာကြီး တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့၏။ သူ၏ တာအိုနိယာမများ အားလုံးသည် ဒီရေလှိုင်းများကဲ့သို့ အရှိန်တငြီးငြီးဖြင့် ထပ်မံကာ တိုးတက်လာခဲ့ပြီး အရှေ့တွင် ရှိနေသော ချင်ရွှမ်လန်ကို သွားရောက်ကာ တိုက်ခိုက်သည်။
ဘန်း ....။
ကောင်းကင်နှင့်မြေပြင်တစ်ခုလုံး ကွဲကြေသွားခဲ့၏။ အနီရောင်နတ်ဘုရား ငှက်ကြီးသည် ထပ်မံကာ ပျံသန်းသွားခဲ့ ၏။ ၎င်းသည် အရှေ့တွင်ရှိနေသည့် အလောင်းကောင်များကို ဝင်ရောက်ကာ သတ်ဖြတ်သည်။ သို့ပေမဲ့ ထိုသေဆုံးသွားခဲ့သည့် လူများသည် တော်ဝင်အင်ပါယာ မဟုတ်သည် ဆိုလျှင်တောင်မှ အပိုင်းပိုင်း အစစ ခုတ်ပိုင်းခြင်းခံရလျှင်တောင်မှ ပြန်လည် အသက်ဝင်လာခဲ့ကြ၏။ ၎င်းတို့သည် မသေဆုံးနိုင်သည့် အလောင်း ခန္ဓာကိုယ်များကို ပိုင်ဆိုင်နေသကဲ့သို့ပင်။
“အမ်”
ထိုမြင်ကွင်းကို မြင်ရသည့် အချိန်မှာတော့ ချင်ရွှမ်လန်က မျက်မှောင်ကုတ်မိလိုက်သည်။ တစ်ဖက်လူများအား သတ်ဖြတ်၍ မရနိုင်ဘူးလား။ ရောရုဝပြည်သည် မည်ကဲ့သို့သော နည်းလမ်းများကို အသုံးပြုထားသနည်း။
သတ်ဖြတ်၍မရနိုင်ဘူး ဆိုပါက ကလန်အတွင်း ဤတိုက်ပွဲ ဆက်လက်ဖြစ်တည်နေခြင်းအားဖြင့် ကလန်အတွင်းတွင် ရှိနေသည့် လူပေါင်းများစွာတို့သည် သေဆုံးကုန်ပေလိမ့်မည်။
ချင်ကလန်၏ ဘိုးဘေးတည်နေရာကြီး တစ်ခုလုံးသည် သေးငယ်သည့် တည်နေရာ မဟုတ်ဘူးဆိုလျှင်တောင်မှ ကျိန်းသေပေါက် များပြားလှသည့် တော်ဝင်အင်ပါယာများ ထိပ်တိုက် တိုက်ခိုက်မှုကို ထောက်ပံ့ထားနိုင်မည့် တည်နေရာမျိုး မဟုတ်ချေ။
ထို့အတူ လွတ်လွတ်လပ်လပ် တိုက်ခိုက်နိုင်ခြင်း မရှိသောကြောင့် ဆဋ္ဌမဘိုးဘေးနှင့် တခြားသောသူများကို ယှဉ်ပြိုင်တိုက်ခိုက်ရန် သူတို့က ခက်ခဲလာခဲ့ကြ၏။ ကြာရှည်သာ ဆက်လက် တိုက်ခိုက်နေမည် ဆိုပါက ဆဋ္ဌမဘိုးဘေးနှင့် တခြားသောသူများသည် မသေဆုံးနိုင်သော လူများ ဖြစ်သောကြောင့် ချင်ကလန် တစ်ခုလုံးကို သုတ်သင်သွားပေလိမ့်မည်။
“ကျုပ် အရင်တုန်းက ပြောခဲ့ဖူးတယ်။ ရောရုဝပြည်က တကယ့်ကို ထာဝရလမ်းစဉ်ရဲ့ အဆုံးသတ်ပဲ။ ပြန်လည် ရှင်သန်လာတဲ့ လူတွေအကုန်လုံးက ထာဝရရပ်တည်နိုင်စွမ်းကို ပိုင်ဆိုင်ကြတယ်။ မင်းတို့ ဘယ်လို တိုက်ခိုက်၊ တိုက်ခိုက်၊ ဒါတွေအကုန်လုံးက သဲထဲ ရေသွန်လိုက်သလိုပဲ” ဆဋ္ဌမဘိုးဘေးသည် ခေါင်းကို အသာခါယမ်းလိုက်၏။ ၎င်း၏ စကားလုံးများထဲတွင် လှောင်ပြောင်ချင်သည့် အရိပ်အာဝါသမျိုး ပါဝင်လျက် ရှိနေ၏။ ၎င်းသည် မနည်းရုန်းကန်ကာ အသက်ရှင်ရန် ကြိုးစားလျက် ရှိနေသည့် ပုရွက်ဆိတ်များကို ကြည့်ရှုနေသကဲ့သို့ပင်။
“အကြီးအကဲကြီး .... တောင်ရဲ့ အကာအကွယ် အစီအရင်ကို အသက်သွင်းလိုက်။ ပြီးတော့ အစီအရင်ရဲ့ အပြင်ဘက်မှာ ရှိနေတဲ့လူအားလုံးကို ရှောင်ရှားခိုင်းလိုက်တော့” ချင်ရွှမ်လန်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
လက်ရှိအခြေအနေ၌ သူ့တွင် များများစားစား တွေးတောရန် အချိန်ဟူ၍ မရှိခဲ့ချေ။ ဤလူများအားလုံးကို အပြင်ဘက်သို့ မပို့ဆောင်ပါက ချင်ကလန် တစ်ခုလုံးသည် အဆုံးသတ် သွားပေလိမ့်မည်။
မည်သို့မှ သတ်ဖြတ်၍ မရနိုင်သော အခြေအနေသည် ဖြေရှင်း၍ ရနိုင်သည့် အရာမျိုး မဟုတ်ချေ။ အကြောင်းအရာ တစ်ခုတည်းသာ ရှိတော့၏။ မိမိတွင် ရှိနေသော လူများကို အပြင်ဘက်သို့ စေလွှတ်ကာ ထွက်ပြေးစေခြင်းပင်။
အစစ်အမှန် အင်မော်တယ်အဆင့် အစီအရင်တစ်ခု၏ အကူအညီ ရှိနေသောကြောင့် သူတို့သည် အချိန် အတော်ကြာသည် အထိတော့ အသက်ရှင်နိုင်မှာ သေချာ၏။ သို့ပေမဲ့ ထိုအတွေးကို သူတွေးနေတုန်းမှာပဲ ချင်ရွှမ်လန်၏ ခန္ဓာကိုယ်ထဲတွင် အေးစက်သည့် ချွေးစေးများ ပျံလာခဲ့၏။ ၎င်းတို့၏ ဘိုးဘေးသည် သေဆုံး သွားခဲ့ပြီး အစစ်အမှန် အင်မော်တယ်အဆင့် ကျင့်ကြံသူတစ်ယောက်လည်းဖြစ်၏။ ထိုသူသည်သာ ပြန်လည် ရှင်သန်လာသည်ဆိုပါက ကျိန်းသေပေါက် ချင်ကလန် တစ်ခုလုံးသည် အဆုံးသတ် သွားပေလိမ့်မည်။
“သေချာပြီ”