← Chapters

မိစ္ဆာဘုရင်များကိုသတ်ဖြတ်ခြင်း

Vol. 169 Ch. 2532

မိစ္ဆာဘုရင်များကိုသတ်ဖြတ်ခြင်း

Vol. 169 Ch. 2532

မိုးကောင်းကင်တက်လှမ်းခြင်းနန်းတော်မှ မိစ္ဆာဘုရင်က အရင်ဆုံးရောက်ရှိလာ၏။

မိစ္ဆာဘုရင်၏ တိုက်ခိုက်မှုမှာ သိုင်းတာအိုပင်မခန္ဓာက ပေါ့ပေါ့ဆဆမပြုမူရဲပေ။

သို့သော်လည်း မိစ္ဆာဘုရင်က တိုက်ခိုက်လိုက်သည့်အခါ သူက သူ၏ ကောင်းကင်လိုဏ်ဂူကို ချက်ချင်းမဆင့်ခေါ်ပေ။

ထိုသို့ပြုမူသည်မှာ သူတစ်ယောက်တည်းသာလျှင် မဟုတ်ပေ။ နောက်ဘက်ကနေ ပြေးဝင်လာသည့် မိစ္ဆာဘုရင်လေးဦးကလည်း သူတို့၏ ကောင်းကင်လိုဏ်ဂူများကို ထုတ်ဖော်ကြခြင်းမရှိပေ။

သူတို့ငါးယောက်သည် ယုံကြည်မှုလွန်ကဲနေခြင်း မဟုတ်ပေ။ သဘောတရားအရ မိစ္ဆာဘုရင်များသည် လက်ညှိုးတစ်ချောင်းနှင့်ပင် ပကတိမိစ္ဆာကျင့်ကြံသူများကို ခြေမွှဖျက်ဆီးပစ်နိုင်ကြ၏။

ဒါ့အပြင် သူတို့ငါးယောက်က တစ်ချိန်တည်းမှာ တိုက်ခိုက်လာကြ၏။ သူတို့က သူတို့၏ ကောင်းကင်လိုဏ်ဂူများကို ဆင့်ခေါ်မည်ဆိုလျှင် မလိုအပ်ဘဲ ရေကြီးခွင်ကျယ်လုပ်ရာကျနေပေလိမ့်မည်။

ပကတိမိစ္ဆာတစ်ဦးနှင့် တိုက်ခိုက်ရသည်ကို မပြောနှင့် ကောင်းကင်လိုဏ်ဂူနယ်ပယ်ပညာရှင်များ အချင်းချင်းတိုက်ခိုက်ကြလျှင်တောင် သူတို့၏ ကောင်းကင်လိုဏ်ဂူများကို အလွယ်တကူဆင့်ခေါ်လေ့မရှိပေ။

ထိုဟာကွက်ကို အာရုံခံမိသွားပြီး သိုင်းတာအိုပင်မခန္ဓာ၏ မျက်လုံးက ဝင်းလက်သွား၏။

သူ့အတွက်တော့ ဘုရင်အဆင့်ပညာရှင်တစ်ဦး၏ ကောင်းကင်လိုဏ်ဂူကသာ သူထိပ်တိုက်ရင်မဆိုင်နိုင်သည့် တစ်ခုတည်းသောအရာဖြစ်၏။ မည်သို့ပင်ဆိုစေ ကောင်းကင်လိုဏ်ဂူသည် ဘုရင်အဆင့်ပညာရှင်များ၏ သူတို့ဘဝတစ်လျှောက် အမျိုးမျိုးသော ဓမ္မတာအိုများကနေ ဆင်းသက်လာသည့် ပုံဆောင်ခဲစုဖွဲ့မှုတစ်ခုဖြစ်သည်။

