← Chapters

အခန်း (၁၈၅)

Vol. 13 Ch. 185

အခန်း (၁၈၅)

Vol. 13 Ch. 185

ကျီလင်းချန်က သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးကို မျက်ကွယ်ပြုထားသည်။ သူ့အကြည့်တွေက လူတစ်ယောက်ကို လုံးလုံးလျားလျား စူးစိုက်ကြည့်နေသည်။ lecture theatre တွင် ကျီလင်းချန်က သူ့ဇနီး၏ အကြည့်ကို တမင်တကာ ရှောင်ရှားခဲ့သည်။ lecture theatre အလယ်သို့ ဖြည်းညှင်းစွာ လျှောက်လာကာ ရပ်တန့်လိုက်သည်။

ဖန့်ရှောင်နွမ်က ပြတင်းပေါက်ဘက် မျက်နှာမူထားပြီး ကျီလင်းချန်က သူမ မမြင်ရတဲ့နေရာမှာ ရှိနေသည်။ ထို့နောက်တွင်တော့ ထိုလူ၏ ပုံသဏ္ဍာန်က သူမအမြင်မှာ တဖြည်းဖြည်း ပေါ်လာခဲ့သည်။

ဖန့်ရှောင်နွမ် ရှောခ့်ရပြီး စားပွဲပေါ်မှခုန်ထကာ သူမရှေ့မှလူကို မော့ကြည့်လိုက်သည်။ သူမ မရှိတာကိုရှိတယ်လို့ အထင်မှားသွားသည်ဟု သံသယဖြစ်မိသည်။ သူမ မျက်လုံးတွေကို ပွတ်သပ်ဖို့ လက်ကိုပြန်ဖွင့်ကြည့်လိုက်တော့ ထိုလူက ရှိနေသေးသည်။ ထို့နောက် အမျိုးသားကကိုယ်ကိုကိုင်းကာ သူမဘေးမှာ ဝင်ထိုင်လိုက်သည်။

"ယောကျ်ား...အာ မဟုတ်ဘူး ကျီလင်းချန် ရှင် ဒီမှာ ဘာလုပ်နေတာလဲ!" ဖန့်ရှောင်နွမ် ထိတ်လန့်တုန်လှုပ်သွားပြီး သူ့ကို ယောကျ်ားလို့ ချက်ချင်းခေါ်ခဲ့ပေမယ့် သူ့မျက်နှာကို မြင်တဲ့အခါ သူမ ထပ်ပြီး ဒေါသဖြစ်ခဲ့သည်။ ထို့နောက် သူ့နာမည် အပြည့်အစုံကို ခေါ်လိုက်သည်။

ကျီလင်းချန် ပြောလိုက်သည်။ "ကိုယ့်မိန်းမကို ကျောင်းကြိုဖို့ ရောက်လာတာ"

ဖန့်ရှောင်နွမ် လက်ပိုက်ကာပြောလိုက်သည်။ "ရှင့်မိန်းမက ဘယ်သူလဲ။ ရှင် ကျီဝမ် ခိုင်း..…”

"ဟာ ငါ။ ဦးလေး၊ အဒေါ်၊ ဒါက ကျွန်တော်နဲ့ မဆိုင်ဘူး။ ကျွန်တော် ဘာမှမသိဘူး။ ကျွန်တော် အိမ်အရင်ပြန်နှင့်လိုက်မယ်။ ကျွန်တော့်အတွက် စိတ်မပူနဲ့။" ကျီဝမ်က ဖန့်ရှောင်နွမ် သူ့ကိုပါဝင်ပတ်သတ်အောင်ပြောပြီး သူ့ဦးလေး သူ့ကို ထပ်ပြီး စိတ်ဆိုးမှာကို စိုးရိမ်နေသည်။ ထို့ကြောင့် သူလျင်မြန်စွာ လွတ်မြောက်အောင်လုပ်ခဲ့သည်။

ဖန့်ရှောင်နွမ် မပျော်ရွှင်စွာပြောလိုက်သည်။ " ရှောင်ဝမ် ဘာလို့ထွက်ပြေးတာလဲ။ ငါ သူ့ကိုမရိုက်ခဲ့ဘူး"

ကျီလင်းချန် ပြောလိုက်သည်။ "ကိုယ် သူ့ကို ရိုက်မှာ ကိုကြောက်နေတာ"

ဖန့်ရှောင်နွမ် ကျီလင်းချန်ဘက် လှည့်၍ မျက်ဖြူလှန်ပြလိုက်သည်။

စာသင်ခန်းထဲမှာ၊ စီးပွားရေးလောကရဲ့ စားနပ်ရိက္ခာကွင်းဆက်ထိပ်မှာ ရပ်နေတဲ့ ကျင်းမြို့တော်ရဲ့ ဘုရင်က ပြုံးပြီး သူ့ရှေ့က အမျိုးသမီးလေးကို စိုက်ကြည့်နေသည်။ "ရှောင်နွမ်၊ မင်းရဲ့ယောကျ်ားနဲ့ ကုမ္ပဏီအဆောက်အဦးဆီ လိုက်ခဲ့ချင်လား"

