အခန်း (၇၁)
Vol. 5 Ch. 71
ဖန့်ရှောင်နွမ်က ကျီလင်းချန်နဲ့ စကားများဖို့အတွက် ကျီလုပ်ငန်းစုကိုသွားတာဖြစ်စ်သည်။ သူမသာ အဲ့လိုမလုပ်ရင် ဒေါသဖြေဖို့အတွက် သူနဲ့ ရန်ဖြစ်မိမှာ။
လျှိုစစ်ယွီက ဖန့်ရှောင်နွမ်ကို မီအောင်မလိုက်နိုင်တော့ပေ။ သူမ ရုံးခန်းဆီပြန်ပြီး ဖန့်ရှောင်နွမ်ရဲ့ဖိုင်တွေကို ယူကာ ကျီဝမ်ကို ပြောလိုက်သည်။ “ငါတို့ ရှောင်နွမ်နောက်ကို လိုက်ကြရအောင်။”
“သူမက ပြဿနာရှင်းဖို့အတွက် ငါ့ဉီးလေးကို သွားရှာတာ။ ငါက ဘာလို့သူ့နောက်ကို လိုက်ရမှာလဲ? သူ့ဒေါသနဲ့ဆိုရင် သူမ ငါ့ဉီးလေးနဲ့ ရန်ဖြစ်ရင်တောင် ဘယ်သူနိုင်မလဲဆိုတာကို ငါ တကယ်မသိဘူး။” အကုန်လုံးကို သူသိသလိုနဲ့ ပြောလိုက်သည်။
သူတို့အုပ်စုထွက်သွားတာနဲ့ ရုံးခန်းထဲက ဆရာတွေက သူတို့အချင်းချင်း ဆွေးနွေးနေကြသည်။ သူတို့က ဖန့်ရှောင်နွမ်နဲ့ ကျီမိသားစုရဲ့ ပတ်သတ်မှုတွေကို သံသယဝင်နေကြသည်။ ဘေးက ဆရာ၊ ဆရာမတွေကလည်း အတင်းတုပ်ရတာ ကြိုက်ကြသည်။
“ကျီသခင်လေးနဲ့ အဲ့ဒီမိန်းကလေးတို့က တစ်ချိန်တည်း အတန်းပြောင်းတယ်ဆိုတာ တစ်ခုခုတော့ ပတ်သတ်မှုရှိမယ်လို့ ငါထင်တယ်။ သူဌေးကျီသာသိရင်တော့ အဲ့စုံတွဲကို သူ ခွဲမှာပဲ။”
အာလုံးက သူတို့ဘာသာသူတို့ ဆွေးနွေးနေကြသည်။ ဖန့်ရှောင်နွမ်က ကျီလုပ်ငန်းစုဆီသွားဖို့ ကားခေါ်ပြီးသွားပြီ။ သူမ ရောက်တာနဲ့ ရှေ့ကောင်တာကို သွားပြီး မေးလိုက်သည်။ “ကျီလင်းချန်ရဲ့ ရုံးခန်းက ဘယ်နှစ်ထပ်မှာလဲ?”
ကောင်တာက မိန်းကလေးက မနှစ်သက်တဲ့ပုံစံဖြစ်နေသည်။ “မိန်းကလေး၊ ရက်ချိန်းကြိုယူထားပြီးပြီလား?”
ဖန်ရှောင်နွမ်က ခေါင်းခါလိုက်သည်။ “မယူထားဘူး။”
“ဒါဆို ကျွန်မတောင်းပန်ပါတယ်၊ မိန်းကလေး။ ကြိုမပြောထားဘဲနဲ့ သူဌေးနဲ့ တွေ့လို့မရပါဘူး။ စည်းကမ်းမလို့ပါ။”
ဖန့်ရှောင်နွမ်က ဖုန်းထုတ်ပြီး ပြောလိုက်သည်။“ဒါဆိုလည်း အခုပဲ ကြိုပြီး ရက်ချိန်းယူလိုက်မယ်။”
သူမ ကျီလင်းချန်ဖုန်းကို ဆက်လိုက်သည်။ ဖုန်းဝင်သွားတော့ ကျီလင်းချန်ရဲ့အသံထွက်လာခဲ့သည်။ “ဟယ်လို၊ ဘာကိစ္စလဲ?”
