← Chapters

ကျန်းလန်ကိုပစ်မှတ်ထားခြင်း

Vol. 14 Ch. 191

ကျန်းလန်ကိုပစ်မှတ်ထားခြင်း

Vol. 14 Ch. 191

အခန်း (၁၉၁) ကျန်းလန်ကိုပစ်မှတ်ထားခြင်း

ရှောင်ယွိ တောင်းဆိုသည့်အချက်ကို ကျန်းလန်က သဘောတူလိုက်သည်။

သူ့အနေငြဖ့် အစစ်အမှန်အင်မော်တယ်အဆင့်သို့ ရောက်ရှိရန် အချိန်ယူကျင့်ကြံရမည် ဖြစ်သော်လည်း အချိန်ခဏမျှ နှောင့်နှေးသွားခြင်းက များစွာသက်ရောက်မှုရှိမည် မဟုတ်ပေ။

အထူးသဖြင့် ဤရက်ပိုင်းများတွင် သူက စာဖတ်ခြင်းဖြင့်သာ အချိန်ကုန်နေခဲ့သည်ဖြစ်ရာ ကျောက်စိမ်းရေကန်ကို အလည်အပတ်သွားရောက်ရန်မှာ အချိန်ဖြုန်းရာ မရောက်ပေ။

ထို့ပြင် ကျောက်စိမ်းရေကန်က မဟာတာအိုလမ်းကြောင်းရှိသည့် နေရာတစ်ခု ဖြစ်သည်။ ထိုနေရာတွင် စနစ်မှတ်ပုံတင်မည်ဆိုပါက အကျိုးအမြတ် များစွာ ရှိနိုင်သည်။

သူ ကျောက်စိမ်းရေကန်သို့ ထပ်မံသွားရောက်ပြီး စနစ်မှတ်ပုံတင်ချင်နေသည်မှာလည်း အချိန်အတော်ကြာပြီ ဖြစ်၏။

ပန်းပင်များအတွက်ကတော့…

နဝမတောင်ထွတ်မှ ပန်းပင်များ မဟုတ်သည့် အခြားပန်းပင်များဆိုလျှင် ကျောက်စိမ်းရေကန်တွင် စိုက်ပျိုးနိုင်မည် ဖြစ်သည်။

ရှောင်ယွိက ထိုအချက်ကို တကယ်ပဲ မသိခဲ့ဘူးလား…

ကျန်းလန် ဆက်မတွေးတော့ဘဲ နာမ်ဝိညာဉ်ရောင်ပြန်ကျမ်းစာအုပ်ကို ထုတ်ဖတ်နေလိုက်သည်။

သူက နာမ်ဝိညာဉ်သေရည်ဆိုင်တစ်ခု တည်ဆောက်ချင်သောကြောင့် ထိုပညာကို ပိုမိုနားလည်ရန် ဆက်လက်လေ့လာနေခြင်း ဖြစ်သည်။

သူတကယ်တမ်းတည်ဆောက်ချင်သည်က နာမ်ဝိညာဉ်သေရည်ဆိုင်တော့ မဟုတ်ပေ။ နာမ်ဝိညဉ်အိမ်ခြံဝန်းတစ်ခု ဖြစ်၏။

ထိုသို့ဆိုလျှင် သူ စာဖတ်နေသည့်အချိန်များတွင် ရှောင်ယွိ ဆော့ချင်သည်ဆိုလျှင်လည်း ဆော့ကစားနေ၍ ရလေသည်။

ကျန်းလန် စာဖတ်နေစဉ် ရုတ်တရက် ရေထဲမှ ခြေစောင့်သံတစ်သံထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။

သူခေါင်းမော့ကြည့်လိုက်သည့်အခါ ရေထဲတွင် ခြေစောင့်လမ်းလျှောက်နေသည့် ရှောင်ယွိကို တွေ့လိုက်ရ၏။