ကောင်းကင်လိုဏ်ဂူတစ်ခုသည် ပကတိဧကနယ်ပယ်ကိုကျော်လွန်ပြီး လုံးဝမတူကွဲပြားသောအဆင့်တစ်ခုကို ရောက်ရှိနေပြီဖြစ်၏။ သူတို့သည် ဘုရင်အဆင့်ပညာရှင်များ၏ အသန်မာဆုံးနည်းလမ်းများဖြစ်ကြလေသည်။

သို့သော်လည်း ကောင်းကင်လိုဏ်ဂူအသေး မိစ္ဆာဘုရင်များသည် သူတို့၏ ကောင်းကင်လိုဏ်ဂူများကို ထုတ်ဖော်ခြင်းမရှိဘဲ ဆူဇီမိုနှင့် အနီးကပ်တိုက်ခိုက်နိုင်မည်ဟု တွေးထင်နေလျှင် သူတို့က အမှားကြီးမှားသွားပေလိမ့်မည်။

သိုင်းတာအိုသည် လူတစ်ယောက်ခန္ဓာကိုယ်၏ လုပ်နိုင်စွမ်းအပေါ် ဖွင့်လှစ်ခြင်းကို အလေးထားလေသည်။

ဓမ္မအစီအရင်များအားလုံး၏ အခြေခံအုတ်မြစ်သည် သူတို့ကိုယ်သူတို့ အဆက်မပြတ်ကြံ့ခိုင်စေဖို့နှင့် ပြင်ပအားများကို အသုံးပြုခြင်းမရှိဘဲ ကောင်းကင်နှင့်မြေကြီးကို သူတို့ကိုယ်တိုင်အဖြစ် ရှုမြင်ဖို့ဖြစ်သည်။

ထို့ကြောင့် အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာတာအိုများ၏ ပကတိဧကနယ်ပယ်မှာ တာအိုသစ်သီးများကို စုဖွဲ့ထားခြင်းဖြစ်၏။

သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာက တာအိုခန္ဓာတစ်ခုကို စုဖွဲ့ထားလေသည်။

သူ့ဓမ္မတာအို၏ လေးနက်သိမ်မွေ့မှုသည် သူ၏ အသွေးအသားနှင့် အရိုးတစ်လက်မချင်းစီနှင့်မကျန် အစစ်အမှန်သိုင်းခန္ဓာအဖြစ် ပေါင်းစည်းထား၏။

မိစ္ဆာဘုရင်များသည် သူတို့၏ ကောင်းကင်လိုဏ်ဂူအသေးများနှင့် သူတို့၏ ခန္ဓာကိုယ်များကို အားဖြည့်ထားသော်လည်း သူတို့သည် သိုင်းတာအိုပင်မခန္ဓာ၏ အစစ်အမှန်သိုင်းတာအိုခန္ဓာကို ခုခံနိုင်မည် မဟုတ်ပေ။

မိစ္ဆာဘုရင်များ၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်မှာ သိုင်းတာအိုပင်မခန္ဓာက ရှောင်တိမ်းခြင်းမရှိပေ။ ထိုအစား သူက သူ၏ သွေးချီကို လှည့်ပတ်ပြီး တရုန်းရုန်းထကြွလာသော ဆူနာမီသံနှင့်အတူ တိုက်ခိုက်လိုက်၏။

ချက်ချင်းပင် မိစ္ဆာဘုရင်ငါးဦးနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ဖို့အတွက် ထိုးချက်ငါးချက်ကို ဆက်တိုက်ထုတ်ဖော်လိုက်၏။

“မင်းကတော့ သေချင်နေတာပဲ”

မိုးကောင်းကင်တက်လှမ်းခြင်းနန်းတော်မှ မိစ္ဆာဘုရင်ကလှောင်ရယ်လိုက်၏။

မဟူရာမိစ္ဆာဂိုဏ်းမှ မိစ္ဆာဘုရင်ကလည်း အထင်အမြင်သေးစွာဖြင့် နှုတ်ခမ်းကို မဲ့လိုက်၏။

“ကြောက်ကန်ကန်နေတဲ့ တောကောင်တစ်ကောင်ပဲ”

ဝုန်း...

