← Chapters

မိစ္ဆာဘုရင်များ ပေါ်ထွက်လာခြင်း

Vol. 169 Ch. 2530

မိစ္ဆာဘုရင်များ ပေါ်ထွက်လာခြင်း

Vol. 169 Ch. 2530

နောက်ဆုံးမှာတော့ မိစ္ဆာဂိုဏ်းတစ်ဂိုဏ်း၏ သခင်လေးက လျင်မြန်စွာတုံ့ပြန်ပြီး တစ်ပိုင်းတစ်ပျက် အနက်ရောင်ကားချပ်ကို မြေပြင်ပေါ်သို့ ပစ်ချကာ လှည့်ထွက်ပြေးလိုက်၏။

သိုင်းတာအိုပင်မခန္ဓာက ထိုလူကို တစ်ချက်ကြည့်ပြီးနောက် တစ်ပိုင်းတစ်ပျက် အနက်ရောင်ကားချပ်ကို ကောက်ယူကာ သူ့နောက်သို့ ဆက်လိုက်သွားခြင်းမရှိပေ။

ကောင်းကင်ဘုံဆိုးယုတ်ဂိုဏ်း၏ သခင်လေးက ထိုသည်ကို တွေ့မြင်သောအခါ သူက ဆတ်ခနဲ တုန်ယင်သွားပြီး တူညီစွာ ပြုလုပ်လိုက်၏။ သူသည် တစ်ပိုင်းတစ်ပျက် အနက်ရောင်ကားချပ်ကို ပစ်ချပြီး အသက်ရှင်ဖို့မျှော်လင့်ကာ လှည့်ထွက်ပြေးလိုက်၏။

ကံဆိုးစွာနှင့်ပင် သိုင်းတာအိုပင်မခန္ဓာက သူ့ကို အခွင့်အရေးတစ်ခုပင် မပေးဘဲ သူ့နောက်သို့ ခြေလှမ်းအနည်းငယ်မှာ လိုက်မီလာပြီး ထိုးချက်တစ်ချက်ဖြင့် သူ့ကို သတ်ဖြတ်ပစ်လိုက်၏။

စောစောက ဤလူသည် သိုင်းတာအိုပင်မခန္ဓာကို ကိုင်တွယ်ဖို့အတွက် ကောင်းကင်ဘုံတက်လှမ်းခြင်းနန်းတော်ကို အသုံးချလိုကာ မိစ္ဆာလိုဏ်ဂူအပြင်ဘက်မှာ ပြဿနာရှာခဲ့လေသည်။

ထိုစဉ်တုန်းက သိုင်းတာအိုပင်မခန္ဓာက သူ့ကို လျစ်လျူရှုခဲ့၏။

ယခု ဤလူသည် သူ့ကို ထပ်မံ၍ ရန်စလာပြီး သူက ဤလူကို တမလွန်သို့ ပို့ပေးရပေမည်။

တစ်ခဏချင်းမှာပင် သခင်လေး ခုနစ်ယောက်ထဲမှာ လေးယောက်က သေဆုံးသွား၏။ သူတို့ထဲမှ သုံးယောက်က တစ်ပိုင်းတစ်ပျက် အနက်ရောင်ကားချပ်များကို ပစ်ချပြီး တိုက်ပွဲနယ်မြေကနေ အောင်မြင်စွာ ထွက်ပြေးနိုင်ခဲ့၏။ ကျန်ရှိနေသော ပကတိမိစ္ဆာများကလည်း ထွက်ပြေးလိုက်ကြ၏။

နောက်ကနေ လိုက်လာသော ကျင့်ကြံသူများသည် အထဲမှာဖြစ်ပျက်နေသည့်အရာကို မသိရှိကြပေ။ သူတို့သည် မိုးကောင်းကင်တက်လှမ်းခြင်းနန်းတော်နှင့် မဟူရာမိစ္ဆာဂိုဏ်းမှ ပကတိမိစ္ဆာပညာရှင်များ ထိတ်လန့်တကြားထွက်ပြေးလာသည်ကို တွေ့မြင်သောအခါ သူတို့ကလည်း ကြောက်လန့်သွားပြီး တစ်ယောက်ပြီးတစ်ယောက် နောက်ပြန်ဆုတ်ကာ ထွက်ပြေးလိုက်ကြ၏။

