← Chapters

ငါနင့်ကို အိမ်ပြန်ခေါ်သွားမယ်

Vol. 169 Ch. 2534

ငါနင့်ကို အိမ်ပြန်ခေါ်သွားမယ်

Vol. 169 Ch. 2534

မိစ္ဆာဘုရင်သိုဝှက်လေဟာနယ်က ထိုသို့ပြောလိုက်ပြီးနောက် သူ၏ မျက်လုံးနှစ်ဖက်ကိုမှိတ်ကာ ဘေးပတ်ဝန်းကို အာရုံခံကြည့်နေ၏။

“ဟိုမှာပဲ”

မိစ္ဆာဘုရင်သိုဝှက်လေဟာနယ်က သူ၏ မျက်လုံးနှစ်ဖက်ကို ရုတ်တရက်ဖွင့်ပြီး သူ၏ အကြည့်က တောက်လောင်ပြင်းပြလာ၏။

ဝုန်း...

မိစ္ဆာဘုရင်သိုဝှက်လေဟာနယ်က သူ၏ ဝတ်ရုံစကို ဝေ့ယမ်းလိုက်ပြီး ပေပေါင်းများစွာဆန့်တန်းထွက်စေကာ သူ့ရှေ့မှာရှိသော ရှေးဟောင်းမြို့စောင့်တပ်သားများကို ရိုက်ချပြီး ကျယ်ပြန့်သော လမ်းကြောင်းတစ်ခုကို ပေါ်ထွက်လာစေ၏။

ထိုလမ်းကြောင်း၏ အခြားတစ်ဘက်မှာ နတ်ဆိုးမကျိက ပျာပျာသလဲဖြစ်နေပြီး ရှေးဟောင်းမြို့စောင့်တပ်သားတစ်ယောက်နောက်သို့ ရှောင်တိမ်းလိုက်၏။

သူမသည် အလွန်တရာဆိုးဆိုးဝါးဝါးအခြေအနေမှာ ထွက်ပြေးနေရသော်လည်း နတ်ဆိုးမကျိ၏ ပုံရိပ်က လှပကြော့ရှင်း၍ ညှို့ငင်ဖမ်းစားနိုင်စွမ်းရှိနေဟု လူတိုင်းက ခံစားရနေ၏။ သူမက ထွက်ပြေးနေစဉ်မှာတောင် သူမက ငေးမောမှင်တက်စရာကောင်းနေ၏။

သိုင်းတာအိုပင်မခန္ဓာက ရင်တစ်ချက်ထိတ်သွား၏။

နတ်ဆိုးမကျိ၏ လှုပ်ရှားမှုနည်းစနစ်က သူ့ကို မြင်ဖူးသလိုလိုခံစားချက်တစ်ခုပေးနေ၏။

သူသည် အစစ်အမှန်သိုင်းတာအိုခန္ဓာကို စုဖွဲ့ပြီး သိုင်းတာအိုကောင်းကင်ကပ်ဘေးကို ဆွဲဆောင်မိခဲ့စဉ်က အလွန်တရာစွမ်းအားကြီးမားသော ပုံရိပ်ယောင်များက ဒသမမြောက်ကပ်ဘေးမှာ ပေါ်ထွက်လာခဲ့၏။

သူတို့ထဲမှာ ဓားရှည်တစ်လက်ကိုကိုင်ဆွဲထားသည့် အဖြူရောင်ဝတ်အမျိုးသမီးက လှပကြော့ရှင်း၍ ညှို့ငင်ဖမ်းစားနိုင်စွမ်းရှိလေသည်။

သူမ၏ လှုပ်ရှားမှုနည်းစနစ်က နတ်ဆိုးမကျိ၏ လှုပ်ရှားမှုနည်းစနစ်နှင့် တူညီသလောက်နီးပါးပင်။

“နတ်ဆိုးမကျိကလည်း ဒီနှစ်တွေထဲ မိစ္ဆာမဟာနယ်မြေမှာ အခွင့်အလမ်းအတော်များများရရှိထားတဲ့ပုံပဲ”