မိစ္ဆာဘုရင်ငါးဦးသည် သိုင်းတာအိုပင်မခန္ဓာ၏ လက်သီးနှင့် ထိတွေ့မိသွားကြ၏။ သူတို့ကြား အကြားအလပ်ကာလက အလွန်တရာတိုတောင်းပြီး အသံတစ်ချက်သာ ထွက်လိုက်နိုင်ကြ၏။

သူတို့ငါးယောက်က ဆတ်ခနဲတုန်ယင်သွားပြီး သူတို့၏ မျက်လုံးများက မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်သွား၏။ သူတို့၏ လက်များသည် ထိုထိုးချက်ဖြင့် ထုံကျင်ကိုက်ခဲသွားပြီဖြစ်၏။

ဒါ့အပြင် စဉ်းစားကြည့်၍မရနိုင်သော နတ်ဘုရားစွမ်းအားတစ်ခုသည် သူတို့၏ လက်များကနေ သူတို့၏ ခန္ဓာကိုယ်များဆီသို့ တလိပ်လိပ်တိုးဝင်လာပြီး သူတို့၏ ကိုယ်တွင်းအင်္ဂါများက တုန်ခါလာသည်ကို မိစ္ဆာဘုရင်ငါးဦးက ခံစားမိလိုက်၏။

“ဖွီ...”

ကောင်းကင်ဘုံတက်လှမ်းခြင်းနန်းတော်မှ မိစ္ဆာဘုရင်က ရုတ်တရက် သူ၏ ပါးစပ်ကိုဖွင့်ဟပြီး သွေးများကို ထွေးထုတ်လိုက်ရ၏။

တကယ်တော့.. ဤကဲ့သို့သောထိခိုက်ဒဏ်ရာများသည် မိစ္ဆာဘုရင်တစ်ဦးအတွက် ပြင်းထန်ခြင်းမရှိပေ။

သို့သော်လည်း သူက မတုံ့ပြန်နိုင်ခင်မှာပင် သိုင်းတာအိုပင်မခန္ဓာက အနားသို့ချဉ်းကပ်လာခဲ့ပြီဖြစ်ပြီး တောင်တစ်လုံးကဲ့သို့ တားဆီးမရနိုင်သောစွမ်းပကားနှင့်အတူ နှစ်ကြိမ်ဆက်တိုက်ပစ်ထိုးလိုက်၏။

ဘန်း... ဘန်း...

မိုးကောင်းကင်တက်လှမ်းခြင်းနန်းတော်၏ မိစ္ဆာဘုရင်သည် ခုခံဖို့အတွက် သူ၏ လက်နှစ်ဖက်ကိုသာ မြှောက်လိုက်ရ၏။ သို့သော်လည်း သူ၏ လက်သည် သိုင်းတာအိုပင်မခန္ဓာထံမှ ထိုးချက်နှစ်ချက်ဖြင့် သွင်သွင်ကျိုးသွားပြီဖြစ်ပြီး ယခုအခါ သူ၏ ခန္ဓာကိုယ်က အထင်းသားပေါ်လာ၏။

တတိယမြောက်ထိုးချက်က ဆင်းသက်လာပြီး သူ၏ ဦးခေါင်းပေါ်ကို ပြင်းထန်စွာ ထုရိုက်ကျဆင်းလာ၏။

ဘုန်း...

မိုးကောင်းကင်တက်လှမ်းခြင်းနန်းတော်၏ မိစ္ဆာဘုရင်က ဆတ်ခနဲတုန်ယင်သွားပြီး တုန်လှုပ်နေသောအမူအရာဖြင့် သူ၏ အကြည့်က အေးခဲတောင့်တင်းသွား၏။ ထို့နောက် သူ၏ သူငယ်အိမ်နှစ်ဖက်က ပြူးကျယ်၍ သူ၏ အသက်ဓာတ်အားက လျင်မြန်စွာ လျော့ကျသွားလေသည်။

