← Chapters

အကွက်ချကြံစည်ခြင်း

Vol. 169 Ch. 2524

အကွက်ချကြံစည်ခြင်း

Vol. 169 Ch. 2524

ကောင်းကင်အင်မော်တယ်လောယန်သည် ဒုံမင်းအင်မော်တယ်မုန့်ယောင်၏ ပြန်ပြောင်းစဥ်းစားနေသော အမူအရာကို တွေ့မြင်သောအခါ သူက သူလိုရာအချက်ကို ပြောနိုင်ခဲ့ပြီဆိုတာ သိလိုက်၏။

သူက အားတက်သရောရှိလာပြီး ပြောလိုက်၏။

“အဲဒီအချိန်တုန်းက သန့်စင်ယန်စိတ်ဝိညာဥ်ရတနာ နတ်ဘုရားမိစ္ဆာဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်က ရုတ်တရက်ပျောက်ကွယ်သွားခဲ့တယ်... နောက်ပြီး ထူးဆန်းစွာနဲ့ပဲ ဓားအင်မော်တယ်ယွဲ့ဟွားက အရင်ဆုံးပေါ်ထွက်လာပြီး နတ်ဘုရားမိစ္ဆာ ဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်ကို ဘယ်သူဖွက်ထားသလဲ စစ်ဆေးမေးမြန်းခဲ့တယ်”

“နောက်ပိုင်း... ကမ္ဘာမြေအင်မော်တယ်တစ်ယောက်က ရှေ့ကိုထွက်လာပြီး နတ်ဘုရားမိစ္ဆာဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်ကို မဟူရာအင်မော်တယ်တစ်ယောက်က ဖွက်ထားတယ်လို့ စွပ်စွဲပြောဆိုခဲ့တယ်”

“ဒါပေမဲ့ ဓားအင်မော်တယ်ယွဲ့ဟွားက အဲဒီမဟူရာအင်မော်တယ်ရဲ့ သိုလှောင်အိတ်နဲ့ အသိစိတ်ထဲမှာ နတ်ဘုရားမိစ္ဆာဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်ရဲ့ အရိပ်ယောင်ကိုတောင် ရှာမတွေ့နိုင်ခဲ့ဘူး... အဲဒါကြောင့်သူက အဲဒီလူကို တောင်ခြေရင်းဆီ သာမန်ကာလျှံကာ ပစ်ထုတ်လိုက်တယ်”

ခဏမျှရပ်တန့်ပြီးနောက် ကောင်းကင်အင်မော်တယ်လောယန်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ ပြောလိုက်၏။

“အဲဒီမဟူရာအင်မော်တယ်က တခြားလူမဟုတ်ဘူး... ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်က ဆူဇီမိုပဲ”

“အို...”

မုန့်ယောင်၏ အမူအရာက ပြောင်းလဲသွားပြီး တီးတိုးရေရွတ်လိုက်၏။

“မဟူရာအင်မော်တယ်တစ်ယောက်က နှစ်ထောင်ဂဏန်းတချို့နဲ့ ဒီအဆင့်ထိ ကျင့်ကြံနိုင်ခဲ့တာလား”

ထိုကျင့်ကြံမှုအလျင်အဟုန်က အရမ်းကိုကြောက်စရာကောင်းလွန်းမနေဘူးလား။

အောက်ဘုံလောကမှ တက်လှမ်းလာသောကျင့်ကြံသူများကို မပြောနှင့် အထက်ဘုံမှာပင် ဤအဆင့်ထိရောက်ရှိနိုင်သောပါရမီရှင် များစွာမရှိပေ။

ဤနှစ်များအားလုံးမှာ ကောင်းကင်ဘုံကမ္ဘာတစ်ခုလုံးမှာပင် ယွင်ထင်တစ်ယောက်သာ ထိုကဲ့သို့ပြုလုပ်နိုင်ခဲ့သည်။

