← Chapters

ကောင်းကင်အဆင့်သတ်မှတ်ချက်မှအပြောင်းအလဲ

Vol. 169 Ch. 2521

ကောင်းကင်အဆင့်သတ်မှတ်ချက်မှအပြောင်းအလဲ

Vol. 169 Ch. 2521

ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်တွင်...။

ချိပ်စည်းအတွက်တိုက်ပွဲ၏ နောက်ဆုံးနေ့မှာ တက္ကသိုလ်မှ တပည့်ဂိုဏ်းသားများစွာက အတွင်းဂိုဏ်း၏ ရင်ပြင်မှာ စုဝေးရောက်ရှိလာကြသည်။

အတွင်းဂိုဏ်းမှ တပည့်ဂိုဏ်းသားများသက်သက်ပင် အယောက်တစ်သိန်းနီးပါး​ရှိနေသည်။

တက္ကသိုလ်မှ အကြီးအကဲများသည် ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်၏ အချိန်နှင့်တပြေးညီ ထုတ်ပြန်မှုကိုစောင့်ကြည့်ရန် အပြင်ဂိုဏ်းမှတပည့်ဂိုဏ်းသားများကိုပင် အတွင်းဂိုဏ်း၏ ရင်ပြင်သို့ အထူးတလည်သွားရောက်ခွင့်ပေးထား၏။

တက္ကသိုလ် အင်မော်တယ်အစေခံတချို့နှင့် ပြင်ပကျင့်ကြံသူများနှင့်အတူ ထပ်ပေါင်းပါက ဤနေရာမှာ လူအယောက်တစ်သိန်းကျော် စုဝေးရောက်ရှိနေပြီး အဲဒါက လူပင်လယ်ကြီးလိုဖြစ်နေသည်။

ဤကဲ့သို့ကြီးမားသော လူစုလူဝေးကြီးတစ်ရပ်ပေါ်ထွက်လာခြင်းမှာ အဓိကအားဖြင့် ချိပ်စည်းအတွက်တိုက်ပွဲမှာ ပါဝင်သော အတွင်းဂိုဏ်း၏ နံပါတ်တစ် ဆူဇီမိုကြောင့်ဖြစ်လေသည်။

ဒါ့အပြင် ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်မှ ဆူဇီမို၏ အဆင့်သတ်မှတ်ချက်က အတက်အကျကြမ်းလွန်းလေသည်။

အရင်ဆုံးသူသည် ထိပ်ဆုံးတစ်ဆယ်ထဲ ဝင်ရောက်လာပြီးနောက် လုံးလုံးလျားလျားပျောက်ကွယ်သွားခဲ့၏။

ထို့နောက်ချက်ချင်းပင် သူသည် ကြိုတင်ခန့်မှန်း ကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်သို့ ပြန်လည်ရောက်ရှိလာသော်လည်း သူက အောက်ဆုံးတွင် ရပ်တည်နေ၏။

ပို၍ပင်ထူးဆန်းသည့်အရာမှာ ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်မှာ အဆင့်သတ်မှတ်ချက်အပြောင်းအလဲများ ပေါ်ထွက်လာသော်လည်း ဆူဇီမို၏ အဆင့်ရပ်တည်ချက်က အောက်ဆုံးမှာအမြဲတမ်းဖြစ်နေပြီး လုံးဝကို ငြိမ်သက်နေ၏။

ဤကဲ့သို့ ထူးဆန်းသောအခြေအနေဖြစ်ပေါ်လာစေရန် အဆူရာတိုက်ပွဲမြေမှာ ဘာတွေဖြစ်ပျက်နေသည်ကို မည်သူကမှ မသိရပေ။

ယနေ့သည် ချိပ်စည်းအတွက်တိုက်ပွဲ၏ နောက်ဆုံးနေ့ဖြစ်သည့်အတွက် အမှားအယွင်းတစ်စုံတစ်ရာမရှိလျှင် ဤနေ့မှာ နောက်ဆုံးရလဒ်က ထွက်ပေါ်လာမည်ဖြစ်ပြီး ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်၏ နိဂုံးချုပ်ရလဒ်တစ်ခုလည်းဖြစ်လာပေလိမ့်မည်။

ထို့ကြောင့်ပင် တက္ကသိုလ်မှ တပည့်ဂိုဏ်းသားများစွာက ဤနေရာမှာ စုဝေးရောက်ရှိနေကြခြင်းဖြစ်သည်။

