← Chapters

အခန်း (၂၂၃)

Vol. 15 Ch. 223

အခန်း (၂၂၃)

Vol. 15 Ch. 223

လျိုစစ်ယွီ စာသင်ခန်းသို့ ရောက်လာသောအခါ သူမကိုစောင့်နေတဲ့လူကိုတွေ့လိုက်ရသည်။ " စစ်ယွီ ခဏနေရင် အားလား "

“မအားဘူး” လျိုစစ်ယွီက သူမကို မေးနေတဲ့ ဒီထူးဆန်းတဲ့လူကို အေးစက်စွာ ငြင်းဆိုခဲ့သည်။

“ငါ ..ငါမင်းကို ပြောစရာရှိတယ်” ကောင်လေးက စကားထစ်ထစ် ပြောလာသည်။

လျိုစစ်ယွီသည် သူမရှေ့မှလူကို ကြည့်ကာ သူ့ကို အကဲခတ်လိုက်သည်။ ရုတ်တရက် သူမရဲ့အစ်ကိုကို တွေးမိသွားပြီး အေးစက်စွာပြောလိုက်သည်။ "နင် ငါ့ကိုလိုက်ချင်တာဆိုရင်နင် ချန်ချန်ကို ညွှန်းလို့ရတယ်။ ငါ့အစ်ကိုက ရဲအရာရှိ။ နင့်မိသားစုရဲ့ မျိုးဆက်ဆယ့်ရှစ်ဆက်လုံးကို သူ စုံစမ်းလို့ရတယ်။ ငါ့ကို ပွင့်ပွင့်လင်းလင်း လိုက်ချင်တယ်ဆိုရင်တော့ လိုက်ပေါ့။ ဒီလိုဆိုရင်တောင် ငါ နင့်ကို ငြင်းတုန်းပဲနော်။ နင့်မှာ ညစ်ပတ်တဲ့ လျှို့ဝှက်ချက်တွေ ရှိနေရင် နင် ငါ့ဆီကနေ ဝေးဝေးနေပြီး စကားမပြောတာ ပိုကောင်းတယ်။ မဟုတ်ရင် နင့်ရဲ့ ညစ်ပတ်တဲ့ လျှို့ဝှက်ချက်ကို လူတိုင်းကို ပြောပြပစ်လိုက်မှာ။"

ထိုသို့ပြောပြီးနောက် လျိုစစ်ယွီက နောက်ပြန်လှည့်မကြည့်ဘဲ စာသင်ခန်းထဲသို့ ဝင်သွားခဲ့သည်။

လျိုစစ်ယွီမှ ချန်ချန်၏လျှို့ဝှက်ချက်များကို ဖော်ထုတ်ပြီးနောက်တွင် သူ သူ့ရည်းစားသုံးယောက်ရဲ့ ရိုက်နှက်ခြင်းကို ခံခဲ့ရသည်။ နောက်ဆုံးတော့ ကျောင်းတစ်ကျောင်းလုံး သိသွားကြသည်။ နောက်ဆုံးတွင် သူသည် လူစုလူဝေး၏ လှောင်ပြောင်မှုကို မခံနိုင်ဘဲ ကျောင်းမှ တစ်နှစ်အနားယူခဲ့သည်။

ထိုကဲ့သို့သော ဥပမာကို ကျောင်းရှိ ယောက်ျားလေးများအားလုံးအတွက် သတိပေးချက်အဖြစ် မှတ်ယူသင့်သည်။ လျိုစစ်ယွီကို မလိုက်နိုင်ကြပေ။

ဖန့်ရှောင်နွမ်သည် သူမ၏ အချစ်ဆုံးသူငယ်ချင်းက အလွန်အံ့သြဖွယ်ကောင်းကြောင်း ချက်ခြင်းခံစားလိုက်ရပြီး မတ်တပ်ရပ်ကာ လက်ခုပ်တီးလိုက်ချင်သည်။

တံခါးဝမှာရပ်နေတဲ့ ကောင်လေးက ရှက်ရွံ့စွာနဲ့ ခေါင်းငုံ့သွားသည်။ "မင်းကို နှောင့်ယှက်မိလို့ တောင်းပန်ပါတယ်၊ ဒါပေမယ့် ငါ လှည့်ပြီး ထွက်သွားပါ့မယ််"

ဖန့်ရှောင်နွမ် မေးလိုက်သည်။ "နင် သူ့မာနကို နင်းမိလိုက်တာများလား"

"ဘာမာနလဲ။ သူ့အချစ်ကို ဝန်ခံဖို့ သူလာခဲ့တာမဟုတ်ဘူး။ လက်ဆောင်မှ မကိုင်ထားတာ။ ငါ ဘာတစ်ခုမှမတွေ့ဘူး” လျိုစစ်ယွီပြောလိုက်သည်။

ဖန့်ရှောင်နွမ် စိတ်ဝင်တစား မေးလိုက်သည်။ "သူက သူ့ခံစားချက်တွေကို ဝန်ခံချင်ပေမယ့် လက်ဆောင်မယူလာခဲ့လို့လား"

