အခန်း (၅၂၉)
Vol. 36 Ch. 529
"ဒီလိုဆိုရင်တောင်မှ ကျုပ်တို့ သတိအပြည့်တော့ ထားရမယ်။ "
နတ်ဘုရားရွက်သင်္ဘော၏ အထက်မှာတော့ လူတစ်ယောက်သည် လေးနက်သည့် အသံဖြင့် ပြောဆိုလိုက်၏။ သူသည် ဤခရီးစဉ်၌ လိုက်ပါလာခဲ့သည့် တစ်ဦးတည်းသော သက်ရှိလူသားဖြစ်၏။ သူ့အနေဖြင့် သေဆုံးသွားခဲ့သည် ဆိုလျှင်တောင်မှ ထာဝရနေထိုင်နိုင်စွမ်း ရှိနေ၏။ ထို့ကြောင့် သူသည် တခြားသော သူများထက် ပိုမို၍ အသက်ရှင်သန်မှု၏ အဓိပ္ပာယ်ကို နားလည်သည့် လူတစ်ယောက် ဖြစ်၏ ထို့အပြင် အသက်ရှင်သန်မှုဆိုသည်မှာ မလိုချင်သူဟူ၍ တစ်ယောက်မှ ရှိလိမ့်မည် မဟုတ်ချေ။ တိုင်ချူး၏ မွေးရပ်မြေတွင် သူတို့ ထင်မှတ်ထားသည်ထက် ပိုမိုကာ အားကောင်းသည့် လူတစ်ယောက် ရှိသည်ဆိုပါက လူအနည်းငယ်ဖြင့် ထိုလူကို တားဆီးနိုင်မည် မဟုတ်ချေ။
"အရမ်းကြီး စိတ်ပူမနေပါနဲ့"
ချပ်ဝတ်နှင့်လူက နှာခေါင်းရှုံ့လိုက်၏။ ပြီးနောက် ပြောလိုက်၏။ "ကျုပ်တို့ မလာခင်ကတည်းက စုံစမ်းပြီးသား။ တိုင်ချူးရဲ့ မွေးရပ်မြေက နက်နဲအလင်းလောကထက် ပိုပြီးအားမကောင်းဘူး။ စွမ်းအားမြင့် ကျင့်ကြံသူ အနည်းငယ်ရှိတာ ဘာဖြစ်လဲ။ ကျူပ်တို့ တည်နေရာဖြတ်သန်းနိုင်ပြီဆိုရင် အရှင်က နယ်မြေဖြတ်သန်းပြီး ရောက်လာလိမ့်မယ်။ ဒါဆိုရင် သူတို့က အရှုံးပေးရမှာပဲလေ။"
ထိုစကားစုကို ပြောပြီးနောက် အားလုံးသောသူတို့သည် တိတ်ဆိတ်ငြိမ်သက်သွား၏။ ရောရုဝအရှင်၏ အားအင်အဆင့်သည် အားနည်းသည် မဟုတ်ချေ။ နက်နဲအလင်း လောကကြီးတစ်ခုလုံးကို စမ်းသပ်ပြီးသား ဖြစ်၏။ ယခင်တုန်းက ရောရုဝပြည်ကို ဆန့်ကျင်ခဲ့သူများသည် အရှင်နှင့် ရင်ဆိုင်တွေ့သည့်အခါမှာတော့ အရှုံးပေးခဲ့ရ၏။
သေဆုံးပြီးနောက် အသက်ပြန်ရှင်လာသည့် အခြေအနေသည် ကောင်းမွန်သည် ဆိုလျှင်တောင်မှ လူတစ်ချို့သည် ၎င်းတို့၏ အသိစိတ်များ ဖယ်ရှားခံရပြီး လမ်းလျှောက်နိုင်သော ရုပ်သေးများ ဖြစ်လာခဲ့၏။ ထိုသူများအားလုံးသည် ရောရုဝအရှင်၏ ထိန်းချုပ်ခြင်းကို ခံထားရ၏။ ထိုအတွေးကို တွေးမိသည့်အချိန်မှာတော့ ထိုသူသည် မည်သို့မှ မနေနိုင်ပဲ ပုခုံးကို တွန့်မိခဲ့၏။
“ပြီးတော့ ….”