ယန်ပင်းယင်နှင့် အခြားသူများအပြင် ထောင်ယောင်နှင့် လျှိုဖျင်ကလည်း ရောက်ရှိလာကြ၏။

တကယ်ဆို... အမွေခံတပည့်တချို့ပင် နောက်ဆုံးနေ့မှာ စူးစမ်းလိုစိတ်ဖြင့် စောင့်ကြည့်ဖို့ရောက်ရှိလာကြ၏။

ယန်လောရှုနှင့် မင်းသမီးသက်တံနီက ဘေးချင်းယှဥ်ရပ်နေကြ၏။ ထောင်ယောင်နှင့် လျှိုဖျင်က သူတို့ရှေ့မှာ မတ်တတ်ရပ်နေလေသည်။

ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း မင်းသမီးသက်တံနီက စိုးရိမ်ပူပန်နေပြီး ထွက်ခွာမသွားခဲ့ပေ။ မင်းသမီးသက်တံနီက တီးတိုးရေရွတ်လိုက်၏။

“စိတ်ဝိညာဥ်တိမ်စိုင်ချိပ်စည်းကို နောက်ဆုံးဘယ်သူပဲရရ စီနီယာအစ်ကိုဆူနဲ့ အစ်ကိုချင်းချန်က ဘယ်မှမဖြစ်ဖို့ဘဲ ငါမျှော်လင့်တယ်... သူတို့ဘာမှမဖြစ်သရွေ့အဆင်ပြေတယ်”

“မပူပါနဲ့”

ယန်လောရှုက ပြောလိုက်၏။

“ဆူဇီမိုရှိနေသရွေ့ ရှဲ့ချင်းချန်က ဘာမှဖြစ်မှာမဟုတ်ဘူး”

ထောင်ယောင်က ဘေးကနေမက်မွန်သီးများကို အေးအေးဆေးဆေးဝါးစားပြီး ဖြည်းဖြည်းချင်းမျိုချနေ၏။ သူသည် ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်ရှိ အပြောင်းအလဲများနှင့်ပတ်သက်၍ စိုးရိမ်ပူပန်နေခြင်းမရှိသည့်အလားပင်။

“ထောင်ယောင်... မင်းဘာလို့ လုံးဝမစိုးရိမ်တာလဲ”

လျှိုဖျင်က မေးလိုက်၏။

“စီနီယာအစ်ကိုရဲ့ အဆင့်သတ်မှတ်ချက်က ရက်နှစ်ဆယ်ကြာအောင် ဘာအပြောင်းအလဲမှမရှိဘဲ အောက်ဆုံးမှာ ငြိမ်​သက်နေတယ်”

“သူအဆင်ပြေမှာပါ”

ထောင်ယောင်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။

လျှိုဖျင်နှင့်ယှဥ်လျှင် ထောင်ယောင်က ဆူဇီမိုအကြောင်းပို၍ကောင်းကောင်းသိလေသည်။

ရင်ပြင်၏ အလယ်မှာ... ။

ပြင်ပကျင့်ကြံသူတစ်ထောင်ကျော်က စုဝေးရောက်ရှိနေကြ၏။ သူတို့သည် ထွက်ခွာမသွားဘဲ နောက်ဆုံးရလဒ်ကို စောင့်ဆိုင်းနေကြ၏။

ပြီးခဲ့သည့်ရက်နှစ်ဆယ်အတွင်း ဆူဇီမို၏ အဆင့်သတ်မှတ်ချက်က လုံးဝတိုးတက်မလာဘဲ သူတို့ကို စိတ်သက်သာရာရစေနေ၏။

အင်မော်တယ်ပျံဂိုဏ်း၏ ထျန်ကျဲက ပြုံးပြလိုက်၏။

“တာအိုရောင်းရင်ယန်... ခင်ဗျားတို့တက္ကသိုလ်က လူတွေဒီလောက်အများကြီးက ဒီနေရာမှာစုဝေးရောက်ရှိနေကြတယ်... ဆူဇီမိုသာအရူးလုပ်ခံရရင် ခင်ဗျားတို့တွေ အတော်လေးအရှက်ရတော့မှာပဲ”

“အမှန်ပဲ”

မဟာကျင်းအင်မော်တယ်နိုင်ငံ၏ လင်းမူက ပြောလိုက်၏။

“ဆူဇီမိုက အဆူရာတိုက်ပွဲမြေမှာ သေသွားမယ်ဆိုရင်ရော ဘယ်လိုလုပ်မလဲ... အဲဒါဆိုရင် ငါတို့က ဒီနေရာမှာ အလကားသက်သက်လာစောင့်နေရသလိုဖြစ်နေမှာမလား”

