အခန်း (၅၃၅)
Vol. 36 Ch. 535
ရောရုဝပြည်ကို ထောက်ပံ့ခြင်းဖြင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်သည် အသင်္ချေများပြားလှသည့် လောကအသီးသီးတို့၏ အထက်၌ မားမားမတ်မတ် ရပ်တည်နိုင်၏။ ဤဖြစ်နိုင်ချေသည် တကယ်ပင် ဖြစ်နိုင်နှုန်းများ၏။ ကောင်းမွန်သည့်အရာတစ်ခု မဟုတ်ဘူးဆိုလျှင်တောင်မှ ရောရုဝပြည်၏ အလားအလာသည် တကယ့်ကို ကျိန်းသေပေါက် မေးခွန်းထုတ်စရာ မလိုအောင် တိုးတက်သွားပေလိမ့်မည်။
ထို့အပြင် ငရဲလောကသည် တစ်ချိန်တုန်းက များပြားသည့်လောကများကို လွှမ်းမိုးခဲ့ဖူး၏။ ဤတစ်ကြိမ်မှာတော့ အနာဂတ်ကို ကြိုတင်ကာ တွက်ချက်နိုင်စွမ်းရှိသည့် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ အကူအညီကို ရခဲ့သည် ဖြစ်သောကြောင့် ရောရုဝပြည်ကို မည်သူက လာရောက်ကာ ယှဉ်ပြိုင်ရဲတော့မည်နည်း။
အသင်္ချေ များပြားလှသော လောကအသီးသီးဆီမှ ကျင့်ကြံသူများသည် နည်းလမ်းပေါင်းများစွာကို အသုံးပြုမည် ဆိုလျှင်တောင်မှ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ အရှေ့တွင် အသုံးဝင်လှမည် မဟုတ်ချေ။ သူတို့အနေနှင့် လှုပ်ရှားတိုက်ခိုက်မှုကို မပြုလုပ်ရသေးခင်မှာပဲ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် ၎င်းတို့ ပြုလုပ်မည့် အကြောင်းအရာများ အားလုံးကို သိရှိနေမည် မဟုတ်ပါလား။
“ဘာကြောင့်လဲ စီနီယာ... ဘာကြောင့် ဒီလို လုပ်ရတာလဲ” တိုင်ချူးသည် ရှုပ်ထွေးလှသည့် တည်နေရာ လမ်းကြောင်းဆီမှ ထွက်ပေါ်လာခဲ့သည့် နက်နဲအလင်းလောကကြီးကို လှမ်းကာ ကြည့်ရှုလိုက်၏။ သူသည် စိတ်ပျက်လက်ပျက်ဖြင့် မျက်လုံးကို မှိတ်လိုက်မိသည်။
ရောရုဝပြည်၏ ဌာနချုပ်သည် ရောက်ရှိလာတော့မည်ဖြစ်၏။ ဤအရာသည် သူခုခံထားနိုင်သည့် စွမ်းဆောင်ရည်၏ အထက်တွင် တည်ရှိနေ၏။ သူတို့အနေဖြင့် နက်ရွှေရောင် ရှေးရွက်သင်္ဘောကြီး ပေါ်ပေါက်လာသည်ကိုပင် ခုခံနိုင်စွမ်း မရှိခဲ့ချေ။ နက်နဲအလင်းလောကကြီးဆိုလျှင် ပိုမိုကာ ဆိုးပေမည်။
“အင်း... ကျုပ်တို့ ရောက်တော့မှာလား”