သူ မော့ကြည့်လာသည်ကို တွေ့သည့်အခါ ရှောင်ယွိက ခြေတစ်ချက်ထပ်စောင့်လိုက်ရင်း ကျန်းလန်လက်ထဲမှာ စာအုပ်ကို လက်ညှိုးညွှန်ပြလိုက်သည်။

သူမက…

"ဂိုဏ်းတူမောင်လေးက အရမ်းရိုင်းစိုင်းတာပဲ…"

ကျန်းလန်က စိတ်ရှုတ်ထွေးသွားဟန်ဖြင့် ရှောင်ယွိကို ကြည့်လိုက်သည်။

ရှောင်ယွိက ခပ်တည်တည်မျက်နှာထားဖြင့်…

"ကျွန်မတို့ အတူတူဆော့ဖို့ ထွက်လာကြတာကို ရှင်က အခုတော့ ကျင့်ကြံဖို့အတွက် စာဖတ်နေတယ်…"

သူမက တမင်တကာ ခပ်တည်တည်ဖြင့် ပြောနေဟန်ရှိသည်။ ဤသည်က အတော်လေး အံ့သြစရာပင်။

ကျန်းလန်က ရှောင်ယွိကို ထူးဆန်းစွာဖြင့် ကြည့်လိုက်သည်။ သို့သော် သူမ၏ စကားများကို စိတ်ပျက်မိခြင်းတော့ မဖြစ်မိပေ။

ကျန်းလန်က စာအုပ်ကိုပိတ်လိုက်ပြီး သိမ်မွေ့သည့်လေသံဖြင့်…

"ဒါပေမဲ့… ကျွန်တော်မှ ရေမဆော့ချင်တာ ဂိုဏ်းတူအစ်မရယ်…"

ရှောင်ယွိက ငယ်ရွယ်သေးသော်လည်း သူကတော့ အရွယ်ရောက်ပြီးသူတစ်ယောက် မဟုတ်လား။

သူ့အသက်အရွက်က ရေဆော့ရမည့်အရွယ်လည်း မဟုတ်ပေ။

ထိုခဏမှာပင် မူလပုံစံ လုန်ယွိသည် အဘယ့်ကြောင့် ခံစားချက်ကင်းမဲ့သည့်ပုံစံမျိုး အမြဲတမ်း ပြုလုပ်နေသည်ကို ကျန်းလန် နားလည်သွားခဲ့ရသည်။

သူမ၏ ကလေးဆန်မှုများကို ဖုံးကွယ်ရန် အမြဲတမ်း အေးစက်သည့်ပုံစံ ပြုလုပ်နေခြင်း ဖြစ်လေသည်။

သို့သော် ကျန်းလန်ဆိုလျှင် ထိုသို့ ဟန်ဆောင်နိုင်မည် မဟုတ်ပေ။

သူသာဆိုလျှင် အချိန်ကြာမြင့်စွာ အေးစက်သူတစ်ယောက်ပမာ နေထိုင်လာပြီးမှ ရုတ်တရက် ကလေးတစ်ယောက်ပမာ ပြောင်းလဲလိုက်နိုင်မည် မဟုတ်ပေ။

ရှောင်ယွိက ခေါင်းညိတ်လိုက်ရင်း…

"ဒါတော့ ဟုတ်တယ်…"

ပြီးမှ သူမက သိချင်စိတ်ဖြင့်…

"အခု ဘာတွေကို ကျင့်ကြံဖို့ စာဖတ်နေတာလဲ…"

"ဒါလေ…"

ကျန်းလန်က စာအုပ်ကို ထောင်ပြလိုက်သည်။

ရှေင်ယွိက စာအုပ်အဖုံးတွင် ရေးထားသည့် စာလုံးများကို ဖတ်လိုက်၏။

ထိုစာအုပ်ကို ရှောင်ယွိ မြင်ဖူးပြီးသား ဖြစ်လေရာ ကျန်းလန်အနေဖြင့် အထွေအထူး ရှင်းပြနေစရာ မလိုပေ။