မိစ္ဆာလိုဏ်ဂူထဲမှာ ထူးဆန်းသော မြင်ကွင်းတစ်ခု ပေါ်ထွက်လာ၏။

ကျင့်ကြံသူအများစုသည် ဖြစ်ပျက်နေသည့်အရာကို မသိရှိကြဘဲ သူတို့သည် ရှေ့တည့်တည့်မှ ရုန်းရင်းဆန်ခတ်အခြေအနေကို တွေ့မြင်သောအခါ အလောတကြီး လှည့်ထွက်ပြေးလိုက်ကြ၏။

“မြန်မြန်ထွက်ပြေးကြ…. ကောင်းကင်လိုဏ်ဂူတစ်ပိုင်းအဆင့်ပညာရှင်တွေတောင် အထဲမှာ သေကုန်ကြပြီ”

“ဘာတွေဖြစ်နေတာလဲ… သူတို့ကို ဘယ်သူသတ်လိုက်တာလဲ”

“ငါလည်း မပြောတတ်ဘူး… ကြောက်စရာကောင်းတဲ့ သတ္တဝါတစ်ကောင် ပေါ်ထွက်လာတဲ့ပုံပဲ”

“အဲဒါတော့ ဆိုးပြီ…. မြေအောက်အနက်ပိုင်းထဲမှာ ကြောက်စရာကောင်းတဲ့သတ္တဝါတစ်ကောင် ပေါ်ထွက်လာပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို စတင်နေပြီ”

ရုန်းရင်းဆန်ခတ်ကြားမှာ သတင်းအချက်အလက်များက ပို၍ပင် ရယ်စရာကောင်းလာခဲ့၏။

ကျင့်ကြံသူများစွာသည် မိစ္ဆာလိုဏ်ဂူထဲကနေ ထွက်ပြေးလာသောအခါ ပြောဆိုမှုများက အမျိုးမျိုးထွက်ပေါ်လာ၏။

“မြေအောက်မှာ ကြောက်စရာကောင်းတဲ့ သတ္တဝါတစ်ကောင်က နိုးထလာပြီး လူသားတွေကို စားသုံးနေပြီ”

“အဲဒါတော့ ဆိုးပြီ…. မိစ္ဆာဧကရာဇ်တစ်ပါးက နိုးထလာပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတစ်ခုကို စတင်နေတယ်လို့ ငါကြားတယ်”

မိစ္ဆာလိုဏ်ဂူ၏ အပြင်ဘက်ကနေ စောင့်ကြပ်နေသော မိစ္ဆာကျင့်ကြံသူသန်းချီသည် ထိတ်လန့်တကြားထွက်ပြေးလာသည့် မိစ္ဆာကျင့်ကြံသူများကို တွေ့မြင်သောအခါ သူတို့ကလည်း ထိတ်ထိတ်ပျာပျာဖြစ်သွားကြ၏။

“အရှင်မင်းသား အရင်ဆုံး နောက်ကိုဆုတ်ရအောင်”

ပကတိမိစ္ဆာတချို့က မင်းသားလင်းရှန်ကို ကာကွယ်ပြီး နောက်သို့ဆုတ်ခွာလိုက်ကြ၏။

မိစ္ဆာတက်လှမ်းခြင်းနန်းတော်က လှုပ်ရှားလိုက်သည့်ခဏမှာပင် မဟူရာမိစ္ဆာဂိုဏ်းနှင့် အခြားသောမိစ္ဆာဂိုဏ်း ခြောက်ဂိုဏ်းကလည်း နောက်သို့ဆုတ်ခွာသွားကြ၏။ မည်သည့်ဂိုဏ်း၊ မည်သည့်အဖွဲ့အစည်းကမှ ဆက်မနေရဲတော့ဘဲ သူတို့သည် နောက်ကနေ လိုက်ပါလာကြ၏။

“မကြောက်ကြနဲ့”

ကောင်းကင်ထက်မှ လေဟာနယ်က ဆုတ်ပြတ်သွားပြီး လူရိပ်နှစ်ဆယ်ကျော်က ပေါ်ထွက်လာ၏။ သူတို့က သိပ်သည်းပြင်းထန်သော စွမ်းပကားနှင့်အတူ ဆင်းသက်လာပြီး လောကကို ငုံ့ကြည့်နေ၏။

