အခန်း (၅၃၃)
Vol. 36 Ch. 533
တစ်ချိန်တည်းမှာပဲ နက်ရွှေရောင် ရှေးရွက်သင်္ဘောကြီးဆီမှ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ဘုတ် ဘုတ်
ဤအရာသည် ခြေနင်းသံပင် ဖြစ်လေ၏။ လေဟာနယ်ထွဲတွင် ကြီးမားလွန်းလှသည့် ခေါင်းလောင်းကြီး တစ်ခုကို ထိုးနှက်လိုက်သကဲ့သို့ပင်။ ထိုခြေသံသည် တည်နေရာတစ်ခုလုံးကို တုန်ခါစေခဲ့၏။ လေပြင်းများသည် တဝုန်းဝုန်းနှင့် တိုက်ခတ်လျက် ရှိနေပြီး ထိုလေပြင်းများထဲတွင် ညှီစို့စို့ အနံ့များလည်း ပါဝင်နေ၏။
လက်ရှိ အခြေအနေတွင် လောကကြီးတစ်ခုလုံး၌ သတ်ဖြတ်လိုခြင်း ဆန္ဒများနှင့် ပြည့်နှက်လျက်ရှိနေပြီး ငရဲခန်းဆီမှ ထွက်ပေါ်လာခဲ့သည့် ငရဲသားများသည် အားလုံးသော သူတို့ကို ဝိုင်းဝန်းကာ သတ်ဖြတ်ရန် ကြံစည်နေ သကဲ့သို့ပင်။
ဘန်း .....။
ရှေ့ဆီသို့ ခြေတစ်လှမ်း လှမ်းပြီးသည့်နောက် အေးစက်သည့် အလင်းတန်းများနှင့်အတူ အမဲရောင်ချပ်ဝတ် တစ်ခုက ပေါ်ပေါက်လာခဲ့၏။ ထိုသူသည် ချပ်ဝတ်နှင့် မျက်လုံးတစ်စုံသာလျှင် တည်ရှိ၏။ ထိုမျက်လုံးများသည် မြစိမ်းရောင် တောက်ပလျက်ရှိနေသည့် မီးညွှန့်များပင် ဖြစ်၏။ ၎င်း၏ ပုံပန်းသွင်ပြင်သည် ဆန်းကြယ်လွန်းလှ ချေ၏။ ရောင်စဉ်ရောင်ဝါများနှင့်အတူ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းလျက် ရှိနေပြီး ၎င်းသည် စောဏတုန်းက တိုက်ခိုက်ခဲ့သည့် အမဲရောင်ဖီးနစ်ထက် နှစ်ဆပိုကာ အားကောင်းမည့်ပုံပေါ်၏။
ခပ်ဝေးဝေး ခရမ်းရောင်နက်နဲလောကတွင် တည်ရှိနေသည့် လူများပင်လျှင် ၎င်း အသွင်သဏ္ဍာန်၏ ဖိနှိပ်မှုကို ခံစားနေကြရ၏။ ငြိမ်ငြိမ်သက်သက်နှင့် မတ်တပ်ရပ်နေသည် ဆိုလျှင်တောင်မှ ၎င်းသည် လုံးဝကို ဖျက်ဆီး၍ မရနိုင်သည့် ကြီးမားလှသော တောင်စဉ်တောင်တန်းကြီး တစ်ခုကဲ့သို့ပင် မားမားမတ်မတ်နှင့် တည်ရှိနေလေသည်။
မြေအင်မော်တယ်လောကတွင် ရှိနေသည့် လောကသားအားလုံးတို့သည် ပိုမိုကာ စိတ်ဓာတ်ကျကုန်ကြ၏။ အမဲရောင်ဖီးနစ်နှင့်အတူ နောက်ထပ် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက် ပေါ်ပေါက်လာခဲ့ပြီဖြစ်သည်။ ၎င်း၏ နောက်တွင် နောက်ထပ် အဆင့်တူသုံးယောက်ကလည်း တည်ရှိနေသေး၏။ ဤအရာသည် သူတို့ ခန့်မှန်း ထားသည့် အတိုင်းအတာထက် ဘောင်ကျော်လို့ နေ၏။ ဤရှေးရွက်သင်္ဘောကြီးထဲ၌ အန္တိမကျင့်ကြံသူ ငါးယောက်တို့ ပါဝင်လာသည်ဟု တွက်ချက်ရမှာ ဖြစ်၏။