ရှောင်ယွိက အတော်လေး အံ့အားသင့်သွားဟန်ဖြင့်…

"ဂိုဏ်းတူမောင်လေး… အဲဒီစာအုပ်ကို ဖတ်လို့ရလား…"

ယခင်တုန်းက သူမ ထိုစာအုပ်ကို ဖွင့်ကြည့်ဖူးသည်။ အထဲတွင် မည်သည့်စာလုံးများမှ ရေးသားထားခြင်း မရှိပေ။

"စိတ်အာရုံစူးစိုက်ကြည့်လိုက်ရင် စာလုံးတွေ ပေါ်လာလိမ့်မယ်…"

ကျန်းလန်က ရှင်းပြလိုက်သည်။

ရှောင်ယွိ ရေကန်ထဲမှ ခုန်ထွက်လာပြီး ကျန်းလန်ရှေ့သို့ ရောက်လာသည်။

သူမက…

"ကျွန်မ စမ်းကြည့်လို့ရလား…"

ကျန်းလန်က စာအုပ်ကို ရှောင်ယွိလက်ထဲ ထည့်ပေးလိုက်၏။

ရှေင်ယွိက ကျန်းလန်နံဘေးတွင်ထိုင်လိုက်ပြီး စာအုပ်ကို လှန်လိုက်သည်။

သို့သော်…

ခဏအကြာတွင် ရှောင်ယွိက မထူးခြားဟန်ဖြင့် ကျန်းလန်ကို စာအုပ်ပြန်ပေးလိုက်သည်။

"ဘာစာလုံးမှ မမြင်ရဘူး…"

ကျန်းလန်က စာအုပ်ကိုယူလိုက်ရင်း ခဏမျှ စဉ်းစားလိုက်ပြီး…

"ကြည့်ရတာ စာအုပ်က ကျွန်တော်တစ်ယောက်ပဲ ဖတ်လို့ရအောင် ကန့်သတ်ထားတာ ဖြစ်ရမယ်…"

ကျန်းလန်ကတော့ စာအုပ်ကိုလှန်လိုက်သည်နှင့် စိတ်အာရုံထဲတွင် စာလုံးများကို တွေ့မြင်ရသည်။ သို့သော် ရှောင်ယွိကတော့ မတွေ့မြင်ရပေ။

ရှောင်ယွိက…

"ဒီစာအုပ်ကို ဘယ်ကရလာတာလဲ…"

ကျန်းလန်ပြောသည်မှာ ဖြစ်နိုင်သည်ဟု ရှောင်ယွိ တွေးလိုက်သည်။

စာအုပ်ကို မည်သည့်နေရာမှ ရရှိမှန်းသိလျှင် သူမ သံသယကို အတည်ပြုနိုင်မည် ဖြစ်သည်။

ကျန်းလန်က…

"သေရည်ဆိုင်ပိုင်ရှင်အဘိုး ပေးတာလေ…"

ယခင်တစ်ခေါက်က ကျန်းလန် ပြောပြပြီးပြီ ဖြစ်သော်လည်း ရှောင်ယွိက မေ့သွားပုံရသဖြင့် ကျန်းလန် ထပ်ပြောလိုက်သည်။

ရှောင်ယွိက…

"သေရည်ဆိုင်ပိုင်ရှင်အဘိုးလား…"

"အင်း…"

"ဒါဖြင့် ဒီစာအုပ်က ဟို နာမ်ဝိညာဉ်သေရည်ဆိုင်နဲ့ ပတ်သက်နေတာလား…"

"ဟုတ်တယ်လေ…"

ရှောင်ယွိ ကျန်းလန်ကို တိတ်ဆိတ်စွာဖြင့် ငေးကြည့်နေမိသည်။ ယခင်က ထိုအကြောင်းကို သူမ ကျန်းလန်ကို မေးမြန်းခဲ့ဖူးသည်။