သိုင်းတာအိုပင်မခန္ဓာက သူ့ဘာသာသူတွေးလိုက်၏။

ထျန်ဟွမ်ကုန်းမြေတိုက်မှ တက်လှမ်းလာသည့် မိတ်ဆွေဟောင်းများစွာကြားမှာ သူစိုးရိမ်ပူပန်ရအနည်းဆုံးသူက နတ်ဆိုးမကျိဖြစ်လေသည်။

နတ်ဆိုးမကျိ၏ အစွမ်းအစအရ အခြားမည်သူမဆို သူမအပေါ် အခွင့်အရေးယူအမြတ်ထုတ်ဖို့က မဖြစ်နိုင်သလောက်နီးပါးပင်။ သူတို့က သူမ၏ လှည့်စားခြင်းမခံရလျှင်တောင် တော်လှပြီဟုဆိုရပေမည်။

မိစ္ဆာလိုဏ်ဂူ၏ အောက်ဘက်မှာ မည်သူကမှ သူတို့၏ စိတ်ဝိညာဉ်အသိစိတ်များကို အသုံးမပြုနိုင်ကြပေ။

ရှေးဟောင်းမြို့စောင့်တပ်သားများက နိုးထလာပြီး အလွန်တရာသိပ်သည်းများပြားစွာဖြင့် ပြေးဝင်လာခြင်းနှင့်အတူ မိစ္ဆာဘုရင်သိုဝှက်လေဟာနယ်နှင့် အခြားသူက နတ်ဆိုးမကျိကို မျက်ခြည်ပြတ်သွားကြ၏။

မိစ္ဆာဆယ်သန်းတပ်သားများကြားမှာ တစ်ယောက်ယောက်ကိုရှာဖွေဖို့က ကောက်ရိုးပုံထဲမှာ အပ်ပျောက်ရှာနေသလိုပင်။

သို့သော်လည်း နတ်ဆိုးမကျိသည် သိပ်ဝေးဝေးမရောက်သေးဟု မိစ္ဆာဘုရင်သိုဝှက်လေဟာနယ်က သေချာသိရှိထား၏။

သူမသည် လူတိုင်းကို ဤနေရာသို့ တမင်မျှားခေါ်လာခဲ့သည်မှာ သူမသည် ကောင်းကင်ဘုံတက်လှမ်းခြင်းနန်းတော်မှလူတိုင်းကို ပျက်စီးထိခိုက်စေဖို့အတွက် ဤနေရာမှာရှိသော မိစ္ဆာဆယ်သန်းစစ်တပ်ကို အသုံးချလိုသောကြောင့်ဖြစ်၏။

ထူးခြားသော စိတ်နေစရိုက်အရ သူမသည် သူမ၏ ပြောင်မြောက်သောလက်ရာကို အနီးနားအမှောင်ထုထဲကနေ စောင့်ကြည့်နေဖို့များလေသည်။

ထို့ကြောင့်ပင် မိစ္ဆာဘုရင်သိုဝှက်လေဟာနယ်က နတ်ဆိုးမကျိအား သေချာပေါက်သေသွားပြီဟု တမင်သက်သက်ပြောခဲ့ခြင်းဖြစ်သည်။

သူ၏ ရည်ရွယ်ချက်က နတ်ဆိုးမကျိ၏ တည်နေရာကို ပေါက်ကြားစေဖို့ဖြစ်သည်။

နတ်ဆိုးမကျိကလည်း အလွန်တရာဉာဏ်ကောင်းလေသည်။ သူမ၏ ရင်ထဲမှာ မချင့်မရဲဖြစ်သွားသော်လည်း အဲဒါသည် မိစ္ဆာဘုရင်သိုဝှက်လေဟာနယ်၏ ငါးစာဖြစ်သည်ဆိုတာကို သတိထားမိသွားပြီး လှုပ်ရှားခဲ့ခြင်းမရှိပေ။

ကံဆိုးစွာနှင့်ပင် မိစ္ဆာဘုရင်သိုဝှက်လေဟာနယ်၏ စကားကိုကြားရသောအခါ သူမက ရင်တစ်ချက်ထိတ်သွားဆဲဖြစ်၏။