နက်နဲအလင်းလောကကြီး၏ အတွင်းဘက် ခမ်းနားလွန်းလှသည့် ဟောခန်းအကြီး အတွင်းမှာတော့ ရောရုဝအရှင်က မတ်မတ်ရပ်လျက် ရှိ၏။ သူသည် အရှေ့ဆီသို့ လှမ်းတက်ပြီး ကောင်းကင်၏ အဆုံးသတ်ဆီသို့ ရောက်ရှိသွား၏။ သူ၏ ပုံပန်းသွင်ပြင်သည် ဖြိုလဲ၍ မရနိုင်သည့် တောင်ကြီး တစ်ခုကဲ့သို့ပင် မားမားမတ်မတ် တည်ရှိနေ၏။ သူ၏လေးနက်သည့် အကြည့်များသည် အနီးအနားတွင် ရှိနေသည့် မြေအင်မော်တယ် လောကကြီးဆီသို့ ရောက်ရှိနေ၏။
သူ၏ အနောက်ဘက်တွင်တော့ နတ်ဘုရားလိုလို၊ နတ်ဆိုးလိုလို များပြားလှသည့် ကျင့်ကြံသူများသည် လေးလေးစားစားဖြင့် မတ်တပ်ရပ်လျက် ရှိနေ၏။ ၎င်းတို့အားလုံးသည် လှုပ်ရှားမှု ကင်းမဲ့သည်ဆိုသော်လည်း ခန္ဓာကိုယ်ဆီမှ ကြောက်မက်ဖွယ်ရာကောင်းသည့် အော်ရာများ ထွက်ပေါ်နေ၏။ ထိုအော်ရာများသည် အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် အရာအားလုံးကို ထိုးခွင်းကာ ထွက်ပေါ်နေသကဲ့သို့ပင်။ ခုခံရန် မဖြစ်နိုင်ချေ။
“ဒါ တိုင်ချူးရဲ့ မွေးရပ်မြေလား”
“ကျုပ်လည်း မသိဘူး”
“နက်နဲအလင်းလောကကြီးကို ခေါ်ဆောင်လာခဲ့တဲ့ အင်မော်တယ်ဘုရင်ဆီမှာ တချို့ရည်ရွယ်ချက်တွေ ရှိမှာပဲ။ ဒီလောကကြီးက မျက်နှာပြင်မှာ ကျုပ်တို့ ထင်မှတ်ထားတာထက် ပိုပြီး အားနည်းပုံတောင်ပေါ်တယ်။ ဖြစ်နိုင်တာ သူက ဒီလောကကြီးထဲမှာ ရောရုဝပြည်ကို အခြေစိုက်စေချင်နေတာများလား။ ပြီးတော့ ငရဲလောကက အသင်္ချေ များပြားတဲ့ လောကတွေကို လွှမ်းမိုးခဲ့ဖူးတယ်။ တချို့အင်မော်တယ်ဘုရင်တွေက ရောရုဝပြည် အပေါ်မှာ ကောင်းမွန်တဲ့ စိတ်ထားမျိုး ရှိနေတာလည်း ဖြစ်နိုင်တယ်”
“ဒါ ဟုတ်နိုင်တယ်”
ကြည့်ရှုရသည်မှာ အားနည်းသည့်ပုံ ပေါ်သော်လည်း များပြားလှသည့် ကျင့်ကြံသူများ အားလုံးသည် အင်မော်တယ် ဘုရင်၏ နက်နဲလှသည့် ရည်ရွယ်ချက်ကို နားလည်သွားပုံပေါ်၏။ တစ်ဖက်လူသည် ၎င်း၏ ရည်ရွယ်ချက်ကို ထုတ်ဖော် မပြသခဲ့ချေ။ ကျိန်းသေပေါက် လျှို့ဝှက်စွာဖြင့် ရောရုဝပြည်ကို ထောက်ပံ့နေခြင်းသာ ဖြစ်ပေလိမ့်မည်။ အလွန် အားကောင်းလှသည့် လောကကြီးတစ်ခုလုံးကို ရောရုဝပြည်၏ တံခါးပေါက်ရှေ့သို့ ထားပေး၏။