“သွားပြီပဲ” သူတော်စင် တစ်ယောက်သည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်မိ၏။ အန္တိမစွမ်းအင် ကျင့်ကြံသူအဆင့် ငါးယောက်တို့သည် လာရောက်ကာ စိန်ခေါ်လျက် ရှိနေ၏။ သူတို့အနေနှင့် တစ်ဖက်လူကို မည်ကဲ့သို့ တုံ့ပြန်ရ တော့မည်နည်း။ တိုက်ပွဲသည် တစ်ဖက်သတ် တိုက်ပွဲကြီးသာ ဖြစ်ပေလိမ့်မည်။
“တိုင်ချူး... ခင်ဗျားက အားကောင်းတယ်ဆိုတာကို ကျုပ် ဝန်ခံတယ်။ ဒါပေမဲ့ ရောရုဝကိုသာ အညံ့ခံလိုက်မယ်ဆိုရင် ခင်ဗျားရဲ့ ဂုဏ်သတင်းက အရင်အတိုင်းပဲ ရှိနေလိမ့်မယ်။ ပြီးတော့ ကျုပ်ထက်တောင် ပိုပြီး သာလွန်တဲ့ အဆင့်အတန်းကို ပိုင်ဆိုင်မှာပဲ။ ဒါပေမဲ့ ခင်ဗျားက လမ်းရွေးမှားသွားခဲ့ပြီ”
ချပ်ဝတ်နှင့်လူသည် လေးနက် တည်ကြည်သည့် အသံဖြင့် ပြောလိုက်၏။ “အခု ရောရုဝနဲ့ ပူးပေါင်းလိုက်။ ဒါဆိုရင် အခြေအနေ တစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်ဖို့ အချိန်ရှိသေးတယ်”
အနောက်ဘက်တွင်တော့ အမဲရောင်ဖီးနစ်၏ အေးစက်သည့် အကြည့်များသည် တိုင်ချူး၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလျက် ရှိနေ၏။ ဖီးနစ်သည် အစစ်အမှန်ပင် ဒေါသထွက်လျက် ရှိနေပြီး တိုင်ချူးကို ချက်ချင်း သတ်ဖြတ်ချင်စိတ်များ ပေါက်နေ၏။ သို့ပေမဲ့ ၎င်း၏ ဘေးတစ်ဖက်တွင် ရှိနေသော အကြီးအကဲက ပြောဆိုနေသည် ဖြစ်သောကြောင့် သူသည် ဒေါသထွက်နေသည် ဆိုလျှင်တောင်မှ တစ်ခါတည်း တိုက်ခိုက်ရန် မဖြစ်နိုင်ချေ။
“ခင်ဗျား စကားအရမ်းများတယ်”
တိုင်ချူးက ပြောလိုက်သည်။ “တိုက်ခိုက်ကြရအောင်”
မလိုအပ်သည့် စကားများ ပြောရန် မလိုချေ။ သူသည် လက်ကို အသာဝှေ့ယမ်းပြီးသည့်နောက် ဓားရောင်စဉ်တန်းများသည် ကောင်းကင်ယံကို ပိုင်းဖြတ်သွား၏။ ထိုဓားရောင်စဉ်တန်းများ၏ အထဲ၌ သတ်ဖြတ်လိုခြင်း ဆန္ဒများသည် အရှိန်တငြီးငြီးနှင့် ထွက်ပေါ်နေခဲ့၏။ ထိုဓားရောင်စဉ်တန်းများသည် မီးတောင်တစ်ခု ပေါက်ကွဲထွက်သွားသကဲ့သို့ပင် အရှိန်အဟုန် ပြင်းထန်လွန်းလှ၏။
ချလွမ်
