အခန်း (၁၉၉)
Vol. 14 Ch. 199
ဖန့်ရှောင်နွမ် အေးစက်စွာ ရယ်လိုက်သည်။ သုတ်ဆေးက သူမ၏ အပြစ်ကင်းစင်တဲ့ မျက်နှာကို ဖုံးအုပ်ထားသဖြင့် သူမကို ပို၍ပင် လျှို့ဝှက်ဆန်းကြယ်ပုံပေါက်စေသည်။ ၎င်းသည် ပန်းချီကားအောက်မှ သူမအား မည်သို့သော ပုံသဏ္ဌာန်ရှိသလဲဆိုတာကို ပတ်ဝန်းကျင်ရှိလူတွေအား သိချင်လာစေသည်။
“မင်းကို မနာလိုဖြစ်စေမိလို့ တောင်းပန်ပါတယ်။ ငါလည်း မကူညီနိုင်ဘူး။ ငါ့မှာ ယောကျ်ားရှိပြီးသားဆိုတော့ အရမ်းဆိုးတယ်။ ငါ့မှာ ငါ့ကိုချစ်တဲ့ ယောကျ်ားရှိတယ်ဆိုတာကို မင်း မနာလိုဖြစ်နေရင် မင်း ရှုံးရင် မင်း ကိုယ်တိုင် ယောကျ်ားသွားရှာလိုက်။ ဒီနည်းနဲ့ဆို မင်းရဲ့ကိုယ်ပိုင် မာကင်ရာ ရနိုင်ပြီး ဒဏ်ရာရနေတဲ့ နှလုံးကို သက်သာစေနိုင်တယ်။”
အမျိုးသမီးတွေမှာ ယောက်ျားတွေရှိသည်။ ဒါက သဘာဝတရားရဲ့ နိယာမပဲ။ တစ်ခုခုမှားနေတယ်လို့ ဘယ်သူမှ မခံစားခဲ့ကြပါပေ။
ဒါပေမယ့် ဖန့်ရှောင်နွမ်က သူမပြိုင်ဘက်ကို ယောကျ်ားရှာဖို့ တမင်တကာ အကြံပြုခဲ့သည်။ ဒါက သူမရဲ့မျက်နှာချင်းဆိုင်က လူကို စော်ကားလိုက်တာ။
ဖန့်ရှောင်နွမ်က ထိုနေရာတွင် လက်စားချေခဲ့သည်။ သူမစောင့်ခဲ့ဘူး။ တစ်ဖက်သားက သူမကို အရင်ကဲ့ရဲ့ခဲ့တာမို့ ကြမ်းတမ်းလွန်းတဲ့စကားကြောင့် သူမကို အပြစ်တင်လို့မရပေ။ အချိန်တိုင်း သူမက တစ်ဖက်သားကို နှလုံးသားထဲကို ဓားနဲ့ ထိုးခဲ့သည်။ သူမ ပြောတဲ့စကားတွေက ကရုဏာမပြခဲ့ပေ။
အံ့သြစရာကောင်းတာက ရန် ဒေါသမထွက်ပေ။ အဲဒီအစား သူက အကျယ်ကြီး ရယ်ခဲ့သည်။
ဖန့်ရှောင်နွမ်က သူ့ကို အေးစက်စွာ ကြည့်နေသည်။ ထို့နောက် သူမ ခေါင်းကို လှည့်ကာ တခြားနေရာကို လှည့်ကြည့်လိုက်သည်။ ဒီလူက ပြုံးလိုက်တဲ့အချိန် အရူးတစ်ယောက်လို ဖြစ်နေသည်။ သူက သွားအများစုကို ထုတ်ဖော်ပြသခဲ့ပြီး သူမကို အလွန်စက်ဆုပ်သွားစေခဲ့သည်။
ထိုလူ၏ သွားတွေကဝါနေသည်။ သူ့ရယ်သံကြောင့် သူမက အသက်နှစ်ဆယ်ကျော် လူငယ်တစ်ယောက်ဟု ခန့်မှန်းမိလိုက်သည်။