လျိုစစ်ယွီ ခေါင်းခါပြီး အဲ့ကောင်လေးအကြောင်း ပြောလိုက်သည်။ “သူက ငါ့အစ်ကို့ကို ကျေးဇူးတင်ချင်နေတာ။ ငါ့အစ်ကိုက သူ့ကို ဒါမှမဟုတ် သူ့မိသားစုကို မတွေ့ဘူးဆိုတော့ သူက ငါ့ကိုလာတွေ့တာ”

"ဘာဖြစ်ထားလို့လဲ" ဖန့်ရှောင်နွမ် စိတ်ဝင်တစား မေးလိုက်သည်။

လျိုစစ်ယွီ တိုးတိုးလေးပြောလိုက်သည်။ “ကောင်လေးမှာ ညီမတစ်ယောက်ရှိတယ်။ တစ်ညက စာမေးပွဲနီးလာမှစာတွေရိုက်သွင်းပြီးတဲ့နောက်မှာ သူမက ညဥ့်နက်ချိန်ကျမှ ကျောင်းကပြန်လာခဲ့တာ။ သူမ လူယုတ်မာတွေ ပြန်ပေးဆွဲတာ ခံလိုက်ရတယ်။ အဆုံးမှာ သူတို့က သူမကို ဖျက်ဆီးခဲ့ကြတယ်။ ငါ့အစ်ကိုက အစီရင်ခံစာကို ရတော့ သူတို့ကို ဖမ်းဖို့ အဖွဲ့တစ်ဖွဲ့ကို ခေါ်သွားခဲ့တယ်။ သူတို့မှာခိုင်မာတဲ့ ကျောထောက်နောက်ခံတွေ ရှိတာကြောင့်ဖို့ ဖမ်းဆီးလို့မရနိုင်တဲ့ အင်အားကြီးမားတဲ့ မိသားစုတွေရှိတဲ့ လူယုတ်မာ နှစ်ယောက်ရှိတယ်ဆိုတာ သိလိုက်ရတယ်။ ငါ့အစ်ကိုက ယုတ်မာတာကို ရွံမုန်းတော့ သူတို့ကို တိုက်ရိုက်ဖမ်းပစ်လိုက်တာလေ။ ပြီးတော့ သူတို့မိသားစုကို ကူပြီးတရားစွဲပေးဖို့အတွက် ငွေရှာဖို့ ဦးဆောင်ခဲ့တယ်။ လူယုတ်မာတွေရဲ့ မိသားစုတွေကို သူတို့ရဲ့ မိသားစုတွေကို လျော်ကြေးပေးဖို့ တောင်းဆိုပြီး လူယုတ်မာတွေကို ဥပဒေအရ အရေးယူဖို့ သေချာလုပ်ခဲ့တယ်။ တရားစွဲတာက တစ်နှစ်ခွဲလောက် ကြာတယ်။ နောက်ဆုံး စီရင်ချက်မှာ လူယုတ်မာတွေကို ထောင်ဒဏ် ချမှတ်ခဲ့တယ်။ အဲ့နေ့က သူတို့ ထောင်ဒဏ် ဆယ့်နှစ်နှစ် ကျသွားတယ်"

“အဲဒီနောက်တော့ သူတို့မိသားစုက ငါ့အစ်ကိုကို စားစရာတွေ၊ ကြက်ဥတွေစသဖြင့် ပို့ပေးတယ်။ သူတို့က အစ်ကို့ကို ပိုက်ဆံနဲ့တောင် လျော်ကြေးပေးကြတယ်။ ငါ ဒီကောင်လေးကို ပြည်သူ့လုံခြုံရေးဗျူရိုမှာ အရင်က တွေ့ဖူးထားတော့ အခုသူရောက်လာတော့ တတ်နိုင်သမျှ အမြန်ဆုံး ထွက်သွားအောင်လို့ ခြိမ်းခြောက်လိုက်တာ"

လျိုစစ်ယွီ ဆက်ပြောလိုက်သည်။ "တံခါးမှာ လူတွေ သွားလိုက်လာလိုက်လုပ်နေကြတာ။ လူတွေ အများကြီးပဲ ပြီးတော့ ငါတို့ အတန်းဖော်တွေက အတင်းအဖျင်းပြောတတ်ကြတယ်။ သူတို့ တနေကုန် ခိုးနားထောင်နေကြမှာ။ သူ့အကျိုးအတွက် အခု ငါ သူ့ကို မောင်းထုတ်လိုက်တာ။"

ဖန့်ရှောင်နွမ်သည် ထိုစကားကိုကြားပြီးနောက် ကောင်မလေး၏ အခြေအနေနှင့် ပတ်သက်၍ ဝမ်းနည်းသွားခဲ့သည်။ “မိန်းကလေးတွေအတွက် ညဘက် တစ်ယောက်တည်း လမ်းမလျှောက်တာ ပိုကောင်းတယ်။ အန္တရာယ်များလွန်းတယ်။ ရှောင်ယွီ နင် အခု အလုပ်ကောင်းကောင်းလုပ်ခဲ့တယ်!”