ချပ်ဝတ်ကို ဝတ်ဆင်ထားသောသူသည် လက်ထဲတွင် ရှိနေသည့် ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးကို မြှောက်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည် "အချိန်တေ ကြာပြီးတဲ့နောက်မှာ နှစ်ယောက်ပဲ သေသေးတာလား။ ဒါက တိုင်ချူးနတ်နယ်မြေရဲ့ အခြေအနေကို ဖော်ညွှန်းနေတာပဲ"
"ခေါင်းဆောင် ပြောတာအမှန်ပါပဲ"
တခြားသောသူတစ်ယောက်က ဝင်ရောက်ကာ ပြောဆိုလိုက်၏။ "သူ့ရဲ့ မွေးရပ်မြေက အရမ်းအားကောင်းတယ်ဆိုရင် တိုင်ချူးက သူ့မွေးရပ်မြေကို စွန့်ခွာပြီး နက်နဲအလင်းလောကဆီကို မလာနိုင်ဘူးလေ။ "
ရှုပ်ထွေးလှသည့် လေဟာနယ်များကြားထဲတွင် များပြားလှသည့် လောကများ တည်ရှိနေ၏။ လောကများသည် ဂင်္ဂါဖြစ်မှ သဲများကဲ့သို့ပင် များပြားလွန်းလှ၏။ သို့ပေမဲ့ ရှုပ်ထွေးလှသည့် တည်နေရာပတ်လမ်းကြောင်းကို ဖြတ်သန်းရန်မှာ လုံလောက်သည့် အားအင်အဆင့်ကို ပိုင်ဆိုင်ရန် လိုအပ်၏။ ထို့ကြောင့် လုံလောက်သည့် အားအင်အဆင့်ရှိနေသည် ဆိုပါက အလုပ်ရှုပ်ခံကာ တခြားဆီ သွားမည် မဟုတ်ပေ။ မရင်းနှီးသည့် တည်နေရာတစ်ခုကို သွားရောက်ခြင်းအားဖြင့် ပေးဆပ်ရမည့်တန်ဖိုးသည် ကြီးမားသည်မဟုတ်ပါလား။
တိုင်ချူးသည် ၎င်း၏မွေးရပ်မြေဆီသို့ ပြန်ရန် ရွေးချယ်ခဲ့၏။ အဘယ့်ကြောင့်ဆိုသော် စွမ်းအားမြင့် ကျင့်ကြံသူများ နောက်မှ လိုက်ပါခဲ့သောကြောင့်ပင်။ တိုင်ချူးတစ်ယောက် သူ၏ မွေးရပ်မြေမှ ထွက်လာသည့် အကြောင်းအရင်းကို စဉ်းစားနိုင်ပေလိမ့်မည်။ ကျိန်းသေပေါက် ၎င်း၏လောကကြီးသည် နက်နဲအလင်းလောကကြီး ထက် အားမကောင်းသောကြောင့် တခြားသောလောကများဆီသို့ သွားရောက်ကာ ၎င်း၏ ကျင့်ကြံခြင်းကို တိုးမြင့်ရန် ကြိုးစားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
"ဒါပေမဲ့ ဘာပဲဖြစ်ဖြစ်"
ထိုသူသည် တခြားသောသူများကို လှမ်းကြည့်ကာ ပြောလိုက်၏။ "ကိစ္စကြီးတစ်ခုခု လုပ်တဲ့အချိန်မှာ အမှားမရှိအောင် ဂရုစိုက်သင့်တယ်။ ပြီးတော့ အရာအားလုံးက အရှင့်အတွက် လုပ်နေတာပဲလေ။ အနည်းငယ်သော အမှားတစ်ခုက အရှင့်ရဲ့ အစီအစဉ်တစ်ခုလုံးကို ပျက်စီးစေမယ်ဆိုရင် ကျုပ်တို့ နောင်တတရား တောင် ရလိုက်မှာ မဟုတ်ဘူး"
