အခန်း (၁၇၅)
Vol. 12 Ch. 175
သူမရဲ့အခန်းသို့ပြန်လာသော ဖန့်ရှောင်နွမ်က သူမယောကျ်ား ကားမောင်းပြီးထွက်သွားသည်ကို မကူညီနိုင်ဘဲ ကြည့်နေခဲ့သည်။ ကားက သူမရဲ့မြင်ကွင်းမှ ပျောက်ကွယ်သွားသည့်အခိုက်တွင် သူမ ထိန်းမနိုင်သိမ်းမရဖြစ်ကာ မျက်ရည်တွေ ကျလာသည်။ ငိုရင်းနဲ့ သူမ ဝမ်းနည်းစွာပြောခဲ့သည်။ "ကျီလင်းချန်၊ ရှင်က အရမ်းအမြင်ကပ်စရာကောင်းတဲ့လူပဲ"
အခန်းထဲက ထွက်လာပြီး ရှိုက်ငိုနေခဲ့ကာ ကျီဝမ်ရဲ့ အခန်းကို သွားခဲ့သည်။ သူမ တံခါး မခေါက်ဘဲ တွန်းဖွင့်ပြီးဝင်သွားခဲ့သည်။
"F*ck! ဖန့်ရှောင်နွမ် မင်း ဘာလို့ တံခါးမခေါက်တာလဲ!" ကျီဝမ် အံ့သြလွန်းလို့ ထပြီး သူ့ကိုယ်သူစောင်နဲ့ အုပ်လိုက်သည်။
ဖန့်ရှောင်နွမ် ပြန်မဖြေပေ။ သူမ ထိုနေရာမှာ ရပ်ကာ တိတ်တိတ်လေး ငိုနေခဲ့သည်။
ကျီဝမ်က ဖန့်ရှောင်နွမ်ကို ဒီလို နုနယ်တဲ့ အနေအထားနဲ့ ပထမဆုံးအကြိမ် တွေ့ဖူးတာဖြစ်သည်။ သူ စိုးရိမ်တကြီးနဲ့ မေးလိုက်သည်။ “ဘာလို့ ငိုနေတာလဲ။ ဘာဖြစ်လာလို့လဲ"
"ကျီဝမ်၊ ငါ... ကိစ္စတစ်ခုခုတော့ ရှိလို့... နင့်ရဲ့အကူအညီလိုတယ်" ဖန့်ရှောင်နွမ် နောက်ဆုံးမှာ ပြောလိုက်သည်။
ထိုစကားကိုကြားတော့ ကျီဝမ်က သူ့ကိုယ်သူ စောင်အမြန်ပတ်လိုက်ပြီး ကုတင်ပေါ်မှ ဆင်းလိုက်သည်။ "အိုခေ၊ အိုခေ၊ အိုခေ ငါ့ကိုပြော၊ ငါ မင်းကို သေချာပေါက်ကူညီပေးမယ်။"
“ငါ့… ငါ့ယောကျ်ား… ငါ့ယောက်ျား တခြားမိန်းမနဲ့တွေ့ဖို့ ထွက်သွားတယ်။ သူ မိန်းမတွေ အများကြီးနဲ့ သွားတွေ့မှာ ” သူမ ရှိုက်ငိုနေခဲ့သည်။ "နင် သူ့ကို spy လုပ်ဖို့ ကူညီပေးနိုင်မလား" ဖန့်ရှောင် များများပြောလေလေ၊ သူမ ပိုပြီးဝမ်းနည်းလာလေဖြစ်ပြီး သူမငိုနေတဲ့အသံက ပိုကျယ်လာခဲ့သည်။
ကျီဝမ် သံသယဖြစ်စွာ ပြောလိုက်သည်။ “ခဏလေး ငါနည်းနည်းရှုပ်နေတယ်။ ငါ့ဦးလေးက မိန်းမတချို့နဲ့တွေ့ဖို့ ထွက်သွားတယ်လို့ မင်းပြောလိုက်တာလား သူက မိန်းမတစ်ယောက်ထက်ပိုပြီး တွေ့နေတာလား။”
ဒါကိုကြားတော့ ဖန့်ရှောင်နွမ်ရဲ့မျက်ရည်တွေက မိုးရွာသလိုရွာချလာပြီး သူမပြောလိုက်သည်။ “ဟုတ်တယ်! ယောက်ျားတွေအားလုံးက ကြောက်စရာကောင်းတယ်။” သူမ ရှိုက်ငိုနေသည်။ "သူ ငါ့ကို ဘာလို့ဒီလိုမျိုး ဆက်ဆံနိုင်ရတာလဲ"
"ဒါပေမယ့် ငါ့ဦးလေး ဘာလို့ တခြားမိန်းမတွေနဲ့ သွားတွေ့တာလဲ။" ကျီဝမ် ပိုပိုပြီး စိတ်ရှုပ်လာသည်။
