မင်းသားကိုသတ်ဖြတ်ခြင်း
Vol. 169 Ch. 2535
ဝေါ...
လင်းရှန်၏ ဘေးမှာရှိသော မိစ္ဆာဘုရင်နှစ်ပါး၏ သွေးချီက တလိပ်လိပ်ထိုးတက်လာပြီး သူတို့၏ ခန္ဓာကိုယ်ထဲကနေ ဆူနာမီသံထွက်ပေါ်လာကာ သူတို့က သိုင်းတာအိုပင်မခန္ဓာထံသို့ ပြေးဝင်သွား၏။
ဘုန်း... ဘုန်း...
သိုင်းတာအိုပင်မခန္ဓာ၏ မျိုးဆက်သွေးက တလိပ်လိပ်ထိုးတက်လာပြီး သူ၏ ခန္ဓာကိုယ်ထဲကနေ မီးတောင်တစ်ခုပေါက်ကွဲထွက်ပေါ်လာသည့်အလားပင်။
သူ၏ သွေးချီက တရုန်းရုန်းထကြွလာပြီး ဒေါသူပုန်ထနေသောမီးတောက်များနှင့် ဧရာမမီးဖိုတစ်လုံးက သူ၏ ဘေးပတ်လည်မှာ ပေါ်ထွက်လာကာ လောကရှိအရာရာတိုင်းကို လောင်ကျွမ်းပြာချပစ်နိုင်ပုံရသည်။
အနှိုင်းမဲ့နတ်ဘုရားစွမ်းအား ကောင်းကင်နှင့်မြေကြီးမီးဖို။
နတ်ဘုရားစွမ်းအားများစွာနှင့် လျှို့ဝှက်အတတ်များကို မိစ္ဆာလိုဏ်ဂူ၏ အောက်ဘက်မှာ အသုံးမပြုနိုင်ပေ။
သိုင်းတာအိုပင်မခန္ဓာ၏ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားသည် အစကတည်းက မျိုးဆက်သွေးနယ်မြေတစ်ခုဖြစ်ပြီး လုံးဝကန့်သတ်ခံထားရခြင်း မရှိပေ။
သူတိုက်ခိုက်လိုက်သည့်ခဏမှာပင် သိုင်းတာအိုပင်မခန္ဓာသည် မိစ္ဆာဘုရင်ခြောက်ပါး၏ ကာကွယ်မှုအောက်မှာ မင်းသားလင်းရှန်ကို သတ်ဖြတ်လိုပြီး သူ၏ ခွန်အားအပြည့်အဝကို ထုတ်ဖော်လိုက်၏။
ဝုန်း...
သိုင်းတာအိုပင်မခန္ဓာက သူ၏ ဘယ်လက်လက်ဖြင့် ပစ်ထိုးပြီး ကောင်းကင်လိုဏ်ဂူအသေး မိစ္ဆာဘုရင်ကို ထိမှန်သွားစေ၏။
မိစ္ဆာဘုရင်က ဆတ်ခနဲတုန်ယင်သွားပြီး တုန်လှုပ်စရာကောင်းသော အင်အားတစ်ရပ်ကို ခံစားလိုက်ရသည်။ သူသည် သိုင်းတာအိုပင်မခန္ဓာထံမှ ထိုးချက်တစ်ချက်ဖြင့် လွင့်စင်ထွက်ပြီး သွေးများကို ထွေးထုတ်လိုက်ရ၏။
စောစောက ဂူသင်္ချိုင်းစင်္ကြံလမ်းမှာ သိုင်းတာအိုပင်မခန္ဓာသည် သူ၏ မျိုးဆက်သွေးနယ်မြေကို ထုတ်ဖော်အသုံးပြုခြင်းမရှိဘဲနှင့်တောင် ထိုးချက်လေးချက်ဖြင့် ကောင်းကင်လိုဏ်ဂူအသေးမိစ္ဆာဘုရင်တစ်ပါးကို သတ်ဖြတ်နိုင်ခဲ့သည်။
အခု... သူသည် မျိုးဆက်သွေးနယ်မြေ၏ အားဖြည့်ထောက်ပံ့မှုကိုရရှိထားပြီး သူ၏ ခွန်အားက ဆပွားတိုးလာကာ မိုးကောင်းကင်တက်လှမ်းခြင်းနန်းတော်မှ ဤမိစ္ဆာဘုရင်က လုံးဝမခုခံနိုင်ပေ။
ဘုန်း...