ဓားခုတ်ပိုင်းသံသည် လောကကြီး တစ်ခုလုံးကို ပျံ့နှံ့သွား၏။ တိုင်ချူးသည် အမှန်ပင် စတင်ကာ တိုက်ခိုက်လျက် ရှိနေတော့၏။ ဓားရောင်စဉ်တန်းများသည် တည်နေရာ တစ်ခုလုံးကို ဖြတ်သန်းကာဖြင့် မိုးကုတ်စက်ဝိုင်း၏ အစွန်းဘက်သို့ပင် ရောက်ရှိသွားလေတော့၏။
“အင်း... မတရား ခေါင်းမာတဲ့လူပဲ”
ချပ်ဝတ်နှင့်လူက နှာခေါင်းရှုံ့လိုက်သည်။ “အတူတူ တိုက်ခိုက်ကြရအောင်။ ကျုပ်တို့ သူ့ကို ဒီနေရာမှာ ဖိနှိပ်လိုက်ကြမယ်။ အရှင့်ရဲ့ အကြံအစည်ကို ကျုပ်တို့ နှောင့်နှေးစေလို့ မဖြစ်တော့ဘူး”
“ကောင်းပါပြီ” နောက်ထပ် အသံလေးခုက ထွက်ပေါ်လာခဲ့၏။
ပြီးနောက် လူလေးယောက်တို့သည် မတူညီသည့် တည်နေရာများ၌ နေရာယူလိုက်ကြ၏။ ထိုသူတို့ အားလုံးသည် ချက်ချင်းပဲ တိုင်ချူး တည်ရှိရာ တည်နေရာဆီသို့ ရွေ့လျားလိုက်သည်။
ဤအတောအတွင်း ချပ်ဝတ်နှင့်လူသည် ငြိမ်ငြိမ်သက်သက် တည်ရှိနေ၏။ ၎င်းသည် လက်ချောင်းကို တစ်ချက် မြှောက်ကာဖြင့် နတ်ဘုရားအလင်းတန်းများကို ထုတ်ဖော်ကာ ကောင်းကင်ယံဆီသို့ လှမ်းကာခုတ်ပိုင်း၏။ အမြန်နှုန်းသည် အလွန်တရာ မြန်ဆန်သည် မဟုတ်ချေ။ သို့ပေမဲ့ ထိုလက်ချောင်းထဲတွင် ပါဝင်လျက် ရှိနေသည့် စွမ်းအင်လှိုင်းများသည် တာအို၏ နိယာမများ ပါဝင်နေသောကြောင့် ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။ လက်တစ်ချောင်းတည်းနှင့်ပင် ကောင်းကင်ပေါ်ရှိ တိမ်များအားလုံး လွင့်စင်သွားအောင် စွမ်းဆောင်နိုင်သော လူပင် ဖြစ်၏။
ဘုန်း ဘုန်း .....။
ဆက်တိုက်ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့ပြီး တည်နေရာ တစ်ခုလုံးသည်လည်း အဆုံးမဲ့ များပြားလွန်းလှသည့် တိုက်ခိုက်မှုနိယာမများနှင့် ပြည့်နှက်သွားခဲ့၏။ မြေအင်မော်တယ်လောကတွင် ရှိနေသည့် သက်ရှိသတ္တဝါပေါင်း များစွာတို့သည် ထိုမြင်ကွင်းကို မြင်ရသည့် အချိန်မှာတော့ အလိုလို နောက်သို့ ဆုတ်ခွာမိကြသည်။
အန္တိမကျင့်ကြံသူအဆင့် ခြောက်ယောက်တို့ တိုက်ခိုက်သည့် တိုက်ပွဲ - ဤတိုက်ပွဲသည် မြေအင်မော်တယ် လောကကြီးတစ်ခုလုံးအား တစ်စစီ ဖြစ်စေနိုင်၏။ လောကကြီး တစ်ခုလုံး ဖျက်ဆီးခံရမည်ဆိုလျှင် သူတို့ မည်ကဲ့သို့ အသက်ရှင်မည်နည်း။
ဘန်း ...။
လက်ချောင်းကြီးသည် ပေတစ်ထောင်လောက် ရှည်လျားသည့် လက်ချောင်းကြီးတစ်ခုအဖြစ် ဖြစ်တည်လာခဲ့ပြီး သည့်နောက် တိုင်ချူးကို အသာခုတ်ပိုင်း၏။