ဒီလိုလုပ်တာက ကောင်လေးရဲ့ဂုဏ်သိက္ခာကို သက်သာစေရုံသာမက အနာဂတ်မှာလည်း သူမကို လိုက်ချောင်းခြင်းမှ ကာကွယ်ဖို့ တွန်းအားဖြစ်စေခဲ့သည်။

လျိုစစ်ယွီက ဖန့်ရှောင်နွမ်ရဲ့ ချီးမွမ်းခြင်းကို ကြားသောအခါတွင် ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။ "ဟုတ်တာပေါ့"

သူတို့နှစ်ယောက် စကားစမြည်ပြောရင်း ကျီဝမ်ကို မေ့သွားကြသည်။ လျိုစစ်ယွီ အော်လိုက်သည်။ "ရှောင်ဝမ်၊ နင် ငါ့ရည်းစားလုပ်ချင်လား။ နင် ထောင်ထဲရောက်သွားနိုင်တယ်။"

ကျီဝမ် အိမ်စာလုပ်ဖို့ အာရုံစိုက်ခဲ့သည်။ သူခေါင်းမထောင်ဘဲ ပြောလိုက်သည်။ “သွားစမ်းပါ!”

ဖန့်ရှောင်နွမ် သူ့ဆီလာပြီး သူရေးထားတဲ့ နာမ် ရှင်းပြချက်ကို ကြည့်လိုက်သည်။ သူမ မေးလိုက်သည်။ “ဘာလို့ ဒီဟာရေးနေတာလဲ”

ကျီဝမ် ပြောလိုက်သည်။ "ရှောင်နွမ်၊ ဒါ ပြီးခဲ့တဲ့အတန်းမှာ ငါတို့တာဝန်ကျတဲ့ အိမ်စာပဲ။ အချိန်တိုအတွင်း လက်ဆင့်ကမ်းပေးဖို့ လိုတယ်။”

လျိုစစ်ယွီလည်း စပ်စုကာကြည့်ဖို့ လျှောက်သွားလိုက်သည်။ "အယ်။ ငါတို့ ပြီးခဲ့တဲ့အတန်းမှာတုန်းက အိမ်စာတွေ ပေးထားသေးတာလား"

ဖန့်ရှောင်နွမ် တုံးအစွာ ခေါင်းယမ်းလိုက်သည်။ "ငါမသိဘူး။ ပြီးခဲ့တဲ့အတန်းမှာတုန်းက ငါ့ယောက္ခထီးနဲ့ Fight the Landlord ကစားနေလို့ "

လျိုစစ်ယွီ ပြောလိုက်သည်။ "ငါဘာလုပ်နေခဲ့တာလဲ။ ငါဘာလို့မမှတ်မိရတာလဲ"

ဖန့်ရှောင်နွမ် ခေါင်းခါလိုက်သည်။ သူမလည်း မသိပေ။ သူမ ဂိမ်းကို အာရုံစိုက်လွန်းနေခဲ့ပြီး သူမကို သိပ်ဂရုမစိုက်မိပေ။

ထို့နောက်တွင်၊ ဖန့်ရှောင်နွမ်က သူတို့သုံးယောက်အတွက် အိမ်စာလုပ်နေတဲ့ ကျီဝမ်အတွက် အနည်းငယ် စိတ်မကောင်းဖြစ်ခဲ့ရသည်။ သူမရဲ့ အိမ်စာကို ပြန်ယူလိုက်သည်။ "ငါ ကိုယ့်အိမ်စာ ကိုယ်လုပ်သင့်တယ်"

လျိုစစ်ယွီ လည်း အနည်းငယ် ရှက်သွားပြီး ပြောလိုက်သည်။ "ငါလည်း ငါ့ဘာသာ ပြီးအောင်လုပ်မယ်"

ဒါနဲ့ သူတို့ သုံးယောက်သား အိမ်စာထဲမှာ ခေါင်း မြှုပ်လိုက်ကြသည်။ စကားပြောနေရင်းနဲ့ ရေးနေကြသည်။

"ရှောင်နွမ်၊ ငါတို့အတန်းကို ဂရုမစိုက်မိလို့ ဘာလုပ်သင့်တယ်လို့ နင်ထင်လဲ။ စာမေးပွဲကျရင်တော့... ကောင်းတယ်၊ ဒါပေမယ့် နင်က ကျောင်းအုပ်ပဲ။ ကျောင်းအုပ်က စာမေးပွဲမအောင်ဘူးဆိုရင် တစ်ကျောင်းလုံးရဲ့ ရယ်စရာဖြစ်လာလိမ့်မယ်" လျိုစစ်ယွီ ပြောလိုက်သည်။

All Chapters