ဖန့်ရှောင်နွမ် ထိုလူ၏ လက်ကိုကြည့်ရင်း သွေးပူလာသည်။ သူတို့လက်နဲ့ လူတစ်ယောက်အကြောင်း အများကြီးပြောပြနိုင်သည်။ အလုပ်ကြမ်းလုပ်သူတဲ့သူတွေက လက်ချောင်းတိုတယ်၊ လက်ချောင်းတွေ တုတ်တယ် ၊ ထူထဲတဲ့ အသားအရည်နဲ့ ကြမ်းတမ်းတဲ့ အသားအရည်တွေ ရှိသည်။ လူက လေ့ကျင့်ခန်းလုပ်လိုက်ရင် အသားအရေက ပိုဖြူလာမယ်။ အသားအရေ ဖြူဝင်းလာကာ လေနှင့် နေရောင် မထိတွေ့ဘဲ တစ်နှစ်ပတ်လုံး အိမ်ထဲတွင် နေခဲ့ကြကြောင်း ပြသခဲ့သည်။ တစ်နှစ်ပတ်လုံး ရုံးထိုင်သူတွေက သာမန်လူများနှင့် အနည်းငယ် ကွဲပြားသော လက်ချောင်းများ ရှိကြပေမည်။ သူတို့ရဲ့လက်ချောင်းထိပ်လေးတွေက အနည်းငယ်ပြန့်ပြူးပြီး အသားအရေက ပိုကောင်းပေမယ့် လေ့ကျင့်ခန်းလုပ်သူတွေနဲ့ အနည်းငယ်ကွာခြားလိမ့်မည်။
ဖန့်ရှောင်နွမ်က သူ့လက်တွေကို စူးစမ်းခြင်းဖြင့် ဒီလူလုပ်တဲ့ အလုပ်အမျိုးအစားကို အကြမ်းဖျင်း တွက်ချက်ခဲ့သည်။ သူက လက်လုပ်လက်စား လုပ်နေသည်မှာ သေချာသည်။ ဒါ့ပြင် သူ အခုလေးတင် ရယ်နေချိန်မှာတော့ သူ့ရဲ့ တောက်နေတဲ့ အဝါရောင် သွားတွေကို ဖော်ထုတ်ခဲ့သည်။ တစ်နှစ်ပတ်လုံး ဆေးလိပ်သောက်ထားတာကြောင့် ထိုကဲ့သို့ သွားတွေဖြစ်လာတာဖြစ်နိုင်သည်။ ဤလက္ခဏာများအားဖြင့်၊ သူမ၏ ပြိုင်ဘက်က အသက်နှစ်ဆယ့်ငါးနှစ် သို့မဟုတ် နှစ်ဆယ့်ခြောက်နှစ်ဝန်းကျင်ဟု ဆုံးဖြတ်နိုင်သည်။ သူက လက်လုပ်လက်စားလုပ်နေပြီး အထူးသဖြင့် ဆေးလိပ်ကို စွဲစွဲလန်းလန်းဖြစ်နေသည်။ သူ အလုပ်မှာ မကြာခဏ အသက်ရှူဖို့ လိုအပ်သည်။
ဤအချက်အလက်ဖြင့် ဖန့်ရှောင်နွမ်သည် သူ၏ အားနည်းချက်အချို့ကို အကြမ်းဖျင်းသိရှိခဲ့သည်။ အကြောဆန့်ပြီးသွားသောအခါ၊ နောက်ဆုံးအကျော့ပွဲစဉ်က ပြီးဆုံးသွားခဲ့သည်။
ရန်က ဖန့်ရှောင်နွမ်ကို ကြည့်ကာ ရည်ရွယ်ချက်ရှိရှိ တံတွေး ထွေးခဲ့သည်။
တစ်ဖက်တွင် ဖန့်ရှောင်နွမ်က လုံးဝဂရုမစိုက်ဘဲ သူမ၏ လမ်းကြောင်းကို ပြောင်းလဲလိုက်သည်။ သူမ နှလုံးသားထဲ မထည့်ခဲ့ပေ။