တိုင်ချူးသည် သူ၏လက်ကို အသာမြှောက်ကာဖြင့် ဓားတိုက်ခိုက်ချက်များကို ထုတ်ဖော်ကာ ပြန်လည်၍ ခုခံသည်။
ဤအတောအတွင်း မြေအင်မော်တယ်လောကကြီးသည် သန်းနှင့်ချီသော အပျက်အစီးများအဖြစ် ပျက်စီးကုန်လေသည်။ မြေအင်မော်တယ်လောကကြီးသည် စွမ်းအားမြင့် ကျင့်ကြံသူများ၏ တိုက်ပွဲအောက်တွင် တကယ်ပင် ကြီးကြီးမားမား ထိခိုက် ခံစားနေရ၏။
ရေတွက်၍မရအောင် များပြားလှသည့် တောင်များ၊ မြစ်များ၊ အရာအားလုံးတို့သည် ပျောက်ကွယ်သွားခဲ့၏။ လူပေါင်းများစွာတို့သည် ဖြစ်ပေါ်လာခဲ့သည့် လှိုင်းအဟုန်များကို မည်သို့မှ မခံနိုင်ဘဲ သွေးများပင် အန်ထွက်လာ ကြသည်။
“နက်နဲအလင်းလောကကြီးဆီကနေ ထွက်ပြေးလာခဲ့အတွက် ခင်ဗျားဆီမှာ စွမ်းဆောင်ရည် တချို့တော့ ရှိတာပဲ” ချပ်ဝတ်နှင့်လူသည် အံ့အားသင့်သွားပုံပေါ်၏။ သူသည် လက်ချောင်းများကို အသာ ပြန်ရုတ်သိမ်းပြီးသည့်နောက် နှုတ်ခမ်းပါးထက်တွင် လှောင်ပြုံးတစ်ခု ဖြစ်တည်လာ၏။ ချက်ချင်းပဲ သူသည် ရှေ့တိုးကာ လှမ်းတက်လိုက်၏။ “ဒါပေမဲ့ စွမ်းဆောင်ရည်တွေ ရှိတယ်ဆိုရင်တောင် သေရမှာက သေရမှာပဲ”
ဘုန်း .....။
ရှေ့ဆီသို့ လှမ်းတက်ပြီးနောက် တည်နေရာတစ်ခုလုံးက ကွဲအက်သွားခဲ့၏။ ထိုလူသည် အမဲရောင် အလင်းတန်းများ အဖြစ် အသွင်ပြောင်းကာ ဆက်တိုက် တိုက်ခိုက်သည်။
ချလွမ် ချလွမ် .....။
တိုင်ချူးသည် သူ၏လက်များကို မြှောက်ကာဖြင့် ဆက်တိုက်ဆိုသလိုပဲ တစ်ဖက်လူ၏ တိုက်ခိုက်ချက်များကို ခုခံရင်း တန်ပြန်တိုက်ခိုက်မှုများကို ပြုလုပ်လျက်ရှိ၏။ ၎င်း၏ ဓားရှည်ဆီမှ ရေတွက်လို့မရအောင် များပြားသည့် ဓားအလင်းတန်းများသည် တစ်ခုပြီးတစ်ခု ထွက်ပေါ်လျက် ရှိနေပြီး အန္တိမကျင့်ကြံသူအဆင့် တခြားသော ကျင့်ကြံသူလေးယောက်တို့ကို နောက်သို့ ဆုတ်ခွာစေခဲ့၏။
သို့ပေမဲ့ အနောက်သို့ ဆုတ်ခွာရန်သာ ပြုလုပ်နိုင်စွမ်း ရှိ၏။ တိုင်ချူးသည် အားကောင်းသည် ဆိုလျှင်တောင်မှ ငါးယောက် - တစ်ယောက် တိုက်ခိုက်သည့် တိုက်ပွဲမျိုးတွင် တစ်ဖက်လူများအား အနိုင်ယူ တိုက်ခိုက်ဖို့ ဆိုသည်မှာ မည်သို့မှ မဖြစ်နိုင်ချေ။
ဘုန်း ဘုန်း
နားကွဲလောက်စရာ ကျယ်လောင်လှသော အသံကြီးသည် ထွက်ပေါ်လျက် ရှိနေ၏။ တည်နေရာ တစ်ခုလုံးတွင် လည်း မြူခိုးများ၊ အခိုးအငွေ့များနှင့် ပြည့်နှက်လျက် ရှိနေပြီး တည်နေရာတစ်ခုလုံးကို မည်သူမှ မမြင်နိုင်ခဲ့ချေ။
