← Chapters

အခန်း (၅၂၈)

Vol. 36 Ch. 528

အခန်း (၅၂၈)

Vol. 36 Ch. 528

ချလွမ်

အနီရောင်ဓားအလင်း တစ်ခုသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီမှ ထွက်ပေါ်လာခဲ့၏။ ထိုအရာသည် ကောင်းကင်ကြီးတစ်ခုလုံးကိုပင် နီစွေးသွားစေခဲ့၏။ ဝိညာဉ်များ၏ အော်ညည်းသံကို အားလုံးသော သူတို့က ကြားလိုက်ရ၏။ ဝိညာဉ် ဂိတ်တံခါးပေါက် ပွင့်လှစ်သွားသကဲ့သို့ပင်။

ချက်ချင်းဆိုသလိုပဲ ဓားအလင်းတန်း ခုတ်ပိုင်းမှု ဖြစ်တည်လာခဲ့သလို တဟူးဟူးနှင့် တိုက်ခတ်နေသည့် လေများသည် ပြင်းထန်လာခဲ့၏။ ကောင်းကင်ယံ တစ်ခုလုံးတွင် လေလှိုင်းအဟုန်များ ဖြစ်တည်လာခဲ့၏။ ထိုဓားချက်၏ အောက်တွင် နတ်ဆိုးများ၊ နတ်သားများ .... အရာအားလုံးတို့သည် ပျောက်ကွယ်သွားရမည် သကဲ့သို့ပင်။ ထိုဓား၏ ထက်ရှမှုကို မည်သူကမှ မခုခံနိုင်ခဲ့ကြချေ။

ချင်ကလန်၏ ဘိုးဘေကြီးနှင့် ပဉ္စမ အကြီးအကဲတို့သည် မည်သို့မှ မနေနိုင်ဘဲ တံတွေးပင် မျိုချလိုက်မိကြ၏။ ၎င်းတို့၏ ခန္ဓာကိုယ်သည် ဤဓားချက်ကို ခုခံနိုင်ပါ့မည်လား မသေချာပေ။ သူတို့ များများစားစား မတွေးရသေးခင် မှာပဲ ၎င်းတို့၏ အတွေးများက ပျောက်ကွယ်သွားခဲ့၏။ ဓားအလင်းက ဖြတ်သန်းသွားခဲ့သောကြောင့်ပင်။

ဘုန်း

ကျယ်လောင်လှသော အသံကြီး ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးသည် ပြိုလဲသွားလုမတတ် တုန်ခါသွား၏။ အချိန်အတော်ကြာသည်အထိ ထိုကဲ့သို့သော တုန်ခါမှုသည် မရပ်တန့်ခဲ့ချေ။

ယခုမှ ပြန်လည်ရှင်သန်လာခဲ့သည့် ချင်ကလန်အဖွဲ့သား နှစ်ယောက်တို့သည် ပျောက်ခြင်းမလှ ပျောက်ကွယ်သွား ခဲ့၏။ အရာအားလုံးသည် အိမ်မက်ကဲ့သို့ပင်။ အားလုံးသော သူတို့သည် အိမ်မက် မက်နေသကဲ့သို့ပင် ခံစားနေမိ ကြသည်။ အစီအရင်သည် အားလုံး၏ မျက်လုံးအောက်တွင် အသက်ဝင်လျက် ရှိနေ၏။ အစစ်အမှန် အင်မော်တယ်နှင့် တော်ဝင်အင်ပါယာ နှစ်ယောက်တို့သည့် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ လက်တစ်ချက် ဝှေ့ယမ်းရုံဖြင့် သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း အားလုံးက မျက်မြင်တွေ့ခဲ့ရသည်။

“တော်ဝင်သဲကန္တာရမြို့ရဲ့ အစီအရင်က အားနည်းတဲ့ပုံပဲ” လီယွင်သည် သူ၏လက်ကို အသာပြန်ရုတ်သိမ်းပြီး သည့်နောက် ကောင်းကင်ကို မော့ကြည့်ကာ တီးတိုးရေရွတ်လိုက်၏။