ဖန့်ရှောင်နွမ်က ပြောလိုက်သည်။ “ယောကျာ်း၊ ကျွန်မရှင့်ကုမ္ပဏီရဲ့ ဧည့်ခန်းထဲမှာရောက်နေတယ်။ ကောင်တာက မိန်းကလေးက ကျွန်မ ရှင်နဲ့ တွေ့ချင်ရင် ကြိုပြောရမယ်လို့ ပြောလို့။ အခုပြောပြီးပြီနော်။”
ကောင်တာက မိန်းကလေးဆွံ့အမိသွားသည်။ သူတို့က သူတို့ရှေ့က မိန်းကလေးက သူဌေးကို ခေါ်လိုက်တဲ့ အသုံးအနှုန်းကြောင့် အံ့ဩနေကြသည်။ သူတို့ရဲ့ သူဌေးအသံဆိုတာကို ဖုန်းတခြားဖက်ကလာတဲ့အသံနဲ့ အတည်ယူလို့ရသည်။ ဒါပေမဲ့ ဒီမိန်းကလေးက သူ့ကို “ယောကျာ်း”လို့ ခေါ်လိုက်သည်။
ကျီလင်းချန်က အချိန်ကြည့်ဖို့ သူ့လက်ကောက်ဝတ်ကို နည်းနည်း မလိုက်သည်။ ဒီနေ့က သူမအတွက် ကျောင်းတက်တာ ပထမဆုံးနေ့ပဲ။ သူလုပ်ထားတာကို သူမ သိသွားလို့ဖြစ်ရမည်။ “ကိုယ် အလုပ်ရှုပ်နေတယ်၊ မင်းနဲ့ ညကျမှ ပြောမယ်။”
ဖန့်ရှောင်နွမ်က “အိမ်လား? ယောကျာ်း၊ ရှင် အိမ်မှာမရှိတာ ဘယ်နှစ်ရက်တောင် ရှိနေပြီလဲ? ကျွန်မ အိမ်ပြန်ရင် ရှင့်လူတွေနဲ့ တွေ့ရဉီးမှာလား?”
ကျီလင်းချန်က ရုံးခန်းထဲမှာ အလုပ်ပြီးအောင်လုပ်နေသည်။ သူ့ရှေ့မှာတော့ ဘဏ္ဍာရေးမန်နေဂျာက ရပ်နေသည်။ သူက တင်ပြချက်ကို ကိုင်ထားကာ သူဌေးရဲ့ ခွင့်ပြုချက်ကို စောင့်နေသည်။
“ကိုယ်ဒီနေ့ အိမ်ပြန်လာမယ်လို့ ကတိပေးတယ်နော်”လို့ ကျီလင်းချန်က အေးအေးဆေးဆေးပြောလိုက်သည်။
“မဟုတ်ဘူး၊ ကျွန်မ ရှင့်ကို အခုတွေ့ချင်တာ”လို့ ဖန့်ရှောင်နွမ်က ကျီလင်းချန်ကို ရုံးဧည့်ခန်းထဲမှာအော်လိုက်သည်။ ပြီးတော့ သူမက ဖုန်းချပြီး လှည့်ကာကောင်တာဘက်ကို ပြောလိုက်သည်။ “အခု ကျီလင်းချန်နဲ့ ကျွန်မရက်ချိန်း ရပြီ။ ကျွန်မကို လိုက်ပို့ပေးတော့လေ။”
ကောင်တာကလူတွေက အံ့အားသင့်နေသည်။ “အာ..ရှင်..ရှင်က သူဌေးကတော်လား?” သူမက အရမ်းငယ်နေသည်။
ဖန့်ရှောင်နွမ်က ခေါင်းငြိမ့်လိုက်သည်။ “ဟုတ်တယ်လေ။ အိမ်က အိမ်တော်ထိန်းကို ခေါ်ပြီး ကျွန်မအကြောင်းကို သိအောင် လက်ထပ်စာချုပ်ပြဖို့ လိုသေးလား?”
ကောင်တာထိုင်တဲ့သူက အမြန်ပဲ ခေါင်းခါလိုက်သည်။ “မမလေး၊ ခဏလောက်စောင့်ပါဉီး။ ကျွန်မတို့ စစ်ဆေးဖို့ လိုသေးလို့ပါ။ ” သူမက သူဌေးရုံးခန်းက ဝန်ထမ်းကို ဖုန်းဆက်ပြီး အခြေအနေကို ပြောပြလိုက်သည်။
ဖုန်းကိုင်တဲ့သူက ကျီလင်းချန်ရဲ့ အတွင်းရေးမှူးပင်။ သူမက သူဌေးလက်ထပ်ထားတယ်ဆိုတာကို မသိတဲ့အတွက် ပြောလိုက်သည်။“သူမ လိမ်နေတာဖြစ်ရမယ်။ မောင်းထုတ်လိုက်”
ကောင်တာက မိန်းကလေးက အစောနကတင် သူဌေးရဲ့အသံကို ကြားခဲ့သည်။ သူမက ဖန့်ရှောင်နွမ်ကို အားနာနာနဲ့ ကြည့်လိုက်သည်။ “မမလေး၊ ကျေးဇူးပြု၍ ထွက်သွားပေးပါ။ သူဌေးရဲ့အတွင်းရေးမှူးက ရှင့်အကြောင်းကို မသိပါဘူး။ ရုံးကို ထပ်နှောင့်ယှက်နေရင် လုံခြုံရေးခေါ်ရပါမယ်။”
ဖန့်ရှောင်နွမ်က အဲ့လောက်ခက်လိမ့်မယ့်လို့ မသိခဲ့ပေ။ “ကျီလင်းချန်က ကျွန်မကို မတွေ့ချင်တာလား?”
