← Chapters

အပြောင်ရှင်းခြင်း

Vol. 169 Ch. 2528

အပြောင်ရှင်းခြင်း

Vol. 169 Ch. 2528

သိုင်းတာအိုပင်မခန္ဓာသည် လူအုပ်ကြားထဲသို့ဆုတ်ခွာသွားသော လင်းရှန်ကိုကြည့်ပြီး သူ့နောက်သို့ ဆက်လိုက်မသွားပေ။

လင်းရှန်၏ ဘေးနားမှာ စုစည်းနေသော ကျင့်ကြံသူများစွာရှိပြီး သူ့ကိုသတ်ဖြတ်ဖို့အတွက် အားထုတ်မှုတချို့ ယူရပေလိမ့်မည်။

ဒါ့အပြင် သူက လင်းရှန်ကို ထိခိုက်ဒဏ်ရာရရှိစေသည့်ခဏမှာပင် ကြောက်စရာကောင်းသောအော်ရာတချို့က သူ့အပေါ်ကို သက်ရောက်လာခဲ့၏။

သူထင်တာမမှားဘူးဆိုလျှင် ထိုကြောက်စရာကောင်းသော အော်ရာများသည် ကောင်းကင်လိုဏ်ဂူနယ်ပယ်ပညာရှင်များဖြစ်ပေမည်။

မည်သို့ပင်ဆိုစေ... ဤလူသည် မိုးကောင်းကင်တက်လှမ်းခြင်းနန်းတော်၏ မင်းသားတစ်ပါးဖြစ်၏။ ဤကဲ့သို့ကြီးမားသော အပြောင်းအလဲတစ်ရပ်ဖြစ်ပွားလာပြီးနောက် သူ့ကိုကာကွယ်ဖို့အတွက် မိစ္ဆာဘုရင်တချို့ပေါ်ထွက်လာမည်ဆိုလျှင် အဲဒါက အံ့အားသင့်စရာကောင်းလိမ့်မည် မဟုတ်ပေ။

သိုင်းတာအိုပင်မခန္ဓာက ဤလူ့ကို အရေးလုပ်မနေပေ။ သူ၏ သွေးချီက တလိပ်လိပ်ထိုးတက်လာပြီး သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အော်ရာတချို့ကို လွင့်ပျယ်စေကာ သူက မိစ္ဆာလိုဏ်ဂူထဲသို့ လှည့်ဝင်သွား၏။

လင်းရှန်က ဆေးလုံးများစွာကို စားသုံးလိုက်၏။ သူ၏ သန်မာသော သွေးချီနှင့် ပြန်လည်ကုသနိုင်စွမ်းနှင့်အတူ သူ၏ မျက်နှာက ယခုအခါ အသားရောင်သန်းလာပြီး သူ၏ ထိခိုက်ဒဏ်ရာများက လျင်မြန်စွာသက်သာပျောက်ကင်းလာနေ၏။

“အထီးကျန်သိုင်းသခင်...”

လင်းရှန်က သိုင်းတာအိုပင်မခန္ဓာ၏ နောက်ကျောကို ပို၍ပင်ပြင်းထန်သော သတ်ဖြတ်လိုစိတ်ဖြင့် ကြည့်လိုက်၏။

သူသည် အထီးကျန်သိုင်းသခင်ကို အနိုင်မယူနိုင်ဘူးဆိုလျှင်တောင် ကိစ္စမရှိပေ။

မိုးကောင်းကင်တက်လှမ်းခြင်းနန်းတော်၏ မိစ္ဆာဘုရင်များက အထီးကျန်သိုင်းသခင်ကို သတ်ဖြတ်လိုက်သည်နှင့်အမျှ သူက အန္တိမပကတိမိစ္ဆာဖြစ်လာပေဦးမည်။

“အရှင်မင်းသား... ကျုပ်တို့ အခုဘာလုပ်ရမှာလဲ”

ဘေးမှာရှိသော ပကတိမိစ္ဆာတစ်ဦးက မေးလိုက်၏။ လင်းရှန်က လက်ကာပြပြီး သူ၏ နောက်ဘက်မှာရှိသော ပကတိမိစ္ဆာများကို အချက်ပြလိုက်၏။