ဤအရာသည် ယခင်က သူ ဖန်တီးခဲ့သည့် အစီအရင်တစ်ခုသာဖြစ်ပြီး တော်ဝင်အင်ပါယာတစ်ယောက်ကို ဖိနှိပ်ထားနိုင်စွမ်းရှိ၏။ သို့ပေမဲ့ လောက၏ အဆင့်အတန်း မြင့်မားလာသည်နှင့်အမျှ တော်ဝင်အင်ပါယာ အစီအရင်သည် လုံလောက်သည့်အရာမျိုး မဟုတ်တော့ချေ။ အစီအရင်ကို ထပ်မံ အဆင့်မြှင့်တင်ခြင်း မပြုလုပ်ပါက တော်ဝင်သဲကန္တာရမြို့ တစ်ခုလုံးသည် အားလုံးသောသူတို့ လာချင်သလိုလာ၊ သွားချင်သလိုသွား၍ ရသည့် မြို့မျိုး ဖြစ်လာမှာ သေချာ၏။ ဤအရာသည် သူမြင်ချင်သည့် အရာမျိုး မဟုတ်ချေ။

လီယွင်တစ်ယောက် ချင်ကလန်ဘိုးဘေးကြီးကို ဖိနှိပ်ပြီးပြီးချင်းမှာပဲ ကောင်းကင်မူလလောကကြီးသည် ရှုပ်ထွေးလာခဲ့သည်။ ရေတွက်၍မရအောင် များပြားသည့် အလောင်းကောင်များသည် ၎င်းတို့၏ သင်္ချိုင်းအတွင်းမှ စတင်ကာ ထွက်ခွာလာခဲ့၏။

တော်ဝင်သဲကန္တာရမြို့၏ အပြင်ဘက် ....။

ပိုင်တုရန်တောင်ကြား၏ လူသူကင်းရှင်းလှသည့် တည်နေရာ အထက်တွင်တော့ ယင်ဓာတ်သဘာဝများ လွှမ်းခြုံနေသည့် လူတစ်ယောက်သည် လေဟာနယ်ထဲတွင် မတ်မတ်ရပ်နေ၏။ ၎င်း၏ အသက်ရှူနှုန်းများက ငြိမ်သက်နေ၏။ မျက်လုံးကို ဖွင့်လိုက်၊ ပိတ်လိုက် ပြုလုပ်ပြီးနောက် တောင်ကြားတစ်ခုလုံးရှိ အရာများကို လှမ်းကာ ကြည့်ရှုနေ၏။ သူက တီးတိုးရေရွတ်လိုက်သည်။

“ငါ ပြန်ပြီး ရှင်သန်လာတာလား။ ကြည့်ရတာ ငါချန်ခဲ့တဲ့ အမွေအနှစ်တွေကို တစ်စုံတစ်ယောက်က ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်မယ်”

ရွှေကျီးကန်းကလန်၏ အတွင်းမှာတော့ များပြားလှသည့် တော်ဝင်အင်ပါယာများ ပြန်ရောက်လာခဲ့ကြ၏။ ၎င်းတို့သည် ရှေးနတ်ဆိုးနတ်ဘုရားများကဲ့သို့ပင် ခန္ဓာကိုယ်တစ်ခုလုံး မဲနက်လျက် ရှိနေ၏။ လေဟာနယ် ထဲတွင် မတ်မတ်ရပ်လျက်ရှိနေပြီး ၎င်းတို့၏ အစစ်အမှန်ခန္ဓာကိုယ်များသည် နေကဲ့သို့ ပူလောင်သည့် အလင်းတန်းများကို ထုတ်ဖော်နေ၏။

ရွှေကျီးကန်းကလန်၏ ဘိုးဘေးကြီးသည် တံခါးပိတ် ကျင့်ကြံရာမှ နိုးထလာခဲ့ပြီးသည့်နောက် သူ၏ရှေ့တွင် ရှိနေသည့် အရာအားလုံးကို ကြည့်ရှု၏။ သူ၏ ကျောရိုးမကြီး တစ်ခုလုံးက စိမ့်တက်သွားခဲ့မိ၏။ အချိန်အတော်ကြာ ပြီးသည့်နောက် တော်ဝင်သဲကန္တာရမြို့ထဲတွင် သေဆုံးလျက် ရှိနေသည့် လူပေါင်းများစွာတို့ အသက်ပြန်ရှင်လာ သည်ဆိုသည့် သတင်းကို သူတို့က ရရှိခဲ့သည်။

