← Chapters

အခန်း (၁၀၉)

Vol. 8 Ch. 109

အခန်း (၁၀၉)

Vol. 8 Ch. 109

ကျီလင်းချန် လမ်းလျှောက်လာပြီး ထိုင်ကာ မေးလိုက်သည်။ "မင်း ဘာကစားချင်တာလဲ"

သူ့မိန်းမက အဆင့်မြင့်ကတ်ဂိမ်းတွေ ကစားချင်နေတာလို့ သူထင်ခဲ့ပေမယ့် ဖန့်ရှောင်နွမ်က ပြောခဲ့သည်။ “Old Maid လား Fight the Landlord လား။ ရှင် ရွေးလိုက်"

ကျီလင်းချန် ခဏတာ ပြောစရာစကားမရှိဖြစ်သွားသည်။ သူ အကြိမ်အနည်းငယ် ချောင်းဆိုးပြီး မေးလိုက်သည်။ " ရှောင်နွမ်၊ မင်း လောင်ကစားရုံ ရောက်ဖူးလား"

ဖန့်ရှောင်နွမ် နှုတ်မှလျှတ်ခနဲထွက်သွားသည်။ “Underground လား legitimate လား။ Gambling လား swordsman slots လား"

ကျီလင်းချန် မျက်ခုံးပင့်ပြီး မေးလိုက်သည်။ “ဒီနေရာတွေအကုန်လုံး ရောက်ဖူးတာလား”

'အိုးနိုး၊ လွှတ်ခနဲပြောမိသွားပြီ ' ဖန့်ရှောင်နွမ် စိတ်မသက်မသာဖြစ်ပြီး အမြန်ပြောလိုက်သည်။ “မဟုတ်ပါဘူး၊ ကျွန်မ အဲ့တာတွေကို TV ထဲမှာပဲ မြင်ဖူးတာ။ အဲ့တာတွေထဲက တစ်နေရာကိုမှ မရောက်ဖူးဘူး။”

ကျီလင်းချန် က သူမကို မယုံဘူးဆိုတာ သိသာနေပြီး သူထပ်မေးလိုက်သည်။ “ဒါဆို ကတ်တွေကစားတဲ့ လောင်းကစားရုံကို ရောက်ဖူးလား”

ဖန့်ရှောင်နွမ် မြန်မြန် ခေါင်းခါပြီး ပြောလိုက်သည်။ "ဟင့်အင်း၊ ကျွန်မကိုသွားခွင့်မပေးဘူး။ အဖေက အဲ့ကိုသွားဖို့ တားတယ်”

"ဟုတ်တယ် မင်းအဖေပြောတာမှန်တယ်" ကျီလင်းချန် ခေါင်းညိတ်သဘောတူလိုက်သည်။ သူ့ဇနီးလေးက ငယ်သေးတယ်ဆိုတော့ သူမ ဒီလိုနေရာတွေကို ဘယ်လိုလုပ်ပြီးသွားမှာလဲ။ အဲ့မှာက လူအမျိုးမျိုးရှိပြီးတော့ အဲဒီနေရာက အရမ်းအန္တရာယ်များသည်။

ထိုစကားကို ပြောပြီးနောက် ဖဲထုပ်ကို ထုတ်ကာ လက်ဖဝါးထဲသို့ ထည့်လိုက်သည်။ ထို့နောက် ဖခင်ဖြစ်သူကို ကြည့်ပြီးမေးလိုက်သည်။ “ အဖေ Fight the Landlord ကစားနည်းကို သိလား” သူက Fight the Landlord ကစားခြင်းကို နှစ်သက်တာတော့မဟုတ်သော်လည်း Old Maid အကြောင်းက သူပထမဆုံးကြားလိုက်ရခြင်းဖြစ်သည်၊ ထို့ကြောင့် Fight the Landlord က တစ်ခုတည်းသော ရွေးချယ်မှုဖြစ်သည်။