သိုင်းတာအိုပင်မခန္ဓာက သူ၏ ညာဘက်လက်ဖြင့်ပစ်ထိုးပြီး တစ်ဘက်မှုရှိသော အန္တိမမိစ္ဆာဘုရင်လုစန်းကို ထိခတ်သွားစေ၏။
လုစန်းသည် သိုင်းတာအိုပင်မခန္ဓာထံမှ ထိုးချက်တစ်ချက်ဖြင့် မိစ္ဆာဘုရင်တစ်ပါး လွင့်စင်ထွက်သွားသည်ကို တွေ့မြင်သောအခါ သူက ပေါ့ပေါ့ဆဆမပြုမူရဲဘဲ သူ၏ မျိုးဆက်သွေးနယ်မြေကို ချက်ချင်းပင်ထုတ်ဖော်လိုက်၏။
သူတို့နှစ်ယောက်သည် လက်သီးများဖြင့် ထိုးကြိတ်ပြီး သူတို့၏ မျိုးဆက်သွေးများက အဆက်မပြတ်ရိုက်ခတ်ကာ တစ်ခုကိုတစ်ခု ဝါးမျိုနေကြ၏။
လုစန်းသည် မည်သို့ပင်ဆိုစေ အန္တိမမိစ္ဆဘုရင်တစ်ပါးဖြစ်သည်။ သူသည် နှစ်ပေါင်းများစွာကြာအောင် ကောင်းကင်လိုဏ်ဂူအကြီးဖြင့် သူ၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးကို အားဖြည့်ထောက်ပံ့ထားပြီး သူက သာမန်မိစ္ဆာဘုရင်များထက် များစွာသာလွန်လေသည်။
သူသည် သိုင်းတာအိုပင်မခန္ဓာ၏ ကြမ်းကြုတ်ခက်ထန်သောစွမ်းအားကို ခုခံနိုင်နေ၏။
သိုင်းတာအိုပင်မခန္ဓာ၏ အကြည့်က သိပ်သည်းပြင်းထန်လာပြီး သူက ရှေ့သို့ နောက်ထပ်ခြေတစ်လှမ်းတိုးကာ နောက်ထပ်ထိုးချက်တစ်ချက်ကို ထုတ်ဖော်လိုက်၏။
“အချိန်ကိုက်ပဲ”
မိစ္ဆာဘုရင်လုစန်းကလည်း ဟိန်းဟောက်လိုက်ပြီး ခြေလှမ်းဝက်ပင်နောက်ဆုတ်ခြင်းမရှိဘဲ ပြန်လည်ပစ်ထိုးလိုက်၏။
ထိုစဥ်မှာပင် သိုင်းတာအိုပင်မခန္ဓာ၏ နှာရောင်ကနေ စတုရန်းကြေးမီးဖိုတစ်လုံးက ရုတ်တရက်ပစ်လွင့်ထွက်ပေါ်လာပြီး ရှေးကျ၍သိပ်သည်းလေးလံသော အော်ရာတစ်ခုကို ဖြာထုတ်ပေးနေ၏။
သိုင်းတာအိုပင်မခန္ဓာ၏ ထိုးချက်က အပြည့်အဝ ထွက်ပေါ်မလာခင် သူက ရုတ်တရက် နည်းဗျူဟာကို ပြောင်းလဲပြီး သူ၏ လက်သီးကို လက်ဖဝါးအဖြစ် အသွင်ပြောင်းလဲလိုက်၏။ သူသည် စတုရန်းကြေးမီးဖိုကို ဖမ်းဆွဲပြီး မိစ္ဆာဘုရင်လုစန်း၏ လက်သီးကို ပစ်ရိုက်ချလိုက်သည်။
“မင်း...”
မိစ္ဆာဘုရင်လုစန်း၏ မျက်လုံးက ပြူးကျယ်သွားပြီး သူက သူ၏ ဓမ္မရတနာကို အလောတကြီးထုတ်ယူလိုက်၏။ ကံဆိုးစွာနှင့်ပင် သူက နောက်ကျသွားရဆဲဖြစ်သည်။
ဖြောင်း...