သူ၏ ဦးခေါင်းက အကောင်းတိုင်း​ကျန်ရှိနေဆဲ ဖြစ်၏။ သို့သော်လည်း သူ၏ အသိစိတ်သည် သိုင်းတာအိုပင်မခန္ဓာထံမှ ထိုးချက်တစ်ချက်ဖြင့် ကြေမွသွားခဲ့ပြီဖြစ်ပြီး သူ၏ အမြုတေစိတ်ဝိညာဥ်ကလည်း ချမ်းသာရာမရခဲ့ပေ။ သူက နေရာမှာပင် သတ်ဖြတ်ခံရကာ သေဆုံးသွား၏။

ထိုးချက်လေးချက်မျှနှင့် မိုးကောင်းကင်တက်လှမ်းခြင်းနန်းတော်မှ မိစ္ဆာဘုရင်သည် သိုင်းတာအိုပင်မခန္ဓာ၏ နေရာမှာပင် သတ်ဖြတ်ခြင်းကို ခံလိုက်ရ၏။

နောက်ဘက်မှ မိစ္ဆာဘုရင်လေးဦး၏ အမူအရာများက ထိုသည်ကိုတွေ့မြင်သောအခါ ပြောင်းလဲသွားကြ၏။

သူတို့လေးယောက်သည် စဥ်းစားနေဖို့အချိန်မရဘဲ သူတို့၏ ကောင်းကင်လိုဏ်ဂူအသေးများကို ဆင့်ခေါ်လိုက်စဥ်မှာပင် သိုင်းတာအိုပင်မခန္ဓာက ရုတ်တရက် သူ၏ ပါးစပ်ကိုဖွင့်ဟပြီး အသင်္ချေသက်ရှိများအသံလျှို့ဝှက်အတတ်ကို ထုတ်ဖော်လိုက်၏။

ဂါး...

ချက်ချင်းပင် ဥမင်သည် နဂါးများ၊ ကျားများ၊ ဖီးနစ်များ၊ ကြိုးကြာများ၊ ဝံပုလွေများ၊ မျောက်ဝံများနှင့် မြင်းများ စသည်ဖြင့် သက်ရှိပေါင်းစုံ၏ ဟိန်းဟောက်သံများဖြင့် ပဲ့တင်ထပ်သွား၏။

သန်းနှင့်ချီသောသက်ရှိများက တစ်ချိန်တည်းမှာ ဟိန်းဟောက်လိုက်သည့်အလားပင်။

သိုင်းတာအိုပင်မခန္ဓာသည် အဆင့်မြင့်ကျွမ်းကျင်မှုကိုရရှိလာစဥ် အသင်္ချေသက်ရှိများအသံ၏ စွမ်းပကားကလ​ည်း တိုးလာခဲ့၏။

ဒါ့အပြင် အသင်္ချေသက်ရှိများအသံသည် အတော်အတန်ချိပ်ပိတ်ထားသော ဤကဲ့သို့လိုဏ်ဂူတစ်ခုထဲမှာ ပျံ့နှံ့သွားဖို့ခက်ခဲလေသည်။ ထိုအစား ထိုအသံသည် ဥမင်ထဲမှာ အဆက်မပြတ်ပဲ့တင်ထပ်ပြီး ၎င်း၏ စွမ်းအားကို သိသိသာသာပိုတိုးလာစေ၏။

ထိုအသံသည် လက်ရှိမိစ္ဆာဘုရင်များကို ဒဏ်ရာမရရှိစေနိုင်သော်လည်း သူတို့က တုန်လှုပ်၍ အနည်းငယ်မှင်တက်သွားကြ၏။

တုန်လှုပ်နေသည့် ထိုတဒင်္ဂအခိုက်အတန့်မှာ သိုင်းတာအိုပင်မခန္ဓာသည် အခွင့်အလမ်းကိုချိန်ဆပြီး မဟူရာမိစ္ဆာဂိုဏ်းမှ မိစ္ဆာဘုရင်၏ ရှေ့သို့ ပြေးဝင်လိုက်၏။ သူက သူ၏ ထိုးချက်ကိုထုတ်ဖော်ပြီး တစ်ဘက်လူ၏ မျက်နှာကို ထိခတ်သွားစေ၏။