“သူ ငါနဲ့ အတူရှိချင်ပေမယ့် ငါက သူ့ကို ထိခွင့်မပေးဘူး။ အဲဒီနောက် ဖုန်းဝင်လာတာ ပြီးတော့ သူက အမျိုးသမီး ဘယ်နှစ်ယောက်ရှိလဲလို့ မေးတယ်။ အဲ့တာနဲ့ သူ အခုပဲ ထွက်သွားလိုက်တာ!" ဖန့်ရှောင်နွမ်ရဲ့လေသံထဲမှာ ဒေါသနှင့် ဝမ်းနည်းမှုများ အပြည့်ပါနေခဲ့သည်။
ကျီဝမ် စိတ်ရှုပ်ထွေးစွာဖြင့် မျက်မှောင်ကျုံ့လိုက်သည်။ 'ဖန့်ရှောင်နွမ်ရဲ့ အပြောအရတော့ သူ့ဦးလေးဖြစ်သူက သူမကို ထိချင်တဲ့ဆန္ဒကို မငြိမ်းသတ်နိုင်ခဲ့တဲ့အတွက် ပျော်ပါး ဖို့ ထွက်သွားခဲ့တာ။ ဒါပေမယ့် သူ့ဦးလေးက အဲ့လိုမဟုတ်ဘူး။ သူ မိန်းမတွေနဲ့လည်း အရောတဝင်မနေခဲ့ဖူးဘူး။ နောက်ပြီး သူ့ဦးလေးက ဖန့်ရှောင်နွမ်အပေါ်မှာ စွဲလမ်းလွန်းတာကြောင့် တခြားအမျိုးသမီးကို ရှာဖို့ သူမကို ဘယ်လိုလုပ် စွန့်လွှတ်နိုင်မှာလဲ။'
"မင်း အထင်လွဲနေသလိုပဲ" ကျီဝမ် ပြောလိုက်သည်။
ဖန့်ရှောင်နွမ် ခေါင်းခါလိုက်သည်။ “ငါ မေးပေမယ့် သူ ပြန်မဖြေဘူး။ ငါ အဲ့တာကို ရှင်းရှင်းလင်းလင်း ကြားရတယ်။ အဲဒီမှာ အမျိုးသမီး ဘယ်နှစ်ယောက်ရှိလဲ မေးလိုက်တာ။ ပြီးတော့ ချက်ချင်းလာခဲ့မယ်လို့ ပြောလိုက်တာ”
ကျီဝမ် ပြောလိုက်သည်။ "ခဏလေး။ ငါ့ဦးလေးဆီ တိုက်ရိုက် ဖုန်းဆက်ကြည့်လိုက်မယ်။ အခန်းထဲက အရင်ထွက်သွားပေးဦး။ ငါ အဝတ်လဲဦးမယ်။"
ဖန့်ရှောင်နွမ် ဒါကို အဖြေရှာဖို့ ဆက်ကြိုးစားနေသည်။ “ပြီးတော့ သူ ထွက်သွားတဲ့အချိန်မှာ ပျင်းရင် နင်နဲ့သွားကစားဖို့ ပြောသွားတယ်။ သူက ငါတို့ရဲ့ဆက်ဆံရေး တိုးတက်လာမှာကို ကြောက်လို့ နင်နဲ့ ငါ့ကို မကစားစေချင်ခဲ့ဘူး။ ဒါပေမယ့် ဒီနေ့မှာတော့ သူ ဒါကို လုံးဝ ဂရုမစိုက်နေတဲ့ပုံဖြစ်နေတယ်”
ကျီဝမ်က အဲဒါကို တွေးလိုက်ပြီး အဓိပ္ပါယ်ရှိမှန်း သိလိုက်သည်။ အရင်က သူ့ဦးလေးက ဖန့်ရှောင်နွမ်နဲ့ ခင်မင်ရင်းနှီးမှုကို နားလည်မှုလွဲခဲ့ဖူးသည်။ သူတို့ ချိန်းတွေ့နေကြတယ်လို့ သူထင်ခဲ့သည်။
"ငါ့ကို အပြင်မှာစောင့်။ ငါ သူ့ကို ဒီလိုဖုန်းဆက်လိုက်လို့မရဘူး။ ငါအဝတ်လဲလို့ပြီးတဲ့အထိ စောင့်။ ငါ သူ့ကိုတွေ့ဖို့ ခေါ်သွားပေးမယ်။"
ဖန့်ရှောင်နွမ် နောက်ဆုံး၌ ငိုနေတာကို ရပ်လိုက်ပြီး ကျီဝမ်၏ အခန်းမှ ထွက်သွားကာ သူမ မျက်ရည်တွေကို သုတ်ခဲ့သည်။
ကျီဝမ်က သူ့အဝတ်အစားတွေကို အမြန်ဝတ်လိုက်ပြီး ကျီလင်းချန်ရဲ့နံပါတ်ကို နှိပ်လိုက်သည်။ ဖုန်းဝင်သွားပေမယ့် သူ့ဦးလေးက ဖုန်းချခဲ့သည်။
ကျီဝမ် ပြောလိုက်သည်။ "F*ck! သူအချစ်ဇာတ်ခင်းနေလို့မရဘူးလေ ဟုတ်တယ်မလား"
သူနည်းနည်း စိတ်ရှုပ်သွားသည်။ သူ့ဦးလေးရဲ့ နံပါတ်ကို ထပ်ခေါ်ပေမယ့် ဒီတစ်ခါတော့ လိုင်းမအားတော့ပေ။