အဓိက ရည်ရွယ်ချက်သည် ထိုလောကထဲတွင် ရှိနေသည့် သက်ရှိသတ္တဝါများအတွက် မဟုတ်နိုင်ချေ။ ကြည့်ရှု ရသည်မှာ နက်နဲအလင်းလောကကြီးတွင် ရှိနေသည့် သူတို့အတွက် လက်ဆောင်ပဏ္ဍာများ လာရောက် ပေးအပ်ခြင်းပင် ဖြစ်ပေလိမ့်မည်။
ဤလောကကြီး၏ အခြေခံ အရင်းအမြစ်များကို အသုံးပြုပြီးသည့်နောက် ရောရုဝပြည်သည် ကျိန်းသေပေါက် တမဟုတ်ချင်း ကျော်ကြားသွားမှာ သေချာ၏။ ထိုအချိန်သို့ရောက်လျှင် ရောရုဝပြည်၌ များပြားသည့် အင်မော်တယ်ဘုရင်များ တည်ရှိနေမှာဖြစ်ပြီး မည်သူက သူတို့ကို ခုခံတော့မည်နည်း။ အားကောင်းလှပါသည်ဆိုသော လောကတချို့ပင်လျှင် ၎င်းတို့နှင့် ယှဉ်ပြိုင်တိုက်ခိုက်ရန် နှစ်ခါပြန် စဉ်းစားရပေမည်။
ထို့အပြင် သူတို့ဆီ၌ အင်မော်တယ်ဘုရင်များ တည်ရှိနေသည် ဆိုပါက ကျိန်းသေပေါက် တခြားသောသူများကို အနိုင်မယူနိုင်လျှင်ပင် အချိန်၏ မြစ်ရေစီးကြောင်းထဲသို့ ဝင်ရောက်နိုင်၏။ တခြားသော ခေတ်အသီးသီးဆီသို့ သွားရောက်ပြီးသည့်နောက် ပြန်လာနိုင်စွမ်း ရှိလို့နေ၏။ ဤအရာသည် တကယ့်ကို ကျိန်းသေပေါက် ကောင်းမွန်လှသည့် အရာမျိုးပင်။
“ဒီလောကကြီးက အားနည်းပုံ ပေါ်တယ်ဆိုပေမဲ့ အဆင့်အတန်း မြင့်မားပုံတော့ ပေါ်တယ်။ နက်နဲအလင်း လောကကြီးနဲ့ ပေါင်းစပ်ပြီးတဲ့နောက်မှာ ရှေးနက်နဲမီးတောက် လောကကြီးနဲ့ နှိုင်းယှဉ်လို့ မရဘူး ဆိုရင်တောင်မှ နီးနီးစပ်စပ် အခြေအနေမျိုးကို ရောက်သွားမှာ သေချာတယ်။ ကြည့်ရတာ အင်မော်တယ်ဘုရင်က ကျုပ်တို့ ရောရုဝပြည်ရဲ့ မိတ်ဆွေ တစ်ယောက်ယောက် ဖြစ်ပုံပဲ။ သူက အတိတ်တုန်းက ဝိညာဉ်ဘုရင် လက်ကျန်တွေထဲက တစ်ယောက်လည်း ဖြစ်နိုင်တယ်။”
“ဒီလိုဖြစ်နိုင်ချေကို ကျုပ်တို့ ဖယ်ရှားပစ်လို့ မရဘူး” လူအုပ်ထဲမှာ လူသည် အသာခေါင်းကို လှည့်လိုက်၏။ သူသည် ဤရှင်းပြချက်မှာ ဖြစ်နိုင်ဖွယ်ရာ ဖြစ်ကြောင်းကို သုံးသပ်လိုက်မိသည်။
“အရှင်... အင်မော်တယ်ဘုရင်က ကျုပ်တို့ကို ဒီနေရာဆီ ခေါ်ဆောင်လာပြီ ဆိုမှတော့ ကျိန်းသေပေါက် အခု မလှုပ်ရှားသင့်ဘူးလား။ ဒီအားနည်းတဲ့ လောကကြီးကို ဖျက်ဆီးလိုက်ကြမယ်။ အများဆုံး ဆယ်ရက်ဆိုရင် လုံလောက်ပါပြီ” ချပ်ဝတ်ကို ဝတ်ဆင်ထားသည့်လူသည် လေးလေးစားစားဖြင့် အကြံပြုလိုက်၏။
