အခန်း (၂၂၆)
Vol. 16 Ch. 226
ကျီဝမ် လမ်းလျှောက်လာပြီး မေးခဲ့သည်။ “ရှောင်နွမ်၊ ညဉ့်နက်နေပြီ၊ ငါ့ဦးလေး ပြန်လာတဲ့အခါကျရင် မင်းမျက်လုံးအောက်မှာ dark circle တွေကို ပြချင်လို့လား။ ဒါ မင်းရဲ့ surpriseလား"
ဖန့်ရှောင်နွမ် ဘယ်ခေါက်ပဲ ကြိုးစားပါစေ ကားကို ကားဂိုဒေါင်ထဲသို့ ပြန်မထည့်နိုင်ခဲ့ပေ။ သူမသည် လောလောဆယ်တွင် ဒေါသနှင့် အံဝင်ခွင်ကျဖြစ်နေပြီး သူမဒေါသကို ထုတ်ဖော်နိုင်သူတစ်ဦးလည်း ပေါ်လာခဲ့သည်။
စောစောက အရိုက်ခံရဖူးတဲ့ ကျီဝမ်မှာ ပြောစရာစကားမဲ့သွားသည်။
ဖန့်ရှောင်နွမ်က ညဉ့်နက်သည်အထိနေခဲ့သည်။ ကျောင်းတက်ပြီး နေ့ခင်းဘက်မှာ အိပ်သည်။ ကျောင်းပြီးရင် အိမ်ပြန်ပြီး ညအချိန်အထိ ကားမောင်းလေ့ကျင့်သည်။ သူမရဲ့ ယာဉ်မောင်းစွမ်းရည်ကို ပိုမိုမြှင့်တင်ရန် လမ်းမများပေါ်တွင် မောင်းနှင်ရမည်ဆိုတာ သူမ ကောင်းကောင်းသိသည်။
နောက်ဆုံးတော့ သောကြာနေ့ရောက်လာပြီပင်။ ဖန့်ရှောင်နွမ် က သူမရဲ့ ကားမောင်းကျွမ်းကျင်မှုအကြောင်း တွေးပြီး ပျော်ရွှင်စွာ ပြောလိုက်သည်။ "ငါ့ယောကျ်ား မကြာခင်ပြန်လာတော့မယ် "
လျိုစစ်ယွီကလည်း ဝမ်းသာအားရနဲ့ပြောခဲ့သည်။ “ငါလည်း မွေးရပ်မြေကို သွားတော့မှာ။ အစ်ကိုက ငါ့ကို သူနဲ့တူတူခေါ်သွားမယ်လို့ ကတိပေးထားတယ်"
မပျော်နေတဲ့သူက ကျီဝမ်သာ ဖြစ်သည်။ "စစ်ယွီ နင် ငါ့ကိုခေါ်သွားပေးလို့ရလား"
လျိုစစ်ယွီ ချက်ချင်း သူငယ်ချင်းဆိုးအဖြစ်သို့ ပြောင်းလဲသွားသည်။ "တောင်းပန်ပါတယ်၊ ဒါပေမယ့် နင့်ကို ငါ မကူညီနိုင်ဘူး။ နင့်ရဲ့သေမင်းကို နင်ခေါင်းနဲ့ပဲ ရင်ဆိုင်လိုက်စမ်းပါ!"