မုန့်ယောင်က ဖြည်းဖြည်းချင်းပြောလိုက်၏။

“ကြီးမားတဲ့အခွင့်အလမ်းတချို့ကြောင့်မဟုတ်ရင် သူက ဒီအဆင့်ထိ သေချာပေါက်ရောက်လာမှာ မဟုတ်ဘူး”

“အဲဒါမှန်တာပေါ့”

ကောင်းကင်အင်မော်တယ်လောယန်က လေးနက်သောအသံဖြင့် ပြောလိုက်၏။

“အဲဒါကြောင့် နတ်ဘုရားမိစ္ဆာဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်က ဆူဇီမိုရဲ့လက်ထဲကို အဲဒီတုန်းက ကျရောက်သွားတယ်လို့ ကျုပ်သံသယရှိတယ်... ဒါပေမဲ့ သူက အဲဒါကို ဓားအင်မော်တယ်ယွဲ့ဟွားထံကနေ လှည့်စားပြီး ဖုံးကွယ်နိုင်ခဲ့တယ်”

“ပိုပြီးတော့ထူးဆန်းတာက ဓားအင်မော်တယ်ယွဲ့ဟွားက အဲဒီအချိန်တုန်းက သူ့ရဲ့အသိစိတ်ထဲမှာ နတ်ဘုရားမိစ္ဆာဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်ကို ရှာမတွေ့ခဲ့ပေမယ့် သူက အဲဒီကောင်လေးကို ဆောင်ခြေရင်းဆီ သာမန်ကာလျှံကာ ပစ်ထုတ်လိုက်တယ်... သူက ကျောက်နံရံနဲ့ပြင်းပြင်းထန်ထန်ပစ်တိုက်မိသွားတယ်... အဲဒီစွမ်းအားက ဘယ်မဟူရာအင်မော်တယ်ကိုမဆို သတ်ဖြတ်ဖို့လုံလောက်တယ်... ဒါပေမဲ့ အဲဒီလူက မသေခဲ့ဘူး”

မုန့်ယောင်က သူမ၏ ခေါင်းကို ညင်သာစွာ ခါလိုက်၏။

“အဲလိုဆိုရင်တောင် အဲဒါက အဓိပ္ပါယ်တစ်ခုခုကို ဆောင်မနေဘူး”

“အဲဒီမှာ ကျုပ်သံသယဝင်မိတဲ့တခြားတစ်ခုရှိတယ်”

ကောင်းကင်အင်မော်တယ်က အလောတကြီးဆက်ပြောလိုက်၏။

“နတ်ဘုရားမိစ္ဆာဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်ပျောက်ကွယ်သွားတုန်းက နတ်နဂါးတစ်ကောင်ရဲ့ဝိညာဥ်က ပေါ်ထွက်လာပြီး အဲဒါနဲ့ ဆန့်ကျင်တိုက်ခိုက်ခဲ့တယ်”

“နောက်ပိုင်းအစစ်အမှန်နတ်နဂါးတစ်ကောင်ပေါ်ထွက်လာပြီး ခင်ဗျားတို့ ပကတိအင်မော်တယ်ပညာရှင်သုံးဦးနဲ့ ဆန့်ကျင်တိုက်ခိုက်ခဲ့တယ်”

“ဆူဇီမို အထူးလေ့ကျင့်ထားတဲ့ ကျင့်ကြံရေးနည်းစနစ်တွေထဲမှာ နဂါးဟိန်းသံနဲ့ဆင်တူတဲ့ လျှို့ဝှက်အတတ်တစ်ခုရှိတယ်... နောက်ပြီး ကျုပ်သိရသလောက်ဆိုရင် သူက ချိပ်စည်းအတွက်တိုက်ပွဲမှာ နဂါးမျိုးနွယ်က အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်တစ်ခုကိုတောင်မှ ထုတ်ဖော်ခဲ့တယ်”

“ဟမ့်”

မုန့်ယောင်၏မျက်လုံးက အတွေးနက်စွာဖြင့် အေးစက်စွာဖျတ်ခနဲလက်သွား၏။

ယေဘုယျအားဖြင့် ပြောရလျှင် နဂါးမျိုးနွယ်၏ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်များကို နဂါးမျိုးနွယ်၏ အမြုတေစိတ်ဝိညာဥ်မရှိဘဲ ထုတ်ဖော်နိုင်မည် မဟုတ်ပေ။

