← Chapters

အခန်း (၁၅၂)

Vol. 11 Ch. 152

အခန်း (၁၅၂)

Vol. 11 Ch. 152

ကျီလင်းချန် ရယ်မောလိုက်သည်။ “မင်းက တကယ် ကလေးပဲ။ အငိုလွယ်တယ်" ဇနီးလေးရဲ့ မျက်ရည်တွေကို သုတ်ပေးဖို့ လုပ်ပြီးပြောလိုက်သည်။ “အဲ့တာက မင်းနဲ့ထိုက်တန်လို့ ကိုယ်တို့အားလုံး မင်းကို ကောင်းကောင်း ဆက်ဆံပြီး မင်းကို တုန်နေအောင်ချစ်ဖို့ဆန္ဒရှိကြတာပေါ့”

ဖန့်ရှောင်နွမ်က သူမကို သူတို့မြင်တာတွေကို မသိလိုက်ဘူး။ သူမထီပေါက်တယ်လို့ ခံစားရသည်။ နောင်အခါတွင် သူမ အခွင့်အရေးရသောအခါ သူမ ဘုရားကျောင်းဆီ သေချာပေါက်သွားပြီး သူမကို စောင့်ရှောက်ပေးတဲ့ ကောင်းကင်ဘုံကို ကျေးဇူးတင်မည်။

"ကိုယ်တို့သွားအိပ်ကြတော့မလား" လို့ ကျီလင်းချန် မေးလိုက်သည်။

ဖန့်ရှောင်နွမ် သူမ၏ မျက်ရည်တွေကို သုတ်လိုက်ပြီး နာခံစွာဖြင့် အိပ်ယာပေါ်သို့ တက်ခဲ့သည်။ ကျီလင်းချန်က သူမနောက်ကနေ အိပ်ရာထဲ လိုက်သွားခဲ့သည်။

ညဘက်တွင် ဖန့်ရှောင်နွမ်က ခင်ပွန်းဖြစ်သူ၏ လက်မောင်းကို ဆုပ်ကိုင်ကာ ခေါင်းအုံးအဖြစ် အသုံးပြုခဲ့သည်။ ခင်ပွန်းသည်က သူမကို ပွေ့ဖက်ဖို့ မလှုပ်ခင်မှာ သူမက သူ့ရင်ခွင်ထဲ ရောက်နေပြီ။ ခင်ပွန်းဖြစ်သူကို မော့ကြည့်ကာ မေးလိုက်သည်။ "ယောကျ်ား၊ ရှင် ဒီနေ့ စိတ်ဆိုးနေလား"

ကျီလင်းချန် မေးလိုက်သည်။ "ရှောင်နွမ်၊ ကိုယ့်ကို စိတ်ဆိုးလားဆိုပြီး ဘာလို့မေးနေတာလဲ "

ဖန့်ရှောင်နွမ် ဘယ်လိုရှင်းပြရမှန်းမသိပေ။ သူမ၏ ခံစားချက် အစစ်အမှန်များကိုသာ ဖော်ပြနိုင်ခဲ့သည်။ “ရှင် ကျွန်မကို စိတ်ဆိုးရင် ရှင် ကျွန်မကို စကားမပြောတော့မှာကို ကြောက်တယ်။ ဒါဆိုရင် ရှင် ကျွန်မကို ဆက်ပြီး မကြိုက်တော့ဘူး။ ပြီးရင် ကျွန်မကို ထားသွားမယ်။ ရှင် ကျွန်မကို ထားသွားမယ်ဆိုတဲ့အကြောင်းကို ကျွန်မတွေးကြည့်လိုက်တိုင်း ကျွန်မနှလုံးသားက ကျောက်တုံးကြီးကြောင့် ကွဲကြေသွားသလို ခံစားလိုက်ရတယ်။အတာ အရမ်းကိုအဆင်မပြေဘူး။ ကျွန်မဘာမှမတတ်နိုင်ဘူး အဲ့လိုနဲ့ ငိုချင်စိတ်ပေါက်သွားတယ်။"

ကျီလင်းချန် သူ့မိန်းမကို ငုံ့ကြည့်ပြီး မေးလိုက်သည်။ "ကိုယ် မင်းကို ထားသွားခဲ့ရင် မင်း ဝမ်းနည်းမှာလား"

ဖန့်ရှောင်နွမ် ပြင်းပြင်းထန်ထန် ခေါင်းညိတ်ပြီး ဝမ်းနည်းစွာ ပြောလိုက်သည်။ "ရှင် ကျွန်မကို ထားသွားခဲ့ရင် ကျွန်မ ဘာလုပ်ရမလဲဆိုတာ မသိဘူး။ တွေးကြည့်လိုက်တိုင်း နှလုံးသားက နာကျင်လာတယ်”