ကျ်ီဝမ် က ဖန့်ရှောင်နွမ် ဘက်လှည့်ပြီး တောင်းဆိုလိုက်သည်။ "အဒေါ်၊ ငါ့ကို ကယ်တင်ပေးနိုင်မလား"
ဖန်ျ့ရှာင်နွမ်သည် ဤအချိန်အတောအတွင်း ကျီဝမ်က သူမအား ကားမောင်းနည်းကို သင်ပေးထားကြောင်း သိသည်။ ထို့ကြောင့် သူမ သူ့ကို မမြင်ချင်ယောင်မဆောင်နိုင်ပေ။ "နင့်ကိုကာကွယ်ဖို့ ငါအစွမ်းကုန်ကြိုးစားမယ်၊ ဒါပေမယ့် နောက်ဆုံး ဆုံးဖြတ်ချက်က နင့်ဦးလေးရဲ့လက်ထဲမှာ ရှိနေတုန်းပဲနော်"
လျိုစစ်ယွီ အပြုံးလေးနဲ့ပြောလိုက်သည်။ " ရှောင်နွမ်၊ နင် ကျီလင်းချန်နဲ့ အိပ်နေသမျှ နင်တောင်းဆိုရင် သူ့အသက်ကို ပေးလိမ့်မယ်လို့ ငါထင်တယ်။ ကျီဝမ်ကို ကာကွယ်ပေးတာက ဘာမှမဖြစ်လောက်ဘူး"
ဖန့်ရှောင်နွမ် ချက်ချင်း ရှက်သွားပြီး လျိုစစ်ယွီနဲ့ စကစားခဲ့သည်။
နေ့ရက်က လျင်မြန်စွာ ကုန်ဆုံးသွားသည်။
ကျောင်းအပြင်ဘက်မှာ လျိုစစ်ယန်က လျိုစစ်ယွီကို စောင့်နေပြီ။
အဘိုးအဘွားတွေရဲ့ လက်ဆောင်တွေက သူ့ကားထဲမှာ ရှိသည်။
လမ်းတွင် လျိုစစ်ယွီက ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သည်။ သူမ မောင်းချင်သည်။ လျိုစစ်ယန်က သူ့ညီမကို ကားတွေမရှိတဲ့နေရာကို ရောက်တာနဲ့ ကားမောင်းခိုင်းတာကလွဲလို့ ရွေးစရာမရှိတော့ပေ။ သူသည် ရှေ့ခရီးသည် ထိုင်ခုံတွင် ထိုင်ကာ အန္တရယ်အချက်ပြမီးများကို ဖွင့်ထားသည်။
မောင်းနှင်နေစဉ်အတွင်း အန္တရာယ်အချက်ပြမီးတွေက အခြားကားများကို သတိပေးချက်အဖြစ် လုပ်ဆောင်ခဲ့သည်။ ဒီကားကို ရှင်းရှင်းလင်းလင်း ကျော်မောင်းဖို့ ပြောတာဖြစ်သည်။
လျိုစစ်ယွီက အန္တရာယ်အချက်ပြ မီးရောင်များကို ကြည့်လိုက်ရာ ရုတ်တရက် အရှက်ကွဲသွားသည်။ "အစ်ကို၊ ညီမကို အထင်သေးနေတာပဲ!"
လျိုစစ်ယန် မေးလိုက်သည်။ "ဒါဆို မင်းကို မေးမယ်၊ အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်ဖို့ အနိမ့်ဆုံးအမြန်နှုန်းက ဘယ်လောက်လဲ။"
လျိုစစ်ယွီ မျက်မှောင်ကြုတ်ကာ မဝံ့မရဲနဲ့ပြောလိုက်သည်။ "တစ်နာရီကို ၁၃၀ ကီလိုမီတာ "
လျိုစစ်ယန် ခရီးသည်ထိုင်ခုံမှ ချက်ချင်းထကာ တံခါးကိုဖွင့်ပြီး လျိုစစ်ယွီကို ယာဉ်မောင်းထိုင်ခုံမှ ဆွဲထုတ်လိုက်သည်။