“မင်းတို့တွေ... အထဲကိုလိုက်ဝင်ပြီး တစ်ချက်ကြည့်လိုက်... မှတ်ထားနော် မင်းတို့တွေက အထီးကျန်သိုင်းသခင်ကို မျက်ခြည်မပြတ်စေနဲ့ သူ့ကို မျက်စိဒေါက်ထောက်ကြည့်ထား”

လင်းရှန်က သူ၏ နောက်ဘက်ရှိ ပကတိမိစ္ဆာ အယောက်နှစ်ဆယ်ကို ရွေးချယ်လိုက်၏။

ပကတိမိစ္ဆာအယောက်နှစ်ဆယ်က ဖြစ်ပျက်နေသည့်အရာကို သိရှိလေသည်။ သူတို့ရှေ့မှမင်းသားသည် မိစ္ဆာလိုဏ်ဂူ၏ အနက်ပိုင်းထဲသို့ မဝင်ရောက်ရဲသည်မှာ သိသာလေသည်။ ထို့ကြောင့်ပင် သူက အခြေအနေကို အရင်ဆုံးစစ်ဆေးဖော်ထုတ်​ဖို့အတွက် သူတို့ကို စေလွှတ်လိုခြင်းဖြစ်၏။

သို့သော်လည်း မိုးကောင်းကင်တက်လှမ်းခြင်းနန်းတော်မှ ရာထူးဂိုဏ်သိမ်အနိမ့်အမြင့်ကို တင်းကျပ်စွာခွဲခြားထားပြီး သူတို့က မနာခံဘဲ မနေရဲပေ။

“နေကြဦး”

ခဏမျှရပ်တန့်ပြီးနောက် လင်းရှန်က သူ့ဘေးမှာရှိသောလူနှစ်ယောက်ကို ကြည့်လိုက်၏။

“သွမ့်မင်... စုန့်ရှစ် မင်းတို့နှစ်ယောက်ကလည်း လိုရမည်ရလိုက်သွားလိုက်”

“ကောင်းပါပြီ”

သွမ့်မင်နှင့်စုန့်ရှစ်က လေးနက်သောအသံများဖြင့် ပြန်ဖြေလိုက်ကြ၏။

သူတို့နှစ်ယောက်သည် ကောင်းကင်လိုဏ်ဂူတစ်ပိုင်းအဆင့် ပညာရှင်များဖြစ်ကြသည်။

​လင်းရှန်သည် ပကတိမိစ္ဆာပညာရှင်အများကြီးစေလွှတ်ရမည်ကို စိတ်မချဖြစ်နေ၏။ ကောင်းကင်လိုဏ်ဂူတစ်ပိုင်းအဆင့် ပညာရှင်နှစ်ဦးနှင့်ဆိုလျှင် ပို၍စိတ်ချသွားရပေမည်။

ဒါ့အပြင် သူတို့က ရှေ့ပြေးတပ်များသာဖြစ်သည်။

ကောင်းကင်တက်လှမ်းခြင်းနန်းတော်၏ မိစ္ဆာဘုရင်များသည် မိစ္ဆာလိုဏ်ဂူ၏ အနီးနားမှ ပြုမူလုပ်ရှားမှုများကို အကဲခတ်နေ၏။

တစ်ခုခုဖြစ်လာမည်ဆိုလျှင် ထိုမိစ္ဆာဘုရင်များ​က ချက်ချင်းပေါ်ထွက်လာပေလိမ့်မည်။

ဒါ့အပြင် ​ဤနေရာသို့ ရောက်ရှိနေသည်မှာ ကောင်းကင်တက်လှမ်းခြင်းနန်းတော်သာလျှင် မဟုတ်ပေ။ အခြားသော အဖွဲ့အစည်းကြီးခုနှစ်မှ မိစ္ဆာဘုရင်များကလည်း အနီးနားမှာ ပုန်းလျှိုးနေကြပြီး တိုက်ခိုက်မည့်အခွင့်အလမ်းတစ်ရပ်ကို စောင့်ဆိုင်းနေကြ၏။

မဟူရာမိစ္ဆာဂိုဏ်းမှသခင်လေးက သေသေချာချာနားစွင့်နေပုံရ၏။ ခဏနေပြီးနောက် သူက ပကတိမိစ္ဆာဆယ်ယောက်ကျော်ကို ရွေးချယ်ကာ မိစ္ဆာလိုဏ်ဂူထံသို့ ဦးတည်လိုက်လေသည်။