သူမ၏ နှလုံးခုန်သံက အနည်းငယ်သာပိုပြင်းသွားသော်လည်း မိစ္ဆာဘုရင်သိုဝှက်လေဟာနယ်က ချက်ချင်းပင် အဲဒါကို ဖမ်းမိသွား၏။

သူက ချက်ချင်းပင်တိုက်ခိုက်ပြီး သူမကို လူတိုင်းရှေ့မှာ ပေါ်ထွက်လာစေ၏။

နှစ်ဦးနှစ်ဖက်ကြား စိတ်ပိုင်းဆိုင်ရာအားပြိုင်မှုက တိုတောင်းသည်ဟု ထင်ရသော်လည်း အဲဒါကအလွန်တရာအကြိတ်အနယ်ရှိခဲ့ပြီး သူတို့က တစ်ယောက်စိတ်ကိုတစ်ယောက်အကဲစမ်းခဲ့ကြ၏။ နောက်ဆုံးမှာတော့ မိစ္ဆာဘုရင်သိုဝှက်လေဟာနယ်က အနည်းငယ်အသာစီးရရှိသွား၏။

“နတ်ဆိုးမ... နင်အတွေ့အကြုံနုပါသေးတယ်”

မိစ္ဆာဘုရင်သိုဝှက်လေဟာနယ်က မလှမ်းမကမ်းမှာရှိသော နတ်ဆိုးမကျိကို လှောင်ပြောင်သရော်လိုသောအကြည့်ဖြင့် ကြည့်လိုက်၏။

ရိပ်ခနဲဆို နတ်ဆိုးမကျိက အစောင့်တပ်သားများကြား ဝင်ရောက်ပျောက်ကွယ်သွား၏။

ထူးဆန်းစွာပင် မည်သည့်အစောင့်တပ်သားကမှ သူမကို တိုက်ခိုက်မလာခဲ့ပေ။

ထိုအစား သူတို့က အကြောက်အလန့်ကင်းမဲ့စွာဖြင့် မိုးကောင်းကင်တက်လှမ်းခြင်းနန်းတော်၊ မိစ္ဆာဘုရင်မဟူရာကောင်းကင်နှင့် အခြားသူများဘက်သို့ ရုတ်တရက်ပြေးဝင်လာကြ၏။

“ဟမ့်... နင်က ထွက်ပြေးဖို့ တွေးနေသေးတယ်ပေါ့”.

လင်းရှန်က လှောင်ရယ်လိုက်၏။

မိစ္ဆာဘုရင်သိုဝှက်လေဟာနယ်နှင့် အခြားသူများက လမ်းတစ်လျှောက်ပြေးတက်လာပြီး သူမနောက်ကို လိုက်ဖမ်းလိုက်ကြ၏။

ယခု... နတ်ဆိုးမကျိ၏ ပုံရိပ်က ပေါ်ထွက်လာခဲ့ပြီး သူမသည် မိုးကောင်းကင်တက်လှမ်းခြင်းနန်းတော်မှ မိစ္ဆာဘုရင်ခြောက်ဦး၏ စောင့်ကြည့်ခြင်းခံနေရကာ သူမက ထွက်ပြေးချင်သည်ဆိုလျှင်တောင် ထွက်ပြေးဖို့ မဖြစ်နိုင်တော့ပေ။

“နတ်ဆိုးမကျိ...”

ထိုစဥ်မှာပင် ရုန်းရင်းဆန်ခတ်ဖြစ်နေသော ရှေးဟောင်းမြို့တော်ကနေခေါ်သံတစ်သံထွက်ပေါ်လာ၏။

နတ်ဆိုးမကျိက ဆတ်ခနဲတုန်ယင်သွားပြီး နေရာမှာပင် ငေးမောမှင်တက်ကာ သူမ၏ လှပသောမျက်ဝန်းများထဲတွင် မယုံကြည်နိုင်မှုက ထင်ဟပ်လာ၏။

ထိုနာမည်က...။

ဘယ်လိုလုပ်ပြီး...။

ဟုတ်နိုင်ပါ့မလား။

နတ်ဆိုးမကျိက လှည့်ကြည့်လိုက်ပြီး လျှောက်လှမ်းလာ​သည့် ခရမ်းရောင်ဝတ်အမျိုးသားကို တွေ့မြင်လိုက်လေသည်။