အချိန်မည်မျှ ကြာမြင့်သနည်း။ သူတို့၏ ဘိုးဘေးအားလုံးသည် အသက်ပြန်လည် ရှင်သန်လာခဲ့၏။ ပြောရမည်ဆိုလျှင် မွန်းစတားအင်ပါယာခေါင်းလောင်းကို သန့်စင်ခဲ့သည် ဘိုးဘေးကြီးကိုပင် သူက မြင်ခဲ့ရ၏။ ထိုလူသည် ရွှေကျီးကန်းကလန်၏ တည်ထောင်သူတစ်ယောက်ဖြစ်၏။ သို့ပေမဲ့ လက်ရှိအချိန်တွင် တစ်စုံတစ်ဦးက ၎င်း၏ ခန္ဓာကိုယ်ကို ဝင်ရောက်စီးထားသည့် အတိုင်းပင်။ ကလန်၏ အဖွဲ့ဝင်များ အားလုံးကို ကြည့်သည့် အကြည့်များကလည်း ထူးမခြားနားသလိုပင် အေးစက်လျက် ရှိနေလေ၏။ အားလုံးသော သူတို့အား သတ်ဖြတ်လိုခြင်း ဆန္ဒများ မဖုံးကွယ်နိုင်သလိုပင် ကြည့်ရှုနေ၏။

မွန်းစတားအင်ပါယာခေါင်းလောင်းသည် သူ၏သခင်ကို မြင်ရသည် ဆိုလျှင်တောင်မှ စိတ်လှုပ်ရှားမှုကို မပြသခဲ့ချေ။ ထိုအစား အသံတစ်ခုကိုတော့ ထုတ်ဖော်ခဲ့လေ၏။ ထိုအသံသည် ရွှေကျီးကန်းကလန် အဖွဲ့ဝင်များ အားလုံးကို သတိပေးခဲ့ခြင်းသာလျှင်ဖြစ်၏။ သူ၏ သခင်သည် ယခင်ကနှင့်မတူ ခြားနားလျက် ရှိနေကြောင်း သတိပေးနေခြင်းပင်။

“ဂလု”

ရွှေကျီးကန်းကလန်၏ ဘိုးဘေးသည် တံတွေး မျိုချပြီးနောက် ရွှေကျီးကန်းကလန်၏ ခေါင်းဆောင်ဆီသို့ အသံ ပို့လွှတ်လိုက်၏။ “ချက်ချင်း ကောင်းကင်လျှို့ဝှက်နန်းဆောင်ကိုသွား၊ ပြီးတော့ ရွှေကျီးကန်းကလန်ထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ သွားမေး။ သေဆုံးသွားပြီဖြစ်တဲ့ ငါတို့ရဲ့ ဘိုးဘေးတွေက ဘယ်လိုဖြစ်ပြီး ရုတ်တရက် နိုးထလာခဲ့ရတာလဲ။ မဖြစ်သေးပါဘူး။ ငါသွားမှ ဖြစ်မယ်”

သူ ထွက်ခွာသွားပြီး အသက်တရှိုက်စာပင် မကြာသေးချေ။ ကြောက်မက်ဖွယ်ရာကောင်းသည့် စွမ်းအင်လှိုင်း များသည် ရွှေကျီးကန်းကလန်၏ ဘိုးဘေးနယ်မြေထဲတွင် ပေါ်ပေါက်လာခဲ့၏။ များပြားလှသည့် တော်ဝင် အင်ပါယာများသည် တိုက်ခိုက်လျက် ရှိနေပြီး အော်သံများကလည်း ကျယ်လောင်စွာ ထွက်ပေါ်နေ၏။ လောကကြီးတစ်ခုလုံး ပျက်စီးလုနီးပါးပင်။

ထိုမြင်ကွင်းကို မြင်ရသည့် အချိန်မှာတော့ ရွှေကျီးကန်းကလန်၏ ခေါင်းဆောင်သည် မည်သို့မှ မနေနိုင်ချေ။ ကြီးမားသည့် ကိစ္စရပ်ကြီး သူတို့၏ မျိုးနွယ်စုထဲတွင် ဖြစ်ပေါ်နေပြီဖြစ်ကြောင်း သူတို့ နားလည်လိုက်မိ၏။ ပြောရမည်ဆိုလျှင် များပြားလှသည့် ဘိုးဘေးများ ပြန်လည်ရှင်သန်လာခြင်းသည် ကောင်းကျိုးဆိုသည်ထက် ကပ်ဘေးကို ကျရောက်စေခဲ့၏။

