← Chapters

အခန်း (၅၃၀)

Vol. 36 Ch. 530

အခန်း (၅၃၀)

Vol. 36 Ch. 530

ဘုန်း …။

မြေအင်မော်တယ်လောက၏ ရှုပ်ထွေးလှသည့် အပြင်ဖက် တည်နေရာလမ်းကြောင်းထဲမှာတော့ ကောင်းကင်ယံတစ်ခုလုံး တုန်ခါသွားစေနိုင်သော ကျယ်လောင်သည့် ပေါက်ကွဲသံကြီးတစ်ခု ပေါ်​ပေါက်လာခဲ့၏။ စကြာဝဠာတစ်ခုလုံးရှိ နေရာတိုင်း ကွဲအက်နေခဲ့ပြီး ကြီးမားလှသည့် အမဲရောင်တွင်းကြီး တစ်ခုက ပေါ်ပေါက်လာခဲ့သည်။ စကြာဝဠာ လမ်းကြောင်းတစ်ခုလုံးက တုန်ခါလျက် ရှိနေ၏။ အရာအားလုံးကို ဝါးမျိုပစ်နိုင်သည့် အော်ရာများ ထွက်ပေါ်နေပြီး အမဲရောင်တွင်းကြီးဆီမှ ရှုပ်ထွေးသည့် မြူများ ထွက်ပေါ်နေ၏။

အေးစက်သည့် ​ချောက်ကမ်းပါးထဲသို့ ကျဆင်းသွားသလိုပင် အားလုံးသောသူတို့က ခံစားမိကြ၏။ တော်ဝင်အင်ပါယာအဆင့် မှ အစစ်အမှန် အင်မော်တယ်အဆင့် အားလုံးသောသူတို့က တုန်ယင်သွားမိကြ၏။ အားလုံးသည် ကောင်းကင်ကို မော့ကြည့်ပြီး ကြောက်လန့်တကြားနှင့် ဖြစ်မိနေ၏။ ဘာတွေဖြစ်နေသည်ကို မသိရှိကြချေ။ သို့ပေမဲ့ ချက်ချင်းဆိုသလိုပဲ ကြီးမားသည့် ကပ်ဘေးကြီးတစ်ခု ကျရောက်တော့မည် ဖြစ်ကြောင်း အားလုံးက အလိုလိုသိရှိလို့နေသည်။

ဘုန်း ဘုန်း ဘုန်း …..။

ကောင်းကင်ကြီးတစ်ခုလုံး တုန်ခါလျက် ရှိနေ၏။ များပြားလှသော ကြယ်စင်စုများသည် အောက်သို့ ကျဆင်းလုမတတ်ပင်။ အမဲရောင် တွင်းနက်ကြီးအတွင်းမှ နက်ရွှေရောင် ရှေးရွက်သင်္ဘောတစ်စင်းက ထွက်ပေါ်လာ၏။ ထိုရွက်သင်္ဘောကြီးသည် ကြောက်မက်ဖွယ်ရာကောင်းသည့် အော်ရာများကို ထုတ်ဖော်လျက် ရှိနေပြီး ရှေးခေတ်သမိုင်းကြောင်းဆီမှ ပြန်လည်ရောက်ရှိလာသည့် ရွက်သင်္ဘောတစ်စင်းကဲ့သို့ပင်။

"ဒါ ဘာကြီးလဲ" တစ်စုံတစ်ယောက်က ထကာအော်ဟစ်လိုက်၏။ ရှေးရွက်သင်္ဘောကြီး၏ မူလအရင်းအမြစ်ကို ဘယ်သူမှ မသိရှိခဲ့ကြချေ။ တစ်ချက်ကြည့်ရှုလိုက်သည်နှင့် တစ်ပြိုင်နှက် လူအများ၏ စိတ်ကို ဖိနှိပ်ထားနိုင်စွမ်း ရှိနေ၏။ အားလုံးသောသူတို့၏ နှလုံးသားထဲတွင် မကောင်းသည့် ခံစားချက်များ ဖြစ်တည်လာခဲ့၏။