နှစ်ယောက်သား စင်မြင့်ပေါ်သို့ တက်ခဲ့ကြသည်။ ကျီဝမ်နဲ့ လျိုစစ်ယွီတို့က စိတ်လှုပ်ရှားစွာ စောင့်ကြည့်ရန် စင်မြင့်ဘေးတွင် ရပ်နေကြသည်။ ဖန့်ရှောင်နွမ်ကို ပြောစရာတွေ အများကြီးရှိပေမယ့် ပြိုင်ဆိုင်မှုအတွင်း သူမရဲ့ စိတ်အခြေအနေကို ထိခိုက်စေမှာကို စိုးရိမ်တာကြောင့် စကားမပြောရဲကြပေ။ သူတို့က ကြိုးဝိုင်း၏ ဘေးတွင်သာ ငြိမ်ငြိမ်နေခဲ့ကြသည်။ နှစ်ယောက်စလုံး စင်ပေါ်က ကိုယ်လုံးကိုယ်ပေါက်သေးတဲ့ ကောင်မလေးကို စိုက်ကြည့်နေကြသည်။
ဖန့်ရှောင်နွမ်က တစ်ဖက်လူ၏ မျက်လုံးတွေထဲက ပရိယာယ်ကို ကြည့်ပြီး ချက်ချင်း လေးနက်လာသည်။ သူမ နှုတ်တိုက်ပွဲကို ဆက်ဖို့ စိတ်မ၀င်စားပေ။
စင်မြင့်အောက်က လေထုက ပူလာခဲ့သည်။ “နန်နန်” က သူမကို လှုပ်ရှားစေခဲ့သည်။ စင်မြင့်အောက်က လူတွေက သူမနဲ့ပွဲတိုင်း အရမ်းစိတ်လှုပ်ရှားနေတာကြောင့် သူမကို ချက်ချင်းပဲ စိတ်လှုပ်ရှားသွားစေသည်။ သူမရဲ့ လက်ဝှေ့ အနေအထားက ပြေပြစ်သည်။ အမြဲတမ်း သူမ ကခုန်နေပုံရသည်။ သူမနာမည်ကြီးလာကတည်းက သူမရဲ့ ပရိသတ်တွေက သူမကို ပွဲတိုင်းလိုလို ဝိုင်းပြီး အားပေးနေကြတာပင်။ ဒီအခြေအနေက ပြိုင်ပွဲဝင်တွေရဲ့ နှလုံးသားထဲမှာ အောင်ပွဲခံချင်စိတ်ကိုလည်း နှိုးဆွပေးခဲ့သည်။ သူတို့က သူမ၏ ပြိုင်ဘက်ဖြစ်လာဖို့၊ သူမကိုအနိုင်ယူပြီး သူမရဲ့ကျော်ကြားမှုကို သူတို့ဘာသာသူတို့ ရယူလိုကြသည်။ ဟုတ်ပါတယ် ရန်လည်း ဒီလိုပဲ ခံစားရသည်။
သူ စင်ပေါ်တက်ချိန်မှာတော့ သူ့ပြိုင်ဘက်က ကလေးမလေးမှန်း သိပေမယ့် သူ့အဝတ်အစားတွေကို ချွတ်လိုက်ပြီး သူ့ရဲ့ အပေါ်ပိုင်းကြွက်သားတွေ ကိုဖော်ထားခဲ့သည်။ သူက မျက်ခုံးပင့်ပြီး စနောက်ကာပြောလိုက်သည်။ “မင်းမှာ ယောက်ျားမရှိဘူးလား။ ရင်ဘတ်ဗလာနဲ့ ယောက်ျားက မင်းအပေါ်မှာ ရောက်နေတယ်ဆိုတာ မင်းယောကျ်ား သိသွားရင် သူဘယ်လိုထင်သွားမလဲ။"