ကောင်းကင်လိုဏ်ဂူနယ်ပယ် မိစ္ဆာဘုရင်နှစ်ဆယ်ကျော်…။

“မင်းတို့တွေ ဘာတွေ ပေါက်တတ်ကရပြောနေတာလဲ”

မိုးကောင်းကင်တက်လှမ်းခြင်းနန်းတော်၏ မိစ္ဆာဘုရင် သိုဝှက်လေဟာနယ်က သူ၏ ဘေးပတ်ဝန်းကျင်ကို အေးစက်စွာကြည့်ပြီး အော်ငေါက်လိုက်၏။

“အောက်ဘက်မှာ မြှုပ်နှံထားတဲ့ မိစ္ဆာဧကရာဇ်က သေဆုံးခဲ့တာ နှစ်ပေါင်းသန်းဆယ်ချီ ကြာသွားပြီ…. မဟာဧကရာဇ်တစ်ပါးတောင်မှ အဲ့လောက်ကြာကြာ အသက်ရှင်နိုင်မှာ မဟုတ်ဘူး”

မိစ္ဆာဘုရင်သိုဝှက်လေဟာနယ်သည် ကောင်းကင်ဘုံတက်လှမ်းခြင်းနန်းတော်၏ အန္တိမမိစ္ဆာဘုရင်တစ်ပါး ဖြစ်လေသည်။

ဤတစ်ခေါက်မှာ မိုးကောင်းကင်တက်လှမ်းခြင်းနန်းတော်ကပင် မိစ္ဆာဘုရင်ခုနစ်ပါးကို စေလွှတ်ခဲ့၏။ သူတို့ကြားမှာ အန္တိမမိစ္ဆာဘုရင်နှစ်ပါး ပါဝင်နေ၏။

အခြားသော ကောင်းကင်အဆင့် မိစ္ဆာဂိုဏ်းခုနစ်ဂိုဏ်းကလည်း တစ်ဂိုဏ်းကို မိစ္ဆာဘုရင် နှစ်ယောက် သို့မဟုတ် သုံးယောက်စီ စေလွှတ်ခဲ့ကြ၏။

သူတို့ထဲမှာ တစ်ခါက အထီးကျန်သိုင်းသခင်နှင့် တိုက်ခိုက်ခဲ့သည့် အန္တိမမိစ္ဆာဘုရင်လေးပါးဖြစ်သော မဟူရာမိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်၊ မိစ္ဆာနတ်ဆိုးမဟူရာကောင်းကင်၊ ငရဲမြစ်စံအိမ်၏ စံအိမ်သခင်နှင့် နတ်ဘုရားမိစ္ဆာတောင်ကြောရိုး၏ ပိုင်နက်အရှင်တို့ကလည်း ပါဝင်လေသည်။

မိစ္ဆာဘုရင်များ၏ စိတ်နေစရိုက်၊ အကဲဖြတ်မှု၊ ဗဟုသုတနှင့် အတွေ့အကြုံက လက်ရှိအခြားသော မိစ္ဆာများထက် များစွာသာလွန်လေသည်။

မိစ္ဆာဧကရာဇ်၏ ဂူသင်္ချိုင်းသည် ချိပ်ပိတ်ခံထားရသည်မှာ နှစ်ပေါင်းသန်းဆယ်ချီ ကြာသွားခဲ့ပြီဖြစ်၏။ ထိုနေရာမှာ တမလွန်စစ်သားများနှင့် တစ္ဆေသရဲများ ရှိနေမည်ဆိုလျှင်တောင် သူတို့က သာမန်သာဖြစ်ပေလိမ့်မည်။ သို့သော်လည်း မည်သည့်သက်ရှိကမှ ပေါ်ထွက်မလာနိုင်ပေ။

သိပ်မကြာခင် မိုးကောင်းကင်တက်လှမ်းခြင်းနန်းတော်နှင့် အခြားသော မိစ္ဆာဂိုဏ်းခုနစ်ဂိုဏ်းမှ ပကတိမိစ္ဆာများနှင့် သခင်လေးသုံးယောက်က နောက်ဘက်ကနေ ထွက်ပြေးရောက်ရှိလာကြ၏။