ဤရှေးရွက်သင်္ဘောကြီး ​ပေါ်ပေါက်လာသည်နှင့် မြေအင်မော်တယ်လောကကြီးသည် ၎င်းပေါ်ပေါက်လာသည့် အဟုန်ကို မည်သို့မှ မခံနိုင်ချေ။ မြေပြင်တစ်ခုလုံး ကွဲအက်လျက်ရှိနေပြီး ပင်လယ်များသည် ပြောင်းပြန် စီးဆင်းလျက် ရှိနေ၏။ တောင်တန်းများသည် ပြိုလဲလျက်ရှိနေပြီး ကောင်းကင်တစ်ခုလုံးတွင် များပြားလှသည့် ဖုန်မှုန့်များ၊ အငွေ့များနှင့် ပြည့်နှက်နေခဲ့၏။ အလုံးစုံသော ဖျက်ဆီးခြင်းကို ပြသနေသကဲ့သို့ပင်။ ရှေးနတ်ဆိုးတစ်ပါးသည် ပြန်လည်ရောက်ရှိလာပြီး အရာအားလုံးကို ဖျက်ဆီးနေသကဲ့သို့ပင်။

ကြည့်ရမည်ဆိုလျှင် မြေအင်မော်တယ်လောကတွင် ရှိနေသည့် အလောင်းကောင်အားလုံးတို့သည် တစ်ကောင်ပြီး တစ်ကောင် ပြန်လည်ကာ ထွက်ပေါ်လာကြ၏။ ၎င်းတို့အားလုံးသည် ကောင်းကင်ယံသို့ မော့ကြည့်ပြီး အုပ်စိုးသူကို ကြိုဆိုနေသကဲ့သို့ပင်။ မြေအင်မော်တယ်လောကကြီးတစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေပြီး ထိုကဲ့သို့သော ငြိမ်သက်မှုသည် သင်္ချိုင်းကြီးတစ်ခုကဲ့သို့ပင်။ မည်သူမှသည် စကားပြောဆိုမှုကို မပြုလုပ်ရဲကြချေ။

“တခြားလောကက သက်ရှိတွေလား။ သူတို့က မြေအင်မော်တယ်လောကကို လာကျူးကျော်တာလား။ အရမ်းအားကောင်းလွန်းတယ်။ ကျုပ်ရဲ့ ဝိညာဉ်တွေတောင် တုန်ခါနေတယ်။ အသက်ရှုရပ်မတတ်ပဲ။ ရောက်ရှိလာတဲ့လူတွေက သံသယရှိစရာမလိုအောင် အားကောင်းကြတယ်။ အင်ပါယာ ဒါမှမဟုတ် အင်ပါယာရဲ့ အထက်မှာရှိတဲ့ ကျင့်ကြံသူတွေပဲ ဖြစ်ရမယ် "

"အင်ပါယာမဟုတ်ဘူး။ အစစ်အမှန် အင်မော်တယ်တွေတောင် ဖြစ်နိုင်တယ်။ သူတို့ရဲ့ အော်ရာတွေကို ကျုပ် တစ်ချက်ကလေးမှ အာရုံမခံမိဘူး။ ငါ့ရဲ့ စိတ်ဝိညာဉ်တောင် ကွဲကြေလုမတတ် ဖြစ်နေပြီ"

စွမ်းအားမြင့်ကျင့်ကြံသူ တော်တော်များများသည် ရုတ်တရက် ထကာ အော်ဟစ်လိုက်ကြ၏။ ပြီးနောက် သူတို့သည် ၎င်းတို့၏ နတ်ဘုရား အသိအမြင်များကို ပြန်လည်ကာ ရုတ်သိမ်းလိုက်ကြ၏။ ရွက်သင်္ဘောကြီး ပေါ်ပေါက်လာခြင်းသည် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် ဖိအားဒဏ်ကို ပေးစွမ်းလျက် ရှိနေ၏။ သာမန်လူများသည် ထိုအရာကို မည်သို့မှ မခုခံနိုင်ခဲ့ကြချေ။ အသက်ရှုရှိုက်စာ အနည်းငယ်အတွင်းမှာပဲ သေဆုံးကုန်ခဲ့ကြ၏။ စွမ်းအားမြင့် ကျင့်ကြံသူတော်တော်များများပင်လျှင် ဖိနှိပ်ခြင်းကို ခံခဲ့ရ၏။

