← Chapters

အခန်း (၂၂၀)

Vol. 15 Ch. 220

အခန်း (၂၂၀)

Vol. 15 Ch. 220

ဒါကို အကြိမ်အနည်းငယ်မြင်ပြီးနောက်၊ သခင်ကြီးကျီက သူ့ချွေးမက နူးညံ့သိမ်မွေ့ပြီး နာခံမှုရှိကြောင်းကို မယုံတော့ပေ။ ဒါတွေအားလုံးက အတုအယောင်ပဲ။

အိမ်တော်ထိန်းက ပြောလိုက်သည်။ "သခင်ကြီး၊ ကျွန်တော် ထပ်ပြီး စုံစမ်းချင်ခဲ့တဲ့အချိန်က ရှောင်နွမ် ရဲ့ မျက်လုံးတွေက ကြည်လင်တယ်၊ ဖြူစင်တယ်၊ နူးညံ့တယ်၊ ချစ်စရာကောင်းတယ်လို့ သခင်ကြီးပဲ ပြောခဲ့တာလေ။ သူမက ကျီ မိသားစုရဲ့ချွေးမဖြစ်မှာ ထင်ရှားတယ်ဆို။ နောက်ထပ် စုံစမ်းစရာ မလိုတော့ဘူးဆို ”

သခင်ကြီးကျီ အနည်းငယ်ရှက်သွားသည်။ သူပြောလိုက်သည်။ “ငါပြောခဲ့လား”

အိမ်တော်ထိန်းက ခေါင်းညိတ်ပြလိုက်သည်။

သခင်ကြီးကျီက ဖန့်ရှောင်နွမ်ရဲ့ ဓာတ်ပုံကို ပထမဆုံးအကြိမ် မြင်ဖူးတာကို သတိရမိသွားသည်။ သူက သူ့ရင်ဘတ်ကို ပုတ်ပြီး စိတ်ခံစားမှုနဲ့ ပြောခဲ့သည်။ “အာ၊ ငါက အသက်ကြီးပြီ။ တချို့အရာတွေကို မမှတ်မိတော့ဘူး။ ငါပြောခဲ့တာကိုတောင် မမှတ်မိတော့ဘူး။”

အိမ်တော်ထိန်းက မေ့သွားသလို ဟန်ဆောင်နေတဲ့ သခင်ကြီးကျီကို ကြည့်လိုက်သည်။

ဖန်ချီ နဲ့ မြို့တော်ဝန် ကျီတို့က သူတို့ရဲ့သားဖြစ်သူ ယောက်မဖြစ်သူရဲ့ ရိုက်တာကို ခံနေရတာကို မြင်တွေ့ခဲ့သည်။

ဖန်ချီ ပြောလိုက်သည်။ "ယောကျ်ား၊ လင်းချန်က ရှောင်နွမ်ကို လမ်းမှားဆီ ဦးဆောင်ခဲ့တာလား။ ရုတ်တရက် သူမ ကြမ်းတမ်းသွားတာလား"

မြို့တော်ဝန် ကျီ ပြောလိုက်သည်။ " လင်းချန်ကို အပြစ်မတင်ပါနဲ့။ လင်းချန်က အဲ့လောက် မကြမ်းတမ်းဘူး။ သူက နည်းနည်း ပိုရက်စက်တာ”

ဖန်ချီ ပြောလိုက်သည်။ "ဒါဆို ရှင်ပြောတာက ရှောင်နွမ် က ကြမ်းတမ်းတယ်ပေါ့"

မြို့တော်ဝန် ကျီ ပြောလိုက်သည်။ "ကိုယ်ပြောနေတာက ရှောင်ဝမ်က တစ်ခုခုပြောပြီး ရှောင်နွမ် ဒေါသထွက်အောင်လုပ်လိုက်တာ ဖြစ်နိုင်တယ်လို့။ အဲဒါကြောင့် သူ့ကို ရိုက်နေတာ ဖြစ်နိုင်တယ်။”

ကျီဝမ် ပြောစရာစကားမဲ့သွားသည်။

'ငါ ဒီနေရာကနေ ထွက်သွားချင်တယ်။ အိမ်ကထွက်သွားမယ်။ ဒီမှာ ဆက်မနေနိုင်တော့ဘူး။'

နည်းနည်းတော့နောက်ကျသွားပြီ။ အားလုံး အိမ်ထဲကို ပြန်ဝင်သွားခဲ့ကြသည်။

ပထမနေ့၏ အဆုံးတွင် ဖန့်ရှောင်နွမ် ကျေးဇူးတင်မိခဲ့သည်။ "ကံကောင်းလိုက်တာ၊ နံရံကို မတိုက်ခဲ့ဘူး"

ထိုခံစားချက်က နှစ်ရက်သာကြာသည်။ ထို့နောက် ကျီမိသားစု၏ အိမ်ဖော်တစ်ဦးက အိမ်ထဲသို့ အလျင်စလို ပြေးဝင်လာကာ အော်ခဲ့သည်။ “သခင်ကြီး၊ သခင်ကြီး၊ တစ်ခုခုဖြစ်သွားပြီ၊ သခင်မလေး ကား accident ဖြစ်သွားတယ်။”

"ဘာ!"