ကောင်းကင်အင်မော်တယ်လောယန်က ပြောလိုက်၏။

“အရင်တုန်းက နတ်နဂါးဝိညာဥ်နဲ့ နောက်ပိုင်းပေါ်ထွက်လာတဲ့ အစစ်အမှန်နတ်နဂါးက အဲဒီကောင်လေးအတွက် ရောက်လာတာဖြစ်မယ်လို့ ကျုပ်ခန့်မှန်းမိနေတယ်”

“အဲဒီကောင်လေးနဲ့ နဂါးမျိုးနွယ်ကြားမှာ ပတ်သက်ဆက်နွယ်မှုတစ်ခုရှိနေရမယ်”

မုန့်ယောင်၏ မျက်နှာပေါ်တွင် ကျီစယ်လိုသောအကြည့်တစ်ခု တဖြည်းဖြည်းပေါ်ထွက်လာ၏။

“သူက ငါတို့နဲ့မျိုးနွယ်အတူတူ မဟုတ်ဘူးပေါ့... စိတ်ဝင်စားစရာပဲ”

ခဏမျှစဥ်းစားတွေးတောပြီးနောက် သူမက သတင်းပို့အဆောင်နှစ်ခုကို ထုတ်ယူကာ သူတို့ပေါ်မှာ သူမ၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့် စာလုံးအချို့ကိုရေးပြီး သူတို့ကို အင်ပါယာလေဘုရားကျောင်းနှင့် ကောင်းကင်နှင့် မြေကြီးရှိရာသို့ ပစ်ထုတ်လိုက်၏။

“ဒီမှာစောင့်နေ”

မုန့်ယောင်က ကောင်းကင်အင်မော်တယ်လောယန်ကို ပြောလိုက်၏။

“သူတို့ရောက်လာရင် အခု.. နင်ပြောခဲ့တဲ့စကားကို ပြန်ပြောပြလိုက်”

ကောင်းကင်အင်မော်တယ်လောယန်က သဘောတူစွာဖြင့် ခေါင်းညိတ်ပြလိုက်၏။

သိပ်မကြာခင် ပုံရိပ်တစ်ခုက ဆင်းသက်ရောက်ရှိလာ၏။

ဧရာမရွှေပုရွက်ဆိတ်ကို စီးနင်းလာပြီး ထိုသူက ကြမ်းကြုတ်ခက်ထန်သော အော်ရာတစ်ခုနှင့်အတူ ပျံသန်းလာနေ၏။ သူရောက်မလာခင်မှာပင် သူက လှမ်းအော်ပြောလိုက်၏။

“ဘာဖြစ်လို့လဲ... မင်းက ငါ့ကိုတွေ့ရဖို့ ဘာလို့အဲလောက်ထိလောနေတာလဲ... နတ်မိမယ်မုန့်ယောင် မင်းငါ့ကိုအဲလောက်ထိလွမ်းနေတာလား... ဟားဟားဟားဟား”

မုန့်ယောင်က ပြန်မဖြေဘဲ သူမ၏ လက်ချောင်းများကိုလှုပ်ရှားကာ ဒုံမင်းသံကို ထွက်ပေါ်လာစေ၏။

ဒုံမင်းသံမစဲခင်မှာပင် နောက်ထပ်ဓားအလင်းတန်းတစ်ခုက အခြားတစ်ဘက်ကနေ ပျံသန်းလာ၏။

အဲဒါက ထက်ရှပြီး အလွန်တရာမြန်ဆန်ကာ တစ်ခဏချင်းမှာပင် ရှေ့ကလူကို ကျော်တက်သွား၏။

“အို”

ရွှေပုရွက်ဆိတ်ပေါ်မှ ပကတိအင်မော်တယ်က မျက်ခုံးအနည်းငယ်ပင့်ကာပြောလိုက်၏။

“တာအိုရောင်းရင်းယွဲ့ဟွားလည်း ရောက်လာတာပါလား”