ငရဲမြစ်စံအိမ်၊ နတ်ဘုရားမိစ္ဆာတောင်ကြောရိုး၊ လေမိစ္ဆာဂိုဏ်း၊ တစ္ဆေဘုရင်နန်းတော်နှင့် ဝိညာဥ်ဝါးမျိုနန်းတော်တို့ကလည်း နောက်ကောက်မကျလိုဘဲ သူတို့၏ သခင်လေးများက ဦးဆောင်ကာ မိစ္ဆာလိုဏ်သူထဲသို့ ဝင်ရောက်လိုက်ကြ၏။

“စိတ်ဝင်စားစရာပဲ”

ကောင်းကင်ဆိုးယုတ်ဂိုဏ်း၏ သခင်လေးက ရယ်မောလိုက်၏။

“ကောင်းကင်ဆိုးယုတ်ဂိုဏ်းကလည်း နောက်ကျကျန်ရစ်ခဲ့လို မရတော့ဘူး... သွားကြရအောင်”

မိစ္ဆာလိုဏ်ဂူဆီသို့ သိုင်းတာအိုပင်မခန္ဓာ၏ ချင်းနင်းဝင်ရောက်မှုကြောင့် တည်ငြိမ်မှုက ချက်ချင်းပင်ပြိုကွဲသွား၏။

ကောင်းကင်တက်လှမ်းခြင်းနန်းတော်က ဦးဆောင်၍ တခြားသောကောင်းကင်အဆင့် မိစ္ဆာဂိုဏ်းနှင့် အဖွဲ့အစည်းခုနှစ်ခုက ဆက်လက်၍ မချုပ်တည်းနိုင်တော့ဘဲ မိစ္ဆာလိုဏ်ဂူထဲသို့ သူတို့၏ လူများကို စေလွှတ်လိုက်ကြ၏။

မိစ္ဆာလိုဏ်ဂူက ပေါ်ထွက်လာသည်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး အထဲမှာရှိသောရတနာများက နေ့အလင်းရောင်နှင့် ဘယ်တုန်းကမှ မထိတွေ့ခဲ့ပေ။ သူတို့သည် နှစ်ပေါင်းများစွာ ချိပ်ပိတ်ခံထားရပြီး သေချာပေါက် အတော်အတန်အကောင်းတိုင်းကျန်ရှိနေပေလိမ့်မည်။

ထိုရတနာများကို အရင်ဆုံးရရှိသောမည်သူမဆို ပို၍ပင်ကြီးမားသောအကျိုးအမြတ်များကို ရရှိနိုင်မည်ဟုလည်း အဓိပ္ပါယ်ရ၏။

တကယ်တော့... မိစ္ဆာလိုဏ်ဂူထဲသို့ အရင်ဆုံးဝင်ရောက်သွားသည့်အသုတ်သည် ကြိုတင်ခန့်မှန်း၍မရသော အန္တရာယ်များနှင့်လည်း ရင်ဆိုင်ရပေလိမ့်မည်။

အခြားသောကျင့်ကြံသူများနှင့်မတူဘဲ ကောင်းကင်အဆင့် မိစ္ဆာဂိုဏ်းခုနှစ်ဂိုဏ်းမှ သခင်လေးများက တစ်စုံတစ်ရာအပေါ် မှီခိုထားပုံရပြီး သူတို့သည် မိစ္ဆာလိုဏ်ဂူ၏ ဝင်ပေါက်ဝရှိ မကောင်းဆိုးဝါးလေပြင်းများကို အရေးလုပ်မနေပေ။

သခင်လေးခုနှစ်ဦးသည် မိစ္ဆာလိုဏ်ဂူထဲသို့ ဝင်ရောက်လာပြီးနောက် သူတို့သည် သူတို့၏ သိုလှောင်အိတ်များထဲကနေ တစ်ဝက်တစ်ပျက်အနက်ရောင်ကားချပ်တစ်ခုစီကို အသီးသီးထုတ်ယူကာ သူတို့၏ လက်ဖဝါးများထဲမှာ ဆုပ်ကိုင်ထားကြ၏။