မဟူရာမိစ္ဆာဂိုဏ်း၏ မိစ္ဆာဘုရင်က သိုင်းတာအိုပင်မခန္ဓာထံမှထိုးချက်တစ်တချက်ဖြင့် ကျွမ်းထိုးမှောက်ခုံဖြစ်သွားပြီး သူ၏ မျက်နှာက ကျိုးကြေမွသွား၏။ သူ၏ အမြုတေစိတ်ဝိညာဥ်က ဖျက်ဆီးခံရကာ နေရာမှာပင် သေဆုံးသွားလေသည်။

အခြားသော မိစ္ဆာဘုရင်သုံးဦးက လျင်မြန်စွာနိုးထလာပြီး ထပ်မံ၍တွေဝေတုံ့ဆိုင်းရဲခြင်းမရှိတော့ပေ။ သူတို့သည် သူတို့၏ ကောင်းကင်လိုဏ်ဂူအသေးများကို တစ်ယောက်ပြီးတစ်ယောက်ထုတ်ဖော်ကာ သိုင်းတာအိုပင်မခန္ဓာကို သတ်ဖြတ်ဖို့အတွက် ကောင်းကင်လိုဏ်ဂူ၏ စွမ်းအားကို အသုံးချလိုကြ၏။

သို့သော်လည်း မိစ္ဆာဘုရင်သုံးပါး၏ ကောင်းကင်လိုဏ်ဂူများသည် ပုံသဏ္ဌာန်ကိုမယူနိုင်ခင် ထွက်ပေါ်လာသည့်ခဏမှာပင် ပြန်လည်ပျက်ပြယ်သွား၏။

မိစ္ဆာဘုရင်သုံးဦးက တုန်လှုပ်သွားလေသည်။

ဘုရင်အဆင့်ပညာရှင်များ၏ အဆုံးစွန်နည်းစနစ်နှင့် အသန်မာဆုံးဝှက်ဖဲက ကောင်းကင်လိုဏ်ဂူဖြစ်လေသည်။

သို့သော်လည်း သူတို့သုံးယောက်က အဲဒါကို မထုတ်ဖော်နိုင်ကြပေ။

ထိုနှောင့်နှေးကြန့်ကြာမှုနှင့်အတူ သိုင်းတာအိုပင်မခန္ဓာက နောက်တစ်ဖန်တိုက်ခိုက်လိုက်ပြီဖြစ်ပြီး နတ်ဘုရားမိစ္ဆာတောင်ကြောရိုး၏ မိစ္ဆာဘုရင်ထံ ထိုးချက်သုံးချက်ကို ဆက်တိုက်ထုတ်ဖော်လိုက်၏။ ထိုထိုးချက်များအားလုံးကို မိစ္ဆာဘုရင်က ပိတ်ဆို့တားဆီးလိုက်လေသည်။

သိုင်းတာအိုပင်မခန္ဓာက အသက်ပြင်းပြင်းတစ်ချက်ရှိုက်၍ သူ၏ ခွန်အားကို နောက်ထပ်တစ်ဖန်ထုတ်ဖော်ပြီး ခုနှစ်ကြိမ်ဆက်တိုက်ပစ်ထိုးလိုက်၏။ ထိုထိုးချက်များက ကြမ်းကြုတ်ခက်ထန်ပြီး မွမ်းကျပ်ဖွယ်ရာကောင်းသော မိုးပေါက်များကဲ့သို့ သိပ်သည်းပြင်းထန်နေ၏။