“ဝူဖုန့်.. ဒီနှစ်တွေထဲ ဘယ်လိုနေလဲ”

ဓားအင်မော်တယ်ယွဲ့ဟွားက ရပ်တန့်ပြီး မလှမ်းမကမ်းမှာရှိသောလူကိုကြည့်ကာ မှင်သေသေဖြင့် နှုတ်ဆက်လိုက်၏။

ပကတိအင်မော်တယ်ဝူဖုန့်က ရွှေပုရွက်ဆိတ်ကို လက်ဖြင့်ပုတ်ပြီး ရေကန်ဘေးမှာ ရပ်တန့်ခိုင်းလိုက်၏။ ၎င်းက ရေကန်၏ အလယ်မှာရှိသော နားနေဆောင်သို့ ဓားအင်မော်တယ်ယွဲ့ဟွားနှင့်အတူ ဆင်းသက်လိုက်၏။

“ဒါက... ဘာအဓိပ္ပါယ်လဲ”

ပကတိအင်မော်တယ်ဝူဖုန့်က ပြုံး၍မေးလိုက်၏။

“အဲဒါက နှစ်ထောင်ဂဏန်းတချို့ပဲရှိသေးတယ်... ငါတို့သုံးယောက်က ပြန်ဆုံမိကြပြန်ပြီ... နတ်မိမယ်မုန့်ယောင်.. မင်းက အဲဒီတုန်းက တကယ်ပဲ ငါတို့နဲ့ မခွဲရက်နိုင်ခဲ့ဘူးလား”

“နင်တို့နှစ်ယောက်ကို ခေါ်လိုက်တာ အရေးကြီးတဲ့ကိစ္စရှိလို့ပဲ”

မုန့်ယောင်က ပကတိအင်မော်တယ်ဝူဖုန့်ကို အရေးလုပ်မနေဘဲ သူ့ဘေးမှာရှိသော ကောင်းကင်အင်မော်တယ်လောယန်ကို တစ်ချက်ကြည့်ကာ ဖြစ်ပျက်ခဲ့သည့်အရာကိုပြန်ပြောပြဖို့ အချက်ပြလိုက်၏။

ဓားအင်မော်တယ်ယွဲ့ဟွားနှင့် ပကတိအင်မော်​တယ်ဝူဖုန့်သည် ထိုအကြောင်းအရာကို ကြားရပြီးနောက် သူတို့မှာ မတူညီသောအမူအရာများရှိလာကြသည်။

ဓားအင်မော်တယ်ယွဲ့ဟွား၏ မျက်လုံးထဲတွင် နားလည်သဘောပေါက်မှုအကြည့်တစ်ခု​ ဖျတ်ခနဲပေါ်ထွက်လာ၏။

“ဒါကြောင့်ကိုး... အဲဒီကောင်လေးကိုတွေ့တိုင်း ငါကသူ့ကို တစ်နေရာရာမှာမြင်ဖူးတယ်လို့ အမြဲတမ်းခံစားရတာ... ဆိုတော့... သူက အဲဒီတုန်းက ပုရွက်ဆိတ်ပဲ”

“ငါက သူ့ကို တောင်​ခြေရင်းဆီပစ်ထုတ်ခဲ့တာတောင် သူက မသေခဲ့ဘူးလား”

သူ၏ အမြင်မှာ ထိုစဥ်တုန်းက မဟူရာအင်မော်တယ်သည် သူနင်းခြေသတ်ဖြတ်နိုင်သည့် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ဖြစ်၏။ သူက ဘယ်လိုလုပ် မှတ်မိနိုင်ပါ့မလဲ။

“နင်တို့နှစ်ယောက်ဘယ်လိုထင်လဲ”

မုန့်ယောင်က ပြောလိုက်၏။

“အဲဒီတုန်းက ငါတို့ကို ထိခိုက်ဒဏ်ရာရစေခဲ့တဲ့နဂါးက အဲဒီကောင်လေးကြောင့် တကယ်ပဲ ရောက်လာတာဆိုရင် ငါတို့တွေက ဒီကိစ္စကို လက်မလွှတ်နိုင်ဘူး... ဟုတ်တယ်မလား”