လျိုစစ်ယွီက လျိုစစ်ယန်ရဲ့လက်ကို ကြုံသလိုကိုင်လိုက်သည်။ "အစ်ကို ဘာလုပ်နေတာလဲ"
လျိုစစ်ယန် ဒေါသနဲ့ မျက်လုံးပြူးပြီး လျိုစစ်ယွီ ရဲ့ ခေါင်းကို ပုတ်လိုက်သည်။ “ယာဥ်မောင်းထိုင်ခုံကနေ ထွက်သွား။ ငါတို့ပြန်ရောက်ရင် ပထမဘာသာရပ်ကို ပြန်လေ့လာ”
လျိုစစ်ယွီက သူမ၏ နှုတ်ခမ်းများကို ဖိရင်း သူမ၏ အဖြေမှားသွားကြောင်း နောက်ဆုံးတွင် သဘောပေါက်သွားသည်။
သူမက ခရီးသည်ထိုင်ခုံတွင် နာခံစွာ ပြန်ထိုင်လိုက်သည်။ "အစ်ကို၊ ညီမဖုန်းရဲ့ memory က အရမ်းနည်းတယ်။"
တကယ်တော့ လျိုစစ်ယွီက ကားမောင်းစမ်းသပ်ခြင်းအက်ပ်ကို ဒေါင်းလုဒ်ဆွဲချင်ခဲ့တာ မဟုတ်ပေ။ ၎င်းသည် သူမ၏ ဖုန်းအား နှေးကွေးစေမည်ဖြစ်ပြီး spammy ကြော်ငြာများစွာလည်း ရှိနေမည်ဖြစ်သည်။
လျိုစစ်ယန်က သူမ ဘာတွေတွေးနေမှန်း ဘယ်လိုသိနိုင်မလဲ။ ဒါပေမယ့် သူမရဲ့စိတ်ကိုဖြတ်ပြီး မြင်လိုက်ရသည်ကိုလည်း မဖော်ပြခဲ့ပေ။ သူတည်ငြိမ်စွာပြောလိုက်သည်။ “ငါ့ဖုန်းယူလိုက် ပြီးရင် အဲဒီနေရာမှာ ဒေါင်းလုဒ်လုပ်”
လျိုစစ်ယွီက အစ်ကိုဖြစ်သူ၏ ဖုန်းကို စိတ်လှုပ်ရှားစွာ ကောက်ယူပြီး ဂိမ်းများကို စင်ကစားခဲ့သည်။
လျိုစစ်ယန်က လမ်းတစ်လျှောက်လုံး မောင်းသွားခဲ့သည်။ လျိုစစ်ယွီက ခရီးသည်ထိုင်ခုံတွင် ထိုင်ကာ စား သောက် ဂိမ်းဆော့ကာ ဆယ်လ်ဖီရိုက်နေခဲ့သည်။
ဖန့်ရှောင်နွမ်နဲ့ကျီဝမ်တို့ အိမ်ပြန်ခဲ့ကြသည်။
ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "နင့်ဦးလေး မနက်ဖြန်ပြန်လာမှာ။ လေ့ကျင့်ဖို့အတွက် ဒီနေ့ ငါ့ကို ကားမောင်းခွင့်ပေး"
ကျီဝမ်က မှတ်စုစာရွက်ကို ထုတ်ကာ ဘောပင်တစ်ချောင်းကို ထုတ်ပြီး ဖန့်ရှောင်နွမ်ရဲ့ လက်ထဲသို့ ထည့်လိုက်သည်။ “အာမခံချက် အရင်ရေး။ ငါ့ကား ပျက်စီးသွားရင် နင် ငါ့ကို မူလပေါက်ဈေးနဲ့ လျော်ကြေးပေးရမယ်။"
ဖန့်ရှောင်နွမ် ကျီဝမ်ရဲ့Ferrari ကို ကြည့်လိုက်သည်။ “ငါ ကြေမွအောင်မလုပ်ပါဘူး။”
ကျီဝမ် ပြောလိုက်သည်။ "ငါ မင်းကို မယုံဘူး"
ထို့နောက် ဘောပင်တစ်ချောင်းကို ကောက်ယူပြီး ရေးခဲ့သည် “ရက်စွဲ- အောက်တိုဘာ ၂၉ ရက်။ ရာသီဥတု- တိမ်ထူနေသည်။ တည်နေရာ- ကျင်း တက္ကသိုလ်"