ကျီဝမ်က ဒါ ပုံမှန်မဟုတ်မှန်း သိလိုက်ရတော့ အမြန်ထွက်သွားခဲ့သည်။ "ဖန့်ရှောင်နွမ်၊ အဝတ်စားသွားလဲ။ ငါ မင်းကို ကုမ္ပဏီ လိုက်ပို့ပေးမယ်။ ငါတို့ အခု သူ့ကို သွားရှာကြမယ်"
ဖန့်ရှောင်နွမ် အဝတ်စားသွားလဲဖို့ အခန်းထဲပြန်သွားခဲ့သည်။ ဆံပင်ကို သပ်သပ်ရပ်ရပ်လည်း မပြင်သလို မျက်နှာလည်း ပြင်မနေတော့ပေ။ သုံးမိနစ်အကြာ၌ သူမ အောက်ထပ်ကို ဆင်းလာခဲ့သည်။ "သွားရအောင်။"
ကျီဝမ် ပြောလိုက်သည်။ "မင်း သပ်သပ်ရပ်ရပ်လေး မဝတ်တော့ဘူးလား"
"ငါ စိတ်မလာဘူး။ သွားကြရအောင်။" ဖန့်ရှောင်နွမ်က ကျီဝမ်၏ လက်ကိုဆွဲကာ ထွက်သွားခဲ့ကြသည်။
သခင်ကြီးကျီက ဆိုဖာပေါ်မှာ ထိုင်နေတုန်း သူ့ဖုန်းနဲ့ ဆော့နေသည်။ သူက သူ့သူငယ်ချင်းတွေရဲ့ moment တွေ အားလုံးကို စိတ်ဝင်တစား ကြည့်မိသည်။ သူက သူတို့ကို like ပေးပြီး တစ်ခုပြီးတစ်ခု မှတ်ချက်ပေးခဲ့သည်။ Emoji တစ်ချို့ကိုတောင် ဒေါင်းလုဒ်လုပ်ခဲ့သည်။ သူ အလုပ်များနေသဖြင့် သူ့မြေးနှင့် ချွေးမတို့ ဒီလောက် အလျင်အမြန် ထွက်သွားသည်ကို သူ သတိမထားမိလိုက်ပေ။
ကျီဝမ်က ကုမ္ပဏီ အဆောက်အဦးဆီ ကားမောင်းသွားခဲ့ပြီး ကျီလင်းချန် ထိုနေရာတွင် မရှိသည်ကို တွေ့ရှိခဲ့သည်။
CEO ရုံးခန်းမှာ တာဝန်ကျနေတဲ့သူက ပြောခဲ့သည်။ "မဒမ်၊ ဥက္ကဌ ကျီ ဒီနေ့ ရုံးကို မလာဘူး"
"ဒါဆို ကျီလင်းချန် ဘယ်သွားလေ့ရှိတတ်လဲ" လို့ ဖန့်ရှောင်နွမ် မေးလိုက်သည်။
တာဝန်ကျတဲ့သူက CEO ဘယ်သွားတယ်ဘာလုပ်တယ်ဆိုတာကို အာရုံမထားရဲပေ။ ဆိုလိုတာက သူမမှာ စိတ်ကူးယဉ်စေ့ဆော်မှုတွေ ရှိကောင်းရှိနိုင်တယ် မဟုတ်လား။ ဒါပေမယ့် CEO ရဲ့ဇနီးက မေးတဲ့အခါ တာဝန်ကျတဲ့သူက "မဒမ်၊ အတွင်းရေးမှူး ဒါမှမဟုတ် လက်ထောင်လျို ကို မေးကြည့်လို့ရတာပဲ" ဟုသာ ပြောနိုင်ခဲ့သည်။
ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ရှင့်ရဲ့ contact အသေးစိတ်ကို ကျွန်မကို ပေး။ ကျွန်မ သူတို့ကိုချက်ချင်းမေးကြည့်လိုက်မယ်"
ဆက်သွယ်ရန် အချက်အလက်ကိုရပြီးနောက် သူမ သက်ပြင်းရှည်ကြီးချကာ အတွင်းရေးမှူးစုန့်၏ နံပါတ်ကို ခေါ်လိုက်သည်။ ခေါ်ဆိုမှုက လျှင်မြန်စွာ ချိတ်ဆက်သွားသည်။
ဖန့်ရှောင်နွမ် အေးအေးဆေးဆေး စကားပြောရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။ "ဟယ်လို အတွင်းရေးမှူးစုန့်။ ကျွန်မ ဖန့်ရှောင်နွမ်ပါ ကျီလင်းချန်ရဲ့ဇနီး"
အတွင်းရေးမှူးစုန့် ပြောလိုက်သည်။ "မဒမ်"