ကောင်တာမိန်းကလေးက ခေါင်းငြိမ့်လိုက်သည်။
ဖန့်ရှောင်နွမ်က လူတွေ ဧည့်ခန်းထဲမှာ သွားလိုက်၊ လာလိုက်လုပ်နေကြတာကိုကြည့်နေသည်။ သူမက သူမဘာသာအတင်းသွားလို့မရဘူး။ ဘာလို့ဆို ကျီလင်းချန်က သူမကို မတွေ့ချင်လို့ဖြစ်သည်။ သူမက သိပ်အဝေးကြီးမှာ မရှိနေတဲ့ ဆိုဖာကို ကြည့်ပြီး ပြောလိုက်သည်။“ဟုတ်ပြီလေ၊ သူက ကျွန်မကို မတွေ့ချင်ဘူးမလား? ဒီမှာထိုင်ပြီး သူ့ကို စောင့်နေမယ်။” အဲ့လိုပြောပြီးနောက် ဖန့်ရှောင်နွမ်က ကျောပိုးအိတ်ကိုလွယ်ပြီး အဲ့မှာထိုင်လိုက်သည်။
သူ့မိန်းမ ဖုန်းချလိုက်လို့ ရုံးခန်းထဲက ယောကျာ်းက စိတ်အခြေအနေမကောင်းဖြစ်နေသည်။ သူမက သူနဲ့ ကိစ္စရှင်းချင်လို့ ဒီရောက်လာတာကို သူ သိသည်။ ဒါပေမဲ့ သူက သူမကို ရှောင်နေသည်။ သူ ဘဏ္ဍာရေးမှတ်တမ်းတွေကိုတောင် မကြည့်ချင်တော့ပေ။ “မင်းသွားလို့ရပြီ။”
“ဟုတ်ကဲ့ပါ၊ သူဌေး။” ဘဏ္ဍာရေးမန်နေဂျာက သူ့လက်ထဲက ဖိုင်တွေကို ကိုင်ပြီး သေချာရုံးခန်းထဲက ထွက်သွာခဲ့သည်။
အောက်ထပ်က မိန်းကလေးကတော့ စောင့်နေတုန်းပင်။ အတွင်းရေမှူးက ဖိုင်တွေနဲ့ လျှောက်လာပြီး ကောင်တာကမိန်းကလေး သူ့ကို ဆက်သွယ်ခဲ့တဲ့အကြောင်းကို ပြောလိုက်သည်။ “သူဌေးကျီ၊ သူဌေးကတော်ဆိုပြီးတော့ ပြောနေတဲ့ မိန်းကလေးအောက်မှာရှိနေတယ်လို့ ကောင်တာက မိန်းကလေးက ဖုန်းဆက်ပြောပါတယ်။ သူမက သူဌေးကို တွေ့ချင်လို့လို့ ပြောပါတယ်။ ကျွန်တော် အတွေ့မခံပဲ၊ သူမကို မောင်းထုတ်လိုက်ဖို့ ပြောလိုက်တယ်။ အခုခတ်ကလေးတွေက အကုန်လုံးကို ပြောရဲနေကြတာပဲ။”
ကျီလင်းချန်က လက်ဖက်ရည်ခွက်ကို ကိုင်ထားရင် ခဏစဉ်းစားနေသည်။ သူက ခေါင်းမော့ပြီး မေးလိုက်သည်။“မင်းက ငါ့ကို ဘာလို့ အရင်မပြောတာလဲ?”
“သူဌေးမှာ မိန်းမရှိတာလား?”
ကျီလင်းချန်က အေးစက်စက် မျက်နှာထားနဲ့မေးလိုက်သည်။ “မင်းက တကယ်ပဲမသိတာလား ဒါမှမဟုတ် ငါ့လက်သူကြွယ်က လက်စွပ်ကို မင်းက မယုံသင်္ကာဖြစ်နေတာလား?”
သူဌေးစိတ်ဆိုးသွားတယ်ဆိုတာကို အတွင်းရေးမှူးသိသည်။ သူ့အကြည့်က တန်းခနဲ့ ကျီလင်းချန်ရဲ့ လက်သူကြွယ်ပေါ် ရောက်သွားသည်။