​​ဘေးပတ်ဝန်းကျင်တွင် တက္ကသိုလ်မှ တပည့်ဂိုဏ်းသားများစွာရှိပြီး အခြားသောဂိုဏ်းများနှင့် အဖွဲ့အစည်းများမှ ကျင့်ကြံသူများက သူတို့ကို လွန်လွန်ကျူးကျူးလှောင်ပြောင်ရဲခြင်းမရှိပေ။

ယန်ပင်းယင်က သူတို့နှင့် မငြင်းဆန်လိုဘဲ ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ကိုသာ တိတ်တဆိတ်ဖြင့်ကြည့်နေ၏။

ရုတ်တရက်ဆိုသလို...။

သူမ၏ မျက်လုံးက ဝင်းလက်သွား၏။

ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်က ပြောင်းလဲသွားခဲ့လေပြီ။

ဒါ့အပြင်... ထိုအပြောင်းအလဲက...။

ယန်ပင်းယင်သည် သူမ၏ မျက်လုံးကိုပင် မယုံနိုင်ဘဲ မျက်လုံးနှစ်ဖက်ကိုတမင်မှိတ်ကာ နောက်တစ်ဖန်ပြန်ကြည့်လိုက်၏။

ရလဒ်က မှန်ကန်နေ၏။

ဆူဇီမို၏ အဆင့်သတ်မှတ်ချက်သည် ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်၏ အောက်ဆုံးကနေ အဆင့်-၇ သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

အဲဒါသည် သူ၏ ယခင်အဆင့်-၁၀ထက်ပင် အနည်းငယ်ပိုမိုမြင့်မားလာခဲ့သည်။

“အားလုံးပဲ... ကြည့်ကြစမ်း”

ယန်ပင်းယင်က အနည်းငယ် စိတ်လှုပ်ရှားနေပြီး ကြိုတင်ခန့်မှန်း ကောင်းကင်အဆင့်သတ်မှတ်ချက်ကို လက်ညှိုးထိုးကာ အော်ပြောလိုက်၏။

ထိုအခိုက်အတန့်မှာ ကျင့်ကြံသူအချို့သည်လည်း ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်မှ အပြောင်းအလဲကို သတိ​ထားမိသွားကြပြီဖြစ်သည်။

လူအုပ်ကြီးက ချက်ချင်းပင် ဆူညံပွက်လောရိုက်လာခဲ့၏။

“ကြိုတင်ခန့်မှန်း ကောင်းကင်အဆင့်သတ်မှတ်ချက်မှာ အဆင့်-၇... သူက ဖန့်ချင်းယွင်ရဲ့ နဂိုနေရာထက်တောင် အဆင့်သုံးဆင့်ပိုမြင့်သွားတာပဲ”

“စီနီယာအစ်ကိုဆူက အရမ်းကိုသန်မာတယ်... အဲဒါကို ငါသိတာပေါ့”

တက္ကသိုလ်မှ တပည့်ဂိုဏ်းသားများစွာက စိတ်အားမာန် တက်ကြွလာကြ၏။

ယန်လောရှုနှင့် မင်းသမီးသက်တံနီက အကြည့်ချင်းဖလှယ်ပြီး စိတ်သက်သာစွာသက်ပြင်းချလိုက်ကြသည်။

ထျန်ကျဲ၊ လင်းမူ၊ နတ်မိမယ်ပိုင်ဟွားနှင့် အခြားသော ပြင်ပကျင့်ကြံသူများက အမူအရာများပျက်ယွင်းသွားပြီး အဲဒါကို မယုံကြည်နိုင်ကြပေ။

“ရှင်တို့ကို စိတ်ပျက်စေမိတာ စိတ်မကောင်းပါဘူး”

ယန်ပင်းယင်က ထျန်ကျဲနှင့် အခြားသူများကိုကြည့်ပြီး မှင်သေသေဖြင့် ပြောလိုက်၏။

လင်းမူက ခြောက်ကပ်စွာရယ်မောလိုက်၏။

“အဲဒါဘာမှမဟုတ်ဘူး... နောက်ထပ်အမှားတစ်ခုပဲနေမှာ... ဘာပဲပြောပြော လွန်ခဲ့တဲ့ရက်နှစ်ဆယ်တုန်းကလည်း ဒီလိုမျိုးဖြစ်ခဲ့တာပဲ”

“အမှန်ပဲ”