တချိန်တည်းမှာပဲ ကောင်းကင်မူလလောကကြီးနှင့် သန်းနှင့်ချီသော အကွာအဝေး ရှုပ်ထွေးလှသည့် တည်နေရာလမ်းကြောင်း၏အထက် နတ်ဘုရားသင်္ဘောပေါ်မှာတော့ ချပ်ဝတ်ကို ဝတ်ဆင်ထားသော လူတစ်ယောက်သည် ရုတ်တရက် မျက်လုံးကို ဖွင့်လိုက်၏။ အေးစက်သည့် အလင်းတန်းများသည် စကြဝဠာ တစ်ခုလုံးကို ထိုးခွင်းကာ ကြည့်ရှုနေ၏။ သူသည် ကောင်းကင်မူလလောကကြီး တည်ရှိရာ တည်နေရာဆီသို့ လှမ်းကြည့်ကာဖြင့် တီးတိုးရေရွတ်လိုက်သည်။ “ထူးဆန်းလိုက်တာ”

“ခေါင်းဆောင်.. ဘာဖြစ်လို့လဲ” ဘေးတွင်ရှိနေသည့် တစ်စုံတစ်ယောက်က မေးမြန်းလိုက်၏။

“ရောရုဝပြည်ရဲ့လူ၊ သတ်ဖြတ်ဖို့ခက်ပြီး မသေဆုံးနိုင်တဲ့လူ၊ မထင်မှတ်ထားလောက်အောင်ပဲ ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးစေ့ကနေ ပြန်လည်ဆင့်ခေါ်ခဲ့တဲ့ ရှေးအလောင်းကောင်တချို့ သေဆုံးသွားခဲ့တာ ငါအာရုံခံမိတယ်” ချပ်ဝတ်နှင့် လူက တီးတိုးရေရွတ်လိုက်သည်။

“အမ်”

ဘေးတစ်ဖက်တွင် ရှိနေသည့် လူကလည်း တွေးတွေးဆဆ အမူအရာမျိုး ဖြစ်တည်လာခဲ့၏။ သူသည် တစ်စုံတစ်ခုကို တွေးလိုက်မိသကဲ့သို့ပင် ပြောလိုက်၏။ “တိုင်ချူး တိုက်ခိုက်ခဲ့တာလား”

လက်ရှိအခြေအနေမှာတော့ နက်နဲအလင်းလောကကြီးဆီမှ ထွက်ပြေးသွားခဲ့နိုင်သော တိုင်ချူး တစ်ယောက်တည်း သည်ကသာလျှင် ထိုကဲ့သို့ အရာကို ပြုလုပ်နိုင်လိမ့်မည်ဟု သူတို့က ထင်မှတ်ထားသည်။

“သူမဟုတ်ဘူး”

ချပ်ဝတ်ကို ဝတ်ဆင်ထားသည့်လူသည် ခေါင်းကို အသာခါယမ်းလိုက်၏။ ပြီးနောက် ထူးမခြားနားသလို ပြောဆိုလိုက်၏။ “တိုင်ချူးရဲ့ အားအင်အဆင့်က အားမနည်းဘူး ဆိုပေမဲ့ အရမ်းကြီး အားကောင်းတာလည်း မဟုတ်ဘူး။ သူ့ရဲ့ အားအင်အဆင့်နဲ့ဆိုရင် ရောရုဝပြည်ရဲ့ အလောင်းကောင်တွေကို သတ်ဖြတ်နိုင်မှာ မဟုတ်ဘူး။ စွမ်းအားမြင့် ကျင့်ကြံသူတွေကို မပြောနဲ့ သူတော်စင်တစ်ယောက်ကို သတ်ဖြတ်နိုင်ဖို့ ဆိုတာတောင် သူ့အတွက် ခက်ခဲလိမ့်မယ်”