"ရှောင်နွမ်၊ မင်းပြောခဲ့တာကို ထပ်ပြောနိုင်မလား" ကျီလင်းချန် တောက်ပသည့် မျက်လုံးတွေနဲ့ မေးလိုက်သည်။

ဖန့်ရှောင်နွမ် ကြောင်တက်တက်ဖြင့် နောက်တစ်ခါထပ်ပြောလိုက်သည်။ သူမပြောခဲ့တာတွေကို နောက်တစ်ခါ တွေးနေမိသည်။ ဒါပေမယ့် ခင်ပွန်းဖြစ်သူအပေါ် သူမ ချစ်တဲ့ကြောင်း ထပ်လောင်းပြောဆိုခဲ့သည်။

"ရှောင်နွမ် မင်း ကိုယ့်ကို မထားခဲ့သရွေ့ ကိုယ်မင်းကိုဘယ်တော့မှထားသွားမှာ မဟုတ်ဘူး။ တစ်နေ့ မင်းကိုယ့်ကိုထားသွားခဲ့ရင် မင်းရဲ့အရိုးတွေကို ကြေမွအောင်လုပ်ပစ်ပြီး မင်းရဲ့အရိုးပြာတွေကို လွှတ်ပစ်မယ်" ကျီလင်းချန် ပြောလိုက်သည်။ သူ့ရဲ့ ချစ်ခြင်းမေတ္တာကို ဖော်ပြတဲ့ပုံစံက တခြားသူတွေနဲ့မတူအောင် အမြဲတမ်း ကွာခြားသည်။

ဖန့်ရှောင်နွမ် ခင်ပွန်းဖြစ်သူ၏ စကားကြောင့် ကြောက်ရွံ့တုန်လှုပ်သွားသည်။ "ယောကျ်ား၊ ရှင့်ကို ထားသွားလိမ့်မယ်လို့ ဘယ်လိုတောင်တွေးလိုက်တာလဲ" လုံခြုံစေဖို့၊ သူမ သေချာအောင် မေးရမယ်။

ကျီလင်းချန် သူမရဲ့ ခေါင်းထိပ်ကို နမ်းလိုက်ပြီး နူးညံ့စွာပြောခဲ့သည်။“ကိုယ် မင်းကို မမြင်နိုင်တော့ရင် မင်းရဲ့ အချစ်ကို မခံစားနိုင်တော့ရင် ကိုယ့်ကို ထားသွားပြီလို့ စဥ်းစားလို့ရတယ်။ ဒီဟာနှစ်ခုက မရှိမဖြစ်လိုအပ်တယ်!”သူ နှစ်ခုစလုံးကို လိုချင်ပြီး မရှိဘဲနဲ့လည်း မလုပ်ဖြစ်ဘူး။

ဖန့်ရှောင်နွမ် ခင်ပွန်းဖြစ်သူ၏ စကားကြောင့် မျက်ရည်ကျလောက်အောင် ကြောက်ရွံ့ခဲ့သည်။

ကျီလင်းချန်က “ဘာလို့ ငိုနေတာလဲ” လို့ စပ်စုကာမေးလိုက်သည်။ သူ့ရှပ်အင်္ကျီမှာ ရွှဲနေတဲ့ မျက်ရည်တွေကို ရုတ်တရက် ခံစားလိုက်ရသည်။ အောက်ကိုငုံ့ကြည့်လိုက်တော့ သူ့ဇနီးလေး ငိုနေတာကို တွေ့လိုက်ရသည်။

သူမရှိုက်နေသည်။ “ယောကျ်ား၊ ကျွန်မ ကြောက်တယ်။ နောက်တစ်ခါ ကျွန်မ ခရီးထွက်ရင် ရှင်ကျွန်မကို မမြင်ရလို့ဆိုပြီး ကျွန်မကိုသတ်ပစ်မှာကို " ဖန့်ရှောင်နွမ် ငိုနေသည်။

ကျီလင်းချန် ပြောစရာစကားမရှိဖြစ်သွားသည်။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ကိုယ်က ဒီလောက်ထိ ယုတ္တိမရှိတဲ့သူ မဟုတ်ဘူး” ကျီလင်းချန်က သူမကို အမြန်နှစ်သိမ့်ပေးခဲ့သည်။

ဖန့်ရှောင်နွမ်က သူမ၏ အသက်ကို လွတ်သွားသလို ခံစားလိုက်သော်လည်း ရုတ်တရက် တစ်စုံတစ်ခုကို တွေးလိုက်မိသည်။ သူမ ထပ်ငိုပြန်သည်။ “ဒါပေမယ့် ကျွန်မနှလုံးသားက ရှင်နဲ့အတူမရှိရင် နောင်တစ်ချိန်မှာ....... အား ကျွန်မ တင်ပါးကိုမရိုက်နဲ့။ ယောကျ်ား၊ ကျွန်မ ရှင်းပြတာကို နားထောင်ဦး!"