နတ်မိမယ်ပိုင်ဟွားက ထပ်ပြောလိုက်၏။

“ဆူဇီမိုရဲ့ အကဲဖြတ်တန်ဖိုးထွက်လာမှပဲ အဲဒီအကြောင်းကို ငါတို့ပြောကြတာပေါ့”

“သူ့ရဲ့အဆင့်သတ်မှတ်ချက်ကို ဒီလောက်အများကြီးမြှင့်တင်ဖို့အတွက် လက်ခံယုံကြည်လောက်တဲ့ အကြောင်းပြချက်တစ်ခုရှိမှရမယ်”

ထိုစဥ်မှာပင် ကြိုတင်ခန့်မှန်း ကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်မှ ဆူဇီမို၏ သတင်းအချက်အလက်က အနည်းငယ်ပြောင်းလဲသွား၏။

ကျင့်ကြံမှုနယ်ပယ်မှာ သူသည် အဆင့်-၆ ကောင်းကင်အင်မော်တယ်ကနေ အဆင့်-၇ ကောင်းကင်အင်မော်တယ်အဖြစ် ပြောင်းလဲသွား၏။

အတန်ကြာစောင့်ကြည့်နေပြီးနောက် အခြားသောသတင်းအချက်အလက်များက မည်သည့်ပြောင်းလဲမှုမှမရှိဘဲ တူညီစွာဆက်ရှိနေ၏။

“ဒါပဲလား”

ပြင်ပကျင့်ကြံသူများအားလုံးက ကြောင်အ,မှင်တက်သွားကြသည်။

ထျန်ကျဲက မျက်ခုံးပင့်ကာ ပြောလိုက်၏။

“သူက ကျင့်ကြံမှုနယ်ပယ်တစ်ခု ချိုးဖျက်တက်လှမ်းတာနဲ့ပဲ... သူ့ရဲ့အဆင့်သတ်မှတ်ချက်က အောက်ဆုံးကနေ အဆင့်-၇ထိ မြင့်တက်သွားတာလား... အဲဒါက ရယ်စရာကောင်းလွန်းနေတယ်”

“အမှန်ပဲ... သူ့အတွက်အကဲဖြတ်တန်ဖိုးက လက်ခံယုံကြည်နိုင်စရာမရှိဘူး”

နတ်မိမယ်ပိုင်ဟွားက ထပ်ပြောလိုက်၏။

“အဆင့်သတ်မှတ်ချက်တွေကို ဆုံးဖြတ်ဖို့အတွက် ဂမ္ဘီရမိုးကောင်းကင်နန်းတော်က ပကတိအင်မော်တယ်တွေမှာ အကြောင်းပြချက်ရှိမှာပေါ့”

“အမှန်ပဲ”

“မင်းတို့တွေ မကျေနပ်ဘူးဆိုရင် ဂမ္ဘီရမိုးကောင်းကင်နန်းတော်ကို သွားမေးလိုက်”

တကယ်တော့ တက္ကသိုလ်မှတပည့်ဂိုဏ်းသားများစွာကလည်း မလုံမလဲခံစားနေရ၏။

မည်သို့ပင်ဆိုစေ ဆူဇီမို၏ အောင်မြင်ရရှိမှုများ သတင်းအချက်နှင့် အကဲဖြတ်တန်ဖိုးသည် ကြိုတင်ခန့်မှန်း ကောင်းကင်အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးတစ်ဆယ်ထဲမှာ အခြားသောပညာရှင်များနှင့်ယှဥ်လျှင် များစွာနိမ့်ကျနေ၏။ သူ့မှာ အားသာချက် လုံးဝမရှိပေ။ သို့သော်လည်း တက္ကသိုလ်မှ တပည့်ဂိုဏ်းသားများ​က အားနည်းချက်ကို မပြသလိုပေ။

လူတိုင်းက အဆက်မပြတ် ငြင်းခုံပြောဆိုနေကြစဥ်မှာပင် ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်​က နောက်တစ်ဖန်ပြောင်းလဲသွား၏။

“အာ... ထိပ်ဆုံးတစ်ဆယ်ထဲက လူတစ်ယောက်လျော့သွားပြီ”

“ကြိုတင်ခန့်မှန်း ကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်က အဆင့်-၅... နံပါတ်တစ်ကောင်းကင်အာဏာပါးကွက်သားစုန့်စဲပဲ”

လူတိုင်းက လျင်မြန်စွာနားလည်သဘောပေါက်လာကြ၏။

စုန့်စဲ၏ အဆင့်ရပ်တည်ချက်က လျော့ကျသွားခြင်းမဟုတ်ဘဲ ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ကနေ လုံးလုံးလျားလျား ပျောက်ကွယ်သွားခြင်းဖြစ်သည်။

