← Chapters

အခန်း (၁၃၁)

Vol. 9 Ch. 131

အခန်း (၁၃၁)

Vol. 9 Ch. 131

ဒါပေမယ့် ကျီလင်းချန် ခပ်ရေးရေးလေးပြုံးကာ ဒေါသမထွက်ခဲ့ပေ။ သူ့ဇနီးလေးကို လှည့်ကြည့်လိုက်ပြီး ဆံပင်တွေကို ဖွကာပြောလိုက်သည်။ "မနေ့ညက ကိုယ်ဘာပြောထားလဲ"

“နားမထောင်ဘူး၊ နားမထောင်ဘူး။ ရှင် ကျွန်မကို ဂရုစိုက်ပေးတာမလိုချင်ဘူး" ဖန့်ရှောင်နွမ် အရှက်မဲ့စွာပြောလိုက်သည်။

သခင်ကြီး ကျီက သူ့ချွေးမက အံ့သြစရာကောင်းလွန်းသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။ သူမက သူ့ ဒေါသပြေအောင် ကူညီပေးခဲ့သည်။

"ရှောင်နွမ်၊ မင်းရဲ့အသက်ရှူသံကို လင်းချန်နဲ့ မဖြုန်းတီးနဲ့။ ဒီနေ့ အပြင်ထွက်ပြီး ရေခဲမုန့် ထပ်ဝယ်လို့ရတာပဲ။ ငါ့အတွက်လည်း တစ်ခုဝယ်လာပေးဖို့ မမေ့နဲ့နော်။ငါ ချောကလက်အရသာ လိုချင်တယ်"

ဖန့်ရှောင်နွမ် အေးစက်စွာနှာမှုတ်ပြီး သဘောတူလိုက်သည်။

ကျီလင်းချန်က သူ့ရဲ့ မနက်စာကို အေးအေးဆေးဆေး စားနေခဲ့သည်။ သူ့မှာ အထူးကောင်းမွန်နေတဲ့ စိတ်အခြေအနေရှိနေသည်။ သူ့ဇနီးလေးကို ကျောင်းမပို့ခင်မှာ သူက ရှေ့ကိုကိုင်းပြီးဖန့်ရှောင်နွမ်ရဲ့နားထဲကို တစ်စုံတစ်ခုကို တိုးတိုးလေးပြောလိုက်သည်။ ဖန့်ရှောင်နွမ် ချက်ချင်း ဒေါသကြီးတဲ့ ကြောင်လေးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားပြီး ဟိန်းဟောက်လိုက်သည်။ "မဟုတ်ဘူး!"

ကျီလင်းချန် ပြောလိုက်သည်။ “ဒါဆို လိမ်လိမ်မာမာနေ။ ရာသီလာတာမပြီးမချင်း မင်းကို ရေခဲမုန့်စားခွင့် မပေးဘူး။”

ကျီလင်းချန်ရဲ့ အကြံအစည်အောင်မြင်ခဲ့သည်။ ဖန့်ရှောင်နွမ် ကားတစ်စီးကို အရှိန်ပြင်းပြင်းဖြင့် ဖြတ်မောင်းသွားတာကို သူကြည့်နေခဲ့သည်။

သခင်ကြီး ကျီက စူးစမ်းလိုစိတ်နဲ့ မေးလိုက်သည်။ "မင်းအခု ရှောင်နွမ် ကို ဘာပြောလိုက်တာလဲ။ မင်း သူ့ကို ခြိမ်းခြောက်တာလား"

“မဟုတ်ပါဘူး၊ သူ ကျောင်းမှာ လိမ်လိမ်မာမာမနေဘဲ ရေခဲမုန့် ခိုးသွားရင် ကျွန်တော် ကျောင်းကို တန်းတန်းမတ်မတ်သွားပြီး ကျွန်တော်က သူ့ယောက်ျားဆိုတာ အားလုံးကို ပြောပြလိုက်မှာလို့ ပြောလိုက်တာ” လို့ ကျီလင်းချန် ရယ်မောရင်း ပြောလိုက်သည်။ ဖန့်ရှောင်နွမ်ကကျောင်းမှာ သူတို့ရဲ့ အထောက်အထားတွေကို မဖော်ပြချင်ဘူးဆိုတာကို သူသိပေမယ့် အဲ့တာကို ခြိမ်းခြောက်ရန် တမင်တကာ အသုံးပြုခဲ့သည်။ ဖန့်ရှောင်နွမ် နာခံမှုဖြင့်သာ နားထောင်နိုင်ခဲ့သည်။

သခင်ကြီး ကျီ သူ့သားကို လက်ညှိုးထိုးပြီး ဆူလိုက်သည်။ “မင်း လူယုတ်မာလေး၊ မင်းရဲ့ စီးပွားရေးလောကမှာသုံးတဲ့ လှည့်စားမှုတွေအားလုံးကို မင်းရဲ့ဇနီးအပေါ် သုံးလိုက်တယ်ပေါ့လေ။ ကျီလင်းချန် အဆုံးမှာ ရှောင်နွမ်ကို မမောင်းထုတ်လိုက်နဲ့။ သူမ မင်းကို ကွာရှင်းတဲ့အခါကျရင် ငါ မင်းကို မကာကွယ်ပေးဘူး!"

