အခန်း (၁၆)
Vol. 2 Ch. 16
ဖန်ချီရဲ့ ရွဲ့စောင်းပြောနေတာကို ဖန့်ရှောင်နွမ်က မကြားလို့ ပြန်မပြောခြင်း မဟုတ်ပေ။ စားပွဲဝိုင်းမှာ ရှိနေတဲ့လူတွေရဲ့ အချိန်တွေကို မဖြုန်းချင်၍သာ ဖြစ်သည်။ ဘဝမှာ ကောင်းကောင်း မပြုမူတတ်တဲ့သူနဲ့ သူမ ရန်မဖြစ်ချင်ဘူး။ သို့သော် ဖန်ချီက ရွဲ့စောင်းပြောတဲ့နေရာမှာ သူမရဲ့ မိသားစုနာမည်ကို သုံးနေသည်။ ဒါကြောင့် သူမ ဒီထပ်ပိုပြီး သည်းခံနေလို့မရတော့ဘူး။
ဒီလိုပြောလိုက်တာတွေအတွက် ဖန့်ရှောင်နွမ် ထပ်ပြီး စိတ်ရှည် သည်းမခံနိုင်တော့ပေ။ သူမ အသက်ပြင်းပြင်းရှုပြီး ခေါင်းခါလိုက်သည်။ သူမက “ယောင်းမပြောတာတွေက တကယ်ကို နားမခံသာစရာတွေပဲ။ အာ……ယောင်းမလည်း လူပဲလေ။ ဘာလို့ ယောင်းမက ဝမ်မိသားစုရဲ့ ခွေးဖြစ်ချင်ရတာလဲ? အဲ့ဒါ့က တကယ်ကို ကြီးကျယ်မြင့်မြတ်တယ်လို့ ထင်ရင်လည်း ဆက်လုပ်ပါ။ ကျွန်မတို့ မိသားစုက လူ့သဘာဝကို နားလည်တတ်တဲ့ သတ္တဝါကြီးတစ်ကောင်ရှိနေလည်း အဆင်ပြေပါတယ်။”လို့ ပြောလိုက်သည်။
ဖန်ချီက လက်မခံနိုင်လောက်တော့တဲ့အထိ ဒေါသတွေထွက်နေသည်။ သူမ ထရပ်လိုက်ပြီး ဖန့်ရှောင်နွမ်ကို လက်ညှိုးထိုးလိုက်သည်။ “နင်က နာမခံတတ်ဘူးပဲ၊ ဘာလဲ၊ နင်က သေချင်နေတာလား?”
ဖန်ချီက ဖန့်ရှောင်နွမ်ကို အရွဲ့တိုက်ပြီး စော်ကားနေတာကြာပြီ။ ဖန့်ရှောင်နွမ်က သည်းမခံနိုင်တော့ဘဲ တိုက်ရိုက်ပြောလိုက်သည်။
ဖန့်ရှောင်နွမ်ရဲ့ စကားတွေကြောင့် ကျီလင်းချန် မှင်သက်သွားရသည်။ ဒီမိန်းကလေးက အကုန်ပြောရဲပြီး ဘာကိုမှ ကြောက်မနေဘူး။ သူမက ဖန်ချီကိုတောင် စော်ကားရဲတယ်။ သူမက တစ်မိသားစုလုံးရဲ့ ရှေ့မှာ ဖန်ချီကို သတ္တဝါတစ်ကောင်လို့ ခေါ်လိုက်သည်။
ဒါ့အပြင် ကျီခန့်တိက ဖန်ချီရဲ့ဘေးမှာ ထိုင်နေသည်။ သူမရဲ့ စကားတွေကို ကြားလိုက်တဲ့အခါ သူတို့ရဲ့ မျက်နှာထားတွေ ပျက်ကုန်သည်။
ဖန့်ရှောင်နွမ် ပြောလိုက်တဲ့ စကားတွေက နားဝင်မချိုတာတော့ အမှန်ပဲ၊ ဒါပေမဲ့ ကျီခန့်တိက နားမကန်းနေဘူး။ ဒီလိုစကားများအောင် ဖန်ချီက စပြောခဲ့တယ်ဆိုတာ သူ သိနေသည်။ “ထိုင်စမ်း၊ ထိုင်စမ်း။ ငါတို့က မိသားစုတွေပဲ။ ဘာလို့ ဒီလိုတွေပြောနေရမှာလဲ?” ကျီခန့်တိက ဘာမှ များများစားစား မပြောဘူး။ အဲ့ဒီအစား သူက ပွဲကို ပိုဆူအောင် လုပ်မိလိုက်သည်။