ကျန်းလန်က သူမအတွက်များ ရည်ရွယ်ပြီး ထိုပညာကို လေ့လာနေခြင်းလား…

ရှောင်ယွိက…

"ဂိုဏ်းတူမောင်လေး… ပတ်ဝန်းကျင်ကို ကြည့်ပေးထားနော်…"

ထို့နောက် ကျန်းလန် ဘာမှ မပြောနိုင်ခင်မှာပင် ရှောင်ယွိက ရေကန်ထဲသို့ ခုန်ဆင်းသွားသည်။

"ဘာလို့ ရုတ်တရက်ကြီး ရေထဲဆင်းသွားရတာလဲ…"

ကျန်းလန် ပဟေဠိ ဖြစ်သွားသည်။

ရှောင်ယွိ ရေကန်ထဲရောက်သည်နှင့် နှင်းကဲ့သို့ ဖြူစင်သည့် နဂါးတစ်ကောင်ပုံစံ ပြောင်းလဲသွားသည်။ ထို့နောက် ရေကန်အောက်ခြေသို့ ငုပ်လျှိုးသွားလေတော့သည်။

ကျန်းလန်က မတ်တတ်ရပ်လိုက်ပြီး အခြေအနေကို အကဲခတ်လိုက်သည်။

လူသားအင်မော်တယ်အဆင့် တန်ခိုးစွမ်းအားများကို အသုံးပြုပြီး ရေကန်အောက်ခြေကို ကျန်းလန် စစ်ဆေးကြည့်လိုက်သည်။ အန္တရယ်ကင်းသည်မှာ သေချာတော့မှ သူက ရှောင်ယွိ လုပ်ချင်သည်ကို လုပ်ခွင့်ပြုလိုက်သည်။

သို့သော် ရှောင်ယွိက ယခင်ကလို နဂါးငယ်လေး မဟုတ်တော့ပေ။ ပထမဆုံး နဂါးအသွင်ဖြင့် ရှောင်ယွိကို တွေ့မြင်ရစဉ်ကထက် ယခု အနည်းငယ် ပိုမို ကြီးမားလာပြီ ဖြစ်သည်။

"လုန်ယွိရေချိုးနေသည့်မြင်ကွင်း" ဆိုသည့် မှတ်တမ်းတင် မှော်ဝင်ပစ္စည်းလေးထဲတွင် သူမ၏ နဂါးအသွင်ကို ကျန်းလန် စတင်တွေ့မြင်ဖူးခြင်း ဖြစ်၏။

အချိန်အနည်းငယ်ကြာသွားပြီးနောက် ရေကန်ထဲတွင် လှိုင်းများ ထလာလေသည်။

ရှောင်ယွိ ပြန်ထွက်လာပြီဖြစ်ကြောင်း ကျန်းလန် သိရှိလိုက်သည်။

"ဝှစ်…"

ရေများ မြင့်တက်လာသည်။

အစပိုင်းတွင် အဖြူရောင်နဂါး ထွက်ပေါ်လာမည်ဟု ကျန်းလန် ထင်ခဲ့မိသော်လည်း တကယ်တမ်းရေထဲမှထွက်ပေါ်လာသူက "လုန်ယွိ" ဖြစ်လို့နေသည်။

သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးက တောက်ပနေပြီး အဖြူရောင်နှင့်အပြာရောင်ကို ဝတ်ဆင်ထားကာ သူမပတ်ဝန်းကျင်တွင် ရေစက်များကျဆင်းလျှက် ရှိလေသည်။

သို့သော် သူမ ဆံပင်များနှင့် အဝတ်အစားများကတော့ ရေစိုခြင်း အလျဉ်း မရှိပေ။

ရေကန်စပ်တွင် လုန်ယွိက ဖိနပ်မပါဘဲ ရပ်လျှက် ရှိသည်။ သူမလက်ထဲတွင် တောက်ပသည့် ပုလဲတစ်လုံးကိုကိုင်ထားပြီး သူမ၏မျက်ဝန်းများက ကျန်းလန်ကို ကြည့်နေလေသည်။

