← Chapters

ကောင်းကင်လိုဏ်ဂူအောက်မှာနံပါတ်တစ်

Vol. 169 Ch. 2529

ကောင်းကင်လိုဏ်ဂူအောက်မှာနံပါတ်တစ်

Vol. 169 Ch. 2529

လူတိုင်းသည် ခပ်မြန်မြန်သုတ်ခြေတင်ပြီး သူတို့၏ လှုပ်ရှားမှုနည်းစနစ်များကိုပင် ထုတ်ဖော်လိုက်ကြ၏။ သိုင်းတာအိုပင်မခန္ဓာက ရတနာများကို ထပ်မံ၍ အပြောင်သိမ်းသွားမည်ကို သူတို့က စိုးရိမ်နေကြ၏။

သိပ်အကြာခင် လူတိုင်းသည် ဒုတိယမြောက်နန်းတော်ကို တွေ့မြင်လိုက်ရ၏။

ထိုနန်းတော်သည် ယခင်နန်းတော်ထက် ပို၍ပင်ကျယ်ပြန့်ပြီး ပို၍ပင် ခမ်းနားလေသည်။ ပစ္စည်းထည့်ထားရာစင်များက ဗလာကျင်းနေဆဲဖြစ်ပြီး ငွေရောင်မျက်နှာဖုံးနှင့် ခရမ်းရောင်ဝတ်ကျင့်ကြံသူတစ်ယောက်သာ ခန်းမ၏ အလယ်မှာ မတ်တတ်ရပ်နေ၏။

ကျင့်ကြံသူများစွား၏ အမူအရာများက လုံးဝသုန်မှုန်သွားပြီး သူတို့ထဲမှများစွာက သိုင်းတာအိုပင်မခန္ဓာကို သန်မာအားကောင်းသောရန်လိုစိတ်ဖြင့် ကြည့်နေကြ၏။

ဂူသင်္ချိုင်းထဲမှာ ရတနာများစွာရှိနေပြီး သူတို့က အတူတကွခွဲဝေယူမည်ဆိုလျှင်တောင် လူတိုင်းက ဝေစုတစ်ခုစီရရှိနိုင်လောက်၏။

သို့သော်ယခု ဤမျှများပြားသောရတနာများကို လူတစ်ယောက်တည်းက ယူဆောင်သွား၏။ လက်ရှိကျင့်ကြံသူများအားလုံးက အဲဒါကို ဘယ်လိုလုပ် လက်ခံနိုင်ပါ့မလဲ။

လူတိုင်းသည် ဆူဇီမို၏ ကျော်ကြားလှသောနာမည်ဂုဏ်သတင်းကို စိုးရိမ်ပူပန်နေသော်လည်း လက်ရှိပကတိမိစ္ဆာများကလည်း အားမနည်းကြပေ။

ဒါ့အပြင် သူတို့ထဲမှာ ကောင်းကင်လိုဏ်ဂူတစ်ပိုင်းအဆင့် ပညာရှင်များတချို့ပင်ရှိနေ၏။

အထီးကျန်သိုင်းသခင်သည် အန္တိမပကတိမိစ္ဆာဖြစ်မည်ဆိုလျှင်တောင် သူသည် ကောင်းကင်လိုဏ်ဂူတစ်ပိုင်းအဆင့် ပညာရှင်များကို အနိုင်ရဖို့အခွင့်အရေးရှိမည် မဟုတ်ပေ။

သိုင်းတာအိုပင်မခန္ဓာက ထွက်ခွာသွားတော့မည်ကို တွေ့မြင်သောအခါ ​ကျင့်ကြံသူများစွာက ရှေ့သို့ပြေးတက်ပြီး တစ်ခဏချင်းမှာပင် သူ့ကိုဝိုင်းပတ်လိုက်ကြ၏။