ချပ်ဝတ်နှင့်လူသည် ဖြေးညှင်းစွာ မတ်တပ်ထရပ်လိုက်၏။ သူသည် ကြောက်မက်ဖွယ် ကောင်းလှသည့် အော်ရာများ ကို ထုတ်ဖော်နေ၏။ သူသည် သုံးဆယ့်ခြောက်ပေလောက် မြင့်သောအရပ်ကို ပိုင်ဆိုင်သောကြောင့် တဖက်လူကို ခေါင်းငုံ့ကာ ကြည်ရှုလိုက်သည်။ "ကျုပ်တို့က မသေနိုင်တဲ့ အခြေအနေတစ်ခုကို ရရှိခဲ့ပြီ ဆိုမှတော့ ဘာလို့သတိထားနေရတော့မှာလဲ။ ပြီးတော့"
သူက ခဏရပ်လိုက်၏။ ပြီးနောက် သူက လက်ထဲတွင်ရှိနေသည့် ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးလုံးကို ဆော့ကစားရင်း ကောင်းကင်ဆီသို့ လှမ်းကာကြည့်ရှုနေ၏။ "ကျုပ်တို့ တိုင်ချူးရဲ့ မွေးရပ်မြေနဲ့ မဝေးတော့ဘူး"
ထိုစကားစု ထွက်ပေါ်လာသည့် အချိန်မှာတော့ များပြားလှသည့် ကုန်းမြေတိုက်ကြီးများသည် ၎င်းတို့၏ေရှ့တွင် ပေါ်ပေါက်လာခဲ့၏။ နက်နဲအလင်းလောကကြီးထက် ပိုမိုကာ ကျယ်ပြန့်ပြီး ကြီးမားလွန်း၏။ ဤလောကကြီး သည် နတ်ဘုရားရွက်သင်္ဘောပေါ်ရှိ လူများကို ကြောင်အသွားစေခဲ့၏။ သူတို့အနေဖြင့် တိုင်ချူး၏ နတ်နယ်မြေ အကြောင်း တွက်ချက်ခဲ့ပြီးသား ဖြစ်၏။ သို့ပေမဲ့ သူတို့သည် တစ်ဖက်လူများကို အထင်သေးခဲ့ခြင်းသာ ဖြစ်သည်။
များပြားလွန်းသော လောကကြီးများကို ပေါင်းစပ်ပြီးနောက် ဤလောကကြီးသည် တကယ်ကို ကြီးမားလာခဲ့သည်။ နက်နဲအလင်းလောကကြီးသည် ဤလောကကြီး၏ သုံးပုံတစ်ပုံခန့်သာ ရှိနေ၏။ ပြောရမည်ဆိုလျှင် နက်နဲအလင်းလောကကြီးသည် အကျယ်အဝန်းချင်း ယှဉ်ပါက အောက်ခြေစည်းသို့ပင် ရောက်ရှိနေ၏။
"ဒီလောကကြီးရဲ့ အားအင်က မူလနက်နဲမီးတောက်နယ်မြေထက် ဘယ်လိုမှ အားမနည်းလှဘူး "
မနီးမဝေးတွင် ရှိနေသောသူသည် လှမ်းကာကြည့်ရှုပြီးသည့်နောက် တံတွေး မျိုချလိုက်မိ၏။ ကြည့်ရှုရသည်မှာ ကြောက်မက်ဖွယ်ရာကောင်းသည့် လောကကြီးတစ်ခု ဖြစ်ပုံပင်။ အထဲတွင် အလွန်စွမ်းအားမြင့်မားသည့် ကျင့်ကြံသူများ တည်ရှိနေမလားဆိုသည်က ပြောရခက်လှ၏။ ထိုကဲ့သို့သော လောကကြီးကို သွားရောက် ရန်ပြုမိပါက သူတို့အဖွဲ့အနေဖြင့် ကျိန်းသေပေါက် သေဆုံးသွားပေလိမ့်မည်။