“အဲဒါဘယ်လိုဖြစ်နိုင်မှာလဲ”

မဟာကျင်းအင်မော်တယ်နိုင်ငံ၏ လင်းမူက အနည်းငယ်ထိတ်ထိတ်ပျာပျာဖြစ်သွား၏။

ယေဘုယျအားဖြင့် ပြောရလျှင် ဤကဲ့သို့ဖြစ်လာဖို့ ဖြစ်နိုင်ခြေတစ်ခုသာလျှင်ရှိလေသည်။ စုန့်စဲက ထူးခြားလေးနက်သောတစ်စုံတစ်ရာနှင့် ရင်ဆိုင်နေရတာ သို့မဟုတ် သူက ဒဏ်ရာအပြင်းအထန်ရရှိသွားတာပင်။

မဟုတ်ပါက သူက သေဆုံးသွားပြီဟု အဓိပ္ပါယ်ရလေသည်။

“ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်က အဆင့်-၅ စုန့်စဲက တစ်ခုခုဖြစ်သွားတာလား”

“ကျုံးဖေးယွီနဲ့ လေ့ရွှမ်ကတော့ စုန့်စဲကို တကယ်ပဲအနိုင်ယူနိုင်လောက်တယ်”

လူတိုင်းသည် ဤကိစ္စ၏ တုန်လှုပ်မှုကနေ ရုန်းထွက်မလာနိုင်ခင် ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်မှ အခြာသောလူတချို့ကလည်း ပျောက်ကွယ်သွား၏။

“အားလုံးပဲ... ကြည့်ကြစမ်း နောက်ထပ်လူတစ်ယောက်ပျောက်သွားပြန်ပြီ”

“သူက ကောင်းကင်အင်မော်တယ်လောယန်... ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်မှာ အဆင့်-၈ပဲ”

ကောင်းကင်အင်မော်တယ်လောယန်၏ အ​​ခြေအနေက စုန့်စဲနှင့်ဆင်တူလေသည်။ သူသည် ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်ကနေ လုံးလုံးလျားလျား ပျောက်ကွယ်သွားခြင်းဖြစ်၏။

“ဘုရားရေ... ချိပ်စည်းအတွက်တိုက်ပွဲက အရမ်းကို ကြောက်စရာကောင်းလွန်းမနေဘူးလား”

“ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးတစ်ဆယ်ထဲက ပြိုင်စံရှားတွေက ဆက်တိုက်ရှုံးနိမ့်ပြီးတော့ ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်ကနေ ဖယ်ရှားခံနေရပြီ”

နောက်ထပ်အချိန်တစ်ခုအကြာမှာ ကြိုတင်ခန့်မှန်း ကောင်းကင်အဆင့်သတ်မှတ်ပေါ်မှ နောက်ထပ်ကျင့်ကြံသူအချို့က လုံးလုံးလျားလျားပျောက်ကွယ်သွားကြပြန်၏။

ကျင့်ကြံသူမြောက်မြားစွာက ကြိုတင်ခန့်မှန်း ကောင်းကင်အဆင့်သတ်မှတ်ကို အာရုံစိုက်၍ကြည့်ရှုနေပြီး နောက်ဆုံးရလဒ်ကို စောင့်မျှော်နေကြ၏။

သိပ်မကြာခင်...။

ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်၏ အဆင့်-၇ တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်း၏ ယွဲ့ဟိုင်က အဆင့်သတ်မှတ်ချက်ကနေ ပျောက်ကွယ်သွားပြန်သည်။

ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်တစ်ခုလုံးက လုံးဝကို ဗြောင်းဆန်လာခဲ့၏။

လူတိုင်းက တိတ်တဆိတ်ဆွေး​နွေးပြောဆိုပြီး အဆူရာတိုက်ပွဲမြေမှ ဖြစ်နိုင်​ခြေအမျိုးမျိုးကို ခန့်မှန်းချက်ထုတ်နေကြ၏။

ခဏနေပြီးနောက်...

ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်က နောက်တစ်ဖန်ပြောင်းလဲသွား၏။

ဤတစ်ခေါက်မှာ မည်သူကမှ ပျောက်ကွယ်မသွားပေ။

ဆူဇီမို၏ အဆင့်သတ်မှတ်ချက်သည် နောက်တစ်ဖန်မြင့်တက်လာပြီး ယခုသူသည် ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်တွင် အဆင့်-၃ ဖြစ်လာခဲ့၏။

All Chapters