တစ်ချို့က ၎င်းတို့၏ ဂိုဏ်းကို လွတ်ရာနေရာတစ်ခုခုသို့ ရွေ့ပြောင်းရန် ပြင်ဆင်နေခဲ့ကြ၏။ ဥပမာအားဖြင့် ခရမ်းရောင်နက်နဲလောက သို့မဟုတ် ထို့ထက်ဝေးသည့် နေရာတစ်ခုခုသို့ ရွေ့ပြောင်းရန် ပြင်နေခဲ့ကြ၏။ ခရမ်းရောင် နက်နဲလောက သို့မဟုတ် ကောင်းကင်မူလလောက တို့ကသာလျှင် ၎င်းတို့ကို လုံခြုံမှုပေးစွမ်း နိုင်သကဲ့သို့ပင်။

"ဒီလိုနေ့က ရောက်လာခဲ့ပြီကးို"

ကျောက်စိမ်းလေဟာနယ် နန်းတော်အတွင်းမှာတော့ ဝတ်ရုံဖြူကို ဝတ်တင်ထားသည် အဘိုးအိုသည် ၎င်း၏ မုတ်ဆိတ်မွေးကို အသာပွတ်သပ်ကာဖြင့် ကောင်းကင်ကို ကြည့်ရှုနေ၏။ နက်ရွှေရောင် ရွက်သင်္ဘောကြီး ပေါ်ပေါက်လာသည်ကို ကြည့်ရှုရင်း သူက တီးတိုးရေရွတ်လိုက်သည်။ "မြန်လိုက်တာ "

မြေအင်မော်တယ်လောကအနေဖြင့် ခရမ်းရောင် နက်နဲလောကကဲ့သို့ လမ်းစဉ်ကို ကြုံရလိမ့်မည်ဟု သူတို့က တွက်ချက်ထားခဲ့၏။ သို့ပေမဲ့ အသေင်္ချများပြားသော လောကထဲတွင် တောရိုင်းဥပဒေက စိုးမိုးလို့နေ၏။ မြေအင်မော်တယ်လောကအနေဖြင့် တစ်ဖက်လူများ၏ တိုက်ခိုက်ချက်ကို ခုခံရန် ဆိုသည်မှာ ကျိန်းသေပေါက် ဖြစ်နိုင်သည့် အရာမဟုတ်ချေ။

သို့ပေမဲ့ မထင်မှတ်ထားသည်မှာ ထိုကဲ့သို့သော နေ့ရက်မျိုးသည် မြန်မြန်ဆန်ဆန် နှင့် ရောက်ရှိလာခဲ့ခြင်းဖြစ်၏။ သူတို့အနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့သည် ဆိုလျှင်တောင်မှ အလုံးစုံ မပြီးခင်မှာပဲ ဖြစ်တည်လာခဲ့ခြင်း ဖြစ်၏။ သို့ပေမဲ့ ဤတစ်ကြိမ် တခြားသောလောကဆီမှ သက်ရှိများ ရောက်ရှိလာခြင်းသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ပြုလုပ်နေခြင်းမဟုတ်ကြောင်း သူတို့က နားလည်မိ၏။ တစ်ချို့သော လူများသည် မြေအင်မော်တယ် လောကကို ကျူးကျော်ရန် ဆုံးဖြတ်ခဲ့လေသည်လား။ ဤဖြစ်နိုင်ချေက နည်းပါးသည် ဆိုလျှင်တောင်မှ မဖြစ်နိုင်သည်တော့ မဟုတ်ချေ။

"သခင် …. အခုဘယ်လိုလုပ်ကြမလဲ။ ကျောက်စိမ်းလေနယ် နန်းတော်က အခု"