သူမက ရေထဲမှ ထွက်လာသည့် အလှဧကရီလေးတစ်ပါးအလား ဖြစ်သည်။

လုန်ယွိ ခေါင်းငုံ့လိုက်ပြီး သူမ ရင်ဘတ်ကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် ရင်ဘတ်နေရာမှ အနေအထား ပြောင်းလဲသွားသည်။

ထို့နောက် ဆယ်ကျော်သက်မိန်းမပျိုလေးအသွင် ပြောင်းလဲသွားတော့၏။

ဤသည်က ရှောင်ယွိ ပုံစံ ဖြစ်သည်။

အဝတ်အစားများကလည်း ခန္ဓာကိုယ်အရွယ်အစားအတိုင်းလိုက်ပြီး သေးငယ်သွားလေသည်။

သူမအဝတ်အစားများက သူမ၏ အကြေးခွံတွေများလားဟု ကျန်းလန် တွေးလိုက်မိသည်။

တစ်နေ့နေ့တွင်တော့ သူမ၏ အဝတ်အစားမျာက သူမ၏ အကြေးခွံများ ဟုတ်မဟုတ်ကို အမှန်တရားမျက်လုံးကို အသုံးပြုကာ ကြည့်ရှုရမည် ဖြစ်သည်။

"စွပ်… စွပ်…"

ရှောင်ယွိက ရေကန်ထက်မှ တက်လာပြီး ကောင်းကင်ထက် ပျံသန်းကာ ကျန်းလန်ရှေ့တွင် ဆင်းသက်လိုက်သည်။

ထို့နောက် သူမက လက်ထဲမှ ပုလဲလုံးလေးကို ကျန်းလန်ထံ ကမ်းပေးလိုက်ရင်း…

"ဂိုဏ်းတူမောင်လေး… ဒီပုလဲကို ဘာပုလဲလို့ ထင်လဲ…"

ကျန်းလန်က ပုလဲကိုယူပြီး တစ်ချက်ကြည့်လိုက်သည်။

"ရေတွန်းကန်ပုလဲ…"

"ဒီပုလဲကို ကျွန်မရှင့်ကို လက်ဆောင်ပေးမယ်… အဲ…"

ကျန်းလန်က သူမကို ရေကန်ရှိရာသို့ ခေါ်ဆောင်လာသောကြောင့် ကျေးဇူးတင်သည့်အနေဖြင့် ဤပုလဲလုံးကို လက်ဆောင်ပေးမည်ဟုပြောရန် အစပိုင်းတွင် ရှောင်ယွိ ကြံစည်ထားခဲ့သည်။

သို့သော် သူမ ချက်ချင်း စိတ်ပြောင်းသွားသည်။

"ရှင်က ကျောက်စိမ်းရေကန်မှာ ပန်းပင်တွေစိုက်ဖို့ မြေကြီးအခြေအနေလာကြည့်ပေးမယ်ပြောလို့ ကျေးဇူးတင်တဲ့အနေနဲ့ ဒီပုလဲ လက်ဆောင်ပေးမယ်…"

ရှောင်ယွိက ပြောလိုက်သည်။

သူမ ရေကစားသည်ကို ကျန်းလန် စောင့်ကြည့်ပေးရခြင်းကိုတော့ ရှောင်ယွိက အပေးအယူတစ်ခုမဖြစ် သတ်မှတ်ခဲ့ဟန် မတူပေ။

ဤသည်က ဂိုဏ်းတူမောင်လေးလုပ်ပေးရမည့်တာဝန်ဟု သူမက ယူဆသည်။

သူမ၏ ငယ်ရွယ်သည့်ပုံစံလေးကို သိရှိသူ အနည်းငယ်သာ ရှိသည်။ ပြီးတော့ ထိုအချက်က သူမနှင့် ကျန်းလန်ကြားမှ လျှို့ဝှက်ချက် ဖြစ်သည်။