ကျီလင်းချန်က ဒေါသတွေနဲ့လောက်ကျွမ်းနေတဲ့ သူ့အဖေကို ကြည့်လိုက်သည်။ "သူမနဲ့ လက်ထပ်ဖို့တောင်းဆိုခဲ့တဲ့သူက အဖေပဲလေ..."

သူ့နှုတ်ခမ်းထောင့်တွေ တွန့်ကွေးသွားသည်။ "သူ ကျွန်တော့် သဘောဆန္ဒမပါဘဲ ဇနီးဖြစ်သွားရင် သူ ကျွန်တော့်ကိုကွာရှင်းနိုင်မှာလား"

ဒီစကားက သခင်ကြီး ကျီကို ချက်ခြင်း အသက်ရှူကြပ်သွားစေသည်။

ကျီလင်းချန် သူ့ကားဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားပြီး ပြောလိုက်သည်။ "အဖေ အရမ်းဒေါသထွက်နေစရာ မလိုပါဘူး။ တစ်ပတ်ကြာတဲ့အထိ အဖေ ရေခဲမုန့်တစ်ဇွန်းစားဖို့တောင် မစဉ်းစားနဲ့။"

"သေစမ်း မင်း! ကျီလင်းချန်၊ ငါက မင်းအဖေ။ မင်းမိန်းမကို နှိပ်ကွပ်နေတာက ကောင်းပါတယ်၊ ဒါပေမယ့် မင်းအဖေကိုရော ဒီလိုပဲ နှိပ်ကွပ်မို့လား။" သခင်ကြီး ကျီ ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ ဒေါသအရမ်းထွက်တော့ သူခြေဆောင့်လိုက်သည်။

ကျီလင်းချန် သူ့ဆီကနေ အေးအေးဆေးဆေး ကားဖြတ်မောင်းသွားသည်။

သခင်ကြီး ကျီ အရမ်းဒေါသထွက်ကာ ကြမ်းပြင်မှ အုတ်ခဲတစ်တုံးကို ကောက်ယူကာ သူ့ကားပြတင်းပေါက်ကို ရိုက်ခွဲပစ်ချင်ခဲ့သည်။ ဒါပေမယ့်လည်း ကျီမိသားစုရဲ့ ခြံဝင်းထဲမှာ ပြန့်ကျဲနေတဲ့ အုတ်တွေ မရှိပေ။ သူဒေါသထွက်ထွက်ဖြင့်သာ ဧည့်ခန်းထဲသို့ ပြန်သွားခဲ့သည်။

…

ကျီလင်းချန်က သူ ဖန့်ရှောင်နွမ်ရဲ့ ရေခဲမုန့်စားချင်တဲ့ ဆန္ဒကို အမှန်တကယ် ထိန်းချုပ်နိုင်မည်ဟု တွေးခဲ့သည်။ ဒါပေမယ့် ထိုညက သူ အလုပ်မှ အိမ်ပြန်ရောက်သောအခါ ဧည့်ခန်းထဲမှာ စပ်တဲ့မုန့် နံ့တွေ မွှေးပျံ့နေ၏။ သူ လှမ်းကြည့်လိုက်သည်။ ဖန့်ရှောင်နွမ်နဲ့ သခင်ကြီးကျီတို့က အရသာအသစ်ဖြစ်တဲ့ —စပ်တဲ့လမုန့်သရေစာတွေကို အတူတကွ မျှဝေစားနေကြသည်။

“အဖေ၊ ဒီမုန့်အစပ်တွေကို ကြည့်ကြည့်။ ဒါတွေက အရှည်တွေက တူပေမယ့် တံဆိပ်တွေအများကြီးရှိတယ်။ ဝေ့လုံရဲ့ အစပ်ချောင်းတံဆိပ်ကို အခုစားပြီပြီး အခုလည်း နောက်ထပ် အစပ်ချောင်းတွေကို စားနေတယ်။ အဲ့ထဲက အိတ်ကြီးတစ်လုံးကိုလည်း ကျွန်မဝယ်လာတယ်။ ဒီနေ့ အဲ့တာတွေကို တစ်ထုပ်ပြီးတစ်ထုပ် မြည်းကြည့်ရအောင်!" ဖန့်ရှောင်နွမ် ဝမ်းသာအားရ ပြောလိုက်သည်။

"ငါ သဘောတူတယ်! ရှောင်နွမ်၊ မင်းက ငါ့အပေါ် အရမ်းကောင်းတယ်။ မင်းက အရမ်းသားသမီးဝတ္တရားကျေတယ် "သခင်ကြီး ကျီ စကားပြောလို့ပြီးသွားတော့ သူ နှာရှုပ်လိုက်သေးသည်။ ငရုတ်သီးအစပ်ချောင်းတွေကို စားထားပြီဆိုတာ ထင်ရှားသည်။