သူ၏ ကိုယ်ကာယက သန်မာသော်လည်း သူသည် ငရဲဖိနှိမ်မီးဖို၏ ထိတွေ့ရိုက်ခတ်မှုကို ခံနိုင်ရည်မရှိပေ။
အရိုးမျိုးကျိုးသံတဖျောက်ဖျောက်နှင့်အတူတွဲဖက်၍ မိစ္ဆာဘုရင်လုစန်း၏ လက်တစ်ဖက်လုံးက ငရဲဖိနှိမ်မီးဖိုကြောင့် ကျိုးကြေသွားပြီး အသားများကပ်ငြိနေသောအရိုးများက တုန်လှုပ်စရာကောင်းသောပုံစံဖြင့် ထွက်ပေါ်လာ၏။
အန္တိမမိစ္ဆာဘုရင်တစ်ပါးအနေဖြင့် မိစ္ဆာဘုရင်လုစန်းသည် သူ၏ အဆင့်အတန်းပေါ် ယုံကြည်မှုရှိခဲ့သည်။ သိုင်းတာအိုပင်မခန္ဓာက လက်ဗလာဖြင့် တိုက်ခိုက်လာသည်ကိုတွေ့မြင်သောအခါ သူကလည်း သူ၏ ဓမ္မရတနာကို ချက်ချင်းမဆင့်ခေါ်ခဲ့ပေ။
သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာသည် သူ၏ နှင့်ငြိတွယ်တိုက်ခိုက်နေဖို့ စိတ်ကူးမရှိပေ။
သူသည် မိစ္ဆာဘုရင်လုစန်းနှင့်အချိန်ဖြုန်းနေပြီး အခြားသောမိစ္ဆာဘုရင်လေးဦးက နောက်ကနေလိုက်မီလာမည်ဆိုလျှင် သူသည် လင်းရှန်ကိုသတ်ဖြတ်ဖို့ အလွန်တရာခဲယဥ်းသွားပေလိမ့်မည်။
သိုင်းတာအိုပင်မခန္ဓာသည် မိစ္ဆာဘုရင်နှစ်ပါးကို ဖယ်ရှားရှင်းလင်းပြီး ထိန်းမနိုင်သိန်းမရစွမ်းပကားတစ်ခုနှင့်အတူ မင်းသားလင်းရှန်ကို သတ်ဖြတ်လို၏။
မိစ္ဆာဘုရင်လုစန်း၏ လက်တစ်ဖက်က ငရဲဖိနှိမ်မီးဖိုကြောင့် ကျိုးကြေသွားပြီး သူက အလောတကြီးနောက်သို့ဆုတ်ခွာလိုက်၏။
ထိုဆုတ်ခွာမှုနှင့်အတူ လင်းရှန်က အထင်းသားပေါ်ထွက်လာခဲ့၏။
“ဟာ..”
လင်းရှန်၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားပြီး သူ့ဘေးရှိ မိစ္ဆာဘုရင်ခြောက်ပါး၏ ကာကွယ်မှုနှင့်ပင်လျှင် သူက ကြီးမားသောအန္တရာယ်မှာ ကျရောက်နေဆဲဖြစ်သည်ကို နောက်ဆုံးနားလည်သဘောပေါက်သွား၏။
ရွှစ်... ရွှစ်... ရွှစ်....
သိုဝှက်လေဟာနယ်နှင့် အခြားသောမိစ္တာဘုရင်သုံးပါးက သူတို့၏ ကောင်းကင်လိုဏ်ဂူ စိတ်ဝိညာဥ်ရတနာများကို အလောတကြီးဆင့်ခေါ်ပြီး သိုင်းတာအိုပင်မခန္ဓာကို တိုက်ခိုက်လိုက်ကြ၏။
သိုင်းတာအိုပင်မခန္ဓာသည် သူ့နောက်ဘက်သို့ ငရဲဖိနှိမ်မီးဖိုကိုမြှောက်တင်ပြီး ဝင်ရောက်လာသော ကောင်းကင်လိုဏ်ဂူစိတ်ဝိညာဥ်ရတနာများကို ပိတ်ဆို့တားဆီးလိုက်သည်။
တစ်ချိန်တည်းမှာပင် သူက လင်းရှန်ထံသို့ ခုန်အုပ်လိုက်၏။
အတောမသတ်နိုင်သည့် ရှေးဟောင်းမြို့စောင့်တပ်သားများ ဝိုင်းပတ်ခံထားရပြီး လင်းရှန်သည် နောက်ဆုတ်စရာနေရာမရှိတော့ဘဲ သူ၏ အစွမ်းကုန်ဖြင့်သာ ခုခံလိုက်ရ၏။
သူသည် သိုင်းတာအိုပင်မခန္ဓာကို ခဏမျှတားဆီးထားပြီး အခြားသောမိစ္ဆာဘုရင်ခြောက်ပါးရောက်အလာကို စောင့်ဆိုင်းနိုင်သည်နှင့် သူက အသက်ရှင်နိုင်ပေလိမ့်မည်။
လင်းရှန်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သူ၏ သိုလှောင်အိတ်ထဲကနေ ကြေးမုံတစ်ချပ်ကို ထုတ်ယူကာ ဒိုင်းကာအဖြစ်အသုံးပြုလိုက်၏။
“မင်းက... ထိုးချက်ဘယ်လောက်များများကို ခံယူနိုင်မှာလဲ”
သိုင်းတာအိုပင်မခန္ဓာက လင်းရှန်မြှောက်တင်လိုက်သည့် ကြေးမုံရတနာကို လျစ်လျူရှုပြီး ပစ်ထိုးလိုက်၏။
ဖျောက်...