မြေအင်မော်တယ်လောကကြီး၏ သမိုင်းတွင် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် တိုက်ပွဲတစ်ခု ဖြစ်တည်ခဲ့ခြင်းဟု ပြောဆိုရပေလိမ့်မည်။ တိုက်ပွဲတွင် တိုက်ခိုက်လျက် ရှိနေသည့် လူများကို မည်သူကမှ မမြင်ရချေ။ သို့ပေမဲ့ မြေအင်မော်တယ်လောကကြီး တစ်ခုလုံးသည် အလုံးစုံ ပျက်စီးတော့မလိုပင် တဝုန်းဝုန်းနှင့် ကမ္ဘာပျက်နေသည်။
ဘုန်း
နောက်ထပ်အသံတစ်ခု ထွက်ပေါ်လာခဲ့ပြီးသည့်နောက် ကြက်သွေးရောင် သွေးအလင်းတန်းများသည် ကောင်းကင်ယံဆီမှ ကျဆင်းလာခဲ့၏။ လူပေါင်းများစွာ တို့၏ နှလုံးသားများသည် တင်းကျပ်သွားခဲ့၏။ ဤအရာသည် အနီရောင်သွေးများပင် ဖြစ်၏။ ရောရုဝပြည်မှ သတ္တဝါများ၏ သွေးတော့ ကျိန်းသေပေါက် မဖြစ်နိုင်ချေ။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူများသည် သေဆုံးခဲ့ပြီးသားဖြစ်၏။ ၎င်းတို့၏ ခန္ဓာကိုယ်ဆီမှ သွေးများသည် အမဲရောင်ပင် ဖြစ်ရပေလိမ့်မည်။
ထိုသို့ဆိုလျှင် စီနီယာသည် ဒဏ်ရာ ရရှိသွားလေသည်လား။ လူပေါင်းများစွာတို့၏ နှလုံးသားများထဲတွင် စိုးရွံ့သည့် ခံစားချက်များ ဖြစ်တည်လာခဲ့၏။ ကြီးမားသည့် တိုက်ပွဲကြီးသည် ဆက်လက်ကာ ဖြစ်တည်လျက် ရှိနေပြီး ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် နတ်ဘုရား နည်းစနစ်များသည် ကောင်းကင်ယံကို လွှမ်းခြုံထား၏။
ရက်အနည်းငယ် ကြာမြင့်ပြီးသည့်နောက်...
ချလွမ်
ဓားတိုနှစ်ချောင်းက လွင့်စင်လာခဲ့၏။ ထိုအရာသည် တည်နေရာကို ဖြတ်သန်းကာဖြင့် မြေအင်မော်တယ် လောကကြီး၏ မြေပြင်အောက်ဆုံးဆီသို့ စိုက်ဝင်သွားခဲ့၏။ လူပေါင်းများစွာတို့သည် ထိုဓားတို နှစ်ချောင်းကို မြင်ရသည့် အချိန်မှာတော့ တကယ်ပင် စိတ်ပျက်သွားခဲ့ကြ၏။ ဤအရာသည် စီနီယာ၏ ဓားပင်ဖြစ်၏။ ကျင့်ကြံသူတစ်ယောက်၏ လက်နက်သည် သေခြင်း၊ ရှင်ခြင်း အခြေအနေမျိုးမှ စွန့်ခွာရမည့် အရာမျိုးပင်ဖြစ်၏။ အထူးသဖြင့် ဓားကျင့်ကြံသူပင် ဖြစ်၏။ ဓားကျိုးသွားသည်ဆိုပါက ကျိန်းသေပေါက် ၎င်းသည်လည်း ပြင်းထန်သည့် ဒဏ်ရာကို ရရှိမှာ သေချာ၏။
