← Chapters

အခန်း (၁၀၁)

Vol. 7 Ch. 101

အခန်း (၁၀၁)

Vol. 7 Ch. 101

သခင်ကြီး ကျီက တံခါးကို ပြင်းပြင်းထန်ထန် ဆောင့်ပိတ်လိုက်သည်။ နောက်ဆုံးတော့ တိတ်ဆိတ်သွားသည်။ မျှော်လင့်ထားသည့်အတိုင်း လင်မယားနှစ်ယောက် စိတ်ကောင်းဝင်နေသည်ကို သူ မမြင်နိုင်ခဲ့ပေ။

ငါးမိနစ်လောက်ကြာတော့ သခင်ကြီး ကျီက လူနာခန်းထဲက ဖြည်းညှင်းစွာ လမ်းလျှောက် ထွက်လာပြီးပြောခဲ့သည်။ "သွားစားရအောင်"

ဖန့်ရှောင်နွမ် စိတ်ရှုပ်ထွေးစွာ မော့ကြည့်လိုက်သည်။ သခင်ကြီး ကျီက သူ့အဝတ်အစားတွေ လဲပြီးသွားပြီ။ မျက်နှာတောင်သစ်ထားပြီး ဆံပင်တွေ ပြင်ထားသည်။

အပြစ်ရှိသလို ခံစားရပြီး သူမ အသံတိုးတိုးလေးနဲ့ မေးလိုက်သည်။ “ယောကျ်ား၊ ကျွန်မတို့ အဖေ့အတွက် မျက်နှာကိုသစ်ဖို့ ရေခပ်ပေးဖို့ မေ့သွားတယ်လို့ ထင်လား”

ကျီလင်းချန် ကြက်သေသေသွားပြီး စကားတစ်ခွန်းမှ မပြောခဲ့ပေ။

သခင်ကြီး ကျီက ဘယ်သွားမယ်ဆိုတာကို ဆရာဝန်ကို တမင်တကာပြောပြခဲ့ပြီး ဆရာဝန်က သူ့ကို အကြံညဏ်နည်းနည်းပေးခဲ့သည်။ ထို့နောက် ကျီလင်းချန်က သူ့အဖေနဲ့ဇနီးကို ရှု့ရှန် ဥယျာဥ် စားသောက်ဆိုင်သို့ ခေါ်ဆောင်သွားခဲ့သည်။ ခဏကြာတော့ ကားက ရှု့ရှန်ဥယျာဥ် အဝင်ဝ ရောက်လာခဲ့သည်။ ဖန့်ရှောင်နွမ်က စားသောက်ဆိုင်၏ ဆိုင်းဘုတ်ကို လှမ်းကြည့်ကာ ပြုံးကာ မျက်လုံးတွေတောင် မှိတ်သွားခဲ့သည်။

"ကျွန်မက ပုဇွန်ထုပ်နှပ်၊ ဟင်းအနှစ်နဲ့လုပ်ထားတဲ့ ပင်လယ်မျှော့၊ ကြက်ကင်၊ ဆားနဲ့ပြုတ်ထားတဲ့ပင်လယ်ခရု၊ ဒိန်ခဲနဲ့ကင်ထားတဲ့ပြောင်းဖူး၊ အသားလုံးနှပ် ..." ဖန့်ရှောင်နွမ်က စားသောက်ဆိုင်ထဲ မဝင်ခင် ဟင်းနာမည်တွေကို ရေရွတ်နေတော့သည်။

အဲ့တာတွေကို ကြားတော့ ကျီလင်းချန်ရဲ့ နှုတ်ခမ်းတွေ ကော့တက်သွားခဲ့သည်။ သူ့မိန်းမက တကယ်ကို အစားသမားလေးပဲ။