ဖန့်ရှောင်နွမ် အေးစက်စွာ နှာမှုတ်လိုက်သည်။ "ဟမ့်! မလိုက်ဘူး၊ ရှင် မိန်းမတွေ အများကြီးကိုသိနေတာပဲဟာ ၊ အဲဒီအစား သူတို့ကို သွားဖိတ်လိုက်။"

ကျီလင်းချန် ပြောလိုက်သည်။ “လိမ္မာတယ်၊ စိတ်မဆိုးပါနဲ့။ ကိုယ် အမှားလုပ်မိမှန်း သိပါတယ်။ ကိုယ်ထပ်မလုပ်တော့ဘူးပါဘူး ဟုတ်ပြီလား"

ဖန့်ရှောင်နွမ် ခေါင်းခါလိုက်သည်။ “မဟုတ်ဘူး! ရှင်ကျွန်မကို အရမ်းဒေါသထွက်အောင်လုပ်ခဲ့တာ။ ဒေါသတွေအားလုံး ပျောက်ကွယ်သွားလိမ့်မယ်လို့ ထင်နေတာလား။ ရှင် ကျွန်မ သဝန်တိုတာကို ကြည့်ချင်နေတာ မလား။ ဒီမှာ!"

ကျီလင်းချန်က သူ့မိန်းမရဲ့ ကျောကို လက်နဲ့ပွတ်သပ်ပေးလိုက်ပြီး သူမသေလောက်တဲ့အထိ ဒေါသထွက်မှာကို ကြောက်နေသည်။

စာသင်ခန်းထဲက ကျောင်းသူတွေက ဒါကို မှတ်တမ်းတင်ထားပြီးသားပင်။ တချို့က ကျောင်းရဲ့ ဖိုရမ်စာမျက်နှာမှာ တင်ထားပြီးပြီ။ ဗီဒီယိုကို တင်လိုက်သည်နှင့် တစ်ပြိုင်နက် အဲ့တာက ကြီးမားစွာလှုပ်လှုပ်ရှားရှားဖြစ်လာသည်။

"မင်းက ဘယ်စာသင်ခန်းထဲမှာလဲ။ ငါကြည့်ချင်လို့!"

"ကျေးဇူးပြုပြီး ငါတို့ စောင့်ကြည့်ကြရအောင်"

ထိုမှတ်ချက်ကို ဒုတိယတစ်ယောက်က likeပေးခဲ့သည်။

…

များမကြာမီတွင် လိုက်ခ် ၉၉၉ ကျော်ရှိခဲ့သည်။

အခြားသူတွေက စာသင်ခန်း၏တည်နေရာကို ဖိုရမ်တွင် အမြန်တင်ခဲ့သည်။ ခဏအကြာတွင် မူလက လွတ်နေသည့် စာသင်ခန်းက ချက်ချင်း လူများဖြင့် ပြည့်နေခဲ့သည်။ လူတိုင်းက စာလုပ်ချင်ယောင်ဆောင်နေကြပေမယ့် မျက်လုံးတွေနဲ့ နားတွေက စာသင်ခန်းအလယ်က စုံတွဲလေးအပေါ် အာရုံစိုက်နေကြသည်။ နောက်ကျသွားတဲ့သူတွေလည်း ရှိသည်။ စာသင်ခန်းထဲမှာ နေရာမရှိတော့သည်ကို တွေ့သောအခါ အလွန်သန့်ရှင်းနေပြီဖြစ်သော ကျောက်သင်ပုန်းကို သန့်ရှင်းရေးလုပ်ရန် စတင်လုပ်ဆောင်ခဲ့ကြသည်။ လူများလာ၍ ကျောက်သင်ပုန်းကို သန့်ရှင်းရေးလုပ်နေကြောင်း သတိပြုမိသောအခါတွင် အဲ့အစား တံမြက်စည်း ကောက်ကိုင်လိုက်ကြသည်။ သူတို့က ကြမ်းပြင်ကို စပြီးလှည်းတော့သည်။ သိပ်မကြာခင်မှာပဲ တစ်စုံတစ်ယောက်က ကြမ်းပြင်ကို ပွတ်တိုက်လာသည်။