အခြားသူများသည် ဤမိစ္ဆာလိုဏ်ဂူ၏ မူလဇာစ်မြစ်ကို သိရှိချင်မှသိရှိကြပေလိမ့်မည်။ သို့သော်လည်း သူတို့ခုနှစ်ယောက်မှာ တစ်ပိုင်းတစ်ပျက် အနက်ရောင်ကားချပ်တစ်ခုစီရှိနေကြ၏။ ထို့ကြောင့် သူတို့သည် ဤမိစ္ဆာလိုဏ်ဂူ၏ အောက်ဘက်မှာ ဧကရာဇ်တစ်ပါး၏ ဂူသင်္ချိုင်းတစ်ခု သေချာပေါက်ရှိနေသည်ကို သိထားကြ၏။

ဤတစ်ခေါက် သူတို့ရောက်ရှိလာသည်မှာ သူတို့သည် တစ်ပိုင်းတစ်ပျက် အနက်ရောင်ကားချပ်၏ လမ်းညွှန်မှုကို အာရုံခံမိနိုင်သောကြောင့်လည်းဖြစ်၏။

အစကတော့ ဤကိစ္စနှင့်ပတ်သက်၍ လူများစွာက သိရှိမထားပေ။

သို့သော်လည်း ကောင်းကင်ဘုံတက်လှမ်းခြင်းနန်းတော်မှာ သစ္စာဖောက်တစ်ယောက်ပေါ်ထွက်လာပြီး ထိုသူက မင်းသားလင်းရှန်၏ လက်ထဲကနေ တစ်ပိုင်းတစ်ပျက် အနက်ရောက်ကားချပ်ကို ခိုးယူကာ မိစ္ဆာလိုဏ်ဂူထဲသို့ ဝင်ရောက်ထွက်ပြေးသွားခဲ့သည်ဟုဆိုလေသည်။ ထို့ကြောင့်ပင် ဤကိစ္စက ပေါက်ကြားသွားခဲ့ခြင်းဖြစ်သည်။

မိစ္ဆာလိုဏ်ဂူ၏ ဝင်ပေါက်ဝရှိ မကောင်းဆိုးဝါးဆန်သောလေပြင်းများက ကြမ်းကြုတ်ခက်ထန်မှုအရှိဆုံးဖြစ်၏။

သိုင်းတာအိုပင်မခန္ဓာသည် အနက်ပိုင်းထဲသို့ ဝင်ရောက်လာသည်နှင့် မကောင်းဆိုးဝါးဆန်သောလေပြင်းများက တဖြည်းဖြည်းအားပျော့သွားပြီး နောက်ပိုင်းမှာ လုံးလုံးလျားလျားပျောက်ကွယ်သွား၏။

မိစ္ဆာလိုဏ်ဂူသည် မှောက်ချထားသော ဧရာမဂူသင်္ချိုင်းတစ်ခုနှင့် ဆင်တူလေသည်။ သိုင်းတာအိုပင်မခန္ဓာသည် တစ်ပိုင်းတစ်ပျက်အနက်ရောင်ကားချပ်၏ ချိတ်ဆက်မှုနောက်သို့လိုက်ပါပြီး အောက်သို့ ထောင့်ဖြတ်ဆင်းလာခဲ့၏။

သူ့အမြင်အာရုံနှင့် စိတ်ဝိညာဥ်အသိစိတ်ထောက်လှမ်းမှုအတိုင်းအတာက အကန့်အသတ်ရှိသော်လည်း သူက အာရုံခံသတိစိတ်၏ အကူအညီနှင့်အတူ သူက စိုးရိမ်ပူပန်နေခြင်းမရှိပေ။

အတန်ကြာလျှောက်လှမ်းလာပြီးနောက် အောက်ဘက်မှာ ခပ်​ဖျော့ဖျော့အလင်းတစ်ခုပေါ်ထွက်လာ၏။

သူသည် မိစ္ဆာလိုဏ်ဂူ၏ အောက်ခြေသို့ ရောက်ရှိလာပြီဖြစ်သည့်အလားပင်။ ခရီးစဥ်တစ်ခုလုံးက အလွန်တရာတိတ်ဆိတ်ငြိမ်သက်နေပြီး သူသည် အန္တရာယ်တစ်ခုခု သို့မဟုတ် ထောင်ချောက်တစ်ခုခုနှင့် ကြုံတွေ့ခဲ့ရခြင်းမရှိပေ။