သခင်ကြီးကျီက poker ကတ်တွေကို မြင်တော့ ရုတ်တရက် စိတ်လှုပ်ရှားလာသည်။ သူ တိုက်ပွဲဝင်ချင်လာတဲ့စိတ်ဓာတ်အပြည့်နဲ့ ပြောလိုက်သည်။ “သိတာပေါ့၊ ငါဘယ်လိုကစားရမယ်ဆိုတာ သိတယ်။ ငါ ငယ်ငယ်တုန်းကတော့ ငါပညာရှင်ဖြစ်ခဲ့တာ။ ဘယ်သူကမှ ငါ့ကို အနိုင်မယူနိုင်ကြဘူး။” ထိုစကားကို ပြောပြီးနောက် သူ့ အင်္ကျီလက်ကို လိပ်တင်ကာ ကစားဖို့ အဆင်သင့် ဖြစ်နေသည်။

" ရှောင်နွမ်၊ ငါ့ကိုပြော၊ အနိုင်ရတဲ့သူရဲ့ဆုက ဘာလဲ" လို့ သခင်ကြီး ကျီ ပြောလိုက်သည်။

ဖန့်ရှောင်နွမ် မျက်မှောင်ကြုတ်ပြီး သေချာစဉ်းစားခဲ့သည်။ သူမ ပိုက်ဆံနဲ့တော့ မကစားနိုင်ဘူး။ သူမ ရှုံးသွားရင် စိတ်မကောင်းဖြစ်ရလိမ့်မယ်။ အချိန်အတော်ကြာ စဉ်းစားပြီးနောက် သူမပြောလိုက်သည်။ “အဖေ၊ ကျွန်မတို့ စတစ်ကာတွေနဲ့ ကစားကြရင်ကော။ အနိုင်ရတဲ့သူက ရှုံးတဲ့သူရဲ့မျက်နှာပေါ် စတစ်ကာတစ်ခု ကပ်ရမယ်"

သခင်ကြီး ကျီက အနည်းငယ် ပျင်းစရာကောင်းတယ်လို့ခံစားရပြီး အထင်အမြင်သေးစွာဖယ ပြောလိုက်သည်။ “စတစ်ကာကပ်တာက ကလေးတွေဆော့တာ။ ငါတို့ ပိုက်ဆံနဲ့ ကစားဖူးတယ်။ စတစ်ကာတွေက အရမ်းပျင်းစရာကောင်းတယ်"

ဖန့်ရှောင်နွမ် ခွန်းတုံ့ပြန်ပြောခဲ့သည်။ “ဟာ အဖေကလည်း၊ ကျွန်မတို့က မိသားစုတွေလေ။ နိုင်နိုင် ရှုံးရှုံး အဲဒါက ကျွန်မတို့မိသားစုရဲ့ ပိုက်ဆံပဲ။ အဲဒါက ပျင်းစရာကြီး ဟုတ်ပြီလား”

"မင်း ပိုက်ဆံနဲ့ကစားဖို့ ဆင်းရဲလွန်းတယ်လို့ပဲပြောလိုက်စမ်းပါ!" သခင်ကြီး ကျီက သူ့ချွေးမရဲ့ လိမ်ညာမှုကို မြင်ပြီး ပြောလိုက်သည်။

ဖန့်ရှောင်နွမ်က သခင်ကြီးကျီကို မျက်နှာလုပ်ပြီး ပြောလိုက်သည်။ "ဟွန့်၊ ကျွန်မက မချမ်းသာဘူးလို့ ဘယ်သူပြောတာလဲ။ စောင့်ကြည့်နေလိုက်။ အဖေ၊ ကျွန်မယောကျ်ားက CEO ရဲ့ဇနီးအတွက် ကျွန်မအတွက်ကို special အကောင့်တစ်ခုဖွင့်ပေးမှာ။ အချိန်တန်ရင် ကျွန်မရဲ့ပိုက်ဆံနဲ့ အဖေ့ကို ရိုက်ချပြမယ်!"

