စီးပွားရေးလုပ်ငန်းရှင် ကျီလင်းချန်က ဘဝမှာ ဘယ်တော့မှ အိမ်ထောင်မပြုဖို့ ကျိန်ဆိုထားသည်။ သူ့ဘဝမှာ သူရဲ့နာမည်ကို အမည်းစက်ထင်စေတဲ့အရာကို တစ်ခုမှပင် မလုပ်ခဲ့ပေ။ သို့သော် တစ်နေ့မှာ သူ့ရဲ့ ဇနီး တွန်းအားပေးမှုကြောင့် သခင်လေးကျီက သူ့ဘဝကို အသစ်တစ်ဖန်ပြန်စခဲ့သည်။ လက်ထောက် ကျန်း - သခင်လေး ကျီ၊ သခင်မလေးက ကျန့်အိမ်ယာကို ဖျက်ဆီးနေပါတယ်။ ကျီလင်းချန် - သူမကို ကူညီဖို့ တခြားလူတွေကို ခေါ်လိုက်။ လက်ထောက် ကျန်း - အင်း……… ကျီလင်းချန် - ခဏနေဦး။ သူမ စိတ်အေးသွားပြီလား? လက်ထောက်ကျန်း - မပြေသေးပါဘူး။ ကျီလင်းချန် - ကျန်း အုပ်စုကို ဝယ်ယူဖို့အတွက် စလုပ်ဖို့ ဘုတ်အဖွဲ့ကို အကြောင်းကြားလိုက်။ လက်ထောက်ကျန်း - သခင်လေး ကျီ၊ သခင်မလေးက သခင်လေး ဝေ ကို ရိုက်နှက်လိုက်လို့ အခု သူဆေးရုံတက်နေရပါတယ်။ ကျီလင်းချန် - သူမ ဒီလောက်လုပ်ထားတာ တော်ပြီတဲ့လား? လက်ထောက်ကျန်း - လုပ်တာ တော်ချင်ပုံ မရပါဘူး။ ကျီလင်းချန် - ဆက်လုပ်ခိုင်းလိုက်ပါ။ တစ်နေ့ ဖန့်ရှောင်နွမ် ထပ်ပြီး ရန်ဖြစ်တာကို ကျီလင်းချန် သိသွားသည်။ သူ စားပွဲကို ပြင်းပြင်းထုပြီး ထရပ်လိုက်သည်။ “ဖန့်ရှောင်နွမ်၊ မင်း အရိုက်ခံချင်နေတာလား။” “အချစ်၊ ရှင်ပြောင်းလဲသွားပြီ။ ရှင်အရင်တုန်းက အဲ့လိုတစ်ခါမှ မပြုမူခဲ့ဖူးပါဘူး။” လို့ ဖန့်ရှောင်နွမ်က ခွန်းတုံ့ပြန်ခဲ့သည်။ ကျီလင်းချန်က သူမရဲ့ ကိုယ်ဝန်လွယ်ထားသော ဗိုက်ကို လက်ညှိုးထိုးပြီး “အရင်က မင်း တစ်ယောက်ထဲလေ။” လို့ ပြောလိုက်သည်။ ကိုယ်ဝန်ခုနစ်လနှင့် ရန်ဖြစ်နေခြင်းက သူမရဲ့ ရန်ဖြစ်ဖက်ကိုပဲ ကြောက်လန့်စေတာမဟုတ်ဘဲ ကျီလင်းချန်ရဲ့ တွေးခေါ်နိုင်စွမ်းတွေကိုပါ ထိတ်လန့်စေခဲ့သည်။ သို့တိုင်၊ ဖန့်ရှောင်နွမ်က ရန်မဖြစ်ရဘဲ အမြဲတမ်းအနိုင်ယူနိုင်သည့်အတွက် ကျေနပ်နေလေသည်။ ဖန့်ရှောင်နွမ်ရဲ့ ဒေါသတွေ ပြေလျော့သွားပြီး အနိုင်ကျင့်ခံနေရသလို အပြစ်ကင်းစင်တဲ့ မျက်လုံးတွေနဲ့ ကျီလင်းချန်ကို စိုက်ကြည့်နေသည်။ "မင်း နိုင်ပါတယ်ကွာ၊ လူဆိုးမလေး... လူဆိုးလေး ဘေးကင်းကင်းနဲ့ မွေးဖွားပြီးမှ ပြန်တိုက်ခိုက်လို့မရဘူးလား"