အဖြူရောာင်ဝတ်စုံကို ဝတ်ဆင်ထားသည့် သတ်လတ်ပိုင်းလူသည် လှမ်းကာပြောဆိုလိုက်၏။ ထိုသူသည် ရန်ကျန့်၏ ဆရာဟောင်ယွမ်ပင် ဖြစ်လေ၏။ အင်ပါယာထိပ်ဆုံးအဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်သောကြောင့် ဤရှေးရွက်သင်္ဘောများသည် သာမန်ထက်ပိုသည့် အော်ရာများ ထွက်ပေါ်နေသည်ကို သူကအာရုံခံမိ၏။ ထိုထဲတွင် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အော်ရာများလည်း တည်ရှိလို့နေခဲ့၏။ ထိုသူတို့သည်သာ အပြင်ဖက်သို့ ထွက်လာပါက ကျိန်းသေပေါက် လောကကြီးတစ်ခုလုံး ပျက်စီးသွားနိုင်သည်။

"အင်း …. ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆီကို အခုမှ သွားမယ်ဆိုရင် နောက်ကျသွားပြီ"

ဟောင်ယွမ်သည် အသာပြောလိုက်၏။ သူသည် ကျောက်စိမ်းလေဟာနယ် နန်းတော်ကို ကောင်းကင်မူလလောကကြီး ဆီသို့ ရွေ့ပြောင်းရန် စဉ်းစားခဲ့ဖူး၏။ သို့ပေမဲ့ သူသည် မပြုလုပ်မိခဲ့ချေ။ လက်ရှိအချိန်မှာတော့ ထိုကဲ့သို့ပြုလုပ်နိုင်ရန်ပင် မသေချာတော့ချေ။ ထို့အပြင် ကျောက်စိမ်းလေဟာနယ် နန်းတော်တစ်ခုလုံးကို ရွေ့ပြောင်းရန် ဆိုသည်မှာ ကျိန်းသေပေါက် လွယ်ကူသည့် အရာမဟုတ်ချေ။ ကောင်းကင်မူလလောကကြီး ဆီသို့ တိုက်ပွဲ၏ မီးညွှန့်များကို သယ်ဆောင်သွားခြင်းနှင့် ဆင်တူနေပေလိမ့်မည်။

"အင်း … နောက်ကျနှင့်နေပြီလေ"

တာအိုပညာရှင်ကျီရှုသည် ခေါင်းကို ခါယမ်းပြီးနောက် သက်ပြင်းချလိုက်၏။ “ယနေ့ခေတ်မှာ လောကတစ်ခုချင်းစီတိုင်းက အတွင်းမှာ ပဋိပက္ခတွေ လှိုက်စားနေကြတာပဲ။ အခုပြဿနာရဲ့ အ​ကြောင်းအရင်း က သေဆုံးပြီးသားကျင့်ကြံသူတွေ ပြန်လည်ရှင်သန်လာရာကနေ စတာပဲ။ "

ဤကဲ့သို့ ပြန်လည်ရှင်သန်လာသူများသည် အင်အားစုအသီးသီးမှ စွမ်းအားမြင့်ကျင့်ကြံသူများ ဖြစ်၏။ ထို့ကြောင့် ကြုံရသည့် အန္တရာယ်သည် ပိုမိုကာ ကြီးထွားလာခဲ့၏။ ဂိုဏ်းများသည် နက်နဲသည့် နောက်ခံကို ပိုင်ဆိုင်ပါက ကျိန်းသေပေါက် ပါရမီရှင်များကို မွေးထုတ်ပေးနိုင်မှာ သေချာ၏။ ထိုကဲ့သို့သော ပါရမီရှင်များသည် သေဆုံးပြီးနောက် ပြန်လည်ရှင်သန်လာသောကြောင့် ကြောက်မက်ဖွယ်ရာ အခြေအနေကို ဖန်တီးလာချေသည်။