ရေတွန်းကန်ပုလဲက အစွမ်းထက်သည့် ရတနာပစ္စည်းတစ်ခုတော့ မဟုတ်ပေ။ သို့သော် ကျန်းလန်က ပုလဲလုံးလေးကို သိမ်းဆည်းလိုက်၏။

သူက ရှောင်ယွိပေးသည့် လက်ဆောင်တိုင်းကို ငြင်းလေ့မရှိပေ။

သူတို့ (၂)ယောက် ယခင်ကတော့ မျှမျှတတပင် အပေးအယူများ လုပ်ခဲ့ကြသည်။ စေ့စပ်ပြီးနောက်ပိုင်းတွင်တော့ သူတို့၏ အပေးအယူများက သိပ်ပြီးမျှတမှု မရှိတော့ပေ။

ကျန်းလန်က လုန်ယွိပေးသည့်လက်ဆောင်များကို ဘယ်သောအခါမှ တန်ဖိုးဖြတ်ခဲ့ခြင်း မရှိပေ။ ထို့ပြင် သူတို့ (၂)ယောက်အတွက် အပေးအယူများတွင် မျှတမှုရှိခြင်း မရှိခြင်းက မလိုအပ်တော့ဘူး မဟုတ်ပါလား။

အနာဂတ်တွင် တစ်ယောက်နှင့်တစ်ယောက် လက်ဆောင်ပေးရန်အတွက် ကြုံရာကျပန်း အကြောင်းပြချက်များပင် ပေးကြတော့မည် ဖြစ်သည်။

တဖြည်းဖြည်းနှင့် သူတို့ အကြောင်းပြချက်မလိုတော့ဘဲ တစ်ယောက်နှင့်တစ်ယောက် လက်ဆောင်ပေးကြမည် ဖြစ်သည်။

ထိုသို့ ဖြစ်ကောင်းဖြစ်လာနိုင်ပေသည်။ သို့သော် ကျန်းလန်လည်း အတည်မပြုနိုင်သေးပေ။

………………

ခွန်လွန်တောင် အဓိကခန်းမဆောင်…

ခန်းမဆောင်ထဲတွင် တောင်သခင် (၇) ပါး ထိုင်နေလေ၏။

ချန်ရှီက အခြားတောင်သခင်များကို တစ်ချက်ဝေ့ကြည့်လိုက်ရင်း…

"နတ်မိစ္ဆာတွေက ငရဲတံခါးကို တိုက်ခိုက်ကြတော့မယ်… ၊ အသေးစိတ်တော့ မသိခဲ့ရပေမယ့် ငရဲတံခါးကနေ မရဏအငွေ့အသက်တွေ နောက်တစ်ကြိမ် ပေါက်ကွဲထွက်လာတဲ့အချိန်ကျရင် သေချာပေါက် လှုပ်ရှားမှုတစ်ခုခု ပြုလုပ်ကြလိမ့်မယ် ၊ ဒါပေမဲ့ စိုးရိမ်စရာအချက်က တစ်ယောက်ယောက်က နတ်မိစ္ဆာတွေကို ဒိုင်းလွှားအနေနဲ့အသုံးပြုပြီး နောက်ကွယ်က ကြိုးကိုင်နေမှာကိုပဲ…"

ဤကိစ္စက သေးငယ်သည့်ကိစ္စတစ်ခု မဟုတ်ပေ။

မော့ကျန်းသုန့်က…

"ကျုပ်က နဝမတောင်ထွတ်ရဲ့ တောင်သခင်ပါ… ၊ နဝမတောင်ထွတ်ကိစ္စကလွဲပြီး ကျန်တဲ့ကိစ္စတွေကို ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူး…"