သိုင်းတာအိုပင်မခန္ဓာက စဥ်းစားရခက်နေလေသည်။

ယေဘုယျအားဖြင့်ပြောရလျှင် ဤနေရာသည် အမှန်တကယ် ဧကရာဇ်ဂူသင်္ချိုင်းတစ်ခုဖြစ်လာကာ တစ်ဘက်လူ၏ အဆင့်အတန်းအရ သူတို့သည် အနာဂတ်မှာ သူတို့၏ ဂူသင်္ချိုင်းကို တခြားသူများ နင်ချေဖျက်ဆီးမည်ကို သေချာပေါက် လိုလားကြမည် မဟုတ်ပေ။

ထို့ကြောင့် ပညာရှင်များစွာ၏ ဂူသင်္ချိုင်းများနှင့် လိုဏ်ဂူခန်းဝါများထဲမှာ အန္တရာယ်ပေါင်းစုံနှင့် ထောင်ချောက်များရှိနေတတ်သည်။

သမိုင်းတစ်လျှောက်မှာ ဧကရာဇ်ဂူသင်္ချိုင်းအများစုက အန္တရာယ်အများဆုံးနေရာများဖြစ်ခဲ့လေသည်။

မိစ္ဆာလိုဏ်ဂူ၏ ဝင်ပေါက်ဝမှ အနည်းငယ်အန္တရာယ်များသော မကောင်းဆိုးဝါးဆန်ဆန်လေပြင်းများမှလွဲလျှင် ဤမိစ္ဆာလိုဏ်ဂူနှင့်ပတ်သက်၍ ထူးခြားမှုတစ်စုံတစ်ရာ ဘာမှရှိမနေပေ။

သူ၏ နောက်ဘက်မှာ ခပ်ဖျော့ဖျော့ခြေသံများက ထွက်ပေါ်လာပြီး ကျင့်ကြံသူမြောက်မြားစွာ၏ စကားပြောဆိုသံများနှင့် ရောထွေးနေ၏။

သူထင်တာမမှားဘူးဆိုလျှင် အပြင်ဘက်မှာရှိသော မိစ္ဆာကျင့်ကြံသူများက သူ့နောက်သို့ လိုက်လာခဲ့လေပြီ။

သိုင်းတာအိုပင်မခန္ဓာသည် ဆင်းသက်လာစဥ် သူ၏ မြင်ကွင်းက ရှင်းလင်းသွားပြီး အလင်းရောင်ကို ပြန်လည်ရရှိလာ၏။

သူ့ရှေ့မှာ ခမ်းနားထည်ဝါသော အဆင်တန်ဆာအမျိုးမျိုးဖြင့် ပြည့်နှက်နေသည့် ဧရာမနန်းတော်တစ်ခုရှိနေ၏။ နံရံလေးဖက်ထဲမှာ ညလင်းပုလဲများကို မြုပ်ထားလေသည်။

နန်းတော်ထဲရှိ နံရံလေးဖက်ပေါ်မှာ ရတနာများစွာ ပါဝင်ခဲ့ပုံရသော စင်များ အတန်းလိုက်ရှိနေ၏။

စင်တချို့သည် နတ်ဘုရားလက်နက်များကို ခင်းကျင်းပြသဖို့အတွက် ရည်ရွယ်ပြုလုပ်ထားသည်မှာ သိသာလေသည်။

စင်တချို့သည် ကျင့်ကြံရေးနည်းစန်များနှင့် လျှို့ဝှက်အတတ်များကို ထည့်သွင်းသိမ်းဆည်းဖို့အတွက် ဖြစ်ပုံရလေသည်။

သို့သော်လည်း ထိုစင်များသည် ယခုအခါ ဗလာကျင်းနေပြီဖြစ်သည်။

အခြားသူများက လုံးဝအပြောင်ရှင်းသွားသည့်အလားပင်။

“ငါထင်တာမမှားဘူးဆိုရင် ဒီနန်းတော်မှာရှိတဲ့ ရတနာတွေအကုန်လုံးကို မိုးကောင်းကင်တက်လှမ်းခြင်းနန်းတော်က သစ္စာဖောက်ဆိုတဲ့လူက အပြောင်ရှင်းသွားတာဖြစ်ရမယ်”