ပြောရရင် ဒီအချိန်မှ ကျီလင်းချန်က တစ်ခုခု ထပြောသင့်သည်။ သူသာ ဖန့်ရှောင်နွမ်ကို ပြောပြီး ထိန်းလိုက်ရင်၊ ဒီကိစ္စက ပြီးသွားပြီ။ သို့သော်၊ သူက ဘာမှဝင်မပြောချင်နေပေ။ တမင်တကာ ဘာမှမပြောဘဲ နေနေခဲ့သည်။ ဖန့်ရှောင်နွမ် ဒီကိစ္စကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို သူမြင်ချင်လို့။
ဖန်ချီက စော်ကားပြီး ပြောခံရတဲ့အတွက် အရမ်းဒေါသထွက်သွားသည်။ သူမ ဘေးနာက ဘေစင်ကိုကြည့်လိုက်ပြီး ဖန့်ရှောင်နွမ်ကို ရေနဲ့ပက်ဖို့ ကြံစည်လိုက်သည်။ သို့သော် ဖန့်ရှောင်နွမ်က သူမ ဘေစင်နားကပ်သွားပြီး ဘာလုပ်မလဲဆိုတာကို ကြိုသိနေသည်။
ဖန့်ရှောင်နွမ်က ထရပ်လိုက်ပြီး ရေခွက်ကို ဆွဲယူကာ ဖန်ချီကို ပက်လိုက်သည်။
ဒါပေမဲ့ ဖန်ချီဘေးနားထိုင်နေတဲ့ ကျီခန့်တိကို မတော်တဆ ပက်မိသွားခဲ့သည်။ ဖန့်ရှောင်နွမ်က တရိုတသေပဲ ဂါရဝပြုလိုက်သည်။ “ကျွန်မ တောင်းပန်ပါတယ် အစ်ကို။ မရည်ရွယ်ဘဲ အစ်ကို့ကို့ ပက်မိသွားတယ်”
ကျီခန့်တိမှာ ပြောစရာစကား ပြောက်ရှနေခဲ့သည်။
ကျီလင်းချန်လည်း ထို့အတူပင်။
......
ညီအစ်ကိုနှစ်ယောက်လုံး အဲ့အချိန်မှာ အံဩမှင်သက်နေကြသည်။
“အရူးမ နင်က ငါ့ကိုတောင် ရေနဲ့ ပက်ရဲတယ်ပေါ့” ဖန်ချီက ဒေါသတကြီးနဲ့ ပြောလိုက်သည်။ သူမလည်း ရေတွေစိုရွှဲနေသည်။
“ရှင် ဘာလုပ်မယ်ဆိုတာကို ကျွန်မက ကြိုသိထားရုံပါ။ ရှင်နဲ့ ကျွန်မနဲ့က ကျီမိသားစုဝင် အမျိုးသမီးတွေပဲလေ။ ကျွန်မက ရှင့်ထက် ငယ်တယ်၊ အဲ့ဒါကြောင့် ရှင့်ထက်လည်း ကျွန်မရဲ့ အဆင့်က နိမ့်ပါတယ်။”လို့ ဖန့်ရှောင်နွမ်က အေးအေးဆေးဆေး ပြောလိုက်သည်။ ပြီးတော့ သူမ ခုံမှာ ပြန်ထိုင်လိုက်နေလိုက်သည်။
သခင်ကြီးကျီက အိမ်တော်ထိန်းနဲ့အတူ ဝင်လာခဲ့သည်။ သူ ဝင်လာလာချင်း တစ်ခုခုမူမှန်နေမှန်း သတိထားမိသွားသည်။ သူ လျှောက်လာလေလေ မူမမှန်နေမှန်း သိသာလေလေပင်။
ဖန့်ရှောင်နွမ်က ဖန်ချီဘယ်လို ညည်းညူးမလဲဆိုတာကို စောင့်နေသည်။ ဒါပေမဲ့ သူမက ဘာမှမပြောပ။ ဘယ်လိုပဲဖြစ်နေပါစေ၊ ဖန့်ရှောင်နွမ်က မှားတဲ့သူမဟုတ်ပေ။ ဖန်ချီကသာ သူမကို အရင်ရန်စခဲ့တာဖြစ်သည်။
ဖန်ချီက ဘာမှပြောလို့မရတဲ့အတွက် အော်ပြီး စားပွဲဝိုင်းကနေ ထသွားခဲ့သည်။
“ဘာဖြစ်တာလဲ?” သခင်ကြီးကျီက မေးလိုက်သည်။
ဖန့်ရှောင်နွမ်က “ယောင်းမက သူ့ကိုယ်သူ ဝမ်မိသားစုရဲ့ သတ္တဝါဆိုးကြီးတစ်ကောင် ဖြစ်ချင်နေတာ။ သူမရဲ့ အနေအထားကို စိတ်ရှုပ်နေတာကို ကျွန်မ မြင်လိုက်သည်။ ဒါကြောင့် သူမ စိတ်ရှင်းသွားအောင် ကျွန်မလုပ်ပေးလိုက်တာ။ အခုဆို သူမ ပြောခဲ့တဲ့စကားတွေကို ပြန်ပြီး သုံးသပ်နေလောက်ပြီ။”လို့ ပြောလိုက်သည်။