ကြေးမုံရတနာက ကြေမွသွား၏။
ခဏမျှသာရပ်တန့်သွားပြီး သိုင်းတာအိုပင်မခန္ဓာ၏ လက်သီးက ကြေးမုံရတနာကိုထိုးဖောက်ကာ လင်းရှန်၏ ဦးခေါင်းပေါ်သို့ ပြင်းထန်စွာကျဆင်းလာ၏။
ဖြောင်း...
နတ်ဘုရားတူတစ်လက်က ဆင်းသက်လာပြီး ဧရာမပုဆိန်တစ်လက်က တောင်များကို ထိုးခွဲလိုက်သည့်အလားပင်။
လင်းရှန်၏ ဦးခေါင်းက သိုင်းတာအိုပင်မခန္ဓာထံမှ ထိုးချက်တစ်ချက်ဖြင့်အပိုင်းပိုင်းကြေမွကာ သူ၏ အမြုတေစိတ်ဝိညာဥ်က နေရာမှာပင် ပျက်စီးသွား၏။
မိစ္ဆာလိုဏ်ဂူ၏ ဝင်ပေါက်ဝမှာတုန်းက လင်းရှန်သည် သိုင်းတာအိုပင်မခန္ဓာထံမှ သာမန်ကာလျှံကာ ထိုးချက်တစ်ချက်ဖြင့်ပင် ဒဏ်ရာအပြင်းအထန်ရရှိပြီး သွေးများကိုအန်ထုတ်ခဲ့ရ၏။
ယခုအချိန်မှာ သိုင်းတာအိုပင်မခန္ဓာသည် သူ၏ မျိုးဆက်သွေးနယ်မြေ ကောင်းကင်နှင့်မြေကြီးမီးဖိုကို ထုတ်ဖော်ထားပြီး သူ၏ ခွန်အားက ဆပွားတိုးလာခဲ့၏။ လင်းရှန်သည် အဲဒါကို လုံးဝမခုခံနိုင်ဘဲ နေရာမှာတင် သတ်ဖြတ်ခံလိုက်ရလေသည်။
တစ်ချိန်တည်းမှာပင် မိစ္ဆာဘုရင်လေးပါး၏ ကောင်းကင်လိုဏ်ဂူစိတ်ဝိညဥ်ရတနာများသည် နောက်ဆုံးမှာ ငရဲဖိနှိမ်မီးဖို၏ ဟန့်တားမှုကိုဖြတ်ကျော်ပြီး သိုင်းတာအိုပင်မခန္ဓာပေါ်သို့ ဆင်းသက်လာခဲ့၏။
ဘန်း... ဘန်း..
ဖွီ...
သိုင်းတာအိုပင်မခန္ဓာသည် ဧရာမချိပ်စည်းတစ်ခုနှင့် ကြေးနီလှံတစ်လက်၏ ပစ်ဆောင့်မှုနှင့် ဒယီးဒယိုင်ဖြစ်သွား၏။ သူ၏ ရင်ဘတ်နှင့် ဝမ်းဗိုက်ပေါ်မှာ ဒဏ်ရာနှစ်ခုပေါ်ထွက်လာပြီး လတ်ဆတ်သောသွေးများက တစ်စက်စက်စီးကျလာ၏။
ကောင်းကင်နှင့်မြေကြီးမီးဖို၏ မျိုးဆက်သွေးနယ်မြေဖြစ်စဥ်က ကောင်းကင်လိုဏ်ဂူအကြီးစိတ်ဝိညာဥ်ရတနာလေးခုကြောင့် ကြေမွကာပျက်ပြယ်သွား၏။
“အာ...”