သူ စားသောက်ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် စားသောက်ဆိုင် မန်နေဂျာက သူ့ကို ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်ပြီး ပြောခဲ့သည်။ “CEO ကျီ၊ ကျွန်တော်တို့ရဲ့ စားသောက်ဆိုင်မှ ကြိုဆိုပါတယ်။ ဒီနေ့ ဘာအထူးဟင်းပွဲတွေသုံးဆောင်ချင်ပါသလဲ"

“ ငါ့အတွက် မဟုတ်ဘူး။ စားသောက်ချင်နေတဲ့ ငါ့ရဲ့ လောဘကြီးတဲ့ ကြောင်လေးအတွက်။ သူ့ဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့ သူမကို ဒီနေရာကို ခေါ်လာတာ” ဟု ကျီလင်းချန်က ဖန့်ရှောင်နွမ်ကို စူးစိုက်ကြည့်ရင်း ပြောခဲ့သည်။

ဖန့်ရှောင်နွမ်က စိတ်မချမ်းသာစွာဖြင့် လမ်းလျှောက်လာကာ ထိုလူ၏လက်ကို ဖက်လိုက်သည်။ "ကျွန်မကို အိမ်မှာပဲ လောဘကြီးတဲ့ ကြောင်လေးလို့ ခေါ်ရင် ကောင်းမယ်၊ ဒါပေမယ့် ရှင် ကျွန်မအကြောင်း ဘာလို့ဒီနေရာကြီးမှာ ဒီလိုပြောရတာလဲ။ ရှင် ကျွန်မကို အရှက်ရအောင်လုပ်နေတာလား။ ဟွန့်!"

ဇနီးဖြစ်သူ၏ ရှက်ရွံ့ဒေါသအမူအရာကို မြင်လိုက်ရသဖြင့် ယောက်ျားဖြစ်သူမှာ စိတ်ကောင်းဝင်နေခဲ့သည်။ သူက နူးနူးညံ့ည့လေးပြောလိုက်သည်။ “သိပါပြီ မိန်းမရယ်။ အခုကစပြီး အိမ်မှာပဲ အဲ့လို ခေါ်ပါ့မယ်"

ကျီလင်းချန်မှာ အမြဲတမ်း လေးနက်တဲ့ ဂုဏ်သတင်းတစ်ခုရှိခဲ့သည်။ သူက ဘယ်သူ့ကိုမှ နူးညံ့တဲ့ အမူအရာဖြင့် စကားမပြောဖူးပေ။

ဒီနေ့မှာတော့ ရှု့ရှန်ဥယျာဥ်ရဲ့ မန်နေဂျာက ကျီလင်းချန်ရဲ့ နူးညံ့တဲ့ဘက်အခြမ်းကိုမြင်ရလောက်အောင် ကံကောင်းခဲ့သည်။ ဖန့်ရှောင်နွမ်ရဲ့ စကားကြောင့် သူလည်း ရှောခ့်ရသွားသည်။ သူ့ရှေ့က ဒီမိန်းကလေးက ကျီလင်းချန်ရဲ့ ကောလဟာလထွက်နေတဲ့ ဇနီးဖြစ်နိုင်ပါ့မလား။

အထက်တန်းစား အသိုင်းအ၀ိုင်းက လူတိုင်းကတော့ ကျီလင်းချန်ရဲ့ အိမ်ထောင်ရေးအကြောင်း သိကြသည်။ သူက ဟိုတယ်မန်နေဂျာတစ်ဦးသာဖြစ်ပြီး မင်္ဂလာပွဲကို တက်ရောက်ရန် အရည်အချင်းမရှိပေ။ ဒါပေမယ့် ရှု့ရှန်ဥယျာဥ် သို့လာရောက်စားသောက်ကြတဲ့သူတွေက ချမ်းသာသည်ဖြစ်စေ၊ အထက်တန်းစားဆွေကြီးမျိုးကြီးတွေဖြစ်စေ ကျီလင်းချန်ရဲ့ အိမ်ထောင်ရေးအကြောင်း ဧည့်သည်တွေရဲ့ ဆွေးနွေးမှုများကို သူအမြဲကြားနေသောကြောင့် အဲ့အကြောင်းကို အနည်းငယ်သိသည်။ ထိုမိန်းမငယ်လေးကို မြင်တော့ သူ ဒုတိယတစ်ခေါက် ထပ်ကြည့်လိုက်မိသည်။