ကျီလင်းချန်က ကတ်တွေကို မွှေရင်းသူတို့ရဲ့ ရန်ဖြစ်သံတွေကို နားထောင်ခဲ့သည်။ သူ့နှလုံးသားထဲမှာ ရှားရှားပါးပါး ငြိမ်းချမ်းတဲ့ ခံစားချက်ကို ခံစားရသည်။ ဘဝကြီးက ဒီလောက်ရိုးရှင်းတယ်ဆိုတာဖြစ်နိုင်သည်။ သာမန်နေ့တွေမှာ သူ မိသားစုနဲ့ စကားစမြည်ပြောနိုင်သည်။

"ယောကျ်ား၊ ရှင် ကတ်တွေမွှေတာကို ဘာလို့ ဒီလောက် ကောင်းကောင်း လုပ်နိုင်ရတာလဲ။ တခြားလူတွေအတွက် ကတ်တွေကို အချိန်အများကြီးပေးပြီး မွှေနေတယ်လို့ မပြောနဲ့နော်"ဖန့်ရှောင်နွမ်က ခင်ပွန်းသည်၏ ဖဲမွှေတဲ့စွမ်းရည်ကို မြင်တော့ မနာလိုစွာ ပြောလိုက်သည်။

သခင်ကြီး ကျီ က အေးစက်စွာ နှာမှုတ်ပြီး ပြောလိုက်သည်။ "ဟမ့်၊ CEO ကျီက ဖဲချပ်တွေ ကစားနေတယ်ဆိုရင်၊ သူ့ကို ကတ်တွေ မွှေခိုင်းဖို့ ဘယ်သူက သတ္တိရှိမှာလဲ။"

ဖန့်ရှောင်နွမ်က သူမယောကျ်ားရဲ့လက်တွေကို တည့်တည့်စိုက်ကြည့်နေသည်။

သူ့ဇနီးလေးကို အချိန်အကြာကြီး ကြည့်နေနိုင်စေရန်အတွက် ကျီလင်းချန်က မွှေပြီးသားကတ်တွေကို တစ်ဖန် ထပ်မွှေလိုက်ပြန်သည်။

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ယောကျ်ား၊ ရှင် ကတ်တွေမွှေနေတဲ့ပုံစံက တကယ်ကို ချောနေတာပဲ။ ကျွန်မကိုသင်ပေးလို့ရမလား"

"ဘယ်လောက်ချောတာလဲ" ကျီလင်းချန် မေးလိုက်သည်။

ဖန့်ရှောင်နွမ်က ခင်ပွန်းဖြစ်သူရဲ့ မျက်နှာကို သဘောကျစွာ ကြည့်ပြီး ချွဲတဲ့အသံနဲ့ပြောလိုက်သည်။ “အရမ်းချောတယ်၊ အထူးတလည် ချောနေတာ။ ကျေးဇူးပြုပြီး ကျွန်မကို သင်ပေးပါလို့ မေတ္တာရပ်ခံပါတယ်။"

ကျီလင်းချန် က သူ့လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်သည်။ "ကောင်းပြီ၊ လာထိုင်။ အခုချက်ချင်းသင်ပေးမယ်။"

“ဟေး! မင်းတို့နှစ်ယောက် တော်လောက်ပြီ။ ဒီမှာရှိနေတာက ငါ့ကို အဖော်နေပေးဖို့လား ဒါမှမဟုတ် မင်းတို့ရဲ့အချစ်တွေကိုပြဖို့လား"သခင်ကြီး ကျီ ဒေါသထွက်ကာ အော်လိုက်သည်။

"မင်း ငါနဲ့ Fight the Landlord ကစားဖို့ ဒီမှာရှိနေတာ မဟုတ်ဘူးလား။ အခုမင်းက ကတ်တွေကိုပဲ မွှေချင်နေတယ်။ မင်းကလည်း သူမကို ဒီနေရာမှာ သင်ပေးချင်နေတယ်။ မကစားချင်ဘူးဆိုရင် အိမ်ပြန်ပြီး သူမကိုသာသင်ပေးလိုက်တော့။ ငါ့ကို မျက်စိဆံပင်မွှေးစူးအောင်လာမလုပ်ကြနဲ့"