နတ်ဆိုးမကျိက ထိုသည်ကို တွေ့မြင်သောအခါ စိုးရိမ်ပူပန်စွာဖြင့် ထိတ်လန့်တကြား အော်လိုက်၏။
သို့သော်မကြာခင် သိုင်းတာအိုပင်မခန္ဓာသည် သူ့ကိုယ်သူလျင်မြန်စွာဟန်ချက်ထိန်းပြီး သူ၏ လက်ထဲရှိ ငရဲဖိနှိမ်မီးဖိုနှင့်အတူ မိစ္ဆာဘုရင်လေးဦးထံ ပြေးဝင်သွားသည်ကို သူမက တွေ့ရှိလိုက်ရ၏။
သူတို့၏ အမြုတေစိတ်ဝိညာဥ်နှင့် ကောင်းကင်လိုဏ်ဂူများကို အသုံးပြုနိုင်ခြင်းမရှိဘဲ ကောင်းကင်လိုဏ်ဂူစိတ်ဝိညာဥ်ရတနာများ၏ အစစ်အမှန်စွမ်းအားကို ထုတ်ဖော်နိုင်မည်မဟုတ်ပေ။
ဒါ့အပြင် သိုင်းတာအိုပင်မခန္ဓာကို မျိုးဆက်သွေးနယ်မြေတစ်ခုက လွှမ်းခြုံထားခဲ့၏။ ကောင်းကင်လိုဏ်ဂူစိတ်ဝိညာဥ်ရတနာလေးခုက သူ့ကို ဒဏ်ရာရရှိစေခဲ့သော်လည်း သူ၏ အခြေခံအုတ်မြစ်ကို မထိခိုက်စေနိုင်ခဲ့ပေ။
အစစ်အမှန်သိုင်းတာအိုခန္ဓာအနေဖြင့် ဤကဲ့သို့သောဒဏ်ရာတစ်ခုကို လျစ်လျူရှု၍ရနိုင်၏။
တကယ်ဆို သိုင်းတာအိုပင်မခန္ဓာသည် ထိုဒဏ်ရာကို တကူးတကပင်ကုသနေခြင်းမရှိပေ။
အစစ်အမှန်သိုင်းတာအိုမှာပါဝင်သော အဆုံးမဲ့ဓမ္မတာအို မှော်စာလုံးများကပင် သူ၏ ဒဏ်ရာကို ကုသပေးနိုင်၏။
“ဘာလဲဟ”
သိုဝှက်လေဟာနယ်နှင့် အခြားသော မိစ္ဆာဘုရင်သုံးဦးက ရင်တစ်ချက်ထိတ်သွားကြ၏။
သူတို့သည် အဲဒါကို ကိုယ်တိုင်မြင်တွေ့ရခြင်းမရှိလျှင် သိုင်းတာအိုပင်မခန္ဓာကို အသွေးအသားဖြင့်ဖွဲ့စည်းထားသည်ဟု သူတို့က ယုံကြည်မိလိမ့်မည် မဟုတ်ပေ။
ကောင်းကင်လိုဏ်ဂူအကြီး စိတ်ဝိညာဥ်ရတနာလေးခုကို ထိပ်တိုက်ရင်ဆိုင်ကာ ခံယူပြီးနောက် သူသည် ဘာမှမဖြစ်ခဲ့သည့်အလား သူတို့ရှိရာသို့ ပြေးဝင်လာရဲသေးလေသည်။
မိစ္ဆာဘုရင်သိုဝှက်လေဟာနယ်က အရာရာတိုင်းကို ရှင်းလင်းစွာတွေ့မြင်လိုက်ရ၏။
သိုင်းတာအိုပင်မခန္ဓာ၏ ဒဏ်ရာပေါ်မှာ ခပ်ပါးပါးမီးတောက်တစ်လွှာပေါ်ထွက်လာပြီး သွေးထွက်ခြင်းက သိပ်မကြာခင် ရပ်တန့်သွား၏။
မီးတောက်များမှာ ဓမ္မတာအိုမှော်စာလုံးတချို့ပါဝင်နေသော လျှို့ဝှက်ဆန်းကြယ်သည့် အရောင်အဝါတစ်ခုအဖြစ် တောက်ပနေပုံရ၏။
ထိုဒဏ်ရာများက မြင်နိုင်သောနှုန်းထားဖြင့် သက်သာပျောက်ကင်းလာနေ၏။
သိုင်းတာအိုပင်မခန္ဓာက မိစ္ဆာဘုရင်လေးဦးရှေ့သို့ ရောက်ရှိလာသည့်အချိန်မှာ သူ၏ ထိခိုက်ဒဏ်ရာများက တစ်ဝက်ကျော်သက်သာပျောက်ကင်းသွားပြီဖြစ်၏။
ဘန်း.. ဘန်း... ဘန်း...