မိုးကောင်းကင်တက်လှမ်းခြင်းနန်းတော်မှ သွမ့်မင်နှင့် စုန့်ရှစ်ဦးဆောင်လာသော ပကတိမိစ္ဆာအုပ်စုနှင့် ကောင်းကင်အဆင့် မိစ္ဆာဂိုဏ်းခုနှစ်ဂိုဏ်းမှ သခင်လေးများသည် စိမ်းသက်သောအမူအရာများနှင့်အတူ သိုင်းတာအိုပင်မခန္ဓာကို ခပ်စိမ်းစိမ်းစိုက်ကြည့်လိုက်ကြ၏။

သိုင်းတာအိုပင်မခန္ဓာက ထိုလူအုပ်စုကို အမူအရာကင်းမဲ့စွာဖြင့်ကြည့်နေပြီး မည်သည့်စကားမှမဆိုပေ။ သူ၏ အကြည့်က ပုရွက်ဆိတ်တစ်အုပ်စုကို ကြည့်နေရသည့်အလားပင်။

“အထီးကျန်သိုင်းသခင်... သိပ်ပြီးတော့ လွန်ကျူးမလာနဲ့”

သွမ့်မင်က လေးနက်သောအသံဖြင့် ပြောလိုက်၏။

“ဒီဂူသင်္ချိုင်းထဲမှာ ရတနာတွေအများကြီးရှိနေခဲ့တာကို လူတိုင်းတွေ့ခဲ့တယ် အဲဒါတွေအကုန်လုံးကို မင်းတစ်ယောက်တည်းအပိုင်သိမ်းဖို့ မစဥ်းလိုက်နဲ့”

“အထီးကျန်သိုင်းသခင်... ကျုပ်တို့တွေက ခင်ဗျားနဲ့ ရန်သူတွေမဖြစ်ချင်ဘူး”

ခဏမျှရပ်တန့်ပြီးနောက် မဟူရာမိစ္ဆာဂိုဏ်း၏ သခင်လေးက စကားလမ်းကြောင်းပြောင်းကာ အေးစက်စွာ ပြောလိုက်၏။

“ဒါပေမဲ့ ခင်ဗျားက ဒီနေရာမှာရှိတဲ့ရတနာတွေအားလုံးကို အပိုင်သိမ်းယူချင်တယ်ဆိုရင် ခင်ဗျားက ကျုပ်တို့ကို အရင်ဆုံးမေးမြန်းရလိမ့်မယ်”

“အဲဒါဟုတ်တယ်”

ကောင်းကင်ဆိုးယုတ်ဂိုဏ်း၏ သခင်လေးက လှောင်ရယ်လိုက်၏။

“အထီးကျန်သိုင်းသခင်... စောစောက ခင်ဗျားသိမ်းယူသွားတဲ့ ရတနာတွေအားလုံးကို ထုတ်ပြီး သူတို့ကို ခွဲဝေပေးလိုက်”

ကောင်းကင်အဆင့်မိစ္ဆာဂိုဏ်းများ၏ သခင်လေးများက သူတို့၏ ရပ်တည်ချက်များကို ဖော်ပြလိုက်၏။

သူတို့၏ ထင်မြင်ချက်အရ အထီးကျန်သိုင်းသခင်က သန်မာသည်ဆိုလျှင်တောင် သူသည် ဤမျှများပြားသောပကတိဧကနယ်ပယ်နှင့် ကောင်းကင်လိုဏ်ဂူတစ်ပိုင်းအဆင့် ပညာရှင်များကို ခုခံနိုင်မည်မဟုတ်ပေ။

ဒါ့အပြင် သူတို့အားလုံးကို ကောင်းကင်အဆင့် မိစ္ဆာဂိုဏ်းများ၏ ဂိုဏ်းချုပ်များက နောက်ခံပေးထားလေသည်။

မိစ္ဆာလိုဏ်ဂူ၏ အပြင်ဘက်မှာ နေရာယူထားကြသော ထိပ်သီးမိစ္ဆာဘုရင်ပညာရှင်များလည်းရှိနေပြီး သူတို့က အချိန်မရွေးတိုက်ခိုက်ဖို့အဆင်သင့်ဖြစ်နေ၏။