တခြားတစ်ဖက်မှ ကြည့်ရှုရမည်ဆိုလျှင် ​ကျောက်စိမ်း​လေဟာနယ် နန်းတော်သည် ထိုကိစ္စများကြောင့် သိသိသာသာ သက်ရောက်ခြင်းမရှိကြချေ။ ၎င်းတို့၏ တည်ထောင်ဘိုးဘေးကြီးသည် အသက်ရှင်လျက် ရှိနေကြပြီး ၎င်းတို့သည်လည်း မသေဆုံးခဲ့ကြသေးချေ။ ထို့ကြောင့် ၎င်းတို့ထဲတွင် ပြန်လည်ရှင်သန်လာသည့် ကြောက်မက်ဖွယ်ရာ စွမ်းအားမြင့်ကျင့်ကြံသူဟူ၍ မပေါ်ခဲ့ချေ။ ထို့ကြောင့် မုန်တိုင်းများကြားထဲတွင် မားမားမတ်မတ် ရပ်တည်နိုင်သည့် ကျောက်ဆောင်ကဲ့သို့ပင် ဖြစ်ခဲ့၏။

" ရှေ့မှာရှိတဲ့ ရှိသင်္ဘောတွေက ဒီကိစ္စနဲ့ ပတ်သက်လိမ့်မယ်လို့ ဆရာထင်တယ်" ဟောင်ယွမ်သည် လေးလေးနက်နက် အမူအရာဖြင့် ပြောလိုက်သည်။

"ဖြစ်နိုင်တာပေါ့"

တာအိုပညာရှင်ကျိရှုသည် ခေါင်းကို အသာညိတ်ကာ ဆက်ပြောလိုက်၏။ "ဒီနှစ်ယောက်ရဲ့ အော်ရာက အရမ်းရင်းနှီးနေတယ်လေ။ ရှေးရွက်သင်္ဘောကြီးပေါ်မှာ ရှိနေတဲ့ အော်ရာက နိရယအင်ပါယာကိုတောင် သတိရမိစေတယ်။ "

"နိရယ အင်ပါယာ ဟုတ်လား" ဟောင်ယွမ်၏ အမူအရာက အေးခဲသွားသည်။

သူသည် မ​ကောင်းသည့် အကြောင်းအရာတစ်ခုကို စဉ်းစားလိုက်မိ၏။ အတိတ်တုန်းက နိရယလောကသည် ယင်ဓာတ်စိတ်ဝိညာဉ်များကို အသုံးပြုခဲ့၏။ ထို့ကြောင့် တစ်ဖက်လူများကို သတ်ဖြတ်ရန် ခက်ခဲခဲ့၏။ လူအင်အားများများနှင့် တိုက်ခိုက်ခဲ့သည် ဆိုလျှင်တောင်မှ အောင်မြင်မှုကို မရခဲ့ချေ။ ယခုကြည့်ရှုရသည်မှာ မြေအင်မော်တယ်လောကကြီး၏ လက်ရှိအခြေအနေသည် ကျိန်းသေပေါက် နိရယအင်ပါယာနှင့် ပတ်သက်နေနိုင်၏။

"ကြည့်ရတာ ဒီလူတွေ အကုန်လုံးက နိရယအင်ပါယာကြောင့် ရောက်လာတာလား" ဟောင်ယွမ်သည် သံသယအပြည့်ဖြင့် မေးမြန်းလိုက်သည်။

"အဲလိုတော့လည်း သုံးသပ်လို့ မရသေးဘူး"

တာအိုရောင်ရင်းကျိရှုက အသာပြောလိုက်၏။ "ဒါကပ်ဘေးကြီးတစ်ခုပဲ။ လောကကြီး၊ လောကငယ် အကုန်လုံးကို ဝါးမြိုပစ်မဲ့ ကပ်ဘေးကြီးပေါ့။ ဘယ်သူမှ မတားဆီးနိုင်ဘူးဆိုရင် …… "

ပြောပြီးသည့်နောက် တာအိုပညာရှင်ကျိရှုသည် ကောင်းကင်မူလလောကကြီးဆီသို့ လှမ်းကာ ကြည့်ရှုကာ ပြောလိုက်၏။ “ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သာ ဝင်ပြီးမလှုပ်ရှားဘူးဆိုရင်”