ကျီလင်းချန်က ဖန့်ရှောင်နွမ်ရဲ့ တင်ပါးပေါ် သူ့လက်ကို တင်ထားပြီး သူမ၏ ရှင်းပြချက်ကို စောင့်နေသည်။ သူ အဲ့အသံကို မကြိုက်ဘူးဆိုရင် သူမ အန္တရာယ်ရှိလာလိမ့်မည်။

"ပြော" လို့ ကျီလင်းချန် ပြောလိုက်သည်။

ဖန့်ရှောင်နွမ် ရှင်းပြလိုက်သည်။ "ကျွန်မ ဆိုလိုတာက နောင်တစ်ချိန်မှာ ကျွန်မနှလုံးသားက ရှင့်ရဲ့ကလေးနဲ့အတူရှိနေတယ်ဆိုရင် ရှင် ကျွန်မကိုသတ်မှာလား။"

ကျီလင်းချန် မေးလိုက်သည်။ "ကိုယ့်ကလေးရဲ့ အမေအရင်းက ဘယ်သူလဲ။"

ဖန့်ရှောင်နွမ် ပြန်ဖြေလိုက်သည်။ "ကျွန်မလေ ဟုတ်တယ်!"

ကျီလင်းချန် ရယ်ပြီး ပြောလိုက်သည်။ “ဒါလည်း အဆင်ပြေတယ်။ ကိုယ့်ကြောင်ပေါက်လေးရဲ့ဗိုက်ထဲကထွက်လာမယ့် ကျားလေးကို ကိုယ်တွေ့ရဖို့ မျှော်လင့်နေပြီ ”

ဖန့်ရှောင်နွမ်ရဲ့မျက်နာ နီရဲသွားသည်။ သူမ ဒေါသတကြီးနဲ့ ပြောလိုက်သည်။ “ရှင်နဲ့ စကားမပြောတော့ဘူး။ အိပ်တော့မယ်!" သူမကောင်းကောင်း အိပ်ပျော်သွားသည်။ သိပ်မကြာခင်မှာပဲ သူမရဲ့အသက်ရှုသံတောင် ကြားလာရသည်။ ခင်ပွန်းသည်၏ ရင်ခွင်၌ လှဲလျောင်းလျက်၊ သူမရဲ့ပုံစံက ကလေးသေးသေးလေးတစ်ယောက်နှင့် ပိုတူသည်။

…

ထိုအချိန်တွင် လျိုစစ်ယွီ အိမ်ပြန်ရောက်ကတည်းက သူမ အိပ်ခန်းထဲမှာ ပုန်းနေခဲ့သည်။ သူမ အပြင်မထွက်ရဲပေ။

လျိုစစ်ယန် အလုပ်မှဆင်းလာပြီးနောက် သူ့ညီမ၏ တံခါးကိုခေါက်ကာ ပြောခဲ့သည်။ "မြန်မြန်။ ထွက်လာပြီး ဖြစ်ပျက်ခဲ့တာတွေကို ရှင်းပြ။ မဟုတ်ရင် အစ်ကိုဝင်လာလို့ကတော့ ဆွေးနွေးဖို့ နေရာမရှိတော့ဘူးနော်!"

လျိုစစ်ယွီပြောလိုက်သည် “အစ်ကို၊ ညီမလေး အိပ်ယာဝင်နေပြီ။ မနက်ဖြန်ပြောလို့ရတယ်လေ!"

လျိုစစ်ယန် ခြိမ်းခြောက်လိုက်သည်။ "အစ်ကို့ကို ပြတင်းပေါက်ကနေ ဖြတ်လာဖို့တွန်းအားပေးနေတာလား"

ထိုစကားကိုကြားတော့ လျိုစစ်ယွီကုတင်ပေါ်မှ အမြန်ထပြီး ပြတင်းပေါက်ကို ဂျက်ချလိုက်သည်။

လျိုစစ်ယန်က သူ့ညီမ ဘာကို အစိုးရိမ်ဆုံးလဲဆိုတာကို သိတဲ့အတွက် သူ တမင်ပြောလိုက်သည်။ "မင်းရဲ့ အချစ်ဆုံး သူငယ်ချင်းနှစ်ယောက် ထောင်ထဲမှာ ဘယ်လောက်ခံစားခဲ့ရတယ်ဆိုတာ မင်းမသိချင်ဘူးလား"

All Chapters