…

ကျီလင်းချန်က ဒါကို သတိထားမိသည်။ သူ စိတ်ရှည်ရှည်နဲ့ ဇနီးဖြစ်သူကို ချော့နေသည်။ " ရှောင်နွမ်၊ ကိုယ်တို့ ရုံးခန်းမှာပဲ စိတ်ဆိုးလို့ ရမလား။ ကိုယ်တို့ဒီမှာရှိနေတာက လူတိုင်းရဲ့စာလုပ်နေတဲ့အပေါ် သက်ရောက်မှုရှိလိမ့်မယ်။”

ဒါကို အနီးနားက ကျောင်းသူတွေက ကြားလိုက်တဲ့အခါ သူတို့ရဲ့ မေးရိုးတွေ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။ ဒီလို ချော့မော့နေတဲ့လေသံ… စီးပွားရေးလောကရဲ့ ဘုရင်ကြီးက တကယ်ပြောလိုက်တာလား။

ဖန့်ရှောင်နွမ်လည်း လူအုပ်ကြီးတိုးလာသည်ကို သတိပြုမိသည်။ စာသင်ခန်း ပြည့်သွားမှန်းသိပေမယ့် ဝင်လာဖို့ကြိုးစားနေကြတုန်းပဲ၊ တံခါးဝကနေ ချောင်းကြည့်တဲ့လူတွေလည်းရှိသည်။ သူမ ဒေါသတကြီး နှုတ်ခမ်းစူခဲ့ပြီး လက်ကိုင်အိတ်ကို လှမ်းယူလိုက်သည်။ ထို့နောက် စာအုပ်တွေကို ကောက်ယူဖို့လုပ်ခဲ့သည်။

ကျီလင်းချန်က သူ့မိန်းမရဲ့ လက်ကိုင်အိတ်ကို ယူပြီး စာအုပ်တွေကို ကောက်ခဲ့သည်။ သူ့မိန်းမရဲ့လက်ကို သူ့ရဲ့အားနေတဲ့ လက်နဲ့ ကိုင်ခဲ့သည်။

နှစ်ယောက်သား တံခါးဆီသို့ လျှောက်သွားခဲ့ကြသည်။ ရုတ်တရက် ရဲတင်းတဲ့ ကျောင်းသူတစ်ယောက်က သူ့လက်တွေကိုဖွင့်ကာ လမ်းကို ပိတ်ဆို့ခဲ့သည်။ “CEO ကျီ လက်မှတ်ရနိုင်မလား။ ကျွန်မ ရှင့်ကို တကယ်လေးစားတယ်။ ကျွန်မက လူသစ်ပါ။ ရှင့်ကြောင့် စီးပွားကိုတက်ခဲ့တာ။ ကျွန်မ ရှင့်ကို တကယ်သဘောကျတယ်။"

ဖန့်ရှောင်နွမ်က သူ့နေရာသူ မသိတဲ့ ကျောင်းသူလေးကို ကြည့်လိုက်သည်။ သူမရှေ့မှာ သူမယောကျ်ားကို သဘောကျတယ်လို့ သတ္တိရှိရှိ ပြောရဲတယ်။ အဲဒါက သူမကို အစွန်းဘက်ကို တွန်းချခဲ့ပြီး သူမရဲ့ ဒေါသတွေ ပေါက်ကွဲသွားသည်။

" လက်မှတ်လား။ နင် celebrity တွေနောက် မလိုက်မဘဲ ဘာလို့ကျောင်းလာတက်နေတာလဲ ” ဖန့်ရှောင်နွမ် ကျောင်းအုပ် လေသံဖြင့် ပြောလိုက်သည်။

ကျောင်းသူလေးက ဖန့်ရှောင်နွမ်ရဲ့ စကားကိုကြားတော့ အရမ်းကြောက်သွားပြီး ငိုတော့မည်ပင်။

တစ်ဖက်တွင် ကျီလင်းချန်က သူ့ကြောင်ပေါက်လေးကို ပျော်ရွှင်စွာ စိုက်ကြည့်နေသည်။

“စီနီယာ၊ ကျွန်မ စီနီယာရဲ့ယေကာကျ်ားကို နှစ်သက်တယ်” မိန်းကလေးက အသံတိုးတိုးဖြင့် ရှင်းပြခဲ့သည်။

ဖန့်ရှောင်နွမ် စိုးမိုးလွန်းစွာပြောခဲ့သည်။ “သူက ငါ့ယောကျ်ား။ ငါ သူ့ကို နှစ်သက်တယ်၊ ဒီလောက်ဆိုလုံလောက်ပြီ။ဒါက နင့်နေရာ မဟုတ်ဘူး။ နင့်မှာ ယောက်ျားမရှိဘူးလား"

မိန်းကလေးက ပြောလိုက်သည်။ “မရှိဘူး”

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "နင့်မှာ ရည်းစားရှိလား"

ကောင်မလေးက ခေါင်းခါခဲ့သည်။ “မရှိဘူး”

All Chapters