သိုင်းတာအိုပင်မခန္ဓာက နားလည်သဘောပေါက်သွားသည်။

ဤကျင့်ကြံသူတစ်အုပ်စုသည် နန်းတော်နှစ်ခုထဲမှ ရတနာများအားလုံးကို သူသိမ်းယူထားသည်ဟု တွေးထင်နေကြခြင်းဖြစ်သည်။

သိုင်းတာအိုပင်မခန္ဓာက ရှင်းပြခြင်း သို့မဟုတ် အရေးလုပ်လိုခြင်း မရှိပေ။

သူက ဘေးပတ်လည်ကိုသာအကဲခတ်ကြည့်ပြီး အေးစက်၍ခြိမ်းခြောက်လိုသောအကြည့်ဖြင့် ဖြည်းဖြည်းချင်းမေးလိုက်၏။

“ငါ့ကိုရန်စဖို့သတ္တိ မင်းတို့တွေကို ဘယ်သူပေးထားတာလဲ.. ဟမ့်”

သူ့စကားမဆုံးသေးခင်မှာပင် သိုင်းတာအိုပင်မခန္ဓာက ရုတ်တရက်တိုက်ခိုက်လိုက်ပြီ​ဖြစ်ပြီး သူ၏ ရှေ့မှာရှိသော မဟူရာမိစ္ဆာဂိုဏ်းမှ သခင်လေးကို လျှပ်စီးလိုအမြန်နှုန်ဖြင့် ဖမ်းဆွဲလိုက်၏။

သိုင်းတာအိုပင်မခန္ဓာသည် သူ၏ ကောင်းကင်လွှမ်းခြုံလက်ဝါးကိုဖြန့်ကာ သူ၏ လက်ချောင်းများက ကောင်းကင်ထိုးဖောက်ကျောက်တိုင်ငါးတိုင်ကဲ့သို့ ဖြစ်လာပြီး မဟူရာမိစ္ဆာဂိုဏ်း၏ သခင်လေးကို ချုပ်နှောင်လိုက်လေသည်။

ကောင်းကင်ထိုးဖောက်ကျောက်တိုင်ငါးတိုင်က မဟူရာမိစ္ဆာဂိုဏ်း၏ သခင်လေးကိုဖျစ်ညှစ်လိုက်ပြီး သွေးမြူတစ်ခုက ပန်းထွက်လာ၏။

“အား..”

စူးစူးဝါးဝါးအော်သံနှင့်အတူ မဟူရာမိစ္ဆာဂိုဏ်း၏ သခင်လေးက သိုင်းတာအိုပင်မခန္ဓာထံမှ လက်ဝါးရိုက်ချက်တစ်ချက်ဖြင့် ကြေမွပျက်စီးသွားပြီး သူ၏ အမြုတေစိတ်ဝိညာဥ်ကပါ နေရာမှာပင် သေဆုံးသွား၏။

တစ်ချိန်တည်းမှာပင် တစ်ပိုင်းတစ်ပျက်အနက်ရောင်ကားချပ်တစ်ခုက လွင့်မျောကျဆင်းလာ၏။

သိုင်းတာအိုပင်မခန္ဓာက တစ်ပိုင်းတစ်ပျက်အနက်ရောင်ကားချပ်ကို အခန့်သင့်သိမ်းဆည်းလိုက်လေသည်။

မဟူရာမိစ္ဆာဂိုဏ်းသခင်လေး၏ လက်ထဲရှိ တစ်ပိုင်းတစ်ပျက်အနက်ရောင်ကားချပ်ကို သူ၏ သိုလှောင်အိတ်ထဲရှိအရာလိုပင် တူညီသောပစ္စည်းဖြင့်ပြုလုပ်ထားပြီး သူတို့မှာ ချိတ်ဆက်မှုတချို့ရှိနေ၏။