"သူ သေသွားလိမ့်မယ်။"ကျီဝမ်က ဖန့်ရှောင်နွမ်ကို ဆိုက်ကိုသွင်းဖို့ ကြိုးစားနေတဲ့ အမျိုးသားကို ကြည့်ကာ သူမကိုယ်စား ဖြေလိုက်သည်။
တကယ်လို့ ဒီလူက သူ့အဒေါ်ကို ဆန့်ကျင်ပြီး သူ့ကိုယ်အလေးချိန်နဲ့ ဖိဖို့ သတ္တိရှိတယ်ဆိုရင်၊ ထမင်းကို လက်တွေ့ကျကျ စားနိုင်တဲ့ သူ့ဦးလေးက ဒီလူကို အရှင်လတ်လတ် မြှုပ်ပစ်မှာ သေချာတယ်။
အမျိုးသားတစ်ဦးအတွက် ရည်ရွယ်သည့် ပြိုင်ပွဲတစ်ခုတွင် အမျိုးသမီးတစ်ဦး ပါဝင်ယှဉ်ပြိုင်တာကို မြင်တွေ့ရသည်မှာ စိတ်မအေးသော်လည်း ဖန့်ရှောင်နွမ်က ယင်းကို နှလုံးသားထဲတွင် စွဲလန်းခြင်းမရှိပေ။ သူမ ဇုန်ထဲတွင်ရှိနေပြီဖြစ်သည်။
ခေါင်းလောင်းသံ မြည်လာသည်နှင့်အမျှ လူအုပ်ကြီးက ငြိမ်သက်သွားကာ စင်မြင့်ပေါ်မှ လူနှစ်ယောက်ကို ကြည့်နေကြသည်။
လူနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် စမ်းသပ်နေကြပြီး ဖန့်ရှောင်နွမ်က သူ နဲ့ ခပ်ဝေးဝေးမှာ နေခဲ့သည်။
အဲဒီလူက ဖန့်ရှောင်နွမ်ကို ဆက်ပြီး စော်ကားနေသည်။ ကျီဝမ် ထိုလူနှင့် ချချင်ပေမယ့်လည်း ဖန့်ရှောင်နွမ်က ထူးထူးခြားခြား ငြိမ်သက်နေပြီး သူမ မျက်လုံးတွေက ဆင်ခြင်တုံတရားနှင့် ပြည့်နှက်နေသည်။
ရုတ်တရက် သူမက သူမရဲ့ ပြိုင်ဘက်ဆီသို့ ပြေးသွားသည်။ သူမ တိုက်ခိုက်တော့မည်ဟု ထိုယောက်ျားက ထင်လိုက်သောအခါ၊ ဖန့်ရှောင်နွမ်က နောက်သို့ ဆုတ်ကာ ရှောင်ထွက်သွားသည်။ ၎င်းသည် အချည်းနှီးသော ရပ်တည်ချက်တစ်ခုမျှသာဖြစ်သော်လည်း ၎င်းသည် ထိုအမျိုးသားအား ထိတ်လန့်စွာ မိမိကိုယ်ကို ကာကွယ်ရန် ရွေးချယ်စေခဲ့သည်။
ဖန့်ရှောင်နွမ် မတ်တပ်ရပ်လိုက်သောအခါတွင် လူအုပ်ကြီးက ဝါးလုံးကွဲ ရယ်မောကာ ပြောခဲ့သည်။ “ရန် အဲ့တာကို မလုပ်နိုင်ဘူး၊ သူက နန်နန် အတွက် မလိုက်ဖက်ဘူး။ စကားလုံးတွေနဲ့ တိုက်ခိုက်နည်းကိုပဲ သူသိတာ။ သူ့မှာ တကယ့်အရည်အချင်းမရှိဘူး”
“နန်နန်မှာ ကျွမ်းကျင်တဲ့စကေးရှိတယ်။ ရန် က အရူးကြီးတစ်ယောက်လိုပဲ။ သူ ရှုံးလိမ့်မယ်”