“အလျင်မလိုနဲ့”
ရောရုဝပြည်၏အရှင်သည် လက်ကို အသာမြှောက်လိုက်၏။ သူသည် လက်တစ်ဖက်ကို အသာ မြှောက်လိုက်ရုံဖြင့် ကြောက်မက်ဖွယ်ရာကောင်းသည့် ဖိအားများ ဖြစ်တည်လာခဲ့၏။ ပြီးသည့်နောက် မြေအင်မော်တယ် လောကကြီးဆီသို့ လှမ်းကာ ကြည့်ရှုရင်း ပြောလိုက်သည်။ “ဒီလောကကြီးက ကျုပ်တို့ ထင်သလို ရိုးရှင်းတာတော့ မဟုတ်ဘူး”
“ဟမ်” တခြားသောသူများ အားလုံးသည်လည်း ဇဝေဇဝါ ဖြစ်သွား၏။
အရှင် ဘာကို ဆိုလိုသနည်း။ ဤလောကကြီးသည် တစ်ချက် ကြည့်လိုက်ရုံနှင့် ရိုးရှင်းနေသည် မဟုတ်ပါလား။ လက်ရှိအခြေအနေတွင် အစစ်အမှန် အင်မော်တယ် တချို့သာလျှင် တည်ရှိနေ၏။ ထိုသူများသည် အသာဖိနှိပ် သတ်ဖြတ်၍ ရနိုင်သည့် ပုရွက်ဆိတ်လေးများပင် ဖြစ်၏။ ပုန်းကွယ်လျက် ရှိနေသည့် စွမ်းအားမြင့် ကျင့်ကြံသူများ တကယ်ပင် ရှိနေလေသည်လား။
အင်မော်တယ်ဘုရင်သည် ရောရုဝပြည်နှင့် ပြဿနာတတ်ရန် ရည်ရွယ်ချက် ရှိသည့်ပုံ မပေါ်ချေ။ ရောရုဝပြည် အပေါ်တွင် ကောင်းမွန်သည့် စိတ်ထားမျိုး တည်ရှိနေပုံပေါ်သည်။ သူတို့အား များပြားသည့် အခွင့်အရေးများ ပေးစွမ်းနေ၏။
“ဒီလောကကြီးထဲမှာ အရာအားလုံးကို ကျုပ် မမြင်ရဘူး။ တချို့ လျှို့ဝှက်ချက်တွေ တည်ရှိနေတာဖြစ်မယ်။ ပြီးတော့ အောက်မှာရှိတဲ့ သက်ရှိသတ္တဝါတွေ ပြောနေတဲ့ နာမည်တစ်ခုကို ကျုပ်ကြားတယ်။ အဲဒီလူက သူတို့ နှလုံးသားထဲမှာ မြင့်မြင့်မားမား နေရာယူထားတဲ့သူ ဖြစ်ပုံပေါ်တယ်” ရောရုဝပြည်အရှင်က အသာပြောလိုက်သည်။
သူ၏ နတ်ဘုရားအသိအမြင်များသည် မြေအင်မော်တယ်လောက တစ်ခုလုံးကို ဖုံးလွှမ်းလျက် ရှိနေပြီး အသက် ရှူရှိုက်စာ အနည်းငယ်အတွင်း ထိုသူအားလုံး၏ စကားများကို ကောင်းကောင်း ကြားနေရ၏။ အစစ်အမှန် အင်မော်တယ်များ၏ စကားများကပင်လျှင် သူ၏ နတ်ဘုရားအသိအမြင် အောက်မှ မလွတ်မြောက်ခဲ့ချေ။ ၎င်းတို့ ပြောဆိုနေသည့် စကားလုံးကို ကြည့်ရှုရမည်ဆိုလျှင် ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်ဆိုသည့် စကားလုံးက အများဆုံး ပါဝင်နေ၏။