အင်္သေချေ များပြားသည့် လောကများဆီသို့ လှမ်းကာကြည့်ရှုမည်ဆိုလျှင် ထိုကဲ့သို့သော အားအင်အဆင့်မျိုး ပိုင်ဆိုင်သူဟူ၍ တစ်ယောက်တည်းသာလျှင် ရှိ၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်မှလွဲ၍ ထိုကဲ့သို့သော အားအင်အဆင့်ကို ပိုင်ဆိုင်သူဟူ၍ မည်သူမျှ ရှိလိမ့်မည်မဟုတ်ချေ။

“ဆရာ ..... ကြည့်ရတာ တကယ့်ကို ပြဿနာများနေတဲ့ပုံပဲ။ မြေအင်မော်တယ်လောကမှာ အစစ်အမှန် အင်မော်တယ်တွေ တော်တော်များများ ပုန်းအောင်းနေကြတယ်။ သူတို့အားလုံးသာ ထွက်လာမယ်ဆိုရင် မြေအင်မော်တယ်လောကကို ရောက်လာတဲ့ ဒီရှေးရွက်သင်္ဘောကြီးကို မောင်းထုတ်နိုင်စွမ်းရှိနေလိမ့်မယ်” ဟောင်ရွမ်သည် ငြိမ်ငြိမ်သက်သက်နှင့် မနေနိုင်တော့ချေ။ ထုတ်ဖော်ကာ ပြောဆိုလိုက်၏။

သူ၏အထင်အရဆိုလျှင် မြေအင်မော်တယ်လောကကြီးသည် အားနည်းလှသည်မဟုတ်ချေ။ အင်္သေချေ များပြားသော လောကအသီးသီးတို့တွင် ထိပ်တန်းအဆင့်မဟုတ်လျှင်တောင်မှ အလယ်အလတ်တန်းစား အဆင့်တော့ တည်ရှိနေသေး၏။ ထို့အပြင် အစစ်အမှန် အင်မော်တယ်များသည် အားနည်းသည့်လူများဟု သတ်မှတ်၍ မရနိုင်ချေ။

“အရာအားလုံးက မင်းထင်သလောက် မရိုးရှင်းဘူး”

တာအိုပညာရှင်ကျိရှုသည် ခေါင်းကိုခါယမ်းပြီး လေးနက်စွာ ပြောလိုက်သည်။ “ဒီရှေးရွက်သင်္ဘောထဲမှာ ဒီအန္တိမကျင့်ကြံသူတွေတောင်ပါတယ်။ အစစ်အမှန် အင်မော်တယ်တွေက ဘယ်လိုလုပ် ခုခံနိုင်မှာလဲ”

“အန္တိမကျင့်ကြံသူတွေ ဟုတ်လား” ဟောင်ရွမ်၏ အမူအရာက လေးနက်သွားခဲ့၏။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် နွံထဲသို့ နစ်ဝင်သွားသကဲ့သို့ပင် ခံစားနေမိ၏။

“ကျုပ်တို့ မြေအင်မော်တယ်လောကကြီးထဲမှာ အဆင့်ချိုးဖြတ်နိုင်စွမ်းရှိတဲ့ အစစ်အမှန်အင်မော်တယ်တွေ ရှိနေတယ်လေ။ ဒါ မျှော်လင့်ချက်တစ်ခုပဲ မဟုတ်လား”

ဟောင်ရွမ်ပြောသည်မှာ မြေအင်မော်တယ်လောကသည် လောက၏ နိယာမများ ပြောင်းလဲသွားခဲ့ သောကြောင့် အန္တိမကျင့်ကြံသူအဆင့်ကို တက်လှမ်းနိုင်လာနိုင်လိမ့်မည်။ ထိုသို့ဆိုပါက ကျိန်းသေပေါက် အခြေအနေ တစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်နိုင်သည်။

“ဟမ်”

တာအိုပညာရှင်ကျိရှုသည် နာနာကျင်ကျင်ပြုံးကာ ပြောလိုက်၏။ “ဒီရှေးရွက်သင်္ဘောထဲမှာ ရှိနေတဲ့ အန္တိမကျင့်ကြံသူတွေက တစ်ယောက်တည်း မဟုတ်ဘူးလို့ ပြောရင် လွန်မလား။ ဒါ မင်းဘယ်လိုထင်လဲ”

All Chapters