မိစ္ဆာနတ်ဆိုးမဟူရာကောင်းကင်၊ ကောင်းကင်ဘုံဆိုးယုတ်ဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် အခြားသူများသည် သူတို့၏ သခင်လေးများကို မတွေ့မြင်သောအခါ သူတို့သည် တစ်စုံတစ်ရာ လွဲမှားနေသည်ကို တဖြည်းဖြည်း အာရုံခံမိသွားပြီး သူတို့၏ အမူအရာများက သုန်မှုန်တည်တံ့လာ၏။

“ဘာတွေဖြစ်နေတာလဲ”

မင်းသားလင်းရှန်က ရှေ့သို့ အလောတကြီးတက်ပြီး မေးလိုက်၏။

“အထဲမှာ ဘာတွေဖြစ်နေတာလဲ”

ကောင်းကင်ဘုံတက်လှမ်းခြင်းနန်းတော်၏ ပကတိမိစ္ဆာက အကြောက်မပြေသေးဘဲ အမောတကော ပြောလိုက်၏။

“အထီးကျန်သိုင်းသခင်က ရှေ့ကနေ အရင်သွားနှင့်ပြီး ရတနာတွေအားလုံးကို လုယူခဲ့တယ်”

“အဲဒီလူတစ်ယောက်တည်းက ခန်းမနှစ်ခုထဲမှာရှိတဲ့ ရတနာတွေအားလုံးကို ဆက်တိုက်သိမ်းယူသွားခဲ့တယ်”

“သွမ့်မင်၊ စုန့်ရှစ်နဲ့ မိစ္ဆာဂိုဏ်းတွေရဲ့ တခြားသခင်လေးတွေက အဲဒါကို သည်းမခံနိုင်တဲ့အတွက် ရှေ့ကိုထွက်ပြီး သူ့ဆီကနေ ရတနာတွေကို ထုတ်ပေးခိုင်းခဲ့တယ်… အဲဒီမှာတင်ပဲ သူက ရုတ်တရက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခုကို စတင်လိုက်တာပဲ… တာအိုရောင်းရင်းသွမ့်မင်နဲ့ တာအိုရောင်းရင်းစု့န်ရှစ်တို့က အဲဒီလူရဲ့ထိုးချက်နှစ်ချက်နဲ့ သတ်ဖြတ်ခံလိုက်ရတယ်”

“ထိုးချက်နှစ်ချက်နဲ့လား”

မင်းသားလင်းရှန်က သူ့မျက်လုံးကို မှေးကျဉ်းပြီး သူ၏ သူငယ်နှစ်ဖက်က တင်းကျပ်သွား၏။

မိစ္ဆာနတ်ဆိုးမဟူရာကောင်းကင်၊ ငရဲမြစ်စံအိမ်၏ စံအိမ်သခင်နှင့် အခြားသော အန္တိမမိစ္ဆာဘုရင်များက အကြည့်ချင်းဖလှယ်ပြီး သူတို့၏ စိတ်များထဲမှ တူညီသောအတွေးက ပေါ်ထွက်လာ၏။

အထီးကျန်သိုင်းသခင်သည် ယခင်ကထက် များစွာပိုမိုသန်မာလာခဲ့ပြီဖြစ်သည်။

ပကတိမိစ္ဆာက မိစ္ဆာနတ်ဆိုးမဟူရာကောင်းကင်နှင့် အခြားသူများကို တစ်ချက်ကြည့်ပြီးနောက် ဆက်ပြောလိုက်၏။

“မဟူရာမိစ္ဆာဂိုဏ်း၊ ငရဲမြစ်စံအိမ်၊ နတ်ဘုရားမိစ္ဆာတောင်ကြောရိုးနဲ့ ကောင်းကင်ဘုံဆိုးယုတ်ဂိုဏ်းက သခင်လေးတွေက အထီးကျန်သိုင်းသခင် သတ်လို့ သေသွားပြီ”

“အ ထီး ကျန် သိုင်း သ ခင်…”

မိစ္ဆာနတ်ဆိုးမဟူရာကောင်းကင်နှင့် အခြားသော မိစ္ဆာဘုရင်များ၏ အကြည့်များက အေးစက်ခက်ထန်လာခဲ့၏။

တကယ်တော့ သူတို့သည် ဧကရာဇ်ပိုရွှင်းကို စိုးရိမ်ထိတ်လန့်နေကြဆဲဖြစ်၏။ သို့သော် ယခုအခါ မိစ္ဆာလိုဏ်ဂူ၏ အောက်ဘက်မှာ မြှုပ်နှံထားသော ရတနာများက မရေမတွက်နိုင်အောင် ရှိနေ၏။ ဘယ်သူက အဲဒါကို လောဘမတက်ဘဲနေမှာလဲ။