ကော်ဖီ စားပွဲပေါ်မှာ ရေတစ်ခွက်ရှိပြီး ငရုတ်သီးအနီရဲ့ဆီတွေက ရေထဲမှာပေါ် လောပေါ်နေသည်။

သခင်ကြီး ကျီက ဒီငရုတ်သီးအစပ်ချောင်းတွေက အရမ်းစပ်လွန်းသည်ဟု ခံစားရသည် ဒါကြောင့် ဖန့်ရှောင်နွမ်က သူ့ယောက္ခထီးအတွက် ငရုတ်သီးအစပ်ချောင်းတွေကို ရေးဆေးပေးဖို့ ရေနွေးကို ပြင်ဆင်ထားခဲ့သည်။သခင်ကြီး ကျီ က အစပ်ချောင်းတွေကို မစားခင်အဲ့တာတွေကို ရေထဲမှာ ဆေးခဲ့သည်။

ခဏကြာတော့ ကျီဝမ်က နို့ဘူးကြီးသုံးဘူးနဲ့ ရောက်လာသည်။ သူ့ပါးစပ်ထောင့်မှာ အနီရောင်ဆီတွေ ပေကျံနေသည်။ သူ ထိုင်ပြီးနောက် သုံးယောက်သား နို့ဘူးကိုဖွင့်လိုက်ကြသည်။ ထို့နောက် စပ်တဲ့ဟာတွေစားကာ နွားနို့သောက်ကြသည်။

ကျီဝမ်က သခင်ကြီးကျီကို မေးလိုက်သည်။ "အဖိုး၊ အဖိုးရဲ့မြေးလေးက မြေးတာဝန်ကျေရဲ့လား"

သခင်ကြီး ကျီ ပြောလိုက်သည်။ "ကျေတယ်။ မင်းနဲ့ ရှောင်နွမ်တို့ နှစ်ယောက်စလုံး တာဝန်ကျေတယ်။ ခွေးမသားဘကျီလင်းချန် တစ်ယောက်ပဲ တာဝန်မကျေတာ။ သူက နေ့တိုင်း အရာအားလုံးကို မိုက်ခရိုဝေ့နဲ့ စီမံခန့်ခွဲတယ်။ သူ နေ့တိုင်း ကုမ္ပဏီကို စီမံခန့်ခွဲလောက်အောင် အလုပ်ရှုပ်နေတယ်လို့ မထင်ဘူးလား။ တကယ်တော့ သူ့မှာ ငါတို့ရဲ့ အစားအသောက်တွေကို စီမံခန့်ခွဲဖို့ အချိန်ရှိသေးတယ်။ သူက သူ့ကိုယ်သူ တကယ်ပြည့်နေတာ!” ထိုစကားကိုပြောပြီးနောက် သခင်ကြီး ကျီက နောက်ထပ် အစပ်ချောင်း တစ်ခုကိုယူကာ ရေခွက်ထဲတွင်ဆေးကာ ပါးစပ်ထဲသို့ထည့်လိုက်သည်။

ကျီဝမ်လည်း တစ်ခုယူလိုက်သည်။ သူစားရင်းနဲ့ ပြောလိုက်သည်။ “ကျွန်တော့်ဦးလေးကိုတော့ သေချာပေါက် ခန့်မှန်းလို့ မရဘူး။ အဖိုးရဲ့ရေခဲမုန့်စားတာကို သူထိန်းချုပ်နိုင်ခဲ့ပေမယ့် ဒီအစပ်ချောင်းတွေကိုတော့ အဖိုး စားနိုင်ပါသေးတယ်။ ကျွန်တော့်အမြင်အရတော့ ကျွန်တော့်ဦးလေးက ဖန့်ရှောင်နွမ်နဲ့ လိုက်ဖက်တယ်။ သူမက အရမ်းဉာဏ်နီဉာဏ်နက်များတယ်။ ကျွန်တော့်ဦးလေး အနာဂါတ်မှာ ဒုက္ခရောက်လိမ့်မယ်။”

ကျီလင်းချန်က ဘာမှမပြောဘဲ အမှောင်ထဲမှာ ရပ်နေသည်။ သူ့မိသားစုရဲ့ကွန်ပလိန်းတက်တာတွေကိုတိတ်တဆိတ် နားထောင်နေသည်။ သူ့အိတ်ကပ်ထဲကို လက်နှစ်ဖက်နှိုက်ထားပြီး ဧည့်ခန်းရဲ့ တိုင်နောက်မှာ ရပ်နေခဲ့သည်။ သူ့ကိုယ်သူပြသဖို့ မဆုံးဖြတ်ခင် သူအဲဒီမှာ ငါးမိနစ်ပြည့်အောင် ရပ်နေခဲ့သည်။

All Chapters