အားလုံးက ဘာတွေဖြစ်နေလဲဆိုတာ ကြည့်ဖို့ အမြန်ထလိုက်ကြသည်။

"ကားaccident ဖြစ်ပွားတဲ့နေရာ" ဖန့်ရှောင်နွမ်က ဘေးမှာ ရှက်ရွံ့စွာ မတ်တပ်ရပ်နေပြီး အပြစ်ရှိတဲ့ အကြည့်ဖြင့် ခေါင်းကို ကုတ်နေသည်။

ကျီဝမ်လည်း ဒီလိုပဲ လုပ်နေသည်။ သူလည်း အပြစ်ရှိပုံရသည်။

"အားလုံးအဆင်ပြေကြရဲ့လား" သခင်ကြီးကျီက သူတို့ နှစ်ယောက်ကို စိုးရိမ်တကြီး ကြည့်နေသည်။

နှစ်ယောက်သား ချက်ချင်း ခေါင်းခါလိုက်ကြသည်။

ဖန်ချီက ကားကြောင့်ပျက်စီးသွားတဲ့ အမှောင်ခန်းလေးကို ကြည့်ပြီး ရှက်ရွံ့နေတဲ့ ကလေးနှစ်ယောက်ကိုကြည့်ပြီး မေးလိုက်သည်။ "ဘယ်လိုဖြစ်သွားတာလဲ"

ဖန့်ရှောင်နွမ်ရဲ့ မျက်လုံးတွေက ကျီဝမ်ဆီသို့ ရောက်သွားသည်။ သူတို့နှစ်ယောက်လုံး အဲ့တာကိုပြောဖို့ အရမ်းရှက်နေကြသည်။ အသံကျယ်ကျယ်ပြောရင် သူ့မိသားစု သူ့ကို lecture ပေးမှာကို သူ ကြောက်သည်။

ကျီဝမ်က အဲဒါကို အရင်ဦးဆုံး သယ်လာခဲ့တာဖြစ်သွားသည်။ ဖန့်ရှောင်နွမ်အား အမှောင်ခန်းထဲသို့ ကားကို မောင်းဖို့ တိုက်တွန်းခဲ့သော်လည်း ဖန့်ရှောင်နွမ်က နားမထောင်ခဲ့ပေ။ "မမောင်းဘူး၊ ငါ့ယောကျ်ားက နင့်ကို အပြစ်ပေးဖို့ အထူးဖန်တီးထားတာ။"

ကျီဝမ် ချက်ချင်း ပြောလိုက်သည်။ “သူ နင့်ကိုလည်းအပြစ်ပေးတယ်မဟုတ်ဘူးလား။ အခု ငါ့ဦးလေး အိမ်မှာမရှိလို့ ငါတို့ အဲ့တာကို ဖျက်ဆီးပစ်လို့ရတယ်။ အနာဂတ်မှာ ငါတို့အမှားလုပ်မိရင် ငါတို့ကို အဲဒီနေရာထဲ ပစ်ထည့်ပြီး အပြစ်ပေးမှာမဟုတ်ဘူး။ မင်းလည်း လူသစ်ပဲ။ မင်း သင်ယူနေတယ်ဆိုတာ လူတိုင်းသိပါတယ်။ ဝင်တိုက်မိရင်တောင် ဘယ်သူမှ ဘာမှပြောမှာ မဟုတ်ဘူး။”

ဖန့်ရှောင်နွမ်သည် သူမအရင်က ပိတ်လှောင်ခံခဲ့ရသော အမှောင်ခန်းလေးကို ကြည့်လိုက်သည်။

သူမ ခေါင်းကို တင်းတင်း ခါလိုက်သည်။ “ငါ့ယောကျ်ားနဲ့ ငါ့ရဲ့ဆက်ဆံရေးကို ထိခိုက်အောင်လုပ်ဖို့စဥ်းတောင် မစဉ်းစားနဲ့။ ငါတို့ မကြာသေးခင်ကမှ ခွဲနေကြရတာ။ သူပြန်လာတဲ့အခါ ဒေါသထွက်သွားရင် ဘယ်လိုလုပ်မလဲ။”

ကျီဝမ်ပြောလိုက်သည်။ “မထွက်ပါဘူး၊ အားလုံးထဲမှာ ငါ့ဦးလေးက မင်းကို အချစ်ဆုံးပဲ။ မင်းကားမောင်းနည်း သင်နေတာလေ။ ကားနဲ့နည်းနည်းလေးတိုက်လ်ုက်တာနဲ့ ပတ်သက်ပြီး သူ စိတ်မဆိုးဘူးဆိုတာ သေချာတယ်။”

ဖန့်ရှောင်နွမ် ခေါင်းခါလိုက်သည်။ "ဟင့်အင်း၊ ငါအဲ့ဒါကိုမတိုက်ဘူး ဒါပေမယ့် နင် လုပ်ချင်ရင် လုပ်လို့ရတယ်။ နင် အမှောင်ခန်းကျဉ်းလေးကို ဖျက်ဆီးပြီး ငါ့ကို အပြစ်ဖို့ချင်နေတာ ငါသိတယ်”