ခရမ်းရောင်ဝတ်အမျိုးသားက ငွေရောင်မျက်နှာဖုံးကိုတပ်ထားသော်လည်း နတ်ဆိုးမကျိသည် သူ၏ မျက်လုံးများကို တွေ့မြင်သောအခါ ထိုသူကို ချက်ချင်းပင် မှတ်မိသိရှိသွား၏။

နတ်ဆိုးမကျိက သူမ၏ နှုတ်ခမ်းကို ညင်သာစွာကိုက်ပြီး သူမ၏ မျက်လုံးများက မျက်ရည်များဝိုင်းကာ နီရဲလာ၏။

တစ်ခဏချင်းမှာပင် သိုင်းတာအိုပင်မခန္ဓာက သူမရှေ့သို့ရောက်ရှိလာခဲ့ပြီဖြစ်၏။

ထိုအခိုက်အတန့်မှာ သူမအတွက် အိပ်မက်တစ်ခုလိုခံစားနေရ၏။

“နင်... နင်ဘာလို့ ဒီကိုရောက်လာတာလဲ”

နတ်ဆိုးမကျိ၏ အသံက အနည်းငယ်တုန်ယင်နေပြီး ငိုရှိုက်သံပါနေ၏။

“ငါနင့်ကို အိမ်ပြန်ခေါ်သွားမလို့ ဒီကိုရောက်လာတာပေါ့”

သိုင်းတာအိုပင်မခန္ဓာက ညင်သာစွာပြောလိုက်၏။

ထိုစကားကိုကြားသောအခါ နတ်ဆိုးမကျိက ဆက်လက်၍ မချုပ်တည်းနိုင်တော့ဘဲ မျက်ရည်များက တပေါက်ပေါက်စီးကျလာ၏။

အခုချိန်မှာ သူမ၏ စိတ်က ဗလာကျင်းနေပြီး သူမက အော်ငိုချင်စိတ်သာရှိလေသည်။

ထျန်ဟွမ်ကုန်းမြေတိုက်မှာတုန်းက မိစ္ဆာဂိုဏ်းများ၏ စင်ကြယ်အပျိုစင်အနေဖြင့် သူမသည် စင်ကြယ်အပျိုစင်သုတ္တန်ကိုကျင့်ကြံခဲ့ပြီး သက်ရှိများအားလုံးကို ညှို့ငင်ဖမ်းစားနိုင်ခဲ့၏။ သူမသည် သူမ၏ အစစ်အမှန်စိတ်ခံစားချက်များကို ဖော်ထုတ်ပြသလေ့မရှိပေ။

စိတ်ဆိုးခြင်းဖြစ်စေ၊ ချစ်စရာကောင်းခြင်း၊ ဝမ်းသာခြင်း သို့မဟုတ် ဝမ်းနည်းခြင်းဖြစ်စေ.. ထိုအရာများအားလုံးက အတုအယောင်များသာဖြစ်သည်။

သူမသည် လူတချို့၏ ရှေ့မှာသာ သူမ၏ အစစ်အမှန်ခံစားချက်များကို ထုတ်ဖော်ပြသလေ့ရှိ၏။ ဆူဇီမိုက သူတို့ထဲမှတစ်ယောက်ဖြစ်လေသည်။

အချိန်တိုအတွင်းမှာပင် ကျန်ရှိနေသော မိုးကောင်းကင်တက်လှမ်းခြင်းနန်းတော်မှ မိစ္ဆာဘုရင်ခြောက်ဦးက ရှေးဟောင်းမြို့စောင့်တပ်သားများကို ဖြတ်ကျော်လာခဲ့ပြီဖြစ်ကာ သိုင်းတာအိုပင်မခန္ဓာနှင့် နတ့်ဆိုးမကျိကို ဝိုင်းပတ်ပိတ်ဆို့လိုက်၏။