သိုင်းတာအိုပင်မခန္ဓာသည် မိုးကောင်းကင်တက်လှမ်းခြင်းနန်းတော်မှ ကျင့်ကြံသူတချို့၏ အပြန်အလှန်စကားပြောဆိုသံကို အမှတ်ရကာ ခန့်မှန်းချက်တစ်ခုထုတ်လိုက်၏။

နန်းတော်က အလွန်တရာကြီးမားလေသည်။ သူရောက်ရှိလာသော ဝင်ပေါက်အပြင် နန်းတော်၏ အပြင်ဘက်မှာ ဘယ်ဆီဘယ်ဝယ်မသိရသောနေရာတစ်ခုကို ​ဦးတည်နေသည့် နောက်ထပ်ထွက်ပေါက်တစ်ခုရှိနေ၏။

ထိုစဥ်မှာပင် မိုးကောင်းကင်တက်လှမ်းခြင်းနန်းတော်နှင့် အခြားသောအဖွဲ့အစည်းများမှ ကျင့်ကြံသူများက ဝင်ရောက်လာကြပြီဖြစ်၏။

သိုင်းတာအိုပင်မခန္ဓာက ဆက်လက်ကြန့်ကြာမနေဘဲ တစ်ပိုင်းတစ်ပျက် အနက်ရောင်ကားချပ်၏ လမ်းညွှန်မှုအတိုင်း နန်းတော်၏ ဘယ်ဘက်ရှိ ထွက်ပေါက်ရှိရာသို့ ဦးတည်လိုက်လေသည်။

“အစက ဒီနေရာမှာ အင်မော်တယ်ဆေးလုံးတွေရှိနေခဲ့တာပဲ”

သွမ့်မင်က စင်တန်းတစ်ခု၏ ရှေ့မှာ အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။

“အင်မော်တယ်ဆေးလုံးတွေရဲ့ ဆေးရနံ့က အခုချိန်ထိမပျက်ပြယ်သေးဘူး... တစ်ယောက်ယောက်က မကြာသေးခင်ကမှ အင်မော်တယ်ဆေးလုံးတွေအားလုံးကို သိမ်းယူသွားတာသိသာတယ်”

“အဲဒါပြောနေစရာ လိုသေးလို့လား”

“အထီးကျန်သိုင်းသခင်ပဲနေမှာပေါ့”

စုန့်ရှစ်က အေးစက်စွာပြောလိုက်၏။

ကောင်းကင်ဘုံဆိုးယုတ်ဂိုဏ်း၏ သခင်လေးက အေးစက်စွာ နှာတစ်ချက်မှုတ်လိုက်၏။

“အထီးကျန်သိုင်းသခင်က အရမ်းကို တရားမလွန်လွန်းဘူးလား... သူက ငါတို့အတွက် တစ်စွန်းတစ်စတောင်မချန်ဘဲ အကုန်လုံးကို တစ်ခါတည်း သိမ်းယူသွားတယ်”

“ဒါက မိစ္ဆာဧကရာဇ်တစ်ပါးရဲ့ ဂူသင်္ချိုင်းဆိုရင် ဒီနေရာမှာရှိတာက သေချာပေါက် ရတနာတွေချည်းပဲကမှာ မဟုတ်ဘူး”

သွမ့်မင်က လေးနက်သောအသံဖြင့် ပြောလိုက်၏။

“ဒီနေရာကို ဂူသင်္ချိုင်းရဲ့ ဝင်ပေါက်ဝလို့ပဲဆိုနိုင်မယ်... အစစ်အမှန်ရတနာတွေက နောက်မှာ သေချာပေါက်ရှိနေဦးမယ်”

“ဒီမိစ္ဆာဧကရာဇ်ရဲ့ ဂူသင်္ချိုင်းထဲမှာ ဘာအန္တရာယ်မှမရှိတဲ့ပုံပဲ...ငါတို့တွေက သတိထားလွန်းရာကျနေတယ်”

“သူ့နောက်ကို မြန်မြန်လိုက်ရအောင် သူ့ကို ရတနာတွေအားလုံးထပ်ပြီးယူခွင့်မပေးနဲ့တော့”

လူတစ်ယောက်ကအော်ပြောလိုက်ပြီးနောက် လူတိုင်းက သူ့နောက်သို့ အလောတကြီးပြေးလိုက်သွားကြလေသည်။

All Chapters