သိုင်းတာအိုပင်မခန္ဓာသည် ကြမ်းကြုတ်ခက်ထန်သောအော်ရာကိုထုတ်ဖော်ပြီး ငရဲဖိနှိမ်မီးဖိုကို ကိုင်မြှောက်ကာ မိစ္ဆာဘုရင်လေးဦးထံ ပစ်ရိုက်ချလိုက်၏။
အစကတော့ မိစ္ဆာဘုရင်လေးဦးသည် အတူပူးပေါင်းထားစဥ် သူတို့မှာ အားသာချက်ရှိနေခဲ့၏။ သို့သော်လည်း ထိုအခိုက်အတန့်မှာ သိုင်းတာအိုပင်မခန္ဓာ၏ အရူးအမူးတိုက်ခိုက်မှုတွင် သူတို့က ထိတ်လန့်ကြောက်ရွံ့မှုကို ခံစားလာရ၏။
မည်သို့ပင်ဆိုစေ မိစ္ဆာဘုရင်သုံးဦးက စောစောကတင် သိုင်းတာအိုပင်မခန္ဓာ၏ လက်ထဲမှာ သေဆုံးခဲ့ရ၏။
မင်းသား၏ သေဆုံးမှုနှင့်အတူ မိစ္ဆာဘုရင်လေးဦးက ထိတ်ထိတ်ပျာပျာဖြစ်လာပြီး သိုင်းတာအိုပင်မခန္ဓာက အခွင့်အလမ်းကို ချိန်ဆကာ သူတို့၏ အဟန့်အတားကိုချိုးဖျက်၍ နတ်ဆိုးမကျိ၏ ဘေးသို့ ပြန်လည်ရောက်ရှိလာကြသည်။
မိစ္ဆာဘုရင်မဟူရာကောင်းကင်နှင့် အခြားသူများက ထိုသည်ကိုတွေ့မြင်သောအခါ တိတ်တဆိတ်ဆွံ့အသွား၏။
အထီးကျန်သိုင်းသခင်က အရမ်းကို ကြမ်းကြုတ်ခက်ထန်လွန်းလေသည်။
သူသည် မိစ္ဆာဘုရင်ခြောက်ပါး၏ ကာကွယ်မှုအောက်မှာပင် မင်းသားကို အမှန်တကယ်သတ်ဖြတ်ခဲ့လေသည်။
မိစ္ဆာဘုရင်မဟူရာကောင်းကင်နှင့် အခြားသူများက စိတ်သက်သာရာရသွား၏။
အမှားအယွင်းတစ်စုံတစ်ရာမရှိလျှင် မိစ္ဆာဧကရာဇ်လင်းရှောင်သည် မင်းသားလင်းရှန်၏ သေဆုံးမှုကို သေချာပေါက်သတိထားမိလာပေလိမ့်မည်။
ထိုအချိန်ကျလျှင် သူတို့က လှုပ်ရှားခြင်းမရှိလျှင်တောင် မိစ္ဆာဧကရာဇ်လင်းရှောင်သည် သူ့သားအတွက် လက်စားချေသည့်အနေဖြင့် အထီးကျန်သိုင်းသခင်ကို သတ်ဖြတ်ပေလိမ့်မည်။
အထီးကျန်သိုင်းသခင်ကို နောက်ခံပေးထားသည့် ဧကရာဇ်ပိုရွှင်းက ရောက်ရှိလာပြီး အထီးကျန်သိုင်းသခင်က ကံကောင်းထောက်မစွာဖြင့် အသက်ရှင်နိုင်မည်ဆိုလျှင်တောင် ကိစ္စမရှိပေ။
မိစ္ဆာဧကရာဇ်များ ပေါ်ထွက်လာပြီး တိုက်ခိုက်ကြသည်နှင့် မိစ္ဆာမဟာနယ်မြေမှာ သွေးထွက်သံယိုတိုက်ပွဲတစ်ခုက သေချာပေါက်ဖြစ်ပွားလာပေလိမ့်မည်။ ထိုအချိန်က ရုန်းရင်းဆန်ခတ်ကြားမှာ သူတို့ကို မြင့်မားတိုးတက်စေမည့် အခွင့်အလမ်းကေ