ကျီခန့်တိက ဖန့်ရှောင်နွမ်ကို ကြည့်ပြီး ထရပ်ကာ “အဖေ၊ သား ဖန်ချီ နောက်ကို လိုက်သွားလိုက်ဉီးမယ်”လို့ ပြောလိုက်သည်။ အဲ့ဒီအချိန်မှာ သူက ဘာမှကို ပြောလို့မရဘူး။
“နွမ်နွမ် ပြောတာ အမှန်တွေပဲလား?” ကျီခန့်တိ ထွက်မသွားခင်မှာ သခင်ကြီးကျီက မေးလိုက်သည်။
ကျီခန့်တိက ပြန်မဖြေနိုင်ဘဲ စားပွဲဝိုင်းကနေ ထွက်သွားသည်။ ကျီလင်းချန်ရဲ့ အကြည့်တွေက ဖန့်ရှောင်နွမ်ဆီကို ဉီးတည်နေသည်။
သူက 'ဘယ်လိုဖြစ်ပြီး သူမက လိမ်ထားတာကိုတောင် အေးအေးဆေးဆေး နေနိုင်ရတာလဲ' လို့ သူ့ဘာသာ တွေးနေမိသည်။
“အဲ့ဒီလို ဖြစ်သွားခဲ့တာပါ။” ဖန့်ရှောင်နွမ်က သခင်ကြီးကျီကို ပြောလိုက်သည်။
ကျီလင်းချန်က ထရပ်လိုက်ပြီး ဘာမှမပြောဘဲ ထွက်သွားခဲ့သည်။ သူ ဘာကြောင့် ထွက်သွားလဲဆိုတာတောင် မပြောခဲ့ပေ။
စားပွဲဝိုင်းမှာ သူမနဲ့ သခင်ကြီးကျီ နှစ်ယောက်တည်း ရှိတော့တာကို သတိထားမိပြီး ဖန့်ရှောင်နွမ်လည်း ထရပ်လိုက်သည်။ “အဖေ၊ သမီး ယောကျာ်းနောက်ကို လိုက်သွားလိုက်ဦးမယ်။”
အဲ့လိုပြောပြီး ဖန့်ရှောင်နွမ်က ကျီလင်းချန်နောက်ကို လိုက်သွားသည်။ သူတို့နှစ်ယောက်လုံး တံခါးကနေ ထွက်သွားပြီး အပြင်ကို ထွက်ခဲ့ကြသည်။ လေပြေနွေးလေးတွေက တိုက်ခတ်နေတဲ့အတွက် ဖန့်ရှောင်နွမ်ရဲ့ ဆံနွယ်တွေ သူမရဲ့မျက်နှာပေါ်မှာ ဝဲနေသည်။ လေက သူမရဲ့ စကတ်ကိုလည်း လွင့်အောင်တိုက်နေသည်။ သူမစကတ်ရဲ့ ခေါက်ထားတဲ့အနားလေးတွေက ပြေကျနေသည်။
သူ့ရဲ့နောက်မှာ တစ်ခုခုရှိနေတယ်လို့ ခံစားလိုက်ရတဲ့အတွက် သူမရှေ့က ဝတ်ရုံရှည်ဝတ်ထားတဲ့သူက လမ်းလျှောက်တာ ရပ်လိုက်သည်။
“မင်း ငါ့နောက်ကို ဘာလို့လိုက်နေတာလဲ?” ကျီလင်းချန်က လှည့်ပြီးတော့ မေးလိုက်သည်။
“ကျီလင်းချန်၊ အိမ်ပြောင်းလိုက်ရအောင်။ ရှင် ကျွန်မကို ကတိပေးထားတယ်လေ။” ဖန့်ရှောင်နွမ်က တကယ်အမှန်တွေကို ပြောနေပြီး စိတ်မကောင်းဖြစ်နေသည်။ “ဒီနေ့ ဘာဖြစ်လိုက်လဲဆိုတာ ရှင် တွေ့တယ်မလား? ကျွန်မသာ ရှင့်အိမ်မှာ ဆက်နေနေရင် ရှင်မိသားစု စိတ်ဆိုးရင်စိတ်ဆိုး မဟုတ်ရင် ဆေးရုံရောက်ရလိမ့်မယ်။”
ကျီလင်းချန် ဘာမှပြန်မဖြေတာကို တွေ့တော့၊ ဖန့်ရှောင်နွမ်က “ကျွန်မ ရှင့်ကို တောင်းဆိုနေတာပါ၊ ဟုတ်ပြီလား?” လို့ အသနားခံပြီး မေးလိုက်သည်။