နတ်ဘုရားမိစ္ဆာတောင်ကြောရိုး၏ မိစ္ဆာဘုရင်က သူ၏ ကောင်းကင်လိုဏ်ဂူ စိတ်ဝိညာဥ်ရတနာကိုပင် ဆင့်ခေါ်ဖို့အချိန်မရလိုက်ဘဲ သိုင်းတာအိုပင်မခန္ဓာ၏ ထိုးချက်ဆယ်ချက်ဖြင့် သေသည့်တိုင်အောင် ထိုးကြိတ်ခံလိုက်ရ၏။

တကယ်တော့... ကျန်ရှိနေသော မိစ္ဆာဘုရင်နှစ်ဦးမှာ အိုးတိုးအမ်းတမ်းအမူအရာများရှိနေသော်လည်း သူတို့က ထွက်ပြေးသွားခဲ့ကြပြီဖြစ်သည်။

“ဘာတွေဖြစ်နေတာလဲ”

လင်းရှန်နှင့် အခြားသူများသည် သူတို့နောက်ဘက်မှ ရုတ်ရုတ်သဲသဲအ​သံများကိုကြားသောအခါ သူတို့က အလောတကြီးလှည့်ကြည့်လိုက်ကြပြီးနောက် သိုင်းတာအိုပင်မခန္ဓာက တန်ပြန်တိုက်ခိုက်၍ မိစ္ဆာဘုရင်သုံးဦးအား ဆက်တိုက်သတ်ဖြတ်လိုက်သည်ကို တွေ့မြင်လိုက်ရ၏။

ရှေ့နှင့်နောက်မှာရှိသော မိစ္ဆာဘုရင်များစွာက မယုံကြည်နိုင်စွာဖြင့် တုန်လှုပ်သွားကြ၏။

ပကတိမိစ္ဆာတစ်ဦးသည် ကျင့်ကြံမှုနယ်ပါ်ကြီးတစ်ခုကို တကယ်ပင်ဖြတ်ကျော်၍ ကောင်းကင်လိုဏ်ဂူ မိစ္ဆာဘုရင်များကို သတ်ဖြတ်နိုင်သည်လား။

လက်ရှိမိစ္ဆာဘုရင်များသည် သူတို့၏ ကောင်းကင်လိုဏ်ဂူများကို မဆင့်ခေါ်နိုင်ခဲ့ဘူးဆိုလျှင်တောင် သူတို့၏ ကိုယ်ကာယသည် ပကတိမိစ္ဆာများအားလုံးကို သတ်ဖြတ်ဖို့အတွက် လုံလောက်သင့်လေသည်။ သို့သော်လည်း စောစောက ဖြစ်ပျက်ခဲ့သည့်အရာသည် မိစ္ဆာဘုရင်များအတွက် ကြီးမားသော စိတ်ပိုင်းဆိုင်ရာရိုက်ချက်တစ်ခုဖြစ်လာခဲ့၏။

“ပကတိမိစ္ဆာတစ်ဦးရဲ့ ကိုယ်ကာယကို ဒီလောက်အတိုင်းအတာထိ တကယ်ပဲကျင့်ကြံနိုင်တာလား... သူက မိစ္ဆာဘုရင်တွေနဲ့တောင် ယှဥ်နိုင်နေပြီလား”

“ဒီကောင်လေးရဲ့ဓမ္မတာအိုက တစ်နည်းတစ်ဖုံထူးဆန်းနေတယ်... အဲဒါက ငါတို့နဲ့မတူတဲ့ပုံပဲ”

“ဘာတွေဖြစ်နေတာလဲ... ဒီနေရာမှာ ဓမ္မစွမ်းအားတွေနဲ့ လျှို့ဝှက်အတတ်တွေကို ထုတ်ဖော်လို့ မရဘူးလား... သူက သူရဲ့ကိုယ်ကာယနဲ့ မျိုးဆက်သွေးကိုပဲသုံးပြီး အနီးကပ်တိုက်ခိုက်လိုက်ရုံပဲလား”

