← Chapters

အခန်း (၂၅၆)

Vol. 18 Ch. 256

အခန်း (၂၅၆)

Vol. 18 Ch. 256

“မလုပ်ပါနဲ့ ယောကျ်ား။ ရှင့်ကို အရမ်းချစ်တယ်လေနော်။ အဲ့ဒါကြောင့် ကျွန်မ ဒါတွေဆွဲထားတာ။" ဖန့်ရှောင်နွမ်က ခင်ပွန်းဖြစ်သူ၏ ဖုန်းကို လုယူချင်ခဲ့သည်။

ကျီလင်းချန်က သူ့လက်ကို မြှောက်လိုက်ပြီး ဖန့်ရှောင်နွမ်ကို ရှောင်ခဲ့သည်။

သူမ ချက်ချင်းပင် နည်းဗျူဟာပြောင်းကာ ခင်ပွန်းဖြစ်သူ၏ မျက်နှာကို ကိုင်ကာ ချစ်ခင်စွာ ကြည့်နေကာ နမ်းဖို့ အစပြုခဲ့သည်။ "ယောကျ်ား၊ ကျွန်မ အနုပညာ အတန်းမတက်လို့ မရဘူးလား။ ကျွန်မမှားတာ သိပါတယ်။ ကျွန်မ ထပ်မဆွဲတော့ပါဘူးနော်"

ကျီလင်းချန်သည် သူ၏ဇနီးလေးအား သင်ခန်းစာတစ်ခု သင်ကြားခြင်းကို စွဲလမ်းခဲ့သည်။ "ကိုယ့်ရဲ့ပုံတူဆွဲနည်းကို သင်ယူတဲ့အခါ မင်းသွားနေတာ ရပ်သွားနိုင်တယ်။"

ဖန့်ရှောင်နွမ် ခေါင်းယမ်းကာ ခင်ပွန်းဖြစ်သူကို အကြိမ်အနည်းငယ်နမ်းဖို့ ရှေ့သို့ ကိုင်းလိုက်သည်။ "ယောကျ်ား ကျွန်မမှားသွားပါတယ်"

"ကိုယ့်ကို နမ်းတာက အသုံးမဝင်ဘူး" ကျီလင်းချန် ပြန်ဖြေလိုက်သည်။

"ကျွန်မ ကိုယ့်ကိုယ်ကို ကမ်းလှမ်းရမှာလား"

ကျီလင်းချန်က သူ့ဇနီးလေးကို ပွေ့ချီလိုက်သည်။ သူမသည် အများအားဖြင့် သူမရဲ့စကားလုံးကို မစောင့်ထိန်းပေ။ ကျီလင်းချန်က သူမကို ကောင်းကောင်းသိတဲ့အတွက် သူမကို မယုံခဲ့ပေ။

"ဒါဆို မင်းဘာလို့ ကိုယ့်ကိုကိုယ် အရင် အရှုံးမပေးတာလဲ"

ဖန့်ရှောင်နွမ် ခုန်ပြီး ခင်ပွန်းဖြစ်သူ၏ ဖုန်းကို ထပ်လုယူရန် ကြိုးစားသော်လည်း တစ်စုံတစ်ယောက်က ရုံးခန်းတံခါးကို လာခေါက်ခဲ့သည်။ "CEO ကျွန်တော်ဝင်လာလို့ရမလား" အဲ့တာက လက်ထောက် လျို ဖြစ်သည်။

“ရတယ်၊ သေချာပေါက် ရပါတယ်။ မြန်မြန်ဝင်လာပါ ” ဖန့်ရှောင်နွမ် ချက်ချင်းပြောလိုက်သည်။

ခင်ပွန်းဖြစ်သူကို အလုပ်နဲ့အမြန်ဆုံး အလုပ်ရှုပ်စေရမည်။ သူအလုပ်များနေရင် သူ့ပုံတွေအကုန်လုံးကို သူမ ဆွဲဖားတာကို သူမေ့သွားလိမ့်မည်။