အားအင်အဆင့်အရ ပြောရမည်ဆိုလျှင် ရောရုဝအရှင်မှလွဲလျှင် ရောရုဝပြည်မှ လူအနည်းငယ်သည်သာလျှင် တိုင်ချူးကို ရင်ဆိုင်နိုင်၏။ သို့ပေမဲ့ ရောရုဝပြည်တွင် ရှိနေသည့် လူများသည် ဆန်းကြယ်လှသည့် ခန္ဓာကိုယ်များကို ပိုင်ဆိုင်သောကြောင့် တစ်ဖက်လူများသည် သူတို့ကို အနိုင်ယူနိုင်လိမ့်မည် မဟုတ်ချေ။ သတ်ဖြတ်ဖို့ဆိုသည်မှာ ဖြစ်နိုင်သည့် အရာမဟုတ်ချေ။ တိုင်ချူးအနေနှင့် နှစ်ဆ ပိုမိုအားကောင်းသည် ဆိုလျှင်တောင်မှ ဤကဲ့သို့ ပြုလုပ်နိုင်လိမ့်မည် မဟုတ်ချေ။

"တိုင်ချူး မဟုတ်ဘူးဆိုရင် ဒီလောကမှာ ကျုပ်တို့ ထင်ထားတာထက် သာလွန်နေတဲ့စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်ယောက် ရှိနေတာလား။"

အ​စောက ပြောဆိုခဲ့သူသည် အမူအရာတော့ မပြောင်းလဲချေ။ လေးနက်တည်ကြည်သည့် အသွင်ဖြင့် ပြောဆိုလိုက်သည်။ ထိုသို့သာ ဆိုလျှင် သူတို့သေသေချာချာ စဉ်းစားရန် လိုအပ်လာခဲ့၏။ အလောင်းကောင်များကို သတ်ဖြတ်နိုင်သည်ဆိုလျှင် သူတို့ကို သတ်ဖြတ်ရန်ဆိုသည်မှာ မဖြစ်နိုင်သည့် အကြောင်းအရာ မဟုတ်တော့ချေ။ ထိုသို့ဆိုလျှင် သူတို့သာ သွားသည်ဆိုပါက ကျိန်းသေပေါက် တစ်ဖက်လူ၏ စဉ်တီတုံးပေါ်သို့ ခေါင်းသွားတင်ပေးသည်နှင့် တူနေသည် မဟုတ်ပါလား။

"ကိစ္စမရှိဘူး။ "

ချပ်ဝတ်နှင့်လူသည် လက်ကိုအသာယမ်းခါကာ ပြောလိုက်၏။

"သေသွားတာ နှစ်ယောက်တည်းရယ်။ အစစ်အမှန် အင်မော်တယ်၊ တော်ဝင်အင်ပါယာ ဆိုတာ ဘာမှ ထူးခြားနေတာ မဟုတ်ဘူး။ ကျုပ်အထင်အရဆိုရင် ခုနက တိုကိခိုက်လိုက်တဲ့လူဆီမှာ ကျုပ်တို့ကို သတ်ဖြတ်နိုင်တဲ့ နည်းလမ်းတစ်ခုခု တိုင်ချူးရဲ့လောကမှာ ရှိနေတဲ့ အလောင်းကောင်တွေအကုန်လုံး သေဆုံးသွား ရမှာပေါ့။ ဒါပေမဲ့ အခုနှစ်ယောက်တည်း သေတာလေ။ ဆိုလိုတာက ရောရုဝသားတွေကို သတ်ဖြတ်ဖို့ နည်းလမ်း သူတို့ဆီမှာ မရှိဘူး ဆိုတာပဲ"

ထိုစကားကို ကြားရသည့် အချိန်မှာတော့ အားလုံးသောသူတို့သည် စိတ်သက်သာရာရသလို သက်ပြင်းချလိုက်မိကြ၏။ အစစ်အမှန် အင်မော်တယ်နှင့် တော်ဝင်အင်ပါယာနှစ်ယောက်ကိုသာ သတ်ဖြတ်ခဲ့ခြင်း ဖြစ်၏။ ထိုကြောင့် သူတို့သည် စိုးရိမ်ခြင်း မရှိကြချေ။ ထို့ပြင် ဤတစ်ကြိမ် လာခဲ့သူများသည် အန္တိမအဆင့် ကျင့်ကြံသူများ ဖြစ်၏။ သူတို့၏ အားအင်အဆင့်သည် တကယ်ကို နှိုင်းယှဉ်၍ မရအောင် အားကောင်းလွန်းလှ၏။ ပြန်လည်နိုးထလာသော အလောင်းကောင်များ သေဆုံးခြင်း၊ မသေဆုံးခြင်းကို သူတို့ စိုးရိမ်ပူပန်နေလိမ့်မည် မဟုတ်ချေ။

All Chapters