“ဒီကိစ္စမှာသက်သေအထောက်အထားမရှိဘူး”

ပကတိအင်မော်တယ်ဝူဖုန့်က မလှမ်းမကမ်းမှာရှိသော ဓားအင်မော်တယ်ယွဲ့ဟွားကို ကြည့်လိုက်၏။

“နောက်ပြီး ဆူဇီမိုက ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်က တပည့်တစ်ယောက်ပဲ... တာအိုရောင်းရင်းယွဲ့ဟွားရဲ့ ဂျူနီယာညီဆိုလည်းဟုတ်တယ်... အခုချိန်မှာ သူ့ရဲ့နာမည်ဂုဏ်သတင်းက မွန်းတည့်ချိန်မှာ ကောင်းကင်ထက်ကနေတစ်စင်းလိုပဲ... ငါတို့တွေက သူ့ကိုအနိုင်ကျင့်တိုက်ခိုက်လို့ မရနိုင်ဘူးမလား”

“ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းတို့တွေ ငါ့ကို စိုးရိမ်နေစရာမလိုဘူး”

ဓားအင်မော်တယ်ယွဲ့ဟွားက လေးနက်စွာပြောလိုက်၏။

“ဒီကောင်လေးက နဂါးမျိုးနွယ်နဲ့ တကယ်ပဲပတ်သက်နေတယ်ဆိုရင်... ဒါမှမဟုတ် သူက နဂါးမျိုးနွယ်ကတစ်ယောက်ယောက်ဆိုရင် တက္ကသိုလ်က အမွေခံတပည့်တွေရဲ့ခေါင်းဆောင်အနေနဲ့ ငါကဘက်လိုက်မှာ မဟုတ်ဘူး”

မိုချင်ကြောင့် ဓားအင်မော်တယ်ယွဲ့ဟွားသည် ဆူဇီမိုကို အရိုးထိတိုင်မုန်းတီးနေခဲ့သည်မှာ ကြာခဲ့ပြီဖြစ်ပြီး သူက တိုက်ခိုက်ဖို့အခွင့်အရေးတစ်ခုမရနိုင်မှာကို စိုးရိမ်နေခဲ့၏။

ယခု... ဤသည်က ရှားရှားပါးပါး အခွင့်အလမ်းတစ်ရပ်ဖြစ်လေသည်။

ဆူဇီမိုသည် ပကတိဧကနယ်ပယ်သို့ တက်လှမ်းပြီး ဂိုဏ်းချုပ်၏ တရားဝင်အမွေခံတပည့်ဖြစ်လာမည်ဆိုလျှင် သူ့အနေဖြင့် ဆူဇီမိုကို ထပ်မံတိုက်ခိုက်ဖို့က မဖြစ်နိုင်တော့သလောက်နီးပါးပင်။

“ငါကတော့... ဒီကိစ္စကို ဒီတိုင်းထားလိုက်ဖို့အဆင်ပြေတယ်”

ပကတိအင်မော်တယ်ဝူဖုန့်က ပခုံးတွန့်ပြီး ရုတ်တရက်ပြောလိုက်၏။

ဓားအင်မော်တယ်ယွဲ့ဟွားက ဆူဇီမိုအပေါ် သိသိသာသာရန်လိုနေသည်ကို သူပြောနိုင်လေသည်။

ဒုံမင်းအင်မော်တယ်မုန့်ယောင်နှင့် ဆူဇီမိုကြား ရန်ငြိုးရန်စကလည်း ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်နယ်မြေတစ်ခုလုံးမှာ ပျံ့နှံ့နေခဲ့ပြီးသားဖြစ်၏။

တကယ်ဆို သူနှင့်ဆူဇီမိုကြားမှာ နက်ရှိုင်းသော မည်သည့်ရန်ငြိုးရန်စမှ မရှိပေ။

ဒါ့အပြင် ဆူဇီမိုသည် ထိုအချိန်တုန်းက နဂါးအသူတရာချောက်နက်ကြယ်၏ ကိစ္စနှင့် တစ်စုံတစ်ရာပတ်သက်မှုရှိနေသလား သေချာမသိရပေ။