လက်ထောက် ချိုက တံခါးကို တွန်းဖွင့်ပြီး ဝင်ခဲ့သည်။ စားပွဲခုံမှာ တစ်ယောက်မှ မရှိဘူးဆိုတာကို သူသိလိုက်ရသည်။ ထို့နောက် လှည့်ကြည့်လိုက်တော့ လင်မယားနှစ်ယောက်ကို ဆိုဖာပေါ်မှ တွေ့လိုက်ရသည်။

ဖန့်ရှောင်နွမ်က ခင်ပွန်းဖြစ်သူ၏ ရင်ခွင်ထဲတွင် ထိုင်နေပြီး သူမ၏ လက်တွေက သူ့ရင်ဘတ်ပေါ်မှာ ရှိနေသည်။ သူမ ရှက်ကိုးရှက်ကန်းနဲ့ ပြောလိုက်သည်။ “ယောကျ်ား၊ ကျွန်မမှားမှန်း သိပါပြီ။ စိတ်ဆိုးတာက ကျန်းမာရေးအတွက် မကောင်းဘူး။ အလုပ်က ပိုအရေးကြီးတယ်။ ရှင် အလုပ်ပြန်သွားလုပ်တော့။ ကျွန်မ ထွက်သွားပေးမယ်။"

“စာအုပ်ထဲက ပုံတွေကို ပြင်လိုက်။ အဲ့တာတွေကို ပုံမှန်ပြန်ဖြစ်အောင် ပြန်လုပ်” ကျီလင်းချန် အမိန့်ပေးခဲ့သည်။

"အခုချက်ချင်းလုပ်လိုက်မယ်!"

ဖန့်ရှောင်နွမ် သူမ၏ စာအုပ်တွေကို ကောက်ယူကာ အမြန်ပြေးထွက်သွားသည်။

"CEO၊ ကျွန်တော် မကောင်းတဲ့အချိန်မှာ လာမိတာလား" လက်ထောက် လျိုက သူ့ကို ကြောင်တောင်တောင်နဲ့ ကြည့်နေသည်။

"ဘာမှမဟုတ်ပါဘူး။ ငါ သူမကို ကြောက်အောင်လုပ်နေတာ။ ပြော ဘာကိစ္စရှိလို့လဲ"

ဖန့်ရှောင်နွမ် ရုံးခန်းထဲက ပြေးထွက်ပြီး pantry ခန်းဆီသို့ တန်းတန်းမတ်မတ်သွားခဲ့သည်။ သူမ ဝန်ထမ်းတစ်ဦးထံမှ ခဲဖျက်တစ်ခုကို ငှားပြီး “လက်ရာများ” ကို ဖျက်ပစ်ရန် စာအုပ်တစ်အုပ်ကို ဖွင့်ပြီးလှန်လိုက်သည်။

ဖန့်ရှောင်နွမ်က သူမယောကျ်ားကို တုပပြီးပြောလိုက်သည်။ “ရှင် ရိုက်ချင်တယ် ဆိုရင် ရှင်မေးလို့ရတယ်။ ရှင်ရဲ့စာအုပ်မှာ ရှင့်ကို ဆွဲစရာမလိုတော့ဘူး!"

သူမက ပစ္စည်းများကို ဖျက်နေစဉ်တွင် သူမ သူ့ကို ဆက်လက်လှောင်ပြောင်ကာ ရိုက်နှက်ဆုံးမမည်ဟု ခြိမ်းခြောက်ပြောဆိုနေခဲ့သည်။

အတွင်းရေးမှူး စုန့်က ဖြတ်သွားတော့ ဘေးမှာ ထိုင်နေတဲ့ ဖန့်ရှောင်နွမ်ကို တွေ့လိုက်ရသည်။ သူမကို ရေတစ်ပုလင်းပေးလိုက်သည်။ “မဒမ်၊ အကြမ်းဖက်တာက အဖြေမဟုတ်ဘူးလို့ ထင်တယ်။”