ကျီလင်းချန်က စားသောက်ဆိုင်မန်နေဂျာ၏ အကြည့်ကို သတိပြုမိပြီး သူ့အမူအရာက မည်းမှောင်သွားခဲ့သည်။ သူ မပျော်မရွှင်နဲ့ ပြောလိုက်သည်။ “မင်းကြည့်လို့ဝပြီလား”

သူ့အသိတွေပြန်ဝင်လာပြီးနောက်မှာ ထိတ်လန့်တကြားနဲ့ အလျင်အမြန်ပြောခဲ့သည်။“ကျွန်တော် …ကျွန်တော် တောင်းပန်ပါတယ် CEO ကျီ။ ကျွန်တော် တောင်းပန်ပါတယ် မစ္စစ် ကျီ။ ကျွန်တော် ရိုင်းပျမိပါတယ်"

ကျီလင်းချန် အေးစက်စွာ နှာမှုတ်လိုက်သည်။ သူ တစ်ခုခုပြောခါနီးမှာ တစ်စုံတစ်ယောက်ရဲ့ ဗိုက်ထဲက အသံကို ကြားလိုက်ရသည်။ အသံက သခင်ကြီး ကျီ ရဲ့ ဗိုက်ထဲက ထွက်လာတာ။ သူက ဒေါသတကြီးနဲ့ပြောလိုက်သည်။ “ငါတို့ ဒီကို စားဖို့လာတာ။ ငါတို့ကို ဒီမှာ ဘယ်လောက်ကြာကြာ ရပ်ခိုင်းစေချင်နေတာလဲ"

“သခင်ကြီးကျီ၊ CEO ကျီ၊ မစ္စစ်ကျီ၊ ကျေးဇူးပြုပြီး ဒီလမ်းပါ ” အတွေ့အကြုံရှိတဲ့လူက သူတို့သုံးယောက်ကို ထိုင်ဖို့ အမြန်ဖိတ်ခေါ်ခဲ့သည်။

ကျီလင်းချန်ရဲ့ ပုံရိပ်က ဧည့်သည်များစွာ၏ အာရုံကို ဆွဲဆောင်ခဲ့သည်။ အများစုမှာ အထက်တန်းစား အသိုင်းအဝိုင်းမှ ဖြစ်ကြသောကြောင့် သဘာဝအတိုင်း ကျီလင်းချန်ကို သိကြသည်။

ကျီလင်းချန်မှာ သူ့ပတ်ဝန်းကျင်ရှိ လူတွေရဲ့ အကြည့်တွေကို အာရုံစိုက်ဖို့ အချိန်မရှိပေ။ သူ့အာရုံစူးစိုက်မှုက သူ့ဘေးက "လောဘကြီးတဲ့ကြောင်လေး" အပေါ်သာ အာရုံစိုက်နေခဲ့သည်။

ဖန့်ရှောင်နွမ်က သူ့လက်ကို ဆက်ပြီးဆွဲထားကာ သူမ စိတ်မရှည်စွာဖြင့် သူမရဲ့ ကိုယ်အလေးချိန်ကို ရွှေ့ခဲ့သည်။ အဲ့ပုံစံက သူမ ကျီလင်းချန် နောက်ကို လိုက်နေတဲ့ပုံလိုဖြစ်နေသည်။ ဒါပေမယ့် တကယ်တမ်းကတော့ ကျီလင်းချန်ရဲ့ အရှိန်နောက်ကို မလိုက်နိုင်ဘဲ သူ့နောက်ကို အသည်းအသန် လိုက်နေရတာဖြစ်သည်။ သူက သူမရဲ့လက်ကို တင်းတင်း ဆုပ်ကိုင်ထားတာကြောင့် သူမကိုယ်သူမ မငြီးတွားဘဲမနေနိုင်ခဲ့ပေ။ "ငါ့ယောကျ်ားရဲ့ ဦးဆောင်မှုကို ခံရတာ အရမ်းပင်ပန်းတာပဲ!"