သေချာပေသည်။ နောက်တစ်စက္ကန့်အတွင်း သွေးများဖြင့်ဖုံးလွှမ်းလျက် ရှိနေသည့် လူတစ်ယောက်သည် တည်နေရာလမ်းကြောင်းထဲမှ လွင့်စင်သွားခဲ့၏။ ၎င်းသည် မြေအင်မော်တယ်လောက၏ မြေပြင်ဆီသို့ ကျဆင်းလာခဲ့၏။ တောင်အနည်းငယ်ကို ဝင်တိုက်ပြီးသည့်နောက်မှ ရပ်တန့်သွားခဲ့သည်။
“တိုင်ချူး... မင်းရဲ့ လမ်းစဉ်က အဆုံးသတ်ပြီပဲ”
အသံတစ်ခုက ထပ်မံကာ ပဲ့တင်ထပ်လာ၏။ စွမ်းအားမြင့် ကျင့်ကြံသူ ငါးယောက်တို့သည် ကောင်းကင်ယံထက်တွင် မတ်မတ်ရပ်လျက် ရှိနေ၏။ ၎င်းတို့သည် မတ်မတ်ရပ်လျက် ရှိနေပြီး ဒဏ်ရာ၊ ဒဏ်ချက်များနှင့် ပြည့်နှက်လျက် ရှိသည်ဆိုလျှင်တောင်မှ အရေးမကြီးချေ။ အနည်းငယ်လောက် အနားယူလိုက်သည် ဆိုပါက ကျိန်းသေပေါက် ပြန်လည် ကောင်းမွန်သွားမှာ သေချာ၏။
တခြားတစ်ဖက်တွင် ရှိနေသော တိုင်ချူးမှာတော့ ခန္ဓာကိုယ်တွင် ကောင်းမွန်သည့်နေရာဟူ၍ မရှိတော့ချေ။ ဒဏ်ရာများသည် အရိုးများပင် ပေါ်လျက်ရှိနေပြီး အမဲရောင်မြူများသည် ထိုဒဏ်ရာများကို လွှမ်းခြုံနေ၏။ ၎င်း၏ အသက်ဓာတ်များကို ဝါးမျိုနေခြင်းပင် ဖြစ်သည်။
“ဖြစ်နိုင်လို့လား”
တိုင်ချူးသည် ကောင်းကင်ပေါ်တွင် ရှိနေသည့် ထိုငါးယောက်ကို လျစ်လျှူရှုပြီး မြေပြင်ပေါ်မှ ထရပ်လိုက်၏။ ၎င်းသည် နာနာကျင်ကျင် ပြုံးလျက်ရှိနေပြီး အဆုံးမဲ့သော ဝမ်းနည်းခြင်းများကိုလည်း ခံစားနေမိ၏။ ဤနေရာကို မလာခင်တွင် စီနီယာ နန်းဆောင်သခင်သည် သူ့ကို သေသေချာချာ ပြောခဲ့၏။ သူ တားဆီးခြင်း၊ မတားဆီးခြင်းသည် ကျိန်းသေပေါက် ရလဒ်ကို ပြောင်းလဲနိုင်လိမ့်မည် မဟုတ်ပေ။
အခု ကြည့်ရှုရသည်မှာ စီနီယာ ပြောဆိုခဲ့သည်မှာ အမှန်ပင် ဖြစ်၏။ ရလဒ်သည် တကယ်ပင် မပြောင်းလဲသွား ခဲ့ချေ။ ကွာခြားချက်သည် တကယ်ပင် ကြီးမားလွန်းလှ၏။ ရလဒ် မပြောင်းလဲသည့်အပြင် သူပါ သေဆုံးတော့မည် ဖြစ်၏။
“သူ့ကို သတ်လိုက်တော့။ ပြီးတော့ ကျုပ်တို့အရှင် လာနိုင်အောင်လို့ တည်နေရာလမ်းကြောင်း တစ်ခုကို တည်ဆောက်ရမယ်” ချပ်ဝတ်နှင့်လူသည် ထူးမခြားနားသလို အမိန့်ပေးလိုက်သည်။
ထိုစကားစု ထွက်ပေါ်လာပြီးနောက် အနောက်ဘက်တွင် ရှိနေသည့် အန္တိမကျင့်ကြံသူ လေးယောက်တို့သည် အရှေ့ကို လှမ်းတက်လိုက်၏။ သို့ပေမဲ့ ၎င်းတို့ မတုံ့ပြန်ခင်မှာပဲ တိမ်နှင့် လများကို ချိုးဖြတ်ကာဖြင့် ကျယ်ပြောလှသော ကုန်းမြေကြီးတစ်ခုသည် လေဟာနယ်ထဲတွင် ပေါ်ပေါက်လာခဲ့၏။