ဖန့်ရှောင်နွမ် ခွန်းတုံ့ပြန်ပြောလိုက်သည်။ “အကြမ်းဖက်တာက အဖြေမဟုတ်ဘူးဆိုရင် ရှင် အလုံအလောက်မသုံးရဘူး”

အတွင်းရေးမှူးစုန့်က ဒေါသထွက်နေတဲ့ မဒမ်လေး အား ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။ စာအုပ်ထဲကပုံဆွဲထားတာကို သူမကြည့်လိုက်ပြီး မေးခဲ့သည်။ "မဒမ်၊ CEO ကျီက မဒမ်ကို ဘယ်လိုအပြစ်ပေးလိုက်လို့လဲ"

“သူ ကျွန်မကို ဖျက်ခိုင်းလိုက်တာ” ဖန့်ရှောင်နွမ် ပြောလိုက်သည်။

"မဖျက်နိုင်ရင်ကော ဘယ်လိုလုပ်မလဲ" အတွင်းရေးမှူးစုန့်က မေးခဲ့သည်။

"မဖျက်နိုင်ရင် ဖြဲပစ်လိုက်မှာပေါ့!" သူမက ဘယ် bullsh*t ပန်းချီသင်တန်းကိုမှ တက်မှာမဟုတ်ပေ။

အတွင်းရေးမှူးစုန့်က စာအုပ်ထဲက ပုံတွေကို ဖျက်နေတဲ့ ဖန့်ရှောင်နွမ်နဲ့အတူ ထိုင်နေခဲ့သည်။ စကားစမြည်တောင်ပြောနေကြသေးသည်။

" ကျီလင်းချန် ကျွန်မကို အနုပညာသင်တန်းတက်ဖို့ ပို့ရဲရင် ကျွန်မ အဲဒီမှာ ရည်းစားတစ်ယောက် ရှာပစ်လိုက်မယ်။ ဘယ်သူ ဒေါသထွက်ရမလဲဆိုတာ ကြည့်ကြသေးတာပေါ့။" ဖန့်ရှောင်နွမ် ကျေမနပ်နဲ့ ပြောလိုက်သည်။

“မဒမ်” အတွင်းရေးမှူးစုန့် ပြောလိုက်သည်။ “မဒမ်ကို အကြံတစ်ခုလောက်ပေးချင်တယ်။ မဒမ်ရဲ့ယောကျ်ားကိုသွား မရှုပ်နဲ့။ မဒမ်အသက်ကို တန်ဖိုးထားပါ"

ဖန့်ရှောင်နွမ် မထီမဲ့မြင်ပြုခဲ့သည်။ “ရှင်တို့ သူ့ကို ကြောက်ရင်ကြောက်ကြလိမ့်မယ်၊ ဒါပေမယ့် ကျွန်မကတော့ မကြောက်ဘူး။ ကျွန်မက ဝန်ထမ်းမဟုတ်ဘူး။ သူ ကျွန်မကို ဘာလုပ်နိုင်မှာလဲ"

ကျီလင်းချန်က သူ့လက်နှစ်ဖက်ကို ပိုက်ထားကာ သူတို့နှစ်ဦးနောက်တွင် ငြိမ်သက်စွာ ရပ်နေခဲ့သည်။ သူက သူ့ကို လှည့်စားချင်နေတဲ့ သူ့ဇနီးလေးကို ကြည့်ကာ သူမ၏ ပုန်ကန်တဲ့ စကားများကို ကြားလိုက်ရသည်။

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ “ဒါကို လုံးဝ မဖျက်နိုင်ဘူး။ ကျီလင်းချန် ရဲ့ ခေါင်းမှာ ရေတွေ ပြည့်နေတာလား။ ဘောပင်က မှင်တွေကို ဘယ်လိုလုပ် ဖျက်နိုင်မှာလဲ!"