ကျီဝမ် ပြောလိုက်သည်။ "ဒါဆို ငါ တိုက်ပစ်လိုက်မယ်နော်၊ ဒါပေမယ့် မင်း ငါ့ကို တာဝန်ခွဲယူပေးရမယ်"

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "နင် အဲ့ဒါကို ဝင်တိုက်ဖို့ သတ္တိရှိမယ် မထင်ဘူး"

ကျီဝမ်ပြောလိုက်သည်။ "ငါ့ကို စောင့်ကြည့်နေလိုက်"

ထို့နောက် ကား accident ဖြစ်ပွားခဲ့သည်။

အိမ်ပြန်ရောက်တော့ ဖန့်ရှောင်နွမ် ခေါင်းငိုက်စိုက်ချထားသည်။

ကျီဝမ်သည် အများအားဖြင့် စကားများတဲ့သူဖြစ်သော်လည်း အခုတော့ တိတ်ဆိတ်နေသည်။ အထူးသဖြင့် အုတ်ခဲများ ပျံတက်လာသောအခါတွင် ကားတိုက်မှု၏ သက်ရောက်မှုက သူ့ကို ထိတ်လန့်စေခဲ့သည်။ သူ ကြောက်လန့်နေခဲ့သည်။

ဖန်ချီပြောလိုက်သည်။ " ရှောင်ဝမ်၊ မင်းကို ကားမောင်းခွင့်ပေးထားတာ ငါအမြဲတမ်း အဆင်ပြေပါတယ်။ ဒီနေ့က ဘယ်လိုဖြစ်တာလဲ"

ကျီဝမ် ပြောလိုက်သည်။ “အဲဒါက…”

ဖန့်ရှောင်နွမ် ချက်ချင်းတောင်းပန်ခဲ့သည်။ “ယောက်မ တောင်းပန်ပါတယ်။ ကျွန်မ စိတ်လှုပ်ရှားပြီး ကားကို မထိန်းနိုင်ခဲ့ဘူး။"

"မင်းအဆင်ပြေနေသရွေ့ရပါတယ် " ဖန်ချီက သူတို့နှစ်ယောက်ကိုကြည့်ပြီး ပြောလိုက်သည်။ “မင်းကို အပြစ်မတင်ပါဘူး။ မင်းတစ်ခုခုဖြစ်သွားရင် လင်းချန် ပြန်လာတဲ့အခါ ငါတို့ အဖြေမပေးနိုင်ဘူး။”

သူမ ပြောနေတဲ့အချိန် ကျီလင်းချန်ရဲ့ ဖုန်းဝင်လာခဲ့သည်။

ဖန့်ရှောင်နွမ် နံပါတ်ကိုကြည့်ကာ မဖြေရဲပေ။

ဖုန်းသံရပ်သွားသည်။ ထို့နောက် ကျီဝမ်၏ ဖုန်းကမြည်လာခဲ့သည်။

ကျီဝမ်က သူ့ဦးလေး ခေါ်နေတာကို မြင်တော့ အရမ်းကြောက်သွားပြီး ဖန့်ရှောင်နွမ်ဆီကို ချက်ချင်း လွှဲပေးလိုက်သည်။ “ဦးလေး ခေါ်နေတာ။ မင်းအတွက်ဖြစ်ရမယ်။"

ဖန့်ရှောင်နွမ်က ဖုန်းကို ကျီဝမ်ဆီသို့ အပြစ်ရှိစွာ ပြန်တွန်းလိုက်သည်။ "ဒါက နင့်ဖုန်း နင်ကိုင်သင့်တယ်"

နှစ်ယောက်သား တွန်းရင်းတွန်းရင်းနဲ့ နောက်ဆုံးတွင် ဖန့်ရှောင်နွမ်က ဖုန်းကို ကူကယ်ရာမဲ့ ကိုင်ကာ တိတ်ဆိတ်သော နေရာဆီသို့ လျှောက်သွားလိုက်သည်။ "ဟယ်လို ယောကျ်ား"

ကျီလင်းချန် ပြောလိုက်သည်။ "မင်းဖုန်းဖြေဖို့ ဘာလို့ ဒီလောက်ကြာနေတာလဲ"

ဖန့်ရှောင်နွမ် သူမ၏ နှုတ်ခမ်းတွေကို ဖိကာ နံရံနှင့် ခေါင်းကို ညင်သာစွာ တိုက်လိုက်သည်။ "အိုး၊ ချိတ်ဆက်ဖို့ အချိန်တော်တော်ကြာသွားတာ။"

ကျီလင်းချန် ပြောလိုက်သည်။ "ဘာဖြစ်ထားလို့လဲ"

ဖန့်ရှောင်နွမ် မလိမ်ချင်ပေ။ သူမအမှားကို ဝန်ခံပြီးပြောလိုက်သည်။ " အပြစ်ပေးတဲ့ အမှောင်ခန်းလေးကို ကားနဲ့ ဝင်တိုက်မိသွားတယ်"

All Chapters