ထိုအခိုက်မတန့်မှာ ပကတိအင်မော်တယ်ဝူဖုန့်သည် ရုတ်တရက် သူ၏ ရပ်တည်ချက်ကို ဖော်ပြလိုက်သည်မှာ သူက ကြားဝင်စွက်ဖက်လိုခြင်းမရှိသောကြောင့် မဟုတ်ပေ။ ထိုအစားသူသည် နောက်ဆုတ်ခြင်းဖြင့် ပိုမိုကြီးမားသော အကျိုးအမြတ်ကို ရယူလိုသောကြောင့်ဖြစ်သည်။

မုန့်ယောင်နှင့်ယွဲ့ဟွား နှစ်ယောက်စလုံးသည် လိမ္မာပါးနပ်သောသူများဖြစ်ကြ၏။ ခဏမျှစဥ်းစားတွေးတောပြီးနောက် ပကတိအင်မော်တယ်ဝူဖုန့် စဥ်းစားတွေးတောနေသည့်အရာကို သူတို့က ပြောနိုင်ကြလေသည်။

မုန့်ယောင်က ပြောလိုက်၏။

“ငါသိရသလောက်ဆိုရင် ဒီကောင်လေးမှာ ရတနာတွေအများကြီးရှိတယ်”

“ငါက ရတနာသူတော်စင်ကျောက်စိမ်းကျမ်းကိုပဲ လိုချင်တယ်”

ရုတ်တရက်ပကတိအင်မော်တယ်ဝူဖုန့်က သူ၏ ကြီးမားသောတောင်းဆိုချက်ကို ထုတ်ဖော်ပြောဆိုလိုက်၏။

မုန့်ယောင်နှင့် ဓားအင်မော်တယ်ယွဲ့ဟွားက ဆစ်ချိန်တည်းမှာ မျက်မှောင်အနည်းငယ်ကြုတ်လိုက်ကြသည်။

သို့သော်လည်း သူတို့၏ ရင်ထဲမှာ ဆူဇီမိုကို ရှင်းလင်းပစ်ဖို့က ပထမဦးစားပေးဖြစ်လေသည်။

ထိုသို့အတွေးဖြင့် သူတို့နှစ်ယောက်က အကြည့်ချင်းဖလှယ်ပြီး သဘောတူစွာခေါင်းညိတ်လိုက်၏။

“ကောင်းပြီလေ”

ပကတိအင်မော်တယ်ဝူဖုန့်က ချက်ချင်းပင် သဘောတူလက်ခံလိုက်၏။

“ငါတို့က ဘယ်လိုတိုက်ခိုက်မှာလဲ... ဆူဇီမိုက အခုကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှာရှိနေတယ်... ငါတို့တွေက တက္ကသိုလ်ကိုဝင်ရောက်ပြီး သူ့ကိုသတ်ဖြတ်ဖို့တော့ မဖြစ်နိုင်ဘူးမလား”

မုန့်ယောင်ကလည်း ဓားအင်မော်တယ်ယွဲ့ဟွားကို ကြည့်လိုက်၏။

ဓားအင်မော်တယ်ယွဲ့ဟွားက သူ၏ မျက်လုံးကို အနည်းငယ်မှေးကျဥ်းလိုက်၏။

“ငါတို့တွေက အခွင့်အလမ်းတစ်ရပ်ကိုစောင့်ဆိုင်းရလိမ့်မယ်... အနည်းဆုံးတော့ သူက ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကနေ ထွက်ခွာမယ့်အချိန်ကို...”

“ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်တွေ့ဆုံပွဲ”

သူတို့သုံးယောက်သည် တစ်စုံတစ်ရာကိုတွေးမိသွားပြီး တစ်ချိန်တည်းနီးပါး လွှတ်ခနဲ ပြောလိုက်ကြ၏။

All Chapters