"အင်း …..ဒီလိုလောကက ပိုပြီးတော့ အရင်းအမြစ်တွေ များမှာပေါ့"
ချပ်ဝတ်နှင့်လူသည် နှာခေါင်းရှုံ့ပြီးနောက် ခေါင်းမော့ကာ လျှောက်လိုက်၏။ သူသည် နတ်ဘုရား အသိအမြင်ကို ထုတ်ဖော်ပြီး မြေအင်မော်တယ်လောကရှိရာနေရာဆီသို့ ကြည့်ရှုလိုက်၏။
တည်နေရာသည် ကွာဝေးလွန်းသောကြောင့် လောကကြီးတစ်ခုလုံးကို သူ မကြည့်ရှုနိုင်ချေ။ တည်နေရာ အစိတ်အပိုင်း အနည်းငယ်ကိုတော့ သူ စုံစမ်းစစ်ဆေးပြီး ဖြစ်၏။ သူ၏ နတ်ဘုရားအသိအမြင်အောက်တွင် ဘာတစ်ခုမှ မလွတ်မြောက်နိုင်ခဲ့ချေ။ အသိအမြင်ကို ပြန်လည်ရုတ်သိမ်းပြီးနောက် ရလာဒ်သည် သူ့အား တကယ်ပင် ပျော်ရွှင်သွားစေခဲ့၏။ သူ၏ရှေ့တွင် ရှိနေသော လောကကြီးသည် အမှန်ပင် အားနည်းပုံပေါ်၏။ လောက၏ အစိတ်အပိုင်းတစ်ခုကိုသာ စုံစမ်းနိုင်ခဲ့သော်လည်း သူသည် လောကကြီးတစ်ခုလုံးကိုအကြမ်းဖျင်း ခန့်မှန်းခဲ့ပြီး ဖြစ်သည်။
သူ၏ အထင်အရဆိုလျှင် ဤလောကကြီးတွင် အစစ်အမှန်အင်မော်တယ်ပင်လျှင် ရှားရှားပါးပါး တည်ရှိနေ၏။
"တိုင်ချူးရဲ့ မွေးရပ်မြေက ဒီလိုလား"
ချပ်ဝတ်နှင့်လူသည် မထူးခြားသလိုပင် ရေရွတ်နေမိ၏။ ဘေးတစ်ဖက်တွင် ရှိနေသည့်လူ၏ နှုတ်ခမ်းများ က ကော့တက်နေ၏။ သူသည် စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်မိသည်။ "တကယ့်ကို အားနည်းတာပဲ ကြည့်ရတာ ဂုဏ်သိက္ခာနဲ့အတူ နေထိုင်နေတဲ့လူတွေ ဟုတ်ပုံမပေါ်ဘူး။ ပြီးတော့ လောကကြီးတစ်ခုလုံးကလည်း ကျုပ်တို့ရောက်လာတာတောင် တစ်ချက်ကလေးမှ သတိပြုမိပုံ မပေါ်ဘူး။ ရောရုဝပြည်ရဲ့ သတ္တဝါတွေအနေနဲ့ ၎င်းတို့သည် သိုသိုသိပ်သိပ် နေထိုင်ရမည်ကို တစ်ချက်ကလေးမှ သိရှိသူများ မဟုတ်ပေ။ သူတို့ ရောက်ရှိလာသည်ကို တစ်ချက်ကလေးမှ ဖုံးကွယ်ထားချင်စိတ်လည်း မရှိချေ။
သို့ပေမဲ့ တိုင်ချူးလောကကြီးဘက်၌ အထိတ်တလန့် လှုပ်ရှားမှုဟူ၍ တစ်ချက်ကလေးမှ ထွက်ပေါ်မလာခဲ့ချေ။ ကြည့်ရသည်မှာ တစ်ဖက်လူများသည် သူတို့ကို ဂရုမစိုက်ခြင်း သို့မဟုတ် သူတို့ရောက်ရှိလာသည်ကို မသိရှိခြင်းသာ ဖြစ်လေလိမ့်မည်။
“ဟမ် ….”