ဒါ့အပြင် တစ်ပိုင်းတစ်ပျက် အနက်ရောင်ကားချပ်ကို ပိုင်ဆိုင်ထားသည်မှာ မဟူရာမိစ္ဆာဂိုဏ်းမှ သခင်လေးတစ်ယောက်တည်းသာ မဟုတ်သည်ကို သူက သတိထားမိလိုက်၏။ မိစ္ဆာဂိုဏ်းများမှ အခြားသောသခင်လေးခြောက်ယောက်မှာလည်း အသီးသီး ရှိနေကြလေသည်။

“ငါက ရတနာတွေအားလုံးကို သိမ်းယူထားတယ်လို့ မင်းတို့တွေကပြောမှတော့... အဲဒီစကားရဲ့အစစ်အမှန်အဓိပ္ပါယ်က ဘာလဲဆိုတာ ငါအခုမင်းတို့ကိုပြပေးမယ်”

သိုင်းတာအိုပင်မခန္ဓာက ကြမ်းကြုတ်ခက်ထန်စွာတိုက်ခိုက်လိုက်ပြီး လက်ဝါးရိုက်ချက်တစ်ချက်နှင့်အတူ မဟူရာမိစ္ဆာဂိုဏ်းသခင်လေးကို ခြေမွှဖျက်ဆီးပစ်လိုက်၏။

တစ်ပိုင်းတစ်ပျက်အနက်ရောင်ကားချပ်ကို လုယူပြီးနောက် သူက ဘေးတစ်ဘက်မှာရှိသော ငရဲမြစ်စံအိမ်မှသခင်လေးကို ဖမ်းဆွဲလိုက်၏။

သွမ့်မင်က ဒေါသူပုန်ထသွားပြီး ဟိန်းဟောက်လိုက်၏။

“အထီးကျန်သိုင်းသခင်.. မင်းဘယ်လိုတောင် လုပ်ရဲတာလဲ”

“သူ့ကိုသတ်”

ကျင့်ကြံသူများစွာကလည်း အော်ဟစ်လိုက်ပြီး တိုက်ခိုက်လာကြ၏။

သွမ့်မင်နှင့် စုန့်ရှစ်သည် သူတို့၏ သွေးချီကို လှည့်ပတ်ပြီး ဖိုခနောက်ဆိုင်နေရာယူကာ သိုင်းတာအိုပင်မခန္ဓာထံ ပြေးဝင်လာကြ၏။

ဝှစ်.. ဝှစ်...

သိုင်းတာအိုပင်မခန္ဓာက ထိုးချက်နှစ်ချက်ကို ဆက်တိုက်ထုတ်ဖော်လိုက်၏။

ထိုးချက်တစ်ချက်ချင်းစီက သိပ်သည်းပြင်းထန်သော ခွန်အားဖြင့်ပြည့်နှက်နေပြီး တားဆီး၍မရနိုင်ပေ။

ထိုးချက်နှစ်ချက်က ဆင်းသက်မလာခင်မှာပင် သွမ့်မင်နှင့် စုန့်ရှစ်သည် မွန်းကျပ်စရာကောင်းသော ချစ်ချစ်တောက်အပူလှိုင်းတစ်ရပ်ကို ခံစားလိုက်ရပြီး သူတို့က အသက်ပင်ကောင်းကောင်းမရှုနိုင်တော့ပေ။ သူတို့၏ မျိုးဆက်သွေးက အငွေ့ပြန်တော့မည်ဟု ထင်ရလေသည်။

မင်းသားလင်းရှန် ရင်ဆိုင်ခဲ့ရသည့် ထိုထိုးချက်၏ ဖိအားကို သူတို့နှစ်ယောက်ကနောက်ဆုံးမှာ တွေ့ကြုံခံစားမိလိုက်၏။

သူတို့နှစ်ယောက်သည် တွေဝေတုံ့ဆိုင်းရဲခြင်းမရှိဘဲ သူတို့၏ ကောင်းကင်လိုဏ်ဂူများကို အလောတကြီးစုဖွဲ့​လိုက်ကြ၏။