လင်းရှန်က နတ်ဆိုးမကျိ၏ အမူအရာကို တွေ့မြင်သောအခါ သူ၏ နှလုံးက မနာလိုအားကျမှုဖြင့် ပူပြင်းတောက်လောင်လာ၏။ သူက အံကိုကြိတ်ကာ ပြောလိုက်လေသည်။

“လက်စသတ်တော့ ဒီဖောက်ပြန်နေတဲ့စုံတွဲက တစ်​ယောက်နဲ့တစ်ယောက်သိနေကြတာပဲ... အဲလိုဆိုတော့လည်းကောင်းတာပေါ့... ဟိုကောင့်ကိုသတ်ပြီး အဲဒီမိန်းမပျက်ကို ချန်ထားလိုက်”

သိုင်းတာအိုပင်မခန္ဓာ၏ ငွေရောင်မျက်နှာဖုံးအောက်မှာ သူ၏ အမူအရာက အေးစက်လာပြီး သူ၏ အကြည့်က မကောင်းဆိုးဝါးဆန်လာခဲ့၏။

“သွားကြရအောင်”

နတ်ဆိုးမကျိက သိုင်းတာအိုပင်မခန္ဓာ၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲပြီး ရှေးဟောင်းမြို့စောင့်တပ်သားများကြားမှာ နောက်တစ်ဖန်ဝင်ရောက်ပုန်းကွယ်လို၏။

သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာက တုတ်တုတ်မျှလှုပ်မလာခဲ့ပေ။

“နင့်ကို အရင်က အနိုင်ကျင့်ခဲ့တာ အဲဒီလင်းရှန်လား”

ရုတ်တရက် သိုင်းတာအိုပင်မခန္ဓာက မေးလိုက်၏။

“ဟမ်”

နတ်ဆိုးမကျိက သိုင်းတာအိုပင်မခန္ဓာကိုတွေဝေရှုပ်ထွေးစွာ လှည့်ကြည့်လိုက်၏။

သိုင်းတာအိုပင်မခန္ဓာက မှင်သေသေဖြင့်ပြောလိုက်၏။

“ဒီမှာခဏလောက်စောင့်... ငါသူ့ကိုသတ်လိုက်ဦးမယ်”

“အာ... မလုပ်ပါနဲ့”

နတ်ဆိုးမကျိက တုန်လှုပ်သွားပြီး သူမ၏ မျက်နှာပေါ်ရှိ မျက်ရည်များကိုသုတ်ကာ အလောတကြီးပြောလိုက်၏။

“မလုပ်နဲ့... အဲဒီငစနူကောင်က အရမ်းကိုထုံထိုင်းတာ... ငါက သူ့ကို ကစားချင်သလိုကစားနေခဲ့တာ... ငါက သူနှစ်ပေါင်းများစွာသိမ်းဆည်းထားတဲ့ ရတနာမြေပုံကိုတောင်မှ လှည့်စားပြီး ယူလာခဲ့သေးတယ်”

“ဘယ်သူကမှ သူ့ကိုမပြောရင် သူက နှစ်ပေါင်းများစွာကြာအောင် ငါလှည့်စားတာခံနေခဲ့ရတယ်ဆိုတာတောင် သိမှာမဟုတ်ဘူး”

သိုင်းတာအိုပင်မခန္ဓာသည် ရှေ့သို့အရမ်းကာရောတက်လှမ်း​ပြီး သူမအတွက် စိတ်လိုက်မာန်ပါပြုလုပ်မည်ကို နတ်ဆိုးမကျိက စိုးရိမ်နေ၏။

မည်သို့ပင်ဆိုစေ လင်းရှန်ဘက်မှာ မိစ္ဆာဘုရင်ခြောက်ပါးရှိနေ၏။

သူတို့ကြားမှာ နှစ်ယောက်က အန္တိမမိစ္ဆာဘုရင်များဖြစ်လေသည်။

နတ်ဆိုးမကျိသည် သိုင်းတာအိုပင်မခန္ဓာအကြောင်းကို ကြားဖူးထားခဲ့ပြီးသားဖြစ်၏။ သူမနားလည်သဘောပေါက်ထားသလောက် သိုင်းတာအိုပင်မခန္ဓာသည် ပကတိမိစ္ဆာတစ်ဦးသာဖြစ်ပြီး မိစ္ဆာဘုရင်များနှင့် မတိုက်ခိုက်နိုင်ပေ။