ဒါ့အပြင် အထီးကျန်သိုင်းသခင်က ဤမိစ္ဆာလိုဏ်ဂူထဲမှာ သေသွားရပြီဆိုလျှင် ဧကရာဇ်ပိုရွှင်းပင် အဲဒါကို ဘယ်သူပြုလုပ်သလဲ သိချင်မှ သိပေလိမ့်မည်။

မိစ္ဆာဧကရာဇ်၏ ဂူသင်္ချိုင်းက ထောက်လှမ်းမှုများအားလုံးကို ပိတ်ဆို့တားဆီးထားပြီး သူတို့၏ စိတ်ဝိညာဉ်အသိစိတ်ပင်လျှင် အထဲကို မထောက်လှမ်းနိုင်ပေ။

“အထဲမှာ တခြားဘာအန္တရာယ်တွေ ရှိသေးလဲ”

မိုးကောင်းကင်တက်လှမ်းခြင်းနန်းတော်၏ မိစ္ဆာဘုရင်သိုဝှက်လေဟာနယ်က လေးနက်သောအသံဖြင့် မေးလိုက်၏။

“မရှိဘူး… ခရီးစဉ်က ချောချောမွေ့မွေ့ပဲ… အထဲမှာ ထောင်ချောက်တွေ ချောင်းမြောင်းတိုက်ခိုက်တာတွေ…. ရုပ်သေးရုပ်တွေ ဘာမှမရှိဘူး… အထီးကျန်သိုင်းသခင်ကပဲ ကျုပ်တို့ကိုတိုက်ခိုက်ပြီး ဘာထောက်ထားမှုမှမရှိဘဲ ရတနာတွေအားလုံးကို လုယူသွားတာ”

ထိုပကတိမိစ္ဆာက အလောတကြီး ပြန်ဖြေလိုက်၏။

“အထီးကျန်သိုင်းသခင်က တော်တော်မောက်မာပြီး စိတ်ကြီးဝင်နေတာပဲ… သူက ဒီတစ်ခေါက် အရမ်းကို လွန်သွားပြီ”

မင်းသားလင်းရှန်သည် ကောင်းကင်လိုဏ်ဂူတစ်ပိုင်းအဆင့် သွမ့်မင်နှင့် စုန့်ရှစ်တို့ သေဆုံးသွားပြီကို ကြားသိရသောအခါ သိုင်းတာအိုပင်မခန္ဓာပေါ် သူ၏ သတ်ဖြတ်လိုစိတ်က ပိုမိုပြင်းထန်လာပြီး သူက ဖြည်းဖြည်းချင်းပြောလိုက်၏။

“အောက်ဘက်က မိစ္ဆာလိုဏ်ဂူထဲမှာ ဘာအန္တရာယ်မှ မရှိဘူးဆိုမှတော့ ခင်ဗျားတို့ မိစ္ဆာဘုရင်တွေက ဘာထိန်ချန်ထားစရာ မလိုတော့ဘူး… ဂူသင်္ချိုင်းထဲကို ကျုပ်နောက်က လိုက်ပြီး အထီးကျန်သိုင်းသခင်ကို အမဲလိုက်ကြတာပေါ့”

“ကောင်းပြီလေ”

မိစ္ဆာဘုရင်သိုဝှက်လေဟာနယ်နှင့် အခြားသူများက တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သဘောတူလိုက်ကြ၏။

မင်းသားလင်းရှန်ကို ကာကွယ်ဖို့အပြင် သူတို့မှာ အခြားသောရည်ရွယ်ချက် ရှိနေ၏။ သူတို့သည်လည်းပဲ မိစ္ဆာဧကရာဇ်၏ ဂူသင်္ချိုင်းထဲမှာ အခွင့်အလမ်းတချို့ကို ရှာဖွေလိုလေသည်။

သူတို့သည် အဆင့်ချိုးဖျက်တက်လှမ်းပြီး ပြီးပြည့်စုံသော ကောင်းကင်လိုဏ်ဂူများကို စုဖွဲ့နိုင်မည်ဆိုလျှင် သူတို့သည် ဧကရာဇ်နယ်ပယ်နှင့် ခြေတစ်လှမ်း ပိုမိုနီးကပ်လာပေလိမ့်မည်။