ကောင်းကင်လိုဏ်ဂူတစ်ပိုင်းအဆင့် ပညာရှင်များသည် ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ သူတို့၏ အဆင့်ချိုးဖျက်တက်လှမ်းမှုမှာ ကျရှုံးခဲ့သော်လည်း သူတို့သည် ကောင်းကင်လိုဏ်ဂူပုံရိပ်ယောင်များကို စုဖွဲ့နိုင်ပြီး ကောင်းကင်လိုဏ်ဂူစွမ်းအားတစ်စွန်းတစ်စကို အသုံးချနိုင်လေသည်။

ထိုစွမ်းအားတစ်စွန်းတစ်စကပင် ပကတိအင်မော်တယ်များနှင့် ပကတိမိစ္ဆများကို ဖိနှိမ်ဖို့အတွက် လုံလောက်လေသည်။

သို့သော်လည်း သွမ့်မင်နှင့် စုန့်ရှစ်၏ ကောင်းကင်လိုဏ်ဂူပုံရိပ်ယောင်များက ပေါ်ထွက်လာသည့်ခဏမှာပင် ပျက်ပြယ်သွားကြ၏။

ဘန်း... ဘန်း...

သူတို့နှစ်ယောက်သည် သိုင်းတာအိုပင်မခန္ဓာထံမှ ထိုးချက်နှစ်ချက်ကို သူတို့၏ ကိုယ်ကာယသက်သက်နီးပါးဖြင့် လက်ခံရရှိလိုက်၏။

သူတို့နှစ်ယောက်စလုံး၏ မျက်လုံးများက ပြူးကျယ်သွားပြီး သူတို့၏ အကြည့်များက မှေးမှိန်သွား၏။

သူတို့က လေထဲမှာ ခဏမျှရပ်တန့်သွားပြီးနောက် သူတို့၏ ခန္ဓာကိုယ်များက သွေးမြူများအဖြစ် ပေါက်ကွဲထွက်သွား၏။

သူတို့၏ အမြုတေစိတ်ဝိညာဥ်များကပင် သိုင်းတာအိုပင်မခန္ဓာထံမှ ထိုးချက်တစ်ချက်စီဖြင့် သတ်ဖြတ်ခံလိုက်ရ၏။

သိုင်းတာအိုပင်မခန္ဓာက သူတို့၏ ကောင်းကင်လိုဏ်ဂူပုံရိပ်ယောင်များ ရုတ်တရက်ဘာကြောင့်ပျက်ပြယ်သွားသည်ကို မသိရှိပေ။ သို့သော်လည်း သူတို့နှစ်ယောက်သည် သူတို့၏ ကောင်းကင်လိုဏ်ဂူပုံရိပ်ယောင်များကို လုံးလုံးလျားလျားစုဖွဲ့နိုင်မည်ဆိုလျှင်တောင် သူတို့သည် အစစ်အမှန်သိုင်းတာအိုခန္ဓာ၏ အဆင့်မြင့်ကျွမ်းကျင်မှုကိုရရှိထားသည့်သူ့ကို ခုခံနိုင်လိမ့်မည် မဟုတ်ပေ။

အစစ်အမှန်သိုင်းတာအိုခန္ဓာကို စဦးကျွမ်းကျင်မှုရရှိခဲ့စဥ်က သိုင်းတာအိုပင်မခန္ဓာသည် ယန်ကျစ်နှင့် အခြားသူများနှင့် ဆန့်ကျင်တိုက်ခိုက်ပြီး သူ၏ ဝှက်ဖဲများအားလုံးကို အသုံးပြုခဲ့ရ၏။ သူသည် ကောင်းကင်လိုဏ်ဂူတစ်ပိုင်းအဆင့်တစ်ယောက်ကို ဖိနှိမ်ဖို့အတွက် ငရဲဖိနှိမ်မီးဖိုကို မှီခိုခဲ့ရသည်။

သို့သော်ယခု... သူသည် အစစ်အမှန်သိုင်းတာအိုခန္ဓာ၏ အဆင့်နိမ့်ကျွမ်းကျင်မှုကို ရရှိလာခဲ့ပြီး သူသည် လက်ဗလာနှင့်ပင် ကောင်းကင်လိုဏ်တစ်ပိုင်းအဆင့် ပညာရှင်များကို ဖယ်ရှားရှင်းလင်းပစ်နိုင်၏။