သူတို့ရဲ့ ထိုင်ခုံနေရာသို့ ရောက်သောအခါ သုံးယောက်သား တစ်ယောက်ပြီးတစ်ယောက် ထိုင်ခဲ့ကြသည်။ သူတို့ထိုင်တဲ့နေရာက တတိယထပ်မှာ spector stand ရှိသည်။ အဲ့နေရာမှာထိုင်ပြီး စားသောက်မယ်ဆိုရင် အောက်ထပ်က ရှုခင်းအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ ဤသည်မှာ စားသောက်ဆိုင်တစ်ခုလုံးတွင် အကောင်းဆုံးနေရာဖြစ်သည်။ မန်နေဂျာက သူတို့ကို ဤနေရာတွင် တမင်တကာ ပို့ဆောင်ခဲ့သည်။ ကျီလင်းချန် စားသောက်ဆိုင်ကို ရောက်တိုင်း သူ ဒီမှာ ထိုင်နေလိမ့်မည်။

"ဝိုး ဒီနေရာက မလှဘူးလား။ ကျွန်မ ဒီမှာထိုင်တာ ဒါပထမဆုံးအကြိမ်ပဲ!" ဖန့်ရှောင်နွမ် စိတ်လှုပ်ရှားစွာပြောလိုက်သည်။ ထိုစကားကို ပြောပြီးနောက် သူမ လက်ရန်းကို မှီကာ အောက်ထပ်က လှပတဲ့ရှုခင်းကို ကြည့်လိုက်သည်။

သူ့ချွေးမရဲ့ ခန္ဓာကိုယ် တစ်ဝက်လောက်က လက်ရန်းပေါ်မှာ ရှိနေတာကို မြင်လိုက်ရတော့ သခင်ကြီး ကျီ က စိုးရိမ်တကြီးနဲ့အော်လိုက်သည်။ “နွမ်နွမ်၊ နောက်ကို နည်းနည်းပြန်ဆုတ်။ မင်း ဒီထက်ပိုသွားရင် ကြမ်းပြင်ပေါ်ပြုတ်ကျပြီး ပန်ကိတ်ဖြစ်သွားလိမ့်မယ်!"

"အဖေ၊ စိတ်မပူပါနဲ့။ ကျွန်မက အရွယ်ရောက်နေပြီ၊ကျွန်မ သတိထားပါ့မယ်။" ဖန့်ရှောင်နွမ် ပြုံးပြီး ပြန်ဖြေခဲ့သည်။

သူ သက်ပြင်းချလိုက်သည်။ "ဒါဆို မင်းဘာလို့ ကလေးလိုလုပ်နေသေးတာလဲ" သခင်ကြီး ကျီက ရေရွတ်လိုက်သည်။

မန်နေဂျာက စကားစမြည်ပြောတာကိုကြားတော့ တွေးနေခဲ့သည်။ 'သခင်ကြီး ကျီက သူ့ချွေးမကို အရမ်းဂရုစိုက်တာပဲ'

"CEO ကျီ၊ ကျွန်တော်တို့ စီအီးအိုရဲ့ ပုံမှန်အမှာတွေအတိုင်း ဆက်ပြီး တည်းခင်းပေးရမလား" မန်နေဂျာက မေးလိုက်သည်။

ကျီလင်းချန် ခေါင်းခါလိုက်ပြီး မီနူးကို ကောက်ယူကာ ပြောလိုက်သည်။ "ဖန့်ရှောင်နွမ်၊ မကစားနဲ့တော့။ မြန်မြန်လာမှာ”

All Chapters