“ဖြစ်နိုင်တာ ဒီလူက နက်နဲအလင်းလောကကြီးကို ဆွဲယူလာခဲ့တဲ့ အင်မော်တယ်ဘုရင်ပဲ ဖြစ်ရမယ်။” တစ်စုံတစ်ယောက် သည် သူ၏ သံသယများကို ထုတ်ဖော် ပြောဆိုလိုက်သည်။
“အင်း... ဒါလည်း ဖြစ်နိုင်တာပဲ”
ရောရုဝအရှင်က အေးစက်စက်ပြောလိုက်သည်။ သူသည် မြေအင်မော်တယ် လောက၏ အတွင်းဘက်ဆီသို့ လှမ်းကာ ကြည့်ရှုရင်း ပြောလိုက်၏။ “ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ဆိုတာ တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတယ်။ သူက သင့်တော်တဲ့ အားအင်အဆင့်ကို ပိုင်ဆိုင်တဲ့ပုံပဲ။ တကယ်လို့ ကျုပ်တို့ သူ့ကို ရောရုဝပြည်ဆီ ဝင်ဖို့ ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ကောင်းမွန်တဲ့အရာ ဖြစ်လာလိမ့်မယ်”
“ဒီလိုဆိုရင် အရှင်ဆိုလိုတာက ကျုပ်တို့ ဒီနေရာမှ ခဏစောင့်ပြီး ကြည့်ရမှာလား” အရိပ်ကဲ့သို့ ခပ်ဝါးဝါး ပုံပန်း သွင်ပြင်နှင့်လူသည် လှမ်းကာ မေးမြန်းလိုက်၏။ ၎င်း၏ ခန္ဓာကိုယ်တွင် ယင်ဓာတ်သဘာဝများက လွှမ်းခြုံနေသည်။
သူတို့ထက် အားနည်းသည့် လောကကြီးနှင့် ရင်ဆိုင်သည့်နေရာတွင် ရောရုဝပြည်သည် ကျိန်းသေပေါက် အခွင့်အရေးကို အရယူကာဖြင့် အရင်းအမြစ်များကို ရယူရန် စိတ်ဆန္ဒရှိ၏။ သို့ပေမဲ့ ကြည့်ရှုရသည်မှာ ငြိမ်ငြိမ်သက်သက်ဖြင့် ရပ်တန့်ပြီး ကြည့်ရှုရမည့်ပုံပေါ်၏။ ဤအရာသည် ရောရုဝပြည်၏ လုပ်ထုံးလုပ်နည်းနှင့် မတူညီလှပေ။
“လောကကြီးနှစ်ခု ပေါင်းစပ်တဲ့အထိစောင့်။ အဲချိန်ကျမှ လှုပ်ရှားလို့လည်း နောက်မကျသေးပါဘူး”
ရောရုဝပြည်၏ အရှင်က အေးစက်စက် ပြောလိုက်၏။ “ဒီလောကကြီးရဲ့ လက်ရှိအခြေခံနဲ့ဆိုရင် သူတို့ကို နောက်ထပ် နှစ်တစ်သန်းလောက် ပေးမယ်ဆိုရင်တောင်မှ နက်နဲအလင်းလောကကြီးကို ဖိနှိပ်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ ....”
ရောရုဝပြည်အရှင်က ဆက်လက်ကာ ပြောလိုက်သည်။ “အလောင်းကောင်တွေ ပြန်ပြီး အသက်ဝင်လာတာနဲ့တင် သူတို့က ကြောက်လန့်နေကြပြီး ဘယ်လိုဖြစ်ပြီး ကျုပ်တို့ နက်နဲအလင်းလောကကြီးကို ရင်ဆိုင်နိုင်ရမှာလဲ”