သူသည် ကောင်းကင်လိုဏ်ဂူနယ်ပယ်အောက်မှာ နံပါတ်တစ်ဖြစ်လာလေသည်။

သို့သော်လည်း သူသည် အစစ်အမှန် ကောင်းကင်လိုဏ်ဂူနယ်ပယ်ပညာရှင်တစ်ဦးနှင့် ရင်ဆိုင်ရမည်ဆိုလျှင် သူသည် ငရဲဖိနှိမ်မီးဖိုကို အသုံးပြုခြင်းမရှိဘဲ ဤကဲ့သို့သောပြိုင်ဘက်တစ်ယောက်ကို ထိပ်တိုက်ရင်ဆိုင်နိုင်မလား မသိရပေ။

မည်သို့ပင်ဆိုစေ အစစ်အမှန်သိုင်းနယ်ပယ်သည် အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာတာအိုများ၏ ပကတိဧကနယ်ပယ်နှင့်သာ သဘောတရားချင်းတူညီ​ပြီး ပိုမိုမြင့်မားသောစွမ်းအင်အဆင့်ကို မရောက်ရှိသေးပေ။

ကောင်းကင်လိုဏ်ဂူနယ်ပယ်မှာတော့ သူတို့သည် ကောင်းကင်လိုဏ်ဂူများကိုစုဖွဲ့ပြီးနောက် သူတို့၏ နားလည်ဆင်ခြင်နိုင်စွမ်းနှင့် ထိန်းချုပ်နိုင်သောစွမ်းအားက ပကတိဧကနယ်ပယ်ကို လုံးလုံးလျားလျားကျော်လွန်ပြီး နောက်ထပ်အဆင့်တစ်ခုကို ရောက်ရှိလာခဲ့၏။

ထိုအရာသည် မိုးနှင့်မြေလို ရင်ကြားစေ့ဖို့မဖြစ်နိုင်သည့် ကွာဟချက်တစ်ခုဖြစ်သည်။

တကယ်တော့... သိုင်းတာအိုပင်မခန္ဓာသည် မည်သို့ပင်ဆိုစေ မူကွဲတစ်ခုဖြစ်လေသည်။ သူသည် ဓမ္မပညာရပ်များအားလုံးကို အရည်ဖျော်ပြီး သုတ္တန်တစ်ရာကိုစုပ်ယူကာ သိုင်းတာအိုကိုတည်ထောင်၍ ဒသမမြောက်ကပ်ဘေးကိုဖြတ်ကျော်ခဲ့၏။ သူသည် သမိုင်းမှာ ပထမဆုံးလူဖြစ်လေသည်။

သူသည် အစစ်အမှန်သိုင်းတာအိုခန္ဓာကို ပြီးပြည့်စုံသည့်အဆင့်တစ်ခုထိ ကျင့်ကြံနိုင်မည်ဆိုလျှင် သူသည် ကျင့်ကြံမှုနယ်ပယ်ကြီးနှစ်ခုကြား အဟန့်အတားကို ​ချိုးဖျက်ကာ ကောင်းကင်လိုဏ်ဂူနယ်ပယ်ရှိ သာမန်ဘုရင်ပညာရှင်များကိုပင် ဖိနှိမ်နိုင်မည်ဟု ယုံကြည်မှုရှိလေသည်။

တိုက်ပွဲနယ်မြေမှာ...