"မေ့လိုက်တော့ ငါ ပတ်ပြီးအရူးလုပ်ဖို့ အသစ်တစ်အုပ် သွားဝယ်လိုက်မယ်"

အတွင်းရေးမှုးစုန့်လည်း ကြိုးစားခဲ့သော်လည်း စာမျက်နှာကို ရေအနည်းငယ် စွတ်ပြီးလုပ်ခဲ့တာတောင် မှင်ကို မဖယ်ရှားနိုင်ပေ။ သူမ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “မဒမ်၊ ဥက္ကဌက အရူးလာလုပ်တာကို တကယ်မုန်းတယ်နော် ”

"အတွင်းရေးမှူးစုန့်၊ ကျွန်မ ဘယ်သူလဲဆိုတာ ရှင်သိလား" ဖန့်ရှောင်နွမ် မေးလိုက်သည်။ အတွင်းရေးမှူး စုန့် ၏ ရှုပ်ယှက်ခတ်နေတဲ့ မျက်နှာကို မြင်လိုက်ရတော့ သူမ ဆက်ပြောလိုက်သည်။ "ရှင်တို့ CEO ရဲ့ ကန့်သတ်ချက်ကို စိန်ခေါ်ဖို့ ကျွန်မရှိနေတယ်" သူမ သူ့ကို တကယ်စိတ်ဆိုးအောင်လုပ်ရင်တောင် အိမ်ပြန်သွားရင် သူမချွဲလို့ရတယ်။ အဆင်မပြေသေးရင် သူမကိုယ်သူမ သူ့ဆီကမ်းလှမ်းလိုက်ရုံပဲ။

ဖန့်ရှောင်နွမ် ဒေါသတွေ ကြီးထွားလာပြီး သူမလက်လျှော့ဖို့ ဆုံးဖြတ်လိုက်သည်။

အတွင်းရေးမှူးစုန့်လည်း အလုပ်ပြန်ဆင်းဖို့ ပြင်ဆင်နေသည်။ လှည့်လိုက်တဲ့အချိန်မှာ သူမ တုန်လှုပ်သွားသည်။ CEO ဘယ်တုန်းက ရောက်နေတာလဲ။

ကျီလင်းချန်က အတွင်းရေးမှုး စုန့်ကို တိတ်တိတ်နေဖို့ လက်ဟန်ပြလိုက်ပြီး သူမကို လက်ပြကာထွက်သွားခိုင်းခဲ့သည်။

အတွင်းရေးမှူး စုန့်က ဒုက္ခရောက်နေတဲ့ သူ့ရဲ့ဇနီးကိုကြည့်ကာ သစ္စာစောင့်သိမှုမရှိဘဲ ခိုးထွက်သွားခဲ့သည်။ အတွင်းရေးမှူး စုန့် ထွက်သွားပြီးနောက် တစ်စုံတစ်ယောက်က သူမရဲ့ထိုင်ခုံမှာ ဝင် ထိုင်ခဲ့သည်။

ဖန့်ရှောင်နွမ် မေးလိုက်သည်။ “အတွင်းရေးမှူးစုန့်၊ ဂိမ်းကစားနည်းကို သိလား။ အား! ရှင် ဘာလို့ဒီရောက်နေတာလဲ!"

ဖန့်ရှောင်နွမ် အော်ဟစ်လိုက်ပြီး အလုပ်မှာ အာရုံစိုက်နေတဲ့ ဝန်ထမ်းတွေကို ထိတ်လန့်သွားစေခဲ့သည်။

"CEO၊ မဒမ် ဘာဖြစ်လို့လဲ" ဝန်ထမ်းတစ်ယောက်က ဖန့်ရှောင်နွမ်ရဲ့ အသံကို မှတ်မိပြီး စိုးရိမ်စိတ်နဲ့ မေးဖို့ ချက်ချင်း ထရပ်လိုက်သည်။

“စီအီးအိုက သူမကို ခြောက်နေတာပဲဖြစ်မယ်” အတွင်းရေးမှုး စုန့်က pantry ခန်းဆီသို့ လှမ်းကြည့်ရင်း ပြောလိုက်သည်။

All Chapters