ဖုန်းယီရှောက်က ပြုံးလိုက်ရင်း…

"အမှန်ပဲ… ဒီကိစ္စက ပထမတောင်ထွတ်နဲ့ သိပ်မသက်ဆိုင်ဘူး ၊ ဒီတော့ ကျုပ်လည်း ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူး…"

အခြားသူများကလည်း ငြင်းစရာမလိုသည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်ကြသည်။

ထိုအခါ ဒုတိယတောင်ထွတ်၏တောင်သခင် လျိုကျင်းက အဋ္ဌမတောင်ထွတ်၏ တောင်သခင် ကျိုးကျုန်းထျန်းကို တစ်ချက်လှမ်းကြည့်လိုက်ပြီး…

"ဒါဖြင့် အဋ္ဌမတောင်ထွတ်က အဓိကအလုပ်တွေအကြောင်းပဲ ပြောကြရအောင်…"

ကျိုးကျုန်းထျန်းက…

"ဒါဖြင့်လည်း မင်းတို့တွေ အစီအစဉ်တွေ လုပ်ကြလေကွာ…"

တတိယတောင်ထွတ်၏ တောင်သခင်မ ကျူးချင်က…

"ဒါပေမဲ့ နဂါးမျိုးတွေရောက်လာတော့မယ်လေ… ၊ ရှင်တို့အားလုံးလည်း သတင်းရထားတာပဲ မဟုတ်လား… ၊ နဂါးမျိုးနွယ်တွေက အဖိုးတန်မှော်ဝင်ပစ္စည်းတွေရထားတယ်လို့ သိရတယ်… ၊ ဒါကြောင့် နတ်မိစ္ဆာတွေ နောက်ဆုတ်သွားအောင် အပြင်းအထန် နှိမ်နင်းနေတာ…"

လျိုကျင်းက…

"နဂါးမျိုးနွယ်တွေနဲ့ပတ်သက်ပြီး သိပ်စိတ်မူပါနဲ့… ၊ သူတို့ ခွန်လွန်တောင်ကိုလာတာက ကျသွားတဲ့သိက္ခာကို ပြန်အဖတ်ဆည်ဖို့အတွက်ပဲ… ၊ ကျုပ်တို့ကိုလာပြီး စိန်ခေါ်ကြမှာပေါ့…"

ကျိုးကျုန်းထျန်းက…

"ဒါပေမဲ့ သူတို့က နောက်ပိုင်းမျိုးဆက်တွေအချင်းချင်းပဲ စိန်ခေါ်တိုက်ခိုက်ကြမှာ မဟုတ်လား… ၊ ကျုပ်တို့ကိုတော့လာပြီး တိုက်ခိုက်ရဲမယ် မထင်ဘူး… ၊ အခုမှ သူတို့က စစ်ပန်းရာကနေ နလန်ထူခါစ ရှိသေးတာလေ… ၊ ကျုပ်တို့ကို လာပြီး စိန်ခေါ်ရလောက်အောင်တော့ မတုံးသေးဘူး ထင်တာပဲ… ၊ ဒါပေမဲ့ နတ်မိစ္ဆာတွေကတော့…"

မြောင်ယွဲ့က မျက်မှောင်အနည်းငယ် ကြုံလိုက်ရင်း…

"ဟုတ်တယ်… သူတို့ထဲက အချို့ကတော့ ပြဿနာ ရှာကြလိမ့်မယ်…"

လျိုကျင်းက မော့ကျန်းသုန့်ကို ကြည့်လိုက်ပြီး…

"နဂါးမျိုးနွယ်တွေက ကျောက်စိမ်းရေကန်နတ်ဘုရားမနဲ့ စေ့စပ်ထားတဲ့သူကို ပစ်မှတ်ထားစိန်ခေါ်ကြလိမ့်မယ်… ၊ ဒါပေမဲ့ နတ်မိစ္ဆာတွေကတော့ ငရဲတံခါးက ကျန်းလန်ကို ပစ်မှတ်ထားကြလိမ့်မယ်…"

All Chapters