မိစ္ဆာဘုရင်များသည် ဤနေရာ၏ ထူးဆန်းမှုကို နားလည်သဘောပေါက်လာသောအခါ သူတို့သည် မဆင်မခြင်မပြုမူရဲဘဲ တိတ်တဆိတ်ဆွေးနွေးလိုက်ကြ၏။

“မိစ္ဆာဧကရာဇ်ဂူသင်္ချိုင်းထဲမှာ ဓမ္မတာအိုရဲ့ အကြွင်းအကျန်စွမ်းပကားက ကျန်ရှိနေတတ်တယ်... အဲဒါက နှစ်ပေါင်းသန်းချီကြာတာတောင် ပျက်ပြယ်သွားမှာမဟုတ်ဘူး... ဒီနေရာမှာ ဒီလိုမျိုး ကန့်သတ်ချက်တွေရှိနေတာ သိပ်တော့မထူးဆန်းဘူး”

မိစ္ဆာဘုရင်သိုဝှက်နက်နဲက မျက်မှောင်ကြုတ်ပြီး လေးနက်စွာပြောလိုက်၏။

“ဒါပေမဲ့.. ကောင်းကင်လိုဏ်ဂူတွေထုတ်ဖော်တာကို ပိတ်ဆို့တားဆီးနိုင်တဲ့ ဒီလိုမျိုး ဂူသင်္ချိုင်းတစ်ခုကိုတော့ ငါတစ်ခါမှ မတွေ့မြင်ဖူးခဲ့ဘူး”

“အရှင်မင်းသား... ကျုပ်တို့တွေက ဒီနေရာကနေ အခုချက်ချင်းထွက်ခွာပြီး ဒီကိစ္စရဲ့အတိုင်းအရှည်ကို ပြန်ပြီးစဥ်းစားသင့်တယ်လို့ထင်တယ်”

ခဏမျှစဥ်းစားတွေးတောပြီးနောက် မိစ္ဆာဘုရင်သိုဝှက်နက်နဲက မအီမသာခံစားလာရကာ မနေနိုင်ဘဲပြောလိုက်၏။

“ငါတို့မှာ ဒီလောက်လူတွေအများကြီးရှိတာ ဘာကိုကြောက်နေရမှာလဲ”

လင်းရှန်က အေးစက်စွာနှာတစ်ချက်မှုတ်လိုက်၏။

“ဟိုမိန်းမပျက်မှာ ကမ္ဘာဖျက်မိစ္ဆာကားချပ်တစ်ခုပဲရှိတာ... ဒါတောင်သူက ဒီနေရာမှာလျှောက်သွားရဲတယ်... မင်းတို့တွေမှာ ပြီးပြည့်စုံတဲ့မိစ္ဆာကားချပ်မရှိဘူးလား”

မိစ္ဆာဘုရင်သိုဝှက်နက်နဲက ခေါင်းညိတ်ပြပြီး ထပ်မံ၍မဖျောင်းဖျတော့ပေ။

မိစ္ဆာနတ်ဆိုးမဟူရာကောင်းကင်နှင့် အခြားသူများ၏ အမူအရာများကလည်း သုန်မှုန်လာကြ၏။

သူတို့သည် သိုင်းတာအိုပင်မခန္ဓာကို မသတ်ဖြတ်နိုင်ခဲ့ရုံသာမက သူသည် မိစ္ဆာဘုရင်တစ်ဦးကိုပင် ဆုံးရှုံးခဲ့ရ၏။

မိစ္ဆာဂိုဏ်းများအတွက် မိစ္ဆာဘုရင်တိုင်းသည် သူတို့၏ ဂိုဏ်းများကို အဆင့်တစ်ခုထိ မြှင့်တင်ပေးနိုင်၏။ ယခုသူတို့သည် သိုင်းတာအိုပင်မခန္ဓာ၏ လက်ထဲမှာ ဤကဲ့သို့ကြီးမားသော ပျက်စီးထိခိုက်ဆုံးရှုံးမှုကို တွေ့ကြုံလိုက်ရ​လေပြီ။

All Chapters