“သူ့ကိုထားလိုက်... ဒီကနေမြန်မြန်ထွက်ကြရအောင်”

နတ်ဆိုးမကျိက ထပ်မံ၍လောဆော်လိုက်၏။

လင်းရှန်သည် နတ်ဆိုးမကျိ၏ စကားကိုကြားသောအခါ သူ၏ မျက်နှာက ရှက်ရွံ့မှုဖြင့်နီမြန်းလာပြီး အော်ငေါက်လိုက်၏။

“မိန်းမပျက် နင်က ထွက်သွားချင်သေးတာလား”

သိုင်းတာအိုပင်မခန္ဓာက နတ်ဆိုးမကျိ၏ လက်ကို ဖယ်ရှားလိုက်၏။

“မင်းသူ့ကို မိန်းမပျက်လို့ခေါ်ခွင့်မရှိဘူး”

ထိုသို့သူပြောလိုက်သည့်ခဏမှာပင် သိုင်းတာအိုပင်မခန္ဓာ၏ ခြေဖဝါးက မြေပြင်ပေါ်သို့ ပြင်းထန်စွာဆောင့်နင်းချလိုက်၏။

ဝုန်းခနဲမြည်သံနှင့်အတူ ကျယ်လောင်သောပေါက်ကွဲသံထွက်ပေါ်လာပြီး မြေပြင်က လှုပ်ခါသွား၏။

ခမ်းနားထည်ဝါသော ရှေးဟောင်းမြို့တော်တစ်ခုလုံးက တသိမ့်သိမ့်လှုပ်ခါလာပုံရလေသည်။

မရေမတွက်နိုင်သော ရှေးဟောင်းမြို့စောင့်တပ်သားများကလည်း သူတို့၏ တိုက်ခိုက်မှုများကို ရပ်တန့်လိုက်ကြ၏။

ရွှစ်...

သိုင်းတာအိုပင်မခန္ဓာ၏ ပုံရိပ်က ရိပ်ခနဲလှုပ်ရှားသွားပြီး တစ်ခဏချင်းမှာပင် လင်းရှန်ရှေ့သို့ ရောက်ရှိလာ၏။

အဲဒါက အရမ်းကိုမြန်ဆန်လေသည်။

လင်းရှန်၏ သူငယ်အိမ်နှစ်ဖက်က တဆတ်ဆတ်လှုပ်သွား၏။

သိုင်းတာအိုပင်မခန္ဓာသည် မိစ္ဆာဘုရင်ခြောက်ပါး ဝန်းရံထားတာတောင် သူ့ကိုတိုက်ခိုက်ရဲလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

ဤလူက အကြောက်အလန့်ကင်းမဲ့၍ အတင့်ရဲလွန်း၏။

သူက ဘာလုပ်ဖို့ကြိုးစားနေတာလဲ။

ဤလူက မိစ္ဆာဘုရင်ခြောက်ပါးရှေ့မှာ သူ့ကိုသတ်ဖို့ကြိုးစားနေတာလား။

“အရှင်မင်းသား သတိထား”

လင်းရှန်နှင့် အနီးဆုံးမှာရှိသော မိစ္ဆာဘုရင်နှစ်ဦးက သူ့ဘေးသို့ ချက်ချင်းပင်ရောက်ရှိလာကြ၏။ သူတို့ထဲမှတစ်ယောက်က အန္တိမမိစ္ဆာဘုရင်တစ်ပါးဖြစ်လေသည်။

တစ်ချိန်တည်းမှာပင် အခြားသောမိစ္ဆာဘုရင်​လေးပါးကလည်း နတ်ဆိုးမကျိနောက်သို့ ဆက်မလိုက်တော့ဘဲ သိုင်းတာအိုပင်မခန္ဓာရှိရာဘက်သို့ ပြန်လှည့်လာကြ၏။

ာင်းတစ်ခုဖြစ်လာပေလိမ့်မည်။

All Chapters