သခင်ကြီး ကျီ ဒေါသထွက်နေမှန်း ဖန့်ရှောင်နွမ် သိလိုက်ပြီး အမြန်ပြောလိုက်သည်။ "အာ အဖေကလည်း၊ ကျွန်မတို့မှားပါတယ်။ ကျေးဇူးပြုပြီး စိတ်မဆိုးလိုက်ပါနဲ့။”

ကျီလင်းချန်လည်း ကတ်တွေကို ကုတင်ပေါ် ချက်ချင်းတင်ပြီး ပြောလိုက်သည်။ "အဖေ၊ ကတ်တွေကို အရင်ဆွဲလိုက်"

သခင်ကြီးကျီက နောက်ဆုံးမှာ သူတို့ ကစားနေပြီဆိုတာကို မြင်တော့ သူ နောက်ဆုံးမှာ ငြိမ်သက်သွားပြီး စကစားဖို့လုပ်တော့သည်။

မိနစ်နှစ်ဆယ်အကြာတွင် ဖန့်ရှောင်နွမ်ရဲ့ မျက်နှာပေါ်တွင် စတစ်ကာသုံးခု ကပ်ခံထားရကာ သခင်ကြီးကျီရဲ့ မျက်နှာပေါ်မှာ နှစ်ခုကပ်ခံထားရသည်။ ကျီလင်းချန်ရဲ့ မျက်နှာက အရင်အတိုင်း ဘာမှရှိမနေဘဲ ချောမောနေသေးသည်။

အရာအားလုံးက သူ့ထိန်းချုပ်မှုအောက်မှာ ရှိနေသလိုမျိုး သူ့လက်ထဲမှာ ကတ်ပြားတွေကို အေးအေးဆေးဆေး ကိုင်ထားသည်။ အမှန်တော့ အဲဒါက ကိစ္စပဲ။ သူ တစ်ပွဲမှ မရှုံးဖူးဘူး။

သခင်ကြီး ကျီက မကျေမနပ်နဲ့ ငြီးတွားခဲ့သည်။ “ငါ အခု King ပျောက်နေလို့နော်။ မဟုတ်ရင်တော့ မင်းအနိုင်ရမှာ မဟုတ်ဘူး"

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ဟုတ်တယ်။ ကျွန်မ အခု ဘုရင်နဲ့ ကစားခဲ့မယ်ဆိုရင် သူ အနိုင်ယူနိုင်မှာ မဟုတ်ဘူး။”

သူတို့နှစ်ဦးလုံး စည်းလုံးညီညွတ်တဲ့ ရှေ့တန်းကို ဖွဲ့စည်းခဲ့သည်။ ရှုံးပြီးရင် ဘာတွေမှားသွားလဲ ဆိုတာကို သူတို့ အသေးစိတ် ဆွေးနွေးကြသည်။ သူတို့နှစ်ယောက်လုံး ဝမ်းနည်းမှုတွေ ပြည့်နှက်နေခဲ့သည်။

တစ်ဖက်မှာတော့ ကျီလင်းချန်က စကားအများကြီးမပြောပေ။ သူ ဘယ်လိုအနိုင်ရလဲဆိုတာကို သူ့လက်ထဲက ကတ်တွေကို လေ့လာဖို့ အာရုံစိုက်ခဲ့သည်။

ဖန့်ရှောင်နွမ်ရဲ့ ဖဲကစားစွမ်းရည်မှာ အလွန်သနားစရာကောင်းသည်။ သခင်ကြီး ကျီက သူ့ကိုယ်သူ ဆရာကြီးလို့ ထင်ခဲ့ပေမယ့် သူ့သားက အကြိမ်တိုင်း သူ့ကိုရိုက်ချခဲ့သည်။ သူ လုံးဝ အနိုင်မယူနိုင်ဘူး။

All Chapters