မင်းသားလင်းရှန်က မိစ္ဆာလိုဏ်ဂူကို တည်တံ့စွာ တစ်ချက်ကြည့်ပြီးနောက် အံကိုကြိတ်ကာ ပြောလိုက်၏။

“အထီးကျန်သိုင်းသခင်… မိစ္ဆာမဟာနယ်မြေမှာ ဘယ်သူက ဆရာကြီးလဲဆိုတာ ဒီနေ့ မင်းကို ငါပြပေးမယ်”

လင်းရှန်က သူ၏ လက်ကို ဝှေ့ယမ်းလိုက်ပြီး သိုဝှက်ကောင်းကင်နှင့် ကောင်းကင်ဘုံတက်လှမ်းခြင်းနန်းတော်မှ အခြားသော မိစ္ဆာဘုရင်များက သူ့ကို ဝိုင်းပတ်ကာ မိစ္ဆာလိုဏ်ဂူထဲသို့ တစ်ချိန်တည်းမှာ ဝင်ရောက်သွားကြ၏။

မိစ္ဆာနတ်ဆိုးမဟူရာကောင်းကင်၊ ငရဲမြစ်စံအိမ်၏ စံအိမ်သခင်၊ နတ်ဘုရားမိစ္ဆာတောင်ကြောရိုး၏ ပိုင်နက်အရှင်၊ လေမိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် အခြားသော မိစ္ဆာဘုရင်များကလည်း တွေဝေတုံ့ဆိုင်းမနေဘဲ မိစ္ဆာလိုဏ်ဂူထဲသို့ ချက်ချင်းပင် လိုက်ဝင်လာကြ၏။

ခဏနေပြီးနောက် မိစ္ဆာလိုဏ်ဂူ၏ အပြင်ဘက်မှာ ရစ်သီရစ်သီလုပ်နေသော မိစ္ဆာတချို့က နောက်ဆုံး ဆက်လက်၍ တောင့်မခံနိုင်တော့ဘဲ လိုက်ပါဝင်ရောက်သွားကြ၏။

ထို့နောက် မိစ္ဆာများက ရှေ့သို့ နောက်တစ်ဖန် ချီတက်တိုးဝင်လာကြသည်။

မိစ္ဆာလိုဏ်ဂူ၏ အနက်ပိုင်းထဲမှာ သိုင်းတာအိုပင်မခန္ဓာသည် တစ်ပိုင်းတစ်ပျက် အနက်ရောင်ကားချပ်ခုနစ်ခုကို သိမ်းယူပြီး မြေပြင်ပေါ်မှ သိုလှောင်အိမ်များစွာကို ကောက်ယူလိုက်၏။

သူသည် သာမန်ကာလျှံကာ တစ်ချက်ကြည့်ပြီးနောက် ထိုအရာများကို သိမ်းဆည်းလိုက်၏။

ထိုသိုလှောင်အိမ်များထဲရှိ မည်သည့်ရတနာကမှ သူ၏ စိတ်အာရုံကို ရရှိဖို့ မထိုက်တန်ပေ။

သို့သော်လည်း သူသည် ထိုအရာများကို ထျန်ဟွမ်ဂိုဏ်းသို့ ပြန်ယူသွားဖို့ ပြင်ထားလေသည်။ သူ၏ အကြည့်က တစ်ပိုင်းတစ်ပျက် အနက်ရောင်ကားချပ်ခုနစ်ခုပေါ်သို့ ဆင်းသက်ရောက်ရှိသွား၏။

ရတနာများစွာကြား သူ့ကို စိတ်ဝင်စားစေသည့်အရာမှာ ထိုတစ်ပိုင်းတစ်ပျက် အနက်ရောင်ကားချပ်ခုနစ်ခုသာ ဖြစ်လေသည်။

ထူးဆန်းစွာပင် သူသည် တစ်ပိုင်းတစ်ပျက်အနက်ရောင်ကားချပ်ခုနစ်ခုကို စုစည်းပြီးနောက် သူတို့သည် မည်သည့်လွဲချော်မှုမှ မရှိဘဲ သူတို့ဘာသာသူတို့ အတူတကွ ချိတ်ဆက်သွားကြလေသည်။

All Chapters