ထိုအချိန်မှာတော့ ထိုလူက အသာအော်ဟစ်လိုက်၏။ သူ၏ မျက်စိသူငယ်အိမ်များက ကျုံ့ဝင်သွားခဲ့၏။
"ကြည့်ရတာ တိုင်ချူးရဲ့ မွေးရပ်မြေ သတိမပြုမိတာ မဟုတ်ဘူး။ တစ်စုံတစ်ယောက်က ကျုပ်တို့ကို စောင့်နေတာပဲ"
မြေအင်မော်တယ်လောကကြီး၏ အပြင်ဖက်တွင် အဖြူရောင်ဝတ်စုံနှင့်လူ တစ်ယောက်က မတ်မတ်ရပ်လျက် ရှိ၏။ ၎င်း၏ ကျောဖက်တွင် ဓားရှည်တစ်ချောင်းကို လွယ်ပိုးထားခဲ့ပြီး ငြိမ်ငြိမ်သက်သက်နှင့် မတ်မတ်ရပ်လျက် ရှိနေသည် ဆိုသော်လည်း ၎င်း၏ အဝတ်များသည် လေနှင့်အတူ လွင့်မြောလျက် ရှိနေ၏။ ခန္ဓာကိုယ်တစ်ခုလုံးသည် ကောင်းကင်၊ မြေကြီးတို့နှင့် တစ်သားတည်း ဖြစ်တည်နေသည့် ပုံပင်။
"ဒါဘာလဲ"
ချပ်ဝတ်နှင့်လူ၏ မျက်စိသူငယ်အိမ်ထဲတွင် တည်ရှိနေသည့် ဝိညာဉ်မီးတောက်သည် ပိုမိုကာ တောက်ပလာခဲ့၏။ အေးစက်သည့် အသက်ရှုနှုန်းများ ဖြစ်တည်လာခဲ့ပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို အေးခဲစေသကဲ့သို့ပင်။ ထိုသူသည် အသံကို ကြားရသည့်အချိန်မှာတော့ မနေနိုင်ဘဲ နှာခေါင်းရှုံ့လိုက်မိ၏။ "အင်း ….. တိုင်ချူးကိုး။ နက်နဲအလင်းလောကကနေ လွတ်မြောက်လာခဲ့ပြီး ဒီနေ့အချိန်မှာ ငါတို့ကို တားဆီးဖို့ ဒီနေရာမှာ လာရပ်နေတာပဲ ဖြစ်ရမယ်။ ငါတို့ကို တားဆီးနိုင်မယ် ထင်နေတာလား။ "
“ဟူး …”
သူ၏ ဘေးတစ်ဖက်တွင် ရှိနေသော လူက သက်ပြင်းချလိုက်၏။ တင်းကြပ်သည့် ခံစားချက် အားလုံးက ပြေလျော့သွားခဲ့၏။ သူ၏ စိုးရိမ်ပူပန်မှုများသည် မလိုအပ်သည့် အရာများ ဖြစ်ပုံပေါ်၏။ တိုင်ချူး၏ မွေးရပ်မြေသည် သူထင်မှတ်ထားသလောက် အားမကောင်းလှချေ။ တခြားတစ်ဖက်မှ ကြည့်ရှုမည်ဆိုလျှင် အတော်ပင် အားနည်းလို့နေခဲ့၏။ အစစ်အမှန် အင်မော်တယ်ဟူ၍ တစ်ယောက်ကလေးမှ ရှိပုံမပေါ်ချေ။
ဘာကိုဆိုလိုသနည်း။ ဤလောကကြီးသည် ရောရုဝပြည်ကို တစ်ချက်ကလေးမှ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။