ထို့နောက် သူ ဆက်ရေးလိုက်သည်။ “ဒီနေ့ ကျီဝမ်က ဖန့်ရှောင်နွမ်ကို သူ့ရဲ့ Ferrari ကို ငှားခဲ့ပါတယ်။ ကျင်း တက္ကသိုလ် မှ အိမ်အပြန်လမ်းတွင် ကားတိုက်မိပါက ဖန့်ရှောင်နွမ်သည် ကား၏ မူရင်းစျေးနှုန်းကို ကျီဝမ်ကို ပေးဆောင်ပြီး လျော်ကြေးပေးရမည်ဖြစ်သည်။ သူမ လိမ်လည်လှည့်စားခဲ့ရင် သူမရဲ့ယောကျ်ားဖြစ်သူက မူလပေါက်ဈေးထက် သုံးဆ ပေးဆောင်ရမှာ ဖြစ်သည်။”
စာရေးပြီးနောက် ကျီဝမ်က ဖန့်ရှောင်နွမ်ဆီ မှတ်စုကို ပေးပြီး ပြောလိုက်သည်။ "လက်မှတ်ထိုး"
ဖန့်ရှောင်နွမ် သူမရှေ့မှ စာရွက်ကိုကြည့်ကာ မယုံသင်္ကာနဲ့မေးလိုက်သည်။ "နင် တကယ်လုပ်မှာလား ငါ့ယောကျ်ားကိုသုံးပြီး ငါ့ကို လာခြိမ်းခြောက်နေတာလား။"
ကျီဝမ် ပြောလိုက်သည်။ “နင့်ယောကျ်ားက နင့်ကို လစဉ် မုန့်ဖိုးတွေ အများကြီးပေးတာပဲ။ နည်းနည်းလောက်သုံးလိုက်ရင် ငါ ကားသစ်တစ်စီးရနိုင်လောက်တယ်”
ဖန့်ရှောင်နွမ် စာရွက်ကိုကြည့်ကာ သူမရဲ့လက်တွေ ယားယံလာသည်။
ကျီဝမ် ပြောလိုက်သည်။ " ဖန့်ရှောင်နွမ်၊ ငါနင့်ကိုပြောမယ်။ ဒီနေ့ နင် လက်မှတ်မထိုးဘူးဆိုရင် ငါ့ကားကို မောင်းခွင့်မပေးဘူးနော်!"
ဖန့်ရှောင်နွမ် အာမခံစာကို ကြည့်ပြီး ကားကို ကြည့်လိုက်သည်။ ဘောပင်ကို ကောက်ကိုင်လိုက်ပြီး သူမရဲ့နာမည်ကို ရေးထိုးလိုက်သည်။ ထို့နောက် သူမ နှုတ်ခမ်းနီကို ထုတ်ကာ မှင်အဖြစ် အသုံးပြုခဲ့သည်။ ထို့နောက် လက်ဗွေကို စာရွက်ပေါ်သို့ ဖိလိုက်သည်။
ဖန့်ရှောင်နွမ် မေးလိုက်သည်။"ဒါဆို အဆင်ပြေပြီလား"
ကျီဝမ်က ဖန့်ရှောင်နွမ် အမြန်လက်မှတ်ထိုးပေးလာလိမ့်မယ်လို့ မမျှော်လင့်ခဲ့ပေ။ သူ ခဏလောက် ကြက်သေသေသွားသည်။ ပထမတော့ သူ အရိုက်ခံရမယ်လို့ ထင်နေခဲ့တာ။
"အာ နင် ငါ့ကို မရိုက်ဘူးလား" ကျီဝမ် အံ့သြစွာပြောလိုက်သည်။
ထို့နောက် ဖန့်ရှောင်နွမ်၏ လက်သီးတွေက ကျီဝမ်ရဲ့ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။ “နင့်ရဲ့ ပါးစပ်က တကယ်ကို စိတ်ရှုပ်စရာကောင်းတယ်။ နင့်ကို မရိုက်ရရင် ငါစိတ်မသက်သာဘူး!"