ကောင်းကင်လိုဏ်ဂူတစ်ပိုင်းအဆင့် ပညာရှင်နှစ်ဦးသည် သိုင်းတာအိုပင်မခန္ဓာထံမှ ထိုးချက်နှစ်ချက်ဖြင့် သတ်ဖြတ်ခံလိုက်ရပြီး ပကတိမိစ္ဆာများစွာ၏ အမူအရာများကို ပြောင်းလဲသွားစေ၏။

မိစ္ဆာများသည် နောက်ဆုံးမှာ သူတို့၏ လောဘရမ္မက်အိပ်မက်ကနေ နိုးထလာပြီး သူတို့ရန်စခဲ့မိသည့်လူက ဘယ်လောက်ကြောက်စရာကောင်းသည့် တည်ရှိမှုဖြစ်သည်ကို နားလည်သဘောပေါက်သွား၏။

ကောင်းကင်လိုဏ်ဂူတစ်ပိုင်းအဆင့် ပညာရှင်များပင်လျှင် သူ့ထံမှ ထိုးချက်တစ်ချက်ကို ခံနိုင်ရည်မရှိဘူးဆိုပါက အဲဒါကို ဘယ်သူက ခုခံနိုင်မှာလဲ။

လူတိုင်း၏ အသက်များသည် သိုင်းတာအိုပင်မခန္ဓာထံမှ အတွေးတစ်ချက်အပေါ် မူတည်နေ၏။

ဝှစ်...

ဤနေရာမှာ ကောင်းကင်အဆင့်မိစ္ဆာဂိုဏ်းခုနှစ်ဂိုဏ်းနှင့် မိုးကောင်းကင်တက်လှမ်းခြင်းနန်းတော်မှ ပကတိမိစ္ဆာပညာရှင်တစ်ရာကျော်ရှိနေ၏။ ချက်ချင်းပင် သူတို့က လူစုခွဲပြီး ခြေဦးတည့်ရာ ထွက်ပြေးလိုက်ကြ၏။

“ထွက်ပြေးချင်တာလား”

သိုင်းတာအိုပင်မခန္ဓာက မိစ္ဆာဂိုဏ်းများမှ သခင်လေးများကို မျက်ခြည်မပြတ်စောင့်ကြည့်ထားခဲ့ပြီဖြစ်၏။

ဝှစ်...

ငရဲမြစ်စံအိမ်မှ သခင်လေးသည် ဝေးဝေးမပြေးနိုင်ခင်မှာပင် သိုင်းတာအိုပင်မခန္ဓာက သူ့ကိုလိုက်မီသွားပြီး ထိုးချက်တစ်ချက်ဖြင့် သူ့ကိုသတ်ဖြတ်ကာ တစ်ပိုင်းတစ်ပျက်အနက်ရောင်ကားချပ်တစ်ခုကို လုယူလိုက်၏။

သိုင်းတာအိုပင်မခန္ဓာ၏ ပုံရိပ်က လုံးဝရပ်တန့်မသွားပေ။ တစ်ခဏချင်းမှာပင် သူက နတ်ဘုရားမိစ္ဆာတောင်ကြောရိုးသခင်လေး၏ နောက်ဘက်သို့ ရောက်ရှိသွားပြီး မည်သည့်စကားမှမဆိုဘဲ ပစ်ထိုးလိုက်၏။

ဘန်း...

ထိုထိုးချက်က သူ၏ ကျောကိုထိမှန်သွား၏။

နတ်ဘုရားမိစ္ဆာတောင်ကြောရိုးမှသခင်​လေးက သူ၏ ထိုးချက်ဖြင့် ကြေမွသွားပြီး သူကနောက်ထပ် တစ်ပိုင်းတစ်ပျက်အနက်ရောင်ကားချပ်ကို ရရှိသွား၏။

သိုင်းတာအိုပင်မခန္ဓာ၏ ပုံရိပ်က တိုက်ပွဲမြေမှာ စိတ်ရှိတိုင်း တဖျပ်ဖျပ်ကူးပြောင်းနေ၏။ သူတစ်ကြိမ်တိုက်ခိုက်လိုက်တိုင်း သွေးထွက်သံယိုက သေချာပေါက် ဖြစ်လာတတ်ပြီး မိစ္ဆာဂိုဏ်းများမှသခင်လေးများက လိပ်ပြာလွင့်မတတ်ကြောက်လန့်လာခဲ့ပြီဖြစ်သည်။

All Chapters